← Chapters

လှည့်ကွက်

Vol. 87 Ch. 1222

လှည့်ကွက်

Vol. 87 Ch. 1222

အခန်း (၁၂၂၂) လှည့်ကွက်

ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်ထဲမှ အချိန်နှင့်နေရာက ခန့်မှန်းမရအောင် ပြောင်းလဲနေပြီး ပြင်ပကမ္ဘာနှင့် အတော်လေး ခြားနားသည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်သည်ပင် သူ၏ ထုံးတမ်းအစီအရင်အား အခြေအနေနှင့်အချိန်အခါပေါ်မူတည်ကာ ချိန်ဆပြီး အနည်းငယ် ပြုပြင်လိုက်ရသည်။

သူ့စိတ်ထဲတွင် အစီအရင်ကို စေ့စေ့စပ်စပ်သေသေချာချာ စီစဉ်ပြီး အဆင်သင့်ဖြစ်မှ စတင်လိုက်သည်။

ထို့နောက် ဗလာနယ်ထဲတွင် မီးတောက်မီးလျှံများ အချင်းချင်းရောယှက်သွားပြီး ထုံးတမ်းအစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက်မှာတော့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ဧရာမ မီးလျှံကြီးအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထက်သို့ ပျံသန်းသွားသည်။

မီးလျှံမုန်တိုင်းက နေရာတစ်ခုလုံးအား ဖြတ်သန်းသွားချိန် တောက်လောင်နေသည့်မီးလျှံများထဲတွင် လခြမ်းကွေးနှစ်ခု ထွက်ပေါ်လာသည်။

ထိုအရာက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ အစစ်အမှန်အသွင်သဏ္ဌန်ဖြစ်ပြီး သူ့ကိုယ်သူ ပုံဖော်နေခြင်း ဖြစ်သည်။

ထို့နောက် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ဗလာနယ်ထဲတွင် အခြားသော စည်းတံဆိပ်တစ်ခုကို ရေးသားလိုက်ပြီး ထိုအရာက မိုးနှင့်မြေကိုပိုင်းခြားကာ အာကာသ ဗလာနယ်ကို ထိုးဖောက်ဖျက်ဆီးတော့မည့်အလား ထင်မှတ်ရသည်။

ထိုစည်းတံဆိပ်မှ ရွှေရောင်အလင်းတန်းများတောက်ပလာပြီး မီးလျှံများရောယှက်နေသည့် အလင်းတန်းများထက်သို့ ကျရောက်သွားကာ စည်းတ့ဆိပ်နှင့် အလင်းတန်းများပေါင်းစပ်သွားပြီး အလင်းလှိုင်းလုံးများက နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။

နေခြည်ဧကရာဇ်က ဘေးတွင်ရပ်ကာ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ကာကွယ်ပေးရန်အတွက် ပတ်ဝန်းကျင်ကို မျက်စိရှင်ရှင်ထားပြီး စောင့်ကြည့်နေသည်။

ထိုအချိန် အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသော အလင်းလှိုင်းလုံးများက ရှုပ်ထွေးနေသော အချိန်နှင့်နေရာကို အေးခဲရပ်တန့်သွားစေသည်။

နေခြည်ဧကရာဇ် မနေနိုင်ဘဲ ချီးမွမ်းစကား ဆိုလိုက်၏။

“သိပ်ကောင်းတယ်...”

ထို့နောက်မှာတော့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ဗလာနယ်ထဲတွင် မတ်တတ်ရပ်ရင်း စိတ်ရှည်စွာစောင့်ဆိုင်းနေပြီးနောက် ကြီးမားသောမီးတောက်မီးလျှံကြီးအဖြစ် ပြောင်းလဲသွားသည်။

ဤနေရာတွင် အချိန်က တိုင်းတာရခက်လေသည်။

အချိန်အတန်ကြာပြီးနောက် အေးခဲရပ်တန့်နေသော ဗလာနယ်တွင် ရုတ်တရက် ပြင်းထန်သော အတက်အကျများစွာ ဖြစ်ပေါ်လာသည်။

မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသော ထူးဆန်းသည့်မီးတောက်တစ်ခုက ဗလာနယ်ကိုချိုးဖျက်ထွက်ပေါ်လာပြီး အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏အရှေ့တွင် စည်းတံဆိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က စည်းတံဆိပ်ကိုအာရုံစူးစိုက်ကြည့်နေရင်း မီးတောက်မီးလျှံများ ပျောက်ကွယ်သွားသည်။

သို့သော် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏စိတ်ထဲတွင် အစီအစဉ်ရှိပြီးသားဖြစ်လေရာ နေခြည်ဧကရာဇ်ကို စကားဆိုလိုက်သည်။

“သွားကြမယ်”

သူက ဆက်ပြောသည်။

“ဒီ ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်မှာ အချိန်နဲ့နေရာက ခန့်မှန်းလို့မရဘူး ၊ ဒီတော့ ငါတို့အချိန်ကြာကြာ သွားဖို့တော့ လိုလိမ့်မယ်”

နေခြည်ဧကရာဇ်က ခေါင်းညိတ်ရင်း...

“ငါလည်း ဒါကို မျှော်လင့်ထားပြီးသားပါ ၊ ငါတို့တွေ မီးလျှံထက်ယံအရှင်သခင်နဲ့ ဆက်သွယ်နိုင်ပြီဆိုရင် တကယ့်ကို ကံကောင်းတာပဲ ၊ ဒါပေမဲ့ တိဟွမ်မြေကမ္ဘာဧကရာဇ်နဲ့ ကျန့်ဟွမ်ဓားဧကရာဇ်က အကြောင်းမပြန်သေးတာ စိတ်မကောင်းစရာပဲ”

ပြောရင်းဖြင့် သူတို့နှစ်ယောက် ပြန်လည်စတင်လိုက်ကြသည်။

သူတို့အတွက် အချိန်အကန့်အသတ် ရှိလေသည်။

ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်တွင် အချိန်နှင့်နေရာက ပြောင်းလဲနေသည်ဖြစ်ရာ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က သဲလွန်စ ရရှိထားသည်ဆိုသော်လည်း နှေးကွေးစွာလုပ်ဆောင်နေပါက အထောက်အကူဖြစ်မည် မဟုတ်ပေ။

ထို့ပြင် သူတို့အနေဖြင့် အမတခုံရုံးမှလူများကိုလည်း ရှောင်တိမ်းရန် လိုအပ်နေသေးသည်။

မီးလျှံထက်ယံအရှင်သခင်က လမ်းကြောင်းကိုပိုင်းခြားရမည်ဖြစ်ရာ နေခြည်ဧကရာဇ်၏ ကြေးမုံမှန် ဖယောင်းတိုင်မီးအိမ်ထဲတွင် ဆက်လက်ပုန်းအောင်းရန် မဖြစ်နိုင်တော့ပေ။

သူ့အနေဖြင့် ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်ထဲတွင် ပေါ်ပေါ်ထင်ထင်ပင် သွားလာရမည် ဖြစ်သည်။ သို့သော် အမတခုံရုံးမှ တစ်စုံတစ်ယောက်နှင့် ဆုံတွေ့ပါက အရာအားလုံး ချက်ချင်းရှုပ်ထွေးသွားနိုင်သည်။

ထို့ကြောင့် အကောင်းဆုံးပြောရလျှင် သူတို့အနေဖြင့် ဤခရီးကို အလျှင်အမြန်သွားသင့်ပြီး တစ်ချိန်တည်းတွင် ခြေရာဖျောက်နိုင်ရန်လည်း လိုအပ်သည်။

ဤသို့ပြုလုပ်ရန်က အလွန်တရာ ခက်ခဲသည်မှာ ပြောနေစရာ မလိုပေ။

ထို့ပြင် ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်ထဲမှ အချိန်နှင့်နေရာက အချိန်တိုင်းပြောင်းလဲနေသည်ဖြစ်ရာ အန္တရယ်များနှင့် ပြည့်နက်နေသည်။

သေသေချာချာ သတိမထားပါက ရှုပ်ထွေးနေသော အချိန်နှင့်နေရာများဖြင့် ရိုက်ခတ်မိကာ ချက်ချင်းပင် ကြေမွသွားနိုင်သည်။ အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်ပင်ဖြစ်စေဦးတော့ ချက်ချင်း အသက်ပျောက်သွားနိုင်၏။

ကံကောင်းသည်မှာ နေခြည်ဧကရာဇ်နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် အတူသွားလာနိုင်ကြသဖြင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ခြင်း ဖြစ်သည်။

ရုတ်တရက် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ခဏရပ်နားလိုက်ပြီး...

“ငါတို့ ရောက်ပြီ...”

ထိုစကားကြားတော့ နေခြည်ဧကရာဇ်လည်း စိတ်ဓာတ်တက်ကြွသွားသည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က သူ၏သရုပ်မှန်ကို ထပ်မံ ပြသလိုက်သည်။ ကြီးမားသော သွေးနီရောင်လှံရှည်ကြီးက ဗလာနယ်ထဲတွင် မီးလျှံများဖြင့် တဟုန်းဟုန်း တောက်ပနေသည်။

အနီရောင်မီးတောင်မီးလျှံများကြောင့် ကျန်ရစ်ခဲ့သော ခြေရာများက ဗလာနယ်ထဲတွင် အချိန်အတန်ကြာအောင် တည်ရှိနေပြီး ၊ ထို့နောက်မှာတော့ ထိုခြေရာများက မိုးမြေတစ်ခွင်ကို လွှမ်းခြုံနိုင်စွမ်းရှိသော ကြီးမားသည့် စည်းတံဆိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

၎င်းအနီရောင်စည်းတံဆိပ်ကြီးမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး တစ်နေရာတည်းသို့ စတင်စုစည်းသွားသည်။

ထို့နောက် ဗလာနယ်ထဲတွင် မတ်ဆောက်သည့် လမ်းကြောင်းတစ်ခုထွပ်‌ပေါ်လာပြီး ထိုလမ်းကြောင်းထိပ်တွင် ဗလာနယ်က စတင်အက်ကွဲလာသည်။

ထို ဗလာနယ်အက်ကွဲကြောင်းအတွင်းမှ မီးတောက်မီးလျှံများ များပြားစွာ ထွက်ပေါ်လာပြီး အပူစွမ်းအင်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ထက်ပင် ပိုမိုပြင်းထန်ပြီး စိတ်လှုပ်ရှားစရာ အလွန်ကောင်းလှသည်။

နေခြည်ဧကရာဇ်ကဲ့သို့ အစစ်အမှန်နတ်ဘုရားတစ်ပါးသည်ပင် အက်ကွဲကြောင်းဆီသို့ ချဉ်းကပ်နိုင်ခြင်း မရှိပေ။ အက်ကွဲကြောင်းအတွင်းမှ လျှံထွက်နေသည့် မီးတောက်မီးလျှံများကြောင့် သူ၏ကိုယ်တွင်းအင်္ဂါများပင် ပူလောင်နေသလို ခံစားရပြီး အာရုံခံနိုင်စွမ်းများသည်လည်း ဆုံးရှုံးသွားဟန်ပင်။

ပူလောင်လွန်းသည်ဟု ခံစားရပြီးနောက် အရာအားလုံးက ထုံကျဉ်သွားပုံရသည်။

ပူလောင်ခြင်းလည်းမရှိတော့သလို မည်သည့်အရာကိုမှလည်း မခံစားနိုင်တော့ပေ။

နေခြည်ဧကရာဇ် ရှင်းလင်းစွာနားလည်သွားပြီး ရေရွတ်လိုက်သည်။

“မီးလျှံထက်ယံအရှင်သခင်...”

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ခေါင်းညိတ်ရင်း...

“အမှန်ပဲ...”

သူ့အသံ လွင့်ပြယ်သွားချိန်မှာပင် ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင် အဝေးတစ်နေရာတွင် ထူးဆန်းသည့်အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။

အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားသူအချို့ ဤနေရာသို့ လျှင်မြန်စွာ ချဉ်းကပ်

အလွန်တရာ စွမ်းအားမြင့်မားသူအချို့ ဤနေရာသို့ လျင်မြန်စွာ ချဉ်းကပ်လာကြသည်။

အမြန်နှုန်းက မည်သူမှ စိတ်ကူးမယဉ်နိုင်လောက်အောင် လျှင်မြန်လွန်းလှသည်။ ယွမ်စီ အခိုးအငွေ့ ဟင်းလင်းပြင်ကဲ့သို့ ရှုပ်ထွေးသည့် ပတ်ဝန်းကျင်မှာပင် ထိုတန်ခိုးစွမ်းအားရှင်များက ဗလာနယ်ကို လျှင်မြန်စွာ ဖြတ်သန်းနိုင်ကြဆဲ ဖြစ်၏။

သာမန်နေရာတစ်ခုဆိုပါက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် မတုံ့ပြန်နိုင်ခင်မှာပင် ထိုတန်ခိုးစွမ်းအားရှင်များ အနားသို့ ရောက်ရှိလာပေမည်။

“အမတခုံရုံးက လူတွေပဲ...”

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် ချက်ချင်း သဘောပေါက်သွားသည်။

ထို့နောက် လခြမ်းနှစ်ခုပါသော ပုဆိန်သွားလှံရှည်ကြီးက ကောင်းကင်ထက်တွင် တစ်ချက်ဝှေ့ယမ်းသွားပြီး ရွှေရောင်အလင်းဖြင့်ခင်းထားသောလမ်းကိုဖြတ်ကာ အက်ကွဲကြောင်းကို ပိတ်ဆို့ရန် ကြိုးစားလိုက်သည်။

သို့သော် ထိုခဏတွင် ရှေးဟောင်းမှန်တစ်ချပ် သူ့အရှေ့တွင်ပေါ်လာပြီး အနီရောင်ပုဆိန်သွားလှံရှည်ကို တားဆီးလိုက်သည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့် တစ်ထပ်တည်းတူညီသည့် အနီရောင်လှံရှည်တစ်လက်က ကြေးမုံမှန်အတွင်းမှထွက်ပေါ်လာပြီး အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ဆီသို့ ပျံသန်းသွားကာ အချိန်ကိုက်ပင် ရိုက်နှက်ချလိုက်သည်။

“ဖယောင်းနေခြည်ဧကရာဇ်...”

ဒေါသကိုမျိုသိပ်ထားရသည့်ပမာ တိုးလျသော်လည်း လေးလံသည့်အသံတစ်သံ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ထံမှ ထွက်ပေါ်လာသည်။

ဖယောင်းနေခြည်ဧကရာဇ်ကြောင့် အချိန်နှောင့်နှေးသွားချိန်တွင် ဗလာနယ်ကိုဖြတ်ကျော်လာသည့် အလင်းတန်းများက သူတို့ဆီသို့ ရောက်ရှိလာသည်။

အလင်းတန်းများထဲတွင် အလွန်တရာ တန်ခိုးစွမ်းအားကြီးမားသူများ ပါဝင်သည်ဖြစ်ရာ သူတို့အားလုံး ပေါင်းစပ်ထုတ်လွှတ်လိုက်သည့် တန်ခိုးစွမ်းအားက လူတစ်ယောက်၏စိတ်ဓာတ် ပျက်ပြားသွားစေရန် လုံလောက်သည်။

အလင်းတန်းများက တစ်ချက်မရပ်နားဘဲ ရွှေရောင်အလင်းလမ်းတစ်လျှောက် ဖြတ်သန်းသွားပြီး မီးတောက်မီးလျှံများတောက်လောင်နေသည့် အက်ကွဲကြောင်းဆီသို့ ပျံသန်းသွားသည်။

ပြင်းထန်သောတန်ခိုးစွမ်းအားများကြောင့် အက်ကွဲကြောင်းထက်တွင် အပေါက်ကြီးတစ်ခု ဖြစ်သွားသည်။ ထို့နောက် အလင်းတန်းများက အက်ကွဲကြောင်းအတွင်းသို့ တပြိုင်တည်း ဝင်ရောက်သွားကြသည်။

နေခြည်ဧကရာဇ်၏ ကြေးမုံမှန်အလင်းတန်းက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ပိတ်ဆို့ထားဆဲ ဖြစ်သည်။

ထိုအချိန်မှာပင် နေခြည်ဧကရာဇ်က လက်ကိုဆန့်ထုတ်ပြီး ကြေးမုံမှန်ကိုထိန်းထားကာ ကြေးမုံမှန်အနောက်ဘက်တွင် သူ၏မျက်နှာကို တွေ့မြင်နိုင်သည်။

“အရာအားလုံး... မင်းက အရာအားလုံးကို အကွက်ချ ကြံစည်ထားတာပဲ”

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ဒေါသတကြီး ဆိုလိုက်သည်။

“မင်းက အမတခုံရုံးကလူတွေနဲ့ အစကတည်းကပူးပေါင်းကြံစည်ထားတာပဲ”

“အနက်ရောင်ပိုးသားဧကရာဇ်ကို မင်းပြောခဲ့တဲ့စကားတွေက ယုံကြည်မှုရအောင် တမင်သက်သက် လီဆယ်တဲ့စကားတွေပဲ”

နေခြည်ဧကရာဇ်၏မျက်နှာအမူအရာက မပြောင်းလဲဘဲ တည်ငြိမ်နေဆဲပင်။

သူက...

“လီဆယ်တဲ့စကားတွေ မဟုတ်ပါဘူး ၊ ငါ ပြောတဲ့စကားတိုင်းက စိတ်ရင်းအမှန်နဲ့ပြောတာပါ ၊ ငါလုပ်တဲ့အလုပ်တိုင်းကလည်း ငါတို့ လမ်းမှန်တာအိုဝါဒ အကျိုးအတွက်ပါပဲ”

နေခြည်ဧကရာဇ်က ဆက်ပြောသည်။

“တာအိုရောင်းရင်းက ဒေါသထွက်နေတော့ လတ်တလောမှာ နားမလည်နိုင်သေးဘူးထင်တယ် ၊ ဒါပေမဲ့ ငါဘာလို့ဒီလိုလုပ်ရလဲဆိုတာ နောက်ပိုင်းမှာ နားလည်လာပါလိမ့်မယ် ၊ တကယ်တော့ ဒီလိုအချိန်မျိုးမှာ အမှားမလုပ်မိတာ ပိုကောင်းပါတယ် ၊ အခုနေ မင်း ဒီနေရာကထွက်သွားရင်း အသက်ချမ်းသာဖို့ အခွင့်အရေး ရှိနိုင်ပါသေးတယ်”

“ကောင်းတယ်... ကောင်းတယ် သိပ်ကောင်းတယ်”

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ဒေါသတကြီးဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထို့နောက် အနီရောင်လှံရှည်က ရုတ်တရက် ဦးတည်ချက်ပြောင်းလဲကာ အခြားတစ်ဖက်ရှိ ဗလာနယ်ထဲသို့ ပျံသန်းထွက်ခွာသွားသည်။

နေခြည်ဧကရာဇ်က အေးဆေးစွာပင် အနီးကပ် နောက်မှ လိုက်ပါသွားသည်။

သို့သော် မကြာမီ သူ၏မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။

အစပိုင်းတွင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က လွတ်မြောက်ရန်အတွက် လှည့်ထွက်ပြေးသွားသည်ဟု သူက ထင်ခဲ့မိသည်။

သို့ပေသိ မထင်မှတ်စွာပင် မထင်မှတ်စွာပင် သွေးနီရောင်လှံရှည်က ဗလာနယ်ကို ဖြတ်ကျော်သွားပြီး အချိန်နှင့်နေရာ အရှုပ်အထွေးများထဲတွင် နောက်ထပ်အက်ကွဲကြောင်းတစ်ခု ဖွင့်လှစ်လိုက်သည်။

ထိုအက်ကွဲကြောင်းအသစ်အတွင်းမှ ပိုမိုပြင်းထန်သော မီးတောက်မီးလျှံများ ပေါက်ကွဲထွက်လာသည်။

ထိုအထဲမှထွက်ပေါ်လာသည့် စွမ်းအားရောင်ဝါက ပထမအက်ကွဲကြောင်းအတွင်းမှ ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားထက်ပင် ပိုမိုကြီးမားပြီး သူ့အရှေ့သို့ မီးလျှံထက်ယံအရှင်သခင် ရောက်ရှိလာသည်ဟုပင် နေခြည်ဧကရာဇ် တွေးထင်လိုက်မိ၏။

“ဒါက လှည့်ကွက်တစ်ခုပဲ...”

ချက်ချင်းပင် ဘာဖြစ်သွားကြောင်း နေခြည်ဧကရာဇ် နားလည်သွားပြီး အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နောက်သို့ အရှိန်အဟုန်ဖြင့် လိုက်ပါသွားသည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် ဒုတိယအက်ကွဲကြောင်းအတွင်းသို့ ဝင်ရောက်မသွားစေရန် သူက တားဆီးချင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် အခြားဘက်ခြမ်းတွင်ရှိနေသော ပထမအက်ကွဲကြောင်းအတွင်းမှ ကြုံးဝါးသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာလေတော့သည်။

All Chapters