ဂျုနီယာညီလေးချန်..မင်းဘယ်သွားနေတာလဲ...
Vol. 44 Ch. 606
ဤနေရာရှိ လောကကြီး၏ စွမ်းအားက အခြားနေရာများထက် အလွန်သိပ်သည်းလွန်းသည်။ တောင်ပေါ်ရှိစွမ်းအားအမြောက်အမြားကို ဤနေရာသို့ အတိအကျ ပို့လိုက်သကဲ့သို့ပင်။
ထို့ကြောင့် ဤနေရာနှင့် ပတ်သက်သည့် ခံစားချက်က တခြားနေရာများနှင့် လုံးဝမတူပေ။
ထိုအသံက စုမင်၏ နားထဲသို့ စိမ့်ဝင်သွားသည်နှင့် တပြိုင်နက် သူ့တစ်ကိုယ်လုံးကို ပြည့်နှက်နေသော ဖော်မပြနိုင်သော နွေးထွေးမှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ သူ့မျက်နှာတွင် မင်သက်နေသော အမူအရာ ပေါ်လာသည်။
သူ့အသက်ဝိညာဉ်ဆုံးရှုံးသွားသကဲ့သို့ မင်သက်နေသောပုံစံနှင့် ရှေ့ကိုဆက်လျှောက်လာလေသည်။ထို့နောက် တံခါးကိုတွန်းဖွင့်ပြီး နှစ်ထပ်အိမ်ထဲကို လှမ်းဝင်လိုက်သည်။သူ့ရှေ့မှာတော့ ရုပ်တုတစ်ခုရှိလေသည်။
ဤရုပ်တုက ကြီးကြီးမားမားမဟုတ်ပဲ ကြာနက်ပေါ်တွင် ထိုင်နေသည့် အမျိုးသမီးတစ်ဦးကို ပုံဖော်ထားသည်။ သူမက ဆံပင်ရှည်ပြီး မယုံနိုင်လောက်အောင် လှပသည်။ သူမ မျက်လုံးမှိတ်ထားလိုက်သည်နှင့် သန့်ရှင်းသောလေထုက တောင်ပေါ်ရှိ အာဃာတများ ပြည့်နှက်နေသည့် လေထုကို ကွယ်ပျောက်သွားစေသည်။
သို့သော်လောကကြီး၏ စွမ်းအားက ရုပ်တုကို ဗဟိုပြု၍ လည်ပတ်နေသကဲ့သို့၊ ၎င်းက ဤနေရာသို့ အဆက်မပြတ် အားကောင်းလာကာ ရုပ်တုဆီသို့ အရှိန်မြှင့်လာသည်။
စုမင်က မင်သက်ငေးမောနေသော မျက်နှာဖြင့် ရုပ်တုကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးများက ဗလာနတ္ထိဖြစ်နေလေသည်။
“ထိုင်ပါ..”
နူးညံ့သိမ်မွေ့သော မိန်းမဆန်သော အသံက နောက်တစ်ကြိမ် ပျံ့လွင့်လာသည်။ စုမင်က ရုပ်သေးရုပ်ကဲ့သို့ ဖြည်းညှင်းစွာ ထိုင်ချလိုက်သည် ။ သူ၏ အမူအရာက သူ့ခန္ဓာကိုယ်နှင့် မမျှသောကြောင့် မြင်သူတိုင်း သတိလစ်မေ့မြောသွားစေသည်။
“မနေ့ညက ဘာဖြစ်တာလဲ.”
နူးညံ့သိမ်မွေ့သော အသံက စုမင်၏ နားထဲတွင် တုန်ခါသွားသည် ။ ၎င်းက သူ့ကို မယုံနိုင်လောက်အောင် ကြင်နာပြီး ရင်းနှီးသော ခံစားချက်ကို ပေးစွမ်းပြီး ဖော်ရွေလေသည်။ သူ့အား ခုခံမှုပုံစံအားလုံးကို ဆုံးရှုံးစေခဲ့သကဲ့သို့ စုမင်က ထိုအသံနှင့်အတူ ဗလုံးဗထွေးပြောနေတော့သည်။
မေးခွန်းများမေးသည့်အခါ သူ့နောက်မှာ လူတစ်ယောက် ပေါ်လာပြီး အချိန်ဘယ်လောက်ကြာသွားမှန်းမသိပေ။ အဘွားကြီးတစ်ယောက်ဖြစ်ပြီး သူ့မျက်နှာမှာ အရေးအကြောင်းများနှင့် ပြည့်နှက်နေလေသည်။ သူမက ရုပ်ဆိုးနေပုံရသော်လည်း ထိုနူးညံ့သိမ်မွေ့သော အသံသည် သူမ၏ပါးစပ်မှ ထွက်ပေါ်လာသည်။
သူမက စုမင်ကို အေးစက်သော မျက်လုံးများနှင့်ကြည့်ပြီး သူမ၏ နူးညံ့သိမ်မွေ့သော အသံနှင့် ကြီးမားသော ဆန့်ကျင်ဘက်ဖြစ်သည်။ မတူကွဲပြားသော လူနှစ်ယောက်နှင့် ဆက်ဆံနေရသကဲ့သို့ပင်။
“ပြန်စဉ်းစားကြည့်ပါ.. မင်း တစ်ခုခု မေ့ နေတာလား”
သူမက ညင်သာစွာပြောပြီး သူမခေါင်းမှ ဆံချည်တစ်မျှင်ကိုနှုတ်ကာ စုမင်၏ခေါင်းရှေ့တွင် ထားလိုက်သည်။ ထို့နောက် သူမက ဆံချည်မျှင်ကို စုမင် ဦးခေါင်းခွံအပေါ်သို့ ကျသွားစေလေသည်။ထို့နောက် ၎င်းက သူ့ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း ရောနှောသွားပြီး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
စုမင်က အချိန်ကို မေ့သွားသကဲ့သို့ သူမမေးသမျှကို တိုးတိုးလေးဖြေလိုက်သည်။ ကြည်ဖြူညင်သာသောအသံက သူထွက်သွားနိုင်သည်ဟု ပြောသောအခါမှသာ စုမင် မတ်တပ်ထရပ်ကာ အဆောက်အဦးထဲမှ ထွက်လာခဲ့သည်။
စုမင် ထွက်သွားပြီး သူ့အိမ်ပြန်ရောက်မှပင် သူ့မျက်လုံးထဲမှာ ယစ်မူးနေ သောအမူအရာများ ပျောက်သွားပြီး အေးစက် သောအကြည့်များနှင့် အစားထိုးလိုက်သည်။
‘စိတ်ညှို့ပညာ...’
စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူ့ညာလက်ကို မြှောက်လိုက်ပြီး ခေါင်းထိပ်ကို ဖိလိုက်သည်။ ထို့နောက် ခေါင်းပေါ်မှ အဖြူရောင် ဆံချည်မျှင်တစ်ချောင်း ပြုတ်ကျကာ လက်ကို ဆုပ်ကိုင်လိုက်သည်။
ထိုဆံချည်ကို စိုက်ကြည့်ရင်း နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ရုတ်တရက်ပေါ်လာသည်။
‘အဘွားကြီးရဲ့ နေရာက မဆိုးပါဘူး… အဲဒီ့နေရာ စွမ်းအားရဲ့ သိပ်သည်းဆက ဒီမှာ သိပ်သည်းဆထက်ကို သာလွန်နေတယ်… အဲလိုနေရာမျိုးက တောင်ပေါ်မှာ များများစားစားမရှိဘူး...”
“ငါ့ဒဏ်ရာတွေကို ကုစားပြီး မာန်စိတ်ဝိညာဉ်နယ်ပယ်ကိုရောက်ဖို့ ငါ့အတွက် ပြီးပြည့်စုံတဲ့နေရာပဲ...”
သူ့လက်ထဲက အဖြူရောင်ဆံချည်ကို စိုက်ကြည့်ရင်း စုမင်၏ မျက်လုံးများက တောက်ပနေလေသည်။ ထိုအမျိုးသမီးက သူ့ကို ဆက်ပြီး စောင့်ကြည့်နေရန် ချန်ထားခဲ့ခြင်းပင်ဖြစ်သည်။
စုမင်က သူ့လက်ထဲမှာ ကိုင်ထားလိုက်ပြီး ထိုအဘွားကြီးကို ထိန်းချုပ်ရန် သူ့အတွက် လက်နက်တစ်ခုအဖြစ် ဖန်တီးနိုင်ခဲ့သည်။
‘ငါ့အတွက် အလျင်စလိုလုပ်စရာ မလိုဘူး...’
စုမင်က ထိုဆံပင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မြက်ပင်ကဲ့သို့ သဘောထားပြီး ကျစ်ထုံးလုပ်ခဲ့သည်။
သူ ထိုသို့လုပ်လိုက်သည်နှင့် စုမင်၏ အိမ်နှင့်အလှမ်းဝေးသော နှစ်ထပ်တိုက်မှာ တင်ပျဉ်ခွေထိုင်နေသော အဘွားကြီးက သူမ၏ကနဦးကျင့်ကြံမှု အနည်းငယ်ပြောင်းလဲနေသည်ကို တွေ့လိုက်ရသည်။
သူမ ရုတ်တရက် မျက်လုံးများပွင့်လာပြီး သူမခန္ဓာကိုယ်ကို ဂရုတစိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူမမှာ အမှားအယွင်းမရှိပေ။ထို့နောက် သူမ တိတ်ဆိတ်စွာ မျက်စိမှိတ်ထားလိုက်သည်။
သူမက စုမင် ပြောသမျှကို မှတ်တမ်းတင်ထားသည့် ကျောက်စိမ်းပြားကို ပြစ်ဒဏ်ခန်းမကို ပေးထားပြီးဖြစ်သည်။ ထိုကိစ္စက သူ့ကိစ္စမဟုတ်တော့ပေ။
သုံးရက်ကြာ တိတ်ဆိတ်သွားပြီးနောက် စုမင်က သက်ပြင်းချကာ ရှစ်လကြာအောင် သူနေထိုင်ခဲ့သည့် ခြံဝင်းထဲမှ ထွက်လာခဲ့သည်။ ကျောက်ချုံး ကွယ်လွန်ပြီးကတည်းက သူ့ကို ပြင်ပဂိုဏ်းမှ နှင်ထုတ်ပြီး နတ်ဆိုးတောင်ခြေသို့ ပို့ဆောင်ရန် အမိန့်ပေးခဲ့သည်။ ထိုနေရာက ပြင်ပဂိုဏ်းတပည့်ဝင်ရန် အခွင့်မရှိသော အလုပ်သမားများနှင့် တပည့်များအားလုံး တည်းခိုရာနေရာဖြစ်သည်။
သူ့ကို ခေါ်ဆောင်လာသူတွေကတော့ ကျန်းရမ်နဲ့ ကျိုးရှင်းရွင်း တို့ပင် ဖြစ်သည်။ စုမင်၏ကိစ္စကြောင့် စုမင်နှင့်ပတ်သက်သော သူတို့၏အမှတ်တရများ လုံးလုံး ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်တွင် သူတို့၏မျက်နှာများက စိတ်မရှည်ခြင်းများဖြင့် ပြည့်နှက်နေလေသည်။ တောင်ခြေရှိ ကိစ္စအားလုံးကို စီမံကွပ်ကဲသည့် ခန်းမဆောင်သို့ စေလွှတ်လိုက်ရာ အထဲမဝင်ဘဲ လျင်မြန်စွာ ထွက်ခွာသွားကြသည်။
တောင်ခြေရှိ ခန်းမတာဝန်ခံမှာ မျောက်နှင့် ခပ်ဆင်ဆင်တူသော ရုပ်ဆိုးမျက်နှာနှင့် ပိန်ပိန်လူလတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်သည်။ သူက စုမင်ကို စေ့စေ့စပ်စပ်ကြည့်နေလေသည်။သူက ဤခန်းမတွင် နှစ်ပေါင်းများစွာ နေခဲ့သည်။ ယခင်က ပြစ်ဒဏ်အဖြစ် ဤနေရာသို့ ပို့ဆောင်ခံခဲ့ရသော အပြင်စည်းတပည့်များနှင့် တွေ့ဆုံခဲ့သော်လည်း ထက်ဝက်ခန့်မှာ မကြာမီ ပြန်သွားကြမည်ဖြစ်သည်။
ထို့အတွက်ကြောင့် ဤလူများကို ပြန်သွားရန် အခွင့်အလမ်း တစ်ဝက်မျှသာ ရှိသော်လည်း သူက ၎င်းတို့ကို အနှောက်ယှက်မပေးချင်ပေ။အကယ်၍ တစ်နှစ်ကြာပြီးမှ သတင်းမထွက်သေးလျှင် သူ့သဘောထားကို အလိုလို ပြောင်းလဲသွားလိမ့်မည်။
ယခုမူ သူက သူ့မျက်နှာပေါ်တွင် အပြုံးပန်ဆင်ထားပြီး စုမင်ဆီသို့ အရိုသေပေးဟန်ပြုလိုက်သည်။
“ကျုပ်က ချမ့်ချန် ပါ.. မင်းက ချန်စု ဖြစ်ရမယ် ဟုတ်လား.. ညီလေးချန်.. စိတ်မပျက်ပါနဲ့...အားလပ်ရက်ယူဖို့ ဒီကိုပို့လိုက်တာလို့ပဲ တွေးလိုက်ပါ...မင်း မကြာခင်ပြန်နိုင်မယ်လို့ ငါယုံကြည်တယ်.. ဒါနဲ့ ကျွန်မိန်းခလေးတွေကို စီမံဖို့ ရာထူးပေးပေးဖို့ လိုအပ်သလား.. ဒါမှမဟုတ် အပြင်ကနေ ကျုပ်တို့ရဲ့ ပစ္စည်းတွေကို ကြီးကြပ်ချင်လား...”
“ဒါမှမဟုတ် မင်းက ဝိညာဉ်ကျောက်တုံးတွေ ဖြန့်ပေးမယ့် အရာရှိချင်လား.. မင်းတောင်းသမျှ မင်းလိုချင်သမျှ ရာထူးပေးမယ်..”
ချမ့်ချန်က ရင်ဘတ်ကို ပွတ်သပ်ပြီး ကျွန်မိန်းကလေးများကို စီမံခန့်ခွဲရန် ရာထူးအကြောင်းပြောသောအခါ စုမင်က ပြုံးပြ လေသည်။
“အစေခံမိန်းကလေးတွေကို စီမံခန့်ခွဲရတာဟာ ပညာတစ်ခုပဲ.. မင်းသူတို့ကို မင်းစကားနားထောင်အောင် ဘယ်လိုလုပ်ရမလဲ.. ဒီအကြောင်းကို လေ့လာစရာတွေ အများကြီးရှိပြီး အဲဒီအရာအများစုကို မင်းအရင်ဆုံးလေ့လာဖို့ လိုလိမ့်မယ်...ဂျူနီယာညီလေးချန် မင်းလုပ်နေတာ မှန်တယ် လို့ ခံစားရရင် မင်း မှန်တယ်...”
“ဒါက အရမ်းအရေးကြီးတဲ့ ရာထူးဖြစ်ပြီး ကိုယ်ကျိုးမဖက်ဘဲ စေတနာထားဖို့ လိုအပ်တဲ့ ရာထူးတစ်ခုပါ.. မင်း ဒီရာထူးကို ရယူနိုင်မယ်လို့ ယုံကြည်ပါတယ်..”
“အပြင်လောကက ဝယ်လက်တွေကို စီမံခန့်ခွဲတဲ့ ရာထူးလည်းရှိတယ်.. ဖြောင့်မှန်တဲ့လူသာ အဲ့နေရာကို ရတာ.. တောင်ပေါ်မှာ လူတွေ အများကြီပဲ..သူတို့ရဲ့ စားဝတ်နေရေး နဲ့ အသောက်အစားကို ဂရုစိုက်ဖို့က ကြီးလေးတဲ့ တာဝန် ဖြစ်နေပါပြီ... သူတို့ရဲ့ နေထိုင်ရေးကို တာဝန်ယူတဲ့သူက မကြောက်မရွံ့ဖြစ်ရမယ်.. ဘယ်လောက်ပဲ ဈေးကြီးနေပါစေ ဒီပစ္စည်းကို သူဝယ်နိုင်ရမယ်...”
“ အခုချိန်ထိကျုပ်က ဝိညာဉ်ကျောက်တုံးတွေ ဖြန့်ချီရေးမှာ တာဝန်ယူနေတယ်၊ ဒါပေမယ့် ဒီနေရာက ပိုလို့တောင် ဒုက္ခရောက်တယ်..မင်း ဒါကို သိပ်မစဥ်းစားနဲ့...”
ချမ့်ချန်က ဆက်ပြောပြီး စုမင်၏ အမူအရာကို အကဲခတ်ကြည့်နေလိုက်သည်။ အခုချိန်ထိ ကလေး၏ နောက်ခံကို မပြောနိုင်သေးဘဲ ဝိညာဉ်ကျောက်တုံးများ ဖြန့်ဝေသည့်ရာထူးကိုတောင်းဆိုမှာ သူအစိုးရိမ်ဆုံးပင်။
ထို့ကြောင့် စုမင်က ကျောက်တုံးဖြန့်ဝေသည့်ရာထူးကို စိတ်ဝင်စားလားကို စမ်းသပ်ရန် ရည်ရွယ်ချက်နဲ့ ပြောခဲ့လေသည်။ ထိုအချိန်တွင် သူ၏သေးငယ်စူးရှသော မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် တောက်ပနေပြီး ပြုံးနေလေသည်။
ဤသူက အားနည်းသူကိုအခွင့်ကောင်းယူ၍ သန်မာသောသူကို ပါးနပ်စွာ ကိုင်တွယ်နိုင်သူဖြစ်သည်။ သူက လိမ္မာပါးနပ်သူဖြစ်သော်လည်း တစ်စုံတစ်ဦးနှင့် ရန်စပြုလာသောအခါတွင် ဒေါသဖြစ်တတ်သည်။ စုမင်က ချမ့်ချန်ကို တစ်ချက်ကြည့်လိုက်သည်။ သူ့ရဲ့ အတွေ့အကြုံအရတော့ ထိုလူ၏စရိုက်ကို သိနှင့်လေသည်။
“ဂျူနီယာညီလေးချန်.. မကြာသေးခင်ကမိန်းကလေးတချို့တောင် တောင်ပေါ်ကို ခေါ်ဆောင်သွားခံခဲ့ရတယ်..အင်မော်တယ်တွေကြားမှာ သူတို့ရဲ့ကံကြမ္မာလက်တွဲဖော်ကိုရှာဖို့လေ.. ... အဟမ်း၊ သူတို့ထဲက တစ်ယောက်က တော်တော်လှတယ်... ငါဘာတွေပြောနေတာလဲဆိုတာ မင်းသိပါတယ်..မင်းကို.သူမကိုတွေ့ဖို့လိုက်ပြမယ်..”