← Chapters

ဂိုဏ်းအကြီးအကဲကျောက်

Vol. 44 Ch. 600

ဂိုဏ်းအကြီးအကဲကျောက်

Vol. 44 Ch. 600

စပါးအုံးမြွေမှာ တောင်တံခါးအရောင်ကဲ့သို့ လုံးဝအနက်ရောင်ဖြစ်သည်။ ၎င်းသာ မရွေ့လျားလျှင် တံခါးပေါ်ရှိအဆင်တန်ဆာတစ်ခုအဖြစ်လွယ်ကူစွာ အမြင်မှားနိုင်သည်။ ထိုအချိန်တွင် ၎င်းကအေးစက်ပြီး အန္တာရယ်ပြုမည့်အသွင်ဖြင့် သူတို့သုံးယောက်ကိုစိုက်ကြည့်နေလေသည်။ လူသတ်မည့်အရိပ်အယောင်များကလည်း သူတို့မျက်နှာပေါ်ဖြတ်တိုက်သွားပြီး စုမင်က ကျန်းနှင့် ကျိုး၏လေးစားမှူကိုချက်ချင်း ရှင်းလင်းစွာခံစားလိုက်ရသည်။

“ငါ..ကျန်းရမ်.. ငါတို့ရဲ့မြင့်မြတ်တဲ့ တောကောင်ကြီးကိုနှုတ်ဆက်ပါတယ်”

“ငါ ကျိုးရှင်းရွင်း တောင်တံခါးရဲ့တောကောင်ကြီးကိုနှုတ်ဆက်ပါတယ်”

ထိုနှစ်ယောက်က တံခါးပေါ်ရှိအနက်ရောင်စပါးအုံးမြွေရှိရာ ဦးညွတ်လေသည်။

ထိုအချိန်တွင်စုမင်က မြေကြီးပေါ်တွင်နေရာယူပြီး သူ့ကိုမည်သူမျှနောက်ထပ်အနှောက်အယှက်မပေးတော့ပေ။

အလွန်ကြီးမားသောစပါးအုံးမြွေ၏ အကြည့်တို့က ကျန်းရမ် နှင့် ကျိုးရှင်းရွင်းတို့ကိုကျော်ကာ တရှူးရှူးမြည်နေသည်။ ထို့နောက် သူ့အကြည့်တို့စုမင်ထံသို့ရောက်သွားသောအခါ စုမင်ကလည်း၎င်းကို ကြည့်လိုက်၏။ သူ့စွမ်းအားများပြန်မကောင်းသေးသော်လည်း ထိုမြွေ၏ဖိအားက အားနည်းသည်ကို ခံစားမိသည်။ သူ့ဆုံးဖြတ်ချက်ပေါ်မူတည်၍ ထိုစပါးအုံးမြွေက မာန်စိတ်ဝိညာဥ်နယ်ပယ်၏ အလယ်ပိုင်း သို့မဟုတ် နောက်ပိုင်းရှိ မာန်တစ်ယောက်နှင့်တူညီသည်။

ထိုရက်စက်ကြမ်းကြုတ်သောသားရဲက ရှားပါးသော်လည်း သူ့စွမ်းအားကအပြည့်အဝပြန်ကောင်းလာလျှင် လက်ချောင်းတစ်ချက်ဖြင့်ပင်လျှင် ပျက်စီးနိုင်သည်။

စပါးအုံးမြွေက စုမင်ရှိရာလှမ်းကြည့်လိုက်ချိန်တွင် ကျန်းရမ်နှင့်ကျိုးရှင်းရွင်း၏ မျက်လုံးထဲတွင် တုန်လှုပ်သွားသည်။ ၎င်း၏ခန္ဓာကိုယ်က တောင်တံခါးမှထွက်ခွာပြီး ၎င်း၏ကြီးမားသောခေါင်းက စုမင်နှင့်ငါးပေအကွာတွင်ပေါ်လာသည်။ တရှူးရှူးမြည်နေချိန်တွင် ၎င်း၏လျှာနှစ်ခွထွက်လာကာ စုမင်ကိုထိလုနီးပါးဖြစ်နေသည်။

ထိုမြင်ကွင်းကြောင့် ကျန်းရမ်နှင့် ကျ်ိုးရှင်းရွင်းသည် အံသြတုန်လှုပ်သွားကာ ချင်းချင်းပင် သူတ်ို့၏အမူအရာမှာပြောင်းလဲသွားသည်။ သူတို့သည် လျင်မြန်စွာနောက်ပြန်ဆုတ်ပြီး မြွေ၏လမ်းတွင်မနေရဲတော့ပေ။

ဂိုဏ်းအကြီးအကဲကျောက်ပင်လျှင် တောင်အစောင့်အရှောက်ကိုမြင်သောအခါ ယဥ်ကျေးရန်လိုအပ်သည်။

တပည့်နှစ်ယောက်က ထိုကောင်လေးကို အကြီးအကဲကျောက်ထံ အပ်နှံရန်လိုအပ်သော်လည်း အချိန်ကြာရှည်စွာအညိုးအတေးထားတတ်သော သတ္တဝါဟုသတင်းထွက်နေသော စပါးအုံးမြွေကိုစိတ်အနှောင့်အယှက်ပေးရန်မလိုပေ။

စုမင်က မြေပြင်ပေါ်တွင်ရပ်နေပြီး နောက်ပြန်မဆုတ်ပေ။ စုမင်၏အမူအရာက ပုံမှန်အတိုင်းတည်ငြိမ်နေသော်လည်း ရက်စက်သောအကြည့်က သူ့မျက်လုံးပေါ်တွင်ပေါ်လာပြီး သူ့ကိုစိုက်ကြည့်နေသောစပါးမြွေကိုကြည့်ရင်း သူ့ပါးစပ်က်ိုဖြည်းညှင်းစွာဖွင့်ကာ “ ထွက်သွားစမ်း” ဟုပြောလိုက်သည်။

သူထိုစကားလုံးကိုပြောလိုက်စဥ် ကျန်းရမ်နှင်ကျိုးရှင်းရွမ်း၏မျက်လုံးများပြူးကျယ်လာသည်။ ယခင်က နတ်ဆိုးဝိညာဥ်ဂိုဏ်းသို့လူအများပြားခေါ်ဆောင်လာခဲ့ပြီး ထိစပါးအုံးမြွေကိုမြင်သူတိုင်း ရိုသေလေးစားမှုကိုပြကြသည်။ မည်သူမျှမရိုမသေမပြုရဲဘဲ ကြောက်စရာကောင်းသောသတ္တဝါကို “ထွက်သွား”

ဟုမပြောကြပေ။

ထိုအချိန်တွင် စုမင်က တခြားသူတစ်ယောက်အဖြစ်ပြောင်းသွားသကဲ့သို့ စုမင်ပေးသောခံစားချက်တွင် ကြီးမားသောပြောင်းလဲမှုပါဝင်သည်။ စုမင် ထိုစကားကိုပြောလိုက်ပြီးနောက် စပါးအုံးမြွေကဆုတ်ခွာသွားလျှင် သူတို့ငြိမ်သက်သွားကြသည်။ ၎င်းသည်ပို၍တရှူးရှူးမြည်နေကာ သူ့မျက်လုံးများက တဖျတ်ဖျတ်လက်နေသကဲ့သို့ထင်ရသော်လည်း ရုတ်တရတ် စတင်ပြီးတဖြည်းဖြည်းနောက်ဆုတ်သွားလေသည်။ အဆုံးတွင် ကျန်းရန်နှင့်ကျိုးရှင်းရွမ်း၏ အံ့သြဖွယ်ရာအမူအရာများအောက်တွင် စပါးအုံးမြွေသည် တောင်တံခါးဆီသို့ပြန်ဆုတ်သွားခဲ့သည်။

စုမင် ငြိမ်သက်နေလေသည်။ ထိုကျင့်ကြံခြင်းအဆင့်ဖြင့် ရက်စက်သောသားရဲသတ္တဝါများက ထူးခြားသော ဉာဏ်ရည်ကို ပိုင်ဆိုင်ကြသည်။ စုမင်ပြောသောစကားများသည် ပုံမှန်ဖြစ်သည်ဟု အခြားလူများက ထင်ကောင်းထင်ကြသော်လည်း စပါးအုံးမြွေက ကြောက်လန့်တကြားတုန်လှုပ်သွားစေသည့် အရိပ်အယောင်ကိုခံစားနိုင်သည်။

ထိုလူသတ်မည့်အရှိန်အဝါ

အားနည်းပုံရသော လူက သူထင်သလောက် မရိုးရှင်းကြောင်းရှင်းရှင်းလင်းလင်း သိနိုင်သည်။ ထို့ကြောင့် ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်ရန်ရွေးချယ်ခဲ့ခြင်းဖြစ်၏။

ကျန်းရမ်နှင့် ကျိုးရှင်းရွင်းအံ့အားသင့်သွားပြီးနောက် စုမင်သည် ခြေလှမ်းကာတောင်ဂိတ်တံခါးဆီသို့ လျှောက်သွားသည်။ သူတို့ နှစ်ယောက်နောက်ကို ရောက်သွားသောအခါ အလျင်မြန်ရပ်လိုက်ပြီး “သွားကြစို့” ဟုပြတ်ပြတ်သားသား ပြောလိုက်သည်။

စုမင်ကိုကြည့်သောအခါ ကျိုးရှင်းရွင်းနှင့် ကျန်းရမ်၏အမူအရာများက ချက်ချင်းပင် ထူးဆန်းသွားသည် ။ သူတို့သည် ရှေ့သို့ခပ်သွက်သွက် ခြေလှမ်းအနည်းငယ်လှမ်းကာ နတ်ဆိုးဂိုဏ်းရှိဂိုဏ်းတပည့်များ၏ နယ်မြေထဲသို့ဝင်ရန်တောင်ဂိတ်တံခါးကိုဖြတ်လိုက်လေသည်။ နှစ်ယောက်လုံး စိတ်နှလုံးမတည်ငြိမ်ကြပေ။ ထိုမြင်ကွင်းသည် ယခုပင် သူတို့ခေါင်းထဲတွင် ထပ်ခါထပ်ခါပေါ်နေ၏။

စုမင် ကိုကြည့်သောအခါတွင် သူတို့၏အကြည့်များသည် မသေချာမရေရာဖြစ်လာပြီး အံ့အားသင့်မှုများဖြင့်ပြည့်နှက်နေသည်။ သူ့အပေါ်ထားသော သူတို့၏အမူအကျင့်များသည်လည်း ယခင်ကထက် အများကြီး ပိုကောင်းလာလေသည်။

ထိုတလျှောက်လုံးတွင် ကျန်းရမ်နှင့် ကျိုးရှင်းရွင်း၏ နှလုံးသားများသည်အံ့သြထိပ်လန့်မှုများဖြင့်ပြည့်နှက်နေသည်။ တိတ်ဆိတ်မှုထဲတွင် စုမင်ကိုလည်းရံဖန်ရံခါကြည့်လေ၏။ သူတို့ အပြင်ဂိုဏ်းပိုင်ဆိုင်သောပိုက်နက်ဖြစ်သည့် တောင်လယ်သို့ရောက်သောအခါ ဝေးလံခေါင်ဖျားသောဒေသတည်ရှိသည့် မြေထဲတွင် သူတို့သည် အနက်ရောင်တောင်များကိုလွန်၍ ဆက်ရွေ့လျားခဲ့ကြသည်။

ပိုင်နက်က တောင်ကျောက်တုံးနှင့်ဆန့်ကျင်ဘက်တွင် တည်ရှိသည်။ ထိုနေရာတွင် အနက်ရောင်အိမ်သုံးလုံးရှိပြီး ပတ်ဝန်းကျင်မှာလည်းတိတ်ဆိတ်နေသည်။ နယ်မြေတစ်ခုလုံးကို ဖိအားပြင်းထန်သောလေထုကြီးက လွှမ်းခြုံထားသည်။ ပိုင်နက်အဝင်ဝတွင် ရုပ်တုနှစ်ခုရှိသည်။

၎င်းတို့သည် လှေကားအတက်လမ်းရှိ ရုပ်တုများနှင့်အတော်လေး ဆင်တူ၏။ ၎င်းတို့ကို ဝိုင်းရံထားသည့် အငြိုးကြီးဝိညာဉ်များလည်း ရှိနေသဖြင့် ခြံဝင်းသည် ပို၍ပင် ချောက်ချားသွားစေသည်။

အထူးသဖြင့် ထိုနေရာက နတ်ဆိုးဝိညာဉ်ဂိုဏ်းမှ မီးခိုးများပျံ့နှံ့နေသော

နေရာဖြစ်သည်။ ထို့အတွက်ကြောင့် ဤတောင်ပေါ်ရှိ နေရောင်ခြည်က အဆက်မပြတ်မှိန်ဖျော့နေပြီး မည်သည့်အခါမျှ တောက်ပနေမည်မဟုတ်ဘဲ ထိုနေရာသည် ပို၍ပင် အေးမြပြီး ဆိုးရွားသော ခံစားချက်ကိုဖြစ်စေသည်။

ကျန်းရမ်နှင့် ကျ်ိုးရှင်းရွင်းက ခြံအပြင်ဘက်တွင် ရပ်ကာ ခြံဝင်းဆီသို့ လေးလေးနက်နက်ဦးမညွှတ်မီ လက်သီးဆုပ်များကို လက်ဖဝါးဖြင့် ပတ်ထားသည်။

“ကျွန်ုပ် ကျန်းရမ်၊ ဂိုဏ်းအကြီးအကဲကျောက် ကို နှုတ်ဆက်လိုက်ပါတယ်”

“ကျွန်ုပ် ကျိုးရှင်းရွင်း ၊ ဂိုဏ်းအကြီးအကဲကျောက်ကို နှုတ်ခွန်းဆက်ပါတယ်.. ဒီကလေးကို ချန်မိသားစုက ခေါ်လာတာပါ.. ဒီလူက ဂျူနီယာညီလေးချန်ရဲ့ ညီလေး ချန်စု ပါ”

ကျန်းရမ်နှင့် ကျိုးရှင်းရွင်းတို့က တလေးတစား ဦးညွှတ်ကာ ခေါင်းမထောင်ဝံ့ကြပေ။

စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။သူ ခေါင်းငုံ့ပြီး လက်သီးကို လက်ဖဝါးဖြင့်ပတ်ကာ

ဦးညွှတ်လိုက်၏။

သူ့လုံခြုံရေးအတွက်လည်း သူ စိတ်မပူပေ။ သူက တိထျန်းကဲ့သို့ အင်အားကြီးသော ရန်သူများနှင့် ကံအားလျော်စွာမဆုံမိလျှင် ကိစ္စမရှိပေ။ မာန်စိတ်ဝိညာဥ်နယ်ပယ်တွင် ကြီးမားသော အောင်မြင်မှုရရှိထားသူများ နှင့်ဆုံမိလျှင်ပင် သူပြန်လည်ကောင်းမွန်လာသောအခါ ၎င်းတို့ကို တွန်းလှန်နိုင်မည်ဖြစ်သည်။

သူသည် ကနဦးကျင့်ကြံမှုအခြေခံ၏ ဆယ်ပုံတစ်ပုံမျှသာ ပြန်လည်ကောင်းမွန်လာသော်လည်း လွန်ခဲ့သည့်တစ်နှစ်တာအတွင်း သူ့ခန္ဓာကိုယ်ကို လေ့လာစစ်ဆေးခဲ့ပြီး သူ၏မာန်အရိုးများအားလုံး သူ့အထဲတွင် ရှိနေသည်ကို သတိပြုမိခဲ့သည်။ ၎င်းတို့အားလုံးက ဖုန်မှုန့်အလွှာဖြင့် ဖုံးလွှမ်းနေသကဲ့သို့ မှေးမှိုန်သွားကြသည်။ ထို့အပြင် သူ့ခန္ဓာကိုယ်က ယခင်ကဲ့သို့ သန်မာနေဆဲဖြစ်သည်။ မည်သူမဆို သူ့ကို နာကျင်အောင်ကြိုးစားရန်ခက်ခဲလိမ့်မည်ဖြစ်သည်။

ပိုအရေးကြီးသည်မှာ သူ၏နတ်ဘုရားအာရုံက အနည်းငယ်ပြန်လည်ကောင်းမွန်လာပြီး သူ၏သိုလှောင်အိတ်ကိုဖွင့်နိုင်ခဲ့သည်။ မြွေငယ်က နှစ်ခြိုက်စွာအိပ်ပျော်နေပြီး မကြာမီအချိန်အတွင်း နိုးလာမည့် အရိပ်အယောင်များ မပြသေးပေ။ ကြက်သွေးရောင် နဂါးက တူညီသော အခြေအနေတွင် ရှိနေသော်လည်း သူက ဟန်တောင်တန်းခေါင်းလောင်းကို အသုံးပြုပြီးပြီဖြစ်သည်။

ထိုရတနာသည် ပျက်စီးမည်ဖြစ်သော်လည်း ၎င်း၏စွမ်းအားက တစ်စုံတစ်ခုကိုအသက်သွင်းသောအခါ ပေါ့ပေါ့တန်တန်မယူဆသင့်သောအရာဖြစ်သည်။

အမွှေးတုံးနေသော ကြိုးကြာငှက်ကဲ့သို့ ၎င်း၏ တွန့်ဆုတ်တတ်သောသဘာဝကြောင့် ပရမ်းပတာအခြေအနေအတွင်း ရုန်းထွက်နိုင်ဖွယ်ရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။

စုမင်က သူ၏ ညှို့ယူနိုင်သော ရတနာများ နှင့်သူ၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားများကို ပေါင်းစပ်ကာ လက်ရှိ စွမ်းရည်များဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်သော်လည်း တတ်နိုင်သမျှတိုက်ခိုက်ရန် မရွေးချယ်သေးပေ။ အားလုံးပြီးနောက် ထိုအချိန်တွင် သူ့အတွက် အရေးကြီးဆုံးမှာ တတိနိုင်သမျှအမြန်ဆုံး သူ့၏ ကနဦးကျင့်ကြံမှုပြန်ကောင်းလာရန်ဖြစ်သည်။

“ဒီဂိုဏ်းအကြီးအကဲကျောက်ရဲ့ပန်းတိုင်က ဘာလဲ ငါမသိနိုင်ပေမယ့် ငါကချန်မိသားစုဝင်တစ်ယောက်လို့ သူထင်တဲ့အခါ... ဒါမှမဟုတ် ငါ့ကိုဒီနေရာခေါ်လာဖို့တောင်းဆိုတဲ့အခက်အခဲကြောင့် သူအတည်ပြုစရာမလိုဘူးဆိုရင် ငါ့ကိုနာကျင်အောင်လုပ်မှာမဟုတ်ဘူး..

သူ တောင်ပေါ်က တစ်ကြိမ်ဆင်းဖို့ လိုအပ်ပြီး အရာအားလုံးကို လွယ်ကူစွာ ဖြေရှင်းနိုင်လိမ့်မယ်”

သူ့အတွေ့အကြုံအရ စုမင်သည်ထိုကိစ္စအပေါ် အတိုချုံးပြောပြီးသည်နှင့်ဖြစ်ပျက်ခဲ့သမျှကို သူ ခန့်မှန်းနိုင်နေပြီဖြစ်သည်။

ထိုအချိန်တွင် ခြံဝင်းထဲမှ အက်ကွဲသော အသံတစ်ခု ထွက်ပေါ်လာသည်။ မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ရာကောင်းပြီး အပြင်သို့ ထွက်လာသောအခါ

အခါ ထိုသုံးယောက်နားရှိ လေအေးများက အငြိုးကြီးဝိညာဥ်များ သိမ့်သိမ့်တုန်နေသကဲ့သို့ ပိုမိုထူထပ်လာသည်။

“သူ့ကို ဒီမှာပဲထားခဲ့လိုက်.မင်းတို့နှစ်ယောက် အခုထွက်သွားလို့ရပြီ”

ကျန်းရမ်နှင့် ကျိုးရှင်းရွင်းတို့က လျင်မြန်စွာနာခံပြီး ထိုနေရာမှ ထွက်သွားကြသည်။ ခြံဝင်းနဲ့ ဝေးကွာသွားသည့်အခါ သူတို့နှစ်ယောက်စလုံး မျက်နှာပေါ်မှ ချွေးတွေကို သုတ်ပစ်လိုက်လေသည်။ သူတို့နောက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“ငါတို့ ဘယ်လိုနေပြီး ဘယ်လိုသေမယ်ဆိုတာ ကံတရားကကြိုတင်သတ်မှတ်ထားပြီးသား.. ငါတို့ရဲ့ကံကြမ္မာက ကောင်းကင်ဘုံပေါ်မှာပဲ မူတည်တယ်.. ငါတို့က အမိန့်နာခံရုံကလွဲလို့ ဒါနဲ့ပတ်သတ်ပြီးဘာမှ မလုပ်နိုင်ဘူး”

ကျန်းရမ်က ခေါင်းတွင်တွင်ယမ်းလိုက်သည်။

ကျိုးရှင်းရွင်းက ဒါကို သဘောတူလိုက်သော်လည်း ခဏကြာတုံ့ဆိုင်းသွားပြီးနောက် အသံတိုးတိုးနှင့် ပြောလေသည်။

“ဒါအမှန်ပဲ ဒါက ငါတို့နဲ့ ဘာမှမဆိုင်ဘူး.. ဂိုဏ်းအကြီးအကဲကျောက် သေသွားရင်လည်း အဲ့ဒါသူ့ကြောင့်ပဲ... စီနီယာအစ်ကို ကျန်း အဲ့ဒါချန်းလို့ မင်းထင်နေတာလား.. သူက တကယ်ကိုထက်မြက်ပြီး ပုန်းအောင်းနေတဲ့စီနီယာတစ်ယောက်လား”

“တိတ်တိတ်နေစမ်း.. ဒါက ငါတို့နဲ့မဆိုင်ဘူး”

ကျန်းရမ်က စိတ်ရှုပ်ထွေးနေသောအမူအရာဖြင့်တိုးတိတ်စွာ အော်လေသည်။ သူက ကျိုးရှင်းရွင်းကို ဖမ်းကိုင်လိုက်ပြီး ရှေ့သို့ခြေနှစ်လှမ်းလှမ်းကာ

လေသံလေးဖြင့်ထပ်ပြောလေသည်။

“သူဖြစ်သင့်တယ်.. ကြောက်စရာကောင်းတဲ့စပါးအုံးမြွေကြီးကို သတိထားကြည့်ဖူးလား..အဲဒါက ငါတို့ဝင်ရောင်စွတ်ဖက်နိုင်တဲ့အရာမဟုတ်ဘူး..ဒါကို ငါတို့ စိတ်ထဲမှာပဲထားသင့်တယ်.. ဒါမှမဟုတ်ရင် ငါတို့က တခြားသူတွေကို စိတ်အနှောင့်ယှက်ပေးသလို ဖြစ်သွားနိုင်တယ်..”

“အင်း...ကျေးဇူးတင်ရပုံပဲ.. ဒါတွေဘယ်လိုဖြစ်နေတယ်ဆိုတာဘယ်သူမှမသိပေမဲ့...ဒါပေမဲ့သူ့ကို ငါတို့သွားနေတဲ့လမ်းမှာမြင်နေရသူအတော်လေးရှိတယ်.. အထူးသဖြင့် စီနီယာအစ်ကိုရှန်... အို...ဟုတ်တယ် မင်းအခုချိန်ထိသူ့ရဲ့အသားကို ကိုင်ထားတုန်းပဲ”

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ဇာတ်လမ်းတစ်ပုဒ်လောက် ဖန်တီးရမှာပေါ့..မင်းမှာ လုပ်စရာမရှိဘူးမဟုတ်လား.. လာပါ..ငါ့နေရာမှာ စကားပြောကြရအောင်”

ထိုဝိညာဉ်အသားအကြောင်း ကျန်းရမ် ကြားသောအခါ သူ့မျက်နှာတွင် နာကျင်သောအကြည့်တစ်ချက် ချက်ချင်းပေါ်လာသည်။ ကျိုးရှင်းရွင်းကို ဆုပ်ကိုင်ပြီး အမြန်ထွက်ခွာမသွားခင် နေရာအနှံ့ကြည့်လိုက်သည်။

စုမင်က ရုပ်တုများအနီးတွင် ခေါင်းကို မော့လိုက်သည်။ ခြံဝင်းကို လှမ်းကြည့်လိုက်၏။ ထိုအချိန်တွင် မြေပြင်မှ မီးခိုးမည်းများ ထွက်လာသည်။ သူတို့က လေထဲတွင် ရက်စက်ကြမ်းကြုတ်သောပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။ထို့နောက် မြေကြီးမှ စုပ်ယူသွားပျောက်ကွယ်သွားကြသည်။ ဖြစ်စဉ်က သူ့အလိုလို ထပ်ခါထပ်ခါ ဖြစ်ခဲ့ပြီး ထူဆန်းသောမြင်ကွင်းကို မြင်သူတိုင်း အံ့အားသင့်သွားစေသည်။

စုမင်က ခြံဝင်းဆီသို့ လှမ်းကြည့်လိုက်သောအခါ တံခါးသည် အသံတစ်သံပင်မကြားရပဲ သူ့အလိုလိုပွင့်လာသည်။

စုမင် အသံမကြားရပေ။ အချိန်ခဏစောင့်ပြီးနောက် စုမင်သည် ပွင့်နေသော တံခါးဝသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ ခြံဝင်းထဲကို ဝင်လိုက်သည်နှင့် သူ့နောက်က တံခါးသည် အလိုလို ပိတ်သွားလေသည်။

“မင်းရဲ့ သတ္တိက မဆိုးပါဘူး..မင်းအစ်ကိုပထမဆုံးဒီရောက်လာတုန်းကလိုပဲ မင်းကမင်းအစ်ကိုနဲ့တူတယ်..ဒါက ငါ့တပည့်အတွက် ငါလိုချင်တဲ့ အရည်အသွေး အတိအကျပဲ”

ခြံတံခါးကို ပိတ်လိုက်သည့်အခိုက်တွင် ကျယ်လောင်သော အသံတစ်သံ လေထဲတွင်ပဲ့တင်ထပ်သွားလေသည်။

“ငါက ကျောက်ချုံးပဲ..ငါ့မှာ တပည့် သုံး ယောက်ရှိပေမယ့် သူတို့အားလုံး သေဆုံးကုန်ပြီ..မင်းအစ်ကိုက ငါ့ရဲ့တတိယမြောက်တပည့်ဖြစ်ပြီး ငါသဘောအကျဆုံးတပည့်ပဲ.. သူမသေခင်မှာ သူ့ပိုင်ဆိုင်မှုတွေနဲ့ ပိုက်ဆံကို သူ့မိသားစုဆီပြန်ပို့ပေးမယ်လို့ ကတိပေးခဲ့တယ်.. ပြီးတော့ သူ့ညီ ဒါမှမဟုတ် ညီမကိုလည်း ငါ့တပည့်အဖြစ် လက်ခံဖို့လည်း တောင်းဆိုခဲ့သေးတယ်”

“အခုကစပြီး မင်းက ငါ့ရဲ့စတုတ္ထမြောက်

တပည့်ပဲ”

“မင်းမှာ မာန်လူမျိုးတစ်ယောက်ရဲ့တည်ဆောက်ပုံတွေရှိတယ်.. ဒါကြောင့် မင်းငါ့ရဲ့ နတ်ဆိုးဝိညာပညာလေ့ကျင့်ဖို့ မသင့်တော်ဘူး.. နောက်တစ်နှစ်ကြာရင် မင်းရဲ့ မာန်သွေးကိုဆေးကြောဖို့ နတ်ဆိုးရေကန်ကို ငါလွှတ်ပေးမယ်..အဲ့ဒီကနေ နတ်ဆိုးဂိုဏ်း၏မြင့်မြတ်တဲ့စွမ်းရည်တွေကို လေ့ကျင့်နိုင်တယ်”

“ဒါပေမယ့် မင်း နတ်ဆိုးရေကန်မှာ မသေချင်ရင် မိစ္ဆာအာဃာတအမြုတေကို ယူရလိမ့်မယ်..ဒီအမြုတေက မင်းခန္ဓာကိုယ်က အာဃာတတွေကို စုပ်ယူနိုင်ပြီး မင်းရဲ့ အခြေခံအုတ်မြစ်ကို အဲဒီကနေ တည်ဆောက်နိုင်မှာပါ”

ထိုစကားကို ကျယ်လောင်သောအသံဖြင့် ပြောသောအခါတွင် ဘူးသီးတစ်လုံးက အိမ်အလယ်မှ ပျံထွက်လာသည်။

ဘူးသီးက အနက်ရောင်ဖြစ်သည်။

အနက်ရောင်မီးခိုးများ လျှံထွက်လာပြီး ထိုအချိန် ဝိညာဥ်တစ်ခု၏ မျက်နှာကို ဖန်ဆင်းလေသည်။ ဝိညာဥ်များက မမြင်နိုင်သော်လည်း စုမင်က ၎င်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ဘူးသီးက သူ့ရှေ့မှ ထွက်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

“ညာဘက်က အိမ်က မင်းအိမ်ပဲ.. မင်း အဲဒီကို သွားနိုင်တယ်”

အက်ကွဲသောအသံသည် ထိုစကားများကိုပြောပြီးသည်နှင့် နောက်ထပ်စကားမပြောတော့ပေ။

စုမင်က မျက်တောင်မခတ်ဘဲ ဘူးသီးကို ကောက်ကိုင်ကာ အိမ်ညာဘက်သို့ လမ်းလျှောက်သွားသည်။

‘သူက ချန်ဒါရှီးကို အသုံးချပြီး ခန္ဓာတစ်ခုကို ဖန်တီးခဲ့တာလား”

စုမင်သည် အိမ်တံခါးကို တွန်းဖွင့်လိုက်ပြီး မျက်လုံးထောင့်စွန်းဖြင့် အိမ်ကိုတစ်ချက်ကြည့်လိုက်သည်။ သူ၏ မြင့်မြတ်သော အာရုံသည် အလုံအလောက် ပြန်လည်ကောင်းမွန်မလာသေးပေ။ သို့မဟုတ်ပါက ဂိုဏ်းအကြီးအကဲကျောက်၏ ပုံစံကိုအတိအကျသိနိုင်လိမ့်မည်။

..........................

All Chapters