အဆင့်မြင့်အသိပညာသုံးခု
Vol. 72 Ch. 937
ရှုကျွင်းက ကောင်းကင်ဈေးဧရိယာ အဆင့်မြင့်အသိပညာကို ချင်မူ့ဆီ သင်ပေးပြီးနောက် ချင်မူ့ဆီမှ ချီ၊ သွေးနှင့် အသိစိတ်အလျဉ်တို့ကို ချက်ချင်း အသုံးပြုကာ ရုပ်ခန္ဓာကိုယ်ကို အားဖြည့်နေသည်။ ချင်မူကမူ ကျင့်စဉ်အား လေ့ကျင့်ကြည့်နေသည်။ အထွတ်အမြတ်နန်းတော်ဧရိယာ အဆင့်မြင့်အသိပညာနှင့် ကောင်းကင်ဈေးဧရိယာ အဆင့်မြင့်အသိပညာကို လှည့်ပတ်လိုက်သည့်အခါ မတူညီသော အသိစိတ်အလျဉ်ကျင့်စဉ်နှစ်မျိုးသဖွယ် ခံစားရသည်။ ထို့ကြောင့် ချီစွမ်းအင်အား နှစ်ပိုင်းခွဲ၍ စွမ်းအင်လှည့်ပတ်ရာ လမ်းကြောင်းနှစ်ကြောင်းကို ပြိုင်တူထိန်းချုပ်ရ၏။
သူ့မှာ မယုံသင်္ကာမေးမိတော့သည်။ “ကောင်းကင်ဈေးဧရိယာ အဆင့်မြင့်အသိပညာနဲ့ အထွတ်အမြတ်နန်းတော်ဧရိယာ အဆင့်မြင့်အသိပညာနဲ့တောင် မဟာကမ္ဘာဦးအစ မူလကျောက်တုံးကို မဖြည့်နိုင်သေးဘူး… ဒီကျင့်စဉ်က သုံးပုံတစ်ပုံ ဖြစ်နေတုန်းပဲ… ပြီးတော့ နှစ်ခုလည်း ကွဲနေတယ်… တစ်ခုတည်းမဟုတ်ဘူး… ခင်ဗျား တခြားကျင့်စဉ်ကြီး သင်ပေးပြီး ကျွန်တော့်ကို အရူးလုပ်နေတာလား”
“ကောင်စုတ်လေး၊ ငါ အသက်ရှင်နေတုန်းက ဘယ်လိုကောင်လဲ မင်းသိလား… မင်းလို ဘာမှမဟုတ်တဲ့ အဆင့်နိမ့်သတ္တဝါလေးကို ငါလိုကောင်က လိမ်စရာလား…. မင်း ငါ့ခေါင်းတစ်ဝက်ပေါ်တဲ့အထိ အရင်ဆုံး အားဖြည့်ပေးရမယ်... အဲဒါပြီးမှ ခရမ်းရောင်တားမြစ်ဧရိယာ အဆင့်မြင့်အသိပညာကို မင်းဆီ လက်လွှဲပေးမယ်”
ရှုကျွင်းသည် အေးတိအေးစက် ရယ်၏။ “ခရမ်းရောင်တားမြစ်ဧရိယာ အဆင့်မြင့်အသိပညာက အဆင့်မြင့်အသိပညာသုံးရပ်အတွက် အဓိကပဲ… အဲဒါနဲ့မှ မင်း အသိပညာသုံးခုကို ထိန်းချုပ်ပြီး တစ်သားတည်း ပေါင်းစည်းနိုင်မှာ… မင်းရဲ့ အကျင့်စရိုက်နဲ့ စိတ်နေစိတ်ထားအရဆို ကောက်ကျစ်စဉ်းလဲတတ်မှန်း ငါ မြင်ထားလို့ မင်းကို ငါ မယုံဘူး… အရင်ဆုံး ငါ့ခေါင်းတစ်ဝက် ပေါ်အောင် လုပ်ပေး… ခရမ်းရောင်တားမြစ်ဧရိယာ အဆင့်မြင့်အသိပညာကို မင်းဆီ ပေးမယ်”
ချင်မူ ဒေါသူပုန်ထသွားသည်။ “ခင်ဗျား ကျုပ်နဲ့ သိတာ ဘယ်လောက်ကြာသေးလို့ ကျုပ်အကြောင်း သိနေတာလဲ”
“လူတစ်ယောက်ရဲ့အကျင့်စရိုက်ဆိုတာ မွေးကတည်းက အကျင့်ပါလာတာ… မင်းကို ငါ သိတာ မကြာသေးပေမယ့် မင်းရဲ့အကျင့်စရိုက်ကတော့ တစ်သက်လုံး ဒီအချိုးတိုင်ပဲ ဖြစ်နေမှာ သေချာတယ်… စကားတွေ မများကြရအောင်… မြန်မြန်၊ ငါ့ကို ချီ၊ သွေးနဲ့ အသိစိတ်အလျဉ် ဖြည့်ပေး”
ချင်မူက အံတင်းတင်းကြိတ်၍ သူ၏ချီ၊ သွေးကို လှည့်ပတ်ရင်း အသိစိတ်အလျဉ်အား လှုံ့ဆော်ကာ မဟာကမ္ဘာဦးအစ မူလကျောက်တုံးထဲရှိ ယဇ်ပလ္လင်ဆီသို့ ပို့လွှတ်လိုက်သည်။ ချက်ချင်းဆိုသလို၊ ယဇ်ပလ္လင်ထက်ရှိ အသားတုံးကြီးသည် သူ၏ချီ၊ သွေးနှင့် အသိစိတ်အလျဉ်ကို အငမ်းမရ စုပ်ယူပြီးနောက် ယဇ်ပလ္လင်နှင့် မဟာကမ္ဘာဦးအစ မူလကျောက်တုံး၏ စွမ်းအားကို အသုံးချကာ အသွေးအသားများ ပြန်ထွက်လာ၏။
မကြာမီ လက်ရှိ ရှိနေသော အသားလုံးကြီး၏ ဘေးတွင် အသားလုံးကြီးနောက်တစ်လုံး ထွက်ပေါ်လာသည်။ ချင်ူမ၏မျက်ဝန်းထောင့်စွန်းများ တွန့်သွား၏။ “ဒီလူက ငါ့ချီ၊ သွေးနဲ့ အသိစိတ်အလျဉ်ကို သုံးပြီး သူ့တခြားမျက်လုံးကို ပြန်ဖော်နေတာပဲ… သူ့ဦးခေါင်းခွံမရခင် ဦးနှောက်ထွက်လာရင် ငါ့အတွက် အရှုံးမထွက်သွားဘူးလား”
ရှုကျွင်းသည် သူ၏ချီ၊ သွေးနှင့် အသိစိတ်အလျဉ်ကို ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် စုပ်ယူဝါးမြိုနေ၏။ တခဏလေးအတွင်း ချင်မူမှာ မီးခြစ်ဆံလို ပိန်ကပ်လာသဖြင့် စွမ်းအင်ဆေးလုံးများ စားကာ အားပြန်ဖြည့်နေရသည်။
ရှုကျွင်း၏ ဒုတိယမျက်လုံး ရုပ်လုံးပေါ်လာ၏။ ယဇ်ပလ္လင်ထက်၌ အသားလုံးနှစ်လုံး ရှိနေပြီး ဧရာမမျက်လုံးကြီးများအဖြစ် ပွင့်လာသည်။ သူက ချင်မူ့ကို လောနေလေသည်။ “မြန်မြန်ဟ မြန်မြန်… မင်းက အားနည်းပြီး ပျော့လွန်းတယ်ကွာ… ချီနှင့်သွေး ပြန်ပြည့်နှုန်းကတောင် နှေးနေတယ်”
ချင်မူ နှာခေါင်းရှုံ့ကာ စိတ်ဆိုးနေသည်။ “ဟေ့လူ ကမ္ဘာဦးအစက အရူးကြီး၊ ခင်ဗျားတို့ ချီ၊ သွေးနဲ့ အသိစိတ်အလျဉ်တွေက အဲဒီလောက် သန်မာအားကောင်းတယ်ဆိုလည်း ဘာလို့ ရှေးဟောင်းနတ်ဘုရားတွေကြောင့် မျိုးပြုတ်ကုန်တာလဲ”
ရှုကျွင်း၏ အနာပေါ် ဒုတ်ကျသွားသည်။ မျက်လုံးကြီးနှစ်လုံးကား ယဇ်ပလ္လင်ထက်၌ ခုန်ပေါက်နေတော့သည်။ “မင်းက ဘာလို့တုန်း… ငါတို့မစည်းလုံးလို့ပေါ့ကွ… မဟာဧကရာဇ်ကျူယွီရှစ်မှာ သူ့အတွေးနဲ့သူ ရှိလို့ တိုက်ခိုက်တာမှာ သိပ်အားမထုတ်ခဲ့ဘူး…. ရန်သူ့ဘက်တောင် ရောက်နေရင် ရောက်နေခဲ့မှာ… တချို့က အညံ့ခံတယ်… အတော်များများက အခြားကမ္ဘာတစ်ခုဆီ ထွက်ပြေးတယ်… ဒီလိုကိစ္စတွေသာ ဖြစ်မလာခဲ့ရင် ငါတို့ ဒီလောက်သနားစရာကောင်းနေမယ်ထင်လား”
ချင်မူက ချီနှင့်သွေးဖြည့်တင်းရန်အပေါ် အာရုံစိုက်နေသည်။ ပြည့်လာသည့်အခါတိုင်း ရှုကျွင်းသည် တစ်စက်မကျန် စုပ်ယူပစ်၏။
‘သူ ဦးနှောက်ကို စတည်ဆောက်တာနဲ့ ငါ သူ့ကို အသေသတ်ပစ်မယ်’ ချင်မူကား အကြံဆိုးကြီးဖြင့် တွေးနေသည်။
ရှုကျွင်း ဦးခေါင်းခွံတည်ဆောက်နေသည်ကို မြင်မှ ချင်မူ စိတ်သက်သာရာရသွားလေသည်။ ရှုကျွင်းသာ ဦးနှောက်ကို အမှန်တကယ် ဖွဲ့တည်ခဲ့လျှင် ချင်မူ့အနေဖြင့် သူ၏ပြိုင်ဘက် ဖြစ်နိုင်တော့မည်မဟုတ်ပေ။
ထိုအခိုက်အတန့်သို့ ရောက်သွားပါက ရှုကျွင်း၏ အသိစိတ်အလျဉ်က သူ့ထက် အဆများစွာ သာလွန်သွားပြီး သူ့ကို သတ်၍ အစားထိုးပစ်ရန် မခက်တော့ပေ။
ယခုတွင် ရှုကျွင်းအနေဖြင့် သူ့ကို လိုအပ်နေသေးသည်။ သူက အသက်ရှင်နေပြီး ရှုကျွင်းက သေနေသည့်အတွက် သူ့အပေါ် အားကိုးရလိမ့်မည်။ ဤဖန်ဆင်းရှင် အသက်ပြန်ရှင်လာလျှင် အခြေအနေမှာ ပြောင်းပြန်ဖြစ်လိမ့်မည်။
ရှုကျွင်း ဦးခေါင်းခွံ တည်ဆောက်ပြီးသည့်အခါ ချင်မူက ချီ၊ သွေးနှင့် အသိစိတ်အလျဉ် ထောက်ပံ့ပေးနေသည်ကို ချက်ချင်း ရပ်လိုက်သည်။
ရှုကျွင်းက သူ့ကိုယ်သူ ထိန်းချုပ်လိုက်သဖြင့် မျက်လုံးကြီးနှစ်လုံးသည် မျက်လုံးအိမ်များအတွင်းသို့ ပြန်လည်နစ်မြုပ်သွား၏။ ထို့နောက် သူက ခရမ်းရောင်တားမြစ်ဧရိယာ အဆင့်မြင့်အသိပညာကို ချင်မူ့ဆီ သင်ပေးပြီး သူ တတ်မြောက်သွားသည်အထိ စောင့်နေသည်။ ထိုအခါမှ ချီ၊ သွေးနှင့် အသိစိတ်အလျဉ်အထောက်အပံ့အား သူ ရနိုင်မည်မဟုတ်ပါလော။
ချင်မူမှာ ဝမ်းသာလုံးဆို့နေသည်။ သူက ခရမ်းရောင်တားမြစ်ဧရိယာ အဆင့်မြင့်အသိပညာ၊ အထွတ်အမြတ်နန်းတော်ဧရိယာ အဆင့်မြင့်အသိပညာနှင့် ကောင်းကင်ဈေးဧရိယာ အဆင့်မြင့်အသိပညာသုံးခုစလုံးကို စတင်ပေါင်းစည်းတော့၏။
ထို့နောက် အဆင့်မြင့်အသိပညာသုံးခုအား ထုတ်လွှတ်ကြည့်လိုက်သည်။ ခရမ်းရောင်တားမြစ်ဧရိယာ အဆင့်မြင့်အသိပညာက ကြယ်အစု ၃၉ စုနှင့် ကြယ်တာရာအရှင်သခင် ၁၆၃ ပါးအား ဖွဲ့တည်နေသည်ကို မြင်လိုက်ရ၏။ အထွတ်အမြတ်နန်းတော်ဧရိယာ အဆင့်မြင့်အသိပညာက ကြယ်အစု ၂၀ စုနှင့် ကြယ်တာရာအရှင်သခင် ၇၈ ပါးကို ဖော်ဆောင်ထားကာ ကောင်းကင်ဈေးဧရိယာ အဆင့်မြင့်အသိပညာသည် ကြယ်အစု ၁၉ စုနှင့် ကြယ်အရှင်သခင် ၈၇ ပါးအား ဖွဲ့တည်ထားလေသည်။
ဧရိယာအဆင့်မြင့်အသိပညာသုံးခုကို အပြည့်အဝ ထုတ်လွှတ်လိုက်သည့်အခါ မဟာကမ္ဘာဦးအစ မူလကျောက်တုံး၏အထဲတွင် မဟာကောင်းကင်သံသရာ ပေါ်လွင်လာတော့သည်။
ချင်မူမှာ သူ၏အသိစိတ်အလျဉ် လျင်မြန်စွာ တိုးတက်လာသည်ကို တမုဟုတ်ချင်း ခံစားလိုက်ရ၏။
‘ကြယ်အစု ၇၈ စုနဲ့ ကြယ်တာရာအရှင်သခင် ၃၂၈ ပါး ရှိတယ်... မဟာကောင်းကင်သံသရာနဲ့ ယှဉ်ရင် အရေအတွက်က မမှန်သေးသလို... မဟာကောင်းကင်သံသရာမှာ ကြယ်အစု ၃၆၀ စု ရှိရမှာ’
ချင်မူ သူ့ဘာသာသူ တိတ်ဆိတ်စွာ တွေးနေမိသည်။ ‘အဲဒါဆို ဧရိယာအဆင့်မြင့်ပညာသုံးခုက ဖန်ဆင်းရှင်ရဲ့ အကောင်းဆုံးနည်းလမ်း မဟုတ်လောက်ဘူး... ဧရိယာအဆင့်မြင့်ပညာသုံးခုအပေါ်မှာ အခြားကျင့်စဉ်တွေ ရှိလောက်တယ်’
ယဇ်ပလ္လင်အထက်တွင် အရိုးခေါင်းကြီးသည် မျက်လုံးဖွင့်၍ မဟာကမ္ဘာဦးအစ မူလကျောက်တုံး၏အတွင်းရှိ ကြယ်တာရာကောင်းကင်ဆီသို့ ကြည့်နေ၏။ ဤအနီရောင်ကမ္ဘာ၏ ကောင်းကင်ထဲတွင် အလွန်အသက်ဝင်လှသော ရှေးဟောင်းနတ်ဘုရားတို့၏ ပုံရိပ်များ ပေါ်လာသည်ကို သူ မြင်တွေ့ရသည်။ သူက သူ့ဘာသာသူ တွေးနေသည်။ ‘ဒီနောက်ပိုင်းမျိုးဆက်တွေက အတော်သိတာပဲ.. ဒီကောင်စုတ်လေးသာ သူ့ရဲ့ ပြုပြင်ပြောင်းလဲထားတဲ့ ကျင့်စဉ်တွေကို ငါတို့ခေတ်ဆီ သူ့ကျင့်စဉ်တွေက မဟာဧကရာဇ်ကျူယွီရှစ်ရဲ့ ပြိုင်ဘက်ကင်းကျင့်စဉ်အောက် မနိမ့်ကျတဲ့ ထိပ်တန်းကျင့်စဉ်တွေအဖြစ် သတ်မှတ်ခံရလိမ့်မယ်”
အဆင့်မြှင့်တင်ထားသော ချင်မူ၏ အဆင့်မြင့်အသိပညာသုံးခုသည် ချိဧကရာဇ်၏ မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်နှင့် ကောင်းကင်နတ်ဘုံမှ ရှေးဟောင်းနတ်ဘုရားတို့အပေါ် နှစ်သန်းချီ သုတေသန ပြုစုခြင်းဖြင့် ထုတ်လုပ်ထားသော မဟာတာအိုသင်္ကေတအမှတ်အသားများကို ရောစပ်ထား၏။ ထို့ကြောင့် ရှုကျွင်းပင် အံ့အားသင့်ရသည်အထိ အဆင့်မြင့်အသိပညာသုံးခုကို အဆင့်မြှင့်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ချင်မူ အတန်ကြာ ကျင့်ကြံပြီးနောက် လျော့နည်းသွားသော အသိစိတ်အလျဉ်သည် မကြာခင် ပြန်ပြည့်လာ၏။ အသိစိတ်အလျဉ်က ပို၍ သန်မာအားကောင်းလာသည်။
ထိုတင်မကသေး၊ ကြယ်အစု ၇၈ စုနှင့် ကြယ်တာရာအရှင်သခင် ၃၂၈ ပါးကို မြင်ယောင်ကြည့်သည့်အခါ သူ၏အသိစိတ်အလျဉ်မှ ဖွဲ့တည်လာသော နတ်ဘုရားများသည် သူ၏ရုပ်ခန္ဓာအား အဆက်မပြတ် အားဖြည့်ပေးနေ၏။
ချင်မူ တအံ့တဩ စုတ်သပ်မိသည်။ ဤမြင်ယောင်မှုမျိုးက သူ့ရုပ်ခန္ဓာကို အားဖြည့်ပေးနေပြီး ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်များအောက် မနိမ့်ကျပေ။
‘ဒီဖန်ဆင်းရှင်မှာ မွေးရာပါ အားသာချက် ရှိနေတယ်... သူတို့အသိစိတ်အလျဉ်နဲ့ ရုပ်ခန္ဓာတွေက မွေးကတည်းက သိပ်သန်မာအားကောင်းကြတာ... ဒီကောင်လေး ဆက်ပြီး ကျင့်ကြံနေရင် ဖန်ဆင်းရှင်ကို နှစ်အနည်းငယ်အတွင်း လိုက်မှီတော့မယ်’
ရှုကျွင်းမှာ မနေနိုင်ဘဲ ပြောမိတော့သည်။ “ကောင်စုတ်လေး၊ ငါတို့ အခု ဆက်သွားလို့ ရပြီလား”
ချင်မူက သူ့ကို ချီ၊ သွေးနှင့် အသိစိတ်အလျဉ်ဖြင့် ထောက်ပံ့ပေးနေပြီး အဆင့်မြင့်အသိပညာသုံးခုကိုလည်း တစ်ပြိုင်တည်း လှုံ့ဆော်ထားသည်။
ရှုကျွင်းက အသိစိတ်အလျဉ်၊ ချီနှင့် သွေးတို့ကို အငမ်းမရ စုပ်ယူရင်း တွေးနေသည်။ “ငါ့ခေါင်းပေါ်လာရင် မဟာကမ္ဘာဦးအစ မူလကျောက်တုံးကို ပြန်ယူပြီး သူ့အသိစိတ်အလျဉ်ကို မောင်းထုတ်လိုက်မယ်.... သူ့ခန္ဓာကိုယ်ကို ငါ့အသိစိတ်အလျဉ်နဲ့ ထိန်းချုပ်ပြီး သူ့ကို သတ်ပစ်မယ်... ငါ အပြည့်အဝ သက်သာမလာခင်တော့ သူ့ကို သတ်မရသေးဘူး... ဒီခေတ်မှာ လျှောက်သွားပြီး လျှို့ဝှက်ချက်တွေ သိရဖို့ သူ့ လိုသေးတယ်... ဒါပေမဲ့ ဒီကောင်စုတ်လေး ငါ့အတွက် ကျွန်အဖြစ် အလုပ်လုပ်ပေးရအောင်တော့ အနိုင်ယူထားရမှာပဲ”
အချိန်တချို့ကြာသော် ရှုကျွင်း၏ ခေါင်းတွင် အရေပြားထွက်လာသည်။ ထို့နောက် သူက ဦးနှောက်တည်ဆောက်ရန် ပြင်၏။ ဤအခိုက်အတန့်တွင် ချီ၊ သွေးနှင့် အသိစိတ်အလျဉ်အထောက်အပံ့မှာ ရုတ်တရက် ဖြတ်တောက်ခံလိုက်ရလေသည်။
ရှုကျွင်း ဆက်လက်စုပ်ယူသော်လည်း မည်သည်ကိုမျှ မရသဖြင့် ဒေါသထွက်သွားသည်။ “ကောင်စုတ်လေး ငါ့ခေါင်း အခုထိ ရုပ်လုံးမပေါ်သေးဘူး... ငါ့ကို ချီ၊ သွေးနဲ့ အသိစိတ်အလျဉ်တွေ ထပ်ပေးဦးလေ”
ချင်မူက နားမလည်သလို လေသံဖြင့် ပြောသည်။ “ဆရာကြီး၊ ခင်ဗျားရဲ့ခေါင်းက ရုပ်လုံးပေါ်ပြီလေ.. ကျုပ်တို့ သဘောတူညီချက် ပြီးမြောက်သွားပြီ... ခင်ဗျားအပေါ် ကျုပ် ဘာမှအကြွေးမတင်တော့တာကို ဘာလို့ ချီ၊ သွေးနဲ့ အသိစိတ်အလျဉ်တွေ ထပ်ပေးရဦးမှာလဲ... ကျုပ်က ကောင်းကင်နတ်မြစ်မဟုတ်ဘူးဗျ... ကျုပ် ချီ၊ သွေးနဲ့ အသိစိတ်အလျဉ်တွေက ကြိုးကြိုးစားစား အားထုတ်ပြီး ဖွဲ့တည်ထားတဲ့ဟာတွေ”
ရှုကျွင်း အမျက်တစ်ချောင်းချောင်း ထွက်သွားတော့သည်။ “ငါ ငါ့ရဲ့ဦးနှောက်ကို အခုထိ မတည်ဆောက်ရသေးဘူးလေ... နားရွက်တွေ၊ သွား၊ လျှာနဲ့ နှာခေါင်းလည်း ကျန်သေးတယ်... ငါ့ဦးရေခွံမှာ ဆံပင်တောင် မရှိသေးဘူးကွ”
ချင်မူက ခေါင်းခါကာ ပြောသည်။ “စောစောက ခင်ဗျားရဲ့ ဦးခေါင်းကို ပြန်တည်ဆောက်ပေးမယ်ပဲ ပြောခဲ့တာ... ဦးနှောက်ကို ပြန်တည်ဆောက်မယ်မှ မပြောခဲ့တာလေ.... ဆရာကြီး၊ စိတ်အေးအေးထား၊ တခြားဘာရတနာတွေ ရှိသေးလဲ... ဥပမာ မဟာဧကရာဇ်ရဲ့ တံဆိပ်တော်ရဲ့ စွမ်းအားကို ဘယ်လိုသုံးရမလဲဆိုတာပေါ့... ခင်ဗျား ကျုပ်ကို အဲဒါသင်ပေးရင် ဦးနှောက် ပြန်တည်ဆောက်နိုင်အောင် ကူညီပေးမယ်”
ရှုကျွင်းမှာ ဒေါသမထိန်းနိုင်တော့ဘဲ စက်သေနတ်ပစ်သလို ဆဲလွှတ်တော့သည်။
ချင်မူက နာကျင်သွားသောအမူအရာဖြင့် ပြောသည်။ “ဆရာကြီး၊ ဒီလိုမလုပ်ပါနဲ့... ဆံပင်နည်းနည်းတော့ ပေါက်လာအောင် ချီ၊ သွေးနဲ့ အသိစိတ်အလျဉ်တချို့ ပေးပါ့မယ်”
“ငါ မင်းကို သတ်ပစ်”
ယဇ်ပလ္လင်ထက်ရှိ ခေါင်းကြီး၏မျက်လုံးများကား မီးဝင်းဝင်းတောက်နေ၏။ ၎င်းက ဝှစ်ခနဲ အပေါ် ပျံတက်လာပြီး မဟာကမ္ဘာဦးအစ မူလကျောက်တုံး၏အပြင်သို့ ဒေါကြီးမောကြီး ထွက်လာသည်။ ထိုအခိုက်အတန့်တွင် ကြယ်တာရာအရှင်သခင် ၃၂၈ ပါး၏ ပုံရိပ်များက ပြိုင်တူတိုက်ခိုက်ပြီး သူ့အား အောက်သို့ ဖိနှိပ်ချသည်။
ရှုကျွင်း အံ့အားသင့်သွားသည်။ ကြယ်တာရာအရှင်သခင်များ၏ ဖိနှိပ်မှုကြောင့် သူ့မှာ ယဇ်ပလ္လင်ဆီသို့ တွန်းချခံနေရ၏။
“ခွေးသူတောင်းစားလေး”
ထိုခေါင်းကြီး၏မျက်လုံးများက မျက်လုံးအိမ်ထဲမှ ပြူးထွက်နေပြီး အသိစိတ်အလျဉ်သည် သူ့ကို ဘက်ပေါင်းစုံမှ တိုက်ခိုက်နေသည့် ကြယ်တာရာအရှင်သခင်များအား ခုခံ၏။ သူက အော်ဟစ်နေသည်။ “ငါ့ကို သတ်နိုင်မယ် ထင်လား... စိတ်တောင်မကူးနဲ့... ငါက သွေးသံချေးဇုန်ရဲ့ စစ်ပွဲကို ကြုံတွေ့ဖူးပြီးသား....”
သူ၏အသိစိတ်အလျဉ်က အံ့အားသင့်ဖွယ်ရာကောင်းသည်။ တွေးကြည့်လိုက်သည့် မည်သည့်အရာကိုမဆို ဖန်တီးနိုင်၏။ သူ၏အသိစိတ်အလျဉ်သည် လက်နက်မျိုးစုံ၊ သားရဲမျိုးစုံ၊ နတ်ဘုရားမျိုးစုံ၊ မိစ္ဆာမျိုးစုံ ဖန်ဆင်းနိုင်သည်သာမက ကောင်းကင်နတ်သိုင်းများနှင့် ဝင်္ကပါများဖြင့်ပင် ချင်မူ၏တိုက်ခိုက်မှုများအား ခုခံနေသည်။
သို့သော် သူ့တွင် ဦးနှောက်မရှိသဖြင့် သူ၏အသိစိတ်အလျဉ်မှာ ချင်မူ့အောက် များစွာနိမ့်ကျလေသည်။ မကြာခင် ကြယ်တာရာအရှင်သခင်တစ်ယောက်ပြီးတစ်ယောက် ယဇ်ပလ္လင်ဆီသို့ ကျူးကျော်လာကြသည်။
ရှုကျွင်း ထိတ်လန့်ကြောက်ရွံ့သွားသည်။ “ငါ ငါ့တပည့်ကို ကောင်းကောင်းသင်ပေးမိခဲ့တာပဲ... အခု သူက ဆရာ့ကို ပြန်သတ်နေပြီ”
အခြေအနေက အလွန်အန္တရာယ်များလာသည့်အခါ သူ့အသိစိတ်အလျဉ်က ကပျာကယာ လှမ်းအော်လိုက်သည်။ “ရပ်လိုက်... ငါက နောက်ဆုံးဖန်ဆင်းရှင်ပဲ... မင်း ငါ့ကို သတ်ရင် ငါ့မျိုးနွယ် မျိုးတုံးသွားပြီး ကမ္ဘာဦးအစထဲက စကြဝဠာထဲမှာ တည်ရှိခဲ့တဲ့ ငါတို့ရဲ့ထာဝရနတ်ဘုရားအသိစိတ်အလျဉ်က မင်းကို ကျိန်စာတိုက်လိမ့်ကွ... ကျိန်စာက မင်းရဲ့သားမြေးတီတွတ်ကျွတ်အထိ တောက်လျှောက် လိုက်လာလိမ့်မယ်”
ချင်မူ ထိတ်လန့်သွားပြီး တိုက်ခိုက်နေသည်ကို ရပ်လိုက်ကာ မေးသည်။ “ကောင်းကင်နတ်ဘုံမှာ ဖန်ဆင်းရှင်နောက်တစ်ယောက် ရှိသေးတယ်မဟုတ်လား”
ရှုကျွင်းမှာ အသက်ဝအောင် ရှူပြီးနောက် အေးစက်စက် ရယ်၏။ “ငါ့အထင်သက်သက်ပဲ... အမှန်ဟုတ်ချင်မှ ဟုတ်မှာ”
ချင်မူလည်း အေးစက်စက် ရယ်လိုက်သည်။ “ခင်ဗျားတို့တွေ ကမ္ဘာတစ်ခု ဖန်ဆင်းပြီး သွားနေကြတယ်မဟုတ်လား”
ရှုကျွင်းက သူ့ကို စိုက်ကြည့်၍ အေးစက်စက် ပြောသည်။ “သူတို့က ဒီကမ္ဘာမှာမှ မဟုတ်တာ... ဒီမှာ ငါ တစ်ယောက်ပဲ ကျန်တာလေ.. ငါ သေသွားရင် မင်းကို သေဆုံးသွားတဲ့ ငါ့မျိုးနွယ်တွေက ကျိန်စာတိုက်လိမ့်မယ်”
ချင်မူ မျက်နှာပျက်သွားသည်။ ရှုကျွင်း၏ စကားများကို သံသယ ရှိမိပြီး အမှန်ဟုတ်ရဲ့လား မသိပေ။
ကမ္ဘာဦးအစမှ ဖန်ဆင်းရှင်များသည် သေဆုံးပြီးနောက်တွင်ပင် အသိစိတ်အလျဉ်ကို ထိန်းသိမ်းထားပြီး သူတို့မျိုးနွယ်စုမျိုးတုံးသွားအောင် လုပ်သူတိုင်းအား အမှန်တကယ် ကျိန်စာတိုက်နေသည်လော။
ဤသည်ကား အနည်းငယ် မဖြစ်နိုင်လောက်ပေ။
သို့သော် ချိဧကရာဇ်၏အဖြစ်အပျက်အရ ဖြစ်နိုင်ပြန်သည်။
ချိဧကရာဇ်သည် သေဆုံးသွားသည့်အချိန်က မပြည့်စုံသော စကြဝဠာအသေးစားတစ်ခုကို ရှာတွေ့ခဲ့၏။ သူ့ခန္ဓာကိုယ်က ချိမင်ရွှမ်ခုံးကမ္ဘာအဖြစ် ပြောင်းလဲသွားသော်လည်း သူ့အသိစိတ်အလျဉ်သည် မသေဆုံးခဲ့ပေ။ မင်ဧကရာဇ်၏ ပူဇော်မှုကြောင့် နိုးထလာပြီး သူ့လူများကို ရွှမ်ခုံးကမ္ဘာဆီသို့ လမ်းပြပေးခဲ့ကာ ချိမင်ခေတ်အား ရှင်သန်စေခဲ့သည်။
ချိဧကရာဇ် ဤသို့လုပ်နိုင်လျှင် ပြိုင်ဘက်ကင်းသော အသိစိတ်အလျဉ်ရှိသည့် ဖန်ဆင်းရှင်များလည်း လုပ်နိုင်သည်။
‘ရှုကျွင်းက နောက်ဆုံးဖန်ဆင်းရှင်ပဲ... ဒါဆို ဘယ်သူ့မှာ သူ့ကို လွယ်လွယ်သွားထိလို့ မရဘူးပေါ့.. ဒီလူကြီးက ဖြူကောင်လိုပဲ ... သွားထိတာနဲ့ ထိုးဖောက်ခံရလိမ့်မယ်’
သူ ကြယ်တာရာအရှင်သခင်တို့၏ ပုံရိပ်များအား ရုပ်သိမ်းလိုက်မှ ရှုကျွင်းမှာ စိတ်သက်သာရသွားပြီး အေးစက်စက် ရယ်လိုက်သည်။ “မင်း မိုးကောင်းကင်ရဲ့ အတိမ်အနက်ကို အခု နားလည်ပြီလား... မင်း ငါ့ကို သတ်ရင် မင်းနဲ့ မင့်မျိုးဆက်တွေတင် ကျိန်စာတိုက်ခံရမှာမဟုတ်ဘူး.. မဟာဧကရာဇ်ရဲ့ တံဆိပ်တော်ကိုလည်း မင်း ဘယ်တော့မှ သုံးနိုင်မှာမဟုတ်တော့ဘူး”
ချင်မူက ရယ်လိုက်သည်။ “ကြည့်ရတာ မဟာဧကရာဇ်ရဲ့ တံဆိပ်တော်ကို သုံးဖို့ ဘူးထဲက ယဇ်ပလ္လင်ကို လိုအပ်နေတဲ့ပုံပဲ... မကြာခင် တံဆိပ်တော်ကို ဘယ်လိုသုံးရမလဲ ကျုပ် သိရတော့မှာပါ... ဆရာကြီး၊ စိတ်ပူစရာမလိုပါဘူး”
ရှုကျွင်း၏မျက်လုံးကြီးများက မျက်လုံးအိမ်ထဲမှ ပြူးထွက်လာပြီး သူက စိတ်ဆိုးမာန်ဆိုး နှာခေါင်းရှုံ့သည်။
ချင်မူ သူ့အမူအရာကို အကဲခတ်ပြီးနောက် စိတ်သက်သာရာရသွား၏။ “မဟာဧကရာဇ်ရဲ့ တံဆိပ်တော်က ဘူးထဲက ယဇ်ပလ္လင်နဲ့ တကယ် ပတ်သက်နေတာပဲ”
ဤအခိုက်အန့်တွင် ကောင်းကင်နတ်ဘုံတစ်ဘုံလုံး လှုပ်ခတ်သွားသည်။ ချင်မူမှာ ထိတ်လန့်သွားပြီး မန့်လန်အဆောင်ထဲမှ အလျင်အမြန် ထွက်လိုက်၏။ သူ မော့ကြည့်လိုက်သည့်အခါ ရောင်စုံအလင်းတန်းများ ဖြာထွက်လာပြီး ပျောက်ကွယ်သွားကြောင်း မြင်လိုက်ရသည်။
ယင်းက စွမ်းအင်အကူးအပြောင်းတံတားတစ်စင်း ဖြစ်လေသည်။ ၎င်း၏အလင်းရောင်သည် အပေါက်တစ်ပေါက်၏ ပုံသဏ္ဍာန်အား ဖော်ဆောင်နေ၏။
သို့သော် ဤစွမ်းအင်အကူးအပြောင်းတံတား၏ အရွယ်အစားက ချင်မူ မျှော်လင့်ထားသည်ထက်ပင် ကြီးမားနေသည်။
‘ကောင်းကင်နတ်ဧကရီက ကြွားရတာ သဘောကျတာပဲ... တံတားက ဒီလောက် ကြီးနေမှတော့ တစ်ကမ္ဘာလုံးတောင် တစ်ခါတည်း ဖြတ်သန်းလာလို့ ရနေပြီ’ ချင်မူမှာ အံ့ဩမဆုံးတော့ပေ။
ဤအခိုက်အတန့်တွင် ကမ္ဘာဦးဘုံ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နန်းစိုက်မြို့တော်အပြင်ရှိ ဧရာမယဇ်ပလ္လင်ကြီးသည် ရုတ်တရက် အလင်းရောင်များ တောက်ပကွန့်မြူးလာပြီး ကောင်းကင်ထက်သို့ ဖြာထွက်သွား၏။ အလင်းရောင်က အခြားကမ္ဘာမှာ ဖြာကျလာသော အလင်းရောင်နှင့် ထိစပ်သွားပြီး ကောင်းကင်နတ်ဘုံနှင့် ကမ္ဘာဦးဘုံအား ချိတ်ဆက်ပေးလိုက်ချေပြီ။
နန်းစိုက်မြို့တော်အထဲတွင် ဘုန်းကြီးတစ်ပါးနှင့် တာအိုရသေ့တစ်ပါးက ယဇ်ပလ္လင်ဆီသို့ အလျင်အမြန် ပျံသန်းလာပြီး ခမ်းနားကြီးကျယ်လှသည့် မြင်ကွင်းကြီးအား ကြည့်နေကြသည်။ တာအိုရသေ့က ရယ်သည်။ “ကြီးမြတ်လှတဲ့ မဟာဧကရာဇ်ကြီးရေ၊ ကောင်းကင်နတ်ဘုံတော့ အောက်ဘုံနဲ့ ချိတ်ဆက်သွားပြီ... ကျွန်တော်တို့ ကောင်းကင်နတ်ဘုံဆီ ခရီးထွက်ကြရင် မကောင်းပေဘူးလား”
“ကြီးမြတ်လှတဲ့ မဟာဧကရာဇ်အတိုင်ပင်ခံကြီးရေ၊ စိတ်အေးအေး ထားတော်မူပါ”
ကတုံးဘုန်းကြီးသည် ရယ်လိုက်၏။ “ကောင်းကင်နတ်ဘုံက တစ်ယောက်ယောက် ဆင်းလာတာ အရင်စောင့်ပါဦး”
သူတို့ စကားပြောနေကြစဉ် ငယ်ရွယ်လှပသော မိန်းကလေးတစ်ယောက်က ယဇ်ပလ္လင်အပေါ်ရှိ အလင်းရောင်ထဲမှ ခေါင်းပြူထွက်လ
ာကာ ပတ်ဝန်းကျင်ကို စပ်စပ်စုစု ကြည့်ပြီးနောက် ရသေ့နှင့်ဘုန်းကြီးအား မြင်သွား၏။ သူမက ရယ်လိုက်လေသည်။ “ဘုန်းတော်ကြီး၊ ရသေ့ကြီး... ဒါက ဘယ်လိုနေရာလဲရှင့်”