← Chapters

ဆယ့်တစ်ခုမြောက်ကျစ်ထုံး

Vol. 44 Ch. 612

ဆယ့်တစ်ခုမြောက်ကျစ်ထုံး

Vol. 44 Ch. 612

ညက အမှောင်ထုကြီးဖုံးလွှမ်းစပြုလာပြီ။ လနှင့်ကြယ်တို့က ကောင်းကင်၌ တောက်ပစွာ ထွန်းလင်းနေ၏။ အဖြူရောင်နှင်းများ ကျဆင်းမနေတော့ပေ။

မြေပြင်က ငွေရောင်သမ်းနေလေသည်။ လက အလင်းရောင်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊၊ စုမင် ခေါင်းကို မော့ကြည့်လိုက်သော် တောင်အပေါ်ဘက်ခြမ်းက နှစ်ထပ်အဆောက်အဦးပေါ်မှာ မှိန်ဖျော့ဖျော့ အလင်းရောင်ကို သူတွေ့လိုက်ရသည်။

စုမင်က သူ့လက်ထဲတွင် အဖြူရောင်ဆံချည်ကို ကိုင်ထားပြီး ထိုပေါ်မှာကျစ်ထုံးခုနစ်ခုရှိသည်။ နှစ်ထပ်အဆောက် အအုံမှ အကြည့်များကို ဖယ်လိုက်ပြီး သူ့လက်ပေါ်ရှိ ဆံပင်ချည်မျှင်ဆီသို့ လှမ်းကြည့်လိုက်သည်။ထိုစဉ် သူ့မျက်လုံးများက တောက်ပနေလေသည်။

ချက်ချင်းပင် သူ့လက်များကို စတင်လှုပ်ရှားလိုက်သည်။ တခဏချင်းတွင် ရှစ်ခုမြောက်ထုံးကို ချည်လိုက်သည်။ ထိုအခိုက်တွင် စုမင်၏နှလုံးသားများ တုန်လှုပ်သွားခဲ့သည်။ ၎င်းက ရုန်းကန် တွန်းလှန်ရန် ကြိုးစားနေသကဲ့သို့ ထိုကျစ်ထုံးတွင် စုစည်းနေသော စွမ်းအားလှိုင်းလုံးကြီးတစ်ခုကို သူချက်ချင်း ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် နှစ်ထပ်အိမ်၏ မြေညီထပ်တွင် တစ်လကျော်ကြာ ထိုင်နေသော ဆံဖြူအဘွားကြီးက မျက်လုံးများ လျင်မြန်စွာ ပွင့်လာပြီး ထူးဆန်းသော အလင်းရောင်တစ်ခု ထွန်းတောက်လာခဲ့သည်။

‘နောက်ဆုံးတော့ မင်းပေါ်လာပြီပဲ..’

သူမ လက်နှစ်ဘက်နှင့် ချိပ်တံဆိပ်ဖန်တီးပြီး ရုပ်တုကို ညွှန်ပြလိုက်သည်။ ချက်ချင်းပင် သူမရှေ့မှ အမျိုးသမီးရုပ်ထုက မှိန်ပျသောအလင်းရောင်ဖြင့် လင်းလက်သွားပြီး အဘွားကြီးအား ဖုံးအုပ်လိုက်သည်နှင့် မျက်လုံးမှိတ်လိုက်သည်။

ထိုအချိန်တွင် မှိန်ပျ သောအလင်းရောင် နှင့် အဆောက်အဦးအတွင်းရှိ အဘွားကြီး၏ အနီးတစ်ဝိုက်တွင် ပုံ‌ရိပ်ယောင်တစ်ခု ပေါ်လာသည်။

ထိုဆံချည်မျှင်မှာ ဆံဖြူကြိုးမျှင်ဖြစ်သည်။ ထိုဆံမျှင်က အခန်းတစ်ခုလုံးကို လှည့်ပတ်ပြီး မကြာမီ ထိုပေါ်တွင် ကျစ်ထုံးတစ်ခုပေါ်လာသည်။ ရှေးခေတ်တည်ရှိမှုတစ်ခုက အရပ်ရပ်သို့ ပြန့်နှံ့သွားသည်။ ဆံချည်ရှည်များလည်ပတ်လာသည်နှင့်အမျှ ၎င်းတွင် ကျစ်ထုံးများ အဆက်မပြတ် ဖြစ်ပေါ်လာကာ ရှေးခေတ် တည်ရှိမှုက ကျစ်ထုံးတစ်ခုစီတိုင်းတွင် ပိုမိုအားကောင်းလာသည်။

“ငါက မင်းရဲ့သခင်ပဲ.. ငါ့စကားအားလုံးကို နာခံရမယ်..”

အခန်းထဲတွင် မရှင်းလင်းသော အသံတစ်ခု ပဲ့တင်ထပ်နေသည် သို့မဟုတ် ပို၍တိကျစွာပြောရလျှင် အဘွားကြီး၏ စိတ်ထဲမှာ ပဲ့တင်ထပ်ကာ သူမ၏ ခန္ဓာကိုယ်ကို တုန်လှုပ်သွားစေသည် ။ သူမလက်ထဲရှိ ချိပ်တံဆိပ်တုံးများကို ဆက်လက်ပြောင်းလဲကာ သူမ၏ပတ်ပတ်လည်ရှိကျစ်ထုံးများကို တိုက်ထုတ်ရန် မှိန်ပျသောအလင်းရောင်ကို ညွှန်ကြားခဲ့သည်။

ထိုအချိန်တွင် ကျစ်ထုံးရှစ်ခုရှိသည်။ ၎င်းတို့တစ်ခုစီတွင် ထိုရှေးဟောင်းတည်ရှိနေမှုများပါ၀င်ပြီး အဘွားကြီး၏နှလုံးသားထဲတွင် အသံက သူမ၏စိတ်ဝိညာဉ်ကို ချိပ်တံဆိပ်ခတ်လိုက်သကဲ့သို့ ခံစားလိုက်ရကာ ထွက်ခွာသွားမည်မဟုတ်ပေ။

ဤမြင်ကွင်းကို နတ်ဘုရားအာရုံမျိုးဖြင့် မတွေ့နိုင်ဘဲ၊ ထိုအချိန်တွင် မည်သူမဆို မျှော်စင်တံခါးကို တွန်းဖွင့်လိုက်လျှင် ထိုရှည်လျားသော ဆံကြိုးမျှင်၏ ပုံရိပ်ယောင်ကို မမြင်နိုင်ပေ။ အဆောက်အဦးထဲမှာ တစ်ယောက်တည်းထိုင်ပြီး တရားထိုင်နေသော အဘွားကြီးကိုသာ မြင်နိုင်မည်။

ဤသည်မှာ စိတ်၏တိုက်ပွဲဖြစ်ပြီး စုမင်နှင့် အဘွားကြီးသာ သက်ဆိုင်သည် ။

တစ်ချိန်တည်းမှာပင် အဘွားကြီးက ချည်နှောင်မှုများကို တွန်းလှန်နေလေသည်။စုမင်၏ နှလုံးသားများ တုန်လှုပ်သွားကာ သူ့ပတ်ဝန်းကျင် လောကကြီးက လျှင်မြန်စွာ ပြောင်းလဲလာသည်။ ခဏကြာသော် သူ့မျက်စိရှေ့မှာ ဧရာမကြာပန်းကြီးကို မြင်လိုက်ရသည်။

ကြာပန်းဆီမှ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာပြီး စုမင် ရှင်းရှင်းလင်းလင်း မကြားနိုင်သော စကားလုံးများ ထွက်လာသည်။ အမျိုးသမီးတစ်ယောက် သူ့ဆီသို့ တဖြည်းဖြည်း လျှောက်လာသည်။ သူမ၏ ခန္ဓာကိုယ်မှ အလင်းရောင်က ညင်သာစွာ လင်းလက်လာပြီး သူမ ဖြတ်လျှောက်လာသောအခါတွင် သူမက နှစ်ထပ်အိမ်၏ မြေညီထပ်မှ ရုပ်တုဖြစ်ကြောင်း ချက်ချင်း သတိပြုမိသည်။

သို့သော်လည်း သူ့ရှေ့က အမျိုးသမီးက ပြန်လည်ရှင်သန်လာပုံရပြီး သန့်ရှင်းသောလေနှင့်အတူ အပြုံးဖြင့် သူ့ထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။

“ငါ့ရဲ့အရင်ဘဝက မင်းကိုကာကွယ်ပေးခဲ့တယ်.. ငါမင်းကို နှစ်ပေါင်းများစွာစောင့်ခဲ့တယ်... နောက်ဆုံးတော့ မင်းဒီကိုရောက်လာပြီ”

ထိုအမျိုးသမီး၏ အသံက နူးညံ့ညင်သာပြီး သူမ၏ စကားများအတွင်းမှ လေသံက စုမင်၏ စိတ်ကို တုန်လှုပ်စေပါသည်။

“မင်းမသေခင်တုန်းက မင်းပြောဖူးတာက အချိန်တွေ နောက်ပြန်လှည့်နိုင်ရင် ငါတို့ အတိတ်ကို ပြန်ဆုံတွေ့ကြမယ်... မင်းငါ့ကို မမှတ်မိတော့ဘူးဆိုရင်... မင်း ငါတို့ကို နှင်းထဲမှာ လမ်းလျှောက်ချင်သေးတယ်.. ငါတို့ခေါင်းတွေဖြူသွားတဲ့အထိပေါ့...”

အမျိုးသမီးက အဖြူရောင် ၀တ်စုံရှည်ကို ၀တ်ထားကာ စုမင်ကို နူးညံ့သိမ်မွေ့သော အကြည့်၊ မျက်နှာပေါ်တွင် ဖြူစင်သော အမူအရာဖြင့် ကြည့်နေလေသည်။ သူမ၏အလှက လောကကြီးကို အရောင်ပျက်စေသည့် အတောက်ပဆုံးအရာအဖြစ်သို့ ပြောင်းလဲသွားပုံရပြီး စုမင်၏ စိတ်ဝိညာဉ်တွင် သူ့ကိုယ်သူ တံဆိပ်ခတ်ထားပုံရသည်။

“လာပါ... မင်းရဲ့အမှတ်တရတွေထဲကို ပြန်သွားဖို့ ကူညီမယ်...”

အမျိုးသမီးက နူးနူးညံ့ညံ့ပြုံးကာ စုမင် သူ့လက်ကို ကိုင်ဖို့ စောင့်နေသလိုမျိုး လက်ပေးလိုက်သည်။

စုမင်က ခေါင်းမော့ပြီး သူ့ရှေ့က လှပတဲ့ အမျိုးသမီးကို ကြည့်လိုက်သာ်။ သူမသည် အနည်းငယ်ရင်းနှီးနေပုံရသော်လည်း ထိုရင်းနှီးမှုမျိုးက စုမင် မလိုလားသည့်အရာဖြစ်သည်။

သူ သူမကို လှမ်းကြည့်လိုက်ပြီး ဆံချည်ပေါ်မှာ ကိုးခုမြောက်ကျစ်ထုံးကို စတင်ချည်နှောင်လိုက်သည်။ သူ့မျက်နှာကတော့ ခက်ထန်မြဲခက်ထန်ဆဲပင်။

ကိုးခုမြောက် ကျစ်ထုံးတစ်ခု ပေါ်လာသည်နှင့် ချက်ချင်းပင် အမျိုးသမီး၏ မျက်နှာတွင် ဝမ်းနည်းပူပန်လာသည်။ သူမ၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာပြီး ကြာပန်းပေါ်တွင်တဖြောက်ဖြောက် ကျသွားသည်။

ထိုအသံကြောင့် စုမင်၏ ကမ္ဘာက ပြိုပျက်သွားသကဲ့သို့ ထိုမျက်ရည်များ စဲသွားသည်...

တစ်ချိန်တည်းမှာပင် အဘွားကြီးနှင့် နူးညံ့သိမ်မွေ့သော အလင်းတန်းများ ကာရံထားသော ဆံပင်ကြိုးမျှင်ပေါ်တွင် ကိုးခုမြောက် ကျစ်ထုံးတစ်ခု ချက်ခြင်းပေါ်လာပြီး အနက်ရောင် မီးခိုးအလွှာတစ်ခု ပျံ့နှံ့သွားသည်။ အဘွားကြီး၏ ပတ်ဝန်းကျင်က နူးညံ့သော အလင်းရောင်ကို ဖြတ်ပြီး အဘွားကြီး၏ ခန္ဓာကိုယ်ထဲကို အပြေးအလွှား ရောက်သွားလေသည်။

သူမ မျက်နှာ ဖြူဖျော့သွားသည် ။ သူမလက်ထဲက ချိပ်တံဆိပ်က တစ်ဖန်ပြောင်းသွားပြီး ငိုနေသကဲ့သို့ အသက်ရှုကြပ်နေတော့သည်။ သူမ လျှာဖျားကိုပင် ကိုက်လိုက်ပြီး ပါးစပ်ထဲ သွေးများစီးကျလာသည်။

ပါးစပ်က သွေးထွက်လာသည်နှင့် ချက်ချင်းပျောက်သွားသည်။

မကြာခင်မှာပဲ စုမင်ရှေ့မှာ ကွဲအက်သွားခဲ့တဲ့ လောကကြီးက သူ့အလိုလို ပြန်လည်ပြင်ဆင်ခဲ့သော်လည်း တခြားကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားကာ သွေးအရောင်နှင့် အရောင်ဆိုးသွားခဲ့တယ်...

ထိုသွေးနီရောင်အရိပ်က သွေးကြောင့်မဟုတ်သော်လည်း ကောင်းကင်တစ်ခုလုံး ပြည့်သွားသော မေပယ်ရွက်များကြောင့်ပင်။ သူတို့ကကြက်သွေးရောင်သန်းနေပြီး အထက်မှာ မျောပါပြီး လေနှင့်အတူ ပြန့်ကျဲသွားကြသည်။

စုမင်က အနီရောင်ဝတ်လုံရှည်ကို ၀တ်ဆင်ထားပြီး တင်ပျဉ်ခွေထိုင်နေသည်။ သူ့ရင်ခွင်ထဲမှာ လဲလျောင်းနေ‌ဆသာ… တုနှိုင်းမရသော အလှရှိသည့်အမျိုးသမီးတစ်ယောက်။ သူမ သူ့ကို ဗြောင်ကျကျ စိုက်ကြည့်နေပြီး ပါးစပ်မှ သွေးများ စီးကျနေသော်လည်း သူမ၏ နှုတ်ခမ်းပေါ်တွင် လှပပြီး နူးညံ့သော အပြုံးတစ်ခု ရှိနေသည်။

သူမ၏ တုန်လှုပ်နေသောလက်ကို မြှောက်လိုက်ပြီး သူ့မျက်နှာကို လှမ်းကိုင်လိုက်သည်။ သူမ၏ နူးညံ့သိမ်မွေ့သောအမူအရာကြောင့် သူမကိုမြင်လိုက်သည်နှင့် စုမင် ၏ရင်းနှီးမှုကို ပြန်လည်ရရှိလာသည်။ ယခုတစ်ခါတော့ သူမက လှိုင်းထနေသော သမုဒ္ဒရာတစ်ခုလို သူ့ဆီ ဦးတည်လာခဲ့သည်။

“နင်မမှတ်မိဘူးလား.... ဒီတစ်သက်မှာ နင်ငါ့ကိုမမှတ်မိတော့ဘူးလား... ငါနင့်ကိုစောင့်နေမယ်.. ငါတို့နောက်ဘဝမှာဆုံဖို့စောင့်နေမယ်…”

အမျိုးသမီးသည် စကားပြောနေစဉ်တွင် သူမ၏မျက်နှာက တဖြည်းဖြည်း ဖြူဖျော့လာပြီး အသက်ရှုသံများ တဖြည်းဖြည်း နှေးလာသည်။ သို့သော်လည်း သူမ၏ နူးညံ့သိမ်မွေ့မှုသည် စုမင်၏ မျက်လုံးများတွင် စွဲလန်းသွားပြီး သူ့နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။

“နမ်းပါ…”

လှပသော အမျိုးသမီးက စုမင်၏ မျက်နှာကို ပွတ်သပ်ကာ သူမဘဝ၏ နောက်ဆုံးစာကြောင်းကို ပြောလိုက်သည်။

စုမင်၏ နှလုံးသားထဲတွင် ရင်းနှီးကျွမ်းဝင်မှုက ထိုအချိန်တွင် ကြီးမားသော ဝမ်းနည်းခြင်း နှင့် နာကျင်ခြင်းလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားသည်၊၊ အကြောင်းမှာ အမျိုးသမီး၏ အသံက သူ့ကမ္ဘာတစ်ခုလုံးကို ဆုံးရှုံးခဲ့ရသည်ဟု ခံစားရစေသည်။ သူက တုန်တုန်ယင်ယင်နှင့် ခေါင်းငုံ့ကာ အမျိုးသမီး၏နှုတ်ခမ်းကို နမ်းတော့မည့်ပုံပေါ်သည်။

သို့သော် သူ့နှုတ်ခမ်းများက သူမကိုထိခါနီးတွင် စုမင်က မျက်လုံးများကိုမှိတ်ထားကာ ဒေါသကြောင့် တိုးတိုးလေးပြောလိုက်သည်။

“ငါ့ရဲ့ကျင့်ကြံမှုအခြေခံကို ပြန်လည်တည်ဆောက်ပြီး မာန်စိတ်ဝိညာဉ်နယ်ပယ် ကိုရောက်ဖို့ ဒီနေရာကိုပဲ သုံးချင်တယ်... မင်းကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး.. ငါထွက်သွားပြီးတာနဲ့ မင်းရဲ့လွတ်လပ်ခွင့်ကို ငါပြန်ပေးမှာပါ... “

“မင်းက ဒီရင်းနှီးမှုကို ငါ့ဆီ အတင်းတွန်းပို့ခဲ့တယ်... ဒီမှတ်ဉာဏ်ကလည်း မင်းရဲ့ စိတ်ဝိညာဉ်ဖမ်းစားခြင်းစွမ်းရည် ရဲ့ တစ်စိတ်တစ်ပိုင်းပဲ..”

စုမင် မျက်လုံးဖွင့်လိုက်သောအခါ ကြည်လင်ပြတ်သားစွာ လင်းလက်သွားသည်။ ထိုအချိန်တွင် သူက သူ၏လက်ထဲရှိ ဆံချည်ပေါ်တွင် ဆယ်ခုမြောက်ကျစ်ထုံးကို ချည်ထားသည်။

ချက်ချင်းဆိုသလိုပဲ သူ့ရှေ့က အမျိုးသမီးက ကြေကွဲစွာပြုံးပြီး ကွဲအက်သွားလေသည်။

တစ်ချိန်တည်းမှာပင် နှစ်ထပ်အိမ်၏ မြေညီထပ်ရှိ နူးညံ့သိမ်မွေ့သော မီးရောင်အတွင်းမှ အဘွားကြီးက တုန်လှုပ်သွားသည်။ သူ့ဆံပင်များက မဖြူတော့ဘဲ တဖြည်းဖြည်း မည်းနက်လာသည်။ သူမ၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများက တဖြည်းဖြည်း မှိန်ဖျော့သွားကာ ချောမွတ်သော နှင်းဆီရောင် အသားအရေဖြင့် အစားထိုးလာသည်။

သူမ၏ အသက်အရွယ်သည်လည်း နောက်ပြန်ဆုတ်သွားကာ အဘွားအိုတစ်ဦးမှ လူလတ်ပိုင်းတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားကာ သူမ၏အသွင်အပြင်သည်လည်း လွန်ကဲသော အလှတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

သူမက အသက်အရွယ်အပြင် ရုပ်ထုပေါ်ရှိ အမျိုးသမီးနှင့် မယုံနိုင်လောက်အောင်ပင် ဆင်တူသည်။ တကယ်တော့…သူတို့နှစ်ယောက် တစ်ယောက်တည်းပင်။

ဆယ်ခုမြောက် ကျစ်ထုံးများ ပေါ်လာသည်နှင့် သူမပတ်ဝန်းကျင်ရှိ အဘွားကြီးဆီသို့ စူးစူးဝါးဝါး ဖြာထွက်နေသော ဆံချည်မျှင်များက ချက်ချင်းပင် နူးညံ့သော အလင်းရောင်ကို ဝါးမျိုသွားခဲ့သည်။ သူမ မတွန်းလှန်နိုင်သည့် အစွမ်းထက်သော ဆန္ဒတစ်ခုက သူမထံ ကျရောက်သွားသည်။ ထိုအချိန်တွင် သူမ၏ စိတ်ဝိညာဉ်အတွင်း ပြင်းထန်သော ဖိအားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“ငါက မင်းရဲ့သခင်ပဲ. ငါ့ဆန္ဒက မင်းရဲ့ဆန္ဒဖြစ်ပြီး ငါ့စကားအားလုံးကို နာခံရမယ်”

အဘွားကြီးက တုန်လှုပ်သွားကာ သူမ၏အသွင်အပြင်သည် နောက်တစ်ကြိမ် ပြောင်းလဲသွားသည်။ တခဏအတွင်းမှာပင် သူမသည် အသက်နှစ်ဆယ်အရွယ် မိန်းကလေးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူမနှင့် ထိုရုပ်တုကြား ကွာခြားမှုမရှိတော့ပေ။

သူမ၏ မျက်လုံးများ ပွင့်လာပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့အတွင်း၌ ခရမ်းရောင် အလင်းတန်းများ ထွန်းလင်းလာသည်။ ကွဲအက်သွားသော လောကကြီးက စုမင်၏ မျက်လုံးများရှေ့တွင် သူ့အလိုလို ပြောင်းလဲသွားသည်။ သို့သော် ထိုမိန်းမကို မတွေ့ပေ။

သူ့မွေးရပ်မြေ အကျွမ်းတဝင်ရှိသော နက်မှောင်တောင်တန်း၊ ရင်းနှီး သောအသံများနဲ့ သူ့မျိုးနွယ်စုဆီက မနက်ခင်းမီးခိုးငွေ့များကို မြင်လိုက်ရသည်။

ရှည်လျားသော ခရမ်းရောင်ဆံပင်ရှည်နှင့် ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦးကို သူ့မျက်နှာတွင် ညှိုးငယ်သောအမူအရာဖြင့် မြင်သည်။ သူက မဟူရာတောင်တန်းမျိုးနွယ်ဆီသို့ လျှောက်သွားနေသဖြင့် စုမင်က ထိုမျက်နှာကို မမြင်နိုင်ပေ။ သူ့နောက်ကျော ရှိဆံပင်ရှည်များက လေထဲမှာ ကခုန်နေတာကိုပဲ မြင်နေရလေသည်။

နာကျင်အော်သံများနှင့် ရှိုက်ကြီးတငင် အော်သံများက မျိုးနွယ်စုရှိ အမျိုးသားများနှင့် အမျိုးသမီးများထံမှ ထွက်ပေါ်လာသည်။ သူတို့၏ မျက်နှာများက စိတ်ပျက်အားငယ်မှုနှင့် ငိုကြွေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ လေ့ချန်က အော်ဟစ်ပြီး သူ့မျက်လုံးထဲမှ မျက်ရည်များ စီးကျလာကာ ထိုလူထံမှ အဖြေကို တောင်းခဲ့သည်။ ချန်ရှင်းက အံ့သြသွားသည်။ ပိုင်လင်း၏မျက်နှာက ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နှက်နေပြီး လူကြီး၏ မျက်နှာမှာ ဖြူဖျော့နေ၏။ သူ့မျက်လုံးက… ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေလေသည်။

တခဏချင်းတွင် မျိုးနွယ်စုတစ်ခုလုံးက ထိုခရမ်းရောင်ဆံပင်ရှိလူ၏ အသတ်ခံလိုက်ရသည်ကို တွေ့လိုက်ရသည်။ လေ့ချန်၏ဦးခေါင်းက လေထဲသို့ပျံသွားကာ စုမင်၏ခြေရင်းတွင် လဲကျသွားသည်။ ပိုင်လင်းက ချန်ရှင်းကို ကာကွယ်ခဲ့ပြီး ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။ တုံတုံးကငိုပြီး ခရမ်းရောင်ဆံပင်ရှည်နှင့်လူက သူမကိုမသတ်ခင် ခဏမျှ တွန့်ဆုတ်နေပုံရသည်။

စုမင်၏ မျက်လုံးများရှေ့တွင် အရာအားလုံးသည် သွေးများဖြင့် ဖုံးလွှမ်းသွားသည်။ သူ အံ့ဩသွားလေသည်။ ခရမ်းရောင်ဆံပင်ရှိလူက လှည့်ကြည့်လိုက်သော် စုမင် ဆွံ့အသွားမိလေသည်။

ထိုမှသာ စုမင်က ထိုခရမ်းရောင်ဆံရှည်၏ အေးစက်နေသော မျက်နှာကို မြင်လိုက်ရပြီး ၎င်းမှာ သူ့ကိုယ်သူပင် ဖြစ်သည်။

ထိုလူက သွေးထွက်နေသော လူ၏ဦးခေါင်းကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး စုမင် ဘက်သို့ လှမ်းကြည့်ရင်းပစ်ပေါက်လိုက်သည်။ လေ့ချန်၏ခေါင်းမှာ စုမင်၏ရှေ့သို့ ရောက်သွားခဲ့သည်။ ထိုဆံပင်ဖြူဦးခေါင်းမှာ သူ့အကြီးအကဲပင်ဖြစ်သည်။

ထိုခေါင်းပြတ်က သေခါနီးအချိန်၌ပင် မျက်စိကိုဖွင့်ထားဆဲဖြစ်ပြီး အတွင်း၌ ဝမ်းနည်းပူဆွေးမှုများနှင့် ဝမ်းနည်းမှုများလည်း ရှိနေသည်။

ခရမ်းရောင်ဆံပင်ရှိလူက စုမင်ဆီသို့ လျှောက်သွားကာ သူ့လက်ထဲမှ ဓားကို မြေကြီးပေါ်သို့ ဓားဖြင့်ထိုးလိုက်သည်။ ရင်ဘတ်ကို ထုတ်ဖော်ရန် အင်္ကျီကို ဆုတ်ဖြဲလိုက်သည်။

“ငါ့ကိုသတ်လိုက်”

ထိုစကားက ခရမ်းရောင်ဆံရှည် အစကတည်းက ပြောခဲ့သော စကားနှစ်ခွန်းဖြစ်သည်။

“သူ့ကိုသတ်လိုက်... မင်းသူ့ကိုသတ်ရင် မင်း နက်မှောင်တောင် အတွက် လက်စားချေနိုင်တယ်... သူ့ကိုသတ်လိုက် မင်းရဲ့နာကျင်မှုတွေကနေ လွတ်မြောက်လိမ့်မယ်... သူ့ကိုသတ်လိုက်...”

စုမင်၏ နားထဲတွင် အသံတစ်ခု ပဲ့တင်ထပ်လာသည်။ သူ တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေရင်း နာကျင်မှုက သူ့မျက်နှာပေါ်သို့ ဖြည်းညှင်းစွာ တိုးဝင်လာသည် သူ့ရှေ့မှ ခရမ်းရောင် ဓားရှည်ကို ကိုင်ကာ မြေပြင်မှ ဖြည်းညှင်းစွာ လွှင့်ပစ်လိုက်သည်။ ထို့နောက် သူလှည့်ကြည့်ကာ သူ့နောက်က ဟင်းလင်းပြင်ကိုဖြတ်ပိုင်းလိုက်သည်။

ထိုအချိန်တွင် စုမင်၏လက်ထဲတွင်ရှိသော ဓါးရှည်ကြီးနှင့်အတူ တစ် လောကလုံးက ပေါက်ကွဲသံကြီးဖြင့် ကွဲကြေသွားသည်... သူ့နောက်မှ ပေါ်လာသော လှပသော အမျိုးသမီးလည်း ဓါးဖြင့်ဖြတ်ပိုင်းခံလိုက်ရသောအခါ အပိုင်းပိုင်းကွဲကြေသွားသည် ။

ထို့သို့အပိုင်းပိုင်းကွဲကြေသွားသည်နှင့် စုမင် ၏လက်များက ဆံချည်ပေါ်တွင် ဆယ့်တစ်ခုမြောက်ကျစ်ထုံးကို ချည်နှောင်လိုက်သည်။

“ကျစ်ထုံးတွေက ဘေးအန္တရာယ်တွေပဲ .. အခု နားလည်သွားပြီ”

ဟု သူက တိုးတိုးလေးပြောသည်။

All Chapters