← Chapters

လုယက်ခြင်း

Vol. 94 Ch. 1308

လုယက်ခြင်း

Vol. 94 Ch. 1308

အပြင်လူများအရှေ့တွင် အမာရွတ်မုဆိုးက အမြဲတမ်း တရားမျှတကာ သန့်ရှင်းသည်။ သူက ကလန်၏ဂုဏ်သတင်းကို အလေးထားပြီး သူ့ကိုယ်ပိုင်အသက်ထက် ပိုအရေးကြီးသည်။ သူက စက်ဆုပ်ဖွယ်ကောင်းသာလုပ်ရပ်များစွာကို ကျူးလွန်ခဲ့သော်လည်း ထိုအရာအားလုံးကို လျှို့ဝှက်စွာ ပြုလုပ်ခဲ့ပြီး ခြေရာလက်ရာအားလုံးကိုလည်း ဖျက်နိုင်ရန် အကောင်းဆုံးကြိုးစားခဲ့၏။

သို့သော် အောက်ဘက်ရှိ လမ်းသွားလမ်းလာများက သူနှင့်ပတ်သက်၍ သားပုတ်လေလွင့်ပြောနေသည်ကို ကြားခဲ့ရ၏။ သူက အရှက်မရှိယုတ်မာကောက်ကျစ်ရုံသာမက လိင်တူကြိုက်ပြီး အမျိုးသားအချစ်တော်များကို သီးသန့်ထားရှိသည်ဟု ပြောခဲ့ကြ၏။

“ရွံစရာကောင်းတဲ့အကောင်တွေ”

အမာရွတ်မဲ့မုဆိုးက လက်သီးတင်းတင်းဆုပ်လျက် မျက်လုံးများက သတ်ဖြတ်ဆန္ဒတို့ ပြည့်လျှံနေသည်၊ ခွေးသေများပမာ ထိုလမ်းသွားလမ်းလာလေးယောက်၏အချိုးခံထားရသောခြေလက်များကို သူက ကြည့်ရှုလိုက်၏။ သူက ထရပ်ကာ သူ့ကို အသရေဖျက်သည့် ယောကျ်ားထံ လျှောက်သွား၏။ ထိုလူ၏အဝတ်ကို ဆုပ်ကိုင်လျက် သူက အော်ပြောလိုက်သည် “ဒီနတ်ဘုရားက အဲဒီမုဆိုးကလန်ရဲ့သခင်လေးအမာရွတ်မဲ့မုဆိုးပဲ။ မင်းတို့က ငါ့ရဲ့ဂုဏ်သတင်းကို ပျက်ဆီးဖို့ ပြောနေရအောင် ဘယ်လိုရန်ငြိုးများ ငါတို့မှာ ရှိလို့လဲ”

ခြေလက်ချိုးခံထားရသည့်လူက ကြောက်ရွံ့စွာ စိုက်ကြည့်လိုက်၏။ သူက ခေါင်းခါယမ်းလျက် ပြော၏ “မရှိပါဘူး၊ မရှိပါဘူး၊ ဒီနိမ့်ကျတဲ့လူက သခင်လေးနဲ့ ရန်ငြိုးရှိဖို့ အရည်မချင်းမရှိပါဘူး။ အဲဒါတွေအားလုံးက အစိမ်းရောင်ဈေးထဲမှာ ပျံ့နှံ့နေတဲ့ ကောလဟာလတွေပါပဲ။ ငါ ပြောခဲ့သမျှ အရာအားလုံးက အခြားသူတွေဆီက ကြားခဲ့တာပါပဲ”

“ထပ်လာပြန်ပြီလား…”

အမာရွတ်မဲ့မုဆိုးက ပေါက်ကွဲသွားသည်။ တစ်စုံတစ်ယောက်က သူနှင့်ပတ်သက်၍ ကောလဟာလများ ဖြန့်လိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် ထည့်မမက်ခဲ့ပေ။ ဘယ်သူက သူ့နာမည်ကို ဖျက်ဖို့ ကြိုးစားနေတာလဲ။

စားသောက်ဆိုင်ထဲရှိလူများစွာက သူ့ကို ကြည့်နေသည်ကို သူက သတိမပြုမိပေ။ သူ့လူလေးယောက်ကို စေလွှတ်ကာ ထိုလမ်းသွားလမ်းလာလေးယောက်အား ရိုက်နှက်ခဲ့သည်ကို ထိုလူများက မြင်တွေ့ခဲ့ပြီဖြစ်သည်ကိုလည်း သူက မသိပေ။ ယခု သူ့လုပ်ရပ်များကို မြင်တွေ့ခဲ့ခြင်းဖြင့် ကြားခဲ့သောကောလဟာလများကို အတည်ပြုခဲ့ကြလေပြီ။

တစ်ဖက်တွင် လူအိုကြီးက ပြောလာ၏ “တစ်ယောက်ယောက်က ကောလဟာလတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်နေတာပဲ ဖြစ်ရမယ်၊ သခင်လေး။ သူတို့က သခင်လေးရဲ့ဂုဏ်သတင်းကို သေချာပေါက် ပျက်ဆီးစေချင်ကြတာပဲ။ သင့်ရဲ့နောက်လိုက်က သူတို့ကို ရှာဖွေပြီး သူတို့ကို မြေမြုပ်စရာမရှိတဲ့အထိ သတ်ပစ်လိုက်ပါ့မယ်”

“သူတို့ကို စုံစမ်း”အမာရွတ်မဲ့မုဆိုးက မာဆတ်ဆတ် ပြောလိုက်၏ “ငါ့ကို စော်ကားရဲတဲ့သူတွေကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ရမယ်”

ဤမြင်ကွင်းကို မြင်တွေ့ခဲ့သည့်လူတိုင်းက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

လက်သည်တရားခံတွေကို မြေမြုပ်စရာမရှိဘဲ သတ်ပစ်မှာလား။ သူတို့ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်မှာလား။

ဤအပြောတစ်ခုနှင့်ပင် ဤလူက ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်သလဲဆိုသည်ကို မြင်နိုင်ရန် လုံလောက်၏။

ခြေလက်ချိုးခံထားရသည့်လမ်းသွားလမ်းလာက ကြမ်းပြင်မှ ရုတ်တရက် ထကာ အော်ပြောလိုက်၏ “ကောလဟာလဖြန့်တဲ့သူကို ငါ သိတယ်…သူတို့က အစိမ်းရောင်ဈေးက ထွက်သွားပြီ၊ သူတို့က လေနက်သစ်တောကို သွားမယ်လို့ ငါ ကြားတယ်”

“ဒီလူတွေက ဘယ်သူတွေလဲ”အမာရွတ်မဲ့မုဆိုးက အော်ပြော၏။

“ငါ မသိဘူး၊ သူတို့ ဘယ်သူလဲဆိုတာ ငါ တကယ် မသိဘူး”လမ်းသွားလမ်းလာက ပြန်ဖြေ၏ “သူတို့ထဲက တစ်ယောက်ယောက်က ကေလဟာလဖြန့်နေတာကို ငါ ကြားခဲ့တယ်၊ အဲလိုအော်ပြီးနောက် သူတို့က သားရဲအချို့ကို အမဲလိုက်ဖို့‌ လေနက်သစ်တောကို သွားမယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် သူက ကောလဟလကို ပထမဆုံးဖြန့်တဲ့လူလားဆိုတာ‌တော့ ငါ မသေချာဘူး”

“သူက တရားခံဟုတ်မဟုတ် ငါ ဂရုမစိုက်ဘူး။ ငါ့ကို အသရေဖျက်ဖို့ ကောလဟာလတွေ ဖြန့်ရဲတဲ့သူတွေက တန်ဖိုးတစ်ခု ပေးဆပ်ရမယ်”အမာရွတ်မဲ့မုဆိုးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည် “လေနက်သစ်တောကို သွားကြစို့…”

တစ်ဖက်တွင် ရွှေအင်မော်တယ်အဖိုးကြီးများထဲမှ တစ်ယောက်က ပြောလိုက်၏ “သခင်လေး၊ ဒီသတင်းတွေက ယုံကြည်လို့မရဘူး။ အဲဒီလူတွေက လေနက်သစ်တောကို မသွားလောက်ဘူး”

“ဘာပဲဖြစ်ဖြစ် သဲလွန်စမရှိတာထက် ဒါကို ယုံကြည်ရမှာပဲ”အမာရွတ်မဲ့မုဆိုးက နှာခေါင်းရှုံ့လိုက်သည် “သဲလွန်စတွေနောက် လိုက်သရွေ့ အဲအကောင်တွေကို သေချာပေါက် ရှာတွေ့ရမယ်”

ဆယ့်ငါးမိနစ်ကြာပြီးနောက်။

အမာရွတ်မဲ့မုဆိုးက သူ့နောက်လိုက်ရွှေအင်မော်တယ်လေးယောက်နှင့်အတူ အစိမ်းရောင်ဈေးလမ်းဆုံ၌ ထွက်ပေါ်လာ၏။ သူ့မျက်လုံးများက ဘေးရှိ လက်ဖက်ရည်ဆိုင်ကို ရိုက်ခတ်သွားပြီး အေးစက်စွာ နှာခေါင်းရှုံ့ပြီးနောက် ထွက်ခွာသွား၏။

ဆယ်ငါးမိနစ်ကြာပြီးနောက်။

ထန်ရှုက ထန်အာလန်၊ ပန်းကုံးပုစဉ်းနှင့် တိုက်ပွဲပမ်တို့နှင့်အတူ အခြားရွှေအင်မော်တယ်နောက်လိုက်ခြောက်ယောက်ပေးခဲ့သည့် လေနက်သစ်တောဉီးတည်ဘက်သို့ ထွက်လာခဲ့သည်။ နာရီဝက်ကြာပြီးနောက် သူတို့က တိုက်ခိုက်နေသောလူအုပ်တစ်အုပ်အနီးနားတွင် ထွက်ပေါ်လာ၏။

အုံး…

အလင်းစီးကြောင်းတစ်ခုက မုဆိုးကလန်မှ စဉီးအဆင့်ရွှေအင်မော်တယ်တစ်ယောက်၏ရင်ဘက်ကို ထိမှန်သွားပြီး သူ့ခန္ဓာကိုယ်က စွန်ပြတ်တစ်ခုပမာ ပြုတ်ကျသွား၏။ အမာရွတ်မဲ့မုဆိုးနှင့်အခြားရွှေအင်မော်တယ်သုံးယောက်က ကြောက်ရွံ့သွားကြ၏။ သူတို့က သူတို့၏အဖော်ကို ကယ်တင်ချင်သော်လည်း ထိုရန်သူခြောက်ယောက်က သန်မာလွန်းလှသည်။

“ဒါ…သူပဲ…”

ထန်ရှုတို့အဖွဲ့ကို မြင်သည့်အခိုက်တွင် အမာရွတ်မုဆိုး၏မျက်နှာပေါ်ရှိ စိတ်ပျက်အားငယ်မှုက ပိုသိသာလာလေ၏။ ဤအချိန်တွင် ဒီအရာအားလုံးက သူ့ကို ထောင်ချောက်ဆင်ရန် ရည်ရွယ်ထားသည်ကို သဘောမပေါက်နိုင်လျှင် သူက ငတုံးပင် ဖြစ်ပေမည်။ သူ့ကို အသရေဖျက်ရန် ကောလဟာလများ ဖြန့်ခဲ့သူများက ထန်ရှုနှင့်သူ့လူများဖြစ်သည်ကိုပင် သူက ပြောနိုင်သည်။

“မင်းတို့က ဘယ်သူတွေလဲ…”ပြန်တိုက်ခိုက်ရင်း အမာရွတ်မဲ့မုဆိုးက ဒေါသတကြီး အော်လိုက်၏။

အထင်သေးသောအပြုံးနှင့်အတူ ထန်ရှုက ကျယ်လောင်စွာ ရယ်လျက် ပြောလိုက်၏ “ဟမ့်၊ ငါ ဘယ်သူလဲဆိုတာ သိဖို့မလိုဘူး။ အရူးသရဲတစ်ကောင်ဖြစ်ဖို့ ရွေးချယ်ခဲ့တဲ့သူက မင်းပဲ”

“မင်းက အစိမ်းရောင်းဈေးထဲမှာ အရှုံးကို တမင်တကာ ဝန်ခံခဲ့တာပဲ”အမာရွတ်မဲ့မုဆိုးက ဒေါသတကြီး အော်ပြော၏ “မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ”

“သိပ်ဟုတ်တာပေါ့”ထန်ရှုက ပြုံးကာ ပြန်ပြော၏ “ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာပေါ့။ အဲဒီမဟာနတ်ဆိုးဆိုင်ရှင်ကို ပိုက်ဆံအလကားပေးမယ့်အစား ငါ့အတွက် ချန်ထားရမှာပေါ့။ ဒါကို ပြောရရင် မင်းကို ကျေးဇူးတင်ရလိမ့်မယ်။ မင်းက ငါ့ကို သတ်ဖို့ မရည်ရွယ်ခဲ့ရင် ငါက ငါ့ရဲ့အင်မော်တယ်ကျောက်တုံးတွေနဲ့သလင်းကျောက်အဆီအနှစ်တွေအားလုံးကို သုံးရဲမှာမဟုတ်ဘူး”

“ငါတို့မုဆိုးကလန်က လက်စားချေမှာကို မင်း မကြောက်တာလား”အမာရွတ်မဲ့မုဆိုးက ဒေါသတကြီး အော်ပြော၏။

“ဟမ့်၊ သတ်ဖြတ်ခြင်းနဲ့ဖျက်ဆီးဆိုတာက ငါ အကောင်းဆုံး လုပ်တတ်တဲ့အရာတွေပဲ”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “မင်းရဲ့ကလန်က မင်းတို့ကို သတ်ခဲ့တဲ့သူတွေကို ရှာတွေ့လိမ့်မယ်လို့ မင်း ထင်လား။ ဟေး၊ မင်းတို့ကောင်တွေ၊ အကောင်းဆုံးလုပ်လိုက်တော့…”

“နားလည်ပါပြီ…”

ရွှေအင်မော်တယ်ခြောက်ယောက်က ထိန်ချန်မထားတော့ပေ။ သူတို့အားလုံးက သေခြင်းရှင်ခြင်းအစွန်အဖျား၌ အကြိမ်မရေမတွက်များစွာ လျှောက်လှမ်းခဲ့သည့် ရက်စက်ကြမ်းကြုတ်သောသူများဖြစ်ကြသည်။

ရွှမ်း…ရွှမ်း…ရွှမ်း…

ရန်သူများက သူ၏ရွှေအင်မော်တယ်ကာကွယ်သူသုံးယောက်အား အလွယ်တကူ သတ်ဖြတ်ခဲ့သည်ကို အမာရွတ်မဲ့မုဆိုးက ငေးကြည့်ရုံသာ တတ်နိုင်သည်။ သူတို့၏အင်မော်တယ်စိတ်ဝိညာဉ်များပင် မလွတ်မြောက်ခဲ့ပေ။

“ငါ့ကို မသတ်ပါနဲ့…ငါ မင်းကို အဆိပ်မီယာစ်မာဆေးလုံး ပြန်ပေးပါ့မယ်၊ နောက်ထပ်အင်မော်တယ်သလင်းကျောက်ဆယ်သန်းကိုလဲ ပေးပါ့မယ်”

ထန်ရှုက မျက်လုံးလိမ့်လျက် သူ့ကို ကြိမ်းမောင်းလိုက်သည် “မင်းက အရူးလား။ မင်းကို သတ်လိုက်တာနဲ့ မင်းရဲ့ကြွယ်ဝမှုတွေအားလုံးက ငါ့အပိုင်ပဲပေါ့။ သူ့ကို ခေါ်သွားပြီး သတ်လိုက်…”

ဝှစ်…

အမာရွတ်မဲ့မုဆိုးက ခေါင်းပြတ်သွားပြီး သူ့ခန္ဓာကိုယ်က ချက်ချင်း ပျက်ဆီးသွား၏။ သူ့အင်မော်တယ်စိတ်ဝိညာဉ်ပင် ဖျက်ဆီးခံလိုက်ရ၏။

ထန်ရှုက သိုလှောင်လက်စွပ်ငါးကွင်းကို ယူလိုက်သည်။ အမှတ်အသားများကို ဖျက်ဆီးခဲ့ပြီးနောက် သူ့စိတ်ဝိညာဉ်အာရုံက အထဲသို့ ဝင်ရောက်သွားပြီး သူက ချက်ချင်း ပျော်ရွှင်သွား၏။ အထဲတွင် ကြွယ်ဝမှုများစွာ ရှိသည်။ သလင်းကျောက်အဆီအနှစ်တစ်ခုတည်းပင် ၂.၄သန်းရှိ၏၊ အင်မော်တယ်ကျောက်တုံးနှင့်သလင်းကျောက်များက မရေမတွက်နိုင်လောက်အောင် များပြားသည်။

ထို့ပြင် အမာရွတ်မဲ့မုဆိုး၏လက်စွပ်ထဲတွင် ကျင့်ကြံခြင်းအရင်းအမြစ်များစွာနှင့် တန်ဖိုးကြီးပစ္စည်းအမြောက်အများရှိသည်။ အခြားလေးယောက်၏လက်စွပ်ထဲတွင်တော့ အင်မော်တယ်ကျောက်တုံးများ၊ သလင်းကျောက်များနှင့် သလင်းကျောက်အဆီအနှစ်အများအပြားရှိသည်။ အားလုံးကို ရေတွက်ပြီးနောက် နောက်ဆုံးကိန်းဂဏန်းက သလင်းကျောက်အဆီအနှစ်၄.၆သန်း၊ အင်မော်တယ်သလင်းကျောက်၁၂၀သန်း၊ အင်မော်တယ်ကျောက်တုံးသန်း၈၀ရှိသည်။ ကျန်သောပစ္စည်းများက သလင်းကျောက်အဆီအနှစ်ငါးသန်းပတ်လည်ရှိ၏။

“ခြေရာလက်ရာတွေ ဖျက်ဆီးလိုက်၊ ပြီးရင် ချက်ချင်း စွန့်ခွာမယ်…”

မုဆိုးကလန်နှင့် ရင်ဆိုင်ရန် ထန်ရှုက တွန့်ဆုတ်သည်။ မဟာထန်အင်ပါယာ၏လက်ရှိခွန်အားက ဤကလန်ကို မယှဉ်ပြိုင်နိုင်သေးသည်ကို သူက ကောင်းကောင်းသိ၏။ တကယ်တော့ ဤကလန်ကို ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်က စောင့်ရှောက်နေသည်။ နှစ်ဖက်တိုက်ခိုက်လျှင် သူတို့တွင် ပြင်ပအကူအညီနှင့်ငရဲကိုးထပ်ဓားမစတာတို့ပါလျှင်ပင် ဆုံးရှုံးမှုကြီးမားပေလိမ့်မည်။

နောက်ထပ်နှစ်နာရီကြာပြီးနောက်။

ပုံရိပ်ဆယ်ခုကျော်က လေနက်သစ်တောထဲသို့ လျင်မြန်စွာ ရွေ့လျားလာခဲ့သည်။ ထိုလူများအားလုံးက မုဆိုးကလန်မှ ကျွမ်းကျင်သူများဖြစ်ကြ၏။ ကလန်ဘိုးဘေးက လျှို့ဝှက်ပညာရပ်တစ်ခုကို ထုတ်ဖော်ကာ ထိုငါးယောက်သတ်ဖြတ်ခံရသည့်နေရာက ဤနေရာဖြစ်သည်ကို တွက်ချက်နိုင်ခဲ့၏။

သို့သော် သူတို့က အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း ဘာတစ်ခုမှ ရှာမတွေ့ပေ။ နောက်ရက်အနည်းငယ်အတွင်း သူတို့က အစိမ်းရောင်ဈေးတစ်ခုလုံးကို ရှာဖွေခဲ့ပြီး သတင်းကွန်ရက်အမျိုးမျိုးနှင့် ချိတ်ဆက်ခဲ့၏၊ သို့သော် လူသတ်သမားများနှင့် ပတ်သက်၍ ဘာသတင်းမှ မရရှိခဲ့ပေ။

အမှောင်နန်းတော်ထဲတွင်။

မုဆိုးကလန်မှ လူများက ထွက်ခွာသွားသည်ကို နတ်ဆိုးအုပ်ချုပ်သူက ကြည့်နေခဲ့၏။ ဤနေရာတွင် ပစ္စည်းအမြောက်အများဝယ်ယူခဲ့သည့်ထိုလူငယ်က မုဆိုးကလန်၏သခင်လေးကို သတ်ဖြန်ရန် သတ္တိရှိလိမ့်မည်ဟု သူက မထင်ထားခဲ့ပေ။ ဟက်ဆန်ရဲတိုက်ပိုင်နက်တွင် မဒမ်ကောင်းကင်ဘုံဝင်ရိုးစွန်းနှင့်အခြားကလန်နှစ်ခုကလွဲပြီး မုဆိုးကလန်ထက် ပိုသန်မာသူမရှိပေ။ ဤကလန်၏သခင်လေးကို သတ်ဖြတ်ခြင်းက ရဲတင်းလွန်းလှသည်။

“နားထောင်ကြစမ်း…ဒီနေရာမှာ ဖြစ်ပျက်ခဲ့တာတွေကို တစ်လုံးတစ်လေမှ မပြောဖို့ တားမြစ်ထားတယ်။ မဟုတ်ရင် ငါ့ကို ရက်စက်တယ်လို့ မပြောကြနဲ့”အချိန်အတန်ကြာ နှုတ်ဆိတ်သွားပြီးနောက် မဟာနတ်ဆိုးအုပ်ချုပ်က အလေးအနက်ထားလျက် ပြောလိုက်၏။

လူအနည်းငယ်က တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။ သူတို့ထဲကတစ်ယောက်က သိလိုစိတ်နှင့် ပြော၏ “အုပ်ချုပ်သူ၊ အဲဒီလူလို့ ထင်တာလား…”

“ပါးစပ်ပိတ်စမ်း…”မဟာနတ်ဆိုးအုပ်ချုပ်သူက အေးစက်စွာ အော်ပြော၏။

ထိုလူက ကြောက်ရွံ့သွားလေသည်။

မဟာနတ်ဆိုးအုပ်ချုပ်သူက ရှံ့မဲ့ပြုံးလျက် ပြော၏ “ငါတို့က စီးပွားရေးသမားတွေပဲ။ ငါတို့ရဲ့ရည်ရွယ်ချက်က ပိုက်ဆံရှာဖို့ပဲ။ တခြားဘာအရေးကိစ္စထဲကိုမှ ပါဝင်စရာမလိုဘူး။ ပြီးတော့ မကြာခင်မှာ ဟက်ဆန်ရဲတိုက်က တိတ်ဆိတ်ငြိမ်သက်တော့မှာ မဟုတ်ဘူးလို့ ငါ ထင်နေတယ်”

နောက်လူတစ်ယောက်က နားမလည်နိုင်ကာ ပြောလိုက်၏ “အုပ်ချုပ်သူ၊ မုဆိုးကလန်ရဲ့သခင်လေးက အသတ်ခံရရင်တောင် ဟက်ဆန်ရဲတိုက်တစ်ခုလုံးကို သက်ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးမလား။ အများဆုံး မုဆိုးတွေက ပြဿနာအချို့ ဖြစ်စေရုံပေါ့”

မဟာနတ်ဆိုးအုပ်ချုပ်သူက နှာခေါင်းရှုံ့လိုက်သည် “သူက မုဆိုးကလန်ရဲ့သခင်လေးကို သတ်ရဲတယ်ဆိုရင်တောင် အဲအကောင်က အားနည်းတယ်လို့ မင်းထင်နေတာလား။ သူ့မှာ နောက်ခံမရှိဘူးလို့ မင်း ထင်လား။ အရေးကြီးဆုံးကတော့ မုဆိုးကလန်ရဲ့သခင်လေးက အရမ်းသန်မာပြီး သူ့ရဲ့နောက်လိုက်လေးယောက်က ရွှေအင်မော်တယ်စွမ်းအားရှင်တွေပဲ။ ဒါပေမယ့် သူတို့က အလွယ်တကူ သတ်ဖြတ်ခံရပြီး သူတို့ရဲ့ခြေရာလက်ရာတွေအားလုံးက ဖျောက်ဖျက်ခံထားရတယ်။ ဒီလိုအဖွဲ့တစ်ခုက အားနည်းတယ်လို့ မင်း ထင်လား”

All Chapters