လေမုန်တိုင်းတစ်ခုတိုက်ခတ်ရန်အစပြုနေခြင်း။
Vol. 17 Ch. 242
ကျောင်းတော်ဖလှယ်ပွဲက ပြီးဆုံးသွားပြီဖြစ်ကာ တောင်ပိုင်းဒေသ လျှို့ဝှက်တာအိုကျောင်းတော်က ပြိုင်ပွဲကို အနိုင်ရရှိခဲ့လေသည်။
ထို့ပြင် ဤတခါတွင် အဓိကကျောင်းတော်၏ ယှဥ်ပြိုင်သူများကိုပါ အနိုင်ယူခဲ့၏။
ယခင်နှစ်များထက်စာလျှင် ယခုနှစ်က ပိုထိုတန်စွာအနိုင်ရခဲ့သည်ဟုဆိုနိုင်သည်။
ချင်းထျန်းနျန်က ပြုံးနေသည်။ သူက အလွန်တည်ငြိမ်နေဟန်ရသည်။
သို့သော် လက်တွေ့တွင်တော့ သူက အလွန်ပျော်ရွင်နေလေသည်။
သူတို့ငါးဦးစလုံးက အနိုင်ရရှိခဲ့ကာ အခြားကျောင်းတော်များကို ဖိနှိပ်နိုင်ခဲ့သည်။
ချင်းထျန်းနျန်ကို သာမန်အားဖြင့် အဖွဲ့အစည်းများစွာက လေးစားကုန်ကြသည်။
ကျောင်းအုပ်ယန်ပငခ ချင်းထျန်းနျန်ကို အသိအမှတ်ပြုနေ၏။
သူက တောင်ပိုင်းဒေသ လျှို့ဝှက်တာအိုကျောင်းတော်ကို အရင်းအမြစ်များ ပိုပေးမည်ဟု ကတိပြုလိုက်သည်။
သူက တောင်ပိုင်းဒေသ လျှို့ဝှက်တာအိုကျောင်းတော်ကို စိတ်မဝင်စားပေ။
သူက စံအိမ်တော်ကိုသာ မြင့်မြင်မားမားမျှော်မှန်းထား၏။
ချင်းထျန်းနျန်ကလည်း ၎င်းကို ကောင်းစွာသိလေသည်။
ဟုန်ရင်ထွက်ခွာမသွားခင် လီမိသားစုနှင့် အဂ္ဂိရတ်ဂိုဏ်းတို့က သူတို့ တိမ်ဖီးနစ်အင်ပါယာပြန်လည်ထူထောင်မည်ကို ထောက်ပံ့မည်ဖြစ်ကြောင်း ပြောဆိုခဲ့၏။
တစ်ချိန်တည်းမှာ သူတို့က တိမ်ဖီးနစ်အင်ပါယာနှင့်အတူ ကောင်းကင်ဘုံလမ်းကြောင်းတွင် တိုက်ခိုက်ပါမည်ဟု သဘောတူခဲ့သည်။
အခုအချိန်က ကျောင်းတော်များအကြား ဖလှယ်ပွဲတွင် ကျောင်းအုပ်ယန်က အဖွဲ့အစည်းများစွာကို လာရောက်ကြည့်ရှုရန် ဖိတ်ကြားခဲ့သည်။
ထိုအခိုက်တွင် စံအိမ်တော်၏ တပည့်ငါးယောက်ခွန်အားက ကုန်မြေတိုက်ကြီးတွင် ပျံ့နှံ့သွားသည်။
မူလက ဝေခွဲမရဖြစ်နေသော အဖွဲ့အစည်းများစွာရှိသေးသည်။
ထိုအချိန်တွင် သူက စံအိမ်တော်၏ အနာဂတ်ကို မျက်စိကျသွားခဲ့၏။
ထို့ကြောင့် သူက တိမ်ဖီးနစ်အင်ပါယာနှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သည်။
သူ့နေရာကို စံအိမ်တော်၏ အနာဂတ်နှင့် လောင်းကြေးထပ်ခဲ့၏။
သံသယမရှိစွာပင် ၎င်းကြောင့် တိမ်ဖီးနစ်အင်ပါယာပြန်လည်ထူထောင်ခြင်းကို မရပ်တန့်နိုင်ဖြစ်ခဲ့သည်။
အဂ္ဂိရတ်ဂိုဏ်းချုပ်က ပြုံးကာ ပြောသည်။ "အရှင်မ အရင်က ပြောခဲ့တဲ့ဟာကို အရှင်မရဲ့ ဆရာသခင်ကို ပြောပေးပါဦး"
ဟုန်ရင်က ခေါင်းညိမ့်၏။
အဂ္ဂိရတ်ဂိုဏ်းချုပ်ပြန်သွားသောအခါ ယဲ့ချိုးပိုင်က မေးလိုက်သည်။ "ဆရာတူညီမလေး ဘာကို သဘောတူလိုက်တာလဲ။ ဆရာ့ကို ဘာပြောစရာရှိလို့တုန်း"
ဟုန်ရင်က ပြုံးကာ ပြော၏။ "အိုး ဘာမှမဟုတ်ပါဘူး"
"အဂ္ဂိရတ်ဂိုဏ်းက တိမ်ဖီးနစ်အင်ပါယာနဲ့ပူးပေါင်းပြီးရင် အလဲအလှယ်အနေနဲ့ ဆရာ့ကို အဂ္ဂိရတ်ဂိုဏ်းကိုသွားပြီး နည်းလမ်းပြပေးဖို့ကိုပါဘဲ"
"ဒါပေါ့ ဆရာမဆူအောင်ကိုလဲ အဂ္ဂိရတ်ဂိုဏ်းက ဆရာတူအကိုကြီးနဲ့ဆွေးနွေးခဲ့တဲ့အခြေအနေတစ်ခုလို့ ပြောလိုက်မယ်"
ထိုသို့ဖြင့် ဟုန်ရင်က စံအိမ်တော်ကို ပြန်သွားတော့သည်။
မုဝမ်အာက ပါးစပ်ကိုလက်ဖြင့်ကာကာ ရယ်နေတော့သည်။ "အကိုကြီးချိုးပိုင် ဂရုစိုက်နော်"
ထို့သို့ပြောပြီး သူမက ဟုန်ရင်နောက်ကို ပြေးလိုက်သွားတော့သည်။ "အမဟုန်ရင် သမီးကိုစောင့်ဦး"
ယဲ့ချိုးပိုင်က နေရာတွင်ဘဲ ကြက်သေ သေကာကျန်ရစ်ခဲ့သည်။
ဘာလဲ။ ငါ့ကိုရောင်းစားပြန်ပြီလား။
ဤကိစ္စကိုရှာတွေ့သည့်အခါ သူ့ဆရာပေးမည့်အပြစ်ကိုတွေးလိုက်မိသည်။
ယဲ့ချိုးပိုင်က မနေနိုင်ဘဲ တုန်ယင်သွား၏။
သူက အလျှင်အမြန်ပင် ဟုန်ရင်နောက်သို့ ပြေးလိုက်လေသည်။
"ညီမလေး၊ ခဏနေပါဦး။ ဒီလိုမျိုးအပြစ်ပုံချလို့မရဘူးလေ"
နင်းချန်ရှင်း၊ ရှောင်ဟေးနှင့် ရှစ်ရှန်းတို့က ပြုံးကာ နောက်မှ လိုက်သွားတော့သည်။
ထိုလူစုက စံအိမ်တော်သို့ ပြန်ကြလေသည်။
အနောက်ပိုင်းဒေသတွင်တော့။
ဗုဒ္ဓတောင်ထိပ် ဗုဒ္ဓဂိုဏ်းတော်တွင်။
ယခု လူအိုကြီးခြောက်ယောက်မှ နှစ်ဦးက သေဆုံးသွားခဲ့ပြီဖြစ်သည်။
ကျန်သည့် အကြီးအကဲလေးဦးက ခန်းမ၏ ရှေ့တွင်ရပ်နေကြသည်။
"အော်မီတော်ဖော်၊ တပည့်တော်တို့ လေးဦးက ဆွေးနွေးစရာရှိပါတယ်"
သူစကားပြောပြီးနောက်တွင်လည်း မည်သည့်တုံ့ပြန်မှု့မှပေါ်မလာခဲ့ပေ။
တစ်ရက်ကြာပြီးနောက် အကြီးအကဲလေးဦးက ရပ်လျှက်ရှိနေသေးသည်။
သူတို့က ခန်းမအတွင်းမှ တုံ့ပြန်မှု့ကို စောင့်နေသယောင်ပင်။
ထိုအခိုက် နက်ရှိုင်းသော အသံတစ်ခုက ခန်းမအတွင်းမှ ထွက်ပေါ်လာ၏။
"ဘာကိစ္စရှိလို့လဲ"
ပြန်ဖြေသံကြားသည်နှင့် လူအိုကြီးတစ်ဦးက ချက်ချင်းထပြောလေသည်။ "အရှင်ဗုဒ္ဓ၊ တိမ်ဖီးနစ်ဧကရီက ပြန်လည်မွေးဖွားလာပြီး အင်ပါယာကိုပြန်လည်ထူထောင်ဖို့လုပ်နေပါတယ်"
"တပည့်တော်တို့ သူတို့ကို မတားဆီးနိုင်တော့ပါဘူး"
ဗုဒ္ဓအရှင်အသံက ထွက်ပေါ်လာ၏။
"အထက်ကမ္ဘာက ဘာတုံ့ပြန်မှု့လုပ်သေးလဲ"
"တပည့်တော်တို့နဲ့ အတက်ကမ္ဘာက ရုတ်တရက်ဆက်သွယ်မှု့ပြတ်တောက်သွားပါတယ်။ ဘယ်လိုလုပ်လုပ် ဆက်သွယ်လို့မရတော့ပါဘူး"
"နောက်ပြီး နယ်မြေနှလုံးသားကို တိမ်ဖီးနစ်ဧကရီက ရရှိသွားပါတယ်"
"ဆက်သွယ်လို့မရဘူးလား"
ဗုဒ္ဓအရှင်၏ လေသံက တည်ငြိမ်နေသေးသည်။ "ငါနားလည်ပြီ"
"တိမ်ဖီးနစ်ဧကရီရဲ့ လှုပ်ရှားမှု့တွေကို ဆက်လက်စောင့်ကြည့်ထား။ ပြီးတော့ တိမ်ဖီးနစ်အင်ပါယာနဲ့ မပူးပေါင်းရသေးတဲ့ ကြားနေအဖွဲ့အစည်းတွေကို စုစည်းထားပါ"
"အထက်ကမ္ဘာကိုဆက်သွယ်ဖို့နည်းလမ်းကို ငါစဥ်းစားဦးမယ်။ ပြီးတော့မှ သူတို့ကို ဖြစ်ပျက်နေတာတွေပြောလိုက်မယ်"
"တိမ်ဖီးနစ်အင်ပါယာ တစ်နေ့ထက်တစ်နေ့ကြီးထွားလာတာကို အကောင်းဆုံးကြိုးစာပြီး ရပ်တန့်ဖို့ မမေ့ပါနဲ့"
"မဟုတ်ရင် ဗုဒ္ဓဂိုဏ်းတော်ရဲ့ နှစ်တစ်သောင်းအစီအစဥ်က ပျက်ဆီးသွားရလိမ့်မယ်"
"ဗောဒိသတ္တကို ပြန်ရောက်တဲ့အခါ ငါ့ကိုလာတွေ့လို့ပြောလိုက်ပါ"
ထို့နောက် ဗုဒ္ဓအရှင်၏ အသံက ထပ်ထွက်မလာတော့ပေ။
ဗုဒ္ဓအရှင်၏ ညွန်ကြားချက်ကိုရပြီးနောက် အကြီးအကဲလေးဦးလည်း တစ်ဦးပြီးတစ်ဦးထွက်ခွာသွားတော့သည်။
ထိုအချိန်တွင် ခန်းမအတွင်းတွင် ရွှေရောင်အလင်းများလင်းလက်နေသည်။
ဖူတွန်ပေါ်တွင် ရွှေရောင်သင်္ကန်းကို ဆင်မြန်းထားသော အမျိုးသားတစ်ဦး ခြေချိတ် ထိုင်နေလေသည်။
ရွှေရောင်အလင်းများအောက်တွင် ထိုသူ၏ မျက်နှာရ ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။
ထိုလူက ဗုဒ္ဓအရှင်မြတ်ပင်။
"ကြည့်ရတာ ခေတ်ကြီးတစ်ခုကိုရောက်လာပြီနဲ့တူတယ်"
"ဗုဒ္ဓဂိုဏ်းတော်အောင်မြင်မှု့က ဒီအပေါ်မှာမူတည်နေပြီ"
"ဗုဒ္ဓဂိုဏ်းတော်ရဲ့ အနာဂတ်အတွက်"
ထိုလူက နူးညံ့စွာပြောပြီး သူ့အရှေ့ရှိ ရွှေရောင်ဗုဒ္ဓဆင်းထုကို ကြည့်နေလေသည်။
သူက လက်ညိုးဖြင့် မျက်ခုံးအလယ်ကို ထိလိုက်သည်။
သွေးအစီအနှစ်တစ်ခုက မျက်ခုံးနှစ်ဖက်အလယ်မှ ထွက်ပေါ်လာ၏။
သွေးအစီအနှစ်တစ်ခုထွက်ပေါ်လာသောအခါ ထိုသူ၏ မျက်နှာက အလွန်ပင်ဖြူဖျော့သွားလေသည်။
သူ၏ အရှိုန်အဝါပင် ဖျော့တော့သွား၏။
သူက ရွှေရောင်သွေးအစီအနှစ်ကို ဗုဒ္ဓဆင်းထုဆီသို့ပို့လွှတ်လိုက်၏။ ထိုသွေးစက်က ရွှေရောင်ဗုဒ္ဓဆင်းထု၏ မျက်ခုံးနှစ်ဖက်အတွင်းသို့ ဝင်ရောက်သွားလေသည်။
ရုတ်တရက်။
ရွှေရောင်ဗုဒ္ဓက အလွန်အမင်းတောက်ပလာ၏။
ဆင်းထုဆီမှ ထွက်ပေါ်လာသောအလင်းတန်းကြီးက ကောင်းကင်သို့ ထိုးတက်သွားတော့သည်။
ရွှေရောင်အလင်းတန်းက ကောင်းကင်ဘုံလမ်းဆီသို့ အလျှင်အမြန်ရောက်ရှိသွားတော့သည်။
သို့သော်လည်း ထိုအချိန်တွင် ရွှေရောင်အလင်းများက ဆက်လက်မတောက်မနိုင်တော့ပေ။
ကောင်းကင်ဘုံလမ်း၌ လုချန်ရှန်းက အကာအကွယ်အစီအရင်တစ်ခု တည်ဆောက်ထားလေသည်။
၎င်းက ရွှေရောင်အလင်းတန်းကို ပိတ်ဆို့ထားလိုက်သည်။
ခန်းမအတွင်းတွင် ဗုဒ္ဓအရှင်၏ မျက်လုံးများက အလွန်လေးနက်နေသည်။
"ထင်တဲ့အတိုင်းဘဲ တစ်ယောက်ယောက်က သတင်းပျံ့မသွားအောင် အစီအရင်တစ်ခုလုပ်ခဲ့ပုံဘဲ"
"ဒါက ဗုဒ္ဓဂိုဏ်းတော်အတွက် နောင်ကျရင် စိုးရိမ်စရာဖြစ်လာနိုင်တယ်။ ငါအလောင်းအစားလုပ်မှရမယ်"
သူက အံကြိတ်လိုက်ကာ သွေးအဆီအနှစ်တစ်ခုကို ထုတ်ယူလိုက်ပြီး ရွှေရောင်ဗုဒ္ဓဆင်ထုအတွင်းသို့ ပို့ပေးလိုက်ပြန်သည်။
ရွှေရောင်အလင်းတန်းများက ကောင်းကင်သို့ ထိုးတက်သွားပြန်သည်။
သူက ထိုအကာအရံကို ချိုးဖောက်ချင်နေသည်။
ထိုအခိုက် ကောင်းကင်ဘုံလမ်း၌။
ဧရာမ ကမ္ဘာသစ်ပင်ကြီးက ထွက်လာကာ ထိုအလင်းတန်းကို ပိတ်ဆို့လိုက်လေသည်။
ကမ္ဘာသစ်ပင်နဂါးထောင်ချောက်အစီအရင်ပင်။
ထို့နောက်၎င်းက ရွှေအလင်းတန်းကို ဖိချေနေ၏။
ခဏအကြာ၊
ရွှေအလင်းတန်းက ကမ္ဘာသစ်ပင်၏ ချေဖျက်ခြင်းကို ခံလိုက်ရလေသည်။
၎င်းက အလင်းအမှုန်များအဖြစ်ပြောင်းလဲကာ ဤကမ္ဘာကြီးအတွင်းသို့ ပျံ့ကျဲသွားသည်။
ထို့အခိုက်တွင် ကမ္ဘာသစ်ပင်ကြီးက ပြန်ဆုတ်သွားလေသည်။
အကာအကွယ်အစီအရင်ကလည်း စွမ်းအားများကို ရုတ်သိမ်းလိုက်သည်။
ထိုအခိုက် ဗုဒ္ဓအရှင်က ပါးစပ်အပြည်သွေးအန်လိုက်ရသည်။
သူ၏ အရှိုန်အဝါသည်လည်း မှေးမိန်သွားရတော့သည်။
သူက ဝတ်ပြုထိုင်ဖုံးပေါ်တွင် အလျှင်အမြန်ခြေချိတ်ထိုင်ကာ မျက်မှောင်ကြုတ်၍ သူ့ခန္ဓာကိုယ်ရှိတုံပြန်မှု့များကို ဖိနှိပ်နေရတော့သည်။
"ဒီအစီအရင်ကို ဘယ်သူတည်ဆောက်ခဲ့တာလဲ"
"ဒီနယ်မြေမှာ ဒီပုံစံမျိုး အားကောင်းတဲ့အစီအရင်ကိုတတည်ဆောင်နိုင်တဲ့လူက ဘယ်သူလဲ"
ဗုဒ္ဓအရှင်က သက်ပြင်းချကာ ဖျော့တော့စွာ ပြောလိုက်သည်။ "သတင်းကိုဖြန့်လို့မရတော့ဘူး။ အထက်ကမ္ဘာက အဖွဲ့တွေက မူမမှန်တာတွေကို မြန်မြန်သိနိုင်ဖို့ဘဲဆုတောင်းနေရတော့မယ်"
ထိုအချိန် ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာရှိ ကောင်းကင်ဘုံစိတ်ဝိဉာည်ဂိုဏ်းတွင်။
မဟာအကြီးအကဲက ထိုသတင်းကိုပြန်ယူလာခဲ့သည်။
ခုန်းကျန်းဟန့်က ထိုသတင်းကိုကြားလိုက်ပြီးနောက် သူ၏ အမူအရာက လေးနက်သွား၏။
"ဒီလူတည်ဆောက်ထားတဲ့ အစီအရင်ဘဲဖြစ်မယ်"
"အောက်ကမ္ဘာမှာဖြစ်ပျက်နေတာတွေကို ဖုံးကွယ်ဖို့ သူက ဒီအစီအရင်ကိုတည်ဆောက်ခဲ့တာဖြစ်မယ်"
"ငါတို့အကြာကြီးစောင့်လို့မရဘူး။ အခြေအနေတွေက ပြောင်းလဲသွားနိုင်တယ်"
ခုန်းကျန်းဟန့်က မဟာအကြီးအကဲကိုပြောလိုက်သည်။ "ဂိုဏ်းချုပ်ဖောင်ကို အသိသွားပေးပြီး အခြားသူတွေကို တိုက်ပွဲအတွက်ပြင်ဆင်ခိုင်းတော့"
မဟာအကြီးအကဲက အခြေအနေမည်မျှလေးနက်နေသည်ကို နားလည်လေသည်။
သူက ခေါင်းညိမ့်၍ ဒဏ်ရားများပင်မကုတော့ဘဲ အခြားဂိုဏ်းများကို သတိပေးရန်ထွက်ခွာသွားတော့သည်။