← Chapters

အပြစ်ပေးမှု

Vol. 44 Ch. 611

အပြစ်ပေးမှု

Vol. 44 Ch. 611

နောက်ပိုင်းတွင် ချမ့်ချန်က တော်တော်ကို စိတ်အားငယ်သကဲ့သို့ ခံစားလာရပြီး အဆက်မပြတ် ကြောက်ရွံ့နေမိသည်။ သူဘာပဲလုပ်လုပ် ဂရုတစိုက်လုပ်နေလေသည်။

ယခု သူက ပိုပိန်သွားသလိုပင်။ သူ့မျက်နှာမှာလည်း အရောင်ဖျော့လာသည်။ အများစုကတော့ သူ့မျက်နှာမှာ ရီဝေ‌နေသော အမူအရာတွေ ရှိနေလေသည်။ သူ့ဘေးနားကလူများတောင် သူ့ကိုတွေ့လိုက်သည့်အခါ သူတို့ ၏အမူအရာများက ချက်ချင်းပြောင်းလဲသွားတတ်သည်။ လူသတ်တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလို တုံ့ပြန်ပြီး ဘေးဥပဒ်လို ရှောင်သွားကြသည်။ သူ့ကို ရှောင်ရန် မစွမ်းဆောင်နိုင်သူများထဲက တချို့မှာ စိုးရိမ်စိတ်များနှင့် ပြည့်နေ လေသည်။ သူတို့သက သူတို့၏ ပတ်ဝန်းကျင်ကို အဆက်မပြတ် စောင့်ကြည့်နေမည်ဖြစ်သော်လည်း သူတို့ ရှာဖွေနေသည့်အရာကို မည်သူမျှ မသိကြပေ။

ထိုအချိန်တွင် နတ်ဆိုးဝိညာဉ်တောင်ခြေရှိ အလုပ်ကြမ်းတပည့် သုံးယောက်က ချမ့်ချန်ကို တွေ့လိုက်ရသည်။ချမ့်ချန်က သူ့ဦးခေါင်းကို ကိုင်ထားရင်း ဒယီးဒယိုင်ဖြင့် သူတို့ဆီသို့ လျှောက်လာသည်ကို တွေ့လိုက်ရသောကြောင့် ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့ ပုန်းအောင်းရန် နေရာရှာနေသည်ကို သူမြင်လိုက်ရသည်။

“အဲဒီမှာရပ်နေစမ်း..”

လူသုံးယောက် တုန်လှုပ်သွားကြသည်။ သူတို့ထဲက တစ်ယောက်က မရပ်သေးဘဲ အံကြိတ်ပြီး ထွက်ပြေးလေသည်။ သို့သော်လည်း ကျန်နှစ်ဦးမှာ ချမ့်ချန်၏ တားဆီးမှုကြောင့် ဆက်လက်ထွက်မပြေးနိုင်တော့ပေ။

“စီနီယာအစ်ကိုချမ့်...”

လူနှစ်ယောက်က သူ့ကိုမြင်လိုက်သည်နှင့် ချက်ချင်းပင် တုန်လှုပ်ခြောက်ခြားသွားကာ အသံများပင် တုန်ခါသွားကြသည်။

“စီနီယာအစ်ကိုချမ့်.. ကျေးဇူးပြုပြီး ကျုပ်တို့ကို လွှတ်ပေးပါ.. ငါတို့က မင်းအပေါ် အရမ်းသစ္စာရှိတယ်..စီနီယာ အစ်ကိုခန့်..ကျေးဇူးပြုပြီး ငါတို့ကို ဒုက္ခမပေးပါနဲ့...”

“ပေါက်ကရတွေ မပြောနဲ့..”

ချမ့်ချန်က သူတို့ကို စိုက်ကြည့်ကာ သူ့နဖူးကို ပွတ်လိုက်သည်။ ထိုအချိန်တွင် သူ၏ နဖူးမှ သွေးများ စီးကျနေပြီး အညစ်အကြေး အချို့ကိုလည်း ထိုနေရာတွင် မြင်နိုင်သည်။ ရှင်းနေသည်မှာ မကြာသေးမီကမှ ချော်လဲပြီး ခေါင်းဒဏ်ရာရခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ့ကံမကောင်းပေ။ သူ့ဘေးနားရှိ သစ်ပင်ကို ကန်ထုတ်လိုက်သည်။ ထိုကန်ချက်တွင် သူက ခွန်အားကို များစွာအသုံးမပြုသော်လည်း ထိုသစ်ပင်က ရုတ်တရက် ယိမ်းနွဲ့သွားကာ သူနှင့် အခြားနှစ်ဦးအပေါ်သို့ ကျယ်လောင်စွာ ပေါက်ကွဲသွားခဲ့သည်။

ချမ့်ချန်က နောက်သို့ သွက်သွက်လက်လက် ပြန်ရွေ့ကာ ထိုသစ်ပင်ကို လျင်မြန်စွာ ရှောင်ဖယ်လိုက်သော်လည်း အကိုင်းအခက်တစ်ခုက သူ့အင်္ကျီကို ငြိကာပိသွားလေသည်။ သူ့ကို ရှုံ့မဲ့ပြီး သနားစရာကောင်းသည့်ပုံပေါက်စေသည်။

ကျန်လူနှစ်ယောက်က အရှိန်အဟုန်ဖြင့် ပြေးနေပြီဖြစ်ပြီး ချမ့်ချန်က သူတို့အား မည်သို့ပင် အော်ခေါ်နေပါစေ ခေါင်းကို နောက်ပြန်မလှည့်နိုင်ပေ။

“နောက်ပြန်မလှည့်နဲ့..အခုအချိန်မှာ ချမ့်ချန်က ကံဆိုးခြင်းတွေနဲ့ ထုပ်ပိုးထားတဲ့သူပဲ.. သူ့ကိုယ်တိုင် ကံမကောင်းရုံသာမကဘူး.. သူ့ပတ်ဝန်းကျင်က လူတွေလည်း ကံဆိုးသွားလိမ့်မယ်...”

“ငါသိတယ်..ခြောက်ယောက်မြောက်လူက မနေ့က သူနဲ့အတူရှိခဲ့ပြီး နှစ်ယောက်စလုံးက ရေခဲတွင်းထဲ ပြုတ်ကျခဲ့တယ်.. ဒါပေမဲ့ ဘယ်အချိန်ကစလို့ ရေခဲတောင်ထဲမှာ အပေါက်တွေပေါ်လာတာလဲ”

“ကျုပ်လည်း ဒီအကြောင်းကို ကြားပါတယ်.. လွန်ခဲ့တဲ့ ရက်အနည်းငယ်က ချမ့်ချန်က ကျွန်မိန်းကလေးတွေရဲ့ နေရာကို သွားတုန်းက ဆယ့်ကိုးကြိမ်လောက် ခလုတ်တိုက်လဲတယ်တဲ့...နောက်ထပ်လဲမှာကို သူအရမ်းကြောက်သွားတယ်တဲ့..”

“ဒါက ဘာမှမဟုတ်ဘူး.. ငါမင်းကိုပြောအုံးမယ်...ချမ့်ချန်အရက် သောက်နေတုန်း နင်သွားတာတွေ့ဖူးတယ်..”

ဤကဲ့သို့သောအတင်းအဖျင်းများက နတ်ဆိုးဝိညာဉ် တောင်ခြေရင်းတစ်ခုလုံးကို တဖြည်းဖြည်း ပျံ့နှံ့လာခဲ့ပြီး လူများ ပိုမိုသိရှိလာခဲ့သည်။ သူတို့၏မျက်လုံးထဲတွင် ချမ့်ချန်က သဘာဝဘေးအန္တရာယ် ဖြစ်ပြီး သူသွားလေရာရာ... တပည့်များအားလုံး ပြေးသွားကြသည်။ သူ့အနားကို သူတို့ မချဉ်းကပ်ရဲ‌ကြပေ။

ချမ့်ချန်၏ မျက်နှာက မယုံနိုင်လောက်အောင် ဖြူဖျော့သွားသည်။ သူ က အိုးငယ်လေးထဲတွင် ပုန်းနေပြီး ကောင်းကင်ကို ငေးမှိုင်းစွာ ကြည့်နေသည်။ သူက တိုင်စု(ချန်စု) ကို စော်ကားမိခြင်းဟု ခံစားရလေသည်။ လွန်ခဲ့သည့်လအများစုတွင် ဤမျှကံမကောင်းရခြင်းကြောင့် ဖြစ်သည်။

ထိုနေ့တွင် ကျွန်မိန်းကလေးများ နေရာသို့ သူသွားနေချိန်၌ ဤအရာများ စတင်ခဲ့သည်။ ထိုလမ်းတွင် ဆယ့်ကိုးကြိမ် ခလုတ်တိုက်ရုံမကဘဲ သုံးဆယ့်ခုနစ်ကြိမ် လဲကျသွားသည်... နှင့် သူ့ခန္ဓာကိုယ် တုန်တုန်ယင်ယင်နှင့် ကြောက်စိတ်များ ပြည့်လာသည်။ သူက နေရာများဆီသို့ ဆက်လျှောက်သွားပါက နတ်ဆိုးဝိညာဉ်ဂိုဏ်းတွင် နှင်းများပေါ်တွင် ချော်လဲပြီး သေဆုံးသည့် ပထမဆုံး တပည့်ဖြစ်လာမည်ကို သူ ခံစားခဲ့ရသည်။

ထိုအချိန်မှစ၍ သူလမ်းလျှောက်သည့်အခါ ပြုတ်ကျမသွားစေရန် သတိထားရမည်ဖြစ်ပြီး ရေခဲပေါက်များကို သတိထားရမည်… ရေခဲတွင်းများကို သတိရသောအခါ ချမ့်ချန်က ဒေါသတကြီး ရယ်မောနေလေတော့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ရေသောက်သောအခါ ရေနင်တာကို သတိရဆဲဖြစ်ပြီး ယခု ရေသောက်ချိန်တွင် ကြောက်လန့်တကြား တုန်လှုပ်သွားသည့်အထိ ခံစားခဲ့ရသေးသည်။ မစားခင်မှာ သူ့အစာကို ဂရုတစိုက် ဂရုစိုက်ပြီး စားလေသည်။သို့သော် ဘာမှန်းမသိသော အကြောင်းအရင်းကြောင့် စားပြီးသည်နှင့် အဆိပ်သင့်ပြီး သေလုနီးပါး ဖြစ်နေပြီ...။

“ဟာ...ဘာဖြစ်နေတာလဲကွာ..”

သူထိုင်နေတဲ့ အိုးသေးသေးလေးကို ကြည့်လိုက်ရင်း အရမ်းစိုးရိမ်နေပေမယ့် ထုတ်ဖော်မပြနိုင်ခဲ့ ပေ။ သူက အခြားရေခဲတွင်းတစ်ခုသို့ ပြုတ်ကျပြီးနောက် အိုးငယ်လေးထဲသို့ ကျသွားခဲ့လေသည်။ ပိုဆိုးသည်မှာ ဤအရာက ထူးဆန်းသော ရတနာတစ်ခုဖြစ်သည်။ အထဲမှာ ပိတ်မိနေပြီး အပြင်ကို မထွက်နိုင်ပေ။

အချိန်အတော်ကြာပြီးနောက် ထိုနေရာကို ဖြတ်သွားသူကို မြင်လိုက်ရသည်။ အကူအညီတောင်းရန် ပြင်းပြင်းထန်ထန် အော်ဟစ်ပြီး ခြိမ်းခြောက်မှုအချို့ ပြုလုပ်ပြီးနောက် ထိုလူက သူ့အား ဆွဲထုတ် ပေးခဲ့သည်။ ချမ့်ချန်က ရုန်းထွက်နိုင်ပြီးနောက် သူခံစားခဲ့ရသမျှ နာကျည်းမှုတွေကြောင့် ရူးလုမတတ် ဖြစ်သွားလေသည်။ ဒေါသပြေရန် ခြေထောက်ကို မြှောက်ကာ မြေပြင်ပေါ် နင်းခါနီးတွင် သူပြန်လဲကျသွားသည်။

ရုတ်တရက် ပြင်ပဂိုဏ်းရှိ နေရာတစ်ခုမှ ကျယ်လောင်သော ဝီစီသံနှင့်အတူ ဓားတစ်လက်မှ စူးရှသောအလင်းတန်းတစ်ခုထွက်ပေါ်လာလေသည်။ထိုစဉ် သူ ကြောက်ရွံ့ထိတ်လန့်သွားကာ လုံးဝကို အံ့အားသင့်သွားစေသည်။ ထိုချိန်၌ ထိုဓားရောင်တောက်တောက်က သူ့ခါးကိုဖြတ်ပြီး အခြားတောင်ပေါ်ကို ဆင်းသက်သွားလေသည်။

သိပ်မကြာခင်မှာပဲ ရှည်လျားသောအလင်းတန်းတစ်ခုက သူ့ဆီကို ပျံသန်းလာပြီး အထဲမှာ ကောင်လေးတစ်ယောက် ရှိလေသည်။သူက အမောတကောအသက်ရှုနေတာ ရှက်ရွံ့စွာကြည့်နေလေသည်။ ထိုကောင်လေးပျံသန်းပြီးသည်နှင့် ဓားကိုဆွဲကိုင်ကာ မျက်နှာပေါ်တွင် တုန်လှုပ်နေဆဲဖြစ်သော ချမ့်ချန်ကို တစ်ချက်ကြည့်လိုက်သည်။ ကောင်လေးက ထွက်သွားချင်သော်လည်း တစ်ခုခုပြောသင့်ကြောင်း ခံစားရလေသည်။

“သွားစမ်း…”

ချမ့်ချန် အော်ပြောလိုက်လေသည်။

“ငါ…”

“မင်းအပြစ်မဟုတ်ဘူးဆိုတာ ငါသိပါတယ်...မင်းရဲ့ဓားပျံဟာ ထိန်းမနိုင်သိမ်းမရဖြစ်သွားပြီး သူ့ဘာသာသူ ဒီကိုပျံလာတာ...”

ချမ့်ချန်၏မျက်နှာတွင် စိတ်ပျက်လက်ပျက်အမူအရာတစ်ခုပေါ်လာသည်။

“အင်း…ဒါဆို ကျုပ်ကို သွားခွင့်ပြုပါအုံး..စီနီယာအစ်ကို ”

ကောင်လေးက ခဏတာ အံ့ဩသွားသည်၊

“ငါသိနှင့်နေတယ်…”

ချမ့်ချန်၏ ခန္ဓာကိုယ်က ယိုင်နွဲ့သွားပြီး ဘေးသို့ လဲကျသွားသည်။ သူ့မျက်နှာမှာ ငေးကြောင်ကြောင် အမူအရာတစ်ခု ရှိနေပြီး သူ ရူးသွပ်လုနီးနီး ဖြစ်နေပြီလို့ ခံစားလိုက်ရသည်။ သူဘာဖြစ်နေမှန်းမသိပေ။

‘ဒီနေ့ အတွက်တော့ ကံဆိုးမှု ပြီးလောက်ပါပြီ‌”

ချမ့်ချန်က ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ခါးသီးသော အပြုံးဖြင့် ထရန် ခြေလှမ်းပြင်လိုက်သည်။ အိုးထဲက ဆွဲထုတ်ခဲ့သောလူက သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။ချမ့်ချန် ကို ဆွဲထုတ်လိုက်သည်နှင့် ကံဆိုးခြင်းကို ဖယ်ရှားရန် သူ့လက်ကို တစ်နေရာရာမှာ ဆေးကြောနေတာ ဖြစ်နိုင်သည်။ ချမ့်ချန်၏ ကံဆိုးမှုက သူ့ကို မထိခိုက်စေရန် သူ့ဘိုးဘေးများဆီ ဆုတောင်းရန်တောင် ဖြစ်နိုင်ချေများသည်။

ဒါပေမယ့် သူ မတ်တပ်မရပ်ခင်မှာ အေးစက်တဲ့အသံတစ်ခုက ကောင်းကင်ကနေ သူ့ဆီ ဦးတည်လာခဲ့တယ်။

“ချမ့်ချန်.. မင်းအဲဒီမှာ ဘာလုပ်နေတာလဲ..”

စကားပြောသူက အဘွားကြီးပင်။ သူမက နှစ်ထပ်အိမ်မှမဟုတ်၊ ပြင်ပဂိုဏ်းမှ အကြီးအကဲတစ်ဦးဖြစ်သည်။ သူမက ချမ့်ချန်နှင့်ရင်းနှီးနေ လေသည်။

ထိုအသံကိုကြားသောအခါ ချမ့်ချန်က ရိုသေသောမျက်နှာဖြင့် မတ်တပ်ရပ်လိုက်သည်နှင့် တပြိုင်နက် သူ့ဘောင်းဘီ... အောက်ပိုင်းတစ်ခြမ်းက ကျွတ်ကျသွားသည်။ ချမ့်ချန်က သူ၏ခြေထောက်များကြားမှ အေးစက်မှုကို ခံစားလိုက်ရသောအခါ သူ အံ့အားသင့်သွားသည်။

အဘွားကြီးလည်း အံ့အားသင့်သွားသည်။ သူ့မျက်နှာတွင် မည်းမှောင်သောအမူအရာရှိပြီး အေးစက်စွာ ကြည့်လိုက်သည်။ထို့နောက် လက်တစ်ဖက်ဝှေ့ယမ်းရင်း ထွက်ခွာသွားလေသည်။

ချမ့်ချန်က မြေပြင်ပေါ်သို့ နောက်တစ်ကြိမ် လဲကျသွားသည်။ သူက ကောင်းကင်ကြီးကို ကူကယ်ရာမဲ့ ကြည့်နေသည် ။

‘တစ်ခုခုတော့ မမှန်ဘူး၊ တစ်ခုခုတော့ မမှန်ဘူး... ငါ တစ်စုံတစ်ယောက်ကို စော်ကားခဲ့တာ သေချာတယ်...’’

အချိန်အတော်ကြာပြီးနောက် တုန်တုန်ယင်ယင်ဖြင့် သူ့ဘောင်းဘီကို ကောက်ကိုင်လိုက်သည်။ ထိုအချိန်တွင်၊ သူသည် တခဏအတွင်း အသက်ကြီးလာပုံလာရပြီး ထုံထိုင်းနေလေသည်။ သူ၏ ပထမဆုံးသော ကံဆိုးမှုမတိုင်မီ သူမည်သူ့ကို စော်ကားမိမည်ကို သေချာစွာ ပြန်တွေးနေမိတော့သည်။

အကယ်၍ အခြားအချိန်များသာရှိခဲ့ပါက၊ သူပြစ်မှားခဲ့သောသူကို ပြန်လည်သတိရရန်ကြိုးစားခြင်းက ခက်ခဲသောအလုပ်ဖြစ်ပေသည်၊ အဘယ်ကြောင့်ဆိုသော် သူက လူများစွာကို စော်ကားမိသောကြောင့်ဖြစ်သည်။ သို့သော်စုမင် နှင့် ပတ်သက်သည့် ကိစ္စအပေါ် သူ၏ ဒေါသကြောင့် အခြားမည်သူ့ကိုမှ အာရုံမစူးစိုက်ခဲ့ပေ။ သူတစ်ယောက်ကို စိတ်ရင်းမှန်စွာစော်ကားခဲ့လျှင် စုမင် သာဖြစ်နိုင်သည်။

‘ချန်စု...’

ထိုအကြောင်းကို ပိုတွေးလေ၊ ပိုယုံကြည်လေလေပင်။ ထိုချန်စုက ထိုမျှငြိမ်သက်နေသည်ကို သတိရလိုက်ရသည်။ ချမ့်ချန်စိတ်ထဲတွင် ပို၍ပင် သေချာလာကာ ဘောင်းဘီကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ချက်ချင်း ထရပ်ကာ စုမငခ၏ အိမ်ဆီသို့ အလျင်အမြန် ပြေးသွားခဲ့သည်။

စုမင်က သူ့နေရာအပြင်ဘက်တွင် ဆံပင်တစ်ချောင်းကိုကိုင်ကာ ထိုင်လိုက်သည်။ ထိုဆံချည်ပေါ်တွင် ကျစ်ထုံးဆယ်ခုပါရှိပြီး၊ ၎င်းကို လူသေးသေးလေး၏ အသွင်အပြင်ကို မြင်နိုင်သည့်ပုံစံဖြင့် ကျစ်ထုံးထားသည်။စုမင် ရှေ့တွင် မြက်ပင်အချို့လည်း ရှိသေးသည်။ မြင်ပင်နဲ့လုပ်ထားသော အရုပ်လေး သူ့လက်ထဲမှာ ပေါ်လာသည်။

‘ဒီမှာ ကျစ်ထုံးဆယ်ချောင်း ရှိပြီး တစ်ခုချင်းစီမှာ ကျိန်စာရဲ့ အားနည်းတဲ့ စွမ်းအားတွေ ပါရှိတယ်.. ဒီကျိန်စာက လူကို မသတ်နိုင်ပေမယ့် အဲဒီလူကို ကံဆိုးမှုတွေနဲ့ ပြည့်စေလိမ့်မယ်...’

စုမင်က သူ့လက်ထဲက အရုပ်လေးကို ကြည့်ပြီး နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခု ပေါ်လာတယ်။ ဤစမ်းသပ်မှုတွင် အကြိမ်ကြိမ် ကျရှုံးပြီးနောက်၊ သူက ဤကျိန်စာ၏ စွမ်းအားအပြည့်ကို ပေးစွမ်းနိုင်ခဲ့သည်။ နှစ်ထပ်အိမ်အဆောက်အ အုံမှ အဘွားအိုကို ထိန်းချုပ်နိုင်မည်ဟု သူ့အားယုံကြည်မှုရှိလာစေသည်။

“ငါတို့ကြားမှာ ရန်ငြိုးတွေ သိပ်မရှိဘူး.. ဒါကြောင့် မင်းဆံပင်မှာ ဆယ့်တစ်ခု‌ မြောက်ကျစ်ထုံးကို ငါမချည်ဘူး.. ကံဆိုးခြင်းကလည်း လူကိုသေစေနိုင်တယ်..”

စုမင်က က ခေါင်းကို မော့ပြီး အဝေးကို တစ်ချက် ကြည့်လိုက်သည်။ များမကြာမီပင် ချမ့်ချန်က အဝေးက နှင်းလွင်ပြင်ပေါ်တွင် ပေါ်လာခဲ့သသည်။ သူ ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်နှင့် ချက်ချင်းပင် လဲကျသွားခဲ့သည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာများနှင့် ခြစ်ရာများ ပြည့်နေသော်လည်း စုမင်ဆီသို့ ဆက်လက် ပြေးသွားခဲ့သည်။ စုမင်ဆီသို့သွားရာလမ်းတွင်...သူသည် ရှစ်ကြိမ်တိုင်တိုင် ခလုတ်တိုက်မိပြီး နောက်ဆုံးတွင် ပေဒါဇင်များစွာအကွာအဝေးတစ်နေရာသို့ ရောက်ရှိနိုင်ခဲ့သည်။ ထို့နောက် နှင်းထုကြီးပေါ်တွင် ကျယ်လောင်သော လေသံဖြင့် ဒူးထောက်ထိုင်လိုက်သည်။

“သခင်လေး.. ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပါ.. ကျုပ်ရဲ့ အမှားတွေကို ကျုပ်သိပါပြီ...ကျေးဇူးပြုပြီး ကျုပ်ကိုအခွင့်ကောင်း ပေးသနားပါ”

ချမ့်ချန်က မယုံနိုင်လောက်အောင် တုန်လှုပ်သွားပုံရသည်။ စုမင်၏ နေရာကို သွားရာ လမ်းမှာ အကြိမ်ပေါင်း မြောက်များစွာ ခလုတ်တိုက် မိခဲ့ပြီး နောက်ထပ် အကြိမ်ပေါင်းများစွာ လဲကျလျှင် သေဆုံးနိုင်သည်။ အထူးသဖြင့် စုမင်၏လက်ထဲက အရုပ်ကို တွေ့လိုက်ရသည်နှင့် မကြောက်ဘဲ မနေနိုင်တော့ပေ။ သူ့နှလုံးသားက ချက်ချင်း ဒုန်းဆိုင်းလာသည်။

သူ ရှိုက်ကြီးတငင်ငိုပါတော့သည်။ သူ့မျက်လုံးမှ မျက်ရည်များ စီးကျလာပြီး စုမင်၏ ကရုဏာကို တောင်းခံနေလေသည်။သူနဲ့ကြုံခဲ့သမျှအရာအားလုံးက ထိုလူငယ်နဲ့ပတ်သက်နေကြောင်း သေချာလေ၏။ သူ တစ်သက်လုံး ထိုအိပ်မက်ဆိုးကြီးမှာ မည်သို့နေထိုင်ရမည်ကိုတွေးရင်း ရင်လေးနေလေသည်။ချမ့်ချန်က ဂိုဏ်းအကြီးအကဲနှင့်တွေ့သည့်အခါ ကြောက်ရွံ့စိတ်သို့ မဖြစ်ပေ။စုမင်ကိုတွေ့သောအခါ ကြောက်ရွံ့စိတ် တဖွားဖွားပေါ်လာလေသည်။

“အခုကစပြီးငါ မင်းကို မခေါ်ရင် မင်း ဒီနေရာကို မလာရဘူး”

စုမင်က တည်ငြိမ်စွာပြောလေသည်။

သူ့စကားပြောပြီးချိန်မှာတော့ ချမ့်ချန်က ချက်ချင်းခေါင်းညိတ်ပြပြီး သူ့မျက်နှာမှာ သနားစရာကောင်းသောအကြည့်များ ပေါ်လာသည်။ သူ့ရင်ထဲမှာတော့ တုန်လှုပ်ခြောက်ခြားမှုများနဲ့ ပြည့်နှက်နေ လေသည်။ စုမင်က သူ့လုပ်ရပ်များကို ဝန်ခံလိုက်တာကြောင့် သူ့စိတ်ထဲမှာ သံသယ ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်တွင် ချင်ချန်း၏နှလုံးသားထဲတွင် အော်ဟစ်သံတစ်ခုထွက်ပေါ်လာသည်။

‘သူ ဒီမှာပဲ.. အနှစ်နှစ်ဆယ်ပြီးတဲ့နောက်ဆုံးမှာ ရန်သွားမစသင့်တဲ့သူတွေထဲမှာ မှာ ပထမအဆင့်စာရင်း ပါတဲ့သူကို တွေ့ခဲ့တယ်...’

ချမ့်ချန်က ထိုရန်သွားမစသင့်သူများကို စာရင်းပြုစုရင်း အကြီးအကဲတစ်ယောက်က သာမန်ဂိုဏ်းသားလေးအဖြစ် ဝင်ရောက်လာသည့်အဖြစ်မျိုးကို မရှိနိုင်ဟု တွေးတောမိခဲ့သည်။

ထိုနေ့တစ်နေ့ တကယ် ရောက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

စုမင်က ညာလက်ကို မြှောက်လိုက်ပြီး အရုပ်ကို ပုတ်လိုက်သည်။ ချက်ချင်းပင် အနက်ရောင်မီးခိုးငွေ့များအဖြစ်သို့ ပြောင်းလဲသွားပြီး ပေါက်ကွဲသံနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ ပျောက်ကွယ်သွားသည့်အခိုက်တွင် ချမ့်ချန်က သူ၏အတွေး မှန်မမှနါ မသိသော်လည်း သူ့ခန္ဓာကိုယ် ပူနွေးလာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။

စုမင် ဘက်ကို လှမ်းကြည့်လိုက်သော် သူ့အကြည့်များက လေးစားမှုများဖြင့် ပြည့်နှက်သွားသည်။

“မင်းအခုသွားလို့ရပြီ.. ငါမပြောဘဲ ဒီကိုမလာနဲ့”

စုမင်က အေးဆေးတည်ငြိမ်စွာပြောသည်။

ချမ့်ချန်က လျင်မြန်စွာ နာခံပြီး လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

All Chapters