← Chapters

ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်

Vol. 87 Ch. 1221

ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်

Vol. 87 Ch. 1221

အခန်း (၁၂၂၁) ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်

အနက်ရောင်ပိုးသားဧကရာဇ်က တည်ငြိမ်စွာဖြင့်...

“အမတခုံရုံးနဲ့ပူးပေါင်းတာက ငါ့အတွက် အကောင်းဆုံးရွေးချယ်မှု မဟုတ်ပါဘူး”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ အနည်းဆုံးတော့ အဆိုးဆုံးရွေးချယ်မှုလည်း မဟုတ်ဘူးလေ”

“ငါက အဆိုးရွားဆုံး အဆုံးသတ်မသွားချင်တာပဲ ရှိတာ ၊ အဲဒါက ကောင်းမွန်တဲ့ ဖြေရှင်းမှုတစ်ခုမဟုတ်ဘူးဆိုရင် ငါ ချက်ချင်း လက်လွှတ်လိုက်မှာပဲ”

ထိုစကားများကိုကြားတော့ ဖယောင်းနေခြည်ဧကရာဇ် အနည်းငယ် မျက်မှောင်ကျုံ့လိုက်သည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကတော့ တိတ်ဆိတ်စွာပင် နားထောင်နေ၏။

အနက်ရောင်ပိုးသားဧကရာဇ်နှင့် အဖြူရောင်ပိုးသားဧကရာဇ်ဆိုလျှင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က အနက်ရောင်ပိုးသားဧကရာဇ်ကို ပိုမိုမုန်းတီးလေသည်။

အဘယ်ကြောင့်ဆိုသော ပိုးသားဧကရာဇ်၏အခြေအနေကို အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် သိရှိပြီးသည်နှင့် အလွယ်တကူ ခန့်မှန်းလိုက်မိသည်မှာ ငရဲကိုးထပ်တ်ွင် အမတခုံရုံးဧကရာဇ်များနှင့်ပူးပေါင်းပြီး သူ့ကိုလုပ်ကြံသူမှာ အနက်ရောင်ပိုးသားဧကရာဇ် ဖြစ်မည်ဟူ၍ ဖြစ်၏။

ထိုစဉ်အချိန်က ပိုးသားဧကရာဇ် နှစ်ယောက်ကွဲမသွားသေးသော်လည်း ခံစားချက်ကင်းမဲ့သည့်ဘက်ခြမ်းကသာ သူ့ကို ဤသို့လုပ်ကြံမည်ဟု တွေးထင်ခဲ့သည်။ ထိုခံစားချက်ကင်းမဲ့သည့်ဘက်ခြမ်းက အနက်ရောင်ပိုးသားဧကရာဇ်အဖြစ် ပြောင်းလဲသွားခဲ့သည် မဟုတ်ပါလား။

မည်သို့ပင်ဖြစ်စေ အနက်ရောင်ပိုးသားဧကရာဇ်က အမတခုံရုံးတွင် ခိုလှုံသည့်အခြေအနေဖြင့် ဘဝအဆုံးသတ်သွားမည်ဆိုခြင်းက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို စိတ်ရှုပ်ထွေးအောင်ပြုလုပ်နေဆဲ ဖြစ်သည်။

အနက်ရောင်ဖြစ်စေ အဖြူရောင်ဖြစ်စေ ၊ ခံစားချက်ကင်းမဲ့သည့်ဘက်ခြမ်းဖြစ်စေ ၊ ခံစားချက်ရှိသည့်ဘက်ခြမ်းဖြစ်စေ ၊ ပိုးသားဧကရာဇ်ဆိုသည်က စန်းချင်း (၃)ပါးအဆက်အနွယ်များထဲတွင် အတော်ဆုံးကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့သည်။

ထို့ပြင် သူက အထက်ဘုံကမ္ဘာမှ အုပ်စိုးရှင် (၅)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး သြဇာကြီးမားသော ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်ခဲ့သည်။

ယခုတော့ သူက အထက်ဘုံကမ္ဘာမှာပင် နေစရာမရှိသောအဆင့်သို့ ကျဆင်းသွားပေပြီ။

ယင်ထျန်းရှနှင့် ဟူယွဲ့ရှင်းတို့၏ လက်ကျန်ပြဿနာများနှင့် ဝမ်ကျန်းချန်ကို ရန်ကျောက်ကဲက သတ်ဖြတ်လိုက်ခြင်းကြောင့် အထက်ဘုံကမ္ဘာတွင် တဖြည်းဖြည်း အုပ်စုနှစ်စု ကွဲလာသည်ဖြစ်ရာ နောက်ပိုင်းတွင် သေချာပေါက် ပဋိပက္ခများ ဖြစ်ပွားလာမည် အမှန်ပင်။

သို့သော် ရယ်စရာကောင်းသည့်အချက်မှာ အနာဂတ်တွင် မည်သည့်အုပ်စုက အနိုင်ရပါစေ အနက်ရောင်ပိုးသားဧကရာဇ်ကတော့ ဆိုးရွားသည့်အခြေအနေမှာပင် ရှိနေပေလိမ့်မည်။

အုပ်စုနှစ်ခုလုံး မတိုးသာမဆုတ်သာ အခြေအနေဖြစ်နေလျှင်တောင်မှ သူ့အနေဖြင့် မည်မျှစွန့်စားပါစေ ဘာအမြတ်အစွန်းမှ ရနိုင်စရာ မရှိပေ။

အခြေအနေများကိုသုံးသပ်မိတော့ ပိုးသားဧကရာဇ်၏ ရန်သူဖြစ်သော အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်သည်ပင် သက်ပြင်းချလိုက်မိသည်။

ရန်ကျောက်ကဲကတော့ အနက်ရောင်ပိုးသားပိုးသားဧကရာဇ်အတွက် ဘာမှ မခံစားခဲ့ရပေ။ အဘယ်ကြောင့်ဆိုသော သူက ထိုသူအကြောင်းကို အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ထက် ပိုသိသောကြောင့် ဖြစ်သည်။

ရန်ကျောက်ကဲအမြင်မှာတော့ အနက်ရောင်ပိုးသားဧကရာဇ်က အမတခုံရုံးနှင့် ပူးပေါင်းချင်ဟန်ဆောင်ပြီး တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့အား သူ့ဘက်ပါအောင် ဆွဲခေါ်ကာ အဖြူရောင်ပိုးသားဧကရာဇ်ကို ဆန့်ကျင်စေလိုခြင်း ဖြစ်သည်။

ပိုးသားဧကရာဇ်က လူနှစ်ယောက်အဖြစ် ကွဲသွားသော်လည်း သူတို့၏မှတ်ဉာဏ်များကတော့ အပြည့်အဝ တူညီနေဆဲ ဖြစ်သည်။

ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာမှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက်အနေဖြင့် ပိုးသားဧကရာဇ်က အထက်ဘုံကမ္ဘာအကြောင်း များစွာ သိရှိထားသည်။

အထက်ဘုံကမ္ဘာ၏ သတင်းအချက်အလက်များက အမတခုံရုံးအတွက် အလွန်တရာ အဖိုးတန်သည် အမှန်ပင်။

သို့ဖြစ်ရာ ပိုးသားဧကရာဇ်က အမတခုံရုံးသို့ဝင်ရောက်ပြီး နက်ရှိုင်းနတ်ဘုရားတစ်ပါး ဖြစ်လာမည်ဆိုလျှင် အထက်ဘုံကမ္ဘာအတွက် ဆူးတစ်ချောင်း ဖြစ်လာပေလိမ့်မည်။

ဆိုတော့ အနက်ရောင်ပိုးသားဧကရာဇ်က တကယ်ပဲ အမတခုံရုံးနှင့် ပူးပေါင်းချင်ပါသည်လား။

ဟုတ်ပေ၏။

အခြားနည်းလမ်းရှိမည်ဆိုလျှင် သူက ပူးပေါင်းမည် မဟုတ်ပေ။

ထို့ကြောင်း အနက်ရောင်ပိုးသားဧကရာဇ်အနေဖြင့် အကောင်းဆုံးကမ်းလှမ်းချက်ကို စောင့်မျှော်နေလေသည်။

ယခင်က အနက်ရောင်ပိုးသားဧကရာဇ် နတ်ဘုရားတံခါးကို ဖွင့်လှစ်ခဲ့စဉ်က အမတခုံရုံးနှင့် ပတ်သက်ခဲ့သည်ဆိုသော်လည်း သူ၏အရည်အချင်းအတိုင်း အမှန်တကယ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ယခုကဲ့သို့အခြေအနေမျိုးတွင် သူ့အနေဖြင့် အကောင်းဆုံးအခြေအနေကို ရွေးချယ်ခြင်းမှ ရပ်တန့်မည် မဟုတ်ပေ။

ထို့ပြင် အခြားနည်းလမ်းမရှိတော့ဘဲ အသက်အန္တရယ်လည်း ခြိမ်းခြောက်ခံရခြင်းမျိုး ဖြစ်လာလျှင် အမတခုံရုံးသို့ ဝင်ရောက်ရန်သာ ရွေးချယ်နိုင်သည်။

သို့ပေသိ အဖြူရောင်ပိုးသားဧကရာဇ်ကတော့ ဤသို့သောအလုပ်မျိုး ဘယ်သောအခါမှ ပြုလုပ်မည် မဟုတ်ပေ။ လက်ရှိတွင် အဖြူရောင်ပိုးသားဧကရာဇ်က အမတခုံရုံးကို ယခင်ကထက်ပင် ပိုမိုမုန်းတီးနေခဲ့သည်။

သို့ဖြစ်ရာ တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့က အဖြူရောင်ပိုးသားဧကရာဇ် အမတခုံရုံးသို့ ခိုလှုံမည်ကို စိုးရိမ်စရာ မရှိခဲ့‌ပေ။

ဤသည်က အလွန်ပင် ရယ်စရာကောင်းပြီး အူကြောင်ကြောင်နိုင်သည်ဟု ရန်ကျောက်ကဲကတော့ ရှုမြင်သည်။

“တာအိုရောင်းရင်း ‘ဖု’ ... နှစ်ခါပြန်ပြီး စဉ်းစားစေချင်ပါတယ်”

အတန်ကြာမှ နေခြည်ဧကရာဇ်က ဖြည်းညင်းစွာဖြင့် ဆိုသည်။

“တချို့ရွေးချယ်မှုတွေက ပြန်လှည့်လို့မရနိုင်ဘူး ၊ မင်း သတိရှိနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်”

အနက်ရောင် ပိုးသားဧကရာဇ်က တည်ငြိမ်သောမျက်နှာထားဖြင့်...

“မင်း ငါ့ကိုသတ်မလို့လား တာအိုရောင်းရင်း ဖယောင်းနေခြည်ဧကရာဇ်”

သူက ဆက်ပြောသည်။

“ငါက သိပ်ပြီး တန်ခိုးစွမ်းအားကြီးမားတဲ့သူ မဟုတ်ပါဘူး ၊ မင်းရဲ့ ကြေးမုံမှန်အလင်းတန်းနဲ့ ငါ့ကိုအနိုင်ယူလို့ ရနိုင်ပါတယ်”

နေခြည်ဧကရာဇ်က အနက်ရောင်ပိုးသားဧကရာဇ်၏မျက်လုံးများကို တည့်တည့်ကြည့်ရင်း...

“မင်းက အမတခုံရုံးနဲ့ပူးပေါင်းဖို့ ဒီနေရာကို ရောက်လာတာလား”

အနက်ရောင်ပိုးသားဧကရာဇ်က ခေါင်းခါယမ်းရင်း...

“မိတ်ဆွေဟောင်းတစ်ယောက်နဲ့ စကားပြောဖို့ ဒီကိုလာခဲ့တာပါ...”

သူက ဆက်ပြောသည်။

“အမတခုံရုံးနဲ့ဆက်သွယ်ချင်ရင် ငါ အဲဒီကိုတန်းသွားမှာပေါ့ ၊ ဒီနေရာကို လာစရာမလိုဘူး”

နေခြည်ဧကရာဇ်က ခေါင်းညိတ်လိုက်ပြီး ပိုမိုနူးညံ့သည့်မျက်နှာအမူအရာဖြင့်...

“ဒါဖြင့် ငါ ဒီစကားပဲ ထပ်ပြောပါရစေ... ၊ ကျေးဇူးပြုပြီး နှစ်ခါပြန်စဉ်းစားပါဦး”

အနက်ရောင်ပိုးသားဧကရာဇ်က ကောင်းသည် ဆိုးသည် တိကျသည့်အဖြေမပေးဘဲ နေခြည်ဧကရာဇ်ကို ဖြတ်သွားရင်း...

“မင်း ငါ့ကို မတိုက်ခိုက်ဘူးဆိုတော့ ဒီမှာပဲ နှုတ်ဆက်ကြတာပေါ့”

နေခြည်ဧကရာဇ်က...

“ဒီနေရာမှာ အမတခုံရုံးက လူတွေနဲ့ပြည့်နေတဲ့အပြင် ပတ်ဝန်းကျင်ကလည်း ရှုပ်ထွေးတယ် ၊ ငါတို့အတူတူသွားလို့ရတယ်လေ”

အနက်ရောင်ပိုးသားဧကရာဇ်က နောက်ပြန်လှည့်မကြည့်ဘဲ...

“ငါတို့ဒီကိုလာတဲ့ ဦးတည်ချက်က တူတာမှ မဟုတ်တာ ၊ လမ်းခွဲပြီးသွားတာပိုကောင်းပါတယ်”

ပြောပြီးသည်နှင့် သူက အလင်းရောင်မှေးမှိန်စွာတောက်ပပြီး အုံ့ဆိုင်းနေသော အခိုးအငွေ့ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားလေသည်။

နေခြည်ဧကရာဇ်က သူ၏နောက်ကျောကို တိတ်ဆိတ်စွာဖြင့် အချိန်ကြာမြင့်စွာ ကြည့်နေခဲ့သည်။

ပြီးမှ...

“အခု အထက်ဘုံကမ္ဘာရဲ့အခြေအနေက ရှုပ်ထွေးနေတယ် ၊ အမတခုံရုံးကလည်း ငါတို့ကို အမြဲလိုလို မျက်စိဒေါက်ထောက်ကြည့်နေတယ် ၊ ဒီတော့ လမ်းမှန်တာအိုကျင့်ကြံသူအချင်းချင်း ရန်ငြိုးရှိရင်လည်း ခဏလောက် ထိန်းထားပေးစေချင်တယ် ၊ မင်း တာအိုရောင်းရင်း’ဖု’ ကို ပြဿနာသွားမရှာပါနဲ့ဦး ၊ ကိစ္စတွေပြေလည်သွားရင် မင်းကြိုက်သလိုလှုပ်ရှားလို့ရပါတယ် ၊ အခုချိန် လှုပ်ရှားလိုက်ရင် အမတခုံရုံးက မိစ္ဆာကျင့်ကြံသူတွေ ငါတို့အပေါ် အခွင့်ကောင်းယူသွားလိမ့်မယ်”

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က...

“ဒါကတော့ သူ ဘာလုပ်မလဲဆိုတဲ့အပေါ် မူတည်တယ်”

ဖယောင်းနေခြည်ဧကရာဇ်က ခေါင်းညိတ်ရင်း....

"မင်း ဒီလိုပြောတာကြားရတာ ကောင်းပါတယ်"

စကားပြောဆိုပြီးသည်နှင့် သူတို့နှစ်ယောက် တပြိုင်တည်း စတင်လိုက်ကြသည်။

ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်၏ ဗလာနယ်က အလွန်အမင်းကျယ်ပြန့်ရုံသာမက အလွှာပေါင်းများစွာဖြင့် အဆက်မပြတ် ပြောင်းလဲလျှက် ရှိသည်။

အချိန်နှင့်နေရာ ပြောင်းလဲခြင်းသဘောတရားကို ကျွမ်းကျင်ပိုင်နိုင်စွာကျင့်ကြံထားသူတစ်ယောက်သည်ပင် ဤနေရာတွင် လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာပြီး လူတစ်ယောက်ကိုရှာဖွေရန်မှာ အလွန်ခက်ခဲပေမည်။

အတန်ကြာပြီးနောက် နေခြည်ဧကရာဇ်က ခေတ္တရပ်လိုက်ပြီး သက်ပြင်းချလိုက်သည်။

“ငါ ဒါကို ဆက်မလုပ်နိုင်တော့ဘူး...”

ထို့နောက် သူ၏ဦးခေါင်းထက်တွင်ရှိနေသော ကြေးမုံမှန်အလင်းတန်းက အနည်းငယ် တုန်ခါသွားပြီး အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏အသံ ထွက်ပေါ်လာသည်။

“သေချာတာပေါ့...”

သူက ဆက်ပြောသည်။

“တာအိုရောင်းရင်း ဖယောင်းနေခြည်ဧကရာဖ် ၊ အထက်ဘုံကမ္ဘာက တခြားသူတွေနဲ့ အဆက်အသွယ်ရသေးလား”

နေခြည်ဧကရာဇ်က...

“တိဟွမ်မြေကမ္ဘာဧကရာဇ်နဲ့ ကျန့်ဟွမ်ဓားဧကရာဇ်တို့ ဒီ ယွမ်စီ အခိုးအငွေ့ ဟင်းလင်းပြင်ထဲ ဝင်လာသလား ငါ မသိဘူး ၊ အခုပဲ ငါ သူတို့ကို ဆက်သွယ်ဖို့ကြိုးစားပေမယ့် ဘာတုံ့ပြန်မှုမှ မရသေးဘူး”

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက်...

“ဒါဖြင့် ငါ မင်ကျန့်ကိုဆက်သွယ်ဖို့ ကြိုးစားကြည့်မယ်...”

မီးလျှံထက်ယံအရှင်သခင်ဟု လူသိများသော ‘စောမင်ကျန့်’ သည် ရှောက်ကျွင်းဟွမ်ကိုရှာဖွေရန်အတွက် အဆုံးမရှိသော ပြင်ပဗလာနယ်ထဲတွင် လှည့်လည်သွားလာနေခဲ့သည်။

ပြီးတော့ သူ မည်သည့်နေရာသို့ ရောက်ရှိနေသည်လဲ မသေချာလှပေ။

သို့သော် သူနှင့်ဆက်သွယ်နိုင်သည့် တစ်ဦးတည်းသောပုဂ္ဂိုလ်မှာ ‘အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်’ ဖြစ်သည်။ သို့သော် သူတို့နှစ်ယောက်က အနေဝေးသဖြင့် အချင်းချင်း ဆက်သွယ်ခြင်း မရှိကြပေ။

အထူးသဖြင့် ယခုနှစ်များအတွင်း အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က စောမင်ကျန့်နှင့် တစ်ခါမှ မဆက်သွယ်ခဲ့ပေ။

နဂါးမျိုးနွယ်များနှင့် ထိုက်ချင်အဆက်အနွယ်များ သူ့ကိုနှိမ်နင်းဖိနှိပ်စဉ်ကလည်း စောမင်ကျန့်ကို မဆက်သွယ်ခဲ့ပေ။ အေးစက်သော ရှေးဟောင်းချောက်နက်ကြီးထဲမှ စည်းတံဆိပ်ကို ချိုးဖျက်ပြီး ရန်သူများကို လက်စားချေပြီးနောက် အမတခုံရုံးမှ ကျင့်ကြံသူများကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့စဉ်တွင်လည်း သူက စောမင်ကျန့်ကို မဆက်သွယ်ခဲ့ပေ။

ယခုတစ်ခေါက် အဖြစ်အပျက်က စောမင်ကျန့် တာအိုနယ်မြေသို့ အမှတ်မထင် ပြန်ရောက်လာချိန် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် ထိခိုက်ခံစားခဲ့ရသောသတင်း ကြားသိပြီးနောက် အမတခုံရုံးသို့ လာရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က...

“ဒါပေမဲ့ ဒီလိုနေရာမျိုးမှာ သူနဲ့အဆက်အသွယ်ရဖို့ဆိုတာ မသေချာဘူး ၊ အစွမ်းကုန်တော့ ကြိုးစားကြည့်မယ်လေ”

နေခြည်ဧကရာဇ်က တည်ကြည်လေးနက်သောမျက်နှာထားဖြင့် ပတ်ဝန်းကျင်ကို သတိထားအကဲခတ်လိုက်သည်။

ပြီးမှ ...

“ဒီနားတဝိုက်မှာ အမတခုံရုံးက ကျင့်ကြံသူတွေမှရှိဘူး ၊ ဒီတော့ မင်း သူ့ကို ဆက်သွယ်လိုက်ပါ ၊ ငါက မင်းကို ကာကွယ်ပေးမယ် ၊ ဒါပေမဲ့ အမတခုံရုံးကလူတွေ သတိပြုမိသွားမှာစိုးလို့ မြန်မြန်တော့ လုပ်စေချင်တယ်”

သူက ဆက်ပြောသည်။

“ဒီနေရာကိုရောက်နေတဲ့ အမတခုံရုံးတန်ခိုးစွမ်းအားရှင်အချို့က နက်ရှိုင်းနတ်ဘုရားအဆင့်ထက် အဆင့်မြင့်မားသူတွေ ဖြစ်နေနိုင်တယ်”

ထို့နောက် ကြေးမုံမှန်ထဲမှ အလင်းရောင် အနည်းငယ် တုန်ခါသွားပြီး ဖယောင်းတိုင်မီးအိမ်အတွင်းမှ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ဗလာနယ်ထဲသို့ ရောက်ရှိလာပြီး ကြီးမားသော မီးတောက်မီးလျှံကြီးအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ခဏမျှ မတ်တတ်ရပ်ပြီး ပရမ်းပတာ ရှုပ်ထွေးနေသော ဗလာနယ်ကို အာရုံခံလိုက်သည်။

ထို့နောက်မှာတော့ သူက လက်နှစ်ဖက်ယှက်လိုက်ပြီး မီးတောက်မီးလျှံများကို ပေါင်းစပ်စေလိုက်ကာ ဗလာနယ်ထဲတွင် ထုံးတမ်းအစီအရင်တစ်ခု စတင်ပြုလုပ်လိုက်လေသည်။

All Chapters