ကုစားခြင်း
Vol. 44 Ch. 601
အခန်းက အကျယ်ကြီးတော့မဟုတ်ပေ။ စားပွဲ၊ အိပ်ရာနှင့် အခြားသောပရိဘောဂပစ္စည်းများက ဖုန်မှုန့်များဖြင့်ဖုံးလွှမ်းနေသည်။ ရှင်းလင်းစွာဆ်ိုရလျှင် ထိုအခန်းတွင် အချိန်ကြာရှည်စွာ မည်သူမှနေခဲ့ဖူးပုံမရ။ စုမင် သန့်ရှင်းပြီးသည်နှင့် ကုတင်ပေါ်ထိုင်ကာ ပြတင်းပေါက်အပြင်ဘက်ရှိ မှောင်မိုက်နေသော ကောင်းကင်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများ စတင်တောက်ပလာ၏။
တဖြည်းဖြည်းနှင့် သူ့နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးရိပ်တစ်ခုပေါ်လာသည်။
“လောကကြီးရဲ့ စွမ်းအင်က တကယ်ပဲ ထူထဲပါ့လား”
စုမင်က တောင်တက်စဥ်က ထိုအရာကို သတိထားမိသည်။ ကုတင်ပေါ်ထိုင်နေချိန် သူ့ပတ်ဝန်းကျင်ရှိဖြစ်တည်မှုအားလုံးရလာသည့်ခံစားချက်မှာ ပိုမိုရှင်းလင်းလာခဲ့သည်။
“ဂိုဏ်းတစ်ခု တည်ရှိရာနေရာကို မျှော်လင့်ခဲ့သလိုပဲ..”
စုမင် မကောင်းဆိုးဝါးဝိညာဉ်ဂိုဏ်းသို့ လာရသည့် အကြောင်းရင်း သုံးခုရှိသည်။ ၎င်းတို့ထဲမှတစ်ခုမှာ ရုပ်ဆိုး လေးမိသားစု၏ အကျပ်အတည်းကို ဖြေရှင်းရန်ဖြစ်ပြီး ဒုတိယမှာ သူမ၏အစ်ကို သေဆုံးရသည့် အကြောင်းရင်းကိုရှာဖွေရာတွင် သူမကိုကူညီပေးရန်နှင့် တတိယအကြောင်းရင်းမှာ စုမင်က ၎င်း၏ ကနဦးကျင့်ကြံခြင်းကို တတ်နိုင်သမျှ အမြန်ဆုံးပြန်လည်ရရှိစေရန် ဖြစ်သည်။
ထိုထူထပ်စွာတည်ရှိနေခြင်းက သူ့ကို ပြန်လည်ကောင်းမွန်လာစေရန် မယုံနိုင်လောက်အောင် အထောက်အကူဖြစ်ခဲ့သော်လည်း...
“အာဃာတတရားက နက်နဲလွန်းတယ်”
စုမင် မျက်မှောင်ကြုတ်လိုက်သည်။ လောကကြီး၏ စွမ်းအားက ထူထပ်နိုင်သော်လည်း ၎င်းအတွင်းတွင်ပါရှိသော အာဃာတသည်လည်း အလားတူပင် ထူထပ်သည်။ သူဒီမှာ အချိန်အကြာကြီး နေခဲ့မည်ဆိုလျှင် သူ၏ကိုယ်ရည်ကိုယ်
သွေးကိုထိခိုက်မှာ အတိအကျပင်ဖြစ်သည်။
အချိန်အတော်ကြာအောင် စဥ်းစားသုံးသပ်နေခဲ့ပြီးမှ ဘူးသီးက်ို စိုက်ကြည့်ရင်း အနက်ရောင်မီးခိုးငွေ့များမှဖြစ်ပေါ်လာသော တစ္ဆေမျက်နှာက သူ့ကို ရက်စက်ကြမ်းကြုတ်စွာ ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် စုမင်မမြင်နိုင်ဘူးဟု ထင်ခဲ့သည်။ အဆုံးတွင် သူက ၎င်း၏မျက်လုံးထဲတွင် သေသူမျှသာဖြစ်သည်။
စုမင်က ထိုသရဲမျက်နှာအတွက်
သူ့ကိုယ်သူ မနှောင့်ယှက်ခဲ့ပေ။ သူ ဘူးသီးကိုဖွင့်လိုက်လျှင် ပိုထူထဲသော အာဃာတလှိုင်းလုံးကြီးက သူ့မျက်နှာကို ချက်ချင်းရိုက်ခတ်သွားလေသည်။ ၎င်းသည် အချိန်မဆိုင်းဘဲ အခန်းတစ်ခုလုံး ချက်ချင်းပြည့်သွားပြီး စုမင်၏ နားထဲတွင် ကျယ်လောင်သော အော်သံများ ထွက်ပေါ်လာသည်။
ခဏအကြာတွင် သူ့မျက်နှာက မည်းမှောင်ပြီး အန္တာရယ်ပြုမည့်အသွင်ဖြစ်လာသည်။ အနက်ရောင်ဘူးသီးမှ ဆေးဖက်ဝင်အမြုတေများ ပွင့်အံထွက်လာသည်။ သူ့အတွင်းရှိ ကြီးမားသော အာဃာတက ကြောက်မက်ဖွယ်ကောင်းသည်။
ထူးဆန်းစွာပင် သူက ဆေးဖက်ဝင်အမြုတေကို ရှူရန်သူ့နှာခေါင်းတွင် ထားလိုက်သောအခါ ဆေးရနံ့တစ်ခုက သူ့နှာခေါင်းထဲသို့ ပျံ့လွင့်သွားကာ လန်းဆန်းသော ခံစားမှုအဖြစ်သို့ ပြောင်းလဲသွားသည်။
စုမင်က ဘူးသီးကို အနည်းငယ်လှုပ်လိုက်ပြီး အထဲတွင်ဆေးဘက်ဝင်အမြုတေတစ်ရာခန့်က်ိုတွေ့ရလေသည်။
မျက်လုံးကိုမှိတ်လိုက်ပြီး အချိန်အတော်ကြာမှ ပြန်ဖွင့်လိုက်သည် ။ သူ့မျက်လုံးထဲတွင် နက်နဲအကြည့်တစ်ချက် ပေါ်လာသည်။
“ဒါက အရမ်းကောင်းတဲ့ ဖြည့်စွက်စာပဲ.. သေသူကယူရင် သူတို့ခန္ဓာကိုယ်ကို သန်မာနိုင်လိမ့်မယ်.. သွေးတွေနဲ့ပြည့်နေလိမ့်မယ်… ဒီ ကျောက်ချုံးက ဘာကိုစဉ်းစားနေတာလဲ”
စုမင်၏ မျက်လုံးများတွင် အလင်းရောင်တစ်ခု ပေါ်လာပြီး ချက်ချင်း မျိုချလိုက်သည်။
သူသည် ငယ်စဉ်ကတည်းက ဆေးဖက်ဝင်အပင်များနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ပြီး ဆေးလုံးဖန်တီးရာတွင်လည်း လုံလောက်သော အတွေ့အကြုံများစွာရှိခဲ့သည်။ တစ်ချက် ရှူလိုက်ရုံဖြင့် ဤဆေးပင်၏ ယေဘူယျအကျိုးသက်ရောက်မှုများကို ပြောပြနိုင်သည်။ ကျောက်ချုံးဘာဆက်ဖြစ်မည်ကို မပြောနိုင်သောကြောင့် အမြုတေများထဲက တစ်ခုကို မျိုချရန်သာ ဆုံးဖြတ်လိုက်သည်။
ဆေးက စုမင်၏ တစ်ကိုယ်လုံးကို စီးဆင်းသွားသော နွေးထွေးမှုလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ခဏအကြာတွင် သူ့မျက်လုံးထဲတွင် တောက်ပသော အလင်းရောင်တစ်ခု ပေါ်လာသည်။ သူသည် ဆေးပြားအနည်းငယ်ကိုထုတ်၍ တစ်လုံးပြီးတစ်လုံး မျိုချလိုက်သည်။ ထိုဆေးပင်များကို မျိုချလိုက်ပြီးနောက် သူ၏ကနဦးဖွံ့ဖြိုးမှုသည် အနည်းငယ်ပြန်လည်ကောင်းမွန်လာသည်။
အပြင်ဘက်တွင် မှောင်လာသောအခါ စုမင်သည် အိပ်ယာပေါ်တွင် လှဲလျောင်းပြီး
အိပ်ချင်ယောင်ဆောင်ကာ သူ့ခန္ဓာကိုယ်အတွင်း၌ ကနဦးကျင့်ကြံမှုကိုဖြန့်ကျက်လိုက်၏။ သန်းခေါင်ယံအချိန်ရောက်လာပြီး အပြင်တွင် အရာအားလုံး တိတ်ဆိတ်သွားသောအခါ သူ့အခန်းထဲရှိ လေအေးများက ရုတ်တရက် ပိုထူလာခဲ့သည်။ အနက်ရောင် အရိပ်တစ်ခု သူ့ဘေးနားရှိ နံရံမှ လွင့်ထွက်သွားလေသည်။
တစ္ဆေနှင့်တူသောပုံသဏ္ဍာန်သက
စုမင်ကိုစူးစမ်းနေသကဲ့သကဲ့သို့ သူ၏အိပ်ရာပေါ်သို့ ပျံတက်သွားသည်။ သိပ်မကြာခင်မှာပင် သရဲတစ္ဆေများကအခန်းတွင်း နံရံများမှလွင့်ပျံလာသည်။ ထို့နောက် စုမင်၏အခန်းထဲတွင် တစ္ဆေဒါဇင်နှင့်ချီကာရှိလေသည်။ အခန်းတွင်း ဝင်လိုက်ထွက်လိုက်ဖြင့် လွင့်ပျံနေသော်လည်း အသံတစ်သံမှ မထွက်လာပေ။
ကျဥ်းမြောင်းသောမျက်လုံးများဖြင့် စုမင်သည် သူ့ကုတင်ပေါ်တွင် လဲလျောင်းနေပြီး ထိုမြင်ကွင်းကို ကြည့်နေသည်။ သူသာ အမှန်တကယ် ကလေးတစ်ယောက်
ဖြစ်ခဲ့လျှင် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ထိတ်လန့်တုန်လှုပ်သွားမှာ အသေချာပင်ဖြစ်သည်။
သို့သော်လည်း သူက စုမင် ဖြစ်သည်။ မျက်လုံးများကို မှိတ်ထားကာ အေးစက်စွာ ကြည့်နေလေသည်။ ထိုအရာများသည် တကယ့် သရဲတစ္ဆေများဖြစ်သော်လည်း သူတို့ပုံစံက်ိုအကဲခတ်ခြင်းအားဖြင့် ထိုနေရာတွင်နေသည်မှာ ကြာမြင့်ပြီဖြစ်သည်။ အခန်းထဲတွင် လှည့်လည်သွားလာနေကြပြီး သူတို့ဘာလုပ်နေသည်ကို မည်သူမျှ မပြောနိုင်ပေ။
ထိုမြင်ကွင်းက နာရီပေါင်းများစွာကြာသည်။ ကောင်းကင်ကြီး စတင်တောက်ပလာသောအခါတွင် လှည်လည်နေသော သရဲတစ္ဆေများ အားလုံး ရုတ်တရက် ရပ်တန့်သွားပြီး စုမင်ဆီသို့ တစ်ပြိုင်နက် မျှော်ကြည့်နေကြသည်။
သူတို့မျက်လုံးထဲတွင် လူသတ်လိုသည့်အကြည့်တစ်ခု ပေါ်လာသည်။ စုမင်ကို သူတို့ ကြည့်လိုက်သည်နှင့်တပြိုင်နက် ရုတ်တရက် တုန်လှုပ်သွားပြီး သူရှိရာဦးတည်လေသည်။
စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူက မလှုပ်မရှားဖြစ်နေပြီး သရဲတစ္ဆေများကို သူ့အနား ဝန်းရံခွင့်ပေးရန်ရွေးချယ်ခဲ့သည်။ ထိုသို့လုပ်လိုက်သည်နှင့် သူတို့အားလုံးက သူ့ဦးတည်ရာတွင် အသက်ရှုကြပ်လာသည်ကို မြင်လိုက်ရသည်။
စုမင်က သူတို့၏ အသက်စွမ်းအားကို စုပ်ယူနေသည့် အရိပ်အမြွက်ကို ရှင်းရှင်းလင်းလင်း ခံစားရနိုင်သည်။ စုမင်မျက်လုံးထဲတွင် အေးခဲနေသော အလင်းတန်းတစ်ခု လင်းလက်လာသည်။ သူ့အသက်စွမ်းအားကို စုပ်ယူလိုက်သောအခါ သရဲတစ္ဆေများက တဖြည်းဖြည်းဆုတ်ခွာသွားကြသည်။ သူ့ပတ်ဝန်းကျင်ရှိ နံရံဆီကို ပြန်သွားပြီး ပျောက်ကွယ်သွားလေသသည်။
ထိုအချိန်တွင် ကောင်းကင်က တောက်ပလာသည်။
“ဒီအခန်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ”
စုမင်ည် မျက်လုံးများကိုဖွင့်၍ အေးစက်သောမျက်လုံးများဖြင့် သူ့ပတ်ဝန်းကျင်ရှိ နံရံများကို ကြည့်လိုက်သည်။ သူ့အကြည့်ကို လွှဲလိုက်ပြီး မြေကြီးပေါ်ရှိ ဘူးသီးကို ကောက်ယူပြီးနောက် ဆေးပင်ဝင်အမြုတေများကို ဆက်လက်မျိုချလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ ဆယ်ရက်ကုန်ဆုံးသွား၏။ ထိုအတောအတွင်း စုမင်သည် အိမ်မှမထွက်ဘဲ ကျောက်ချုံးထံသို့ပို့ပေးရန် ဘာမှမပြောခဲ့ပေ။ အရာအားလုံး တိတ်ဆိတ်နေခဲ့သည်။
သို့သော်လည်း ညရောက်သောအခါ တစ္တေများပေါ်လာသည်။ မနက်မိုးမလင်းခင် နေ့တိုင်း သူ့အသက်စွမ်းအားကို စုပ်ယူပြီး ထွက်သွားကြပြန်သည်။
ကျေးဇူးတင်စွာဖြင့် သူတို့က သေးငယ်သော အမျှင်စုတစ်ခုကိုသာ စုပ်ယူနိုင်ပြီး ၎င်းသည် စုမင်အတွက် ပြဿနာ သိပ်မရှိလှပေ။ ထို့အပြင် ဆေးဖက်ဝင်အမြုတေကို စားသောအခါ သူ၏ အသက်စွမ်းအားကို ပြန်လည်ဖြည့်တင်းပေးနိုင်သည်။ စုမင်က ထိုနေရာတွင် လောကကြီး၏ စွမ်းအားကို စုပ်ယူရန် အချိန်အများစုကို ကုန်ဆုံးခဲ့ပြီး သူ၏ဒဏ်ရာများကို ပြန်လည်ကောင်းမွန်လာစေရန် အသုံးပြုခဲ့သည်။
ထိုနေ့တွင် သူက ဆေးဖက်ဝင်အမြုတေများကို အကုန်စားသည်။ ဘူးသီးကို တစ်ချက်ကြည့်၍ မတ်တပ်ရပ်လိုက်သည်နှင့် ကောက်ယူလိုက်သည်။ သူ့အခန်းထဲက ထွက်လာပြီးသောအခါ ပထမဆုံးအကြိမ် အိမ်တံခါးကိုဖွင့်ကာ ခြံဝင်းထဲကို လျှောက်သွား၏။
အချိန်မှာ နေဝင်ဖျိုးဖျအချိန်ဖြစ်သည်။ ကောင်းကင်တွင် ကြက်သွေးရောင်အလွှာ
များဖြင့်ပြည့်နှက်နေ၏။ နေ၏လက်ကျန် အလင်းတန်းများက မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီး လွန်စွာ လှပနေလေသည်။ ဘူးသီးကို လက်ထဲတွင်ကိုင်လျက် စုမင်က ကျောက်ချုံး၏အိမ်သို့သွားကာ မျက်နှာပေါ်တွင် လေးစားသောအမူအရာဖြင့်လက်ဖဝါးကို လက်သီးဖြင့်ဆုပ်ထားလေသည်။
“နှုတ်ဆက်ပါတယ် ဆရာကြီး.. ကျွန်တော် ဆေးဖက်ဝင်အမြုတေတွေ အားလုံးကိုစားပြီးသွားပြီ”
စုမင်အတွက် ထိုဆေးဖက်ဝင်အမြုတေများက အသုံးဝင်နေသေးသည်။ ၎င်းတို့သည် အမြန်နေကောင်းစေရန်လုပ်ပေးနိုင််သည်။
အခမဲ့ ဆေးဖက်ဝင်အမြုတေများရလျှင်
သူ့အတွက် ပိုကောင်းလေ၏။
သုသာန်တစ်စပြင်ကဲ့သို့တိတ်ဆိတ်မှုသည် ကျောက်ချုံး၏အိမ်တွင် ပြည့်နှက်နေသည်။ခဏကြာလျှင် ကျယ်လောင်သောအသံသည် ဖြည်းညှင်းစွာပေါ်လာသည်။
“မင်း အဲဒါတွေ စားပြီးပြီလား...စိတ်ဝိညာဉ်အမြုတေတစ်ရာလောက်ရှိတယ်.. ဆယ်ရက်အတွင်း အကုန် စားပြီးသွားတာလား.. တစ်နေ့ကို တစ်ခုပဲ ယူဖို့ ငါမပြောခဲ့ဘူးလား”
ပထမဆုံးအကြိမ် စိတ်ခံစားချက်ပါသော
အသံကို ကြားလိုက်ရသည် ။
“အဲဒီဆေးဖက်ဝင်အမြုတေတွေကို စားပြီးတာနဲ့ ကျွန်တော့်ခန္ဓာကိုယ်က နွေးထွေးပြီး သက်တောင့်သက်သာ ခံစားရတယ်..ဒါကြောင့် ထပ်ထပ်စားချင်လာတယ်...”
ဟုစုမင်က ပြောလေသည်။
ထိုအချိန်တွင် ကျောက်ချုံး ဘာတွေတွေးနေသလဲ သူမသိပေ။ အချိန်တစ်ခုတိတ်ဆိတ်သွားပြီးနောက် အိမ်ထဲမှ မြူလှိုင်းတစ်ခုထွက်လာပြီး စုမင် ရှေ့တွင် ခန်းခြောက်နေသော လက်တစ်ဘက်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည်ညာလက်ကို အမြန်ဆွဲယူလိုက်သည် ။
စုမင် စိတ်ထဲမှာ အေးစက်စွာ ပြုံးနေသော်လည်း သူ့မျက်နှာမှာ ဖြူဖျော့နေတယ်။ သူသည် သူ၏ညာလက်ဖြင့်
ထိုလက်မောင်းကို ဆုပ်ကိုင်ထားရန် ခွင့်ပြုလိုက်ပြီး မထွက်ခွာမီ အေးစက်သောလေသည် သူ့ခန္ဓာကိုယ်ကို ပွတ်တိုက်ကာ
သူ့ခန္ဓာကိုယ်ထဲသို့ ဖြတ်တိုက်သွားလေသည်။
“ဒီမှာ သုံးရာရှိတယ်.. မင်း မြန်မြန်မစားနဲ့နော်...”
လေအေးများ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် အနက်ရောင် မြူခိုးများ ဆုတ်ခွာသွားကာ စုမင်၏ ခြေထောက်မချရသေးမီ အိမ်ထဲမှဗူးသီးသုံး ပြုတ်ကျလေသည်။
“ကျေးဇူးတင်ပါတယ် ဆရာကြီး”
စုမင်သည် မြေပြင်ပေါ်ရှိ ဘူးသီးကို ကောက်ယူပြီး ကျောက်ချုံးကို စိတ်အနှောက်အယှက်မပေးတော့ဘဲ အိမ်သို့ ပြန်သွားခဲ့လေသည်။
ထိုလူ့တွင် ဖုံးကွယ်ထားသော အကြောင်းအရင်း ရှိမှာအသေချာပင်ဖြစ်သည်။ ထိုသို့ဖြစ်လျှင် သူ့ထံမှ တတ်နိုင်သလောက် ရအောင်ယူမည်။
စုမင် သည် သူ့အိမ်သို့ ပြန်ရောက်သည်နှင့် ဘူးသီးကိုဖွင့်ပြီးနောက် စစ်ဆေးရန် သူ့အခန်းတွင် ထိုင်ကာ ဆေးဖက်ဝင်အမြုတေကို ယူလိုက်သည်။ ထို့နောက် မျိုချလိုက်၏။
အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးလာပြီး ရက်ပေါင်း နှစ်ဆယ်ကြာသွားခဲ့သည်။
စုမင်သည် နတ်ဆိုးဝိညာဥ်ဂိုဏ်းတွင် တစ်လလုံးနေခဲ့သည်။ ဤအတောအတွင်း သူ၏ပြန်လည်ကောင်းမွန်လာမှုနှုန်းသည်
ပြင်ပတွင် သူစီမံခန့်ခွဲခဲ့သည့်အရာများကို ကျော်လွန်သွားခဲ့သည်။ ထိုဆေးဖက်ဝင်အမြုတေများကိုယူကာ လောကကြီး၏စွမ်းအားကို လျှို့ဝှက်စွာစုပ်ယူလိုက်ခြင်းဖြင့် သူ၏ ကနဦးကျင့်ကြံမှုသည်ဆယ့်ငါးရာခိုင်နှုန်းခန့် ပြန်လည်ကောင်းမွန်လာခဲ့သည်။
ထိုနေ့တွင် သူသည် ဆေးဖက်ဝင်အမြုတေများကို နောက်တစ်ကြိမ်
စားပြီးခဲ့ပြန်သည်။ စုမင် သည် ပျင်းကြောတစ်ချက်ဆန့်ကာ မတ်တပ်ရပ်လိုက်ပြီး ကျောက်ချုံး၏ တံခါးဆီသို့ နောက်တစ်ကြိမ် မသွားမီ ဘူးသီးသုံးလုံးကို ကိုင်လိုက်သည်။
“ဆရာကြီး...ကျွန်တော် နောက်တစ်ကြိမ်
ဆေးဖက်ဝင်အမြုတွေ ကုန်သွားပြန်ပြီ”
ယခုတစ်ကြိမ်တွင် ကျောက်ချုံး၏အိမ်သည် ယခင်အကြိမ်နှင့် နှိုင်းယှဉ်ပါက အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့သည်။ နောက်ဆုံးတွင် သူ့အက်ကွဲသော
အသံတွင် မယုံကြည်နိုင်သော အရိပ်အမြွက်ပေါ်လာသည်။
“အထဲမှာ သုံးရာရှိတယ်...”
“ဟုတ်တယ်..ကျွန်တော်အကုန်စားပြီးပြီ”
စုမင် ခေါင်းညိတ်လိုက်သည်။
“တစ်နေ့ကို ဘယ်လောက်စားလဲ”
ကျောက်ချုံး၏ အသံသည် ယခင်ကထက် ပိုမိုနက်ရှိုင်းလာသည်။
“တစ်ခါတလေ ကျွန်တော် မစားပါဘူး။ တစ်ခါတလေ တစ်နေ့ တစ်ဒါဇင်လောက် စားတယ်... ကျွန်တော့် စံချိန်က တစ်ရက်ကို တစ်ရာပဲ”
ဟု ရိုးရိုးသားသား တင်ပြလေသည်။
ကျောက်ချုံး ၏အိမ်သည် တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ အချိန်အတော်ကြာပြီးနောက် အအေးဓာတ်က ထွက်လာလေသည်။
“မင်း ဒီဆေးဖက်ဝင်အမြုတေကို ကြိုက်ကတည်းက မင်းဘယ်လောက်ပဲ လိုချင်နေပါစေ ငါ မင်းကို ခွင့်ပြုပေးထားတယ်”
ထိုစကားများပြောပြီးသောအခါတွင် လူအရပ်အမြင့်တစ်ဝက်ခန့်ရှိသော ဘူးသီးသည် တံခါးဖွင့်ထားသောအိမ်ဆီမှ ရုတ်တရက် ထွက်လာပြီး စုမင် ရှေ့တွင်ပေါက်ကွဲသံနှင့်အတူ ပြုတ်ကျသွားသည်။
“ဒီမှာ အမြုတေ နှစ်ထောင်ရှိတယ်.. မင်းစားနိုင်ရင် အဲဒါတွေကို တစ်လအတွင်းမှာ အပြီးသတ်”
စုမင် ပြုံးရယ်ပြီး ဘူးသီးကို သူ့အခန်းထဲပြန်ဆွဲကာ တံခါးကိုပိတ်လိုက်သည်။ ၎င်းကိုစစ်ဆေးပြီးသည်နှင့် သူ၏ကနဦးဖွကျင့်ကြံမှုကို ပြန်လည် ကောင်းမွန်ရန် လုပ်ဆောင်ခဲ့သည်။
သို့သော် သူ့စိတ်ထဲတွင် အေးစက်စွာ ပြုံးနေခဲ့သည်။ ကျောက်ချုံးင
က ၎င်းကို ကိုင်တွယ်ရန် အလွန်ကောင်းမွန်သည်။ တစ်ဖက်တွင် သူ၏ကနဦးကျင့်ကြံမှုမှ စွမ်းအားလှိုင်းများကို သတိမထားမိခြင်းကြောင့်ဖြစ်ပြီး ကျန်တစ်ဖက်တွင် သူကြံစည်နေသည့်အရာသည် မယုံနိုင်စရာ အတိုင်းအတာတစ်ခုဖြစ်ကြောင်း စုမင် ကို မြင်စေသည်။
“ကောင်းပြီ၊ ဒီလူရဲ့လိမ်ညာမှု ကန့်သတ်ချက်တွေ ဘယ်မှာရှိလဲ ကြည့်ရအောင်”
အချိန်များသည် ပုံမှန်ကဲ့သို့ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်တစ်လ ကုန်ဆုံးသွားလေသည်။
“ဆရာကြီး..ကျွန်တော် ဆေးဖက်ဝင်အမြုတေတွေ စားပြီးပါပြီ”
စုမင် သည် ကျောက်ချုံး၏အိမ်ရှေ့ တူညီသောနေရာတွင် ရပ်နေသည်။ သူ့ရှေ့တွင် ဘူးသီးအလွတ်ရှိ၏။ သူ ပုတ်လိုက်သော်လည်း အတွင်းမှ ဗလာအသံအသံတစ်ခုသာ ထွက်ပေါ်လာသည်။
ကျောက်ချုံး၏အိမ်သည် တိတ်ဆိတ်နေသည်။ အမွှေးတိုင်တစ်ဝက်နီးပါးလောင်ကျွမ်းပြီးချိန်တွင်
အိမ်အတွင်းမှ ဘူးသီးသုံးလုံးပျံထွက်သွားပြီး တစ်လုံးစီတွင် ဆေးနှစ်ထောင်ခန့်ပါရှိသည်။ ၎င်းတို့သည် စုမင် ရှေ့မှာ ဆင်းသက်ကြလေသည်။
ဒီတစ်ခါတွင် ကျောက်ချုံးကစကားပင် ပြောချင်ဟန်မပေါ်တော့ပေ။
နောက်တစ်လကြာသောအခါ...
“ဆရာကြီး...ကျွန်တော် အဲဒါတွေ ထပ်ပြီးသွားပြန်ပြီ”
နောက်တစ်လအကြာ…
“ဆရာကြီး နောက်ထပ်ရှိသေးလား”
၎င်းသည် နှစ်ဝက်အထိ ကြာမြင့်လေသည်။ ထိုကာလအတွင်း စုမင်က ကျောက်ချုံးထံမှ ဆေးဖက်ဝင်အမြုတေများကို လစဉ် ယူဆောင်သွားမည်ဖြစ်သည်။ သူယူသော ဆေးပြားအရေအတွက်သည် သောင်းနှင့်ချီရှိနေပြီဖြစ်ပြီး စုမင်သည် တစ်ကြိမ်သွားတိုင်း ထပ်ကာ ထပ်ကာစားနေပါသည်။ ထိုနေရာရှိ လောကကြီး၏ စွမ်းအားနှင့် သူ၏ ပြန်လည်ကောင်းမွန်လာမှုအရှိန်ကြောင့် ဤလွန်ခဲ့သည့် ခြောက်လတာကာလအတွင်း သူ၏ ဖွံ့ဖြိုးမှု ဆယ်ပုံလေးပုံနီးပါးကိုပြန်လည်ရရှိစေခဲ့သည်။
ထိုကဲ့သို့ ပြန်လည်ကောင်းမွန်လာခြင်းသည် စုမင်၏ မျှော်လင့်ချက်ကို မြင်စေသော်လည်း ဆေးဖက်ဝင်အမြုတေ၏ အကျိုးသက်ရောက်မှုများသည် ထိုအချိန် လက်တွေ့တွင် မထင်ရှားလှပေ။
ထိုနေ့တွင် စုမင်က ကျောက်ချုံး၏ အိမ်ကို ရောက်လာပြီး “ဆရာကြီး၊ နောက်ထပ် ဆေးဖက်ဝင်အမြုတေတစ်မျိုးကို ပေးလို့ရမလား”ဟု ပြောလေသည်။
......................