ဆံချည်ကျစ်ထုံး
Vol. 44 Ch. 608
စုမင် ရွေးချယ်သောနေရာက အပြင်ဂိုဏ်းနှင့် နီးစပ်သော်လည်း အမှန်တကယ်တွင် ၎င်းက တောင်၏နောက်တွင် တည်ရှိပြီး ဆိတ်ငြိမ်သောနေရာတစ်ခုဖြစ်သည်။ လူအနည်းငယ်သာ ထိုနေရာကို ပုံမှန်သွားကြသည်။ ထိုနေရာတွင် ရိုးရိုးအိမ်တစ်လုံးရှိပြီး ပေါင်းပင်များဖြင့် ဝန်းရံထားသည်။ ရှင်းနေသည်မှာ မည်သူမျှ ထိုနေရာကို အချိန်အကြာကြီးသန့်ရှင်းရေးမလုပ်သောကြောင့် အနှောက်အယှက်မရှိခဲ့ပေ။
ဤနေရာရှိ လောကကြီး၏ စွမ်းအားက သိပ်သည်းမှု မရှိဘဲ ယခင်က စုမင်နေခဲ့သည့် ဝင်းအတွင်း သိပ်သည်းမှုနှင့် မနှိုင်းယှဉ်နိုင်ပေ။ စုမင်ကို စိတ်ညို့ခဲ့သော နှစ်ထပ် အဆောက်အဦးက ၎င်းနှင့် အလှမ်းဝေးသေးသည်။
သို့သော် ဤနေရာက တိတ်ဆိတ်နေပြီး နှစ်ထပ်အဆောက်အအုံနှင့်လည်း နီးပါသည်။ တကယ်တော့ အိမ်အပြင်မှာ ရပ်ပြီး ခေါင်းကိုမော့ကြည့်လိုက်လျှင် တောင်၏အလယ်ခေါင်မှာ ရှိနေသော အဆောက်အဦးပုံရိပ်ကို ယောင်ဝါးဝါး မြင်နိုင်သည်။
စုမင်က သူ့ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီး ထိုနေရာကို အနည်းငယ် ကျေနပ်နေမိသည်။ မူလက ချမ့်ချန်မှာ သန့်ရှင်းရေးလုပ်ရန် တစ်စုံတစ်ဦးကို စေလွှတ်လိုသော်လည်း စုမင်က သူ့ကို တားဆီးခဲ့သည်။ ၎င်းဧရိယာကို မူလအခြေအနေအတိုင်း ထိန်းသိမ်းထားရန် လိုလားသောကြောင့် ၎င်းကို ပို၍ပင် အထီးကျန်ဆန်စေမည်ဖြစ်သည်။
ချမ့်ချန်က နေဝင်ပြီးသည့်တိုင် ထက်မြက်သော အပြုံးဖြင့် စုမင် ၏နောက်သို့ လိုက်ကာ သူ့ကျန်းမာရေးအကြောင်းနှင့် ကျွန်မိန်းကလေးများ လိုအပ်နေသလားဟုပင် မေးသည်။ စုမင် ငြင်းလိုက်သော်လည်း ချမ့်ချန်က ဆက်လက်ပြုံးနေသေးသည်။ နေဝင်ရီတရောရောက်သောအခါတွင် စုမင်က ပင်ပန်းနွမ်းနယ်ဟန်ပြမှသာ ချမ့်ချန်က အရိုအသေပြုကာ နှုတ်ဆက်ခဲ့သည်။
ချမ့်ချန်၏ အတွေးများနှင့် ခံစားချက်များကို လောလောဆယ် ဖော်ပြမည်မဟုတ်ပေ။ နေဝင်ရီတရော ကုန်ဆုံးသွားသည်နှင့် ကောင်းကင်က တဖြည်းဖြည်း မှောင်လာသောအခါ စုမင် သူ့အခန်းထဲတွင် မနေတော့ပေ။ ယင်းအစား သူ အိမ်နံရံကို မှီပြီး ကောင်းကင်ကို မော့ကြည့်ရင်း အပြင်မှာ ထိုင်နေလိုက်သည်။
ထိုအချိန်က ဆောင်းရာသီဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပေါင်းပင်များက နှင်းဖြူများဖုံးလွှမ်းနေခဲ့သည်။ တကယ်တော့ ကောင်းကင်ကနေ နှင်းမှုန်လေးများ တဖွဲဖွဲ ကျနေခဲ့သည်။ စုမင်၏မျက်လုံးများရှေ့တွင် နှင်းပွင့်တစ်ပွင့်ကျလာပြီး ၎င်းကိုဖမ်းရန် သူ့လက်ကို မြှောက်လိုက်သည်။ သူ့လက်ဖဝါးများ အရည်ပျော်သွားသကဲ့သို့ အေးစက်သွားလေသည်။
‘နှင်းပွင့်တွေ မြေကြီးပေါ်မှာ အရည်ပျော်နေတယ်ဆိုရင် ဒါက နှင်းပွင့်တွေရဲ့ ကံကြမ္မာလို့ သတ်မှတ်လို့ ရမလား...”
ထိုအချိန်တွင် စုမင်၏ကနဦးကျင့်ကြံမှု စိုဆယ်ပုံခြောက်ပုံခန့်ကို ပြန်လည်ရရှိပြီးဖြစ်သော်လည်း အပြည့်အဝပြန်လည်ကောင်းမွန်ရန် လိုအပ်နေသေးသည်။ သူ၏ ခန့်မှန်းချက်များအရ သူက နှစ်ထပ်အိမ် မသွားပါက၊ သူ့ပုံစံ၏ အထွတ်အထိပ်သို့ ပြန်မလာနိုင်မီ အနည်းဆုံး ဆယ်နှစ် လိုအပ်မည်ဖြစ်သည်။ သူက ဤနေရာတွင် လေ့ကျင့်ခြင်း သို့မဟုတ် အပြင်ဘက်ရှိ ဝင်းအတွင်း၌ပင် လေ့ကျင့်နေမည်ဆိုပါက သိပ်အကျိုးမသက်ရောက်ပေ။
အစပိုင်းတွင် ပြန်လည်ကောင်းမွန်လာခြင်းသည် လျင်မြန်သော်လည်း သူကျင့်ကြံလာသည်နှင့်အမျှ တိုးတက်မှုများက ပိုမိုခက်ခဲလာပါသည်။ သူ၏ကနဦးကျင့်ကြံမှု၏နောက်ဆုံးလေးပုံက ယခင်ခြောက်ခုနှင့် နှိုင်းယှဉ်ရန်ပင် မျှော်လင့်နိုင်သည့် အရာမဟုတ်ပေ။
“ငါ အဲဒီနှစ်ထပ်အိမ်ကို သွားရမယ်...’
စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူ့လက်ကို ဖြောင့်လိုက်သောအခါတွင် သူ၏လက်ဖဝါးပေါ်တွင် ဆံပင်ဖြူများ ပေါ်လာသည်။
ထိုဆံပင်ပေါ်တွင် ကျစ်ထုံး ပြုလုပ်ထားသည်။ စုမင်က သူ့အဖေသင်ပေးခဲ့သည့်အတိုင်း ကျစ်ထုံးအတွင်းပါရှိသော ခံစားချက်ကို တိတ်တဆိတ်ရှာဖွေရန် ကျစ်ထုံးကို သူ့ညာလက်ကို ပေါ်တင်လိုက်သည်။ထို့နောက် သူ့မျက်လုံးများကို တဖြည်းဖြည်းမှိတ်လိုက်သည်။
အချိန်တွေကုန်ဆုံးပြီး မကြာခင် အပြင်မှာ အမှောင်ထုကြီးကြီးစိုးသွားလေသည်။ ကောင်းကင်ကနေ နှင်းတွေ ပိုကျလာသည်။ လမ်းကို နှင်းများက ပိတ်ဆို့ကာ အမှောင်ထဲတွင် ရှေ့ကိုလုံးဝမမြင်ရတော့ပေ။
စုမင်က အပြင်ဘက်တွင် ထိုင်ကာ သူ့အိမ်ရှေ့သို့ ဆက်၍ မှီနေခဲ့သည်။ ရှည်လျားပြီး ဖြူဖွေးနေသော ဆံပင်ကြိုးများက သူ့လက်ချောင်းများကြားတွင် မွှေးကြိုင်သော မွှေးရနံ့များ ထွက်လာသည်။ အမှောင်ထဲမှာ ဆက်ကိုင်ထားရင်း မွှေးရနံ့ကို ကိုင်ထားသကဲ့သို့ ခံစားလိုက်ရသည်။
စကားတစ်ခွန်းမှ မပြောဘဲ တစ်ညတာ ကုန်လွန်သွားသည်... စုမင်က ကျစ်ထုံးမှတ်တမ်းများအတွင်းမှ အဖေပြောခဲ့သည့် ခံစားချက်ကို ရှာ ဖွေရင်း စွဲစွဲလန်းလန်း နစ်မြုပ်နေခဲ့သည်။
စုမင်က ကျိန်စာတိုက်ရန် မရည်ရွယ်ပေ။သို့သော် မည်သူ့ကိုမျှ ကောင်းချီးမပေးခဲ့ပေ။ သူက တစ်စုံတစ်ယောက်၏စိတ်ကို ထိန်းချုပ်ရန် ရည်မှန်းရန် ကြိုးစားနေခဲ့သည်။ ထိုဆံပင်များပေါ်မှာ ကျစ်ထုံးထပ်ဖန်တီးသည့်အခါ အရုပ်အဖြစ်ပြောင်းသွားပြီး သူ့ ၏စွမ်းအားနှင့် အဘွားကြီးဧ။်စိတ်ကို ထိန်းနိုင်လိမ့်မည်။
တစ်စုံတစ်ယောက်၏စိတ်ကို ထိန်းချုပ်ခြင်းက ထိုလူကို ရုပ်သေးအဖြစ် တည်ရှိစေမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့်စုမင်က နှစ်ထပ်အဆောက်အအုံအတွင်းသို့ မည်သူမှသတိမထားမိဘဲ အချိန်အတော်ကြာအောင် လေ့ကျင့်လေ့ကျင့်နိုင်မည်ဖြစ်သည်။
သူ၏ စွမ်းအားကို အသုံးပြု၍ တိုက်ခိုက်ရန် စိတ်ကူးခဲ့ဖူးသော်လည်း ယခုအချိန်တွင်သူ၏ ကနဦးကျင့်ကြံမှု အခြေခံ အပြည့်အဝ ပြန်လည် မရရှိသေးပေ။ ထို့အတွက်ကြောင့် သူ့အတွက် အဆင်မပြေမှုများစွာ ရှိခဲ့သည်။ ထို့အပြင် သူက မာန်စိတ်ဝိညာဉ်နယ်မြေ သို့ရောက်ရှိရန် အဆောက်အအုံကို အသုံးပြုရန် စိတ်ကူးထားပြီး သူ့ကို ကာကွယ်ရန် လူတစ်ဦး လိုအပ်နေသည်။
အဘွားကြီးကို ထိန်းချုပ်နိုင်လျှင်င် သူလိုချင်တာမှန်သမျှကို တစ်ချက်တည်းနှင့် ရနိုင်လိမ့်မည်။
မနက်မိုးလင်းသော် စုမင်၏ မျက်လုံးများ ပွင့်လာပြီး ဉာဏ်အလင်းပွင့်သွားသည်။ မဆိုင်းမတွဘဲ ဆံပင်ကို နောက်ကျစ်ထုံးတစ်ခုနှင့် ချည်လိုက်သည်။
ထိုအချိန်တွင် ကျစ်ထုံးနှစ်ခုရှိသည်။
ဒုတိယမြောက် ကြိုးက ပေါ်လာသော် နှစ်ထပ် အဆောက်အဦးထဲရှိ လသာဆောင်မှာ ထိုင်နေသော အဘွားကြီး ရုတ်တရက် တုန်လှုပ်သွားသည်။ သူမ မျက်လုံးများကို အမြန်ဖွင့်လိုက်သည်။ သူမမျက်နှာတွင် အံ့အားသင့်ဖွယ်ရာများနှင့် တုန်လှုပ်မှုများ ပေါ်လာသည်။သူမ လေးနက်သောအမူအရာဖြင့် သူမ၏နတ်ဘုရားအာရုံကို လျင်မြန်စွာ ပျံ့နှံ့သွားစေခဲ့သည်။
သို့သော် သူမပတ်ဝန်းကျင်ကို မည်မျှပင် စုံစမ်းနေစေကာမူ သဲလွန်စ သို့မဟုတ် ခြေရာများကို သူမတွေ့ရှိခဲ့ပေ။ အရာအားလုံးက ဘယ်တုန်းကမှ မဖြစ်ခဲ့သလိုပင်၊၊သိူ့ပေမဲ့ သူမကျောထဲထိစိမ့်အောင် ကြက်သီးထသွားလေသည်။ တစ်စုံတစ်ယောက်က သူမကို ထိုးဆွရန် အပ်တစ်ချောင်းကို အသုံးပြုခဲ့သကဲ့သို့ပင်။ ထိုအရာက နာကျင်စရာမဟုတ်သော်လည်း တစ်စုံတစ်ယောက်က သူမ၏ စိတ်ဝိညာဉ်ထဲကို အပ်တစ်ချောင်းကို အသုံးပြုပြီး ထိုးဆွလိုက်သော ခံစားချက်ကို သူမကို ပေးစွမ်းခဲ့ပါသည်။
အဘွားကြီးက မျက်မှောင်ကြုတ်လိုက်သည်။ ခဏလောက်သေချာစဉ်းစားပြီးမှ သူမခန္ဓာကိုယ်တစ်ခုလုံးကို စတင်ရှာဖွေခဲ့သော်လည်း ထူးထူးခြားခြား ဘာမှမတွေ့ခဲ့ရပေ။ မသေချာမရေရာမှုများနှင့် သူမက လျစ်လျုရှုထားလိုက်သည်။
ဆောင်းရာသီက တခြားရာသီထက် ညာတာပိုရှည်လေသည်။ ထိုလတွင် စုမင်က ပြင်ပဂိုဏ်းမှ နှင်ထုတ်ခံရပြီး ဆီးနှင်းများ ရံဖန်ရံခါ ကျဆင်းတတ်ကာ အကြိမ်တိုင်း ပို၍ ပြင်းထန်လာသည်။ထိုနေ့မှာပဲ ကောင်းကင်မှာ နှင်းပြည့်နေပြီး အမြင့်မဇာ တွင်းကြီးတစ်ခုရှိကဲ့သို့ပင် ဖြစ်နေတော့သည်။ ကောင်းကင်ကြီးက ငိုနေသော်လည်း သူ့မျက်ရည်များကို မည်သူ့မှမမြင် စေချင်သောကြောင့် နူးညံ့သောနှင်းပွင့်များအဖြစ် ကျဆင်းစေပုံရသ ည်။
သို့သော်… နှင်းများ အတိုင်းအတာတစ်ခုအထိ စုပုံလာသောအခါ၊ တောင်များကို ဖြိုခွင်းနိုင်ပြီး၊ လောကကြီးထဲရှိ အရာအားလုံးကို အေးခဲသွားစေကာ သက်ရှိသတ္တဝါအားလုံးကိုပင် ဖျက်ဆီးပစ်နိုင်သည်။
နှင်းများက ကောင်းကင်ကိုရော မြေကြီးပါ ဖုံးလွှမ်းသွားကာ စုမင်၏ အိမ်ကိုလည်း ဖုံးအုပ်ထားလေသည်။သူ တရားထိုင်ရန် မီးပုံကြီးပျိုးထားရလေသည်။
စုမင်က ဆံပင်ဖြူ ကျစ်ထုံးကို ဆက်ကိုင်ထားသည်။ ဤလအတွင်းတွင် သူက ကနဦးကျင့်ကြံမှုအခြေခံကို ပြန်လည်ရယူရန် မကြိုးစားဘဲ ကျစ်ထုံးမှတ်တမ်းများ၏ ခံစားချက်နှင့် ပုံဖော်ခြင်းတို့ကို နားလည်ရန် ကြိုးပမ်းရာ၌ နှစ်မြှုပ်ခဲ့သည်။ ယခု ဆံပင်ပေါ်တွင် ကျစ်ထုံးခြောက်ခုရှိသည်။
စုမင်က ထိုခြောက်ခုအတွင်း သူ၏ဆန္ဒကို အလွန်အကျွံ မထည့်ထားခဲ့ပေ။ သူက သူ၏နားလည်မှုကိုသာ ချန်ထားခဲ့ကာ ၎င်းတို့ကို လက်နှင့်ထိလိုက်သောအခါတွင် သူ့အတွေးများကို ထိမိသလို ခံစားလိုက်ရသည်။
ချမ့်ချန်က ရံဖန်ရံခါ ရောက်လာသည်။ သူပြသသော ဧည့်ဝတ်ကျေပွန်မှုက စုမင်က သူ့စီနီယာအစ်ကိုဖြစ်ပြီး သူကိုယ်တိုင်က ဂျူနီယာညီလေး သို့မဟုတ် ဂျူနီယာတစ်ယောက်သာဖြစ်သည်ဟု ထင်မြင်စေသည်။
ယနေ့ နောက်တစ်ခါရောက်လာပြန်သည်။ သူ့နောက်မှာ လေးလေးစားစား မျက်နှာထားနှင့် အလုပ်သမား တစ်ဒါဇင်လောက် ရှိသည်။ ချမ့်ချန်၏ ညွှန်ကြားချက်အရ၊ ထိုလူများက ချက်ချင်းပင် နှင်းများကို စတင်ရှင်းလင်းလာကြသည်။
စုမင်က သူ့မျက်လုံးများကိုမှိတ်ထားပြီး သူတို့ကို သိပ်ဂရုမစိုက်ပေ။ ချမ့်ချန်က စဉ်းစားချင့်ချိန်တတ်လေသည်။ အနာဂတ်တွင် စုမင်က သူ့ကို ကံကောင်းမှုကို ပေးစွမ်းနိုင်မည်။ ထို့ကြောင့် သူ့အတွက် လမ်းကြောင်းကို ဖောက်နေလေသည်။
စုမင် ဤနေရာကိုရောက်လာပြီး တစ်လကျော်သွားပြီးနောက် သုံးရက်မြောက်နေ့မှာ တုန်လှုပ်ချောက်ချားမှုများ ပေါ်လာတယ်။ သူ့လက်ထဲက ဆံပင်ဖြူများကို လှမ်းကြည့်လိုက်သည်။ ထိုအပေါ်မှာ ကျစ်ထုံးခြောက်ခုသာ ရှိပါသေးသည်။ ထိုအချိန်တွင် သူက ခုနစ်ခုမြောက်ကျစ်ထုံးကို ချည်နှောင်ချင်ခဲ့သော်လည်း ၎င်းကို ယုံကြည်မှုမရှိခဲ့ပေ။
သူက ကျစ်ထုံးကို ငြိမ်သက်စွာ ကြည့်နေ၏။ ပြီးခဲ့သောလများအတွင်း သူက ကျစ်ထုံး မှတ်တမ်းများရယူရန် ကြိုးပမ်းရာတွင် သူ့ကိုယ်သူ နှစ်မြှုပ်ခဲ့ပြီး၊ ကျစ်ထုံးများမှ ရရှိသည့် ခံစားမှုက များစွာ တိုးလာခဲ့သည်။
စုမင်က သူ့နားလည်မှုအပေါ် အခြေခံ၍ ယခင်ကျစ်ထုံးခြောက်ခုကို ချည်ထားသည်။ ယခုမူ၊ သူ့အလိုဆန္ဒကို ခုနှစ်ခုမြောက်တွင် ထည့်ရန် လိုအပ်ကြောင်း မရေရာသော ခံစားချက်တစ်ခု ရှိနေခဲ့ပြီး၊ သူ၏အလိုဆန္ဒက ခုနစ်ခုမြောက်မှာ အဓိကဖြစ်လာမည်။
စုမင် မအောင်မြင်လျှင် ဆံပင်က ဖုန်မှုန့်ဖြစ်သွားမည်။သူ အောင်မြင်လျှင် သူ့ဆန္ဒအရ ဆံပင်က အောင်မြင်မှုဆီ ပထမဆုံးခြေလှမ်းကို လှမ်းနိုင်မည်ဟူသော အချက်က ထိုကျစ်ထုံး၏ အရေးကြီးမှုပင်။
‘ငါ့မှာ ဆံပင်တစ်ချောင်းပဲရှိတယ်... အဆင်မပြေရင် တခြားပြင်ဆင်မှုတွေ လုပ်ရမှာပေါ့...’
စုမင်၏မျက်လုံးများ တောက်ပလာသည်။ သူ့လက်များ စတင်လှုပ်ရှားလာပြီး ခုနစ်ခုမြောက်ကျစ်ထုံးကို ချည်လိုက်သည်။
ထိုသို့ပြုလိုက်သောအခါ သူ့တစ်ကိုယ်လုံးတုန်လှုပ်ခြောက်ခြားသွားပြီး အတွေးတစ်ခုတည်းကို ထပ်ခါထပ်ခါရေရွတ်နေလေသည်။
‘ငါက မင်းရဲ့သခင်ပဲ...ငါ၏အလိုဆန္ဒက မင်းရဲ့အလိုဆန္ဒနဲ့တူတူပဲ.. ငါ့စကားအားလုံးကို နာခံရမယ်...”
စုမင်က သူ့ခေါင်းထဲမှာ ထိုစကားလုံးများကို ဆက်ပြောပြီး ဆန္ဒတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် စာရွက်တစ်ရွက်ပေါ်တွင် ရေးနေသကဲ့သို့ ကျစ်ထုံးထားသောဆံပင်ပေါ်တွင် စကားလုံးများကို ရေးခဲ့သည်။
သို့သော် သူ့အလိုဆန္ဒကို ဆံပင်စည်းထဲသို့ ပေါင်းထည့်ခြင်းက စုမင် အတွက် မလွယ်ကူလှပေ။ အမှန်တော့၊ သူက ကျစ်ထုံးမှတ်တမ်းများကို စတင်ပြုလုပ်ရာတွင် နုနယ်သေးသည်။ သူက သူ၏ ပင်ကိုယ်စွမ်းရည်ကြောင့် ဤကျစ်ထုံးများ၏ အနှစ်သာရကို သဘာဝကျကျ ရှာဖွေတွေ့ရှိခဲ့သည်။ ရုပ်ဆိုးလေး၏ ဖခင်နှင့် မတူပေ။
ထို့ထက် ပိုအရေးကြီးသည်မှာ ရုပ်ဆိုး လေး၏ဖခင်က သေမျိုးဖြစ်ပြီး သူဖန်တီးထားသည့်အရုပ်များသည် လူသားများအတွက်လည်းဖြစ်သည်၊ အရုပ်များစွာပြုလုပ်ပြီးနောက် ပင်ပန်းသည်ဟုခံစားရသော်လည်း စွမ်းအင်အလွန်အကျွံသုံးရန် သို့မဟုတ် အကျိုးဆက်များအတွက် စိတ်ပူစရာမလိုပေ။
သို့သော် စုမင်အတွက် ထိုသို့မဖြစ်ပေ။ ဤဆံပင်ဖြူ အဘွားကြီးနှင့်သက်ဆိုင်ပြီး သူမတွင် ထူးကဲသော တန်ခိုးရှိသည်။ အစွမ်းထက်သောကျင့်ကြံသူအား ထိန်းချုပ်ရန် ဤစွမ်းရည်ကို အသုံးပြုလိုသောကြောင့် သူသုံးစွဲခဲ့ရသည့် စွမ်းအားနှင့် သူခံစားခဲ့ရသည့် တန်ပြန်သက်ရောက်မှုများက ပို၍ကြီးမားပါသည်။
စုမင်က သူ့မျက်လုံးများမှသွေးများစီးကျလာပြီး သူ့ခန္ဓာကိုယ် တုန်ခါသွားသည် ။ မကြာခင်မှာပဲ သူ့နားရွက်များက သွေးများ စီးကျလာသည်။
ထိုအခိုက်အတန့်တွင် သူ၏ အသက်ရှူသံများ အေးခဲရပ်တန့်သွားသည်...
အသက်ရှိုက်များစွာကုန်ဆုံးသွားပြီးနောက် စုမင်က သက်ပြင်းရှည်ကြီးချလိုက်သည်။ သူ့မျက်လုံးများနှင့် နားရွက်များမှ သွေးများကို သုတ်လိုက်သောအခါ သူ့မျက်လုံးများက တောက်ပနေ၏။ သူ ခေါင်းငုံ့ပြီ ဆံပင်ဖြူပေါ်က ခုနှစ်ခုမြောက်ကျစ်ထုံးကို ကြည့်လိုက်သည်။ထို့နောက် သူ့ နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခု ပေါ်လာသည်။
“ဒီစွမ်းရည် တကယ်ကို ကြောက်စရာကောင်းတယ်.. အဲဒါကို ငါသာ လုံးလုံးနားလည်နိုင်ရင်… တစ်စုံတစ်ယောက်ကို သတိမထားမိဘဲ သတ်ပစ်လိုက်နိုင်တယ်..ပြီးတော့ သူတို့ကို ထိန်းချုပ်တာက ပြဿနာရှိမှာ မဟုတ်ပါဘူး.. ခံနိုင်ရည်အားက မယုံနိုင်လောက်အောင် ကြီးနေတယ်…’
စုမင် မျက်လုံးမှိတ်လိုက်သည်။
ထိုခုနှစ်ခုမြောက်ထုံးကို ပြီးခါနီးတွင် နှစ်ထပ်အိမ်၌ တရားထိုင်နေသော အဘွားကြီးသည် ပြင်းထန်စွာ တုန်လှုပ်နေတော့သည်။ ပါးစပ်က သွေးများအန်ပြီး မျက်နှာက ဒေါသနှင့် နီရဲနေလေသည်။ သူမ မျက်လုံးဖွင့်လိုက်သောအခါတွင် သူမက လျင်မြန်စွာ ထရပ်လိုက်ပြီး သူ၏ နတ်ဘုရားအာရုံကို အပြင်သို့ ပို့လိုက်သော်လည်း ဘာမှ မ တွေးသေးပေ။
သူမ၏ မျက်နှာက မည်းမှောင်လာသည်။ လွန်ခဲ့သည့်အခိုက်အတန့်အခိုက်အတန့်တွင် သူမက တိုးတိုးတိတ်တိတ် အသံတစ်ခုကြားလိုက်ရသည်။ သူ့စိတ်ထဲမှာ တစ်ခုခုပြောနေပုံရသော်လည်း အနီးကပ်နားထောင်ရန် ကြိုးစားသည့်အခါ မရှင်းလင်းတော့ပေ။ သို့သော်၊ ထိုအသံဖြင့်ပြောသောစကားများက သူမ၏စိတ်ဝိညာဉ်ထဲသို့ သူတို့ကိုယ်သူတို့ ထွင်းထုရန် ထူးခြားသောနည်းလမ်းကို အသုံးပြုနေသည်ဟူသော ခိုင်မာသောဆန္ဒတစ်ခုရှိသည်။
‘ကလေးကစားစရာ သက်သက်ပဲ.. မင်းက ငါ့ရှေ့မှာ ပေါ်လာဖို့ ငြင်းဆိုနေတာပဲ စွမ်းရည်ချင်း ပြိုင်တိုက်ကြတာပေါ့. မင်းရဲ့ဒီထူးဆန်းတဲ့စွမ်းရည် ဒါမှမဟုတ် ငါ့ရဲ့ ကြာပန်စိတ်ညို့ပညာက ပိုအားကောင်းလားဆိုတာကို ငါသိချင်တယ်...”
အဘွားကြီးသည် အေးစက်စွာ ပြုံးကာ ကြာပန်းပေါ်တွင် ထိုင်နေသော အမျိုးသမီး၏ ရုပ်တုအနားသို့ ရောက်ရန် ပထမထပ်သို့ လျှောက်သွားသည်။ အဘွားကြီးကို တစ်ချက်ကြည့်လိုက်သော် တင်ပျဉ်ခွေထိုင်ချလိုက်သည်။ ချက်ချင်းဆိုသလိုပဲ ရုပ်ထု၏ မျက်လုံးများက နိုးလာသလိုမျိုး တောက်ပ သောအလင်းရောင်ဖြင့် လင်းလက်လာပြီး အဘွားကြီးကို ဖုံးအုပ်လိုက်ပါသည်။
‘နောက်တစ်ခါ မင်းပေါ်လာရင် ငါမင်းကို ပြန်တိုက်ပြမယ်....’
အဘွားကြီးက တန်ခိုးကြီးသောရန်သူနှင့် ရင်ဆိုင်ရတော့မည်ဖြစ်သောကြောင့် မျက်လုံးမှိတ်ထားသည်။