← Chapters

အခန်း (၁၀၂၀)

Vol. 73 Ch. 1020

အခန်း (၁၀၂၀)

Vol. 73 Ch. 1020

ထုံဟယ်အင်မော်တယ်ကမ္ဘာ၏ တစ်ဝက်ခန့်ကို အင်မော်တယ်ရင်းမြစ်ကမ္ဘာက သိမ်းပိုက်ထားသည်။ ပိုမိုများပြားသော အင်မော်တယ်ကျင့်ကြံသူများက အင်မော်တယ်ရင်းမြစ်ကမ္ဘာနှင့် ပူးပေါင်းလိုက်ကြသည်။

“စစ်သူကြီးကျောက်၊ ငါတို့က ဝိညာဉ်ကမ္ဘာကို သွားတော့မှာ။ အတူတူသွားရအောင်လေ”

ကျူးချန်ယွီက ကျောက်ယန်ကို သတိဝင်လာအောင် လှမ်းခေါ်လိုက်သည်။

‘ဝိညာဉ်ကမ္ဘာကိုလား’

ကျောက်ယန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ကြောင်အစွာ ပြောသည်။

“ဒါ ဒါက အင်မော်တယ်ကမ္ဘာ မဟုတ်ဘူးလား။ မင်းတို့က ဘာဖြစ်လို့ ဝိညာဉ်ကမ္ဘာကို သွားချင်တာလဲ”

လူသားကမ္ဘာ၏ ကျင့်ကြံသူများက ချီစွမ်းအင်ကို သန့်စင်ပြီး အင်မော်တယ်ကမ္ဘာသို့ သွားရောက်ချင်သောကြောင့် ဝိညာဉ်ကမ္ဘာသို့ ဝင်ရောက်လာကြသည်။

ယခုအချိန်တွင် အင်မော်တယ်ရင်းမြစ်ကမ္ဘာက အင်မော်တယ်စွမ်းအင်ကို ပိုင်ဆိုင်ထားသည်။ ဤနေရာတွင် တိုက်ရိုက်ကျင့်ကြံလိုက်လျှင် ပိုကောင်းသည်။

ဝိညာဉ်ကမ္ဘာသို့ သွားနေရန် မလိုတော့ပေ။

“ဟားဟား၊ ဒီကမ္ဘာကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဓားနတ်ဘုရားက အင်မော်တယ်ကမ္ဘာဖြစ်သွားအောင် တစ်ယောက်တည်း အဆင့်မြှင့်ပေးခဲ့တယ်။ ကန့်သတ်ချက်က ရှိနေတုန်းပဲ။ ရွှေအင်မော်တယ်အဆင့်ကို တက်လှမ်းဖို့ နည်းနည်း ခက်တယ်။ ငါတို့က ကျင့်ကြံဖို့အတွက် ဖူယွီအင်မော်တယ်ကမ္ဘာကို သွားရအုံးမယ်”

ကျူးချန်ယွီက အပြုံးတစ်ခုနှင့်အတူ ပြောသည်။

‘အဲဒါက ဘာပြောချင်တာလဲ’

‘ငါနားမလည်ဘူး’

“တာအိုရောင်းရင်းတို့၊ မင်းတို့က ဝိညာဉ်ကမ္ဘာကို သွားမှာလား။ မဟုတ်ရင်လည်း လမ်းဖယ်ပေးပါ”

ခေါင်းဆောင်လူအိုကြီးက အင်မော်တယ်တက်လှမ်းစင်မြင့်တွင် ရှိနေသော ဝိညာဉ်ကမ္ဘာ၏ ကျင့်ကြံသူများကို ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

ထိုစကားသည် သူတို့ကို မျက်နှာသာပေးနေခြင်း ဖြစ်သည်။

အင်မော်တယ်ရင်းမြစ်ကမ္ဘာကြောင့်သာ မဟုတ်လျှင် သူက ဝိညာဉ်ကမ္ဘာ၏ ကျင့်ကြံသူများကို တစ်ခါတည်း ရိုက်သတ်မိလိမ့်မည်။

ဝိညာဉ်ကမ္ဘာ၏ ကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ဘေးဖယ်သည်။

သူတို့က အလွန်နာခံမှုရှိနေသည်။

အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ အဆုံးမရှိသော ကျင့်ကြံသူများသည် အင်မော်တယ်တက်လှမ်းစင်မြင့်သို့ ဝင်ရောက်သွားကြသည်။

ကျင့်ကြံသူများ အလွန်များပြားသောကြောင့် အဆုံးသတ်ကို မမြင်နိုင်ပေ။

ထိုကူးပြောင်းမှုသည် သုံးလကြာမြင့်ခဲ့သည်။

လူတိုင်းသည် အင်မော်တယ်တက်လှမ်းစင်မြင့်သို့ ဝင်ရောက်ရန် အရည်အချင်းရှိကြသည်။

ဝိညာဉ်ကမ္ဘာ၏ ကျင့်ကြံသူများက အရေအတွက်အတိအကျကို မသိနိုင်တော့ပေ။

သူတို့အားလုံး ပျောက်ကွယ်သွားသောအခါ အင်မော်တယ်တက်လှမ်းစင်မြင့်က အသက်မဲ့သွားသည်။ ဝိညာဉ်ကမ္ဘာ၏ ကျင့်ကြံသူများက ကြောက်ရွံ့စိတ်ကို မခံစားရတော့ပဲ ရူးသွပ်စွာ ရယ်လိုက်ကြသည်။

ဤနေရာသည် အင်မော်တယ်ကမ္ဘာ ဖြစ်သည်။

‘ဒီနေရာမှာ ဖြည်းဖြည်းချင်းကျင့်ကြံနေရင် မကောင်းဘူးလား’

‘အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ ကျင့်ကြံသူတွေက အရူးတွေပဲ’

“မင်းတို့ ရယ်ပြီးပြီလား”

“ရယ်ပြီးပြီဆိုရင်လည်း ဒီနေရာကနေ ထွက်သွားတော့။ မင်းတို့ရဲ့ ကျင့်ကြံဆင့်က အင်မော်တယ်ရင်းမြစ်ကမ္ဘာမှာ အလုပ်လုပ်ဖို့ လုံလောက်တယ်”

ရွှေရောင်ချပ်ဝတ်နှင့် ဓားရှည်ကိုင်ထားသော ကျင့်ကြံသူများ ရှေ့တက်လာကြသည်။

သူတို့က ဝင်္ကပါကို ဖွဲ့စည်းထားပြီး လေဟာနယ်သန့်စင်ခြင်းအဆင့် ကောင်းကင်အင်မော်တယ်ကို ဖိနှိပ်နိုင်ကြသည်။

ဝိညာဉ်ကမ္ဘာ၏ ကျင့်ကြံသူများက စကားမပြောရဲဘဲ အင်မော်တယ်တက်လှမ်းစင်မြင့်မှ လျင်မြန်စွာ ထွက်သွားကြသည်။

သူတို့က တခြားနေရာသို့ ရောက်သွားသောအခါ အင်မော်တယ်တက်လှမ်းစင်မြင့်၏ ပတ်ဝန်းကျင်တွင် ဓားဝင်္ကပါများ တည်ရှိနေကြောင်း မြင်လိုက်ရသည်။

ဓားဝင်္ကပါတိုင်းသည် လေဟာနယ်သန့်စင်ခြင်းအဆင့် ကောင်းကင်အင်မော်တယ်ကို လွယ်ကူစွာ ဖိနှိပ်နိုင်သည်။

ပတ်ဝန်းကျင်တွင် ပျံသန်းနေသော ကျင့်ကြံသူအများစုက ကောင်းကင်အင်မော်တယ်အဆင့်တွင် ရှိကြသည်။

ဤကမ္ဘာ၏ ကျင့်ကြံသူအနည်းငယ်ကသာ ဝိညာဉ်ကမ္ဘာသို့ သွားရောက်ခဲ့သည်။

ကျင့်ကြံသူအများစုက ဤကမ္ဘာတွင် ကျန်နေခဲ့သည်။ သူတို့က အင်မော်တယ်ကမ္ဘာသို့ သွားရောက်နိုင်မည့် တခြားလမ်းကြောင်းများကို ပိုင်ဆိုင်ထားကြသည်။

ထုံဟယ်အင်မော်တယ်ကမ္ဘာ ....

ထိုကမ္ဘာကို အင်မော်တယ်ရင်းမြစ်ကမ္ဘာက ဆက်တိုက် တိုက်ခိုက်နေခဲ့သည်။

အစစ်အမှန် အင်မော်တယ်ကမ္ဘာတစ်ခုကို ယခင်က လူသားကမ္ဘာဖြစ်ခဲ့သော အင်မော်တယ်ရင်းမြစ်ကမ္ဘာက တိုက်ခိုက်နေသည်။

ထိုက်ချန်ဝိညာဉ်ကမ္ဘာ၏ ကျင့်ကြံသူများက ထုံဟယ်အင်မော်တယ်ကမ္ဘာသို့ အပို့ခံလိုက်ရပြီး နှစ်ပေါင်းများစွာအကြာတွင် အကျိုးပြုမှတ်များကို စုဆောင်း၍ တည်နေရာ‌ရွှေ့ပြောင်းခြင်းဝင်္ကပါမှတစ်ဆင့် ထိုက်ချန်ဝိညာဉ်ကမ္ဘာသို့ ပြန်ရောက်လာကြလိမ့်မည်။

သူတို့က ထိုခရီးစဉ်အကြောင်းကို ပြန်မပြောချင်ကြပေ။

....

“ဒါက ဝိညာဉ်ကမ္ဘာပဲ။ ငါတို့က ဒီနေရာမှာ အရင်ဆုံး ကျင့်ကြံကြမယ်”

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ပြောလိုက်သည်။ သူက မူဝမ်နှင့် ယွင်ကျင်းကို အဖော်ပြုပေးနေသည်။

ထိုက်ချန်ဝိညာဉ်ကမ္ဘာသည် အင်မော်တယ်ရင်းမြစ်ကမ္ဘာကဲ့သို့ ကျယ်ဝန်းသည်။ ဤနေရာတွင် အင်အားစုအမျိုးမျိုး ရှိနေကြသည်။

သို့သော် အင်မော်တယ်ကမ္ဘာက ဖိနှိပ်ထားသောကြောင့် တိုက်ပွဲများ သိပ်မရှိပေ။

ထို့အပြင် ဝိညာဉ်ကမ္ဘာသို့ တက်လှမ်းလာသောလူများက နှစ်တစ်ထောင်အတွင်း ချီစွမ်းအင်ကို မချေဖျက်နိုင်လျှင် ဝိညာဉ်ကုန်ကြမ်းအဖြစ် အသုံးပြုခံရလိမ့်မည်။

အင်မော်တယ်ကမ္ဘာမှ ရုတ်တရက်ဆင်းသက်လာပြီး လက်နက်နှင့် ဆေးလုံးသန့်စင်ရန်အတွက် ကျင့်ကြံသူများကို ဖမ်းဆီးသွားသော ကျွမ်းကျင်သူတချို့လည်း ရှိသည်။

ဝိညာဉ်ကမ္ဘာသည် အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။

“အစ်ကိုကြီး၊ အခု ကျွန်တော်တို့ ဘယ်သွားမှာလဲ”

လူငယ်အဖြစ် အသွင်ပြောင်းထားသော ဟန်ချီက ဟန်မူယဲ့ကို ကြည့်လိုက်သည်။

ဟန်မူယဲ့၏ဘေးတွင် မူဝမ်နှင့် ယွင်ကျင်းသာမက ဟန်ချီ၊ ရှန့်လင်းရွှမ်း၊ အကြီးအကဲကျူး၊ အကြီးအကဲဖုန်းနှင့် တခြားလူများလည်း ရှိနေကြသည်။

မည်သို့ပင်ဖြစ်စေ ဤနေရာမှတစ်ဆင့် သင်္ချိုင်းအင်မော်တယ်မြို့တော်သို့ အချိန်မရွေး တည်နေရာရွှေ့ပြောင်းနိုင်သည်။

“ဝိညာဉ်ကမ္ဘာမှာ ကျင့်ကြံဖို့အတွက် စည်းကမ်းတွေ အများကြီးမရှိဘူး။ အရင်ဆုံး နေရာတစ်ခု ရှာရမယ်”

ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ပြုံးသည်။

လူသားကမ္ဘာမှ တက်လှမ်းလာသော လူများသည် ဤကမ္ဘာတွင် နှစ်တစ်ထောင်နေထိုင်ပြီး ထွက်သွားကြလိမ့်မည်။

သူတို့ရရှိထားသော အချက်အလက်များအရ သူတို့က အင်မော်တယ်ကျောက်တုံးကို ရယူပြီး ခန္ဓာကိုယ်ထဲတွင်ရှိသော ချီစွမ်းအင်ကို သန့်စင်ရမည်။

ဟန်မူယဲ့နှင့် တခြားလူများက အင်မော်တယ်ကျောက်တုံးကို ရှာဖွေနေရန် မလိုအပ်ပေ။ ထို့ကြောင့် သူတို့က ဘာမှလုပ်စရာမလိုပေ။

“အစ်ကိုဟန်၊ ကျွန်မတို့ အာခီမီကံကြမ္မာစံအိမ် ဖွင့်ကြမလား”

မူဝမ်က မျက်လုံးများ တောက်ပသွားပြီး ခပ်ဖွဖွရယ်သည်။

ဟန်မူယဲ့က ထိုအကြံကို ငြင်းပယ်မည်မဟုတ်ပေ။

ရက်အနည်းငယ်အကြာတွင် ကျောက်စိမ်းစာအုပ်မြို့၌ ဆေးဆိုင်တစ်ဆိုင် ပေါ်ထွက်လာသည်။

ဆေးဆိုင်က မသေးငယ်ပေ။ ဆေးစံအိမ်သည် သုံးထပ်စံအိမ်ဖြစ်ပြီး ဆိုင်ကို လည်ပတ်နေသောလူများက နက်နဲသော ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားကြသည်။

ဆိုင်ရှင်၏နာမည်က ဟန်မူယဲ့ဖြစ်ပြီး တိုးတက်နေသော အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ ရောက်လာသည်ဟု ပြောကြသည်။

ထိုက်ချန်ဝိညာဉ်ကမ္ဘာတွင် အင်မော်တယ်ရင်းမြစ်ကမ္ဘာက နာမည်ကြီးနေသည်။

အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ သိန်းချီနေသော ကျင့်ကြံသူများက ထိုက်ချန်ဝိညာဉ်ကမ္ဘာသို့ ရောက်လာကြသည်။ တက်လှမ်းလာသော လူများ၏ ၉၉%သည် သူတို့ ဖြစ်ကြသည်။

ထို့အပြင် ထိုလူများ၏ အရှိန်အဝါက အားကောင်းသောကြောင့် လူအများစုက သူတို့ကို ရန်မစရဲကြပေ။

ဝိညာဉ်ကမ္ဘာတွင် အသန်မာဆုံးလူသည် ကောင်းကင်အင်မော်တယ် တစ်ဝက်အဆင့် ဖြစ်သည်။ အကယ်၍ သူတို့က ကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်သွားလျှင် ဝိညာဉ်ကမ္ဘာတွင် အချိန်ဆွဲမနေပဲ အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားကြလိမ့်မည်။

အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ကျင့်ကြံသူများက အင်မော်တယ်ကျင့်ကြံခြင်းကို ဖိနှိပ်ထားသော်လည်း ချီကျင့်ကြံခြင်းတွင် ထိပ်တန်းအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။

သူတို့က ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ရန်အတွက် ဤကမ္ဘာသို့ ရောက်လာကြပြီး တခြားလူများနှင့် မတူပေ။

ဟန်မူယဲ့တို့က အာခီမီစံအိမ်ဖွင့်ပြီး နှစ်ဝက်အကြာတွင် ဖူယွီအင်မော်တယ်ကမ္ဘာမှာ လူတစ်ယောက် ရောက်လာသည်။

ဤဝိညာဉ်ကမ္ဘာကို ထိန်းချုပ်ထားသော အင်အားစုသည် သင်္ချိုင်းအင်မော်တယ်မြို့တော် ဖြစ်နေသည်။

သင်္ချိုင်းအင်မော်တယ်မြို့၏သခင် ယွင်လန်ဓားအင်မော်တယ်က ဤတစ်ကြိမ်တွင် အင်မော်တယ်တက်လှမ်းစင်မြင့်ကို ထိန်းချုပ်ထားသောကြောင့် ဤကမ္ဘာတွင်ရှိသော သက်ရှိများအားလုံးက သင်္ချိုင်းအင်မော်တယ်မြို့နှင့် သက်ဆိုင်သည်။

သင်္ချိုင်းအင်မော်တယ်မြို့၏ ကျင့်ကြံသူမျာသည် ယွင်လန်ဓားအင်မော်တယ်၏သတင်းကို သယ်ဆောင်ထားပြီး ရောက်လာကြသည်။

ယွင်လန်ဓားအင်မော်တယ်က သင်္ချိုင်းအင်မော်တယ်မြို့သာမက ယွင်လန်မြို့ကိုလည်း ထိန်းချုပ်ထားပြီး အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

ထိုက်ချန်ဝိညာဉ်ကမ္ဘာသည် ယွင်လန်ဓားအင်မော်တယ်နှင့် ပတ်သတ်၍ ဆွေးနွေးနေကြသည်။

“အစ်ကိုဟန်၊ အကြီးအကဲလီယွင်ကန်းက အစ်ကိုဟန်ကို ယွင်လန်လို့ ခေါ်ခဲ့သလားလို့”

မူဝမ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး မေးသည်။

“အစ်ကိုဟန်က အင်မော်တယ်ကမ္ဘာမှာ မြို့ကြီးတွေကို ထိန်းချုပ်ထားတယ်လို့ ပြောဖူးတယ်။ ယွင်လန်ဓားအင်မော်တယ်က အစ်ကိုဟန်လား”

သူမက ထိုအကြောင်းကို အနည်းငယ်ကြားဖူးသော်လည်း ယခုအချိန်တွင် ထွက်ပေါ်လာသော သတင်းများနှင့် မယှဉ်နိုင်ပေ။

ဝိညာဉ်ကမ္ဘာမှ ကျင့်ကြံသူများ၏ ပြောစကားအရ ယွင်လန်ဓားအင်မော်တယ်သည် အင်မော်တယ်ကမ္ဘာ၏ နယ်မြေတစ်ခုကို ထိန်းချုပ်နိုင်သော ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။

‘အစ်ကိုဟန်က အင်မော်တယ်ကမ္ဘာမှာ ဒီလောက်တောင် စွမ်းအားကြီးတာလား’

“အဲဒီလိုပါပဲ”

ဟန်မူယဲ့က သိပ်ပြီး မနှိမ့်ချတတ်ပေ။

ထိုသတင်းများက အနည်းငယ် မှားယွင်းနေသည်။

သူ၏ လက်ရှိခွန်အားဖြင့် အင်မော်တယ်ကမ္ဘာတွင် စိတ်ကြိုက်သောင်းကျန်းနိုင်သည်။

အင်မော်တယ်ကမ္ဘာမှလူများ ရောက်လာသောကြောင့် ထိုက်ချန်ဝိညာဉ်ကမ္ဘာက ဖြည်းဖြည်းချင်း အစီစဉ်တကျ ဖြစ်လာသည်။

အင်မော်တယ်ချုပ်နှောင်ရေကန်တွင် ဖမ်းဆီးခံထားရသော ကျင့်ကြံသူများကို လွှတ်ပေးလိုက်သည်။

သူတို့က အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ကျင့်ကြံသူများကို ပြန်တွေ့လိုက်ရသောအခါတွင် ခံစားချက်များ ရှုပ်ထွေးနေကြသည်။

“ဦးရီးတော်၊ မတွေ့ရတာ ကြာပြီ”

ဟန်မူယဲ့က ညင်သာစွာ သက်ပြင်းချလိုက်ပြီး အိုမင်းသွားသော ဦးရီးတော်ချောင်ရီကို ကြည့်သည်။

အာခီမီကံကြမ္မာစံအိမ်၏ တတိယထပ်တွင် အင်မော်တယ်တက်လှမ်းစင်မြင့်သို့ ကြိုတင်တက်လှမ်းသွားသော ဦးရီးတော်ချောင်ရီက ဟန်မူယဲ့နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။

သူတို့နှစ်ယောက်သာ မဟုတ်ပေ။ ဟန်မူယဲ့နှင့်အတူ လိုက်လာသော ချန်ချင်းကျစ်၊ ချီလင်နှင့် တခြားလူများကလည်း ရောက်လာကြသည်။

သူတို့က တစ်ယောက်ကိုတစ်ယောက် ပြန်မြင်လိုက်ရသောအခါတွင် သက်ပြင်းချသည်။

“ဓားဘိုးဘေးမူယဲ့က အင်မော်တယ်ရင်းမြစ်ကမ္ဘာတစ်ခုလုံးကို အဆင့်မြှင့်ပေးနိုင်တယ်ဆိုတာ သိခဲ့ရင် ငါက ထွက်လာမှာမဟုတ်ဘူး”

ချောင်ရီက နောင်တများနှင့်အတူ ခေါင်းခါသည်။

သူနှင့် အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ကျင့်ကြံသူများက အင်မော်တယ်အသွင်ပြောင်းရေကန်တွင် ရှိနေခဲ့ကြသည်။ သစ်သားနတ်ဘုရားကသာ သွေးစစ်ပွဲဂိုဏ်းသို့ ရောက်သွားခဲ့သည်။

ကြေးခွံနက်မိစ္ဆာများကပင် တခြားနယ်မြေများတွင် သောင်းကျန်းနေကြသည်။

အင်မော်တယ်ချုပ်နှောင်ရေကန်တွင် ဖမ်းဆီးခံထားရသောကြောင့် ဦးရီးတော်ချောင်ရီက အဆုံးသတ်သွားပြီဟု ထင်ခဲ့သည်။

နှစ်တစ်ထောင်ကြာမြင့်ပြီး သူ၏ ချီကျင့်ကြံခြင်းကို ပြီးပြည့်စုံအောင် သန့်စင်လျက် လုံလောက်သော အင်မော်တယ်ကျင့်ကြံခြင်းကို မရရှိခဲ့လျှင် သေဆုံးသွားရလိမ့်မည်။

သို့သော် နှစ်ပေါင်းတစ်ရာအတွင်း၌ အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ကျင့်ကြံသူများက ထိုက်ချန်ဝိညာဉ်ကမ္ဘာသို့ ရောက်လာရုံသာမက ထိတ်လန့်စရာကောင်းသော သတင်းကိုလည်း သယ်လာခဲ့သည်။

အင်မော်တယ်ရင်းမြစ်ကမ္ဘာသည် အင်မော်တယ်ကမ္ဘာအဖြစ် အဆင့်တက်သွားခဲ့သည်။

ချောင်ရီက အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ နယ်မြေခံတစ်ယောက် ဖြစ်သောကြောင့် ထိုသတင်းကို သိနိုင်ခဲ့သည်။

“ဦးရီးတော် မစိုးရိမ်ပါနဲ့။ အင်မော်တယ်ချုပ်နှောင်ရေကန်မှာ နေရတာလည်း အကျိုးမယုတ်ပါဘူး”

ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်း၍ သိုလှောင်အိတ်တစ်လုံးကို ထုတ်ယူသည်။

“ဒါက အင်မော်တယ်ကျောက်တုံး တစ်ထောင်ပဲ။ ခင်ဗျားကုန်ဆုံးခဲ့တဲ့ အချိန်တွေအတွက် လုံလောက်ပါတယ်”

အင်မော်တယ်ကျောက်တုံး တစ်ထောင် ....

ချောင်ရီက ထိုအိတ်ကို တက်ကြွစွာ လက်ခံလိုက်သည်။

အမှန်တကယ်ပင် အင်မော်တယ်ကျောက်တုံးတစ်ထောင် ရှိနေသည်။

ထိုကျောက်တုံးများက သူ၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သည့်အပြင် အနာဂတ်ကျင့်ကြံခြင်းကိုလည်း ပိုမိုချောမွေ့စေလိမ့်မည်။

All Chapters