← Chapters

မောက်မာလွန်းသည့်အမတခုံရုံး

Vol. 87 Ch. 1219

မောက်မာလွန်းသည့်အမတခုံရုံး

Vol. 87 Ch. 1219

အခန်း (၁၂၁၉) မောက်မာလွန်းသည့်အမတခုံရုံး

ပိုးသားဧကရာဇ် ‘ဖုယွင်ချီ’ ....။

အရင်အတိုင်း ချောမောခန့်ညားနေဆဲ ၊ စွဲဆောင်မှုရှိနေဆဲ ၊ တန်ခိုးစွမ်းအားမြင့်မားနေဆဲ ဖြစ်သည်။

အမတခုံရုံးမှ အုပ်စိုးရှင်များစွာနှင့်အတူ မတ်တတ်ရပ်နေခြင်းဖြစ်သည့်တိုင် ပိုသားဧကရာဇ်က စွဲဆောင်မှုအရှိဆုံး ဖြစ်နေဆဲပင်။

နေခြည်ဧကရာဇ်၏မျက်ဝန်းတစ်စုံသာမက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ စိတ်အာရုံသည်လည်း ပိုးသားဧကရာဇ်ကို စူးစိုက်ကြည့်နေသည်။

“အနက်ရောင်ဝတ်ပိုးသားဧကရာဇ်ပဲ...”

နေခြည်ဧကရာဇ်ရော အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ပါ စိတ်ထဲမှ တွေးလိုက်ကြသည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က အထက်ဘုံကမ္ဘာတွင် နေထိုင်ခြင်းမရှိသဖြင့် သတင်းအချက်အလက်များနှင့်ပတ်သက်ပြီး အကျွမ်းတဝင် မရှိလှပေ။

သူက အခြားသူများထက်နောက်ကျပြီးမှ သက်ရောက်မှုကြီးမားသောသတင်းများကို ကြားသိရဆဲ ဖြစ်သည်။

ရရှိသောသတင်းများထဲတွင် ပိုးသားဧကရာဇ်၏အခြေအနေက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် အာရုံအစိုက်ဆုံးအရာများထဲမှတစ်ခု ဖြစ်သည်။

လွန်ခဲ့သောနှစ်အနည်းငယ်က ပိုးသားဧကရာဇ် နှစ်ပိုင်းကွဲသွားသည့်သတင်းကို သူသိထားပြီး အနက်ရောင်ပိုးသားဧကရာဇ်နှင့် အဖြူရောင်ပိုးသားဧကရာဇ်ကြားမှ ခြားနားချက်ကိုလည်း သိရှိခဲ့သည်။

နေခြည်ဧကရာဇ်က ပြင်ပဗလာနယ်တွင်သာ နေထိုင်ခဲ့ပြီး အထက်ဘုံကမ္ဘာသို့ ပြန်လာခြင်း မရှိပေ။

ခရမ်းရောင်နေခြည်လိုဏ်ဂူမှ သူ၏တပည့်များက အထက်ဘုံကမ္ဘာမှ အဖြစ်အပျက်များကို အချိန်နှင့်တပြေးညီ အစီအရင်ခံရန် ကြိုးစားကြသည့်တိုင် သူသည်လည်း အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကဲ့သို့ပင် သတင်းများကို နောက်ကျမှ ရလေ့ရှိသည်။

မည်သို့ပင်ဖြစ်စေ သူ့အရှေ့မှ အနက်ရောင်ပိုးသားဧကရာဇ်အကြောင်းကိုတော့ ကောင်းစွာသိရှိထားသည်ပင်။

ယခု အနက်ရောင်ပိုးသားဧကရာဇ်အပြင် အမတခုံရုံးမှ အစစ်အမှန်နတ်ဘုရား အုပ်စိုးရှင်များသည်လည်း ရှိနေကြသည်ဖြစ်ရာ နေခြည်ဧကရာဇ်က သွားရောက်နှုတ်ဆက်စကားဆိုလိုက်သည်။

“တာအိုရောင်းရင်းတို့... တွေ့ရတာ ဝမ်းသာပါတယ်”

နေခြည်ဧကရာဇ်ကိုတွေ့သည်နှင့် အမတခုံရုံးမှ အုပ်စိုးရှင်များ၏မျက်ဝန်းများ မှုံမှိုင်းသွားကြသည်။ သို့သော် သူတို့က ကျင့်ဝတ်ကိုမမေ့ကြဘဲ လက်နှစ်ဖက်ဆုပ်ဂါရဝပြု ပြန်လည်နှုတ်ဆက်ကြ၏။

“တာအိုရောင်းရင်း ဖယောင်းနေခြည်ဧကရာဇ် ၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ”

နေခြည်ဧကရာဇ်က တည်ငြိမ်အေးဆေးစွာဖြင့်...

“ဘာများကူညီနိုင်မလဲ စောင့်ကြည့်နေတာပါ”

သူ့အရှေ့မှ အုပ်စိုးရှင်တစ်ပါးက...

“မင်းလို ပြင်ပတာအိုကျင့်ကြံသူကများ...”

သူက နေခြည်ဧကရာဇ်ကိုသာမက အနက်ရောင်ပိုးသားဧကရာဇ်ကိုပါ မကြည်ဖြူသောအကြည့်ဖြင့် ကြည့်လိုက်သည်။

သို့သော် အနက်ရောင်ပိုးသားဧကရာဇ်က မျက်နှာအမူအရာပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်စွာပင် မတ်တတ်ရပ်နေပြီး နေခြည်ဧကရာဇ်ရောက်လာကြောင်းတွေ့ရှိသည့်အခါ ဦးညွှတ်အရိုအသေပေးလိုက်၏။

အမတခုံရုံးမှ နောက်ထပ်အုပ်စိုးရှင်တစ်ပါးကတော့ နေခြည်ဧကရာဇ်ကို စူးစိုက်ကြည့်နေပြီး...

“စောမင်ကျန့်က မာန်တက်ပြီး ဒီလောက်မဆင်မခြင်ပြုလုပ်တာကို ဘယ်သူမှ ခွင့်မလွှတ်နိုင်ဘူး ၊ အခု ဒီမိစ္ဆာကောင်ကို သုတ်သင်ဖို့အတွက် ငါတို့အမတခုံရုံးက ကျင့်ကြံသူတွေအများကြီး တပ်ဖြန့်ထားတယ် ၊ ဒီတော့ မင်းလည်း ဒုက္ခမရောက်ချင်ဘူးဆိုရင် သူ့ကိုမကူညီတာပိုကောင်းမယ်”

ထိုစကားကြောင့် နေခြည်ဧကရာဇ်က ဒေါသထွက်သွားခြင်း မရှိဘဲ...

“တာအိုရောင်းရင်း နားလည်မှုလွဲနေပြီ ၊ ငါက စိတ်ပူလို့ဒီနေရာကိုရောက်လာတာ ၊ မင်းတို့အတွက် ဘာအကူအညီပေးရမလဲဆိုတာပဲ ကြည့်ချင်တာပါ”

သူက ဆက်ပြောသည်။

“မီးလျှံထက်ယံအရှင်သခင်က ငါတို့ အထက်ဘုံကမ္ဘာက အကြီးအကဲတစ်ယောက်ဆိုပေမယ့် လျှောက်တဲ့လမ်းက မတူညီပါဘူး ၊ သူက အမတခုံရုံးက ကျင့်ကြံသူတွေကို သတ်ဖြတ်ပစ်တယ်လို့ သတင်းကြား ငါ အတော်လေး အံ့အားသင့်သွားတာ”

အမတခုံရုံးမှ တတိယမြောက် အုပ်စိုးရှင်က အခြေအနေမတင်းမာစေရန် ဖြန်ဖြေလိုက်၏။

“တာအိုရောင်းရင်း ဖယောင်းနေခြည်ဧကရာဇ် ဒီလိုတွေးတယ်ဆိုရင်တော့ ကောင်းပါတယ် ၊ ဒါပေမဲ့ ဒီနေရာကို ငါတို့တွေဝိုင်းထားတယ် ၊ နားလည်မှုလွဲစရာတွေမဖြစ်ဖို့အတွက် ကိုယ့်စိတ်နဲ့ကိုယ် လျှောက်မလုပ်ဖို့ မျှော်လင့်ပါတယ်”

နေခြည်ဧကရာဇ်က ခေါင်းညိတ်လိုက်ပြီး...

“တာအိုရောင်းရင်း သတိပေးတာကျေးဇူးတင်ပါတယ် ၊ ငါ သတိထားပါ့မယ်”

ထို့နောက် သူက ပိုးသားဧကရာဇ်ကို လှမ်းကြည့်လိုက်ပြီး...

“တာအိုရောင်းရင်’ဖု’ ... မတွေ့ရတာတောင် နှစ်တွေကြာနေပြီနော် ၊ ဒီလိုမျိုး တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံရလိမ့်မယ်လို့ ထင်မထားမိဘူး ၊ ငါက ပြင်ပဗလာနယ်ထဲမှာပဲ အလုပ်များနေတာဆိုတော့ အထက်ဘုံကမ္ဘာကိုလည်း မပြန်နိုင်ဘူးလေ ၊ အခုတော့ မထင်မှတ်ဘဲ မင်းနဲ့ဆုံရတယ်”

အနက်ရောင်ပိုးသားဧကရာဇ်က...

“ငါလည်း ဒီနေ့ ဒီကိုရောက်လာရမယ်လို့ တွေးမထားမိပါဘူး”

ထို့နောက် နေခြည်ဧကရာဇ်က အမတခုံရုံးအုပ်စိုးရှင်များကိုလှမ်းကြည့်ရင်း...

“တာအိုရောင်းရင်းတို့... မင်းတို့ ဘယ်ကိုသွားနေကြတာလဲ”

သူတို့ထဲမှ တစ်ယောက်က...

“ငါတို့က ဒီကို အမိန့်နဲ့ရောက်လာတာ ၊ ပြီးတော့ အမိန့်အတိုင်းအလုပ်ဆက်လုပ်ကြရမယ် ၊ မင်းက ဒီကိစ္စထဲ ဝင်ပါချင်တယ်ဆိုရင်တော့ ငါတို့နဲ့အတူ လိုက်ခဲ့လို့ရပါတယ်”

မည်သို့သောအခြေအနေမျိုးတွင်ဖြစ်ပါစေ အထက်ဘုံကမ္ဘာမှ အစစ်အမှန်နတ်ဘုရားတစ်ပါးကို ဤနယ်မြေတွင် လွတ်လပ်စွာလှည့်လည်သွားလာခွင့်ပြုရန် သူတို့ ဆန္ဒမရှိခဲ့ကြပေ။

နေခြည်ဧကရာဇ်က ခေါင်းညိတ်ရင်း...

“အဆင်ပြေပါတယ်...”

ထို့နောက် သူက အမတခုံရုံးမှ အုပ်စိုးရှင်များအုပ်စုနှင့်အတူ လိုက်ပါသွားသည်။ အနက်ရောင်ဝတ် ပိုးသားဧကရာဇ်သည်လည်း သူတို့နှင့်အတူ လိုက်ပါသွားလေသည်။

နေခြည်ဧကရာဇ်က ပိုးသားဧကရာဇ်ကိုကြည့်ရင်းစကားပြောရန် ဟန်ပြင်လိုက်သော်လည်း မပြောဖြစ်တော့ဘဲ တုံ့ဆိုင်းသွားသည်။

ထို့နောက် သူတို့အုပ်စု ရှည်လျားသည့်ခရီးကိုနှင်ခဲ့ကြပြီး နေရာပေါင်းများစွာ ဖြတ်သန်းခဲ့ကြကာ အချိန်အတန်ကြာမှ ရပ်တန့်လိုက်ကြသည်။

ထိုနေရာတွင် အဝေးတစ်နေရာမှထွက်ပေါ်နေသောပြင်းထန်သည့် စွမ်းအားရောင်ဝါတစ်ခုရှိနေပြီး အလွန်တရာ တုန်လှုပ်ဖွယ်ရာကောင်းလှသည်။

သူတို့ကိုပိုပြီး အာရုံစူးစိုက်စေသည်မှာ ရေဝဲဂယက်တစ်ခုနှင့်ဆင်တူသည့် အလွန်တရာကြီးမားသော အခိုးအငွေ့ ဟင်းလင်းပြင်တစ်ခု ဖြစ်သည်။

ဤ အခိုးအငွေ့ဟင်းလင်းပြင်က အထက်ဘုံကမ္ဘာတစ်ခုလုံးထက် ပိုမိုကြီးမားသည်သာမက အမတခုံရုံး နယ်မြေအတော်များများ စုပေါင်းထားသည်ထက်လည်း ကြီးမားသည်။

အခိုးအငွေ့ဟင်းလင်းပြင်ထဲတွင် အဆုံးမရှိသော ဗလာနယ်နှင့် ရှုပ်ထွေးသည့် အချိန်စီးဆင်းမှုများကို သိမ်းဆည်းထားသည်။

ထိုအရာသာ ချဲ့ထွင်ကျယ်ပြန့်သွားမည်ဆိုပါက တိုင်းတာရခက်မည်မှာ အသေအချာပင်။

“ယွမ်စီ အခိုးငွေ့ဟင်းလင်းပြင်...”

ထိုအရာကိုကြည့်ရင်း ရန်ကျောက်ကဲ တဖြည်းဖြည်း သဘောပေါက်သွားသည်။

“ဒီ အခိုးအငွေ့ဟင်းလင်းပြင်ထဲမှာ အချိန်နဲ့နေရာ ဝဲဂယက်တစ်ခု ရှိနေတာပဲ ၊ အဲဒါက အဝေးက အမည်မသိ နေရာတစ်ခုဆီ ဦးတည်နေတယ်”

မီးလျှံထက်ယံအရှင်သခင် ‘စောမင်ကျန့်’ သာ ဤအခိုးအငွေ့ဟင်းလင်းပြင်ထဲဝင်ရောက်သွားပါက အမတခုံရုံးမှ လူများအနေဖြင့် သူ့ကိုရှာဖွေရန် အလွန်တရာ ခက်ခဲပေလိမ့်မည်။

ထိုခဏတွင် ရန်ကျောက်ကဲ တွေးမိသည်မှာ စောမင်ကျန့်က သူ့နောက်လိုက်လာသော အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များကို ဖြိုခွင်းရန် ဤနေရာသို့ တမင်သက်သက် မျှားခေါ်လာသည်လား ဟူ၍ ဖြစ်သည်။

သို့သော် သူ၏အတွေးက မဖြစ်နိုင်ပေ။

သို့သော် အကယ်၍ ဤအတိုင်းသာဖြစ်ခဲ့ပါမူ အမတခုံရုံးကလည်း လူအင်အားများစွာအသုံးပြုပြီး စောမင်ကျန့်၏ ထောင်ချောက်ထဲ ဝင်ရလောက်‌အောင် မိုက်မဲ့မည် မဟုတ်ပေ။

စောမင်ကျန့်က လွယ်လွယ်နှင့် လက်လျှော့တတ်သူမဟုတ်လေရာ အမတခုံရုံးမှလူများသည်လည်း သူနှင့်ပတ်သက်ပြီး သေချာသော သတင်းအချက်အလက်များ ကောက်နုတ်ထားကြပေမည်။

စောမင်ကျန့် ဖမ်းဆီးမိသော တန်ခိုးစွမ်းအားရှင်က အရေးကြီးသော သတင်းအချက်အလက်တစ်ခုအား သိရှိထားသည်။ သို့သော် အမတခုံရုံးတွင် ထိုသတင်းကိုသိရှိသူ ထိုသူတစ်ယောက်တည်းရှိမည် မဟုတ်ပေ။

ထို့ကြောင့် အမတခုံရုံးက အခြေအနေကိုသုံးသပ်ပြီး စောမင်ကျန့် ဤနေရာသို့ သေချာပေါက်လာရောက်မည်ကို သိရှိထားခြင်း ဖြစ်ဟန်တူသည်။

“ဒီ ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်ထဲမှာ ဘာတွေများ ဖုံးကွယ်ထားနိုင်သလဲ”

ရန်ကျောက်ကဲ တွေးလိုက်သည်။

“မုယောက်ကြယ်စင်ထက်ယံအရှင်သခင်... သူ သေလား ရှင်လား မသေချာပေမယ့် သူ နောက်ဆုံးပျောက်ကွယ်သွားတာ ဒီနေရာ ဖြစ်ရမယ်”

သို့ဆိုလျှင် စောမင်ကျန့်က ဤ ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်ကို သေချာစွာရှာဖွေမည် ဖြစ်သည်။ မုယောက်ကြယ်စင်ထက်ယံအရှင်သခင် မည်သည့်နေရာတွင်ရှိနေကြောင်း အတည်မပြုနိုင်ခင်အထိ သူက ထွက်သွားချင်သည်ဆိုလျှင်တောင် ထွက်သွားမည် မဟုတ်ပေ။

ထိုအချိန် အမတခုံရုံးကလည်း အခိုးအငွေ့ဟင်းလင်းပြင်တစ်ခုလုံးအား ပိုက်စိတ်တိုက်ရှာဖွေရန် အာရုံစိုက်ထားသည်။ စောမင်ကျန့်ထွက်မသွားခင် သူ၏လမ်းကိုပိတ်ဆို့ပြီး ထောင်ဖမ်းရန် ဆုံးဖြတ်ထားကြသည်။

တစ်ဆက်တည်းပင် ရှောက်ကျွင်းဟွမ် သေဆုံးခြင်း ရှိ မရှိ အတည်ပြုရန်မှာလည်း သူတို့၏တာဝန် ဖြစ်၏။

ယခုတစ်ကြိမ်တွင် အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များ အလွန်တရာများပြားသည်ဖြစ်ရာ ၊ ရည်မှန်းချက်ပန်းတိုင်မရောက်မချင်း ရပ်တန့်မည့်သဘော မရှိကြောင်း တွေ့ရပေမည်။

ရန်ကျောက်ကဲ ဤအကြောင်းများတွေးတောနေစဉ် သူ့အရှေ့မှ စကြာဝဠာက ရုတ်တရက် ပြောင်းလဲသွားသည်။

မည်မျှကြီးမားကြောင်း မခန့်မှန်းနိုင်သည့် ‘ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်’ က ပေါက်ကွဲထွက်သွားခြင်းမျိုးမဟုတ်ဘဲ အပြင်းဘက်သို့ ရုတ်တရက် ကျယ်ပြန့်လာလေသည်။

တဟုန်ထိုး ကျယ်ပြန့်လာသော အခိုးအငွေ့ဟင်းလင်းပြင်က သူ၏ တွန့်ခေါက်မှုများကို ဖြန့်ထုတ်ကာ ပတ်ဝန်းကျင်နေရာများစွာကို ဝါးမျိုပစ်လိုက်သည်။

အချိန်နှင့်နေရာ ပရမ်းပတာဖြစ်နေသော ရေဝဲဂယက်ကြီးက ချက်ချင်းပင် စကြာဝဠာကိုမျိုချတော့မည့် ဧကရာမသားရဲကြီးအဖြစ် ပြောင်းလဲသွားဟန်ပင်။

“အထဲမှာ ဘာဖြစ်နေတာလဲ ၊ တိုက်ပွဲကြီးတစ်ခု ဖြစ်နေတာများလား”

ရန်ကျောက်ကဲ တွေးလိုက်သည်။

ထို့နောက် ရေဝဲဂယက်လှိုင်းလုံးများက သူ့ပတ်ဝန်းကျင်မှ လူအများဆီသို့ ချဉ်းကပ်လာကြောင်း တွေ့လိုက်ရသည်။

အင်္ဂါဂြိုဟ်ပဆိန်သွားလှံရှည်က နေခြည်ဧကရာဇ်ကို အသံပို့လွှတ်စနစ်ဖြင့် ဆက်သွယ်လိုက်သည်။

“ဒါက ငါတို့အတွက် အခွင့်အရေးပဲ...”

နေခြည်ဧကရာဇ်က ဟင်းလင်းပြင် လှိုင်းလုံးများကို ရှောင်တိမ်းဟန်ဆောင်ပြီး သူ့စကားကို သဘောတူလိုက်သည်။

“အမှန်ပဲ”

အဆုံးသတ်မှာတော့ နေခြည်ဧကရာဇ်သည်လည်း ဟင်းလင်းပြင်လှိုင်းလုံးများကို ရှောင်တိမ်းနိုင်ခြင်းမရှိဘဲ ရေဝဲဂယက်အတွင်းသို့ ဝါးမျိုခံလိုက်ရသည်။

လှိုင်းလုံးများကိုရှောင်တိမ်းရန် မည်မျှပင်ကြိုးစားပါမူ မတတ်နိုင်ခဲ့ကြပေ။

သူတို့ကဲ့သို့ အစစ်အမှန်နတ်ဘုရားများသည်ပင် ရှောင်တိမ်းနိုင်စွမ်းမရှိလောက်အောင် အချိန်နှင့်နေရာ ဝဲဂယက်ကြီးက ပြင်းထန်လွန်းလှသည်။

သူတို့ထဲမှ တစ်ယောက်မှ ထိခိုက်ခြင်းမရှိသည့်တိုင် တစ်ယောက်မှလည်း မလွတ်မြောက်နိုင်ခဲ့ကြပေ။

နေခြည်ဧကရာဇ် ၊ ပိုးသားဧကရာဇ်နှင့် အမတခုံရုံးမှ အခြားသော အုပ်စိုးရှင်များသည်လည်း အချိန်နှင့်နေရာ လှိုင်းလုံးများကြား နစ်မြုပ်လျှက် ရှိကြသည်။

ရေဝဲဂယက်ထဲ ရုန်းကန်နေရင်းဖြင့် နောက်ဆုံးတော့ နေခြည်ဧကရာဇ်က အနည်းငယ်တည်ငြိမ်သွားပြီး ဟင်းလင်းပြင်လှိုင်းလုံးများအကြား မတ်တတ်ရပ်နိုင်လာသည်။

ဤနည်းအားဖြင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့် ရန်ကျောက်ကဲတို့သည်လည်း ပတ်ဝန်းကျင်ကိုလေ့လာရန် အချိန်ရလာခဲ့သည်။

အခိုးအငွေ့ဟင်းလင်းပြင်ထဲမှအရာအားလုံးက မြူမှုံများထူပ်နေသည့်ပမာ ဝေဝါးလျှက် ရှိသည်။ ဗလာနယ်လမ်းကြောင်းများက တောက်ပသည့်ပုံဆောင်ခဲ့များပမာ အစိုင်အခဲများပမာ ဖန်တီးထားသည်။

သို့သော် သူတို့ပတ်ဝန်းကျင်ရှိ အရာအားလုံးက မြူမှုံများကဲ့သို့ ဖြစ်နေကြောင်းသာ တွေ့မြင်ကြရပြီး နေခြည်ဧကရာဇ်ကဲ့သို့ တန်ခိုးစွမ်းအားရှင်တစ်ယောက်သည်ပင် ထိုမြူမှုံများကို မထိမကိုင်ရဲခဲ့ပေ။

မဟုတ်ပါက အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်အထိ ဆွဲညှစ်ခံရမည် ဖြစ်သည်။

ဗလာနယ်ထဲတွင်သွားလာစဉ် အအဆိုပါ မြူခိုးများကို ရှောင်တိမ်းရန်လိုအပ်လေသည်။ သို့သော် ဤသို့ပြုလုပ်ခြင်းက လမ်းကြောင်းကို မှတ်မိစေရန် အလွန်ခက်ခဲပေမည်။

သို့သော် ခဏအကြာတွင် နေခြည်ဧကရာဇ် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

ထို့နောက် အနက်ရောင်ဝတ်လူတစ်ယောက်ပေါ်လာပြီး ၊ ထိုသူက အနက်ရောင်ပိုးသားဧကရာဇ်မှလွဲပြီး အခြားသူ မဟုတ်ပေ။

ပိုးသားဧကရာဇ်က နေခြည်ဧကရာဇ်အား ထပ်မံဆုံတွေ့သည့်အခါ အံ့အားသင့်ဟန်မပြဘဲ မျက်ခုံးတစ်ချက်သာ ပင့်လိုက်သည်။

သူ့ပုံစံက မမျှော်လင့်သည့်တွေ့ဆုံမှုတစ်ခုဟု ပြဆိုနေသယောင်ပင်။

သို့သော် ယခုတစ်ကြိမ်မှာတော့ နေခြည်ဧကရာဇ်က စောစောကလို ပေါ့ပါးသည့်ဟန်ပန် မရှိတော့ပေ။

သူက ဖြည်းညင်းသည့်လေသံဖြင့်...

“တာအိုရောင်းရင်း’ဖု’ ... မင်းက ဘာလို့ ဒီကိုရောက်လာရတာလဲ”

All Chapters