← Chapters

တတိယဆရာတူညီလေးက ဘယ်လိုကြောင့် ရှုံးနိုင်မှာလဲ။

Vol. 17 Ch. 250

တတိယဆရာတူညီလေးက ဘယ်လိုကြောင့် ရှုံးနိုင်မှာလဲ။

Vol. 17 Ch. 250

“ဒုတိယအနေနဲ့ ဗုဒ္ဓဟောထားသလို ကိုယ့်ရဲ့လိုအင်ဆန္ဒတွေကို ရောင့်ရဲနိုင်တဲ့သူတွေ ဗုဒ္ဓဂိုဏ်းတော်ထဲမှာရှိပြီလား။”

နင်းချန်ရှင်းထို သို့ပြောလိုက်သောအခါ...

ဘေးနားရှိတာအိုဉာဏ်အလင်းများက ပို၍ ထူထပ်သထက် ထူလာခဲ့သည်။

တောက်ပနေသောအဖြူရောင်အလင်းများက ကြောက်မက်ဖွယ်ကောင်းသည့်ဗုဒ္ဓအလင်းများကို ဆက်လက်မခုခံတော့ဘဲ သူက တိုက်ခိုက်ရန်ပြင်လိုက်သည်။

ထိုအခိုက်တွင် ထိုအလင်းများက ဗုဒ္ဓအလင်းရောင်ကို အမှန် ဖိနှိပ်ထားနိုင်နေသည်။

ရဟန္တာ၏ဘေးရှိ အသူရာတစ္တေပုံရိပ်က လက်ထဲရှိတူဖြင့် တောက်ပသောအလင်းများကို ခုခံလိုက်သည်။

နင်းချန်ရှင်း၏ တန်ပြန်တိုက်ခိုက်ခြင်းပင်။

သူက တန်ပြန်တိုက်ခိုက်ခြင်းဖြင့် အဖြေပြန်ပေးလိုက်သည်။

ရဟန္တာ၏ အမူအရာက မပြောင်းလဲပေ။ သူက ဗုဒ္ဓစည်းတံဆိပ်ကို လက်တစ်ဖက်တည်းဖြင့် ပြုလုပ်လိုက်သည်။

“တော်မီတော်ဖော်၊ ကောင်းပြီ ကောင်းပြီ။ ကြည့်ရတာ ဒကာလေးနင်းက ကိုယ်တော်တို့ရဲ့ ဗုဒ္ဓဝါဒရဲ့ ကြီးမြတ်သော တာအိုကို အတော်လေးနားလည်ထားတာဘဲ”

“ရှေးခေတ်အချိန်က မြင့်မားတဲ့အဆင့်ကိုရရှိဖို့အတွက် ကောင်းကင်ဘုံတာအိုကိုဘဲ လိုက်နာခဲ့ကြတယ်။ လူဘယ်နှစ်ယောက်က ကောင်းကင်ဘုံတာအိုကိုဆန့်ကျင်ရင်း အသက်ရှင်သန်နိုင်ခဲ့ကြလဲ။”

ရဟန္တာ၏ကိုယ်ပေါ်ရှိ ဗုဒ္ဓအလင်းက ပို၍ပင်တောက်ပလာသည်။

ထို့ပြင် သူပြောသည်ကို လက်ရှိလူအများအပြားက လက်ခံထားကြသည်။

မှန်ပေသည်၊ ကောင်းကင်ဘုံတာအိုကို လိုက်နာကျင့်ကြံမှ မြင့်မားသောအဆင့်ကို ရရှိမည်ဖြစ်သည်။

ကောင်းကင်ဘုံကို ဆန့်ကျင်ခြင်းက သေကြောင်းကြံခြင်းပင်။

ဟုတ်၏၊ ယင်းကိုလူအများအပြားက မသိကြပေ။

ဤနယ်မြေရှိ ကောင်းကင်ဘုံတာအိုသည် ယခင်တုန်းကတည်းက ပြိုလဲနေပြီးဖြစ်သည်။

“ဒါပေါ့၊ ကိုယ်တော်တို့ ဗုဒ္ဓဂိုဏ်းတော်မှာ လူဖျင်းလူအတွေ မရှိဘူးလို့တော့ မငြင်းချင်ပါဘူး”

ရဟန္တာက အလေးအနက်ပြောလေသည်။ “သို့ပေမဲ့ ဂိုဏ်းတိုင်းမှာ လူဖျင်းလူအတွေရှိနိုင်တာဘဲ။ ဒါက သဘာဝကြီးရဲ့ဥပဒေသဘဲ။ ထိုတူညီဘဲ ကောင်းကင်ဘုံတာအိုက လည်း ဒီလိုမျိုးဆောင်ရွက်တယ်။”

“တကာလေး ပြောဟောချက်ခြင်းရဲ့ ရည်ရွယ်ချက်က ကမ္ဘာကြီးက ငြိမ်းချမ်းပြီး ပဋိပက္ခတွေ ကင်းရှင်းစေဖို့လို့ ကိုယ်တော်ကြားပါတယ်။”

ထိုအချိန်တွင် ရဟန္တာကပြုံးလျှက်ပြောသည်။ “တကာလေးရဲ့ အတွေးက လှပပါရဲ့၊ ဒါပေမဲ့ လက်တွေ့ကတော့ ရက်စက်လွန်းပါတယ်”

“သို့ပေမဲ့လည်း တကာလေးနင်းရဲ့ အတွေးက ကိုယ်တော့်လေးစားမှု့နဲ့ထိုက်တန်ပါတယ်”

နင်းချန်ရှင်းက ရဟန္တာ၏စကားကိုကြားသောအခါ မတုန်လှုပ်မယိမ်းယိုင်ပေ။

သူဆရာနှင့် ဧကရာဇ်ကွန်ဖြူးရှပ်၏ သင်ကြားပေးမှု့အောက်တွင် မည်သို့ကြောင့် သူ၏ တာအိုနှလုံးသားက ကွဲကြေနိုင်ပါမည်နည်း။

“စောင့်နေမလား အခုလုပ်မလားဆိုတဲ့စကားတွေမှာ ခြားနားတာတွေရှိတယ်။”

“ဗုဒ္ဓဝါဒမှာ သူတစ်ပါးအသက်မသတ်ရဘူးဆိုတာပါတယ်မလား။”

“ဒါပေမယ့် ပြဿနာတွေကို ဖြေရှင်းလို့မရရင် တိုက်မယ်လိုက်တာက သာမန်လို့ ခင်ဗျားထင်တယ်မလား။ ဒါက ဗုဒ္ဓဝါဒကို ဆန့်ကျင်မနေဘူးလား”

ရဟန္တာက ပထမဆုံးအကြိမ်မျက်မှောင်ကြုတ်သွား၏။

ဗုဒ္ဓအလင်းက နင်းချန်ရှင်း၏ ဖိနှိပ်ခြင်းကို ခံလိုက်ရပြန်သည်။

ထိုအခိုက် အသူရာတစ္တေပုံရိပ်က ကျေမွပျက်စီးသွားလေသည်။

မြင်ရသည်မှာ ရဟန္တာက မှန်နေသောကြောင့် ပြန်လည် ချေပမရတော့ဟန်ဖြစ်နေပုံရသည်။

ပြန်လည်မပြောဆိုနိုင်သောကြောင့် ရဟန္တာ၏ တာအိုနှလုံးသားကလည်း စတင်၍ တုန်ယင်လာ၏။

တာအိုနှလုံးသားတုန်ခါသွားပြီးနောက် ရဟန္တာက တာအိုဆွေးနွေးပွဲတွင် အဆုံးသတ်သွားတော့သည်။

နင်းချန်ရှင်းက အသာစီးရနေသည်။

နင်းချန်ရှင်းက ဆက်ပြော၏။ “ခင်ဗျားတို့မှာ အပြင်ပန်းက သပ္ပယ်ဖို့ကောင်းတဲ့ ဘုရားကျောင်းဆောင်တွေရှိတယ်။”

“ဒါပေမဲ့လည်း အတွင်းမှာတော့ ဘာတည်ဆောက်မှု့မှမရှိဘူး။ အခွံကြီးသပ်သပ်ဘဲ။”

“ကျုပ်တို့က ဘာလို့ဒီလို အခွံလွတ်ကျောင်းဆောင်ကို ကြည့်ညိုနေကြမှာလဲ။”

နင်းချန်ရှင်းက စကားက ထက်ရှသောဓားသားများသဖွယ် ဗုဒ္ဓအလင်းကို အဆက်မပျက်ထိုးဖောက်နေလေသည်။

တစ်ချိန်ထဲမှာဘဲ ရဟန္တာ၏ စိတ်နှလုံးကို ထိုးဖောက်နေလေသည်။

နင်းချန်ရှင်း၏ စကားကား မမှား။ လက်ရှိ ဗုဒ္ဓဂိုဏ်းတော်က ထိုသို့ အမှန်ပင်ဖြစ်နေလေသည်။

အောက်ဘက်ရှိအင်အားစုများပင် သူတို့၏ စိတ်နှလုံးများတုန်ယင်သွားကာ တွေးဆနေသောအမူအရာဖြစ်ကုန်ကြသည်။

နင်းချန်ရှင်း၏ စကားလုံးများက ဓားသွားလိုပင်။ သူက ရဟန္တာ၏စိတ်နှလုံးကိုတိုက်ခိုက်ရုံသာမက လူအများ၏ အတွေးကိုပါ ကိုင်လုပ်စေခဲ့သည်။

ရဟန္တာက စကားပြောရန် အခွင့်ရေးရသောအခါ၊ “ဒါဆိုလည်း ဘာဖြစ်လဲ။ လူအများက ဗုဒ္ဓဝါဒကို လက်ခံယုံကြည်နေဆဲဘဲလေ။

”

“အခု ကွန်ဖြူးရှပ်တာအိုက ပျောက်ကွယ်သွားပြီ။ ယခင်ကလို ခန်းနားမကြီးကျယ်တော့ဘူး။ တကာလေးနင်က ဒီအခြေအနေကို ဘယ်လိုဖြေရှင်းမလဲ။”

“အကျိုးအမြတ်နဲ့ ထာဝရရှင်သန်ဖို့အတွက် ကြီးနိုင်ငယ်ညှင်း နိုင်ရာစား လောကကြီးမှာ ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းနိုင်ပါ့မလဲ။”

နင်းချန်ရှင်းအမူအရာက မပြောင်းလဲ တည်ငြိမ်နေ၏။

“နည်းနည်းတော့ ခက်ခဲပေမဲ့ မဖြစ်နိုင်တာတော့မရှိဘူး”

“နှလုံးသားနဲ့ချည်းကပ်ပြီး အသိစိတ်ကို ရှင်းလင်းအောင်ထားသင့်တယ်။”

နင်းချန်ရှင်း နောက်ဆုံးပြောသည့်စကားလုံးအနည်းငယ်က သံသယမရှိစွာပင် ရဟန္တာ၏ စကားလုံးများကို အလုံးစုံပယ်ချလိုက်သည်။

အတိတ်အချိန်တုန်းက ရဟန္တာသည်လည်း ကမ္ဘာလောကကြီးကို သတ်ဖြတ်ခြင်းများမရှိဘဲ အေးချမ်းစေချင်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းက ဗုဒ္ဓဂိုဏ်းတော်၏ ကြီးမြတ်သောတာအိုဟု ထင်ခဲ့ခြင်းကြောင့်ပင်။

ယခုတော့ သူက လူမျိုးစုံနှင့် ဗုဒ္ဓဂိုဏ်းတော်၏ မသန့်စင်မှု့များကိုလည်း မြင်တွေ့ခဲ့ဖူးပြီဖြစ်သည်။

ထပ်တူညီစွာပင် သူက ဗုဒ္ဓအရှင်မြတ်နှင့် အခြားသောဗုဒ္ဓများ၏ သဘောထားကိုနားလည်ခဲ့သည်။

ရဟန္တာ၏ အတွေးကလည်း သိမ်မွေ့စွာ ပြောင်းလဲသွားတော့သည်။

သူက ပြောင်းလဲကာ လုပ်ဆောင်ခဲ့သည်။ သို့သော်ငြားလည်း သူတွင် အတွေးသာရှိပြီး လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့ပေ။

ယခုတော့ ဤအတွေးကို သူ မေ့လျော့နေခဲ့လေပြီ။

၎င်းက ကောင်းကင်ဘုံတာအိုကို လိုက်နာကျင့်သုံးနေသလိုပင်။

ထိုအခိုက်တွင် ဗုဒ္ဓအလင်းက စတင်၍ မှိန်ဖျော့လာသည်။

ညာဘက်ရှိ မေတ္တေယျဗုဒ္ဓအရိပ်က ပျက်ဆီးသွားလေသည်။

ယခုတော့ ဘယ်ဘက်ရှိ ​ဗောဓိသတ္တပုံရိပ်သာ တောင့်ခံကာကျန်ရစ်တော့သည်။

အောက်ရှိလူများက နင်းချန်ရှင်းကို လေးစားသမှု့နှင့်ကြည့်နေကြသည်။

ထိုစိတ်ကူးအ​ကြံက ရယ်ဖွယ်ကောင်း၏။

၎င်းက လက်တွေ့မကျပေ။

သို့သော်လည်း ထိုအကြံဉာဏ်ကိုလက်ခံယူထားကာ သူ့ကိုယ်ပိုင် တာအိုနှလုံးသားအဖြစ် သဘောထားခဲ့သော နင်းချန်ရှင်းသည် အလွန်လေးစားစရာကောင်းသည်။

နင်းချန်ရှင်းက ညင်သာစွာပြုံးကာ ပြောလိုက်သည်။ “တိမ်တွေထဲမှာလည်း တာအိုရှိသလို၊ ကျုပ်ဘဝကလည်း ကျုပ်အပေါ်မှာဘဲ မူတည်တယ်။”

“ဒါကလည်း သဘာဝတရားကြီးကို ဆန့်ကျင်ရာမ​ရောက်ဘူးလား။”

“ကျုပ်တွေးပြီး အဲ့တာကို လက်တွေ့အကောင်းအထည်ဖော်ချင်တာ။”

လာမည့်စကားက ရဟန္တာ၏ စိတ်နှလုံးကို ထိုးဖောက်မြင်နေသလိုပင်။

“ခင်ဗျားက ဟိုယခင်ထဲက အရှုံးပေးခဲ့တာ။ တစ်ချိန်တည်းမှာဘဲ လက်သင့်ခံခဲ့တယ်…”

ရဟန္တာက ရုတ်ချည်းဆိုသလို သွေးအဆီအနှစ်များကို ပါးစပ်အန်ထုတ်လိုက်သည်။

ထိုစကားက သူ့စိတ်နှလုံးသားအတွင်းသို့ ထိမှန်သွားသည်။

မှန်ပေသည်။ ယခင်တုန်းက သူက ဂုဏ်သိက္ခာရှိရှိနှင့် ကမ္ဘာလောကကြီး၏ စည်းမျဥ်းများကို ပြောင်းလဲချင်ခဲ့သည်။

သို့သော်လည်း လက်ရှိသူက မသိစိတ်က ထိုအတွေးကို စွန့်လွတ်ခဲ့လေသည်။

သူက အရှုံးပေးခဲ့၏။

၎င်းကသူ့စိတ်နှလုံး၏ အနက်ရှိုင်းဆုံးတွင်တည်ရှိသော နတ်ဆိုးတစ်ခုပင်။

ယခုတော့ နင်းချန်ရှင်းက စကားတစ်ခွန်းနှင့် သူ့ကို ဖော်ထုတ်ခဲ့သည်။

၎င်းကြောင့် သူ၏ တာအိုနှလုံးသားက ပြိုလဲသွားလေသည်။

ရဟန္တာခေါင်းပေါ်ရှိ ဗောဓိသတ္တကစတင်၍ မှိန်ဖျော့လာသည်။

ဗုဒ္ဓအလင်းရောင်သည်လည်း ပျောက်ကွယ်စပြုလာသည်။

ထိုအခိုက်တွင် ရဟန္တာက သက်ပြင်းချ၏။ သူ၏ ပုံရိပ်က အထီးကျန်ဆန်နေသည်။

“တကာလေးနင်း သင်နိုင်ပါတယ်။”

နင်းချန်ရှင်းက တွေးတောလိုက်ပြီး၊ “ကျုပ်မနိုင်ပါဘူး။ ခင်ဗျားက ကိုယ့်ကိုကိုယ် ရှုံးနိမ့်သွားတာ။”

၎င်းကိုကြားသော် ရဟန္တာက မှင်သက်သွားသည်။ စက္ကန့်အတန်ငယ်စဥ်းစားပြီးနောက် နင်းချန်ရှင်း၏ စကားများ၏ အနက်အဓိပ္ပါယ်ကို နားလည်သွားကာ ခါးသက်စွာပြုံးလိုက်၍ ခေါင်းညိမ့်လိုက်သည်။

“ကောင်းပါပြီ…”

ရှုံးနိမ့်သူက သေရင်သေ မသေရင် ထွက်သွားရ၏။

ရဟန္တာက သူရောက်လာစဥ်က အလွန်ပင် ထည်ဝါသပ္ပယ်ခဲ့သည်။

သူထွက်သွားသည့်အခါမှာ စိတ်မကောင်စဖွယ်အခြေအနေနှင့်ပင်။

အဖွဲ့အများအပြားက ၎င်းကိုမြင်သော် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

အနောက်ပိုင်းဒေနှင့် ကုန်းမြေတိုက်ကြီးတွင်ပင် စာကြည့်ဆောင်၏ အဆင့်အတန်းကို သတ်မှတ်လိုက်ပြီဖြစ်သည်။

နောင်အနာဂတ်တွင် စာကြည့်ဆောင်သည် မရပ်တန့်ဘဲ ရှေ့သို့ ခြေလှမ်းကြဲကြဲဖြင့်လျှောက်လှမ်းလာမည်ဖြစ်သည်

တစ်ချိန်တည်းမှာ တောင်ပိုင်းဒေသ ချင်းယွမ်ဓားဂိုဏ်းတွင်၊

ကျန့်ချောင်းမြန်က ယဲ့ချိုးပိုင်နှင့် ကျားကစားနေသည်။

“ဂိုဏ်းချုပ် ကျုပ်ကို မကူညီချင်ဘူးလား။”

ယဲ့ချိုးပိုင်က ချင်းယွမ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်နေပြီဖြစ်သောကြောင့် သူ၏ အခေါ်အဝေါ် ပြောင်းလဲသွားသည်မှာ သဘာဝကျသည်။

ယဲ့ချိူးပိုင်က ပြုံး၍ ကျားရုပ်ကို ချလိုက်ကာ “မလိုပါဘူး။”

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့…”

ထိုအခိုက် လျှန်ဖုန်းက အူယားဖားယားပြေးဝင်လာပြီး ပြုံးလျှက်ပြောလိုက်သည်။ “သတင်းကောင်း၊ တာအိုဆွေးနွေးပွဲမှာ နင်းချန်ရှင်းအနိုင်ရသွားပြီ။”

ယဲ့ချိုးပိုင်က ပြုံးကာ နောက်ဆုံးသော ကျားရုပ်ကို ချလိုက်သည်။

“ဘယ်လိုလုပ် တတိယဆရာတူညီလေးက ဆွေးနွေးပွဲမှာရှုံးနိုင်မှာလဲ။”

“ဂိုဏ်းချုပ်…”

ကျန့်ချောင်းမြန်က ကျားထိုးပွဲတွင် ရှုံးသွားလေပြီ။

ဤတကြိမ်မှာ သူက ဆယ်ကြိမ်မြောက်ရှုံးခြင်းဖြစ်သည်။

All Chapters