← Chapters

နှစ်ထောင်ပေါင်းများစွာ ပန်းများပွင့်လန်းလာ

Vol. 87 Ch. 1224

နှစ်ထောင်ပေါင်းများစွာ ပန်းများပွင့်လန်းလာ

Vol. 87 Ch. 1224

အခန်း (၁၂၂၄) နှစ်ထောင်ပေါင်းများစွာ ပန်းများပွင့်လန်းလာ

ပျက်ဆီးနေသော တံတိုင်းအောက်တွင် လူငယ်တစ်ယောက် ထိုင်နေလေသည်။

သူ့ခြေထောက်တစ်ဖက်က ရှေ့သို့ တည့်တည့်မတ်မတ်ဆန့်တန်းထားပြီး ကျန်ခြေထောက်တစ်ဖက်ကတော့ ကွေးညွှတ်ထားသည်။

သူ၏လက်နှစ်ဖက်က ကွေးနေသည့်ဒူးများထက် လျော့လျဲစွာတင်ထားသည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကိုတွေ့သည်နှင့် ထိုလူငယ်က...

“မင်းလည်း ဒီကိုရောက်လာတာလား သူငယ်ချင်းဟောင်းကြီး...”

ပြောပြီးသည်နှင့် သူက မြေပြင်ထက်မှ မတ်တတ်ထရပ်လိုက်သည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်မှ အသွင်ပြောင်းထားသော ကြီးမားသည့်မီးတောက်မီးလျှံကြီးက မြေပြင်ထက်သို့ ဆင်းသက်လိုက်ရင်း...

“ငါ သူတို့ထောင်ချောက်ထဲရောက်သွားလို့ မင်းကိုပါ ဒုက္ခပေးသလို ဖြစ်သွားတယ်”

ရန်ကျောက်ကဲသည်လည်း အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့်အတူ မြေပြင်ထက်သို့ ရောက်ရှိသွားပြီး တစ်ချိန်တည်းပင် သူ့အရှေ့မှ လူငယ်ကို အကဲခတ်ကြည့်လိုက်သည်။

ထိုလူငယ်က အခြားသော ယောကျ်ားသားများနှင့်မတူညီစွာ ဆံပင်အတိုနှင့် ဖြစ်၏။

အမှန်တော့ ရန်ကျောက်ကဲသည်လည်း ဆံပင်ခပ်တိုတိုပင်ဖြစ်သည်။ သူက ဤ ရှေးဟောင်းကမ္ဘာလောကမှ အခြားသောယောကျ်ားလေးများနှင့် သိသိသာသာကွဲပြားစေရန် ဆံပင်အတိုထားခြင်းပင်။

သို့သော် သူ့အရှေ့မှလူငယ်က ရန်ကျောက်ကဲထက်ပင် ဆံပင်တိုသည်။ ဆံပင်က တိုလွန်းသဖြင့် ဦးခေါင်းထက်တွင်ထောင်နေလေရာ ဆံပင်နှင့်မတူဘဲ ဆူးချောင်းများပမာ ထင်ယောင်ထင်မှား ခံစားရစေသည်။

ထိုသူက အလွန်တရာ အရပ်အမောင်းမြင့်မားသော်လည်း ခန္ဓာကိုယ်က ပြီးပြည့်စုံစွာ အချိုးကျလှသည်။

ဆံပင်အတိုက သူ့မျက်နှာကို ပိုမိုတင်းမာစေပြီး ယောကျ်ားဆန်စေသည်။

သူ မျက်တောင်တစ်ချက်ခတ်ပြီး မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် သူ၏မျက်လုံးထဲတွင် ကျယ်ပြန့်သည့် စကြာဝဠာတစ်ခု ရန်ကျောက်ကဲ တွေ့မြင်လိုက်ရသည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏စကားကိုကြားတော့ သူက ခေါင်းခါယမ်းရင်း...

“မင်း ငါ့ကို ဘာဒုက္ခမှ မပေးပါဘူး”

ခဏနားပြီးမှ သူက ဆက်ပြောသည်။

“တကယ်တော့ ငါ သူတို့နဲ့တိုက်ဖို့ စိတ်မဝင်စားသေးလို့ပါ”

ထို့နောက် သူက ရန်ကျောက်ကဲကိုကြည့်လိုက်ပြီး...

“ဒီလူငယ်က ဘယ်သူလဲ”

ရန်ကျောက်ကဲက ထိုသူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သော်လည်း မည်သူမည်ဝါဖြစ်ကြောင်း သေချာစွာ သိရှိသည်။

ထိုသူက ရန်ကျောက်ကဲ၏ အဘိုး ‘ရန်ရှင်းထန်’ ၊ နက္ခတ်ဧကရာဇ် ၊ မြေကမ္ဘာဧကရာဇ်တို့နှင့်အတူ ခွန်လွန်အထင်ကရ (၉)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ‘မီးလျှံထက်ယံအရှင်သခင်’ ပင် ဖြစ်သည်။

မီးလျှံထက်ယံအရှင်သခင် ‘စောမင်ကျန့်’။

ခေါက်ယပ်တောင်ထက်တွင် ရှောက်ကျွင်းဟွမ်ရေးဆွဲခဲ့သော ပန်းချီကားနှင့် နှိုင်းယှဉ်ကြည့်လျှင် တကယ့် မီးလျှံထက်ယံအရှင်သခင်က ပိုပြီး အတားအဆီး အထိန်းအချုပ်မရှိကြောင်း ရန်ကျောက်ကဲ တွေ့မြင်ရသည်။

ယခုအချိန်မှာတော့ သူက ချုပ်နှောင်ခံထားရသည့် ပြိုင်ဘက်ကင်း အမတမှော်ဝင်ပစ္စည်းတစ်ခုပမာ ဖြစ်နေသည်။

သို့တိုင် သူ့ထံမှ ကျယ်ပြန့်ပြီး ကြောက်စရာကောင်းသော အရိပ်အယောင်ကို ရန်ကျောက်ကဲ ခံစားနိုင်သေးသည်။

လွှမ်းမိုးနိုင်စွမ်းမြင့်မားသော မီးလျှံနဂါးက ဤသို့ တိတ်ဆိတ်ငြိမ်သက်သောလူတစ်ယောက်အဖြစ် မည်သို့ပြောင်းလဲသွားကြောင်း သူ မသိရှိနိုင်ပေ။

သို့ပေသိ ဤ ဆံပင်တိုတိုနှင့်ပုဂ္ဂိုလ်က အခြားသူများကို တကယ်ဒုက္ခမပေးဟု မည်သူကမှ ယူဆမည် မဟုတ်ပေ။

မကြာခင်ကပင် သူက အမတခုံရုံးပိုင်နက်အတွင်းဝင်ရောက်လာပြီး ထောင်ချောက်အတွင်းသို့ပင် တိုးဝင်ကာ တည်ကြက်ကိုသတ်ဖြတ်ပြီး ပြန်လည်ထွက်ခွာသွားခဲ့သည်။

သူ့ကိုဖမ်းဆီးရန် တည်ကြည်အဖြစ်ထားရှိသူမှာ သာမန်ကျင့်ကြံသူ မဟုတ်ပေ။

အမတချီစွမ်းအားကို အမတချီစွမ်းအားအုပ်စုအဖြစ် ပြောင်းလဲကျင့်ကြံထားနိုင်သော နက်ရှိုင်းဧကရာဇ်တစ်ပါး ဖြစ်သည်။

ရန်ကျောက်ကဲက နှိမ့်ချသည်လည်းမဟုတ် မောက်မာမာန်တက်သည်လည်းမဟုတ်သော သာမန်ဟန်ပန်ဖြင့်ပင် မီးလျှံထက်ယံအရှင်သခင်ကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...

“မီးလျှံထက်ယံအရှင်သခင် ၊ ကျွန်တော်က ရန်ကျောက်ကဲပါ ၊ တွေ့ရတာ ဝမ်းသာပါတယ်”

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က...

“အရင်တစ်ခေါက်တွေ့တုန်းက ဒီလူငယ်က တာအိုရောင်းရင်း ‘ရန်ရှင်းထန်’ နဲ့ တိချင်းလျန်တို့ရဲ့မြေးဆိုတာ မင်းကို ပြောပြခဲ့ဖူးတယ်လေ”

စောမင်ကျန့်က ရန်ကျောက်ကဲကိုအကဲခတ်ရင်း ဖြည်းညင်းသည့်လေသံဖြင့်...

“အထင်ကရမိသားစုကဆင်းသက်လာတဲ့ လူငယ်ပဲ ၊ မင်းရဲ့ဘိုးဘေးတွေလိုပဲ မင်းကလည်း အတော်လေး အရည်အချင်းရှိတာပဲ”

“စည်းမျဉ်းစည်းကမ်းတွေ မလိုအပ်ပါဘူး”

ထို့နောက် သူက ရန်ကျောက်ကဲကို ခေါင်းညိတ်ပြရင်း မီးလျှံထက်ယံအရှင်သခင်ဘက်သို့ လှည့်လိုက်ပြီး...

“မင်းနဲ့ နောက်မှ စကားပြောတော့မယ် ၊ အခုတော့ လုပ်စရာတွေအရင်လုပ်ဖို့လိုတယ်”

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က...

“နောက်ထပ်ကိစ္စတစ်ခု ငါ သိထားသေးတယ်”

သူက ဆက်ပြောသည်။

“ရန်ကျောက်ကဲအမေရဲ့ ဆရာဘွားဘွားက ဟူယွဲ့ရှင်းလေ ၊ ဒါကြောင့် ရှောက်ကျွင်းဟွမ်က သူ့အမေရဲ့ တည်ထောင်သူဆရာဘွားဘွားပဲ”

ထိုစကားကြားတော့ ရုတ်ချည်းပင် စောမင်ကျန့် လှည့်ကြည့်လာသည်။

“တကယ်လား...”

ရန်ကျောက်ကဲက မီးလျှံထက်ယံအရှင်သခင်ကို လှမ်းကြည့်ရင်း...

“အကြီးအကဲ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ယင်ထျန်းရှနဲ့ ဟူယွဲ့ရှင်း အဲဒီတုန်းက ဘာတွေလုပ်ခဲ့လဲဆိုတာကို ပြောပြဖူးသလား မသိဘူး”

သူက ဆက်ပြောသည်။

“အဲဒီတုန်းက ဖြစ်ပျက်ခဲ့တာတွေက ကျွန်တော့်အမေနဲ့ ကျွန်တော့်အပေါ် သက်ရောက်မှု ရှိနေတုန်းပါပဲ ၊ ပြီးတော့ ပြဿနာတွေကို ဖြေရှင်းဖို့လည်း ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားနေပါတယ်”

ရန်ကျောက်ကဲက ဘာကိုမှ ဖုံးကွယ်မထားဘဲ ပွင့်လင်းစွာပင် ပြောလိုက်သည်။

“အထက်ဘုံကမ္ဘာအပြင်ဘက် ဗလာနယ်အာကာသထဲမှာ လှည့်လည်သွားလာရင်း ကျွန်တော့်အမေရဲ့ ဆရာဘွားဘွားက မုယောက်ကြယ်စင်ထက်ယံအရှင်သခင်ဆိုတာ သိခဲ့ရတယ် ၊ ပြီးတော့ အကြီးအကဲနဲ့ မုယောက်ကြယ်စင်ထက်ယံအရှင်သခင်က မိတ်ဆွေဟောင်းတွေဆိုတာ တခြားသူတွေဆီက သိခဲ့ရတယ် ၊ ဒါကြောင့် ကျွန်တော်က အကြီးအကဲကို လိုက်ရှာနေတာပါ”

ထိုစကားကြားတော့ မီးလျှံထက်ယံအရှင်သခင်က မည်သည့်ထင်မြင်ချက်မှ မပေးဘဲ စကားဆိုလိုက်သည်။

“ငါ အခု ကျွင်းဟွမ်ကိုရှာနေတာ ၊ မင်းလည်း ငါတို့နဲ့အတူ လိုက်ခဲ့လို့ရတယ်”

ရန်ကျောက်ကဲ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့်အတူ မီးလျှံထက်ယံအရှင်သခင်နောက်သို့ လိုက်သွားခဲ့သည်။

‌စောမင်ကျန့်က အပျက်အဆီးများပေါ်မှဖြတ်ကျော်ပြီး ရှေ့ဆက်လျှောက်သွားသည်။

ရန်ကျောက်ကဲက လမ်းလျှောက်လာရင်း သူ၏ အသင်္ချေနဂါးနန်းတော်ကို ချိတ်ဆက်ပြီး ကျိုးပျက်နေသော နံရံများအတွင်းမှ စွမ်းအားရောင်ဝါကို အာရုံခံရန် ကြိုးစားနေသည်။

“ဒီနေရာက လုံးဝ ပျက်ဆီးနေပြီ ၊ ဝိညာဉ်စွမ်းအားတွေတောင် ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ ၊ အခြေအနေက ကောင်းကင်ဘုံနန်းတော် တိုင်လုံး ၊ ထုတ်တန်းနဲ့ ကျောက်ဖြူတံခါးထက်တောင် ပိုပြီးဆိုးရွားပျက်ဆီးနေသေးတယ်”

ရန်ကျောက်ကဲ သက်ပြင်းချရင်း တိတ်တဆိတ် တွေးလိုက်သည်။

မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက် အချိန်များစွာကြာမြင့်ခဲ့ပြီး ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင် ဖြစ်ပေါ်လာသည်။ ဟင်းလင်းပြင်၏ အပြောင်းအလဲများကြောင့် ဤနေရာက အမှန်တကယ်ပင် စွန့်ပစ်နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး လှပသော ကြွေပြားတစ်ချပ်ပင် ကျန်ရစ်ခဲ့ခြင်း မရှိတော့ပေ။

ထို့ကြောင့် ဤနေရာတွင် အသင်္ချေနဂါးနန်းတော်နှင့်ပေါင်းစပ်ရန် မည်သည့်အရာမှ မရှိတော့ပေ။

ရန်ကျောက်ကဲက ထိုအချက်နှင့်ပတ်သက်ပြီး စိတ်မကောင်းဖြစ်သွားစဉ် တစ်စုံတစ်ခုအား ရုတ်တရက် သတိရလိုက်မိသည်။

ယခု သူ့ထံတွင်ရှိနေသော်လည်း သူ မထိန်းချုပ်နိုင်သော ရတနာပစ္စည်းအနည်းငယ်မှ ပစ္စည်းတစ်ခုက တုံ့ပြန်မှုရှိလာကြောင်း အာရုံခံမိသည် မဟုတ်ပါလား။

‘ရွှမ်ရှောက်ကျိကျင်း’ မီးပြင်းဖို။

“ဒီနေရာက အဂ္ဂိရတ်ခန်းမနဲ့ ပတ်သက်တာတွေ ရှိနိုင်တယ် ၊ ဒါမှမဟုတ် ဒီ ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်မှာ အဂ္ဂိရတ်ခန်းမနဲ့ ချိတ်ဆက်ထားတဲ့ အချိန်စီးကြောင်း ဥမင်တစ်ခု ရှိကောင်းရှိနိုင်တယ်”

မုယောက်ကြယ်စင်ထက်ယံအရှင်သခင်က ဆေးလုံးသန့်စင်ခြင်းနှင့် အဂ္ဂိရတ်ပညာ ကျွမ်းကျင်မှုကြောင့် နာမည်ကြီးခဲ့သည်။

မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက် အတော်ဆုံးအဂ္ဂိရတ်ပညာရှင်အဖြစ်ပင် သူမကို အသိအမှတ် ပြုခဲ့ကြသည်။

သူမက မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်၏ အဂ္ဂိရတ်ခန်းမကို ရှာဖွေရာတွင် ဘဝကို အပ်နှင်းထားခဲ့သူလည်း ဖြစ်သည်။ ထို့ကြောင့် သဲလွန်စအချို့ တွေ့ရှိခဲလျှင် ဆီလျော်သည်ဟု ဆိုနိုင်သည်။

သို့သော် သူမ မည်သည့်အရာကို တွေ့ရှိခဲ့သနည်းဆိုသည်က အခြားသူများအတွက် သေချာခြင်း မရှိပေ။

ရန်ကျောက်ကဲ တွေးနေစဉ်မှာပင် အရှေ့မှသွားနေသော မီးလျှံထက်ယံအရှင်သခင်က ခြေလှမ်းများ ရပ်တန့်လိုက်ကြောင်း တွေ့လိုက်ရသည်။

ယခု သူတို့ (၃)ယောက် ရောက်ရှိနေသည့်နေရာက အပျက်အဆီး သိပ်မရှိဘဲ အတော်လေးကို ပုံမှန်အတိုင်း ရှိနေသည်။

စောမင်ကျန့် ပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်လိုက်ပြီး လေထဲတွင် တစ်စုံတစ်ခုရေးသားရန် လက်ကိုမြှောက်လိုက်သည်။

သူရေးသားလိုက်သည့်အင်းသင်္ကေတများမှ မှေးမှိန်သည့်အလင်းရောင်များထွက်ပေါ်လာပြီး ထိုအလင်းရောင်များက အေးခဲသွားကာ ထူခြားသည့်စည်းတံဆိပ်တစ်ခုအဖြစ် လျှင်မြန်စွာ ပြောင်းလဲသွားသည်။

ထို စည်းတံဆိပ်ကိုကြည့်ရင်း ရန်ကျောက်ကဲမျက်ဝန်းများ တောက်ပသွားသည်။

ထိုအရာကို သူ အရင်က တွေ့မြင်ဖူးသည် မဟုတ်ပါလား။

အခြားမဟုတ် ၊ ရှောက်ကျွင်းဟွမ်၏ ကိုယ်ပိုင်စည်းတံဆိပ် ဖြစ်လေသည်။

“အရင်က မြင်ဖူးလား”

စောမင်ကျန့်က လှည့်မကြည့်ဘဲ အမှတ်တမဲ့ မေးလိုက်သည်။

စောမင်ကျန့်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို မေးမြန်းခြင်းမဟုတ်ကြောင်း နားလည်သဖြင့် ရန်ကျောက်ကဲက အမှန်အတိုင်းပင် ဝန်ခံလိုက်သည်။

“ကျွန်တော် မီးလျှံနဂါးကမ္ဘာက အကြီးအကဲ အရင်နေခဲ့ဖူးတဲ့နေရာကို သွားခဲ့တယ် ၊ အဲဒီအိမ်ထဲမှာ ခေါက်ယပ်တောင်တစ်ချောင်းတွေ့ခဲ့ရတယ်”

ပြောရင်း ရန်ကျောက်ကဲက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို အရိပ်အခြေလှမ်းကြည့်လိုက်သည်။

သို့သော် မီးလျှံနဂါးကမ္ဘာ၏အမည်ကိုကြားသည့်တိုင် သူက ဒေါသထွက်ခြင်းမျိုးမရှိဘဲ ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် စောမင်ကျန့်ကလည်း မကျေမနပ်ဖြစ်သော အရိပ်အယောင် မပြခဲ့ပေ။

သူက...

“ငါ အဲဒီကိုမပြန်ဖြစ်တာ နှစ်ပေါင်းထောင်ချီနေပြီ ၊ ဟိုမှာ အခြေအနေ ဘယ်လိုရှိလဲ”

ရန်ကျောက်ကဲက...

“အဲဒီမှာ ခြောက်ပေ ဖေးယီက အကြီးအကဲရဲ့ မိဘတွေ ဂူဗိမာန်ကို ကောင်းကောင်းစောင့်ရှောက်ပေးထားပါတယ်”

သူတို့ စကားပြောနေစဉ်မှာပင် စည်းတံဆိပ်က တစ်ချက်တောက်ပသွားပြီး သူတို့ရှေ့မှ ဗလာနယ်က ရုတ်တရက် ပွင့်ဟသွားသည်။

သူတို့ (၃)ယောက်လုံး ဗလာနယ်အက်ကွဲကြောင်းအတွင်း ဝင်ရောက်လိုက်သည့်အခါ အခြားသော လွတ်လပ်သည့် ကမ္ဘာတစ်ခုဆီသို့ ရောက်ရှိသွားသည်။

သူတို့ တွေ့မြင်လိုက်ရသည့် ပထမဆုံးအရာမှာ အလွန်ကြီးမားပြီး ဖြောင့်တန်းမြင့်မားလျှက် စိမ်းစိုလှပနေသော ဝိညာဉ်သစ်ပင်ကြီးတစ်ပင် ဖြစ်လေသည်။

“ရှေးဟောင်းချမ်းဟွာ သစ်ပင်...”

ရန်ကျောက်ကဲ တွေးလိုက်သည်။

ထိုသစ်ပင်ကြီးကို တွေ့မြင်သည်နှင့် သူ့ရင်ထဲ နင့်ကနဲ ခံစားလိုက်ရသည်။

“ရှေးဟောင်းချမ်းဟွာသစ်ပင်ကိုတွေ့ရပြီဆိုရင်... အဲဒါ ငါတို့ တည်ထောင်သူဆရာဘွားဘွားရဲ့ ရုပ်အလောင်းက အသွင်ပြောင်းသွားတာပဲ ၊ အဓိပ္ပါယ်ကတော့ သူသေဆုံးသွားပြီလို့ ဆိုလိုတာပဲ”

ရန်ကျောက်ကဲ မိခင်ဖြစ်သူ၏ စကားများကို ရုတ်တရက် သတိရသွားပြီး တိတ်ဆိတ်ငြိမ်သက်သွားသည်။

သူ သတိပြန်ဝင်လာတော့ စောမင်ကျန့်ကို လှမ်းကြည့်လိုက်၏။

ဆံပင်တိုတိုနှင့် ထိုသူသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အချိန်ကြာမြင့်စွာ မတ်တတ်ရပ်နေကြောင်း တွေ့လိုက်ရသည်။

အချိန်အတန်ကြာပြီးနောက် စောမင်ကျန့် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ဝိညာဉ်သစ်ပင်ကြီးဆီသို့ ရောက်ရှိသွားသည်။

သူရောက်လာသည်နှင့် စိမ်းလန်းစိုပြေသည့် သစ်ကိုင်းသစ်ရွက်များက လေမတိုက်ပါဘဲ အလိုအလျောက် ယိမ်းထိုးလှုပ်ရှားသွားသည်။

ထို့နောက် ကြိုတင်သတိပေးခြင်းမရှိဘဲ သစ်ပင်တစ်ပင်လုံး အဖြူရောင်ပန်းများ ပွင့်လန်းလာသည်။

သစ်ပင်အကိုင်းအခက်များနှင့် အဖြူရောင်ပန်းပွင့်များက လေထဲတွင် ယိမ်းထိုးနေပြီး ခေါင်းလောင်းသံများထွက်ပေါ်လာသည့်အလား ထင်မှတ်ရသည်။

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအသံများက လွင့်ပြယ်ပျောက်ကွယ်သွားခဲ့လေသည်။

All Chapters