← Chapters

ကျေးဇူးပြုပြီး ကျုပ်ကိုချမ်းသာပေးပါ

Vol. 44 Ch. 603

ကျေးဇူးပြုပြီး ကျုပ်ကိုချမ်းသာပေးပါ

Vol. 44 Ch. 603

စီနီယာ..

‘ချန်ဒါရှီ...”

စုမင်က ကျောက်ချုံး၏ အသွင်အပြင်ကို နတ်ဘုရားအာရုံမှတစ်ဆင့် မြင်လိုက်ရသည့်အခိုက်တွင် သူ့ခေါင်းထဲသို့ ပထမဆုံး ပေါ်လာသည်မှာ ဤလူ၏ အမှတ်အသားဖြစ်သည်။ ထိုလူက ရုပ်ဆိုး‌ လေး၏အစ်ကိုကြီးနှင့်တူလေသည်။ ယခုအချိန်တွင် သူ့ကို ကျောက်ချုံးက သိမ်းပိုက်ထားကြောင်း သေချာသည်။

‘ငါမြင်တယ်.. အဲဒီ့ဖိနှိပ်မှုကို...”

စုမင်၏မျက်လုံးများတွင် အေးခဲနေသော အလင်းတန်းများက ဖုံးကွယ်ထားလေသည် ။ အစောပိုင်းက သူ၏ ခန့်မှန်းထားခဲ့သော်လည်း အဓိပ္ပါယ်မရှိသော အရာတစ်ခုရှိသောကြောင့် ဖိနှိပ်မှုကို လျစ်လျူရှုခဲ့သည်။

ကျောက်ချုံးက အင်မော်တယ်များကြားတွင် အခြေတည်ဝိဥာဉ်ကျင့်ကြံသူဖြစ်သည်၊၊ ဆိုလိုသည်မှာ မာန်စိတ်ဝိညာဉ်ကနဦးနယ်ပယ်အဆင့်နှင့် ညီမျှသည်ဟု ဆိုလိုသည်။ ဤလူက ပြင်းထန်စွာ ဒဏ်ရာရသောအခါတွင် ဖိနှိပ်မှုကိုသာ ရွေးချယ်သည်။

ထို့အပြင် သူတို့က သေမျိုးကို ပိုင်ဆိုင်ရန် ရွေးချယ်ခဲ့လျှင် ၎င်းတို့၏ စွမ်းအားကို ကြီးမားစွာ ထိခိုက်စေမည်ဖြစ်သည်။

သို့ပေမဲ့ ကျောက်ချုံးကတော့ ကိစ္စမရှိပေ။

စုမင်က သူ၏ နတ်ဘုရားအာရုံကို ကျောက်ဂူထဲသို့ ဖြန့်ကျက်လိုက်သည်။ တူညီသော အမူအရာများဖြင့် ခြောက်သွေးနေသောအလောင်းများကို တွေ့ရသော် သူ့ခေါင်းထဲတွင် အတွေးတစ်ခု ချက်ချင်း ပေါ်လာသည်။

‘သူ့ရဲ့ကျင့်ကြံလမ်းစဥ်နဲ့ ဆက်စပ်နေလို့ လား’

ပတ်ဝန်းကျင်ရှိ အလောင်းများက ကျောက်ချုံး၏ တပည့်များဖြစ်ကြောင်း ထင်ရှားသည်။ကျောက်ချုံးပေးသော ဆေးဖက်ဝင်အမြု‌တေများကို နေ့တိုင်းသောက်နေသော လူများဖြစ်‌ကြောင်းရိပ်စားမိလေသည်။ ပမာဏတစ်ခုကို စားသုံးပြီးသည်နှင့် သတ်ဖြတ်ခံရပြီး ... ၎င်းတို့အားလုံးက နောက်ဆုံးတွင် ခြောက်သွေ့နေသော အလောင်းအဖြစ် ဤနေရာတွင် အဆုံးသတ်သွားမည်ဖြစ်သည်။

ရုပ်ဆိုးလေး၏အစ်ကို ကကျောက်ချုံး၏နောက်ဆုံးလူဖြစ်သည်။

စုမင်က သူ့နေရာကို အစားထိုးမည့်သူဖြစ်သည်။

‘အရင်ကျောက်ချုံးက တစ်နှစ်ရဲ့ အချိန်ကန့်သတ်ချက်ကို ပြောခဲ့ဖူးတယ်.. ဒါကြောင့် သူက ငါ့ကို အဲဒီဆေးဖက်ဝင်အမြုတေတွေကို တစ်နှစ်လောက် သောက်ခိုင်းခဲ့တာပဲ...ဒါပေမယ့် အခု ရှစ်လပဲရှိသေးတယ်.. တစ်ခုခုလုပ်ဖို့ရွေးချယ်လိုက်တယ်.. သူ့စိတ်က ဘယ်လောက်တောင် ဆိုးရွားနေလဲ ၊ သူက ငါ့အပေါ် ပြင်းပြင်းထန်ထန် မုန်းတီးနေပုံရတယ်...’

စုမင်၏ စိတ်ထဲမှာ အေးစက်စွာ ရယ်မောလိုက်သည်။ ကျောက်ချုံးက ဤကဲ့သို့ ပြုမူလာရခြင်းအကြောင်း အတိအကျ သိခဲ့သည်။ စုမင်က ထိုလူ တန်ဖိုးထားသောအရာများ ရှင်းထုတ်ခဲ့ပြီး သူ၏ဆုံးရှုံးမှုအတွက် ကျောက်ချုံး၏နှလုံးသားကို ကြေမွလုနီးပါး နာကျင်စေခဲ့သည်။

ကျောက်ချုံးက ဤအရာကို စွန့်လွှတ်ရန် မတွေးခဲ့ပေ။သူ့ကိုယ်သူ ချည်နှောင်ခံထားရသည်။ ထို့နောက် စုမင်က သူ့လက်ကို ဆန့်လိုက်တိုင်း ကျောက်ချုံး၏အိပ်ကပ်ထဲရှိ ဆေးဖက်ဝင်အမြုတေများက သူ့လက်ဖဝါးပေါ်သို့ ရောက်ရှိသွားသည့် အခြေအနေသို့ ပြောင်းလဲသွားသည်။ ထို့ကြောင့် ကျောက်ချုံးက ဒေါသတကြီးဖြင့် စောစီးစွာ ပြုမူရန် ဆုံးဖြတ်လိုက်သည်။

စုမင်က ကျောက်ချုံးမြိုသိပ်ထားသည့် မကျေနပ်ချက်နှင့် သူခံစားခဲ့ရသည့် ဝမ်းနည်းမှုကို ပုံဖော်နိုင်နေပြီဖြစ်သည်။

စုမင်က တိုက်ခိုက်ရန် အလျင်စလိုမဟုတ်ပေ။ သူသည် ကျောက်ချုံးကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက် ဤသောအခါတွင် ထူးဆန်းသောအရာတစ်ခုကို သတိပြုမိသည်။

ထိုလူ ၏ခန္ဓာကိုယ်က ချန်ဒါရှီ ဖြစ်ခဲ့လျှင် အသက်နှစ်ဆယ်ကျော်လောက်ရှိပုံရမည်။သို့ပေမဲ့ သူ့ခန္ဓာကိုယ်က လူလတ်ပိုင်းတစ်ယောက်လိုပင်။

‘ဒါဟာ ရက်စက်ကြမ်းကြုတ်တဲ့ ကျင့်ကြံနည်းပဲ.. သူ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီးတာနဲ့ သူ့အသားနဲ့ ရိုးတွင်းခြင်ဆိီ တွေကို စတင်စုပ်ယူလိမ့်မယ်…’

စုမင်က နေရာအတွင်းရှိ ခြောက်သွေ့နေသော အလောင်းများအားလုံးကို ဖြတ်သန်းကာ သူ၏ နတ်ဘုရားအာရုံကို ထပ်မံဖြန့်ကျက်လိုက်သည်။

‘ဖိနှိပ်ခံရသူရဲ့ အသက်စွမ်းအားနှင့် သူ၏ဝိညာဉ်ကိုလည်း စုပ်ယူလိမ့်မယ်.. အရာအားလုံးကို စုပ်ယူပြီးတာနဲ့ ခန္ဓာကိုယ်က ခြောက်ကပ်နေတဲ့ အလောင်းအဖြစ် ပြောင်းလဲသွားလိမ့်မယ်…ဒါက ဖိနှိပ်မှုမဟုတ်ဘူး.… လူသားစားတာပဲ...”

စုမင်က သူ့နတ်ဘုရားအာရုံကို ကျောက်ချုံးအပေါ်မှာ ဖြန့်ကျက်ခဲ့သည်။

ထိုအချိန်တွင်ကျောက်ချူံး ပိုင်ဆိုင်သော ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါလာပြီး ပါးစပ်ကို ဖွင့်လိုက်သည်နှင့် အစိမ်းရောင်မြူခိုးအလွှာများ လျင်မြန်စွာ ထွက်သွားလေသည်။

မြူခိုးများ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခုက စုမင်ဆီသို့ တဖြည်းဖြည်း ပျံဝဲလာသည်။ တုန်လှုပ်သွားသည်နှင့်အမျှ ၎င်းက အခြေတည်ဝိညာဉ်ဖြစ်ကြောင်း ပြောနိုင်သည်။

၎င်းက စုမင်ကို စူးစူးဝါးဝါး စိုက်ကြည့်နေလေသည်။

“မင်း ..ကောင်လေး.. ချန်ဒါရှီ ရဲ့ အသားနဲ့ အနှစ်သာရ‌တွေကို စုပ်ယူတာထက် မင်းကို အရင် ကိုက်စားချင်တယ်.. ငါ့ရဲ့ ဆေးဖက်ဝင်အမြုတေတွေကို မင်းစားရဲသေးလဲပေါ့.. ဒီဆေးပင်တွေကို ရဖို့အတွက် အများကြီး ကျော်ဖြတ်ခဲ့တယ်.

ငါ့သွေး၊ ချွေး၊ မျက်ရည်တွေ..”

“မင်းသူတို့ကို ပျော်ပျော်ရွှင်ရွှင်စားနေတာသေချာတယ် ဟမ်.. ဒီနေ့ မင်းစားတဲ့ပမာဏအတွက် အဆပေါင်းများစွာ ပြန်လျော်ပေးမယ်...”

ကျောက်ချုံး၏ဒေါသက လွန်ခဲ့သည့် ရှစ်လခန့်က စုစည်းနေခဲ့ပြီး စုမင်အပေါ် သူအငြိုးထားမိသည်မှာ မယုံနိုင်လောက်အောင် ကြီးမားလှသည်။ သူဟောက်သည်နှင့်အမျှ သူ၏အခြေတည်ဝိညာဉ်က ရှေ့သို့ ပြေးလာပြီး စုမင်ပေါ်သို့ နီးကပ်လာသည်။

သူ့အနီးသို့ ချဉ်းကပ်လာသောအခါတွင် နက်ရှိုင်းသော အပြုံးတစ်ခု ပေါ်လာသည်။ စုမင်၏ခန္ဓာကိုယ်နား အရှိန်ဝင်ပြီးသည်နှင့် စုမင်ဆီမှ ရရှိ‌သောအရာများကို လက်တွေ့မြင်နေရသည်။ ထို့ပြင် စုမင်၏အသားနှင့် အနှစ်သာရကို စုပ်ယူကာ သူ၏ဝိညာဉ်ကို ဝါးမြိုသွားမည်။ လွန်ခဲ့သည့် ရှစ်လအတွင်း စုမင်စားခဲ့သော ဆေးဖက်ဝင်အမြု‌ တေများမှ ဤခန္ဓာကိုယ်အတွက် ပေးဆောင်ထားသည့် အဟာရအားလုံးကို စုပ်ယူနေသည်ကို သူမြင်နေရသည်။

ကျောက်ချုံးက နတ်ဆိုးဝိညာဥ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်လာပြီးကတည်းက မရေမတွက်နိုင်သော တပည့်များကို ခေါ်ဆောင်သွားပြီး သူတို့အားလုံးက သူ့လက်ဖဝါးမှ မလွတ်မြောက်နိုင်ပေ။ အလားတူပင် သူ့တို့က ဆူမင် စားနိုင်သလောက် လုံးဝမစားနိုင်ပေ။

အမှန်တော့ လွန်ခဲ့သည့် ရှစ်လအတွင်း ကျောက်ချုံး သွေးအန်လုနီးပါးနာကျင်စေသော ထိုစကားများကို သူ ရံဖန်ရံခါ ကြားခဲ့ရသည်။

“ဆရာကြီး...ကျွန်တော် ဆေးကုန်သွားပြီ..”

“ဆရာကြီး...ကျွန်တော် စားပြီးပြီ...”

“ဆရာကြီး..ကျွန်တော် အဲဒါတွေ စားပြီးသွားပြီ..ဒီတစ်ခါ ထပ်ပေးလို့ရမလား”

“ဆရာကြီး.. နောက်ထပ် ဆေးဖက်ဝင်အမြု တေကို ပေးလို့ရမလား၊ ကျွန်တော်သောက်နေတဲ့ ဆေးက ဘယ်လို ခံစားချက်မျိုး မပေးတော့ဘူး”

“ဆရာကြီး..မပြောင်းပေးတော့ဘူးလား”

ကျောက်ချုံးက သူ့စိတ်ကို ရှင်းရန် ခေါင်းခါလိုက်သည်။စုမင်၏မျက်ခုံးအလယ်တည့်တည့်ဆီသို့ မှောင်မိုက်သော အလင်းတန်းတစ်ခု ဦးတည်လာလေသည်။ သူက ရက်စက်ကြမ်းကြုတ်စွယ ပြုံးပြပြီး အလွန်စိတ်အားထက်သန်မှု ခံစားရသည်။ ဤသည်မှာ လွန်ခဲ့သည့် ရှစ်လတာလုံး ခံနိုင်ရည်ရှိခဲ့သော ညှဉ်းပန်းနှိပ်စက်မှုမှ လွတ်မြောက်ရခြင်း၏ ဝမ်းမြောက်ခြင်းပင် ဖြစ်သည်။ အထူးသဖြင့် ပြီးခဲ့သည့်လအနည်းငယ်အတွင်းမှာ သူ့အရင်ဘဝမှာ စုမင်ကို အကြွေးတစ်စုံတစ်ရာတင်ခဲ့သလားဟုတောင် တွေးနေလေသည်။ အဘယ်ကြောင့် ထူးထူးဆန်းဆန်း လူကို သူ့တပည့်အဖြစ် မည်ကဲ့သို့လက်ခံထားသည်ကို စဉ်းစားမရပေ။

“မင်း များများစားတာကိုကြည့်ရအောင်..ခွေးကောင်လေး...”

ကျောက်ချုံးက အော်ဟစ်လိုက်သည်။

စုမင်၏ မျက်ခုံးအလယ်ဗဟိုကို ထိလိုက်သည်နှင့် တပြိုင်နက် သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။ သူ၏ ပြင်းထန်သော ရယ်မောသံက စုမင်၏ နှလုံးသားထဲတွင် တဟုန်ထိုး မြည်လာကာ သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ သူတို့အတွင်း၌ အေးစက်သော အရိပ်အယောင်များ ရှိနေသော်လည်း သူ့အမူအရာမှာ ငြိမ်သက်နေ၏။

ဤ လောကကြီးတွင် စုမင်ကို ပိုင်ဆိုင်ခြင်းထက် ကြောက်စရာကောင်းသော အခြားအရာ မရှိပေ။

သူ့ကိုပိုင်ဆိုင်ချင်သူက သူ့ထက်သာလွန်သောဆန္ဒ မရှိလျှင် သူ့အပေါ် ပိုင်စိုးရန် ကြိုးစားနေသူတိုင်းက သေမင်းကို လက်ယက် ဖိတ်ခေါ်ခြင်းသာ ဖြစ်သည်။

သေချာသည်မှာ ကျောက်ချုံးက ထိုကဲ့သို့စိတ်ဆန္ဒမျိုး ပိုင်ဆိုင်ရန် မဖြစ်နိုင်ပေ။

စုမင်၏ ခန္ဓာကိုယ်ထဲသို့ ကျောက်ချုံး၏ အခြေတည်ဝိညာဉ်က ပြေးဝင်လာသည်နှင့် တပြိုင်နက် စုမင်က သူ၏ ညာလက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ကိုယ်ပေါ်ရှိ အစက်အပြောက် အနည်းငယ်ဖြစ်အောင် ဆက်တိုက် ပုတ်လိုက်သည် ။ သူ့လက်ချောင်း ထိတိုင်း သူ့ကိုယ်ပေါ်မှာ ချိပ်တံဆိပ်တစ်ခု ကပ်ထားသလို ဖြစ်နေလေသည်။

အကြိမ်ပေါင်းများစွာ နှိပ်ပြီးနောက်၊ သူ့ခန္ဓာကိုယ်က ကျောက်ချုံး အတွက် မလွတ်နိုင်သော လှောင်အိမ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သော်လည်း ထိုအချိန်တွင် ထိုလူက ၎င်းကို လုံးဝသတိမထားမိခဲ့ပေ။ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ပြီးနောက်စုမင် ၏ တန်ထျန်ဆီသို့ အလျင်အမြန်ပြေးလာရင်း သူ့ပျော်ရွှင်မှုထဲတွင် နှစ်မြုပ်နေသေးသည်။

ထိုအရာက သူ့အကျင့်ပင်ဖြစ်သည်။ သူ့တပည့်ဧ။် ခန္ဓာကိုယ် ယူသည့်အချိန်တိုင်း သူတို့စိတ်ဝိညာဉ်ကို ချက်ချင်း မမျိုပေ။ ယင်းအစား ၎င်းတို့ကို ဖိနှိပ်ရန် ရွေးချယ်ပြီး ၎င်းတို့၏ အသွေးအသားများကို စုပ်ယူလေသည်။ ၎င်းတို့၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် တန်ထျန်ဒေသကို သိမ်းပိုက်သည်။ ထို့နောက် ဖြည်းညှင်းစွာ စားသုံး‌လေသည်။

အများအားဖြင့်၊ သူက လူတစ်ဦးကို ကိုက်စားရန် တစ်နှစ်ပြည့်ရန် လိုအပ်ပြီး လုပ်ငန်းစဉ်က နှေးကွေးနေသော်လည်း ၎င်းသည် အလွန်နှစ်သက်သော အရာဖြစ်သည်။

ထိုအချိန်တွင် သူက စုမင်၏တန်ထျန်ဆီသို့ အရှိတင်ခြင်းဖြင့် အလေ့အထအတိုင်း ပြုမူနေခြင်းဖြစ်သည်။

“ဒီကောင်ကလေးက လွန်ခဲ့တဲ့ ရှစ်လလောက်က ငါ့ပစ္စည်းတွေ အများကြီးစားခဲ့တာ..သူ့အရိုးတွေတောင် အရောင်ပြောင်းနေပြီ..သူ့အသားနဲ့ သူ့သွေးတွေလည်း နည်းနည်းကွာခြားလာသလို ခံစားရတယ်.. ဟား..အဲဒါစားတဲ့ မင်းအပြစ်ပဲ..ဘာပဲဖြစ်ဖြစ် အခု ငါမင်းကို စားတော့မှာ..”

ကံမကောင်းစွာဖြင့် ကျောက်ချုံးက မာန်စိတ်ဝိညာဉ်နယ်ပယ်သို့ မရောက်ရှိသေးပေ။ နောက်ပိုင်းတွင် သူက နတ်‌ဆိုးဝိညာဉ်ဂိုဏ်းဝင်များ၏ ခန္ဓာကိုယ်ကို လဲလှယ်ရန် နတ်ဆိုးကျင့်စဉ်များကို ကျင့်ကြံခဲ့သည်။ သူ၏အခြေတည်ဝိညာဉ်ကို ဖွဲ့စည်းထားနိုင်သော်လည်း မာန်အရိုးများနှင့်ပတ်သက်သော သူ၏အသိပညာမှာ မပြည့်စုံပေ။

ထို့အပြင် သူ့ကျောရိုးက တစ်ခုတည်းသောအရာကို လှည့်လိုက်လျှင် ကျောက်ချုံးက ချက်ချင်းသတိပြုမိလိမ့်မည်။

ကျောက်ချုံးက စုမင်မှာ သူ့ခန္ဓာကိုယ်ရှိ ထွက်ပေါက်အားလုံးကို တံဆိပ်ခတ်ထားသည်ကိုပင် သတိမထားမိပေ။ သူ့ အလေ့အကျင့်အတိုင်း ပြုမူပြီး စုမင်၏ချီပင်လယ်ဆီသို့ အရှိန်တင်နေဆဲဖြစ်ကာ နီးကပ်လာသည်နှင့်အမျှ ပိုနီးကပ်လာသည်...

တန်ထျန်က ချိုမြိန်မှုများဖြင့် ပြည့်နှက်နေမည်ဟု သူ စိတ်ကူးယဉ်ထားပြီးသားဖြစ်သည်။ ဆေးဖက်ဝင်အမြုတေများမှ ပေးသော အဟာရများကို ဖြတ်သန်းပြီးနောက်.. အနှစ်သာရ အများအပြား ထိုနေရာတွင် စုရုံးလာမည်မှာ သေချာပါသည်။ ထိုတန်ထျန် ဆီသို့သွား၍ ကိုက်စားရန် တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်ခဲ့သည်။

သို့သော် ယခုတစ်ကြိမ်…

ကျောက်ချုံးက စုမင်အား မျှော်မှန်းချက်အပြည့်ဖြင့် ရှေ့တန်းတင်ခဲ့သော်လည်း စုမင်၏တန်ထျန်ဆီ မရောက်မီတွင် သူ အံ့အားသင့်သွားခဲ့သည်။ သူ့ကိုယ်သူ လုံးဝအံ့အားသင့်သွားပြီး သူ့မေးရိုးများ တုန်လှုပ်သွားခဲ့သည်။

သူစိတ်ကူးထားသည့်အတိုင်း မဟုတ်ဘဲ စုမင်၏ချီပင်လယ်က လွန်ခဲ့သော ရှစ်လအတွင်း စုဆောင်းထားသော အနှစ်သာရဖြင့် ပြည့်နှက်နေခြင်းမရှိပေ၊ ထိုနေရာတွင် အလွန်ကြီးမားသော အခြေတည်သဝိညာဉ်တစ်ခုသာ တင်ပျဉ်ခွေထိုင်နေလေသည်။၎င်းက ကျောက်ချုံး၏ ကိုယ်ပိုင် အခြေတည်ဝိညာဉ်ထက် များစွာကြီးမားပါသည်။

၎င်းကို အခြေတည်ဝိညာဉ်ဟု မခေါ်တော့ပေ။ ဤသည်မှာ စုမင်၏ အခြေတည်နတ်ဘုရားဖြစ်သည်။

ထိုအချိန်တွင် စုမင်၏ အခြေတည် နတ်ဘုရားက မျက်လုံးများပွင့်လာပြီး ကျောက်ချုံး ၏ အခြေတည်ဝိညာဉ်ကို ငြိမ်သက်စွာ ကြည့်နေသည်။ သူ၏ ထိတ်လန့်မှုမှ ပြန်လည်သက်သာလာပြီးနောက် ကျောက်ချုံးက စူးစူးဝါးဝါးအော်သံကို ရုတ်တရက် ထုတ်ပစ်လိုက်သည်။

သူ တုန်လှုပ်ခြောက်ခြားကာ အော်ဟစ်ရင်း လျင်မြန်စွာ ဆုတ်ခွာသွားကာ ထိတ်လန့်တကြား ပြိုကွဲလုနီးပါး ဖြစ်နေသည်။ သူတွေးထားသမျှ၊ မူလက သူထင်ထားသော တပည့်၏ သားကောင်ဖြစ်လိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပေ။

အထူးသဖြင့် ထိုအခြေတည်ဝိညာဉ် အတွင်းမှ မြင့်မြတ်သော စွမ်းအားများ စီးဆင်းနေသည်ကို သူမြင်သောအခါ ထိုသို့ဖြစ်ခဲ့သည်။ ဤသည်မှာ အခြေတည်နတ်ဘုရားဖြစ်ကြောင်း ထင်ရှားသည်။

‘အနည်းဆုံး အခြေတည်နတ်ဘုရား... ဟင့်အင်း၊ ဒါက ဘယ်လိုဖြစ်သွားတာလဲ.. သူက ဆေးအမြုတေ အများကြီး စားထားတာ အံ့သြစရာ မရှိပါဘူး.. ဒါက ဘယ်လိုဖြစ်ရတာလဲ... သူက ချန်ဒါရှီရဲ့ ညီလေး မဟုတ်တာ သေချာတယ်...’

ထိုအချိန်တွင် ကျောက်ချုံး ၏စိတ်က ရှုပ်ထွေးသွားခဲ့သည်။ ကြောက်ရွံ့စိတ်က သူ၏အခြေတည်ဝိညာဉ်တစ်ခုလုံးတွင် ပြည့်နှက်နေသည်။ သူ့စိတ်များ ဗလာနတ္ထိဖြစ်သွားလေသည်။ ထိုအချိန်တွင် သူ့မှာ တစ်ခုတည်းသော အတွေးက စုမင်၏ ခန္ဓာကိုယ်ထဲက ရုန်းထွက်ရန်ပင်ဖြစ်သည်။ ထောင်ချောက်ထဲကို တန်းတန်းမတ်မတ် ခုန်ချလိုက်သော ခံစားချက်ကိုတောင် သူ ခံစားခဲ့ရသည်။ သူ ဘယ်လောက်ပျော်ခဲ့ရသလဲ ဆိုတာကို သတိရသည့်အခါ ငိုချင်သလို ခံစားရလေသည်။

သူ ကိုက်စားရန် စောင့်ဆိုင်းနေသော အန္တရာယ်ကင်းသိုးလေးတစ်ကောင်က ချက်ချင်းဆိုသလိုပဲ ရှေးဟောင်း ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူ့ပါးစပ်ကို ဝါးမြိုလိုက်သလို ခံစားလိုက်ရသည်။

‘ဟင့်အင်း...ဒီနတ်ဆိုးက ငါနဲ့တူတဲ့ လမ်းစဉ်ကို ကျင့်ကြံနေတာဖြစ်ရမယ်.. သူငါ့ကို ကိုက်စားချင်နေတာ..”

ကျောက်ချုံးက ထိုအကြောင်းကို ပိုတွေးလေလေ ကြောက်စိတ်များ တဖွားဖွားတိုးလာသလိုပင်။စုမင်၏ ခန္ဓာကိုယ်ထဲက အမြန်ထွက်ချင်နေတဲ့ အချိန်မှာ သူ့ခေါင်းထဲမှာ ပေါက်ကွဲသံကြီးတစ်ခု ထွက်လာသည်။ ထို့နောက်တွင်တော့ စုမင်၏ ခန္ဓာကိုယ်က လှောင်အိမ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရပြီး သူ တုန်လှုပ်သွားသည် ။

သူ့ခေါင်းထဲတွင် အေးစက်သော ကြိမ်းဝါးသံကို သူကြားလိုက်ရသည်။

“ငါ့ခန္ဓာကိုယ်က မင်းစိတ်ကြိုက် လာလည်လို့ရတဲ့နေရာလား”

စုမင်၏အသံက အေးစက်ခက်ထန်နေလေသည်။ တစ်ချိန်တည်းမှာပင် ကျောက်ချုံး ၏ စိတ်ထဲသို့ ရောက်ရှိလာခဲ့ပြီး ထိုလူက ပို၍ပင် တုန်လှုပ်သွားကာ သူ၏ ကြောက်ရွံ့မှု တိုးလာခဲ့သည်။ တုန်တုန်ယင်ယင်ဖြင့် ဒူးထောက်ကာ တောင်းပန်နေတော့သည်။

“အကြီးအကဲ.. ကျေးဇူးပြုပြီး ကျုပ်ကို သနားပါ.. ကျေးဇူးပြုပြီး သနားပါ.. ခွင့်လွှတ်ပါ...ကျုပ် အမှားတွေ အခု သိသွားပါပြီ...စောစောက အကြီးအကဲကို အသိအမှတ်မပြုခဲ့မိဘူး ..ကျုပ်အမှားပါပဲ.. ကျုပ်ကို မသတ်သေးသရွေ့တော့ ငါ ကျေကျေနပ်နပ်ကြီး အစေခံလုပ်ပေးပါ့မယ်... အကြီးအကဲ.. ကျုပ်ကို သနားပါ…”

All Chapters