တဒဂ်ပျော်ရွှင်မှု
Vol. 44 Ch. 610
လွန်ခဲ့သည့်တစ်နှစ်က စုမင်က ၎င်း၏ကျင့်ကြံမှု၏ ဆယ်ပုံတစ်ပုံမျှသာ ပြန်လည်ရရှိရန်ခဲ့သည်။ ယခု သူအိမ်ပြန်လာသောအခါတွင် ၎ဆယ်ပုံ ခြောက်ပုံနီးပါးကို ပြန်လည်ရရှိခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူက စုမင် ဖြစ်နေဆဲပင်။
သူက ရုပ်ဆိုးလေး၏အစ်ကိုကြီးပင်၊ ရုပ်ဆိုးလေး၏ မိဘများရှေ့မှာ ပျော့ညံ့သည်ဟုထင်ရသော်လည်း သိတတ်ရှိ သောကောင်လေးပင်။
စုမင်က အိမ်အပြင်ဘက်တွင် ရပ်ကာ တံခါးကို ပေါ့ပေါ့ပါးပါးခေါက်ရန် သူ့လက်ကို မြှောက်လိုက်သည်။
နှင်းမုန်တိုင်း၏ဆူညံ့သံများကြားတွင် အပြင်ဘက်ရှိ အသံများက သဲသဲကွဲကွဲ မကြားရသော်လည်း ထိုခေါက်သံများက အိမ်အတွင်း၌ သိသိသာသာ ထွက်ပေါ်လာသည်။
“ဘယ်သူလဲ…”
အိမ်ထဲမှ နူးညံ့သောအသံဖြင့် မေးသည်။ ထိုအသံက ရုပ်ဆိုးလေး၏ အသံဖြစ်သည်၊ သို့သော် သူမက အလွန်နူးညံ့ပြီး ခွန်အားမရှိသော အသံဖြစ်သည်။
“ငါပါ...အစ်ကိုကြီးပါ..”
စုမင်က တိုးတိုးလေးပြန်ဖြေလေသည်။
သူ့အသံက အိမ်ထဲသို့ ဝင်လာသည်နှင့် တိတ်ဆိတ်သွားလေသည်။ သိပ်မကြာခင်မှာပဲ အတွင်းကနေ တံခါး ပွင့်လာပြီး အပြင်ရှိ လေက တဟူးဟူးတိုက်ခတ်နေလေသည်။ ထိုအချိန်တွင် စုမင်၏ ပျော့ပျောင်းသော ခန္ဓာကိုယ်က တောင်ကဲ့သို့ တံခါးနှင့် လေကြားတွင် ရပ်နေကာ လေအားလုံးကို ပိတ်ဆို့ထားလေသည်။ လေက သူ့ကို ကြည့်နေသော ရုပ်ဆိုး လေးဆီသို့ မရောက်နိုင်တော့ပေ။ သူမ၏ မျက်ဝန်းမှဝမ်းသာအားရ မျက်ရည်များ စီးကျလာပြီ တုန်ယင်နေလေသည်။
“အကိုကြီး”
ရုပ်ဆိုးလေးက ငိုပြီး စုမင်ကို ပွေ့ဖက်ရန် ထွက်သွားသည်။ သူက သူမ၏ ကျောကို ပေါ့ပေါ့ပါးပါး ပုတ်လိုက်ပြီး လေနှင့် နှင်းများကို တားဆီးရန် သူ့ခန္ဓာကိုယ်ကို ဆက်လက်အသုံးပြုခဲ့သည်။
“မငိုနဲ့.. ရုပ်ဆိုးလေး.. ငါတို့နောက်ဆုံးတွေ့တာ တစ်နှစ်နီးပါးရှိပြီ..မင်းတော်တော်လေး ထွားလာပြီ”
စုမင်က ညင်သာစွာ ပြုံးရင်း ပြောလိုက်သည်။ စုမင် ခေါင်းကို မော့ကြည့်လိုက်သော် အိမ်ထဲမှာ လင်မယားနှစ်ယောက် ရပ်နေတာကို တွေ့လိုက်ရသည်။
ထိုအမျိုးသား၏ ဦးခေါင်းက မီးခိုးရောင်နှင့် အဖြူရောင်ဆံပင်များရောယှက်နေပြီး သူ့မျက်နှာပေါ်တွင် ပို၍ပင် အရေးအကြောင်းများ ရှိနေသည်။ အချိန်က အနည်းငယ်ကွေးညွှတ်နေသော ခန္ဓာကိုယ်နှင့် ပါးလွှာသော မျက်နှာကို ဖော်ပြနေလေသည်။ သူ့နှုတ်ခမ်းများ မဟတဟဖွင့်လိုက်ပြီး သူ့မျက်ရည်များကြားထဲမှာ တစ်ခုခုပြောချင်နေသလိုလိုပင်။
ဤသည်မှာ ရုပ်ဆိုးလေး၏ ဖခင်ဖြစ်သည်။
သူ့ဘေးနားက အမျိုးသမီးက ခေါင်းမှာ ဆံပင်ဖြူများ ပို၍ရှိနေလေသည်။ သူမ၏ မူလအလှက သူမ၏မျက်နှာပေါ်တွင် မှုန်မှိုင်းနေပြီး ရှင်းရှင်းလင်းလင်း မတွေ့နိုင်တော့ပေ။ သူမ၏မျက်နှာမှ မျက်ရည်များ ကျဆင်းလာသော်လည်း ထိုအချိန်တွင် လောကကြီးထဲတွင် အလှဆုံးဟု ယူဆရသည့်အပြုံးတစ်ခု သူမ၏မျက်နှာပေါ်တွင် ပေါ်လာသည်။
“မင်းပြန်လာပြီ.. ငါတို့စောင့်နေတာ...”
ထိုရိုးစင်းသောစကားများက စုမင် ၏နှလုံးသားကို ချက်ချင်းနွေးထွေးမှုဖြစ်စေသည်။ သူက ရုပ်ဆိုးလေး၏ လက်ကို ကိုင်ကာ အိမ်ထဲသို့ ခေါ်သွားခဲ့သည်။ သူ့အနောက်မှာ တံခါးပိတ်ပြီးသည်နှင့် သူ့ရှေ့က ရိုးရှင်းသော မိသားစုကို ကြည့်ပြီး မြေပြင်ပေါ်မှာ ဒူးထောက်ထိုင်လိုက်သည်။
“ဖေဖေ၊ မေမေ.. မင်းတို့ရဲ့သား ခွေးရုပ်ဆိုးကြီး ပြန်လာပြီ…”
မိသားစု ချစ်ခြင်းမေတ္တာမှ မွေးဖွားလာသော နွေးထွေးမှုလှိုင်းလုံးက မကြာသေးမီက အိမ်ထဲသို့ စိမ့်ဝင်သွားသော အအေးဓာတ်ကို ဖယ်ထုတ်လိုက်ရုံသာမက အပြင်လောကမှ အအေးဓာတ်ကို ဖယ်ထုတ်လိုက်သည်။ အိမ်က အအေးဒဏ်ကို မခံနိုင်သော နွေးထွေးမှုတို့ဖြင့် ပြည့်နှက်သွားစေသည်။
ဤညတွင်၊ ရုပ်ဆိုးလေး၏ ရယ်မောသံသည် အတိတ်ကကဲ့သို့ ဖြစ်လာပြီး နွေးထွေးမှုကို ပဲ့တင် စေခဲ့သည်။ ဖေဖေထံမှ ကြင်နာသောအကြည့်များက စုမင်၏ခန္ဓာကိုယ်ဆီသို့ အဆက်မပြတ်ပျံ့လွင့်သွားကာ အမေက အိမ်မှ ချည်အင်္ကျီတစ်ထည်ကို ထုတ်ပေးသည်။ ဒါကို သူမကိုယ်တိုင် ချုပ်ပြီး စုမင် အတွက် အထူးပြုလုပ်ထားလေသည်။
သူဝတ်လိုက်သည့်အခါ စုမင်က တကယ့် ဆယ်ကျော်သက် လူငယ်တစ်ယောက်လိုပါပင်။ သူ့အတွက် ဝမ်းနည်းပူဆွေးခြင်း ၊ သွေးစွန်းခြင်း ၊ ရှုပ်ထွေးသော ခံစားချက်များ မရှိခဲ့ပေ ။ သူ့အထဲမှာ ထိုမိသားစုက ပေးစွမ်းသော နွေးထွေးမှုတစ်ခုသာရှိသည်။
ထိုမိသားစုထဲက အလင်းရောင်က ဘယ်တော့မှ မငြိမ်းပေ။ အပြင်ဘက်မှာ အမှောင်ထုက ပိုမှောင်လာပြီး အေးခဲသောလေက ပိုပြင်းလာတာသည်နှင့်အမျှ အလင်းရောင်က ငြိမ်းမသွားပေ။ စုမင်အမြဲတမ်းမက်မောခဲ့သော ရိုးရှင်းသော မိသားစုအချစ်ကြောင့်ပဲ အလင်းရောင်က အဆက်မပြတ်ရှိနေခဲ့သည်။ သူက ထိုချစ်ခြင်း မေတ္တာကို သူ့နှလုံးသားထဲတွင် ထားခဲ့ပြီး သူ့ကိုယ်သူ မဆုံးရှုံးစေဘဲ လှပသော အမှတ်တရအဖြစ်သို့ ပြောင်းလဲခဲ့သည်။
ထိုအမှတ်တရအတွင်း၌ ရုပ်ဆိုး လေး၊ သူမ၏အဖေ၊ အမေ နှင့် စုမင် ကိုယ်တိုင်လည်း ရှိနေသည်။
“မင်းတို့အားလုံးသေဆုံးသွားတဲ့အထိ မင်းတို့အားလုံးနဲ့ ငါနေမယ်...”
အတိတ်က စုမင်မှာ ရုပ်ဆိုးလေးကို ထိုသို့ ပြောခဲ့ဖူးသည်။ ထိုခဏ၌ပင် သူ့မှတ်ဉာဏ်ထဲသို့ ထွင်းထုထားသော စကားလုံးများပင်။
သို့သော် အချိန်အများစုတွင် ပျော်ရွှင်မှုက ခဏတာမျှသာ တည်တံ့နေမည် ဖြစ်သသည်။ အထီးကျန်ခြင်း၏ မျက်လုံးတစ်စုံက မည်သူတစ်ဦးတစ်ယောက်၏ ဘဝတွင် လှပသော အခိုက်အတန့်များစွာကိုမျှ မမြင်ချင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် တိုတောင်းသာကာလက ပျော်ရွှင်မှု၏အဖော်ဖြစ်လာသည်။ လူတိုင်း၏ဘဝတွင် ပျော်တစ်လှည့် ငိုတစ်လှည့်ဖြစ်လာသည်။
ထို့ကြောင့် ပျော်ရွှင်မှုက ခဏတာသာ တည်တံ့ကြောင်း လူတွေက အမြဲပြောကြသည်။
နောက်ဆုံးတွင် ဤညက ကုန်ဆုံးသွားသည်၊ ဘဝ၏ လှပသော အခိုက်အတန့်များအားလုံးက ခဏအကြာတွင် ကုန်ဆုံးသွားသကဲ့သို့ပင်။ စုမင်က ထိုနေရာတွင် အပြီးအပိုင် မနေနိုင် သေးပေ။ အဘယ်ကြောင့်ဆိုသော် သူသာ ထိုသို့ လုပ်ပါက၊ သူ၏ ကျင့်ကြံမှု အခြေ အနေ အပြည့်အဝ ပြန်လည် မရရှိမီ ဤ မိသားစု အတွက် သေခြင်းနှင့် ဘေးဒုက္ခ ရောက်စေ နိုင်သောကြောင့် ဖြစ်သည်။
သူလုပ်နိုင်တာက ထိုခဏတာ ပျော်ရွှင်မှုများကို သူ့နှလုံးသားထဲမှာ ရေးထွင်းပြီး တိတ်တိတ်လေး ထွက်သွားရန်ဖြစ်သည်။
သို့သော်လည်း သူက ကုတင်သေးသေးလေးပေါ်၌ လဲလျောင်းနေသော လူတစ်ယောက်ကို ချန်ထားခဲ့သည်။ ထိုအခိုက်တွင် တဖြည်းဖြည်း မျက်လုံးများပွင့်လာနေသော လူတစ်ယောက်ရှိသည်။ သူကတော့ ချန်ဒါရှီပင်။ သူက ရုပ်ဆိုးလေး ၏အစ်ကိုကြီးဖြစ်ပြီး သနားစရာကောင်းသောဝိညာဉ်ဖြစ်သည်။
သူ့မျက်နှာက မူလက လူလတ်ပိုင်းတစ်ယောက်၏ပုံစံဖြစ်သင့်သော်လည်း စုမင်က ရုပ်ဆိုးလေး၏ မိဘတွေ ရင်ကွဲအောင်လုပ်ရန် ၊ ရုပ်ဆိုးလေးကို ငိုအောင်မလုပ်ရက်ပေ။ သူ၏ကျင့်ကြံမှုကို နှေးကွေးစေကာ ချန်ဒါရှီအား အသက်နှစ်ဆယ်သာရှိသေးသည့် ပုံပေါက်စေရန်အတွက် အသက်စွမ်းအားအချို့ ပေးအပ်ခဲ့သည်။
ထိုအရာက ထင်ယောင်ထင်မှားတစ်ခုပင်။ ဆယ်နှစ်ကြာသွားသည့်အခိုက်အတန့်တွင် သူက မူလပုံစံအတိုင်း ပြန်ဖြစ်သွားလိမ့်မည်။
ထို့နောက် စုမင် ထွက်သွားလေသည်။
သူက ရုပ်ဆိုးလေးမိဘများကို ချော့မော့ခဲ့သည်။သူတို့၏ ဖျားနာမှုများကို လျော့နည်းစေကာ ရုပ်ဆိုးလေး၏ မွေးရာပါ အမှတ်ကို အနည်းငယ် ပိုပို၍ ပျောက်အောင် ပြုလုပ်ခဲ့သည်။ ထို့နောက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တံခါးကို မတွန်းဖွင့်ဘဲ အိမ်အပြင်သို့ ပြန် ပေါ်ခဲ့သည်။
‘ ဒီတံခါးကို တွန်းမဖွင့်ရင် ငါဘယ်တော့မှ မထွက်သွားဘူးဆိုတဲ့ အဓိပ္ပာယ်မလို့.. ဒီတံခါးကို ဘယ်တော့မှ တွန်းဖွင့်မှာမဟုတ်ဘူး’
စုမင်၏ နောက်ကွယ်မှာ အဆုံးမဲ့ နှင်းထုကြီး ရှိနေလေသည်။ ၎င်းက သူ့မိသားစု၏အိမ်သို့သွားသောလမ်းကို ဖုံးလွှမ်းထားပြီး အကန့်အသတ်မရှိသောအဖြူရောင်လောကကြီးအဖြစ်ပြောင်းလဲသွားသသည်။
စုမင်က နှင်းများပေါ်တွင် တစ်ယောက်တည်း လျှောက်သွားကာ ခပ်ဝေးဝေးသို့ ထွက်ခွာသွားသည်။ သူ့ဆံပင်သူ့ခန္ဓာကိုယ်နဲ့ ချည်အင်္ကျီပေါ် နှင်းများကျလာသည်။.ရာသီဥတုကအရမ်းအေးသော်လည်း မိသားစု၏ နွေးထွေးမှုက သူ့ခန္ဓာကိုယ်ကို နွေးထွေးစေပြီး အဝေးကို ထွက်သွားနိုင်စေခဲ့သည်။
စုမင် ထွက်သွားလေသည်။ နှင်းများကျနေသည့်ကြားထဲ သူ့ခေါင်းက တစ်ခေါင်းလုံးဖြူသွားလေသည်။ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း မှုန်ဝါးလာပြီး နှင်းများနောက်ကွယ်တွင် ဖြည်းညှင်းစွာ ပုန်းကွယ်နေသော လူဆိတ်ညံသော လောကထဲသို့ ပျောက်ကွယ်သွားသည်...
တဟူးဟူးတိုက်ခတ်သောလေက ရွမ်ပုလွေသံစဉ်များဖြစ်၍ ကောင်းကင်မှကျလာသောနှင်းများက ၎င်း၏သီချင်း၏စာသားဖြစ်သည်။ အဆုံးမရှိသော ဤနေရာ၌ ပျံ့လွင့်လာပြီး မည်သူမျှ ကြားနိုင်သည်ကို မည်သူမျှ မသိခဲ့ကြပေ။
ထိုသီချင်းက နှင်းထဲမှာ နစ်မြုပ်နေသော မြို့တစ်မြို့အကြောင်း၊ အလင်းရောင်မျိုးစုံကို ငြိမ်းသတ်နိုင်သော အထီးကျန်မှုအကြောင်း၊ အမည်မသိလူတစ်ယောက်၏ နေဝင်ချိန်၊ အမည်မသိလူတစ်ယောက်၏ မျက်နှာနှင့် ကလေးဘဝအကြောင်းတွေကို သီဆိုထားသည်။
စုမင် ထွက်သွားပြီးသည်နှင့် ရုပ်ဆိုး လေး၏အိမ်ရှိ အိပ်ယာပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ချန်ဒါရှီက မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် မူးဝေနေပုံရသည်။ သူက အလွန်ရှည်လျားသော အိပ်မက်တစ်ခု မက်ပြီး အိပ်ရာမှ နိုးလာသလို ခံစားလိုက်ရသည်။
အိပ်မက်၏အဆုံးမှာ သူ့စိတ်ထဲမှာ ပဲ့တင်ထပ်နေသော အသံတစ်ခုကြားရလေသည်။ ထိုအသံက အိပ်မက်မှနေ၍ အိမ်သို့ ပြန်ရောက်စေသော အသံပင် ဖြစ်သည်။
“အရင်တိုင်းဆို မင်းကသေသွားပြီ... မင်းရဲ့အသက်ဆယ်နှစ် ရှင်အောင်ကူညီဖို့ထားတာ.. မင်းမိဘတွေနဲ့ မင်းညီမလေးကို ကာကွယ်စောင့်ရှောက်ဖို့ ဒီဆယ်နှစ်ကိုသုံးပါ...”