← Chapters

အတိတ်ကို ပြန်လည်စုဆောင်းခြင်း

Vol. 94 Ch. 1307

အတိတ်ကို ပြန်လည်စုဆောင်းခြင်း

Vol. 94 Ch. 1307

ဆိုင်မှ ထွက်လာပြီးနောက် ထန်ရှုက အစိမ်းရောင်ဈေးကနေ တန်းမထွက်လာပေ။ ထိုတောင့်တင်းသန်မာသောလူနှင့်သာ ပြဿနာမဖြစ်ခဲ့လျှင် သူက ပိုက်ဆံအချို့ ချန်ထားကာ အနာဂတ်တွင် လိုအပ်မည့်အထူးကာလအတွက် သိမ်းဆည်းထားရန် အစီအစဉ်ချထားသည်။ သို့သော် ယခု သူက လုပ်ချင်သည်ကား ပိုက်ဆံကို အရူးအမူး သုံးဖြုန်းရန် ဖြစ်၏။

“ဒါက ကြမ်းလွန်းတယ်…”

ထန်ရှုက ချမ်းသာသောလူတစ်ယောက်ဖြစ်သည်ကို ပန်းကုံးပုစဉ်းက သိထားပြီဖြစ်၏၊ သို့သော် ထန်ရှု၏ကြွယ်ဝမှုက ဒီလောက်ထိ ရှိလိမ့်မည်ဟု သူက မမျှော်လင့်ထားခဲ့ပေ။ သုံးရက်အတွင်း ထန်ရှုသုံးစွဲခဲ့သည့်ပိုက်ဆံပမာဏကို သူက တွက်ချက်ခဲ့သည်။ အရေအတွက်က အင်မော်တယ်သလင်းကျောက်သန်းရာချီ ကျော်လွန်၏။

ဒါက သန်းရာချီ-တစ်ဘီလီယံပဲ။

အင်မော်တယ်သလင်းကျောက်သန်းရာချီကြွယ်ဝသည့်လူများစွာ ရှိသည်ကို ကြားဖူးသော်လည်း ရက်အနည်းငယ်အတွင်း ဒီလောက်အများကြီး သုံးစွဲလိမ့်မည်ဟုတော့ ပန်းကုံးပုစဉ်းက မတွေးထားခဲ့ပေ။

“ဒါ…ပြီးသွားပြီ” ဆိုင်တစ်ဆိုင်မှ ထွက်လာသောအခါ ထန်ရှုက ကျေနပ်အားရစွာ ပြုံးလိုက်သည်။

အင်မော်တယ်ကျောက်တုံးသန်းရာချီသုံးစွဲပြီးနောက် အနာဂတ်တွင် အချိန်အတော်ကြာသည့်အထိ ကျင့်ကြံခြင်းအရင်းအမြစ်နှင့် ပတ်သက်၍ သူက စိုးရိမ်စရာမလိုတော့ပေ။ ယခု သူ့တွင် ရှိသည့် အရင်းအမြစ်များက ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်၏ဒုတိယအပိုင်း၏အဆင့်ကိုးသို့ တက်လှမ်းရန်အတွက်ပင် လုံလောက်သည်။ အဆင့်ကိုးသို့ ရောက်ရှိသည်နှင့် သူ့စွမ်းအားက ရွှေအင်မော်တယ်အထွတ်အထိပ်ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်ပေလိမ့်မည်။ သူက အလယ်ဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ကိုပင် အသာစီးရနိုင်ဖို့ များ၏။

ထန်ရှုက ပန်းကုံးပုစဉ်းကို ကြည့်လိုက်သည်။ သူက လက်မြှောက်လျက် ထိုအကောင်

ပခုံးကို ပုတ်ပြီးနောက် သလင်းကျောက်အဆီအနှစ်ဆယ်ခုကို ထုတ်ကာ ပေးလိုက်၏ “ဒါက ဒီလေးရက်အတွင်း ငါ့ကို ကူညီပေးခဲ့တဲ့အတွက် မင်းရဲ့ဆုလာဒ်ပဲ”

ပန်းကုံးပုစဉ်း၏အမူအရာက မယုံကြည်နိုင်ဖြစ်သွား၏။ သလင်းကျောက်အဆီအနှစ်ကို ကိုင်ထားသည့် လက်များပင် အနည်းငယ် တုန်ခါနေလေသည်။

သလင်းကျောက်အဆီအနှစ်လား။ ပြီးတော့ ဆယ်ခုတောင်လား။

သလင်းကျောက်အဆီအနှစ်တစ်ခုက အင်မော်တယ်ကျောက်တုံးတစ်သောင်းနှင့် လဲလှယ်နိုင်သည်ကို သိထားရမည်။ ဆယ်ခုဆိုလျှင် အင်မော်တယ်ကျောက်တုံးတစ်သိန်းဖြစ်၏။

ပန်းကုံးပုစဉ်းက ရှင်သန်လာသည်မှာ ရာစုနှစ်တစ်ခုရှိပြီး ယခု သူက အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။ သို့သော် သူ့တစ်သက်တွင် အင်မော်တယ်ကျောက်တုံးတစ်သိန်းရရှိနိုင်မည်ဟု သူက ဘယ်တော့မှ မထင်ထားခဲ့ပေ။

ထန်ရှုက ပြုံးကာ တုံ့ပြန်လိုက်ပြီး စိတ်ထဲ၌ အနည်းငယ်တောင်းပန်လိုက်သည်။ သူက ဤအကောင်ကို ထပ်ပေးချင်သည်၊ သို့သော် သူ့တွင် သလင်းကျောက်အဆီအနှစ်ဆယ်ခုသာ ကျန်ရှိတော့၏။

“ကောင်းပြီလေ၊ နောက်မှ ငါတို့ ထပ်တွေ့ကြတာပေါ့”

ထိုသို့ပြောပြီးနောက် သူက ထန်အာလန်၊ တိုက်ပွဲပမ်နှင့်အခြားရွှေအင်မော်တယ်ခြောက်ယောက်နှင့်အတူ ထွက်လာခဲ့သည်။

သလင်းကျောက်အဆီအနှစ်ဆယ်ခုကို ကိုင်ထားရင်း ပန်းကုံးပုစဉ်းက ဖြည်းဖြည်းချင်း ခေါင်းမော့လျက် ထန်ရှုနောက်ကျောကို ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းများက အကြိမ်အနည်းငယ် တုန်ယင်သွားပြီး သူ့အရှိန်အဝါက ပေါက်ကွဲထွက်လာ၏။ သူက အလွန်အားနည်းသော်လည်း ပြတ်သားမှုတို့က သူ့မျက်လုံးများထဲတွင် အပြည့်ဖြစ်၏။ သူက ထန်ရှုထွက်ခွာသွားရာ ဉီးတည်ဘက်သို့ ဒူးထောက်လျက် အော်ပြောလိုက်၏ “ဆရာ၊ မင်းလက်အောက်မှာ ငါ့ကိုရော ခေါ်သွားနိုင်မလား။ မင်းနောက်ကို ထာဝရလိုက်ဖို့ ငါ ဆန္ဒရှိပါတယ်”

ထန်ရှု၏ခြေလှမ်းက ရပ်တန့်သွားသည်။ သူ့နောက်ရှိ လူရှစ်ယောက်က သူ့ကို လမ်းဖယ်ပေးလိုက်ပြီး ထန်ရှုက ဒူးထောက်နေသောပန်းကုံးပုစဉ်းကို ကြည့်လိုက်၏။

ဒါက လွန်ခဲ့တဲ့နှစ်တစ်ထောင်ကလား။

ဒီပန်းကုံးပုစဉ်းရဲ့မျက်လုံးတွေက အဲဒီစုတ်ပြတ်ပြီးညစ်ပတ်နေတဲ့သူတောင်းစားကောင်လေးနဲ့ ဘာလို့ တူနေရတာလဲ။ မျက်လုံးထဲမှာ ကျေးဇူးတင်ခြင်း၊ တောင်းပန်ခြင်းတွေနဲ့ အပြည့်၊ ဒါပေမယ့် ပြတ်သားမှုတွေလဲ အပြည့်။

တပည့်အဖြစ် သူ ခေါ်ယူခဲ့သည့် ထိုကောင်လေးကို ထန်ရှုက မှတ်မိနေသေး၏။ ကောင်လေးက သူ့နောက်လိုက်ပါလာပြီး ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည့်အထိ ကျင့်ကြံခဲ့သည်။ အဆုံးမဲ့အသူတရာချောက်နက်ထဲမှ ထူးဆန်းသောပန်းတစ်ပွင့်ကို ပိုင်ဆိုင်လိုခြင်းက သူ့ကို မတော်တဆဖြစ်စေခဲ့သည်။ သူက အင်မော်တယ်ပိုင်နက်ထောင်ချီကို ဖြတ်ကာ အဆုံးမဲ့အသူတရာချောက်နက်သို့ သွားရောက်ခဲ့သည်။

ထိုထူးဆန်းသောပန်းကြောင့်ပင် သူတောင်းစားကောင်လေးက အင်မော်တယ်ပိုင်နက်များစွာမှ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်အုပ်၏လိုက်လံမှုကို ပစ်မှတ်ထားခံခဲ့ရသည်။

ထိုအချိန်တွင် ထန်ရှုက နောက်ကျသွားခဲ့ပြီဖြစ်၏။ သူက ရောက်ရှိသည်နှင့် ထိုနေရာရှိ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အားလုံးကို သတ်ဖြတ်ခဲ့ပြီး နောက်ဆုံးတွင် သေဆုံးနေသောသူတောင်းစားလေးကို သယ်လာခဲ့သည်။ သူက ထိုပန်းကို ယူရင်း ကောင်လေး၏စိတ်ဝိညာဉ်ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့၏။

ထိုအချိန်က ထန်ရှုက လက်သည်တရားခံများ၏ဂိုဏ်းတစ်ခုလုံးနှင့်ကလန်များကို စတင်သတ်ဖြတ်ခဲ့ခြင်းလည်း ဖြစ်၏။ အန္တိမအရှင်တစ်ယောက်၊ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်သုံးဆယ်ကျော်အပါအဝင် စုစုပေါင်းအင်မော်တယ်လေးသိန်းရှစ်သောင်းကျော်ကို သတ်ဖြတ်ခဲ့သည်။

တစ်လှမ်းချင်းလှမ်းလျက် ထန်ရှုက ပန်းကုံးပုစဉ်းအရှေ့တွင် ရပ်ကာ သူ့ရင်းနှီးသောမျက်လုံးများကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးရင်း ရေရွတ်လိုက်၏ “ငါ့ကို အကြောင်းပြချက်တစ်ခုပေးပါ”

“သင့်အတွက် ငါ့အသက်ကို ပေးမယ်။ ပြီးတော့ သင်က ငါ့ကို ပိုသန်မာစေရမယ်”

ထန်ရှု၏နှလုံးက အကြိမ်အနည်းငယ် လှုပ်ခါသွား၏။ သူက သူ့နားကိုပင် မယုံကြည်နိုင်တော့ပေ။ သူက သူတောင်စားကောင်လေးကို တူညီသောမေးခွန်းပင် မေးခဲ့သည်၊ သူတောင်စားကောင်လေးက ဒီအဖြေကိုပင် ဖြေခဲ့သည်။

ဒါ မှန်တယ်။ အတိအကျပဲ၊ စကားတစ်လုံးတောင် မမှားဘူး။

ထန်ရှုက လက်သီးဆုပ်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ဖြေလျှော့လိုက်သည်။ ထို့နောက် သူက လေးနက်စွာ ပြောလိုက်၏ “ပန်းကုံးပုစဉ်း၊ ဒီနေ့ကစပြီး မင်းက ငါ့တပည့်ဖြစ်ပြီ။ ငါ မင်းကို ငါ့အတွက် အလုပ်လုပ်ပေးစေချင်တယ်၊ ဒါပေမယ့် အလဲအလှယ်အနေနဲ့ မင်းက ပိုသန်မာလာရမယ်”

“ဆရာ”

ပန်းကုံးပုစဉ်းက ထပ်ဒူးထောက်ကာ ဉီးသုံးကြိမ်ချလိုက်၏။

ဒါက ပိုသန်မာရန် သူမျှော်လင့်စောင့်စားနေသော အခွင့်အရေးပင် ဖြစ်၏။

သူ့မျက်လုံးထဲတွင် ထန်ရှုက သာမန်အင်မော်တယ်တစ်ယောက်သာ ဖြစ်ပြီး မြေအင်မော်တယ်အဆင့်ကို မရောက်သေးသော်လည်း အစစ်အမှန်ထန်ရှုက အလွန်အမင်းအားကောင်းမည်ဟု သူက ယုံကြည်သည်။

ထန်အာလန်က ပြုံးနေသည်။ ဤအချိန်တွင် သူက ပန်းကုံးပုစဉ်းကို ဆွဲထူကာ ပြုံးလျက် ပြောလိုက်၏ “ငါ့နာမည်က ထန်အာလန်၊ ကျေးဇူးပြုပြီး ငါ့ကို စီနီယာအကိုအာလန်လို့ ခေါ်ပါ”

ပန်းကုံးပုစဉ်းက မှင်တက်သွားကာ ရိုသေလေးစားစွာ အော်ခေါ်လိုက်၏ “စီနီယာအကိုအာလန်”

ထန်အာလန်၏အပြုံးက ပိုတောက်ပသွား၏။ သူက သူ့သိုလှောင်လက်စွပ်မှ သလင်းကျောက်အဆီအနှစ်ကိုးခုကို ယူထုတ်ကာ ပန်းကုံးပုစဉ်းထံ ကမ်းပေးလိုက်သည်။ “ဆရာက မင်းကို သလင်းကျောက်အဆီအနှစ်ဆယ်ခုပေးခဲ့တယ်။ ငါက မင်းကို ဆရာထက် ပိုပေးလို့မရဘူး၊ ဒါကြောင့် ကိုးခုပေးမယ်။ ဒါကို စီနီယာအကိုက မင်းကို ပထမဆုံးအကြိမ်တွေ့ဆုံမှုအတွက် ပေးတဲ့လက်ဆောင်လို့ မှတ်ယူလိုက်ပါ”

“ကျေးဇူးတင်ပါတယ်၊ စီနီယာအကိုအာလန်”ပန်းကုံးပုစဉ်းက ကျေးဇူးတင်စွာ ပြန်ဖြေသည်။

ထန်ရှုက ပြုံးကာ မေးလိုက်၏ “ဒီနေရာမှာ မင်းရဲ့စိတ်ထဲမှာ စိုးရိမ်စရာတစ်ခုခုများ ရှိသေးလား။ ငါတို့က ဟက်ဆန်ရဲတိုက်က မဟုတ်ဘူး၊ လအနည်းငယ်ကျရင် ဒီအင်မော်တယ်ပိုင်နက်ကနေ ငါတို့တွေ ထွက်သွားမယ်”

“ငါ့မှာ မိဘရော ညီအကိုမောင်နှမရော မရှိပါဘူး”ပန်းကုံးပုစဉ်းက ပြော၏ “လွန်ခဲ့တဲ့နှစ်နှစ်က ခရီးသွားအုပ်စုတစ်ခုနဲ့ ထွက်သွားတဲ့ သူငယ်ချင်းတစ်ယောက်တော့ ရှိတယ်၊ ဒီအင်မော်တယ်ပိုင်နက်မှာတော့ မဟုတ်ဘူး”

“ဒီလိုဆိုမှတော့ ငါ့နောက် လိုက်လာခဲ့”ထန်ရှုက ခေါင်းညိတ်လိုက်သည် “အနာဂတ်မှာ မင်း သန်မာလာတဲ့အခါ မင်းရဲ့သူငယ်ချင်းက အသက်ရှင်နေသရွေ့ သူနဲ့ တွေ့ဆုံဖို့ နေ့တစ်နေ့ ရှိလာပါလိမ့်မယ်”

“နားလည်ပါပြီ”

ပန်းကုံးပုစဉ်းက ပြတ်သားသောအကြည့်နှင့်အတူ ခေါင်းညိတ်လိုက်သည်။ ထန်ရှုက ဘာဆိုလိုသည်ကို သူက နားလည်၏။ ဤကျယ်ပြောသောအင်မော်တယ်ကမ္ဘာတွင် သူ့သူငယ်ချင်းနှင့် ထပ်တွေ့ရန် မဖြစ်နိုင်လုနီးပါးပင်။ သူ့သူငယ်ချင်းနှင့် ထပ်တွေ့ရန် နည်းလမ်းတစ်ခုတော့ ရှိ၏၊ အင်မော်တယ်ကမ္ဘာတစ်ခုလုံးက သိသည့် စွမ်းအားရှင်တစ်ယောက်ဖြစ်လာခြင်းပင်။ ထိုအချိန်တွင် သူက စကားတစ်လုံးသာ ပြောရန် လိုအပ်သည်၊ မရေမတွက်နိုင်သောလူများက သူ့သူငယ်ချင်းကို ရှာဖွေပေးပေလိမ့်မည်။ သူ့နာမည်ကို ကြားပြီး သူ့သူငယ်ချင်းက လာရှာရန်ပင် ဖြစ်နိုင်၏။

အစိမ်းရောင်ဈေးလမ်းဆုံတွင်။

ထန်ရှုက ဂိတ်အနီးနားရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်ကာ လမ်းကို ကြည့်လျက် အင်မော်တယ်လက်ဖက်ရည်တစ်ခုကို အရသာခံနေ၏။

သူ့ဘေးနားတွင် ထန်အာလန်နှင့်ပန်းကုံးပုစဉ်းအပြင် တိုက်ပွဲပမ်နှင့်ရွှေအင်မော်တယ်တစ်ယောက်သာ ရှိ၏။

နေ့တစ်ဝက်က လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွား၏။

ရွှေအင်မော်တယ်များထဲမှတစ်ယောက်က ထန်ရှုအရှေ့တွင် ထွက်ပေါ်လာသည်။ ထိုလူ၏မျက်လုံးများက တောက်ပလျက် သူက တင်ပြ၏ “သေချာစုံစမ်းပြီးပါပြီ၊ သခင်။ အဲဒီလူက ဟက်ဆန်ရဲတိုက်က မုဆိုးကလန်ရဲ့သခင်လေး၊ ဓားအင်မော်တယ်အမာရွတ်မဲ့မုဆိုးပဲ။ သူ့ဘေးနားက လူလေးယောက်က သူ့ကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ရွှေအင်မော်တယ်တွေပဲ”

“ဒီအကောင်က အခု ဘယ်မှာလဲဆိုတာ မင်းတို့ သိလား”ထန်ရှုက မေး၏။

“လအိမ်တော်မှာပါ”ခက်က ပြန်ပြော၏ “ငါတို့ခြောက်ယောက်က စောင့်ကြည့်နေပါတယ်”

“အစိမ်းရောင်ဈေးထဲမှာ လုပ်ဆောင်ဖို့က မသင့်တော်ဘူး၊ ဒါကြောင့် ငါတို့တွေ စောင့်ကြည့်ကြတာပေါ့။ သခင်လေးဆိုတဲ့အဆင့်အတန်းအရ သူက ဆင်းရဲတဲလူတစ်ယောက်မဖြစ်သင့်ဘူး။ ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်”

“သူ့ကို အဲနေရာကနေ စောစောထွက်လာအောင်လုပ်ဖို့ ငါ့မှာ အကြံတစ်ခုရှိတယ်”ထန်အာလန်က ပြုံးလျက် ပြော၏။

“ဘာအကြံလဲ”ထန်ရှုက မေးလိုက်သည်။

ထန်အာလန်က ထန်ရှုနား ကပ်ကာ တီးတိုးပြောလိုက်သည်။

ထန်ရှု၏မျက်နှာပေါ်ရှိ အပြုံးက တောက်ပသွားပြီး သူက ပျော်ရွှင်စွာ ခေါင်းညိတ်ပြလိုက်သည်။ “ကောင်းပြီလေ၊ နည်းလမ်းက ကောက်ကျစ်ပေမယ့် ဒါက တကယ်ကို အရိုးရှင်းဆုံးနဲ့အထိရောက်ဆုံးပဲ။ အဲဒါကို လုပ်လိုက်…သူ့ကို အစိမ်းရောင်ဈေးကနေ အမြန်ဆုံး ထွက်လာအောင် လုပ်လိုက်”

လအိမ်တော်တွင်။

အစိမ်းရောင်းဈေးထဲတွင် အဆင့်မြင့်ဆုံးစားသောက်ဆိုင်ဖြစ်၏။ အစားအသောက်ကြိုက်သူများကြားတွင် လူသိများ၏။ မုဆိုးကလန်၏သခင်လေးတစ်ယောက်အနေနှင့် အမာအရွတ်မဲ့မုဆိုးကလည်း ထိုကဲ့သို့သောလူများထဲတွင် တစ်ယောက်အပါအဝင်ဖြစ်၏။

“အင်မော်တယ်ငန်းအသဲ၊ ကောင်းကင်သမင်လျှာ၊ အပြာရောင်ရော်ဘာငါး…”

အရသာရှိသောဟင်းပွဲများက ရောက်ရှိလာသည်၊ အမာရွတ်မုဆိုးက သူတို့ကို ဝါးမျိုစားသောက်ပြီး အင်မော်တယ်ဝိုင်ကို မော့ချလိုက်၏။

စားသောက်ပြီးနောက် သူက ပါးစပ်ကို သုတ်က စိတ်ကျေနပ်စွာ ပြောလိုက်၏ “အစိမ်းရောင်ဈေးက တကယ်ကို နေရာကောင်းတစ်ခုပဲ။ နေရာတော်တော်များများမှာ မရနိုင်တဲ့အရာတွေက ဒီနေရာမှာ ရှိတယ်။ ဒီနေရာက တကယ်ကို မိုက်တယ်။ နောက်ကျရင် ငါတို့တွေ နတ်ဆိုးကမ္ဘာက တန်ဖိုးကြီးပစ္စည်းတွေများစွာကို ဝယ်ကြရမယ်”

“နားလည်ပါပြီ…”

ရွှေအင်မော်တယ်လေးယောက်ထဲမှ လူအိုကြီးတစ်ယောက်က ရိုသေလေးစားစွာ ပြန်ဖြေ၏။

ထို့နောက် အမာရွတ်မုဆိုးက ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သည်။ အပြုံးတစ်ခုက သူ့ပါးစပ်ထောင့်တွင် ထွက်ပေါ်လာပြီး သူက ပေါ့ပေါ့ပါးပါး ပြော၏ “အဲအကောင်က အတော်လေးစိတ်ဝင်စားစရာကောင်းတယ်။ သူက အခုထိ အစိမ်းရောင်ဈေးကနေ မထွက်သွားသေးဘဲ ဒီရက်တွေမှာ ဈေးပတ်ဝယ်နေတယ်။ သူဝယ်ယူခဲ့တဲ့ပစ္စည်းအများစုက ငါတို့အတွက် အသုံးမဝင်ပေမယ့် သူတို့ကို မြင့်မားတဲ့ဈေးနှုန်းနဲ့ ရောင်းချနိုင်တယ်။ မင်းတို့အားလုံး၊ ငါ ပြောတာ နားထောင်။ သူက ဆယ်ရက်အတွင်း မထွက်သွားရင် သူ့ကို စိတ်ဝိညာဉ်ဖမ်းစားရနံ့ဖြန်းလိုက်။ သူက အစိမ်းရောင်ဈေးကနေ ထွက်လာသရွေ့ ငါ သူ့အသက်နဲ့သူ့ရဲ့ကြွယ်ဝမှုကို ရယူမယ်”

“ဒီနောက်လိုက်က ဒီကိစ္စကို သေချာလုပ်လိုက်ပါ့မယ်၊ သခင်လေး”လူအိုကြီးက ရိုသေလေးစားစွာ ပြောလိုက်၏။

အမာရွတ်မဲ့မုဆိုးက ပျော်ရွှင်စွာ ခေါင်းညိတ်လျက် ပြောလိုက်သည် “ငါ့ကို အခြားသူတွေက ခြိမ်းခြောက်တဲ့နောက်ဆုံးအကြိမ်ကို ငါ မေ့နေခဲ့တာ ကြာပြီ။ ဘယ်လောက်တောင် ကြာပြီလဲ။ သူက ငါ့ကို ကျိန်ဆဲတဲ့အချိန်မှာ ငါက ဒေါသထွက်ခဲ့ပေမယ့် အခု အနည်းငယ်ထူးဆန်းသလို ငါ ခံစားရတယ်။ သူ့ကို တန်းမသတ်နဲ့။ သူ့ကို မသတ်ခင် သူ့ရဲ့ပါးစပ်ကို ပိတ်ပြီး သူ့ကို ကျိန်ဆဲပစ်ရမယ်”

ရုတ်တရက် သူ့နားများက လှုပ်ရှားသွားသည်။ နာရီဝက်ကြာပြီးနောက် သူ့အမူအရာက မယုံကြည်နိုင်ဖြစ်သွားပြီး ဒေါသမီးလျှံတစ်ခုက သူ့မျက်လုံးများထဲတွင် တောက်လောင်သွား၏။ သူက လမ်းသို့ အကြည့်ပြောင်းလိုက်ပြီး လမ်းပေါ်တွင် အားပါးတရစကားပြောနေသောဖြတ်သန်းဖြတ်လာအချို့ထံ စိုက်ကြည့်လိုက်၏။ ထို့နောက် အံကြိတ်လျက် သူက ပြောလိုက်၏ “အဲဒီကောင်တွေကို သွားခေါ်လာခဲ့စမ်း”

All Chapters