← Chapters

စုံစမ်းစစ်ဆေးခြင်း

Vol. 44 Ch. 605

စုံစမ်းစစ်ဆေးခြင်း

Vol. 44 Ch. 605

ခဏအကြာတွင် စုမင် ထွက်လာပြီး ဆောင့် ကြောင့်ကလေး ထိုင်နေလိုက်သည်။ သူ့မျက်လုံးများ တောက်ပနေပြီး ဟုန်လော့ဆီမှ အမွေဆက်ခံခဲ့သော တည်နေရာရွေ့ပြောင်းခြင်းအစီအရင်ကို ပြန်လည်မွန်းမံနေလေသည်။ အပေါ်မှ ခြေရာများကို သုတ်လိုက်ပြီး မျက်နှာတွင် ဘာအမူအရာမှ မရှိဘဲ အိမ်ထဲမှ ထွက်လာခဲ့သည်။ ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် သူ့မျက်လုံးထဲမှာ အေးစက်နေ‌သော အရိပ်အယောင်များ လင်းလက်လာပြီး ခြံဝင်းထဲက ထွက်လာခဲ့သည်။

ထိုအချိန်တွင် သူ၏ကနဦးကျင့်ကြံစိုက်၏ ဆယ်ပုံခြောက်ပုံကို ပြန်လည်ရရှိခဲ့ပြီး ယခင်က မတတ်နိုင်သောအရာများစွာကို သူလုပ်နိုင်ခဲ့သည်။ စပါးအုံးမြွေကြီးရှိရာ ဂိတ်ပေါက်တွင် သူထားခဲ့ခဲ့သော သူ့သဲလွန်စများကို ရှင်းထုတ်ခြင်း သို့မဟုတ် ကျန်းရမ် နှင့် ကျိုးရှင်းရွှင်း တို့၏နှလုံးသားများရှိ မသေချာမရေရာမှုများနှင့် သံသယများကို လျော့နည်းစေခဲ့သည်။

သိပ်မကြာခင်မှာပင် သူ့မျက်နှာမှာ တည်ငြိမ်သည့် အမူအရာနှင့် ပြန်လာခဲ့သည်။ သူ့အခန်းထဲပြန်ဝင်ကာ ကုတင်ပေါ်တွင် လှဲနေလိုက်သည်။ မျက်လုံးမှိတ်ပြီး အနားယူလိုက်ပါတော့သည်။

နတ်ဆိုးဝိညာဥ်ဂိုဏ်း၏ အတွင်းစည်းတပည့်များနှင့် သက်ဆိုင်သော တောင်၏အထက်ပိုင်း၌ ခန်းမကြီးတစ်ခုရှိသည်။ အခြားအဆောက်အအုံများကဲ့သို့ပင် မည်းမှောင်နေပြီး မကောင်း သောခံစားချက်ဖြင့် ပြည့်နေသည်။

ခန်းမအတွင်းတွင် အဘိုးအိုနှစ်ယောက်ရှိကာ သူတို့၏မျက်နှာအရောင်မှာ မီးခိုးရောင်ဖြစ်နေသောကြောင့် ၎င်းတို့က ဖျားနာနေပုံ ပေါက်စေသည်။ သူတို့မလှုပ်ရှားဘဲ ငြိမ်သက်နေလေသည်။ အသက်ရှုနေချိန်မှာတောင် သူတို့၏ ရင်ဘတ်လှုပ်ရှားမှုကို မတွေ့နိုင်ပေ။

သူတို့နောက်မှာတော့ ဧရာမရုပ်တုကြီးတစ်ခုရှိသည်။ တစ္ဆေပုံသဏ္ဍာန် ၀တ်စုံကို ၀တ်ဆင်ထားသည့် အမျိုးသားတစ်ဦး၏ ပုံတွင် ကြီးမားစွာ ထွင်းထုထားသည်။ ဤလူက လူလတ်ပိုင်းဖြစ်ပုံရပြီး သူ၏ဝတ်ရုံပေါ်တွင် ရက်စက်ကြမ်းကြုတ်သော သရဲတစ္ဆေမျက်နှာများစွာ ဖန်တီးထားသည်။ သူက ဧရာမစပါးအုံးမြွေကြီးကို တက်နင်းထားပြီး ထိုမြွေက ထိုလူ၏ခန္ဓာကိုယ်အများစုကို ရစ်ပတ်ထားလေသည်။

ထိုလူ၏ညာလက်၌ ဒိုင်းလွှားတစ်ခုရှိပြီး မရေမတွက်နိုင်သော ဒေါသစိတ်ဝိညာဉ်များ ဖြာထွက် နေလေသည်။ မျက်နှာတစ်ခုစီကို ရှင်းရှင်းလင်းလင်းမြင်ရပြီး အားလုံးက သနားစရာလေထုကို ထုတ်လွှင့်ပေးနေလေသည်။

ညစ်ညမ်းသောလေက ထိုရုပ်တုကို ဝိုင်းရံထားသော်လည်း၊ ၎င်း၏အပေါ်ဘက်တွင် ကြာပွင့်နက်တစ်ခုရှိပြီး ၎င်းပေါ်တွင် ထိုင်နေသည့် အမျိုးသမီးတစ်ဦးရှိသည်။ သူမ၏ မျက်နှာပေါ်တွင် ဂုဏ်သိက္ခာရှိသော အသွင်အပြင်ရှိပြီး မယုံနိုင်လောက်အောင် လှပနေပါသည်။ သူမနှင့်ပတ်သက်သော သန့်ရှင်းသောလေတစ်ခုပင် ရှိသေးသည်။

သန့်ရှင်းမှုနှင့် ဆိုးသွမ်းမှု.... ဤရုပ်တုပေါ်တွင် လုံးဝကွဲပြားသော တည်ရှိမှုနှစ်ခုကို ပေါင်းစပ်ထားသောကြောင့် ၎င်းကိုပထမဆုံးအကြိမ် မြင်သူတိုင်းက ၎င်းနှင့်ပတ်သက်သော ထူးဆန်းမှုတစ်ခုခုရှိနေသည်ကို တွေ့ရှိမည်ဖြစ်သည်။

လူ၏ခြေထောက်အောက်တွင် စပါးအုံးမြွေတွင် တွဲလောင်းကျ နေသော ခေါင်းလောင်းများစွာရှိသည်။ လေမတိုက်သည့်အခါ အသံမရှိပေ။ ထိုခဏမှာပဲ ကျောက်ချုံး သေဆုံးသွားပြီးနောက် ခေါင်းလောင်းများစွာထဲက တစ်ခုက သူ့ဘာသာသူ လှုပ်ရှားလာပြီး လေမတိုက်ဘဲ ခေါင်းလောင်းသံက တညံညံမြည်လာလေသည်။

ထိုအသံက ဆိတ်ညံနေသော ခန်းမထဲကို ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာသည်။ ထို့နောက် အသံက တဖြည်းဖြည်း ပျံ့နှံ့လာကာ ခေါင်းလောင်းက အက်ကွဲကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

ထိုအချိန်တွင် ခန်းမထဲတွင် အလောင်းများကဲ့သို့ ငြိမ်ငြိမ်လေးထိုင်နေသော အဘိုးအိုနှစ်ယောက် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ မြေပြင်ပေါ်ရှိ ကွဲကြေနေသော ခေါင်းလောင်းကို ကြည့်ရင်း ငြိမ်သက်နေကြသည်။

“ဒီမူလခေါင်းလောင်းက အနက်ရောင်တစ်ဝက်ပဲ ရှိတာ..အဲဒါက နတ်ဆိုးလမ်းစဉ်ကို ပြောင်းလာတဲ့မာန်ကျင့်ကြံသူ ဆီကပဲ...”

အဘိုးအိုတစ်ယောက်က အသံအက်ကြီးဖြင့်ပြောပြီးနောက် သူ့အကြည့်ကို ရှောင်လွှဲလိုက်သည်။ တိတ်ဆိတ်သောခန်းမအတွင်းမှ သူ၏အသံက ပျံ့လွင့်လာသောအခါက မီးတောက်နက်များက ၎င်းတို့ပတ်ဝန်းကျင်တစ်ခုလုံးကို ချက်ချင်းလင်းထိန်သွားလေသည်။ ခန်းမထဲတွင် မီးတောက်နက်များက လှုပ်ခတ်လာသဖြင့် အလင်းရောင်နှင့် အမှောင်တို့က တစ်လှည့်စီဖြစ်လာသည်။

အခြားအဘိုးအိုက သူ့မျက်ခွံများကို မှိန်ထားလေသည်။ ခဏအကြာတွင် သူ၏ နှုတ်ဖျားမှ စကားများ ဖြည်းညှင်းစွာ ထွက်လာသည်။

“ဒါက အပြင်ဂိုဏ်းရဲ့ ဂိုဏ်းအကြီးအကဲ ကျောက်ချုံးရဲ့ မူရင်း ခေါင်း လောင်း”

“ကျောက်ချုံး... သူက တစ္ဆေတစ်သောင်းတာအိုလမ်းစဉ်ကို တိတ်တဆိတ် ကျင့်ကြံတဲ့သူလား...”

“လွန်ခဲ့တဲ့လအနည်းငယ်က တပည့်တစ်ယောက်ကို ခေါ်သွားတာ သတိရနေတယ်...”

“ဒီကိစ္စကို စုံစမ်းပဲ.. ဘာပဲဖြစ်ဖြစ်၊ ဂိုဏ်းထဲမှာ အခြေတည်ဝိဥာဉ်ကျင့်ကြံသူ သေဆုံးသွားရင် ငါတို့က အကြောင်းပြချက်ပေးရမယ်...”

အဘိုးအိုနှစ်ယောက် စကားပြောနေသော်လည်း စကားအစပ်ဟပ်မတည့်ဘဲ ပြောချင်ရာသာပြောနေတော့သည် ။ ၎င်းတို့နှစ်ဦးစလုံးက အချင်းချင်းမသက်ဆိုင်သော အဖြေများကို ပေးနေကြသကဲ့သို့ပင်။

ထို့နောက် အဘိုးကြီးနှစ်ယောက်၏ နောက်ကွယ်မှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။၎င်းတို့က အဘိုးကြီးနှစ်ယောက်ကို ဦးညွှတ်ပြီးသည်နှင့် ခန်းမထဲက ထွက်လာသည်။

ပုံရိပ်နှစ်ခု ထွက်ခွာသွားသောအခါ ခန်းမအတွင်းရှိ အနည်းငယ်လင်းနေသော ခန်းမက တိတ်ဆိတ်သော အမှောင်ထုကြီးစိုးသွားပြီး ခေါင်းလောင်းသံကို ထပ်မံမကြားရတော့ပေ။ အဘိုးကြီးနှစ်ယောက်လည်း မျက်လုံးမှိတ်ထားလိုက်ကြသည်။

စုမင် ကတော့ သူ့အခန်းထဲပြန်ဝင်ကာ တစ်ရေးတစ်မော အိပ်လိုက်သည်။ မျက်ခွံများတွင် အလင်းတန်းတစ်ခု လင်းလက်လာသည်။

သူ၏ကျင့်ကြံမှုအခြေခံ၏ ဆယ်ပုံခြောက်ပုံတစ်ပုံကို ပြန်လည်ရရှိခဲ့သည်။၊ ဤနေရာက သူ့အတွက် သင့်လျော်သောကြောင့် သူ့ကိုယ်သူထုတ်ဖော်မပြောပါက သူ့အတွက် အကျိုးရှိမည်ဖြစ်သည်။ ထို့အပြင် သူ့စိတ်ထဲမှာ ကြီးမားသောရည်မှန်းချက်ရှိလေသည်။

သူ့ကိုယ်သူ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိနိုင်ခဲ့ပါက မာန်စိတ်ဝိညာဉ်နယ်ပယ်ထဲသို့ ဝင်ရောက်ရန် ဤနေရာနှင့် လောကကြီး၏သိပ်သည်းသောစွမ်းအားကို အသုံးပြုရန် အဆင်သင့်ဖြစ်နေပါပြီ။ အကယ်၍ သူက ဤနေရာကို ထွက်ခွာသွားပါက လောကကြီး၏စွမ်းအားထူထပ်မည့် အခြားနေရာကို ရှာတွေ့ရန် သူ့အတွက် မယုံနိုင်လောက်အောင် ခက်ခဲပေလိမ့်မည်။

သူက မာန်စိတ်ဝိညာဉ်နယ်ပယ်ကို အောင်မြင်စွာချိုးဖျက်ရန် မကြိုးစားဖူးသော်လည်း နဝမမြောက်တောင်ထွဋ်ရှိ သူ့ဆရာကြီးက အကြောင်းအရာတချို့ကို ပြောပြခဲ့သည်။ သူက မာန်စိတ်ဝိညာဉ်နယ်ပယ်ကို အောင်မြင်စွာချိုးဖျက်ခွင့်ရရန် သူ့ကိုယ်သူ ပံ့ပိုးရန် လုံလောက်သောစွမ်းအားရှိ နေရာတစ်ခုကို ရှာဖွေရမည် သို့မဟုတ်ပါက လမ်းတစ်ဝက်တွင် ကျရှုံးသွားမည့် အခွင့်အလမ်း မြင့်မားမည်ဖြစ်သည်။

စုမင်က မာန်စိတ်ဝိညာဉ်နယ်ပယ်သို့ရောက်ရန် မယုံနိုင်လောက်အောင် ခက်ခဲမည်ကို သူသိသည်။ နောက်ဆုံးတော့၊ သူ့ခန္ဓာကိုယ်မှာရှိသော အရိုးအားလုံးက မာန်အရိုးများပင်ဖြစ်သည်။ ထို့ကြောင့်သူစုပ်ယူရန် လောကကြီး၏ စွမ်းအား ထောက်ပံ့မှုကို ရှာရမှာဖြစ်ပြီး ဤနေရာက အသင့်တော်ဆုံးပင်။

ထို့ကြောင့် မလိုအပ်ဘဲ သူ့ကိုယ်သူ ထုတ်ဖော်မပြချင်ပေ။

ထိုအချိန်တွင် သူ့မျက်လုံးထဲတွင် အလင်းရောင် ပျောက်ကွယ်သွားသည်။ သူ့အိမ်အပြင်ဘက် ခြံဝင်းထဲမှာ ပေါ်လာသော ပုံရုပ်နှစ်ခုကို သူ ကောင်းကောင်း ခံစားနိုင်သည် ။ ဤလူနှစ်ဦး၏ ကျင့်ကြံမှု အဆင့်က ကျောက်ချုံးထက် အနည်းငယ် မြင့်မားသည်။ ၎င်းတို့က မာမန်စိတ်ဝိညာဉ်အလယ်လတ်အဆင့်နှင့်ညီမျှသောအဆင့်သို့မရောက်နိုင်သော်လည်း ၎င်းနှင့်အကန့်အသတ်မရှိနီးကပ်နေပြီဖြစ်သည်။

တောင်ပိုင်းအရုဏ်ဦးနယ်မြေ နှင့် နှိုင်းယှဉ်ပါက အရှေ့မြေရိုင်းနယ်မြေတွင်ပိုမိုအားကောင်းသော စစ်သည်တော်များ အများအပြား ရှိပါသည်။ ဤသည်မှာ အရှေ့မြေရိုင်းနယ်မြေများတွင် အင်အားကြီးသော စစ်သည်တော်များ အရေအတွက်က တောင်ပိုင်းအရုဏ်ဦး နယ်မြေက် များပြားနေခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။’

စုမင်က လက်ဖျားတောင်မလှုပ်ဘဲ မျက်လုံးကိုမှိတ်ပြီး အိပ်လေသည်။

ခြံဝင်းထဲမှာ ပေါ်လာသောပုံရိပ်နှစ်ခုက ကျောက်ချူံး၏အိမ်ဆီ တည့်တည့်တိုးဝင်ပြီး တံခါးကိုဖြတ်ပြီး အခန်းထဲကို ရောက်လာသည်။

စုမင်မြင်သော် စိတ်ထဲမှာ အေးစက်စွာ ပြုံးလိုက်သည်။ သူ ဒုတိယအကြိမ် ဂူသို့သွားရခြင်း၏ နောက်ကွယ်တွင် အကြောင်းအရင်း အလုံးစုံက ယခုအချိန်တွင် ဖြစ်မည့်အရာအားလုံးကို ရင်ဆိုင်နိုင်စေရန် ဖြစ်သည်။

ကျောက်ချုံး၏အိမ်မှ ပျောက်ကွယ်သွားသော ပုံရုပ်နှစ်ခုက လှိုဏ်ဂူထဲသို့ ပြောင်းရွှေ့သွားကြောင်း ထင်ရှားသော အရိပ်အယောင်ကို သူ ခံစားနိုင်ခဲ့သည်။

အမွှေးတစ်တိုင်စာ အချိန်ယူပြီးနောက် သူတို့ ပြန်ပေါ်လာလေသည်။ ကျောက်ချုံး ၏အိမ်မှ အမြန်ထွက်ပြီးနောက် ၎င်းတို့က ချက်ချင်းမထွက်ခွာဘဲ စုမင် ၏အိမ်သို့သွားခဲ့သည်။

သူ အိပ်ပျော်နေဟန်ဆောင်ပြီး သူ့အသက်ရှုသံကတောင် ဖြစ်ပျက်နေသည်များကို လုံးဝသတိမထားမိသလိုပင် ဟန်ဆောင်နေလေသည်။ သို့ပေမဲ့ သူ့မှာ နတ်အာရုံက တဖျပ်ဖျပ် ပျံ့နှံ့နေလေသည်။ တစ်ခုခုဖြစ်ခဲ့လျှင် အရေးယူသင့်သလားဆိုတာ ဆုံးဖြတ်နိုင်ပါလိမ့်မည်။

လူနှစ်ယောက်က စုမင်၏ အခန်းနံရံကိုဖြတ်ပြီး အခန်းထဲသို့ ရောက်လာလေသည်။ သူတို့ထဲက တစ်ယောက်က အေးစက်စွာပြုံးပြီး ညာလက်ကို မြှောက်လိုက်ကာ စုမင်၏လည်ချောင်းကို တည့်တည့်တိုးဝင်လိုက်သည်။

စုမငခ၏ ခန္ဓာကိုယ်ကို စိုက်ကြည့်ရင်း တစ်ဖက်လူ၏ မျက်လုံးများက တောက်ပနေကာ သူ့အပြုအမူတိုင်းကို စောင့်ကြည့်နေလေသည်။

သို့သော် အမှန်မှာ၊ လူနှစ်ယောက်သည် စုမင်၏အခန်းထဲသို့ ဝင်ရောက်လာချိန်အထိ တစ်ခဏမျှသာ ကုန်ဆုံးသွားခဲ့သည်။ ထိုအချိန်တွင်၊ ပုံရိပ်တစ်ခု၏လက်ချောင်းတစ်ချောင်းက စုမင်၏လည်ချောင်းကိုထိတော့မည်။

သူတုန်လှုပ်နေပြီး ကြက်သီးများထနေလေသည်။သူ့ခေါင်းကို အမြန်လှည့်လိုက်သည်။ သူ့မျက်တောင်များက တဖျပ်ဖျပ်ခတ်မိတော့မည့်ပုံပင်။ သို့သော် သူ့ပုံစံက ဆယ်ကျော်သက်အရွယ် သို့မဟုတ် အသက် ဆယ့်သုံးနှစ်အရွယ်ကောင်လေးဟုပင် ထင်ရလေသည်။

သို့သော် သူ့နှလုံးသားထဲတွင် သတ်ဖြတ်လိုစိတ်များ ဖုံးကွယ်ထားသည်။ ထိုလူနှစ်ယောက်က သူ့ကို စမ်းသပ်နေလျှင် သူ့ကို လွှတ် ပေးလိမ့်မည်။သို့ပေမဲ့ သူတို့ သူ့ကို သတ်ချင်လျှင် သူတကယ်ပဲ ထပြီး တိုက်ခိုက်ရလိမ့်မည်။

ထိုအချိန်တွင် သူ့မျက်တောင်များ တဖျပ်ဖျပ်ခတ်ပြီး မျက်လုံးဖွင့်ခါနီးတွင် လူ၏လက်ညိုးမှာ ရပ်တန့်သွားလေသည်။စုမင် မျက်လုံးဖွင့်လိုက်သောအခါ ထိုလူက သူ့အဖော်နှင့်အတူ ပြန်သွားနေပြီဖြစ်သည်။

စုမင်၏ မျက်လုံးများတွင် ဖျတ်ခနဲလင်းလက်လာပြီး ၎င်းတို့ကို စိတ်မ၀င်စားတော့ပေ။သူ မျက်လုံးမှိတ်ပြီး ဆက်အိပ်လိုက်သည်။

မကြာခင်မှာပဲ စုမင်ကို စမ်းသပ်ခဲ့သော လူနှစ်ယောက်က နတ်ဆိုးဝိညာဥ်ဂိုဏ်း၏

တောင်ထိပ်မှာ တည်ရှိသော အနက်ရောင်ခန်းမထဲရှိ အဘိုးအိုနှစ်ယောက်၏ နောက်မှာ ပေါ်လာခဲ့သည်။

သို့သော် သူတို့နှစ်ဦးက အမှောင်ထုနှင့် ရောနှောနေသောကြောင့် ၎င်းတို့ကို မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

“အရင်က ကျောက်ဂူထဲမှာ ကျောက်ချုံး စုပ်ယူထားတဲ့ သူ့တပည့်တွေရဲ့ အလောင်းခြောက်တွေ အားလုံးဟာ ပြာအဖြစ် ပြောင်းလဲသွားတယ်..ပြီးတော့ သူ့ရဲ့ မူလအလောင်းကို မြှုပ်နှံထားပါတယ်”

“သူ့ရဲ့ သိုလှောင်အိတ်က ပတ်ပတ်လည်မှာ ရှိပြီး တခြားပစ္စည်းတွေလည်း ရှိနေပါသေးတယ်.. တစ်လုံးမှ မပျောက်ပါဘူး..”

“ဂူထဲမှာ တခြားဘယ်သူ့ ခြေရာမှ မတွေ့ဘူး.. တိုက်ခိုက်တာ ဒါမှမဟုတ် တိုက်ခိုက်ထုတ်တဲ့ အရိပ်အယောင်တောင် မရှိဘူး..”

“တည်နေရာရွေ့ပြောင်းခြင်းမှော်အစီအရင်ကို ကြည့်ရင်လည်း ကျုပ်တို့ရှေ့မှာတစ်ကြိမ်ပဲအသက်သွင်းထားတာတွေ့တယ်.. တစ်ယောက်ယောက် ဝင်သွားပေမယ့် ဘယ်သူမှ ထွက်မလာဘူး”

“လွန်ခဲ့တဲ့ ရှစ်လလောက်က ကျောက်ချုံး တပည့်တစ်ယောက်မွေးခဲ့တာကို ကျုပ်တို့လည်း စုံစမ်းခဲ့ပါတယ်..ဒီကလေးဟာ သေမျိုးဖြစ်ပြီး အထီးကျန်ဆန်လွန်းတယ်. လွန်ခဲ့တဲ့ ရှစ်လလောက်ကတည်းက သူ့အခန်းထဲက ထွက်လာတဲ့ အရိပ်အယောင်တွေ မပြခဲ့ပေမဲ့ သူ့အထဲမှာ အသက်စွမ်းအားတွေ အများကြီးရှိတယ်…”

“ဒီကလေးကို တောင်ပေါ်ကို ခေါ်ဆောင်လာတဲ့ တပည့်တွေကို ကျုပ်တို့ မေးထားပါတယ်.. သူတို့ရဲ့ သတင်းတွေက ပုံမှန်ပါပဲ.. ထူးထူးခြားခြား ဘာမှ မတွေ့ခဲ့ရသလို ကလေးနဲ့ ပတ်သက်ပြီးတော့လည်း သံသယ မရှိခဲ့ကြပါဘူး..”

“အပြင်ဂိုဏ်းရဲ့ တောင်တံခါးမှာရှိတဲ့ စပါးအုံးကိုလည်း ကျုပ်တို့ မေးပြီးပြီ.. ဒီကလေးအပေါ် လေးနက်တဲ့ စိတ်ထားမျိုး မရှိပါဘူး...”

“လွန်ခဲ့တဲ့ ရှစ်လလောက်က ဒီကောင်လေးက တောင်ပေါ်တက်သွားတုန်းက ရက်စက်ကြမ်းကြုတ်တဲ့ စိတ်ဝိဥာဉ်တွေရဲ့ ထူးဆန်းတဲ့ အမူအကျင့်ကိုလည်း စုံစမ်းခဲ့ပါတယ်...ကျုပ်တို့ရဲ့ စုံစမ်းစစ်ဆေးမှုများအရ ရှန်ဟန်က သူ့တာဝန်အရ အစာကျွေးဖို့သွားခဲ့တာပါ.. “

ပုံရိပ်နှစ်ခုက တစ်ယောက်ပြီးတစ်ယောက် စကားပြော လေသည်။ သူတို့အသံများတွင် သူတို့ကိုယ်ပိုင် အတွေးထည့်မထားပေ။ သူတို့ ရှာဖွေတွေ့ရှိထားသည်များကိုသာ အစီရင်ခံတင်ပြသည်၊ အဘယ်ကြောင့်ဆိုသော် တရားစီရင်ရန် ၎င်းတို့၏ တာဝန်၏ မပါဝင်သောကြောင့် ဖြစ်သည်။

ခန်းမကြီးက တိတ်ဆိတ်နေလေသည်။ အချိန်အတော်ကြာပြီးနောက် အသံဟောင်းတစ်ခု ထွက်ပေါ်လာသည်။

“သူ့မှာ အသက်စွမ်းအင်တွေ ပြည့်လျှံနေတာက ပုံမှန်ပါပဲ.. ကျောက်ချုံးက ကလေးကို စိတ်ဝိညာဉ်အမြုတေ‌တွေ အများကြီး ပေးခဲ့တာ...”

“အလောင်းခြောက်တွေဟာ ကျောက်ချုံးရဲ့ အလောင်းကို မြှုပ်နှံဖို့ ပြာတွေအဖြစ် ပြိုကွဲသွားခဲ့တယ်... ကြည့်ရတာ တစ္ဆေတစ်သောင်းတာအို ကျင့်သူတိုင်း ခံစားရမယ့် ကံကြမ္မာပဲ...”

“ဒါက ကောင်လေးနဲ့ ဘာမှမဆိုင်ပါဘူး... သူ့ကို စစ်ဆေးမေးမြန်းဖို့ စစ်ဆေးခြင်းခန်းမကို သွားခိုင်းပါ.. သူ့မှာ ဘာအမှားအယွင်းမှ မရှိဘူးဆိုရင်တော့ သူ့ကို ထပ်ပြီး မနှောင့်ယှက်ပါနဲ့တော့...”

“ကလေးမှာ ဘာပြဿနာမှ မရှိရင်တောင် ပြင်ပဂိုဏ်းမှာ မနေနိုင်ပါဘူး... သူ့ကို အလုပ်သမားန်းမှာ ထားခိုင်းလိုက်.. ဒီကိစ္စက ဒီမှာ ပြီးသွားပြီ..”

ခန်းမအတွင်းရှိ အသံအိုများက ကျောက်ချုံးသေဆုံးခြင်းမှ ဖြစ်ပေါ်လာသော အဖြစ်အပျက်များကို စုံစမ်းစစ်ဆေးမှုကို အဆုံးသတ်ခဲ့ပြီး ခန်းမက တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့သည်။

နောက်တစ်နေ့မနက်ရောက်သောအခါ စုမင်ကို အပြင်ဂိုဏ်းတပည့်တစ်ဦးမှ ခေါ်ထုတ်ပြီး နတ်ဆိုးဝိညာဥ်ဂိုဏ်းအနီး ကျယ်ဝန်းသော နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာမှာ နှစ်ထပ်အိမ်တစ်လုံးရှိလေသည်။

ပြင်ပဂိုဏ်းမှ တပည့်က စုမင်ကို ဤနေရာသို့ အပ်လိုက်သည်နှင့် တစ်ဖန် ပြန်လှည့်ထွက်သွား၏။

“ဝင်ခဲ့လေ…” အမျိုးသမီး၏ အေးစက်စက်နှင့် ကွဲအက်နေသောအသံက နှစ်ထပ်အဆောက်အအုံမှ အသံထွက်လာသည်။

All Chapters