နေရာတိုင်းမှာရှိနေတဲ့ ‘ရန်ကျောက်ကဲ’
Vol. 87 Ch. 1223
အခန်း (၁၂၂၃) နေရာတိုင်းမှာရှိနေတဲ့ ‘ရန်ကျောက်ကဲ’
“တာအိုရောင်းရင်း... အမှားတစ်ခုကို ထပ်ခါထပ်ခါ မကျူးလွန်ပါနဲ့တော့”
နေခြည်ဧကရာဇ် မျက်နှာပျက်စွာဖြင့်ပင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နောက်သို့ တတ်နိုင်သမျှ အမြန်လိုက်ခဲ့သည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် ဒုတိယအက်ကွဲကြောင်းထဲသို့ မဝင်ရောက်စေရန် နေခြည်ဧကရာဇ်က ခဏမျှ ပိတ်ဆို့ထားနိုင်လျှင် ပထမအက်ကွဲကြောင်းအတွင်းသို့ ဝင်ရောက်သွားသော အမတခုံရုံးမှကျင့်ကြံသူများ ပြန်ထွက်လာသည့်အချိန်နှင့် အချိန်ကိုက်ဖြစ်ပေမည်။
“တာအိုရောင်းရင်း... မင်းရဲ့ခေါင်းမာမှုက ကိုယ့်ခေါင်းကိုယ်ဖြတ်သလို ဖြစ်နေလိမ့်မယ်”
နေခြည်ဧကရာဇ်က စီးဆင်းနေသည့်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကြေးမုံမှန်အလင်းတန်းနှင့် ပေါင်းစပ်လိုက်သည်။
ထို့နောက်မှာတော့ ကြေးမုံမှန်အလင်းတန်းက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နောက်သို့ ပစ်လွှတ်လိုက်ပါသွားသည်။ ထိုအလင်းတန်းမြန်နှုန်းက လျှင်မြန်လှသဖြင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နောက်သို့ ချက်ချင်း ရောက်ရှိသွားသည်။
နေခြည်ဧကရာဇ်၏ အစစ်အမှန်ရုပ်သွင် ပြန်လည်ထွက်ပေါ်လာပြီး သူ၏လက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်ပြီး အနောက်တွင်ကျန်ခဲ့သော ကြေးမုံမှန်ကို သူ့ထံသို ဆွဲယူလိုက်သည်။
တစ်ချိန်တည်းပင် အခြားသောလက်တစ်ဖက်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အား ဆုပ်ကိုင်လိုက်၏။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က လှည့်ကြည့်ခြင်းမရှိသော်လည်း လှံရှည်အမြီးက လေထဲတွင် ယိမ်းခါသွားပြီး မီးတောက်မီးလျှံများဖြင့် နေခြည်ဧကရာဇ်၏လက်ကို ရိုက်ချလိုက်သည်။
ထိပ်တိုက်ရင်ဆိုင်မှုတွင် နှစ်ယောက်လုံး၏ ပုံရိပ်များတုန်ခါသွားကြပြီး နေခြည်ဧကရာဇ်က နေရာမှာပင် အေးခဲရပ်တန့်သွားကာ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်သည်လည်း အနည်းငဘ် နှေးကွေးသွားသည်။
သို့ပေသိ ခဏမျှသာနှေးကွေးသွားပြီးနောက် သူ၏အရှိန်က ပြန်လည်မြင့်တက်လာသည်။
သို့သော် နေခြည်ဧကရာဇ်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နောက်သို့ ထပ်မံနီးကပ်စွာ လိုက်ပါလာပြီး သူ၏ကြေးမုံမှန်ထဲတွင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ပုံရိပ်ကို ထင်ဟပ်စေလိုက်သည်။
ကြေးမုံမှန်ထဲမှ ဖယောင်းတိုင်မီးအိမ်က လှုပ်ရှားလာပြီး အတွင်းမှ ရွှေရောင်အလင်းတန်းများ လွင့်ပျံလာသည်။ ထို့နောက်မှာတော့ အလင်းတန်းများက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အားချည်နှောင်ရန် ကြိုးများအဖြစ် ပြောင်းလဲသွားသည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ထပ်မံအရှိန်မြှင့်ရန် ကြိုးစားလိုက်သော်လည်း ထိုကြိုးများက သူ့ကို နှေးကွေးသွားစေသည်။
အချိန်တိုအတွင်း တစ်ယောက်ကိုတစ်ယောက် အနိုင်ယူတိုက်ခိုက်ရန် ခက်ခဲသော်လည်း အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ခဏမျှထိန်းထားရန်မှာ နေခြည်ဧကရာဇ်အတွက် မခက်ခဲလှပေ။
ထိုအချိန် စီးဆင်းနေသည့်အလင်းတန်းများ ပထမအက်ကွဲကြောင်းအတွင်းမှ ထါက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို ချက်ချင်းပင် လွှမ်းခြုံသွားသည်။ ထို့နောက် အလင်းတန်းများက ခုန်ပျံပြီး အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ဆီသို့ ရောက်ရှိလာသည်။
ကျယ်ပြောလှသော ဗလာနယ်အကွာအဝေးကိုဖြတ်ကျော်ပြီး သူတို့က တစ်ခဏအတွင်း အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အနီး ရောက်ရှိလာကြသည်။
အလင်းတန်းများ သယ်ဆောင်လာသော ခြိမ်းခြောက်နိုင်စွမ်းကြီးမားသည့် စွမ်းအားရောင်ဝါက လူတိုင်းကို ထိတ်လန့်သွားစေနိုင်သည်။
အလှည့်အပြောင်းမည်သို့ရှိစေကာမူ သူ စီစဉ်ထားသည့်အတိုင်း အရာအားလုံး ဆက်လက်ဖြစ်ပျက်နေသေးကြောင်း မြင်လိုက်ရသဖြင့် နေခြည်ဧကရာဇ် စိတ်သက်သာရာ ရသွားသည်။
သို့သော် ထိုခဏမှာပင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ထံမှ အခြားသောအလင်းတန်းတစ်ခု ပျံသန်းထွက်ပေါ်လာသည်။
အလင်းရောင်က မှိန်ဖျော့ပြီး မထင်မရှား ဖျော့တော့နေသော်လည်း အုံ့ဆိုင်းမှိုင်းညို့နေခြင်းမျိုး မရှိပေ။
ထိုအလင်းရောင်ကို တွေ့မြင်လိုက်ရချိန်တွင် နေခြည်ဧကရာဇ် ခန္ဓာကိုယ်တစ်ခုလုံး ရုတ်ချည်း တုန်ခါသွားသည်။
ထို့နောက် သူက ရေရွတ်လိုက်၏။
“ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်...”
မှိန်ဖျော့ဖျော့အလင်းရောင်တည်းတွင် လူတစ်ယောက်ရုပ်ပုံထွက်ပေါ်လာပြီး ထိုသူက ရန်ကျောက်ကဲမှလွဲပြီး အခြားသူ မဟုတ်ပေ။
ရန်ကျောက်ကဲက...
“နေခြည်ဧကရာဇ်က ငါ့ကို အတွေးအမြင်တွေ အများကြီးပေးခဲ့တာပဲ”
ပြောပြီးသည်နှင့် သူက လက်ကိုဆန့်တန်းလိုက်ပြီး အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ဖမ်းယူဆုပ်ကိုင်းလိုက်သည်။
ထို့နောက် ရန်ကျောက်ကဲက လက်ကို ပြင်းပြင်းထန်ထန် တစ်ချက်ဝှေ့ယမ်းလိုက်သည်။
ရန်ကျောက်ကဲက ကောင်းကင်ဖွင့်ကျမ်းစာ၏ မရှိမဖြစ်လိုအပ်သော အတွေးအမြင်များကို ယခုမှ နားလည်သဘောပေါက်ခဲ့သော်လည်း ကောင်းစွာအသုံးချနိုင်ပြီး အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့် ချိတ်ဆက်နိုင်ခဲ့သည်။
သူနှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကြားတွင် မတူကွဲပြားမှုများ များစွာရှိခဲ့သည့်တိုင် ချက်ချင်းဆိုသလို ချိတ်ဆက်နိုင်ခဲ့ကြသည်။
သူတို့၏စွမ်းအားများ ပေါင်းစပ်လိုက်သည့်အခါ ပြင်းထန်တောက်ပသော ကောင်းကင်ဖွင့်မီးတောက် ထွက်ပေါ်လာသည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က အလံတစ်ခုနှင့်လည်းတူပြီး ပုဆိန်နှင့်လည်းဆင်တူသော လက်နက်တစ်ခုအဖြစ် အသွင်ပြောင်းလိုက်ပြီး သူ့အပေါ် ချည်နှောင်ထားသော ရွှေရောင်ကြိုးမျှင်များကို ဖြတ်တောက်လိုက်သည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် အတားအဆီးမှ လွတ်မြောက်လာသည်နှင့် သူနှင့်ရန်ကျောက်ကဲက အရှိန်အဟုန်မြှင့်လိုက်ပြီး အလင်းတန်းများအဖြစ် ပြောင်းလဲကာ ဒုတိယအက်ကွဲကြောင်းဆီသို့ ပျံသန်းဝင်ရောက်သွားလေတော့သည်။
သူတို့ ဒုတိယအက်ကွဲကြောင်းအတွင်း ဝင်ရောက်သွားသည့် တစ်ချိန်တည်းမှာပင် ထိုစွမ်းအားကြီးမားသော စီးဆင်းနေသည့်အလင်းတန်းများက ပထမအက်ကွဲကြောင်းအပြင်ဘက်သို့ ပြန်လည်ရောက်ရှိလာကြသည်။
မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲနှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်တို့ ဒုတိယအက်ကွဲကြောင်းအတွင်း ဝင်ရောက်သွားသည်နှင့် တောက်လောင်နေသော မီးအလင်းတန်းများက အက်ကွဲကြောင်းကို ပိတ်ဆို့ပစ်လိုက်ကြသည်။
ထို့နောက် အက်ကွဲကြောင်းတစ်ခုလုံး ဗလာနယ်ထဲမှ ပျောက်ကွယ်သွားတော့သည်။
ထိုအချိန် စီးဆင်းနေသော အလင်းတန်းများဆီမှ ထွက်ပေါ်လာသော ဒေါသလှိုင်းလုံးကြီးတစ်ခုက ဗလာနယ်တစ်ခုလုံးအား တုန်လှုပ်သွားစေပြီး လက်ရှိနေရာကိုပင် ပြိုကျလုနီးပါး ဖြစ်သွားစေသည်။
သို့ပေသိ လက်ရှိတွင် သူတို့ မည်မျှဒေါသထွက်နေပါစေ မီးလျှံထက်ယံအရှင်သခင်ကို လိုက်လံရှာဖွေရမည်ဆိုသောအချက်ကို လက်ခံထားဆဲ ဖြစ်သည်။
အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များမှာ အချိန်နှင့်နေရာကို ထိန်းချုပ်ပြောင်းလဲနိုင်စွမ်း ရှိကြသည့်တိုင် နက်နက်နဲနဲ စူးစမ်းလေ့လာပြီးသည့်နောက် ဤနေရာကို ဆက်လက်ရှာဖွေရန် လက်လျှော့လိုက်ကြသည်။
ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင် ပတ်ဝန်းကျင်အနေအထားက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နောက်သို့လိုက်လာသူများကို ကြီးမားသောအတားအဆီးဖြစ်စေခဲ့ကြသည်။
နေခြည်ဧကရာဇ်က သူ့အရှေ့မှမြင်ကွင်းကို မှင်တက်သွာကြည့်ရင်း ဘေးသို့အသာဆုတ်လိုက်သည်။
ဗလာနယ်ထဲတွင် အလင်းတန်းတစ်ချက်တောက်ပသွားပြီး အနက်ရောင်ဝတ်လူရွယ်တစ်ယောက် သူ့နံဘေးတွင် ထွက်ပေါ်လာသည်။
ထိုသူက...
“လုပ်သမျှ အလကားဖြစ်သွားတာပဲ”
ထိုစကားပြောလိုက်သူက အနက်ရောင်ပိုးသားဧကရာဇ် ဖြစ်လေသည်။
“သူက ငါတို့အကြံအစည်ကို ရိပ်မိသွားတယ်ဆိုရင်တောင် ခဏလောက်တော့ တားထားနိုင်ပါသေးတယ် ၊ ဒါပေမဲ့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နဲ့အတူ တခြားတစ်ယောက်ပါလာမယ်လို့ ငါ ဘယ်တုန်းကမှ ထင်မထားခဲ့မိဘူး”
နေခြည်ဧကရာဇ်က စိတ်ပျက်လက်ပျက်ဖြင့်...
“ငါ အရမ်း သတိမထားမိဘူးဖြစ်သွားတယ်”
အမတခုံရုံးမှ အနီရောင်မျက်နှာရှိသော တာအိုဆရာက သူ့အရှေ့မှ ဗလာနယ်ကိုကြည့်ရင်း ခံစားချက်ကင်းမဲ့စွာဖြင့်...
“ရန်ကျောက်ကဲက ဒီရောက်နေပြန်ပြီ ၊ သူက နေရာတိုင်းမှာရောက်နေတာလား”
သူက ဆက်ပြောသည်။
“သူတို့အားလုံးကို ဖမ်းဆီးနိုင်မလား ဒါမှမဟုတ် ငါတို့ ကျရှုံးမလားဆိုတာပြောဖို့ အချိန်ကျန်ပါသေးတယ်”
***
“လောလောဆယ်တော့ ကျွန်တော်တို့ ဘာမှ စိတ်ပူစရာ မရှိတော့ဘူး”
ဒုတိယအက်ကွဲကြောင်းအတွင်း ဝင်ရောက်ပြီးနောက် ရန်ကျောက်ကြ နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါ အက်ကွဲကြေင်းပိတ်သါားသည်ကို တွေ့လိုက်ရသည်။
သူ့မျက်စိရှေ့တွင် မီးတောက်မီးလျှံများ လွင့်ပျံနေပြီး ၊ ထိုခဏအတွင်း သူတို့အား အရှေ့ဆီသို့ လျှင်မြန်စွာရွေ့လျားနိုင်ရန် အဝေးတစ်နေရာကမှ တစ်စုံတစ်ခုက ဆွဲငင်နေသည့်အလား ဖြစ်သည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က...
“မင်းသာ ငါ့ကိုသတိမပေးရင် ငါတော့ အမှားကြီးကျူးလွန်မိပြီပဲ”
ထိုသို့ပြောပြီးသည်နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ကြီးမားသော မီးတောက်မီးလျှံကြီးအဖြစ် ပြောင်းလဲသွားသည်။
ရန်ကျောက်ကဲက ပြုံးရင်း....
“အကြီးအကဲက ချီးကျူးလွန်းနေပါပြီ”
သူက ဆက်ပြီးမေးမြန်းလိုက်သည်။
“တကယ်တော့ အကြီးအကဲလည်း သံသယဝင်နေတာ မဟုတ်လား”
အခြေအနေက ဤသို့ဖြစ်ခဲ့ခြင်းပင်။
နေခြည်ဧကရာဇ်က သူတို့ကို ခေါ်ဆောင်လာပြီးသည့်နောက် အမတခုံရုံးမှလူများနှင့်အတူ ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်အနီးသို့ ရောက်ရှိလာသည့်အချိန် ၊ ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်က ရုတ်တရက် ပြောင်းလဲသွားခဲ့ည်။
ထိုအချက်က တိုက်ဆိုင်လွန်းလှသည်။
ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်၏ ထူးဆန်းသောပြောင်းလဲမှုကြောင့် ပတ်ဝန်းကျင်မှုလူများကို ဝါးမျိုစုပ်ယူသွားပြီး အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့် နေခြည်ဧကရာဇ်တို့မှာ အမတခုံရုံးမှလူများနှင့် လူချင်းကွဲသွားခဲ့သည်။
ထို့ကြောင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်မှာ အမတခုံရုံး၏ စောင့်ကြည့်မှုမှ လွတ်မြောက်သွားပြီး လွတ်လပ်စွာ လှုပ်ရှားနိုင်ခဲ့သည်။
တိုတိုပြောရမည်ဆိုလျှင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က မီးလျှံထက်ယံအရှင်သခင်ကို ရှာမတွေ့စေရန် တားဆီးထားသော အရာများအားလုံး လွယ်လွယ်ကူကူပင် ပျော်ကကွယ်သွားခဲ့သည်။
ဤသို့ဖြစ်ရသည်မှာ အမတခုံရုံးမှ ကျင့်ကြံခြင်းအဆင့်မြင့်မားသော တန်ခိုးစွမ်းအားရှင်အချို့က ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်အတွင်းသို့ ကိုယ်တိုင်ကိုယ်ကျဝင်ရောက်ပြီး ဟင်းလင်းပြင်ကို အပြောင်းအလဲများဖြစ်ပေါ်စေခြင်းကြောင့် ဖြစ်လေသည်။
ဤသည်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အား လှည့်စားရန် အကောင်းဆုံးနည်းလမ်းပင် ဖြစ်လေသည်။
မီးလျှံထက်ယံအရှင်သခင်က ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်၏ အကူအညီဖြင့် အမတခုံရုံး၏ ဝိုင်းရံတိုက်ခိုက်မှုမှ လွတ်မြောက်ပြီး အချိန်မရွေး ထွက်ခွာသွားနိုင်သည်။
သို့သ်ေ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ အကူအညီဖြင့်ဆိုလျှင် မီးလျှံထက်ယံအရှင်သခင်ကို ဖမ်းဆီးရန်အတွက် အချိန်ကုန်စရာပင် အကြောင်းမရှိတော့ပေ။
မီးလျှံထက်ယံအရှင်သခင်က တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် အထက်ဘုံကမ္ဘာမှ အခြားသော တန်ခိုးစွမ်းအားရှင်များကို ယုံကြည်မည်မဟုတ်သော်လည်း အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကိုတော့ သေချာပေါက် ယုံကြည်လေသည်။
ထို့ကြောင့် အမတခုံရုံးက နေခြည်ဧကရာဇ် ၊ အနက်ရောင်ပိုးသားဧကရာဇ်တို့နှင့်ပူးပေါင်းပြီး အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က မီးလျှံထက်ယံအရျင်သခင်ကို အမြန်ဆုံးရှာတွေ့စေရန် လမ်းကြောင်းဖောက်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ထုံးတမ်းအစီအရင်ပြုလုပ်ပြီး ဗလာနယ်ထဲတွင် ပထမအက်ကွဲကြောင်းကို ပြုလုပ်လိုက်သည့်အချန်တွင် ၊ အချိန်ကြာမြင့်စွာ သည်းခံစောင့်ဆိုင်းနေရသော အမတခုံရုံးအနေဖြင့် အနည်းငယ် စိတ်မရှည်ဖြစ်သွားပြီး စောစီးစါာပင် ရှေ့ထွက်လာခဲ့မိသည်။
သို့ရာတွင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်သည်လည်း နဂိုကတည်းကပင် သံသယဝင်နေခဲ့သည်။
ပုန်းအောင်းလိုက်ပါလာသော ရန်ကျောက်ကဲကလည်း သူ့ကို သတိပေးစကားဆိုခဲ့သဖြင့် သူက ဗလာနယ်ထဲတွင် ဟန်ပြအဖြစ် ပထမအက်ကွဲကြောင်းကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။
ထိုအက်ကွဲကြောင်းက အတုအယောင်မျှသာဖြစ်ပြီး အမတခုံရုံးမှလူများ ရောက်ရှိလာတော့မှ ရန်ကျောက်ကဲနှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ဒုတိယအက်ကွဲကြောင်းကို ဖွင့်လှစ်ကာ ထွက်ပြေးသွားခြင်း ဖြစ်သည်။
ဒုတိယအက်ကွဲကြောင်းကတော့ မီးလျှံထက်ယံအရှင်သခင်နှင့် ချိတ်ဆက်နိုင်သည့် အက်ကွဲကြောင်း အစစ်အမှန် ဖြစ်လေသည်။
ပထမအက်ကွဲကြောင်း ဖွင့်လှစ်လိုက်သည်နှင့် အမတခုံရုံးမှလူများရောက်ရှိလာကြပြီး အလောတကြီးပင် အတွင်းသို့ ဝင်ရောက်သွားကြသည်။
သို့သော် အတုအယောင်ဖြစ်မှန်း သိရှိသွားသဖြင့် ပြန်ထွက်လာကြချိန်တွင် အခြေအနေက နောက်ကျသွားခဲ့ပေပြီ။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က စိတ်ရှုပ်ထွေးသည့်လေသံဖြင့်...
“ဒါပေမဲ့ နေခြည်ဧကရာဇ်နဲ့ အနက်ရောင်ပိုးသားဧကရာဇ်တို့ စကားပြောတာကြားတော့ ငါ သံသယနည်းသွားခဲ့တယ်”
ရန်ကျောက်ကဲက ပြုံးရင်း...
“တော်သေးတာပေါ့ ၊ ရလဒ်က သိပ်မဆိုးလို့”
မြစ်ရေပြင်အလား စီးဆင်းနေသောမီးတောက်မီးလျှံများက သူတို့ကိုဆွဲငင်သွားပြီး ဝေးကွာသောနေရာများစွာကို ဖြတ်သန်းသွားကြသည်။
အဆုံးသတ်မှာတော့ လွင့်ပျံနေသည့် မီးတောက်မီးလျှံများအားလုံး ပျောက်ကွယ်သွားပြီး သူတို့မျက်လုံးများရှေ့မှ မြင်ကွင်းသည်လည်း ချက်ချင်းပြောင်းလဲသွားသည်။
မတ်တတ်ရပ်မရပ်နိုင်ခင်အချိန်မှာပင် ရန်ကျောက်ကဲမျက်ဝန်းများက ရုတ်တရက် အလင်းရောင် တောက်ပသွားသည်။
အကြောင်းမှာ သူ၏ အသင်္ချေနဂါးနန်းတော်က အနည်းငယ်တုန်ခါသွားကြောင်း အာရုံခံမိသောကြောင့်ပင်။
ပိုပြီးအတိအကျဆိုရသော် ကောင်းကင်ဘုံနန်းတော် ထုတ်တန်း ၊ တိုင်လုံးနှင့် နဂါးများ အနည်းငယ် လှုပ်ခါသွားခြင်း ဖြစ်၏။
ရန်ကျောက်ကဲက သူ့အရှေ့မှ ဗလာနယ်ထဲသို့ စူးစိုက်ကြည့်ရင်း အခြားသောဗလာနယ်များနှင့်မတူညီစွာ ထိုနေရာတွင် တစ်စုံတစ်ခုရှိနေသည်လား ရှာဖွေကြည့်လိုက်သည်။
ထိုနေရာတွင် အဆောက်အဦများ ပြိုကျပျက်ဆီးထားသကဲ့သို့ ပြိုကျနေသည့် ကျောက်တုံးများ ရှိနေခဲ့သည်။
ပြိုကျနေသည့် တံတိုင်းတစ်ခုဘေးတွင်တော့ လူငယ်တစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရလေ၏။