← Chapters

တစ္ဆေတစ်သောင်းတာအို

Vol. 44 Ch. 604

တစ္ဆေတစ်သောင်းတာအို

Vol. 44 Ch. 604

ကျောက်ချုံးက ဒူးထောက်ပြီး အသနားခံနေစဉ် သူ့ခန္ဓာကိုယ်ထဲက မီးတောက်များ ထွက်လာလေသည်။ မီးတောက်များမှ စွမ်းအားများက နေရာတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားပြီး ထိုအချိန်တွင် သူက လျင်မြန်စွာ လွင့်ပြယ်သွားခဲ့သည်။ ဤသည်မှာ မိမိကိုယ်ကို ဖျက်ဆီးခြင်းမဟုတ်ပေ။ သူက တစ်ဖက်လူကို တုံ့ဆိုင်းသွားစေရန် အသနားခံနေစဉ် သူဖန်တီးခဲ့သောစွမ်းရည်ကို အသုံးချခဲ့သည်။ ထိုခဏအတွင်းတွင် သူက လူများကို ဝါးမြိုရန်အတွက် အထူးအသုံးပြုထားသည့် အပြင်းထန်ဆုံးသော နတ်ဆိုးစွမ်းရည်ကို အကောင်အထည်ဖော်ခဲ့သည်။

သူက ဤလူ၏စိတ်ကို အတင်းအကြပ်သိမ်းပိုက်ပြီး သူ၏ဝိညာဉ်ကို ဖျက်ဆီးပစ်ချင်ခဲ့သည်။ စုမင်က ကျင့်ကြံမှုအဆင့်က သူ့ထက် ပိုမြင့်ကြောင်း သိခဲ့သည်။ သူလုပ်ခဲ့ သောအရာများကြောင့် ခြွင်းချက်မရှိ လွတ်မြောက်ရန် ခက်ခဲကြောင်း သဘောပေါက်ခဲ့လေသည်။ သို့ပေမဲ့ သူအောင်မြင်နိုင်သည်ဟူသော ယုံကြည်မှုအနည်းငယ်တော့ ကျန်သေးသည်။

သူ၏ အခြေအမြစ် ဝိညာဉ် ပျောက်ကွယ်သွားသည့် တခဏချင်းတွင် စုမင်၏ ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်ပေါင်း တရာနီးပါး ပေါ်လာပြီး အားလုံးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြသည်။ သူတို့အားလုံးက အတိတ်ကကျောက်ချုံး ကိုက်စားခဲ့သော တပည့်များ၏ ဝိညာဉ်များဖြစ်သည်။

သူတို့၏စိတ်ဝိညာဉ်များက ကျောက်ချုံး၏အခြေတည်ဝိညာဉ်နှင့် ပေါင်းစပ်ပြီးသားဖြစ်ပြီး အပြင်သို့ ပြန့်ကျဲသွားလေသည်။ကျောက်ချုံးက စုမင်၏ ၏စိတ်ကို သိမ်းပိုက်ရန် ကြိုးပမ်းနေသည့် တစ်ဦးတည်းသောသူမဟုတ်တော့ဟု ဆိုလိုခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာ ထိုသို့လုပ်ရန် ကြိုးစားနေသော ဝိညာဉ်တစ်ရာနီးပါးရှိလေသည်။

ထိုအရာက သူ့အတွက် ‘အခွင့်အရေး’ ဖြစ်သည်။

စုမင်က ဤအခိုက်အတန့်ကို အတိအကျ စောင့်နေသည်။ အထူးသဖြင့် ကျောက်ဆွဲချဂူတစ်ဝိုက်တွင် ခြောက်သွေ့နေသော အလောင်းများကို မြင်သောအခါတွင် ဤသူ၏မြင့်မြတ်သောစွမ်းရည်နှင့် ၎င်း၏အသုံးပြုမှုများကို မှန်ကန်စွာ ခန့်မှန်းထားပြီးဖြစ်သည်။ အလှဆင်ရန်သက်သက်မဟုတ်တာတော့ သေချာလေ၏။

ဤနေရာတွင် သဲလွန်စတစ်ခုကို ဖုံးကွယ်ထားပြီး နောက် ကျောက်ချူံး၏ ကျင့်ကြံလမ်းစဉ်က သူ့တပည့်၏ အသား၊ အနှစ်သာရနှင့် သူတို့၏ ဝိညာဉ်များကို စုပ်ယူနိုင်ရုံမျှသာ မဟုတ်ကြောင်း စုမင်က သေချာပေါက် သိလိုက်သည်။ ၎င်းအတွက် အခြားအသုံးပြုမှုတစ်ခုရှိခဲ့ပြီး ယင်းမှာ ၎င်းတို့၏ရုပ်ခန္ဓာများကို ထိန်းချုပ်ရန် ၎င်းတို့၏စိတ်ဝိညာဉ်များကို အသုံးပြုကာ ရုပ်သေးကဲ့သို့တည်ရှိမှုအဖြစ်သို့ ပြောင်းလဲနိုင်ခြင်းဖြစ်သည်။

ထိုရုပ်သေးများက သိပ်အစွမ်းမထက်သော်လည်း ကျောက်ချုံးမှာ သူတို့ ၏ခန္ဓာကိုယ်များကို အသွင်ပြောင်းရန် သေချာပေါက် နည်းလမ်းတစ်ခုရှိခဲ့လေသည်။

၎င်းကိုကြည့်ခြင်းအားဖြင့် ချန်ဒါရှီ၏ဝိညာဉ်က ကိန်းအောင်းနေဆဲဖြစ်လေသည်။ စုမင်က သူ့ကို ကယ်တင်ရန် အခွင့်အရေးရှိနေပြီဖြစ်သည်။

မဟုတ်လျှင် စုမင်က ကျောက်ချူံးကို သတ်ခဲ့တာကြာပြီဖြစ်၏။ ထိုအချိန်တွင် ကျောက်ချုံးကိာ ထောင့်တစ်နေရာသို့ တွန်းပို့ခဲ့ပြီး သူ၏စိတ်ဝိညာဉ်အားလုံးကို ဖြန့်ကျက်ခဲ့သည်။ ထိုအချိန်တွင် စုမင် ၏ အေးစက်သော ရယ်မောသံများက သူ့ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်များအားလုံးကို တုန်ခါသွား စေသည် ။

တစ်ချိန်တည်းမှာပင် ကျောက်ချုံးနှင့် တခြားသူများက သူ့စိတ်ထဲ အလျင်စလို ဝင်လာပြီး သူ့ကို အတင်းအကြပ် စုပ်ယူရန် ပြင်ဆင်လေသည်။ထိုစဉ် အစွမ်းထက်သော စွမ်းအားတစ်ခု သူတို့ဆီ ရုတ်တရက် ဆင်းသက်လာ လေသည်။

ထိုစိတ်ဆန္ဒ၏ ခွန်အားက အကန့်အသတ်မရှိ ဟိန်းဟောက်နေသော ပင်လယ်ကြီးနှင့် အကန့်သတ်မဲ့စွမ်းအားရှိသော လောကကြီးနှင့်တူ လေသည်။ ကျောက်ချုံး နှင့် သူ၏ ဝိညာဉ်များက လောကကြီးထဲရှိ ပုရွက်ဆိတ်များ၊ အထီးကျန်ဆန်သော ပင်လယ်ပြင်တွင် အထီးကျန်လှေများ ဖြစ်ကြသည် ။

စုမင်၏ အလိုအရ ကျောက်ချုံး၏ အခြေတည်ဝိညာဉ်များမှ ပျံ့နှံ့သွားသော ဝိညာဉ်များက တစတစ ပျောက်ကွယ်သွားသည်။ ၎င်းတို့က ခန္ဓာကိုယ်မှ နှစ်ပေါင်းများစွာ နှုတ်ယူခံခဲ့ရပြီး ၎င်းတို့၏ ဘဝများက ယခုကျောက်ချူံး နှင့် ဆက်စပ်နေပါသည်။

သို့သော် နူးညံ့သိမ်မွေ့သော အလင်းတန်းများဖြင့် ဝန်းရံထားပြီး သေရမည့်သူများစာရင်းမှ ပျောက်ကွယ်သွားသော ဝိညာဉ်တစ်ခုရှိသည်။ စုမင်၏ စိတ်ထဲတွင် ဖြစ်ပျက်နေသည့်အရာများက ရူးသွပ်စရာကောင်း၏။ သို့သော် သူ့စိတ်ထဲတွင် ဝိညာဉ်များသေသွားပါက၊ သူတို့က အပြင်လောကတွင် သေဆုံးကြလိမ့်မည်။

စုမင်၏ ဆန္ဒက သူ့ခန္ဓာကိုယ်ထဲမှာ အပြင်းထန်ဆုံး ခွန်အားပင်။ သူ၏ဖိနှိပ်မှုအောက်တွင် ကျောက်ချုံး အပါအဝင် ခုခံမှုပုံစံအားလုံး ပြိုပျက်သွားခဲ့သည်။ ကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်သောအခါတွင် သူ၏အခြေတည်ဝိညာဉ်က ကွဲအက်သွားပြီး လုံးဝပျောက်ကွယ်သွားခဲ့သည်။

ဖြစ်ပျက်သွားသည့်အခိုက်အတန့်တွင် စုမင်၏စိတ်ထဲတွင် မယုံနိုင်လောက်အောင် သန့်စင်သော စွမ်းအားများ ထွက်ပေါ်လာသည်။ ဤစွမ်းအား၏ သန့်ရှင်းစင်ကြယ်မှုက မရေမတွက်နိုင်သော ဝိညာဉ်များကို နှစ်ပေါင်းများစွာ ဝါးမျိုပြီးနောက် ကျောက်ချုံး ရရှိခဲ့သည့် အရာဖြစ်ပသည်။ ၎င်းက သူ၏ အခြေတည်သော ဝိညာဉ်၌ သိမ်းဆည်းထားသည့် အရာဖြစ်သည်။

သို့သော် ထိုအချိန်တွင် သူသေဆုံးသွားသောအခါတွင် စွမ်းအားက စုမင်၏စိတ်ထဲသို့ ပျံ့နှံ့သွားပြီး သူ၏ အခြေတည် နတ်ဘုရားက စုပ်ယူလိုက်ရာ စုမင်ကို လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာစေသည်။

သူ့ကနဦးကျင့်ကြံမှု၏ ဆယ်ပုံငါးပုံက ယခင်ကထက် ပြန်လည်ကောင်းမွန်လာခဲ့သည်။ ၎င်းက ပြန်လည်ကောင်းမွန်ရန် တစ်ဝက်လိုနေသော သူ့အခြေတည်သော နတ်ဘုရားအတွက်လည်း ပါဝင်သည်။ ထိုအချိန်တွင် ကျောက်ချုံး အခြေတည်ဝိညာဉ်၏ စွမ်းအားကို စုပ်ယူလိုက်သည်နှင့်၊ ထိုသန့်ရှင်းသော စွမ်းအားနှင့် လောကကြီးမှ ရောင်ဝါများက အခြေတည်နတ်ဘုရားကို အနည်းငယ် ပို ကောင်းလာစေသည်။ ထို့ပြင် စုမင် ၏ မာန်အရိုးများက ကျောက်ချုံး၏ အသက်စွမ်းအားကို စုပ်ယူပြီးနောက် အနည်းငယ် ပြန်လည်ကောင်းမွန်သည့် လက္ခဏာများ ပြသခဲ့သည်။

ပြန်လည်ရရှိသော ကနဦးကျင့်ကြံမှုဧ။် ငါးပုံတစ်ပုံမှ ခြောက်ပုံတစ်ပုံအထိ တိုးလာစေခဲ့သည်။

သူက ကျောက်‌ဆွဲချလိုဏ်ဂူထဲတွင် ရှိနေသဖြင့် စုမင် သတိမထားမိဘဲ အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီ။စုမင်က ဂူထဲမှာ ထိုင်ပြီး တိတ်တိတ်လေး တရားထိုင်တယ်။ နောက်တစ်နေ့ညနေ ကုန်ဆုံးသွားသောအခါတွင် မျက်လုံးများပွင့်လာသည်။

သူ့မျက်လုံးထဲတွင် တောက်ပသော အလင်းတန်းတစ်ခု ပေါ်လာပြီး ညစ်ညမ်းသော လေကို ရှူရှိုက်လိုက်သည် ။ သူ့မျက်နှာက ငြိမ်သက်နေပြီး သူ့ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သော် သူ့အကြည့်များက သူနှင့် သိပ်မဝေးလှသည့်နေရာမှာ ထိုင်နေသောချန်ဒါရှီ၏ ခန္ဓာကိုယ်ပေါ်ကို ကျရောက်သွားလေသည်။

ရုပ်ခန္ဓာက ပျော့ပျောင်းပြီး ပြည့်စုံဆဲဖြစ်သော်လည်း အသက်စွမ်းအား အနည်းငယ်သာ ကျန်တော့သည်။ ဝိညာဉ်ပျက်ပြယ်သွားသော အခွံအလွတ်တစ်ခုလည်းဖြစ်သည်။

စုမင် ရောက်ရှိလာခြင်းက ကျောက်ချုံး၏ဆေးဖက်ဝင်အမြုတေများ ဆုံးရှုံးသွားသည့်အတွက် အလွန်နာကျင်ခံစားရစေခဲ့သည်။ လွန်စွာမှ နာကျည်းလာကာ စုမင်ကို ဝါးမျိုမည့် အစီအစဉ်ကို အရှိန်မြှင့်လိုက်သောကြောင့် ချန်ဒါရှီကစောစောလွတ်ငြိမ်းခွင့်ရခဲ့သည်။မဟုတ်လျှင် ချန်ဒါရှီလည်း သူ့စီနီယာအစ်ကိုများ လမ်းစဉ်အတိုင်းလိုက်ရလိမ့်မည်။

သို့သော် စုမင် ရောက်ရှိလာခြင်းကြောင့် ကျောက်ချုံး ၏ အစီအစဉ်များ ပြောင်းလဲသွားခဲ့သည်။ ချန်ဒါရှီကို ပထမဦးစွာ စုပ်ယူရန် သူ ဂရုမစိုက်နိုင်တော့ဘဲ၊ ထိုအချက်ကြောင့် လူငယ်များ ပြန်လည်ရှင်သန်ခွင့် ရလာရခြင်း ဖြစ်သည်။

စုမင်က ချန်ဒါရှီ ကိုကြည့်နေစဉ်တွင် ရုပ်ဆိုးလေး၏ ချစ်စဖွယ်အပြုံးက သူ့စိတ်ထဲတွင် ပေါ်လာသည်။ သူ၏ညာလက်ကို လျင်မြန်စွာ မြှောက်လိုက်သည်နှင့် ဖြည်းညှင်းသော အလင်းတန်းများက သူ့လက်ဖဝါးမှ တဖြည်းဖြည်း ပျံ့နှံ့လာသည်။ အထဲမှာ မှိန်းနေသော ဝိညာဉ်တစ်ခုကို မြင်နိုင်သည်။

ထိုဝိညာဉ်က ချန်ဒါရှီ နှင့်တူသည်။

ဤသည်မှာ လူငယ်၏ ဝိညာဉ်ဖြစ်သည်။ စုမင်က ကျောက်ချူံးကို မဖျက်ဆီးမီတွင် များပြားလှသော ဝိညာဉ်များကြားတွင် ချန်ဒါရှီကို ရှာတွေ့ခဲ့သည်။ ကျောက်ချုံး ဖျက်ဆီးခံရချိန်တွင် သူ၏သေဆုံးခြင်းကို ကာကွယ်ရန် ၎င်း၏ အခြေတည်နတ်ဘုရားကို အသုံးပြုခဲ့သည်။

စုမင်က ဤစိတ်ဝိညာဉ်ကို ကြည့်နေချိန်တွင် သူ့နှလုံးသားထဲတွင် ငြိမ်သက်စွာ သက်ပြင်းချလိုက်သည်။ စိတ်ဝိညာဉ်အတွင်း၌ အသက်စွမ်းအားများစွာမကျန်တော့ဘဲ၊ ၎င်းက သူ၏ရုပ်ခန္ဓာနှင့် အတူတူပင်ဖြစ်သည်။ သူက ချန်ဒါရှီ၏ ဝိညာဉ်ကို ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီး နိုးထနိုင်လျှင်တောင်မှ သူက ဆယ်နှစ်အထိ အသက်ရှင်နိုင်မည်မဟုတ်ပေ။

စုမင် က သူ့ညာလက်ကို မြှောက်လိုက်ပြီး ရှေ့ကို တွန်းလိုက်သည်။ ချက်ချင်းပင်၊ ထိုသိမ်မွေ့သောအလင်းရောင်က ချန်ဒါရှီ ၏ တုန်လှုပ်နေသော ဝိညာဉ်ကို သူ့ခန္ဓာကိုယ်ထဲသို့ ပြန်တွန်းပို့လိုက်သည်။ မပေါင်းစပ်ခင် လူငယ်က မှိန်းမနေဘဲ လန့်နိုးသွားသည်။ သူက စုမင်ကို တစ်ချက်လှည့်ကြည့်လိုက်သော်လည်း သူ့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

“မူလက မင်းကသေသွားပြီ… ငါလုပ်နိုင်တာက မင်းအသက်ဆယ်နှစ်ရှင်အောင် မင်းကိုကူညီပေးမယ်.. မင်းမိဘတွေနဲ့ မင်းညီမလေးကို စောင့်ရှောက်ဖို့ ဒီဆယ်နှစ်ကို အသုံးချလိုက်ပါ…”

စုမင်၏ အသံက ကျောက်ဆွဲချလှိုဏ်ဂူအတွင်း ပဲ့တင်ထပ်ကာ ချန်ဒါရှီ ၏ စိတ်ထဲသို့ ကျဆင်းသွားသည် ။ သို့သော် ထိုအချိန်တွင် လူငယ်က သတိလစ်သွားခဲ့သည်။ သူ၏ ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း ပြန်လည် ပေါင်းစပ်သွားသည်။

စုမင် က မတ်တပ်ထရပ်ပြီး သူ့ဘေးနားက ခြောက်ကပ်နေသော အလောင်းများကို ကြည့်လိုက်သည်။ ထို့နောက် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် သူတို့ဆီသို့ လက်မောင်းကို ဝှေ့ယမ်းလိုက်သည်။

“ပြာအတိ ဖုန်မှုန့်အတိ... မင်းတို့က ကျောက်ချုံးရဲ့လက်ထဲမှာ သေသွားပေမယ့် မင်းတို့ရဲ့အလောင်းတွေက ဒီမှာ ပိတ်မိနေတုန်းပဲ... ငါက ကြင်နာတတ်တဲ့လူတော့မဟုတ်ဘူး...ဒါပေမဲ့ မင်းတို့ကို ငါကူညီပေးမယ်...”

စုမင်က တိုးတိုးလေး တိုးတိုးလေးပြောရင်း ဂူထဲမှာ လေပြင်းတစ်ချက် လတိုက်ခတ်လာပြီး အပြင်သို့ ညင်သာစွာ ‌သယ်ယူသွားလေသည်။ ထိုလေတိုက်သည့်နေရာတိုင်းတွင် အလောင်းများအားလုံးက လေနှင့်ရောနှောကာ ပြာများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

စုမင်က သူ့မှန်းဆချက် ဟုတ်မဟုတ် မသိပေ။ အလောင်းများက ပြာများအဖြစ်သို့ ပြောင်းလဲသွားသောအခါတွင် ၎င်းတို့၏ ခန္ဓာကိုယ်များ ပြောင်းလဲသွားခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ၎င်းတို့၏ မျက်နှာပေါ်ရှိ အမူအရာများမှာ လွတ်မြောက်သွားပုံရသည်။

စုမင်က ခဏမျှ ငြိမ်သက်နေပြီးမှ ရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီး ပြာများ သွားလာနေသည့်ဂူ၏ နက်ရှိုင်းသော အစိတ်အပိုင်းများဆီသို့ လျှောက်သွားသည်။ ဂူကို ဘူးသီးပုံသဏ္ဍာန်ဖြင့် တည်ဆောက်ထားသည်။ စုမင်က တစ်ဖက်စွန်းသို့ ရောက်သောအခါတွင် အနက်ရောင်ဝတ် အဘိုးအိုတစ်ဦး တင်ပျဉ်ခွေထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်က ခြောက်သွေ့ပြီး ပိန်လှီပြီး သူ့အထဲမှာ အသက်စွမ်းအားကို မတွေ့ခဲ့ပေ။

သူသေသွားခဲ့ပြီ။

အလောင်းများမှ ပြာများက ဤနေရာသို့ မျောပါသွားပြီး အဘိုးအို၏ အလောင်းအောက်၌ အဘိုးအိုကို အလွှာလိုက် မြုပ်နှံသကဲ့သို့ဖြစ်သွားသည်။ နှစ်ပေါင်းများစွာ တည်ရှိခဲ့သော ထိုအလောင်းများတွင် အဆိပ်ပြင်းသည့် စွမ်းအားအချို့ ရှိကောင်းရှိနိုင်သည်။ ၎င်းတို့က အလွှာလိုက် လွင့်ပျံလာသောအခါတွင် ၎င်းတို့က အဘိုးအို၏ ခန္ဓာကိုယ်အား တဖြည်းဖြည်း ယိုယွင်းမှု လက္ခဏာများ ပြသလာစေသည်။

လွင့်ပျံလာသော ပြာများဆီမှ နက်နဲသော အငြိုးအာဃာတလှိုင်းများ ပျံ့နှံ့သွားသည်။ စုမင်က တိတ်တဆိတ် ကြည့်နေသည် ။ ဤအဘိုးအိုက ကျောက်ချုံး၏ မူလအလောင်းဖြစ်ကြောင်း သူခန့်မှန်းထားပြီးသားဖြစ်သည်။ သူသတ်လိုက်သော တပည့်များတွင် အသက်ဝိညာဉ်များမရှိတော့ပေ။သို့သော် ၎င်းတို့မသေဆုံးမီ ခံစားခဲ့ရသော အာဃာတများက ၎င်းတို့မပျောက်ကွယ်မီတွင် သူတို့၏ဆရာကြီးကို သတ်ပစ်ရန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။

စုမင်က အလောင်းက တစ်စတစ်စ ပုပ်ပွသွားသည်ကို ကြည့်လိုက်သောအခါ သူ့ရင်ထဲ ခံစားချက်တစ်ခု ပေါ်လာသည်။ သူလှည့်ပြီး နေရာမှ ထွက်သွားသည် ။

သူ့နေရာကို ပြန်ရောက်သည်နှင့် စုမင်က သူ့ ၏ညာလက်ကို မြှောက်လိုက်ပြီး သတိလစ်နေသော ချန်ဒါရှီကိုချိန်ရွယ်လိုက်သည်။ ချက်ချင်းပဲ သူ့ခန္ဓာကိုယ်က စုမင်ဆီ ပျံသန်းသွားပြီး သိပ်မဝေးလှသော မှော်အစီအရင်တစ်ခုဆီကို ဦးတည်သွား လေသည်။ စုမင် က ခေါင်းငုံ့ပြီး တစ်ချက်ကြည့်လိုက်သည်။ ၎င်းကို လှမ်းကြည့်လိုက်သောအခါ၊ တည်နေရာ ရွေ့ပြောင်းခြင်း၏အလင်းရောင်က တောက်ပလာပြီး နောက်တခဏတွင် စုမင် နှင့် ချန်ဒါရှီတို့နှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။

နေဝင်ရီတရော ကုန်ဆုံးသွားသော်လည်း နတ်ဆိုးဝိညာဉ်ဂိုဏ်း၏တောင်ပေါ် ကောင်းကင်ယံမှာ လုံးဝမှောင်နေသေးသည် ။ မြေပြင်ပေါ်တွင် မထင်ရှားသော ကိန်းဂဏာန်းများကို မြင်တွေ့နိုင်သေးသည်။ ကျောက်ချုံး အိမ်ဝင်းအတွင်းရှိ အိမ်သုံးလုံးကြားရှိ အလယ်အိမ်မှ အလင်းရောင်မှိန်မှိန် လင်းလက်လာသည်။စုမင်က ချန်ဒါရှီ၏ လက်မောင်းကို ကိုင်ကာ ထိုအိမ်မှ ထွက်လာခဲ့သည်။

တည်နေရာရွေ့ပြောင်းခြင်းမှော်အစီအရင် မှ ဆင်းပြီးသည်နှင့် ခေါင်းလှည့်ကာ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။ သူ ခဏလောက် ငြိမ်သက်သွားပြီး ချန်ဒါရှီ၏ ခန္ဓာကိုယ်ထဲက သိုလှောင်အိတ်နဲ့ အခြား အမျိုးမျိုးသော ပစ္စည်းအချို့ကို ယူလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်က အနက်ရောင် မြူအလွှာအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။ မြူအလွှာဝိုင်းရံထားသောကြောင့် သူ့ခန္ဓာကိုယ်ကို ဖုံးကွယ်သွားစေသည်။

ဤအချက်ကြောင့် စုမင်က ကျောက်ချုံး ၏ပုံစံနှင့်ဆင်တူ‌နေလေသည်။

စုမင်က ထိုလူသား၏ အခြေတည်ဝိညာဉ်ကို စုပ်ယူလိုက်သည့် အချိန်တွင် သူ၏ အမှတ်တရ အနည်းငယ်ကိုလည်း မြင်လိုက်ရသည်။ သူတို့ထံမှ ကျောက်ချုံးက နတ်ဆိုးတစ်သောင်းတာအိုကျင့်စဉ်ကို လေ့ကျင့်နေကြောင်း သူသိရှိခဲ့သည်။ ဤစွမ်းရည်က မယုံနိုင်လောက်အောင် ဆိုးရွားလှပေသည်၊ သို့သော် တစ်စုံတစ်ဦးက ကျွမ်းကျင်အဆင့် ရောက်လာသောအခါတွင် မထီမဲ့မြင်မပြုနိုင်ပေ။

သို့သော် ဤစွမ်းရည်ကို ကျင့်ကြံသူတိုင်း ပြီးပြည့်စုံသော ကျွမ်းကျင်မှုကို ရရှိရန် အလွန်ခက်ခဲပါသည်။ အများအားဖြင့်တော့ သူတို့က လမ်းတစ်ဝက်မှာ ထူးထူးခြားခြား သေသွားတတ်ကြသည်။ ကျောက်ချုံးက ဤစွမ်းရည်ကို ရရှိခဲ့သည့် တိုက်ဆိုင်မှု ကြောင့်လည်းဖြစ်သည်။ လှိုဏ်ဂူက သူ၏ဖန်တီးမှုမဟုတ်သော်လည်း အစကတည်းက တည်ရှိခဲ့သည်။ ထို ဂူထဲမှာ နတ်ဆိုးကျင့်စဥ်ကို ရှာတွေ့ခဲ့သည်။

ထိုအချိန်မှ စ၍ လျှို့ဝှက်စွာ လေ့ကျင့်ခဲ့သည်..။

ဤလူက နတ်ဆိုးဝိညာဉ် ဂိုဏ်းရှိ ဂိုဏ်းချုပ်ကြီး ဖြစ်နိုင်သော်လည်း သူ၏ အဆင့်အတန်းမှာ မမြင့်မားပေ။ ထို့အပြင် သူက ဤစွမ်းရည်ကို စတင်လေ့ကျင့်သည်နှင့် တပြိုင်နက် အခြားသူများနှင့် ရောနှောနေရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူသေခြင်း ရှင်ခြင်းကို သိပ်အာရုံမစိုက်ကြပေ။

မူလက စုမင်မှာ ကျောက်ချုံး အဖြစ်သို့ ပြောင်းလဲရန် စိတ်ကူးရှိခဲ့သော်လည်း အချိန်အတန်ကြာ တိတ်တိတ်ဆိတ်ဆိတ်နေပြီးနောက် ခေါင်းယမ်းလိုက်သည်။

‘သူကမာန်စိတ်ဝိညာဉ်ကနဦးနယ်ပယ်အဆင့်နဲ့ညီတဲ့ အခြေတည်ဝိဥာဉ်ကျင့်ကြံသူပဲ... သူက နတ်ဆိုးကျင့်စဉ်တွေကို ကျင့်ကြံဖို့ ကူးပြောင်းခဲ့တဲ့ မာန်ကျင့်ကြံသူတစ်ဦး..ပြီးတော့ သူရဲ့သေဆုံးမှုကို သိပ်အာရုံစိုက်မှာ မဟုတ်ပေမဲ့ လာရောက်စုံစမ်းမည့်သူတော့ရှိမှာပဲ..”

စုမင်၏ ညာလက်တွင် အလင်းတန်းတစ်ခု ပေါ်လာပြီး ချန်ဒါရှီ ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ချန်ဒါရှီ ပျောက်ကွယ်သွားသည်။ ခဏလောက်စဉ်းစားပြီးမှ သူလှည့်ပြီး မှော်အစီအရင် ထဲကို ပြန်ဝင်သွားသည်။

.................................

All Chapters