← Chapters

ယိုးမင်ဂမ္ဘီရစက်ဝန်းထူးဆန်းစွာလှုပ်ရှားလာခြင်း

Vol. 87 Ch. 1213

ယိုးမင်ဂမ္ဘီရစက်ဝန်းထူးဆန်းစွာလှုပ်ရှားလာခြင်း

Vol. 87 Ch. 1213

အခန်း (၁၂၁၃) ယိုးမင်ဂမ္ဘီရစက်ဝန်းထူးဆန်းစွာလှုပ်ရှားလာခြင်း

အဝေးဆီမှ ကျယ်လောင်သည့် အော်ဟစ်သံတစ်သံ ပျံ့လွင့်လာသည်။

အသံက ပတ်ဝန်းကျင်ဗလာနယ်တစ်ခုလုံးသို့ လွှမ်းခြုံသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ကြွေထည်များအက်ကွဲသည့်အလား အက်ကွဲကြောင်းများ ထင်ဟပ်လာသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲ မျက်မှောင်ကြုံ့လိုက်၏။

ခဏမျှစဉ်းစားပြီးနောက် သူက စိတ်ကိုတည်ငြိမ်အောင်ထိန်းသိမ်းရင်း မည်သည့်လှုပ်ရှားမှုမှမပြုဘဲ ငြိမ်သက်နေလိုက်သည်။

ထိုအချိန်မှာပင် အခြားသောဦးတည်ရာတစ်ဖက်မှ ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာသည်ကို တွေ့လိုက်ရ၏။

ထိုရွှေရောင်အလင်းတန်းက ဗုဒ္ဓဘာသာမှအလင်းတန်းရောင်ဝါဖြစ်ကြောင်း ရန်ကျောက်ကဲ အာရုံခံလိုက်မိသည်။

“ဗုဒ္ဓဘာသာနယ်မြေဖြစ်တဲ့ သုခဘုံက ကျင့်ကြံသူတစ်ယောက် ရောက်လာတာပဲ ၊ ဒီလူရဲ့ ကျင့်ကြံခြင်းအဆင့်က နတ်ဘုရားတံခါးကို ဖွင့်လှစ်ထားတဲ့ တာအိုကျင့်ကြံသူတွေနဲ့အတူတူပဲ ၊ ဆိုတော့... သူက ‘သစ္စာတရားသိမြင်သူ’ အဆင့် ရောက်နေပြီဖြစ်ရမယ်”

ဗုဒ္ဓဘာသာကျင့်ကြံသူများက သူတို့ကိုယ်သူတို့ တာအိုဝါဒနှင့် အလွန်တရာ ကွဲပြားသည်ဟု ရှုမြင်သုံးသပ်ကြသည်။

ဗုဒ္ဓ ၊ ဗောဓိသတ္တ ၊ လော်ဟန့် အစရှိသော ဘွဲ့အမည်များက အမှန်တကယ်ပင် ဂုဏ်ယူစရာအမည်များဖြစ်သော်လည်း ကျင့်ကြံခြင်းအဆင့်နှင့် ပတ်သက်ခြင်းမရှိကြပေ။ ထို့ကြောင့် ဘွဲ့အမည်များကိုအခြေခံပြီး ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်ကို ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ရှေးခေတ်အချိန်ကတည်းက တာအိုဝါဒ တန်ခိုးစွမ်းအားရှင်များက ဗုဒ္ဓဘာသာဘက်မှ ကျင့်ကြံခြင်းအဆင့်နှင့်ပတ်သက်သည်များကို တာအိုဝါဒကျင့်ကြံခြင်းအဆင့်များဖြင့် ချိန်ညှိရန် တိကျသည့်အမည်နာမများ အသုံးပြုခဲ့ကြသည်။

“သစ္စာတရားသိမြင်သူ” အဆင့်ဆိုသည်မှာ တာအိုဝါဒမှ အစစ်အမှန်နတ်ဘုရားအဆင့်နှင့် တူညီသူကို ခေါ်ဆိုခြင်း ဖြစ်၏။ တာအိုဝါဒတွင် အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်လာပြီဆိုလျှင် အုပ်စိုးရှင်တစ်ပါးအဖြစ် သတ်မှတ်ကြသည်။

ယခု ‘သစ္စာတရားသိမြင်သူ’ အဆင့် ကျင့်ကြံသူတစ်ယောက် ဗုဒ္ဓအလင်းတန်းအဖြစ် ရောက်ရှိလာခြင်းကို အခြားသူများအားလုံးသည်လည်း တွေ့မြင်လိုက်ကြရသည်။

သို့သော် တစ်ချိန်တည်းမှာပင် အနီရောင်မီးလျှံတစ်ခုက ဗလာနယ်ကိုဖြတ်ကျော်လာပြီး ရွှေရောင်ဗုဒ္ဓအလင်းတန်းနောက်သို့ အရှိန်အဟုန်ဖြင့် လိုက်ပါလာလေသည်။

ထို အနီရောင်မီးလျှံထဲမှ စွမ်းအားရောင်ဝါက စောစောက “သူခိုးကောင်... ထွက်လာစမ်း...” ဆိုသည်စကားပြောလိုက်သူ၏ စွမ်းအားရောင်ဝါဖြစ်ကြောင်း သိသာစေသည်။

ရန်ကျောက်ကဲ ထိုသူထံသို့ အာရုံစူးစိုက်ကြည့်လိုက်တော့ မီးလျှံထဲတွင်ပျံသန်းနေသော ငှက်တစ်ကောင်ကို တွေ့မြင်လိုက်ရသည်။

“အလင်းပျံသန်းနတ်ဘုရားကျမ်းရဲ့ လျှို့ဝှက်သိုင်းပညာပဲ...”

ခဏမျှ သေချာစွာလေ့လာပြီးနောက် ရန်ကျောက်ကဲ ရှင်းလင်းစွာနားလည်သွားသည်။

‘အလင်းပျံသန်းနတ်ဘုရားကျမ်း’ ၏မူလအစပိုင်ရှင်အား နှင်းဆီငှက်ပုတီးဟု လူသိများသလို အလင်းပျံသန်းအရှင်ဟုလည်း သိရှိကြသည်။

တာအိုဝါဒတွင် နှင်းဆီငှက်ပုတီးကို ‘အလင်းပျံသန်းနတ်ဘုရင်’ ဟူ၍လည်း ခေါ်ဆိုကြသည်။

မဟာကပ်ဘေးကြီးမတိုင်ခင်က ‘အလင်းပျံသန်းနတ်ဘုရင်’ ၏ အသိပညာနှင့် မူဝါဒများကို မိတ်ဆက်ပေးသော ကျမ်းစာကို ‘အလင်းပျံသန်းနတ်ဘုရားကျမ်းစာ’ ဟု ခေါ်ဆိုကြသည်။

ယခု ရန်ကျောက်ကဲရှေ့မှ အမတခုံရုံး တန်ခိုးစွမ်းအားရှင် ကျင့်ကြံထားသည့် သိုင်းပညာမှာ ‘အလင်းပျံသန်းနတ်ဘုရားကျမ်းစာ’ ဖြစ်သည်။

ထိုတန်ခိုးစွမ်းအားရှင်ထံမှ ထွက်ပေါ်လာသော ကြီးမားသည့်စွမ်းအားရောင်ဝါကို အကဲဖြတ်ကြည့်မည်ဆိုလျှင် အမတချီစွမ်းအားကို အမတချီစွမ်းအားအုပ်စုအဖြစ် ပြောင်းလဲကျင့်ကြံထားကြောင်း တွေ့ရသဖြင့် ‘နက်ရှိုင်းနတ်ဘုရား’ တစ်ပါးဟု ဆိုနိုင်သည်။

အမတခုံရုံးမှ ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်တိုင် နတ်ရှိုင်းနတ်ဘုရားတစ်ပါးဖြစ်သဖြင့် ထိုသူကို လျှော့တွက်၍ မရနိုင်ပေ။

ဤသို့သောအဆင့်ရှိ ကျင့်ကြံသူများက မည်သူမှမနှောက်ယှက်နိုင်သော ငြိမ်သက်ခြင်းအဆင့်တွင် ရှိနေသူများ ဖြစ်ကြ၏။

‘အလင်းပျံသန်းနတ်ဘုရားကျမ်းစာ’ က အချိန်နှင့်နေရာ မည်သို့ပြောင်းလဲမည်ကို အဓိကပြဆိုထားသည့်ကျမ်းစာဖြစ်လေရာ အချိန် ၊ နေရာနှင့်ပတ်သက်သော လေးနက်သည့် အသိပညာများပါဝင်သည်။

အမတခုံရုံးမှ ဧကရာဇ်က ကျင့်ကြံခြင်းအဆင့်မြင့်မားသည်ဖြစ်ရာ ရွှေရောင်ဗုဒ္ဓအလင်းတန်းကို ချက်ချင်းပင် လိုက်မီလာသည်။

‘သစ္စတရားသိမြင်သူ’ အဆင့် ဗုဒ္ဓဘာသာကျင့်ကြံသူက နောက်ပြန်မလှည့်ဘဲ အရှိန်အဟုန်ဖြင့် ဆက်လက်ပြေးလွှားနေသည့်တိုင် အမတခုံရုံးမှ ဧကရာဇ်က နှင်းဆီငှက်ပုတီးအသွင်ပြေင်းလဲလိုက်ပြီး ဗလာနယ်ထဲတွင် ပျံသန်းကာ ထိုသူအရှေ့သို့ရောက်ရှိလာကာ ပြေးလမ်းကို ပိတ်ဆို့လိုက်သည်။

ထို့နောက် အနီရောင်မီးလျှံအတွင်းမှ လက်တစ်ဖက်ထွက်ပေါ်လာ၏။

ထိုလက်က ပုံမှန်ဟုထင်ရသော်လည်း အလွန်စွမ်းအားကြီးမားပုံရပြီး ဗုဒ္ဓအလင်းတန်းကို လက်ထဲသို့ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။

ဗုဒ္ဓအလင်းတန်းက တစ်ချက်လှည့်ပတ်လိုက်ပြီး ထိုလက်၏ဖမ်းဆုပ်မှုကို ရှောင်တိမ်းလိုက်သည်။ သို့သော် မီးလျှံများက ရွှေရောင်အလင်းတန်းကို ဝိုင်းပတ်ထားသည်ဖြစ်ရာ ထွက်လမ်းမရှိတော့ပေ။

ထိုအချိန် ဗလာနယ်တစ်နေရာမှ ဘုရားစာရွတ်ဆိုသံတစ်သံ ထွက်ပေါ်လာသည်။

“အော်မီတော်ဖော်...”

ထို ဘုရားစာရွတ်ဆိုသံ ထွက်ပေါ်လာသည်နှင့် ဗလာနယ်အမှောင်ထုတစ်ခုလုံး ဗုဒ္ဓအလင်းတန်းများဖြင့် ရုတ်ချည်းပင် ထွန်းလင်းတောက်ပသွားတော့သည်။

ရွှေရောင်အလင်းတန်းက အနီရောင်မီးလျှံထဲမှ နှင်းဆီငှက်ပုတီးနှင့် တိုက်ခိုက်နေရင်းဖြင့်ပင် ကြီးမားသောလက်ဖဝါးတစ်ဖက် ထွက်ပေါ်လာသည်။

“ငါ ထင်တဲ့အတိုင်းပဲ... နောက်ကွယ်မှာလည်း ကြီးမားတဲ့ရိုက်ခတ်မှုတွေ ရှိနေတာပဲ”

ရန်ကျောက်ကဲ တွေးလိုက်သည်။

ထိုအချိန် အနီရောင်မီးလျှံအလင်းတန်းအောက်တွင်လူတစ်ယောက်ပေါ်လာပြီး ထပ်ခါထပ်ခါ နှာမှုတ်လိုက်၏။

ထိုသူက အသက် (၃၀)အရွယ်ခန့်ရှိပြီး သိမ်းငှက်နှာခေါင်းများကိုပိုင်ဆိုင်ထားသည်။ သူ၏နှာခေါင်းဘေးဘက်မှ အချိုင့်ရာများက အလွန်နက်ရှိုင်းပြီး မျက်လုံးများက စူးရှတောက်ပလျှက်ရှိသည်။

ထိုသူက ရွှေရောင်ဗုဒ္ဓအလင်းတန်းအတွင်းမှထွက်ပေါ်လာသော “ဗုဒ္ဓရွှေရောင်အလင်းလက်ဝါး” ကို ကြောက်ရွံ့ခြင်းမရှိဘဲ သူ၏လက်များကို စွန်ကုပ်လက်သည်းအသွင်ပြောင်းလဲကာ ရန်သူကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဗုဒ္ဓအလင်းတန်းဖြင့်တောက်ပနေသည့် ဧရာမလက်ဖဝါးကြီးထက်တွင် စည်းတံဆိပ်တစ်ခု ထွက်ပေါ်လာပြီး ထိုစည်းတံဆိပ်က အဆက်မပြတ် ပြောင်းလဲကာ ဆင်သားရဲအစောင့်စစ်သည်အဖြစ် ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာပင် အနီရောင်မီးလျှံထဲတွင် နှင်းဆီငှက်ပုတီးတစ်ကောင် ထွက်ပေါ်လာည်။ ထိုနှင်းဆီငှက်ပုတီးက အမတချီစွမ်းအားအုပ်စုဖြင့် အသွင်ပြေင်းထားခြင်းဖြစ်၏။

ဆင်သားရဲနှင့် နှင်းဆီငှက်ပုတီးတို့ အချင်းချင်း ရိုက်ခတ်မိသွားကြသည်။

တစ်ယောက်က ဖျက်ဆီးမရအောင်ပြင်းထန်သော ဆင်သားရဲအစောင့်စစ်သည်တော်ဖြစ်ပြီး တစ်ယောက်က အချိန်နှင့်နေရာကို ဖြတ်ကျော်နိုင်စွမ်းရှိသော နှင်းဆီငှက်ပုတီး ဖြစ်သည်။

သူတို့နှစ်ယောက် ရိုက်ခတ်မိသည်နှင့် ကောင်းကင်တစ်ခွင်လုံး မီးလျှံများ မြင့်တက်လာသည်။

ဆင်သားရဲအစောင့်စစ်သည်က ပြင်းထန်ကြမ်းတမ်းပြီး နှင်းဆီငှက်ပုတီးကတော့ လိုက်လျောညီထွေရှိသော တောင်လောင်ခြင်းစွမ်းအားကို ပိုင်ဆိုင်သည်။

သူတို့နှစ်ယောက်လုံးက အလျှော့ပေးလိုစိတ်မရှိကြလေရာ တစ်ခဏအတွင်းမှာပင် သောင်းနှင့်ချီသည့်တိုက်ကွက်များထုတ်ဖော် တိုက်ခိုက်လိုက်ကြသည်။

ဗလာနယ်တစ်ခုလုံးတွင် ဗုဒ္ဓ၏ဆင်သားရဲအစောင့်စစ်သည်နှင့် တာအိုဝါဒ၏ နတ်ဘုရားငှက်တို့ အဆက်မပြတ် ရွေ့လျားနေကြသည်ကိုသာ လူအများ တွေ့မြင်နိုင်ကြသည်။

ဗုဒ္ဓအလင်းတန်းက မြေပြင်ထက်သို့ကျရောက်သွားပြီး အနီရောင်မီးလျှံများပေါက်ကွဲထွက်သွားကာ မိုးမြေတစ်ခုလုံး ပြောင်းပြန်လန်သွားသည့်အလား ထင်မှတ်ရသည်။

“သစ္စာတရားသိမြင်သူအဆင့်ရှိတဲ့ လော်ဟန့်ကိုယ်တော်တစ်ယောက်ပဲ”

တွေးရင်းဖြင့် ရန်ကျောက်ကဲက တုတ်တုတ်မှမလှုပ်သလို အသက်ပင်မရှူနိုင်ဘဲ တိုက်ပွဲကြည့်နေခဲ့သည်။

လက်ရှိတွင် သူက စကြာဝဠာတစ်ခုလုံးနှင့် ပေါင်းစည်းသွားပုံရသည်။ သူ၏လူသားခန္ဓာကိုယ်သာ မရှိပါက သူ၏အတွေးများသည်ပင် တည်ရှိတော့မည် မဟုတ်ပေ။

ဗလာနယ်အာကာသက မြစ်တစ်စင်းပမာ ပြောင်းလဲသွားပြီး ရန်ကျောက်ကဲက ထိုမြစ်ထဲတွင်ပေါင်းစပ်နေသည့် ရေစက်တစ်စက်ပမာ ဖြစ်သည်။

တိုက်ပွဲကြောင့်ဖြစ်ပေါ်လာသော လှိုင်းလုံးများက ဗလာနယ်တစ်ခုလုံးကို လွှမ်းမိုးထားသည်။

ကံကောင်းစွာပင် ရန်ကျောက်ကဲက တိုက်ပွဲကွင်းပြင်နှင့်အလွန်ဝေးကွာသည်ဖြစ်ရာ ထိုလှိုင်းလုံးများကြောင့် သူ၏တည်ရှိမှု ထွက်ပေါ်လာစေရန် မဖြစ်နိုင်ခဲ့ပေ။

သို့ပေသိ တိုက်ပွဲက တဖြည်းဖြည်း ပြင်းထန်လာသည်။

တစ်ယောက်က အမတခုံရုံးမှ ဧကရာဇ်တစ်ပါးဖြစ်ပြီး ကျန်တစ်ဖက်က ဗုဒ္ဓဘာသာနယ်မြေဖြစ်သော သုခဘုံမှ လော်ဟန့်ကိုယ်တော်တစ်ပါး ဖြစ်သည်။

သူတို့က ကာလရှည်ကြာ ရန်သူများဖြစ်ကြပြီး မရေမတွက်နိုင်သော သေခြင်းရှင်ခြင်းတိုက်ပွဲများကို ဆင်နွှဲခဲ့ကြဖူးသည်။ ထို့ကြောင့် ယခုအချိန်တွင် သူတို့၏တန်ခိုးစွမ်းအားကို ထိန်းချုပ်ဖုံးကွယ်ထားရန် အကြောင်းပြချက် မရှိပေ။

သူတို့နှစ်ယောက်အား နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်__

“အလင်းပျံသန်းနတ်ဘုရားကျမ်းစာ” ကို ကျင့်ကြံထားသည့် အမတခုံရုံးမှ ဧကရာဇ်၏တန်ခိုးစွမ်းအားက ကြမ်းတမ်းခက်ထန်ခြင်းမရှိသော်လည်း ပိုမိုစွမ်းအားပြင်းထန်သည်။

အမတခုံရုံးမှ ကျင့်ကြံသူများက မီးလျှံထက်ယံအရှင်သခင်ကို ဖမ်းဆီးရန် ဤနေရာတွင် ဝိုင်းဝန်းစုဝေးနေကြခြင်း ဖြစ်သည်။

ရန်ကျောက်ကဲ နောက်ယောင်ခံလိုက်လာသည့် ကျင့်ကြံသူအုပ်စုက ဝိုင်းရံထားသည့် အဝန်းအဝိုင်း၏ အစွန်းဘက်တစ်နေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

သို့သော် ဤနေရာမှတိုက်ပွဲက အနီးပတ်ဝန်းကျင်မှ အမတခုံရုံးကျင့်ကြံသူများကို သတိထားမိသွားစေပေလိမ့်မည်။

အမတခုံရုံးကျင့်ကြံသူများ၏ အခြေခံရည်ရွယ်ချက်မှာ စောမင်ကျန့်ကို ပိတ်ဆို့တားဆီးရန် ဖြစ်သည်။

သို့သော် ဗုဒ္ဓဘာသာကျင့်ကြံသူများသည်လည်း ဤကိစ္စတွင် ပါဝင်လာလေရာ အမတခုံရုံးမှ အခြားသော ကျင့်ကြံသူများသည်လည်း ထိုင်ကြည့်နေကြမည် မဟုတ်ပေ။

ဤနေရာသို့ရောက်ရှိနေသူများထဲတွင် နှင်းဆီငှက်ပုတီးတစ်ယောက်သာ ဧကရာဇ်အဆင့် ကျင့်ကြံသူ မဟုတ်ပေ။

ရန်ကျောက်ကဲ နောက်ယောင်ခံလိုက်လာသည့် အမတခုံရုံးမှ ကျင့်ကြံသူအုပ်စုတွင် အစစ်အမှန်နတ်ဘုရားတစ်ပါး ပါဝင်သည်။ သူက သစ္စာတရားသိမြင်သူအဆင့်ရှိသော လော်ဟန့်ကိုယ်တော် လွတ်မြောက်မသွားစေရန် ပိတ်ဆို့တားဆီးထားသည်။

ရန်ကျောက်ကဲကတော့ သူတို့နှစ်ယောက်တိုက်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သည်။

သူက ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ သိုင်းပညာရပ်များနှင့်ပတ်သက်ပြီး နားလည်ခြင်း သိပ်မရှိပေ။ ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ သိုင်းပညာရပ် မူလဇာစ်မြစ်ကို အနည်းအကျဉ်း မှတ်မိသိရှိသော်လည်း အသေးစိတ်အချက်အလက်များကိုတော့ ရှင်းလင်းစွာ သိရှိခြင်း မရှိပေ။

သို့သော် သူက အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင် အသုံးပြုသည့် သိုင်းပညာရပ်ကိုတော့ ကောင်းစွာသိရှိလေသည်။

“အဲဒီသိုင်းပညာအများစုက ငါတို့တာအိုစကြာဝဠာ စန်းချင်း (၃)ပါးအဆက်အနွယ်တွေဆီက ဆင်းသက်လာတာဆိုပေမယ့် မဟာကပ်ဘေးကြီးပြီးဆုံးတဲ့နောက် ပျောက်ကွယ်သွားခဲ့ပြီပဲ”

ရန်ကျောက်ကဲ တွေးလိုက်သည်။

“ဒါပေမဲ့ စန်းချင်း (၃)ပါး အဆက်အနွယ်ရဲ့ တကယ့် သိုင်းပညာရပ်တွေကိုတော့ မတွေ့မြင်ရသေးဘူး ၊ မဟာကပ်ဘေးကြီးမတိုင်ခင်က ကျင့်ကြံသူတွေကိုယ်တိုင် ထူးခြားတဲ့သိုင်းပညာရပ်အမျိုးမျိုးကို ဖန်တီးခဲ့ကြပြီး သိုင်းပညာထွန်းကားတဲ့ ခေတ်တစ်‌ခေတ် ရှိခဲ့တာပဲ မဟုတ်လား”

စန်းချင်း (၃)ပါး အဆက်အနွယ်သိုင်းပညာရပ်များက တာအိုဝါ၏ ရေသောက်မြစ်ဖြစ်သလို အဓိကမဏ္ဍိုင်လည်း ဖြစ်သည်။

သို့သော် တာအိုဝါဒထွန်းကားသော ခေတ်ကာလတွင် အရည်အချင်းရှိသူအများအပြားက သမိုင်းတစ်လျှောက် စုဆောင်းမှုများမှတစ်ဆင့် ကိုယ်ပိုင်ကျင့်စဉ်လမ်းကြောင်းများကို ရှာဖွေဖော်ထုတ်ခဲ့ကြသည်။

ထို ကျင့်ကြံသူအားလုံးသည် စန်းချင်း (၃)ပါး နှင့် ချိတ်ဆက်မှုအချို့ ရှိခဲ့သော်လည်း သူတို့၏ကျင့်စဉ်လမ်းတစ်လျှောက် ကိုယ်ပိုင်လမ်းကြောင်းအသစ်တစ်ခုကို ဖောက်လုပ်ခဲ့ပြီး ဖြစ်သည်။

တစ်နည်းဆိုရသော် စန်းချင်း (၃)ပါးအဆက်အနွယ် သားမြေးများသည် သူတို့မျိုးရိုးအစဉ်အဆက် အဖိုးတန်သိုင်းပညာရပ်များကို အသုံးပြုပြီး ကိုယ်ပိုင်သိုင်းပညာရပ်များကို ဖန်တီးခဲ့ကြသည်။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက်ပိုင်းမှာတော့ ထိုအရာများအားလုံးက ရာဇဝင်ထဲတွင် ကျန်ရစ်ခဲ့သည်ပင်။

သို့သော် အချို့သော စန်းချင်း (၃)ပါး အဆက်အနွယ် သိုင်းပညာရပ်များက အမတခုံရုံးတွင် ရှိနေနိုင်သည်ဟု ရန်ကျောက်ကဲ တွေးထင်မိသည်။

သို့သော် သူတို့က စန်းချင်း (၃)ပါး အဆက်အနွယ် သိုင်းပညာရပ်များကို အသုံးမပြုရန် ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားခဲ့ကြပုံပေါ်သည်။

“ဟင်...”

တွေးတောနေစဉ်မှာပင် ရန်ကျောက်ကဲ၏စိတ်အစဉ် ရုတ်တရက် တုန်ခါသွားသည်။

တိုက်ပွဲမြေပြင်ဆီသို့ အခြားသူတစ်ယောက် ချဉ်းကပ်လာကြောင်း အာရုံခံမိသဖြင့် ရန်ကျောက်ကဲ အဝေးဆီသို့ လှမ်းကြည့်လိုက်မိသည်။

ထိုအချိန်...

ရန်ကျောက်ကဲ ယူဆောင်လာသည့် ရတနာပစ္စည်းများထဲမှတစ်ခုက ထူးဆန်းစွာလှုပ်ရှားလာကြောင်း အာရုံခံလိုက်မိသည်။

အခြားသောရတနာပစ္စည်းမဟုတ် ၊ “ယိုးမင်ဂမ္ဘီရစက်ဝန်း” ဖြစ်ပေ၏။

All Chapters