← Chapters

ကောင်းကင်နတ်အရှင်မူ၏ သေရာပါအားနည်းချက်

Vol. 72 Ch. 938

ကောင်းကင်နတ်အရှင်မူ၏ သေရာပါအားနည်းချက်

Vol. 72 Ch. 938

ဘုန်းကြီးနှင့် ရသေ့ကြီးမှာ မိန်းကလေး၏ အလှကြောင့် မှင်သက်သွားကြသဖြင့် စိတ်နှင့်ကိုယ် ပြန်ကပ်ရန် အချိန်တချို့ ဘူလိုက်ရသည်။ ရသေ့ကြီးက ပြန်မေးသည်။ “မိန်းကလေး၊ ဒါက ထာဝရငြိမ်းချမ်းရေးအင်ပါယာပါ… မင်းက ဘယ်ကလဲကွယ့်”

“ထာဝရငြိမ်းချမ်းရေးအင်ပါယာလား”

ထိုမိန်းကလေးသည် အမြဲအပြုံးပန်းများ ဝေဆာနေတတ်သည်ဆိုသော ယွင်ချွီးရှို့အပြင် တခြားမဟုတ်ပေ။ သူမက ပြောသည်။ “ဒါဆို ဒါက ကမ္ဘာဦးဘုံပေါ့… ထာဝရငြိမ်းချမ်း‌ရေးအင်ပါယာက မိတ်ဆွေလေး ကောင်းကင်နတ်အရှင်မူရဲ့‌နေရာပဲ… သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လောကသခင်ခန္ဓာ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုရဲ့ သူရဲကောင်းသုံးယောက်ထဲက တစ်ယောက်လို့ ကြားသိထားပါတယ်… ဒီစွမ်းအင်အကူးအပြောင်းဝိညာဉ်တံတားက ယဇ်ပလ္လင်နှစ်ခုကို ဆက်ပေးထားတာပါ… ပလ္လင်တစ်ခုကိုတော့ ကျွန်မ ကောင်းကင်နတ်ဘုံမှာ တည်ဆောက်ထားပြီးပြီ.. ဒီတစ်ခုကတော့ သူ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ချန်ထားခဲ့တဲ့တစ်ခုမလို့ တံတားနှစ်စင်း အတူတူ ဆက်သွားတာပဲ ဖြစ်မယ်”

ဤအခိုက်အတန့်တွင် သူမက ပြောသည်။ “ဘုန်းတော်ကြီး၊ ရသေ့ကြီး… ဧကရာဇ်ကို ဒီကို ကြွလာခိုင်းလို့ ရလား”

ဘုန်းကြီးနှင့် ရသေ့က ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နန်းစိုက်မြို့တော်သို့ ကပျာကယာ ပြန်သွားကြပြီး များစွာမကြာလိုက်ဘဲ လင်ယွိရှို့သည် ဝန်မင်းများကို ဦးဆောင်၍ သူမဆီ ကြွလာ၏။ ယွင်ချွီးရှို့၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး သူမက မှတ်ချက်ပြုသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်က အမျိုးသမီးတစ်ယောက် ဖြစ်နေတာပဲ… မိန်းမတစ်ယောက် ဧကရာဇ်ဖြစ်လာတာ ဘာမှမမှားဘူးလို့ ငါ ပြောခဲ့ပေမယ့် ကောင်းကင်နတ်ဘုံက အဲဒီခေါင်းမာတဲ့ လူအိုကြီးတွေက အကြောင်းပြချက်မျိုးစုံနဲ့ ပိတ်ပင်ခဲ့တယ်လေ”

လင်ယွိရှို့က အားလုံးကို ဦးဆောင်ကာ အရိုအသေပေးသည်။ “နိမ့်ကျသော အောက်ဘုံက နိုင်ငံငယ်လေးတစ်နိုင်ငံရဲ့ ဧကရာဇ် ကောင်းကင်နတ်ဘုံရဲ့ အရှင်နတ်ဘုရားမကို အရိုအသေပေးပါတယ်”

ယွင်ချွီးရှို့က ပြုံး၍ ပြောသည်။ “ဒီလို တခမ်းတနား လုပ်စရာမလိုပါဘူး …အမျိုးသမီးတစ်ယောက် ဖြစ်လာတာဟာ အံ့ဩစရာမဟုတ်ဘူး.. ဖြစ်သင့်တဲ့အရာပါ… ငါ နင့်ကို လေးစားတယ်… ကောင်းကင်နတ်ဘုံနဲ့ ကမ္ဘာဦးဘုံက ဆက်နေပြီဆိုတော့ နင် ကောင်းကင်နတ်ဘုံဆီ မကြာခဏ လာပြီး ငါ့ကို အပျင်းပြေအောင် အဖော်လုပ်ပေးပေါ့… အောက်ဘုံမှာပဲ မနေနဲ့”

သူမက လင်ယွင်ရှို့အား တံဆိပ်ပြားတစ်ပြား ပေး၏။။ “နင် ငါ့တံဆိပ်ပြားကို ယူသွားရင် ကောင်းကင်နတ်ဘုံမှာ တစ်နေရာနဲ့ တစ်နေရာ လွယ်လွယ်ကူကူ သွားနိုင်လိမ့်မယ်”

လင်ယွင်ရှို့ ခေါင်းညိတ်၍ တံဆိပ်ပြားအား လက်ခံကာ ပြောသည်။ “ထာဝရငြိမ်းချမ်း‌ရေးအင်ပါယာက ခေါင်တော့ ကျွန်မတို့ပြည်သူတွေအတွက် တစ်နေ့လုပ် တစ်နေ့စားဖို့အတွက် ခက်ခဲနေပါတယ်… ဒါပေမဲ့ ကျွန်မတို့မှာ ကုန်ထုတ်စက်ရုံတွေ အများကြီးရှိတော့ ကောင်းကင်နတ်ဘုံကနေ ကုန်ပစ္စည်းတချို့ ဝယ်ယူလို့ရမလား”

ယွင်ချွီးရှို့သည် တခဏတွေးပြီးနောက် စုံစမ်း၏။ “နင်တို့ ကုန်ထုတ်စက်ရုံက ဘာတွေ ထုတ်ပေးနိုင်လဲ”

လင်ယွိရှို့က ဖြေသည်။ “နေ့စဉ်သုံးပစ္စည်းတွေက စလို့ ကောင်းကင်လက်နက်တွေ၊ ယာဉ်တွေအထိ ဘာမဆို ဖန်တီးပေးနိုင်ပါတယ်”

“ဒါဆို စွမ်းအင်အကူးအပြောင်းတံတား တည်ဆောက်နိုင်လား”

လင်ယွိရှို့ ခေါင်းညိတ်လိုက်၏။ “ကျွန်မတို့ အလုပ်သမားတွေ တစ်စင်း ဆောက်ဖူးးပါတယ်”

“လက်ခက ဘယ်လောက်လဲ”

လင်ယွိရှို့က စက်မှုဝန်ကြီးဌာန၏ ဝန်မင်းကို ခေါ်လိုက်သည့်အခါ ဝန်မင်းသည် ကောင်းကင်နတ်ဘုံ၏ ငွေကြေးစနစ်ဖြစ်သည့် ကောင်းကင်ငွေကြေးဟုလည်း အသိများသော ကောင်းကင်နတ်ဘုံဒင်္ဂါးအတိုင်း လက်ခ တင်ပြသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ငွေကြေးစနစ်မှာ တဖုန်းကြေးပြားဖြင့် လည်ပတ်နေသောကြောင့် ငွေကြေးစနစ် ပြောင်းလဲပြရန် လိုအပ်လေသည်။

ယွင်ချွီးရှိုမှာ ဒေါသထွက်သွားပြီး အေးစက်စက် ရယ်၏။ “ဖန်ဆင်းဂိုဏ်းချုပ်နန်း‌တော်ရဲ့ ခွေးအိုကြီးက ရာရာစစ ငါ့ဆီက ငွေအများကြီး ကောက်ခံရဲတယ်ပေါ့လေ… ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် စွမ်းအင်အကူးအပြောင်းတံတား တည်ဆောက်ဖို့ ကုန်ကျတဲ့ လက်ခံက ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ရဲ့ လက်ခရဲ့ တစ်ရာခိုင်နှုန်းတောင် မရှိဘူး”

လင်ယွိရှို့ ဝင်မပြောရဲပေ။

ယွင်ချွီးရှို့က ဆက်ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်၊ ငါနဲ့ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ဆီ လိုက်ခဲ့… ထာဝရငြိမ်းချမ်းရေးအင်ပါယာက စွမ်းအင်အကူးအပြောင်းတံတားအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေ တည်ဆောက်ဖို့ တာဝန်ယူရမယ်… ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ကတော့ အဲဒီအစိတ်အပိုင်းတွေကို ဆက်ပေးရမယ်… လက်ခတော့ မနည်းစေရဘူး”

လင်ယွိရှို့မှာ ပျော်ရွှင်သွားပြီး စက်မှုဝန်မင်းနှင့် သင်္ချာကျွမ်းကျင်သော ဝန်မင်းများကို ခေါ်ကာ ယွင်ချွီးရှို့နှင့်အတူ စွမ်းအင်အကူးအပြောင်းတံတားထဲ လိုက်ဝင်လိုက်သည်။

ယွင်ချွီးရှို့သည် သူတို့ကို ကြည့်ပြီးနောက် ဝန်မင်းများအကြား၌ အမျိုးသမီးနှစ်ယောက်ပါကြောင်း တွေ့လိုက်ရ၏။ တစ်ယောက်က မြေခွေးမိစ္ဆာဖြစ်ပြီး အမြီးဖွက်မထားသောကြောင့် ထင်ရှားနေသည်။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အမျိုးသမီးဧကရာဇ်နဲ့ အမျိုးသမီးအရာရှိတွေ များတာပဲ… ကောင်းကင်နတ်ဘုံမှာတော့ များများစားစား မရှိဘူး” ယွင်ချွီးရှို့က မှတ်ချက်ပေးသည်။

သူမ မသိသည်မှာ လင်ယွိရှို့နှင့်အတူ လိုက်လာသည့် အမျိုးသမီးအရာရှိနှစ်ယောက်က ဟူလင်းအာနှင့် စစ်ယွင်ရှန်း ဖြစ်နေခြင်းပင်။ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်နှင့် လုပ်ရမည့် အပေးအယူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အနာဂတ်နှင့် ပတ်သက်နေသောကြောင့် သူတို့ပါ လိုက်လာရန် လိုအပ်ချေသည်။

ဘုန်းကြီးက စွမ်းအင်အကူးအပြောင်းတံတား၏ ဘေး၌ ရပ်လျက် စိတ်ပူနေ၏။ “ပိုင်ကွေ့၊ အရည်အချင်းတွေ လျှိုထားပြီး ခေတ်မီတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံ တည်ဆောက်မယ့် ဂိုဏ်းသခင်ချင်ရဲ့ နည်းလမ်းက တကယ် အလုပ်ဖြစ်ပါ့မလား”

သူတော်စင်အသွင်ရှိသော တာအိုရသေ့က ပြန်ဖြေသည်။ “ကျွန်တော်တို့ ကောင်းကင်နတ်ဘုံကို အနိုင်မယူနိုင်ဘူး… ဒါကြောင့် သူတို့နဲ့ ရန်သူမဖြစ်အောင် သူတို့စနစ်ထဲမှာ အလိုက်သင့်ဝင်စီးမျောဖို့ လိုတယ်… ကျွန်တော်တို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့ ဒီအခွင့်အရေးကို အသုံးချပြီး ပိုအင်အားကြီးမားလာအောင်၊ ပိုသန်မာလာအောင် လုပ်နိုင်လိမ့်မယ်.. ဒါပေမဲ့ ကောင်းကင်နတ်ဘုံအတွင်းမှာ ပဋိပက္ခတွေ မရှိရင်၊ ပြင်ပအန္တရာယ်တွေ မရှိရင် ဂိုဏ်းသခင်ချင်ရဲ့ အစီအစဉ်က ကောင်းကင်နတ်ဘုံကို ပိုပြီးခိုင်မာသွားစေရုံပဲ ရှိမယ်… ဒါပေမဲ့ အဲဒီလိုအရာတွေ ရှိလာတာနဲ့ ကျွန်တော်တို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ တဟုန်ထိုး အောင်မြင်ပြီး တိုးတက်သွားပြီ”

ဘုန်းကြီး၏ မျက်ဝန်းများသည် လေးနက်နေပြီး သူက သက်ပြင်းချ၏။ “ကောင်းကင်နတ်ဘုံလို အင်အားကြီးမားတဲ့ နေရာမှာ အတွင်းရေးပဋိပက္ခတွေ၊ ပြင်ပအန္တရာယ်တွေ ရှိပါ့မလား”

“ကြီးမြတ်လှတဲ့ မဟာဧကရာဇ်ကြီးရေ၊ ဖြစ်မလာသေးတာတွေ ကြိုမတွေးပါနဲ့”

တာအိုရသေ့က ရယ်သည်။ “ခုလောလောဆယ် ကောင်းကင်နတ်ဘုံမှာ ဘာပဋိပက္ခမှ မရှိကောင်း မရှိနိုင်ပေမယ့် ဂိုဏ်းသခင်ချင်က ဖန်တီးပေးလိမ့်မယ်… ပြင်ပအန္တရာယ်တွေလည်း အတူတူပါပဲ… အဲဒါက သူ့အစွမ်းအစပဲလေ”

ဘုန်းကြီးသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၌ ချင်မူ လုပ်‌ဆောင်ခဲ့သည်များကို ပြန်တွေးပြီးနောက် တဟားဟား ရယ်လိုက်၏။ “အမှန်ပဲ သူ့မှာ အဲဒီလိုအစွမ်းအစတွေ ရှိတယ်”

ရ‌သေ့ကြီးက ဆက်ပြောသည်။ “ဒီအတောအတွင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ လုပ်ရမှာက ဆင်းရဲဒုက္ခခံပြီး သန်မာလာအောင် ကြိုးစားဖို့ပဲ… ကောင်းကင်နတ်ဘုံကို ဖယ်ရှားဖို့ ခေတ်မီတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံ ထူထောင်ရုံနဲ့ မလုံလောက်ဘူး… ထာဝရငြိမ်းချမ်းရေးအင်ပါယာ သန်မာနေမှဖြစ်မယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ဧကရာဇ်ပလ္လင်အဆင့် ဒါမှမဟုတ် ကောင်းကင်နတ်ဘုံအဆင့် အဆင့်မြင့်သိုင်းပညာရှင်တွေ ရှိလာတဲ့အခါ အောင်မြင်မှုဟာ လက်တစ်ကမ်းစာပဲ လိုလာလိမ့်မယ်”

လင်ယွိရှို့ ကောင်းကင်နတ်ဘုံသို့ ရောက်သွားသည်။ သူမမှာ ပတ်ဝန်းကျင်ကို ကြည့်ရင်း ခမ်းနားထည်ဝါသော အပြင်အဆင်များကြောင့် မှင်သက်နေ၏။ သူမအတွက် စိတ်နှင့်ကိုယ် ပြန်ကပ်ရန် အတော်လေး ကြာလိုက်သည်။ “နတ်ဘုရားမ၊ ကောင်းကင်နတ်အရှင်မူ ကောင်းကင်နတ်ဘုံမှာလား”

ယွင်ချွီးရှို့က သူမကို ကြည့်၍ သွေးတိုးစမ်းသည်။ “နင့်က သူ့ချစ်သူလေးလား”

လွင်ယွိရှို့မှာ ရှက်သွေးဖြာသွားပြီး ခေါင်းယမ်းလိုက်၏။

“သူ လတ်တလော နဂါးသွဲ့ရေကန်မှာ အနားယူပြီး မျက်စိဒေါက်ထောက် စောင့်ကြည့်ခံနေရတယ်… အဲဒါတောင် အခြေအနေတွေ ဇောက်ထိုးမိုးမျှော် ဖြစ်အောင် လုပ်နိုင်တုန်းပါပဲ”

ယွင်ချွီးရှို့သည် ခေါင်းယမ်းပြီးနောက် ရယ်လိုက်၏။ “သူ့ကို သေစေချင်တဲ့သူတွေ တစ်ပုံကြီး ရှိပေမယ့် သူ့ရဲ့မာယာပရိယာယ်တွေကြောင့် ဘာမှမတတ်နိုင်ကြဘူးလေ”

လင်ယွိရှို့မှာ တိတ်တိတ်လေး စိတ်သက်သာရာရသွားသည်။ ယွင်ချွီးရှို့က သူမကို အကဲခတ်နေပြီးနောက် သူမရင်ဘတ်ဆီ အကြည့်ရောက်ကာ ချက်ချင်း သ‌‌ဘောပေါက်သွားသည်။ “ငါ အခု သိပြီ… ကောင်းကင်နတ်အရှင်မူက အပြင်ပုံပန်းသွင်ပြင်ထဲ အတွင်းစိတ်နေစိတ်ထားကိုပဲ ဂရုစိုက်တတ်တဲ့ ယောက်ျားကောင်းတစ်ယောက်လို ထင်ခဲ့မိတာ… ရင်သားကြီးတာပဲ ဂရုစိုက်တဲ့ အပေါစားကောင် ဖြစ်နေမှန်း မထင်ထားမိဘူး.. ငါ ဘယ်နေရာမှ ရှုံးသွားတာလဲ သိပြီ…’

လင်ယွိရှို့မှာ ယွင်ချွီးရှို့၏ ရင်သား ကြီးလာကြောင်း သတိထားမိလိုက်၍ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ အူတူတူ ဖြစ်နေသည်။

စွမ်းအင်အကူးအပြောင်းတံတား ကမ္ဘာဦးဘုံနှင့် ဆက်သွားသော အဖြစ်အပျက်က အင်မတန် ဂယက်ရိုက်သွားခဲ့သည်။ စွမ်းအင်အကူးအပြာင်းတံတားသည် အလွန်အသုံးဝင်၏။ တံတားမှတစ်ဆင့် ကောင်းကင်နတ်ဘုံ၏ စစ်တပ်ကား စကြဠာအတွင်းရှိ ကမ္ဘာအမျိုးမျိုးဆီသို့ လျင်မြန်စွာ သွားရောက်နိုင်လေသည်။ ပါးနပ်သောမည်သူမဆို ‌ကောင်းကင်နတ်ဘုံ၏ အာဏာ ကမ္ဘာလောကများအပေါ် သက်ရောက်နိုင်မှုအတွက် အကျိုးရှိကြောင်း ဒက်ခနဲ သဘောပေါက်လိမ့်မည်။

ထိုကဲ့သို့ အကူးအပြောင်းတံတားဖြင့် ကမ္ဘာ‌ပေါင်းထောင်နှင့်ချီ ဆက်သွယ်နိုင်လျှင် ကောင်းကင်နတ်ဘုံ၏ အာဏာစက်သည် တစ်ခါမှ မရောက်ရှိဖူးသော အတိုင်းအတာအထိ ရော

က်သွားမည်ဖြစ်သလို၊ ကောင်းကင်နတ်ဘုံ၏ စစ်တပ်ပမာဏကိုလည်း လျှော့ချနိုင်လိမ့်မည်။

ထောင်‌သောင်းချီသော ကမ္ဘာများ ချိတ်ဆက်နေသရွေ့ ကောင်းကင်နတ်ဘုံ၌ ပိုသွားမည့် တပ်ဖွဲ့များအား လျှော့ချနိုင်မည်။ ကောင်းကင်နတ်ဘုံအနေဖြင့် ပုန်ကန်မှုများ နှိမ်နင်းရန် နတ်ဘုရားစစ်တပ်များအား သက်ဆိုင်ရာကောင်းကင်နတ်ဘုံများဆီသို့ တစ်ဖွဲ့စီ စေလွှတ်နေစရာ မလိုတော့သည် မဟုတ်ပါလော။

ကောင်းကင်နတ်ဘုံ၏ စစ်တပ်သည် စွမ်းအင်အကူးအပြောင်းတံတားမှတစ်ဆင့် ချက်ချင်း သွားရောက်နိုင်ကာ ပုန်ကန်အုံကြွမှုများအား နှိမ်နင်းနိုင်လာမည်။

ထိုသို့လုပ်ခြင်းအားဖြင့် ရိက္ခာများ၊ စွမ်းအင်ဆေးလုံးများနှင့် ဆေးဝါးများလည်း သက်သာမည်ဖြစ်၍ ကောင်းကင်နတ်ဘုံ၏ ကုန်ကျစရိတ် သိသိသာသာ နည်းပါးသွားကာ အင်အားတောင့်တင်းလာမည်။

ကမ္ဘာတစ်ကမ္ဘာချင်းဆီမှ ဆက်သမှုများပါ ထည့်ပေါင်းလိုက်လျှင် စစ်စရိတ်အတွက်လည်း ကုန်ကျမှုနည်းမည်။ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများအတွက် အောက်ဆင်း၍ ထိုနေရာရှိ လူသားများအား ‌ခိုင်းစားရန်လည်း အဆင်ပြေမည်။

သို့သော် စွမ်းအင်အကူးအပြောင်းတံတား တည်ဆောက်သည့် အကြံအစည်က ချင်မူ့အကြံဖြစ်သည့်အတွက် အတော်များများမှာ အံ့အားသင့်သွားပြီး သူ၏ရည်ရွယ်ချက်များအား ထိတ်လန့်လာကြသည်။ မည်သို့ဆိုစေ၊ ယ စွမ်းအင်အကူးအပြောင်းတံတား၏ ပုံကြမ်းများအတွက် အဖိုးထိုက်ရတနာများနှင့် ချင်မူ့ဆီသို့ လာရောက်လဲလှယ်သူများ တစ်ပုံကြီးထွက်ပေါ်လာ၏။

နဂါးချီလင်က လက်ဆောင်များကို လက်ခံရင်း ပြောသည်။ "ဂိုဏ်းသခင်က ပုံကြမ်းတွေကို ကောင်းကင်နတ်ဘုံရဲ့ တာအိုဂိုဏ်းဆီ ပို့ထားပါတယ်... ကျေးဇူးပြုပြီး အဲဒီကိုသာ သွားတောင်းကြပါ"

တချို့က လက်ဆောင်များ ပြန်ယူချင်ကြသော်လည်း ယန်အာ၏ မောင်းထုတ်ခြင်း ခံကြရသည်။

ဤရက်များအတွင်း ယန်အာ၊ ချီကျုံရီ၊ ယွင်ကျန်းလီနှင့် ကျန်ရှိသူများက ချင်မူ့အား ကူညီပေးရန် မန့်လန်အဆောင်သို့ ပြန်ရောက်လာကြ၏။

ဆယ်ရက်ကြာသော် စွမ်းအင်အကူးအပြောင်းတံတား တစ်စင်းပြီးတစ်စင်း တည်ဆောက်ပြီးစီးသွား၏။ ခံ့ညားထည်ဝါသော အလင်းတန်းများက ကောင်းကင်ထက်၌ ကွန့်မြူးတောက်ပနေရာခမ်းနားသော မြင်ကွင်းတစ်ခုအား ဖန်တီးနေတော့သည်။

"ကျွန်တော် အောက်ဆင်းတော့မယ် ကောင်းကင်နတ်အရှင်"

ယွင်ကျန်းလီက ချင်မူ့ဆီမှ ထွက်သွားခွင့်တောင်း၍ ပြောသည်။ "ကောင်းကင်နတ်ဘုံနဲ့ ကမ္ဘာဦးဘုံက ဆက်သွားပြီးတော့ ဆင်းရမခက်တော့ဘူး... ကျွန်တော် ပြုပြင်ပြောင်းလဲမှုကို နားလည်အောင် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ သွားပါတော့မယ်"

ချင်မူက ခေါင်းညိတ်၍ စာများ ချရေးသည်။ ထို့နောက် ယွင်ကျန်းလီဆီသို့ ပေးကာ ပြောလေသည်။ "နောင်တော်ယွင်၊ အောက်ဆင်းပြီးရင် အနောက်ကမ္ဘာမြေ အထက်ကောင်းကင်နတ်ဂိုဏ်းက ရှုရှန်းဟွာဆီ သွားပါ... ဒါမှမဟုတ် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ တာအိုဂိုဏ်းမှာ တာအိုသခင်လင်း၊ မြင့်းမိုရ်‌တောင်မှာ ကျန်းခုံး၊ ကျောက်စိမ်းမြို့တော်ငယ်မှာ ဝမ့်မူရန်တို့နဲ့လည်း သွားတွေ့လို့ရတယ်... သူတို့က အောက်ဘုံမှာ ပြုပြင်ပြောင်းလဲနေတဲ့ ခေါင်းဆောင်တွေပါပဲ"

ယွင်ကျန်းလီက စာများကို အလေးအနက် လက်ခံကာ ထွက်သွားသည်။

ချင်မူ ကောင်းကင်ထဲရှိ အလင်းတန်းများဆီသို့ မော့ကြည့်ရင်း သက်ပြင်းချပြီးနောက် မျက်လုံးများ ဝင်းလက်လာသည်။ 'အခုဆို ထာဝရငြိမ်းချမ်းရေးအင်ပါယာ တည်ငြိမ်သွားပါပြီ'

ဤအခိုက်အတန့်တွင် ယွင်ချွီးရှို့၏အသံက အဝေးမှ ထွက်လာသည်။ "နင်တော့ သေတော့မယ် ကောင်းကင်နတ်အရှင်မူ"

ချင်မူ အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည့်အခါ ပင်လယ်ပြင်ထက်၌ ရွေ့လျားနေသော လှေလေးတစ်စင်းအပေါ်တွင် သူမအား မြင်လိုက်ရသည်။ သူမအသွင်မှာ ယခင်နှင့်မတူ‌သယောင် ရှိ၏။

သူက စိတ်မရှည်သံဖြင့် လှမ်းအော်သည်။ "သေမှာက ခင်ဗျား ... ကျုပ် မဟုတ်ဘူး"

သူ့အကြည့်သည် သူမရင်ဘတ်အပေါ် အလိုလိုရောက်သွား၏။ ယွင်ချွီးရှို့က စိတ်ထဲကျေနပ်သွားပြီး မသိမသာ ရင်ကော့လိုက်သည်။

လှေလေးက ကမ်း၌ကပ်လိုက်ပြီး သူမက ခုန်ထွက်လာသည်။ ချင်မူ့အကြည့်က အိတုန်နေသော သူမရင်သားများဆီမှ မခွာနိုင်ပေ။ နဂါးချီလင်က သူ့အကြည့်ကို သတိထားမိလျှင် ဖြစ်လာတော့မည့်အရာအား တန်းသဘော‌ပေါက်သွား၏။ 'ဟာ မဖြစ်တော့ဘူး ... ဂိုဏ်းသခင်ရဲ့ သေရာပါအားနည်းချက်ကြီးကို ကောင်းကင်နတ်ဧကရီ တွေ့သွားပြီဟ'

ယွင်ချွီးရှို့သည် သူတို့ဆီ လျင်မြန်စွာ ချဉ်းကပ်လာပြီးနောက် ရယ်နေ၏။ " နင် အခု တကယ် သေတော့မှာ... ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်ဘုံရဲ့ အကောင်ကြီးကြီးတွေနဲ့ အစည်းအဝေးလုပ်ပြီး ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ရှုဆီက သတင်းအရ မဟာလေဟာနယ်မှာ ထူးဆန်းတဲ့အပြောင်းအလဲတွေ ဖြစ်နေကြောင်း သိရတယ်ပြောတယ်... သူတို့က ကောင်းကင်နတ်ဘုံဘက်ကနေ အဆင့်မြင့်သိုင်းပညာရှင်တွေ လွှတ်ပြီး အဲဒီအပြောင်းအလဲတွေ ဖိနှိပ်ပေးဖို့ ‌အကြောင်းကြားထားတယ်တဲ့... သူတို့အားလုံး ဆွေးနွေးပြီး ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ရှုကို သွားတွေ့ဖို့ ကောင်းကင်နတ်အရှင်တစ်ယောက် စေလွှတ်ဖို့ ဆုံးဖြတ်ကြတယ်... ဘယ်သူဖြစ်မလဲ ခန့်မှန်းကြည့်"

ချင်မူ ညည်းတွားလိုက်မိသည်။ "ကျုပ်တော့ မဟုတ်နိုင်ဘူးမလား"

ယွင်ချွီးရှို့သည် သူ့ဘယ်လက်မောင်းကို ဆွဲ၍ သူမ၏ စနေနှစ်ခိုင်အကြား ညှပ်ကာ‌ တောက်ပစွာ ပြုံးနေ၏။ "ဟော့ဒီ နာမည်ကြီး ကောင်းကင်နတ်အရှင်မူကြီးပဲပေါ့ ... ရှေးဟောင်းနတ်ဘုရားတချို့က ကန့်ကွက်ပေမယ့် အနည်းစုပဲ ရှိတာလေ... ဒါ့အပြင် ကောင်းကင်ဧကရာဇ်က နင့်ကို လွှတ်ဖို့လိုကြောင်း သဘောတူတယ်တဲ့"

ချင်မူမှာ သူမ၏စနေနှစ်ခိုင်ကြားမှ လက်ကို ရုန်းထွက်သော်လည်း ယွင်ချွီးရှို့သည် ခပ်တင်းတင်း ဆွဲထား၏။ သူ မရုန်းထွက်နိုင်ပေ။

'ဂိုဏ်းသခင်တော့ သေပြီ'

နဂါးချီလင်မှာ အခြေအနေကို မြင်လျှင် ရင်တဒိန်းဒိန်း ခုန်လာသည်။ 'ဂိုဏ်းသခင်ရဲ့ သေရာပါ အားနည်းချက်ကြီး ပေါ်သွားပြီ'

ချင်မူ၏မျက်ဝန်းများ ဝင်းလက်သွား၏။ "ကောင်းကင်နတ်ဧကရာဇ်ကို တစ်ခါမှ မမြင်ဖူးဘူး.. ကောင်းကင်နတ်ဧကရာဇ်က ဖန်ဆင်းလက်နက်နဲ့ ဖန်ဆင်းထားခံရတာလား"

ယွင်ချီးရှို့က သူ့ကို ကြည့်၍ ပြုံးသည်။ "ကောင်းကင်နတ်အရှင်မူက ကိုယ့်အသက်အန္တရာယ်ကိုယ် ဂရုမစိုက်ဘဲ ကိုယ့်ဘေးက လူတွေအပေါ် ဂရုစိုက်ပုံပဲနော်... အမှန်တိုင်းပြောရရင် နင်နဲ့အတူ မဟာလေဟာနယ်ဆီ လိုက်လာမယ့်လူတွေက နင့်အသက်ကို ယူချင်တဲ့လူတွေချည်းပဲ... ကောင်းကင်နတ်အရှင်တွေရဲ့ တပည့်တွေထဲမှာ ရှင့်ကို မကြိုက်တဲ့ အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက် ရှိတယ် ... ဘယ်သူလဲ ခန့်မှန်းကြည့်"

ချင်မူက ခေါင်းယမ်း၍ ယွင်ချွီးရှို့နှင့်အတူ မန့်လန်အဆောင်ဆီ လျှောက်သွားသည်။ သူ့စိတ်ထဲတွင် ဘယ်လက်မောင်းဆီမှ နူးညံ့အိစက်နေသော အနွေးဓာတ်လေးသာ ကြီးစိုးနေ၏။

'ဂိုဏ်းသခင်တော့ သေပြီ'

နဂါးချီလင်မှာ အီးမှန်ခံထားရသကဲ့သို့ ရှုံ့မဲ့နေပြီး ကြိတ်တွေးနေသည်။ 'သူက ကောင်းကင်နတ်ဧကရာဇ်ရဲ့ မိန်းမကြီးလေ'

ယွင်ချီးရှို့က ပြုံး၍ ပြောသည်။ "ဝိညာဉ်အစောင့်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်၊ လက်တစ်ဖက်ပြတ် ကောင်းကင်ဓားမ လော့ဝူရွှမ်ပေါ့ ... နင်လည်း မဟာလေဟာနယ်ဆီ သွားမယ်ကြားတာနဲ့ သူ့မျက်လုံးကနေ ဓားရောင်နှစ်ချက်လက်သွားတာ သိလား... သူ့ကြည့်ရတာ သိပ်ပျော်နေပုံပဲ"

All Chapters