← Chapters

ပြင်ပဂိုဏ်း

Vol. 44 Ch. 599

ပြင်ပဂိုဏ်း

Vol. 44 Ch. 599

တောင်ကိုအဝေးမှမြင်နေရသော်လည်း မြူနှင်းများပြည့်နှက်နေသော နတ်ဆိုးဝိညာဥ်ဂိုဏ်းကို မြင်ကွင်းမှမှေးမှိန်သွားစေသည်။ လေထဲတွင် အော်ဟစ်သံများနှင့် ငိုကြွေးသံများပဲ့တင်ထပ်နေသည်။ ထိုစူးစူးဝါးဝါးအသံများက ထိုနေရာကိုပထမအကြိမ်ရောက်ဖူးသူ၏နှလုံးသားကိုပင် လှုပ်ခတ်နိုင်လေသည်။

သူတို့ ပထမအကြိမ်ဂိုဏ်းထဲဝင်လာသောအခါ စုမင်ပြန်ခေါ်လာသည့်လူနှစ်ဦးခံစားရသည်မှာ အတိအကျဖြစ်သည်။ သူတို့ရှေ့သို့ပျံသန်းလာသောအခါ စုမင်၏ဖျော့တော့မှုကို ကြောက်ရွံ့မှုအဖြစ်အထင်မှားခဲ့သည်။ ထို့ကြောင့်

စုမင်၏တိတ်ဆိတ်မှုထဲတွင် ဘယ်အမှားကိုမှမမြင်ရပေ။

လူနှစ်ယောက်ရှေ့သို့တိုးလာသောအခါ တောင်ခြေသို့တည့်တည့်ထိုးမဆင်းခင် ထိုလူနှစ်ယောက်က နတ်ဆိုးဝိညာဥ်ဂိုဏ်း၏ တောင်ပေါ်သို့အကြိမ်ပေါင်းများစွာပျံသန်းခဲ့ကြသည်။ သူတ်ို့က ယိုစိမ့်ထွက်နေသော အနက်ရောင်ဖြစ်တည်မှုများရှိသည့် တောင်တံခါးထိပ်သို့ဆင်းသက်လာကြသည်။ ၎င်းက အငြိုးကြီးသောဝိညာဥ်အများအပြားဝန်းရံနေသကဲ့သို့ သူတို့ ဖြတ်သန်းလိုသောအရာများကိုခုန်အုပ်တော့မည်သကဲ့သို့ထင်ရသည်။

စုမင်ကိုခေါ်ဆောင်လာသောသူများ၏မျက်နှာက တည်ငြိမ်နေသောအမူအရာရှိပြီး အငြိုးကြီးသောဝိညာဥ်များကြောင့် စိတ်အနှောင့်ယှက်မဖြစ်ကြပေ။ သူ့တို့လက်များဖြင့် စုမင်ကိုဆုပ်ကိုင်ထားပြီး ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးလာသည်။ တောင်တံခါးကိုဖြတ်သန်းစဥ် ကြီးမားသော လှေကားများတောင်ထိပ်တွင် ဦးတည်ပေါ်လာလေသည်။

လှေကား၏ဘေးနှစ်ဘက်တွင် များပြားသော အနက်ရောင်ရုပ်တုများနေရာယူထားသည်။ ရုပ်တုတစ်ခုချင်းစီက မယုံကြည်နိုင်လောက်အောင်ရက်စက်ကြမ်းကြုတ်ပြီး ကြေက်မက်ဖွယ်ရာအေးစက်သောသွင်ပြင်ဖော်ဆောင်နေ၏။ ၎င်းတို့၏စိတ်ဝိညာဥ်များက အမုန်းတရားများဖြင့် ပြည့်နှက်နေလေသည်။

“ပြန်လမ်းမရှိတဲ့ဒီလမ်းကို မင်းလျှောက်မယ်ဆ်ိုရင် နတ်ဆိုးဝိညာဥ်ဂိုဏ်းကို ဝင်ရလိမ့်မယ်.. ကောင်လေး...မင်းပတ်ဝန်းကျင်က ကျယ်လောင်စူးရှတဲ့ငိုသံတွေကိုမင်းကြားရဲ့လား...”

စုမင်ကိုဆုပ်က်ိုင်ထားသော လူများထဲမှတစ်ယောက်က သူ့ကိုတစ်ချက်ကြည့်ပြီး သူ့မျက်လုံးဖြင့်မဆုံစေဘဲ အပြုံးဖြင့်ပြောလေသည်။

“မင်းလက်ကိုလွှတ်ပြီး မင်းကိုတစ်ယောက်တည်းတက်ခိုင်းမယ်ဆိုရင် ခြေလှမ်းအနည်းငယ်မလှမ်းခင်မှာပဲ လက်စားချေတတ်တဲ့ဝိညာဥ်တွေက မင်းကိုအဝေးဆီဆွဲခေါ်သွားလိမ့်မယ်..ပြီးတော့မင်းက သူတို့ထဲကတစ်ယောက်လိုပြောင်းလဲသွားလိမ့်မယ်”

အခြားနတ်ဆိုးဝိညာဥ်ဂိုဏ်းတပည့်က အေးစက်စွာပြောကာ သူထိုသို့လုပ်လိုက်သည်နှင့် သူ့ဘယ်လက်ကိုမြှောက်ကာ သူ့လက်ကိုရှေ့သို့မလွှဲမီ ချိပ်တံဆိပ်တစ်ခုဖွဲ့စည်းလိုက်လေသည်။

လှေကားအတက်လမ်းက ချက်ချင်းပင်ကွဲပြားသွားသည်။ ထိုနေရာတွင် မရေတွက်နိုင်သောအရိပ်များပေါ်ထွက်လာသည်။ ၎င်းတို့ကယောကျ်ား၊ မိန်းမ၊ လူကြီး၊ လူငယ်အရွယ်များပုံဖော်ထားသည်။ သူတို့အားလုံးက စုတ်ပြဲနေသော အဝတ်များဝတ်ဆင်ထားပြီး သွေးများဖုံးလွှမ်းနေကာ လမ်းပေါ်တွင် ရုန်းကန်အော်ဟစ်နေကြသည်။ လူအများစုက စုမင်နှင့်တပည့်နှစ်ယောက်ကို ရိုက်နှက်တော့မည်ကဲ့သို့ ကြောက်မက်ဖွယ်ရာအကြည့်များဖြင့်စိုက်ကြည့်နေသည်။

တောင်လှေကားတစ်ဖက်စီတွင် အလွန်များပြားသော အငြိုးကြီးဝိညာဥ်များရှိသည်။ သူတို့က ထိုသုံးယောက်တွဲကိုဖမ်းဆုပ်ကာ သူတို့ဘေးသို့ဆွဲထုတ်လိုသည့်အတိုင်း သူတို့လက်မောင်းများကိုဆန့်ထုတ်လိုက်ကြလေသည်။

“နတ်ဆိုးဝိညာဥ်ဂိုဏ်းကနေကြိုဆိုပါတယ်..အဲ့ဒီမှာ ဘယ်ဟာကငရဲလဲ ဘယ်ဟာကကြောက်ရွံ့မှုလဲဆိုတာသိလာရလိမ့်မယ်..”

စုမင်ကိုထိုနေရာသို့ခေါ်ဆောင်လာသော နတ်ဆိုးဝိညာဥ်ဂိုဏ်းတပည့်နှစ်ဦးကအချင်းချင်းပြုံးပြကာ တောင်လှေကားထစ်များကိုကျော်လွှားလေသည်။ သူတို့ရွေ့လျားသွားသောအခါ အမုန်းတရားများပြည့်နှက်နေသော ဝိညာဥ်များက တပည့်နှစ်ဦးကို မယုံကြည်နိုင်လောက်အောင်ကြောက်ရွံ့နေသကဲ့သို့ အဝေးကိုလျင်မြန်စွာထွက်ခွာသွား၏။

ဝိညာဥ်များက ထိုသုံးယောက်နှင့်နီးကပ်စွာမနေရဲကြပေ။ နတ်ဆိုးဝိညာဥ်ဂိုဏ်းတပည့်နှစ်ဦးက စုမင်ကိုလွှမ်းခြုံဆုပ်ကိုင်ထားစဥ် အဆုံးမရှိသောအော်သံများထွက်လာကာ သူတို့ကိုထိမည့်အစား သူတို့ခန္ဓာကိုယ်များတုန်ယင်လာသည်။

တောင်၏တစ်ဖက်စီတွင် လက်မောင်းများကိုဆန့်တန်းထားသော အငြိုးကြီးဝိညာဥ်များက ပိုများသည်။ ထိုသုံးယောက်ဝန်းရံခံထားရချိန်တွင် သူတို့အားလုံးနောက်ဆုတ်သွားသည့်အတွက် ကြောက်စရာကောင်းသောဖြစ်တည်မှုကိုတွေ့လိုက်ရသည်။

“ စီနီယာအစ်ကိုကျန်း...ဒီအငြိုးကြီးတဲ့ဝိညာဥ်တွေက တစ်ခုခုတော့မှားနေသလိုပဲ..အရင်က ဂိုဏ်းထဲ ပြန်လာတဲ့အခါ ဒီလို မဟုတ်ဘူး”

ကျန်းဟု အမည်ရသောသူက မျက်မှောင်ကြုတ်၍ မကောင်းဆိုးဝါးဂိုဏ်းရှိရာ ဆက်လက်ဦးတည်ရင်း အသံတိုးတိုးဖြင့်ပြောလေသည်။

“မင်းပြောတာ မှန်တယ်.. ပုံမှန်အားဖြင့် တစ်ယောက်ယောက်ကိုတွေ့ရင် ငါတို့က နတ်ဆိုးဝိညာဥ်ဂိုဏ်းကလားဆိုတာ ဂရုမစိုက်ဘဲ ရှေ့ကိုတိုးလာလိမ့်မယ်...ဒါပေမဲ့ ဂိုဏ်းရဲ့ဘိုးဘေးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကြောက်လန့်တကြား ထွက်သွားတာကိုသတိရမိသေးတယ်.. ဒါပေမဲ့ အခုအချိန်မှာတော့...”

စုမင်ကို ဆုပ်ကိုင်ထားသောသူက

မယုံနိုင်လောက်အောင်ကို အကြံအိုက်နေလေသည်။

သူတ်ို့နှစ်ယောက်က အဖြေကို မည်မျှပင်ရှာဖွေပါစေ အဖြေရှာမရခဲ့ပေ။ သူတ်ို့ကမရေမရာဖြစ်နေရင်း အမြန်ရွေ့လျားလိုက်ပြီး စုမင်ကိုတောင်၏အလယ်ဗဟိုသို့ခေါ်ဆောင်သွားလေသည်။ သူက တိတ်ဆိတ်စွာ တောင်ကိုကြည့်လိုက်ပြီး တောင်တစ်ခုလုံးတွင်အနက်ရောင်တလက်လက်ထနေသောစံအိမ်များ၊ ထိုစံအိမ်များပေါ်တွင်တွဲလောင်းကျနေသော အလောင်းများကိုလည်းကြည့်လေသည်။

အမှန်တွင်သူက ကောင်းကင်တွင်ပျံသန်းနေသော ရှည်လျားသည့်အလင်းတန်းကိုပင် ရံဖန်ရံခါမြင်ရသည်။

“နတ်ဆိုးကျင့်စဥ်တွေကို မာန်လူမျိုးတွေဘယ်လိုလေ့ကျင့်ထားတာလဲ”

ထိုမေးခွန်းက နတ်ဆိုးဝိညာဥ်ဂိုဏ်းအကြောင်းတွေးသည့်အခါတိုင်း စွဲကျန်ခဲ့သောမေးခွန်းဖြစ်သည်။

သိပ်မကြာခင် သူတို့သုံးယောက်အပေါ်ကိုဆက်တက်သောအခါ တောင်လှေကားထစ်များတွင် ရပ်နေသော ဆယ်ပေခန့်ရှိသည့်လူထွားတစ်ဦးကို စုမင်မြင်လိုက်သည်။ သူက တောင်ပေါ်မှဆင်းလာစဥ် ကိုယ်လုံးတီးတဝက်နှင့် သူ့နောက်ကျောတွင်ကြီးမားသောခြင်းကိုလွယ်ထားသည်။ ခြေလှမ်းအနည်းငယ်လှန်းပြီးစဥ် သူသည်လက်ကို မြှောက်ကာ

လေထဲသို့ပစ်ချသည်။ စုတ်ပြဲနေသော အသားအပိုင်းအစများပေါ်တွင် အနက်ရောင်မီးခိုးများအနည်းငယ်ရှိလျက် မြေပြင်ပေါ်ကျသောအခါ အငြိုးကြီးသော ဝိညာဉ်များက ၎င်းတို့အပေါ် ချက်ချင်းထိုးဖောက်ကာ တစ်ယောက်စီကို ဝါးမြိုသွားကြသည်။

ထိုလူ၏မျက်နှာပေါ်တွင် ထင်မှတ်မထားလောက်အောင်ရင်စက်ကြမ်းကြုတ်သောမျက်နှာအမူအရာရှိ၏။ အမာရွတ်လည်းရှိ၍ ကြောက်ရွံ့စရာကောင်းသည်။ စုမင်နှင့်တခြားနှစ်ယောက်ကသူ့ကိုမြင်သောအခါ သူကလည်း ကျန်းနှင့် ကျိုး ကိုမြင်လေသည်။ သူ့နှုတ်ခမ်းတို့ ပြုံးရယ်သွား၏။ သူ့မျက်နှာရှိအမာရွတ်များတွန့်လိမ်သွားကာ မျက်နှာတွင် ပါးစပ်လေးပေါက်ရှိသကဲ့သို့ သူတ်ို့အားလုံးတစ်ချိန်တည်းတွင် ပြင်ထန်စွာရယ်မောနေလေသည်။

သူက မယုံကြည်နိုင်လောက်အောင်ကြောက်မက်ဖွယ်ရာကောင်းနေပုံရသည်။

ထိုအပြုံးမြင်သောအခါ ကျန်းနှင့် ကျိုးသည်မသက်မသာဖြစ်သော်လည်း ဘေးသို့လျင်မြန်စွာလှမ်းလာ၍ ထိုသူအတွက်လမ်းဖယ်ပေးလိုက်သည်။

“နှုတ်ဆက်ပါတယ် စီနီယာအစ်ကိုရှမ် “

ထိုနှစ်ယောက်က သူတို့၏လက်သီးဆုပ်ကိုလက်ဖဝါးပတ်၍ ထိုလူကိုအရိုအသေပြုလိုက်သည်။

ထိုသူ သူတို့နားချဥ်းကပ်သွားသောအခါ စုမင်ကသူ့မျက်ခုံးများတွင်အနီရောင်အကြည့်တစ်ချက်ကိုမြင်လိုက်သည်။ ထိုသူ၏မျက်လုံးထဲသို့ကြာကြာကြည့်လျှင် မယုံကြည်နိုင်လောက်အောင်မသက်မသာခံစားရစေလိမ့်မည်။

“ဂိုဏ်းထဲကို ဘာလို့အပြင်လူကို ပြန်ခေါ်လာရတာလဲ”

ထိုသူက သူတို့ထံ လျှောက်လာပြီး အသားစများကိုဆွဲယူကာ ဘေးကိုပစ်လေသည်။ အငြိုးကြီးသောဝိညာဥ်များကိုခုန်အုပ်ကာ နောက်ထပ်ဘာကိုမှဂရုမစိုက်ဘဲဝါးမျိုသွားလေသည်။

“စီနီယာအစ်ကိုရှမ် ဒီလူက ကျွန်တော်တို့တောင်ပေါ်ကထွက်သွားတုန်းက ဂိုဏ်းအကြီးအကဲကျောက်ကခေါ်လာဖို့တောင်းဆိုထားတဲ့ ချန်မိသားစုကလူပါ..သူက ချန်ဒါရှီရဲ့ညီ”

ကျန်း သည်စုမင်ကို ဆုပ်ကိုင်ထားရင်းချက်ချင်းပြောလိုက်သည်။

“ချန်ဒါရှီ...”

ထိုလူက စုမင်ထံတစ်ချက်စောင်း

ကြည့်လိုက်ပြီးသူ့မျက်နှာပေါ်တွင် ထူးဆန်းသော အကြည့်တစ်ခု ပေါ်လာသည်။ သူ့နှုတ်ခမ်းများရယ်မောနေပြီး တောင်းထဲမှ အသားစတချို့ကိုဆွဲယူပြီး စုမင်ကို ပေးလိုက်၏။

“ငါနားလည်ပြီ..အဲ့ဒါက ညီငယ်ချန်ပဲ.. ငါ့မှာမင်းအတွက် ကြိုဆိုစရာလက်ဆောင်မရှိဘူး..ဒါကြောင့် မင်းကို ဒီအသားအပိုင်းအစတချို့ ငါပေးမယ်”

ကျန်းနှင့် ကျိုးတို့ကို မြင်သောအခါတွင် မနာလိုမှုများသူတို့မျက်နှာတွင် ချက်ချင်းပေါ်လာသည်။

စုမင်သည် သူ့ရင်ဘတ်တွင်တဒုတ်ဒုတ်ခံစားလိုက်ရသည်။

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုရှမ်”

“မင်း ငါ့ကို ကျေးဇူးတင်နေစရာ မလိုဘူး.. မင်းဒါကို အငြိုးကြီးဝိညာဥ်တွေကိုကျွေးရင်လည်းကိစ္စမရှိပါဘူး..ဒါကမင်းကို တစ်ခုခု လုပ်ရင်ကူညီပေးလိမ့်မယ်.. ဂိုဏ်းဝင် တပည့်တွေကိုပဲ ဒါကို ခွင့်ပြုထားတာ..အဲဒါကို ကောင်းကောင်း တန်ဖိုးထားပါ.. ဒီနေရာမှာ ခုနစ်ရက်လောက်ရှင်သန်နိုင်ရင် မင်းငါ့ကို ကျေးဇူးတင်မှာပါ”

ထိုလူက အံသြစွာ ပြုံးလိုက်သည်။ ကျန်းနှင့် ကျိုး တို့ကို စိတ်မ၀င်စားတော့ဘဲ တောင်ပေါ်မှ လမ်းလျှောက်လာခဲ့သည်။

သူ အဝေးကို ထွက်သွားသောအခါ ကျန်း ၏ အကြည့်က စုမင်၏ လက်ထဲမှ အသားတစ်စပေါ် ကျရောက်သွားသည်။ သူ့ဘေးတွင် ရပ်နေသော ကျိုး လည်း သူ့မျက်လုံးထဲတွင် အကြည့်တစ်ချက်လင်းသွားလေသည်။

စုမင်က သူတို့၏ အမူအရာများကို မြင်ပြီး သူ့စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်သည်။ ထိုသူများက မကောင်းဆိုးဝါး ဝိညာဉ်ဂိုဏ်းမှ အန္တရယ်ပြုမည်သူများဖြစ်ရုံမက အချင်းချင်း တိုက်ခိုက်ခြင်းကို နှစ်သက်ကြသူများဖြစ်သည်။ သူက ထိုနေရာကို ယနေ့ပဲရောက်လာပြီး သဘောတရားတစ်ခုကိုသက်သေပြခဲ့ပြီးသားဖြစ်သည်။

ချန်ဒါရှီ၏အမည်ကိုကြားပြီးနောက် ထိုအခိုက်အတန့်တွင် ရှန်ဟူဆိုသောလူက အသားအပိုင်းအစတစ်ခုကို ပေးခဲ့သည်။ ထိုအရာကိုကြည့်ခြင်းအားဖြင့် သူတို့က ချန်ဒါရှီကို မလိုမုန်းထားနေသည်ဟုထင်ရသည်။

ထိုအရာက လက်ဆောင်တစ်ခုဟုထင်ရသည်။

ယခုအချိန်တွင် ကျန်း နဲ့ ကျိုး၏အမူအရာတွေကို အကဲခတ်ခြင်းအားဖြင့် အန္တရာယ်များနိုင်သည်။မသိချင်ယောင်ဆောင်တာက အကောင်းဆုံးဖြစ်သည်။

“ချန်ဒါရှီ... ရုပ်ဆိုးလေးရဲ့အစ်ကို..

ဒီဂိုဏ်းအကြီးအကဲကျောက် က မင်းရဲ့မိသားစုကလူတစ်ယောက်ကို ဒီကိုခေါ်လာဖို့ တောင်းဆိုတယ်.. မကောင်းဆိုးဝါးဝိညာဉ်ဂိုဏ်းမှာ မင်းဘာလုပ်ခဲ့တာလဲ.. “

စုမင်က သက်ပြင်းချ၍ ခေါင်းကိုခါယမ်းလိုက်သည်။ ကျန်းနှင့်ကျိုးက ဘာမှမပြောသေးမီ သူ့လက်ထဲမှကိုင်ထားဆဲဖြစ်သောအသားအပိုင်းအစကို ကျန်း ထံပေးလိုက်လေသည်။

“စီနီယာအစ်ကိုကျန်း...ငါ့အတွက်ဒီပစ္စည်းကအသုံးမဝင်ပါဘူး..ကျေးဇူးပြုပြီးယူသွားပါ”

ကျန်ကသူ့ကိုလေးလေးနက်နက်၊ သိမ်မွေ့စွာပြုံးပြကာ ယဥ်ကျေးမှုတစ်စုံတစ်ရာမရှိဘဲ အသားစကို ဖယ်ထုတ်လိုက်သည်။ သူ ကျိုး ကိုတစ်ချက်ကြည့်ပြီး ရက်စက်ကြမ်းကြုတ်သောအကြည့်များသူတို့မျက်လုံးထဲတွင်ပျောက်ကွယ်သွားသည်။ သူတို့စုမင်ထံသို့ကြည့်သောအခါ သူတ်ို့၏မျက်ဝန်းထဲတွင်ချီးကျူးခြင်းအရိပ်အယောင်များပေါ်နေလေသည်။

“ညီငယ်ချန်...မင်းကငယ်ကောင်းငယ်နိုင်ပေမဲ့ အပေးနဲ့အယူရဲ့စည်းမျဥ်းတွေကိုတော့သိပြီးသားပဲ..မဆ်ိုးပါဘူး”

ကျိုး ကအေးစက်စွာပြောလေသည်။

“စီနီယာအစ်ကိုတို့...အခု စီနီယာအစ်ကို

ရှန်ကဘယ်သူလဲ”

စုမင်က ချက်ချင်းမေးလိုက်သည်။

“သူက အတွင်းစည်း တပည့်ဖြစ်ပြီး ငါတို့က အပြင်စည်းတပည့်တွေပဲ။ ငါတို့က မတူဘူး… ဒါကို သတိရပါ.. ပြင်ပစည်းက တပည့်တွေဟာ အချင်းချင်း တိုက်ခိုက်နိုင်ပေမယ့် အတွင်းစည်းတပည့်တွေဆီ ရောက်သွားရင်တော့ သတိထားရမယ်.. ဘာဖြစ်လို့လဲဆိုတော့ အတွင်းစည်း တပည့်ကို ထိခိုက်စေရင်တော့ မင်းအတွက် ကြီးမားတဲ့ ဒုက္ခဖြစ်လာလိမ့်မယ်။”

ကျန်းက အသားစမျက်နှာကြောင့် စုမင်ကို သတိပေးရန် ဆုံးဖြတ်လိုက်ပုံရသည်။

“ဒါပေမယ့် မင်းရဲ့ လက်ရှိအခြေအနေနဲ့ အနိုင်ယူလို့မရဘူး.. မင်းမှာအတွင်းစည်းတပည့်တွေကို စိတ်အနှောင့်အယှက်ပေးဖို့ အချိန်တောင်

ရှိမှာ မဟုတ်ဘူး...”

လှေကားထစ်ကို တက်လိုက်သောအခါ စုမင်က အခြားသော မကောင်းဆိုးဝါး ဝိညာဉ်ဂိုဏ်း၏ တပည့်အနည်းငယ်ကို တွေ့လိုက်ရပြီး အားလုံးထိုင်းမှိုင်းကာ တိတ်ဆိတ်နေကြသည်။ ထိုလူများကို ကျော်ဖြတ်သွားသောအခါ ကျန်း နဲ့ ကျိုးက သူတို့ကိုအဆက်မပြတ် နှုတ်ဆက်ခဲ့သာ်။စုမင်အတွက်တော့ သူတို့ဂိုဏ်းရှိရာထူးမှာ မမြင့်သောကြောင့် သိပ်မနှုတ်ဆက်ကြပေ။

ဤဂိုဏ်းအကြီးအကဲ ကျောက်ကလည်း နတ်ဆိုးဝိညာဉ်ဂိုဏ်း၏ သာမန်လူတစ်ဦးသာဖြစ်ကြောင်းလည်း သူပြောနိုင်သည်။

ခဏအကြာ ကျန်း နှင့် ကျိုးက စုမင်နှင့်အတူ လှေကားအလယ်မှ ထွက်သွားပြီး ဘေးဘက်ရှိ လမ်းကြောင်းသေးသေးတစ်ခုဆီသို့ လျှောက်လာခဲ့သည်။ စုမင်က အဝေးမှ ကြီးမားသောတောင်တံခါးကိုမြင်နိုင်သည်။

“ဒီနေရာက နတ်ဆိုးဝိညာဥ်ဂိုဏ်းမှာ ငါတို့

ပြင်ပစည်းတပည့်တွေ ပိုင်ဆိုင်တဲ့နေရာပဲ.. ငါတို့ထပ်သွားရင်တော့ အတွင်းစည်းကို ရောက်မယ်.. တောင်ခြေက ငါတို့ အိမ်မွေးသားရဲတွေမွေးတဲ့နေရာနဲ့အလုပ်သမားတွေ နေတဲ့နေရာပဲ..ငါတို့ ဒီတောင်တံခါးကိုဖြတ်လိုက်တာနဲ့

မင်းကို ဂိုဏ်းခေါင်းဆောင် ကျောက်ဆီကိုခေါ်သွားမယ်..မင်းကိုဘယ်မှာထားမယ်ဆိုတာ ငါတို့လည်းသိမှာမဟုတ်ဘူး”

“ဒါပေမယ့် မင်းကငါတို့ကို လေးစားတဲ့တအနေနဲ့ ဒီအသားပိုင်းကို ပေးခဲ့တဲ့အတွက် အကြံဉာဏ်တစ်ခုပေးမယ်..နတ်ဆိုးဂိုဏ်းရဲ့ထာဝရလမ်းကို လျှောက်ချင်တဲ့မာန်မျိုးတွေအားလုံးဟာ နတ်ဆိုးရေကန်ထဲမှာ သူတို့ကိုယ်သူတို့ စိမ်ထားပြီး

သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ မသေနိုင်တဲ့ ချီလမ်းကြောင်းကို အသက်သွင်းဖို့ သူတို့ရဲ့သွေးကိုပြောင်းလဲလိုက်ပေမယ့် နတ်ဆိုးရေကန်ထဲကို ဝင်သွားတဲ့ ဆယ်ယောက်မှာ တစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခွင့်ရတယ်..”

ကျန်းက ချောက်ချားဖွယ်ပြုံးပြီးစကားထပ်မပြောတော့ပေ။

သူ့မျက်လုံးထဲတွင် ချန်စုဟုခေါ်သော ထိုလူက သုံးရက်မှ ငါးရက်အတွင်း အသက်မရှင်နိုင်ဟု ထင်နေလေသည်။ အထူးသဖြင့် ချန်ဒါရှီ၏

ထူးဆန်းသောသေဆုံးမှုနှင့် ဂိုဏ်းအကြီးအကဲ ကျောက် ပတ်ဝန်းကျင်ရှိ

ဂိုဏ်းရှိ ကောလာဟလအားလုံးကို သတိရမိစေသည်။ ထိုချန်စုက ကျိန်းသေ သေရမည်ကို သူသေချာသည်။

မကြာမီပင် တောင်တံခါးနားသို့ နီးကပ်သွားကြပြီး ထိုသုံးယောက်က ဘေးမှာ ရပ်လိုက်သောအခါ စုမင်က ရစ်ခွေနေသောကြီးမားသည့်စပါးအုံးမြွေကြီးကို ချက်ချင်းမြင်လိုက်ရသည်။

ထိုစပါးအုံးမြွေကြီးက ၎င်း၏လျှာကိုထုတ်ကာ တရှူးရှူးတွန်သံပေးပြီး ရှေ့သို့သွားကာသူတို့သုံးယောက်က်ို တစ်ကိုက်တည်းကိုက်စားတော့မည်ကဲ့သို့ အေးစက်မှောင်မိုက်သောအကြည့်ဖြင့် စိုက်ကြည့်နေလေသည်။

ထိုစပါးအုံးမြွေသည် ပေထောင်ချီရှည်လျားပြီး ၎င်း၏ကိုယ်ခန္ဓာကို တောင်တံခါးပတ်လည်တွင် ရစ်ပတ်ထားသော်လည်း တံခါးဝတွင် ကျန်နေသည့်အမြီးက အလွန်ရှည်လျားနေသေးသည်။

...................

All Chapters