← Chapters

လုယက်ခံရခြင်း

Vol. 94 Ch. 1309

လုယက်ခံရခြင်း

Vol. 94 Ch. 1309

မဟာနတ်ဆိုးအုပ်ချုပ်သူက ဆိုင်အပြင်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် အသံနှိမ့်လျက် ပြောလိုက်၏ “မကြာသေးခင်က စွမ်းအားရှင်တော်တော်များများက ဟက်ဆန်ရဲတိုက်ကို ရောက်လာကြတယ်။ သူတို့ထဲက အချို့က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေပဲ။ ငရဲကိုးထပ်ဓားမစတာနဲ့ အုပ်ချုပ်သူငရဲတို့ရဲ့အလောင်းအစားကြောင့် အနီးနားအင်မော်တယ်ပိုင်နက်‌တွေက စွမ်းအားရှင်တွေက ရောက်လာကြတာ။ သူတို့က လငေးမြို့ကို အပြေးလာနေကြတယ်။ ဒါကြောင့် အပေါ်ယံအားဖြင့် လငေးမြို့တစ်ခုလုံးက တည်ငြိမ်အေးချမ်းနေပေမယ့် အမှောင်ထဲမှာတော့ လှုပ်ရှားနေကြပြီ။ မုဆိုးကလန်သခင်လေးရဲ့သတင်းတစ်ခုခုက မင်းတို့ရဲ့ပါးစပ်ထဲက ထွက်သွားရင် ငါတို့တွေအားလုံး ဒုက္ခရောက်သွားရလိမ့်မယ်”

ကျန်လူများက အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နောက်ဆုံးတွင် ကိစ္စ၏လေးနက်မှုကို သဘောပေါက်သွားကြ၏။

မဟာနတ်ဆိုးအုပ်ချုပ်သူက လက်ဝှေ့ယမ်းကာ ပြောလိုက်၏ “မင်းတို့တစ်ယောက်စီကို အင်မော်တယ်သလင်းကျောက်ဆယ်ခုပေးမယ်။ ဒီအတောအတွင်း ဆိုင်ထဲမှာ ကျင့်ကြံနေကြ။ ငါ့ရဲ့မိတ်ဆွေဟောင်းအချို့နဲ့ တွေ့ဖို့ ငါ သွားလိုက်အုံးမယ်”

****

ကြယ်ငေးစံအိမ်တွင်။

ထန်ရှုက ပြန်ရောက်လာပြီး ကျားစစ်တပ်၏စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ခြောက်ယောက်နှင့်မဟာထန်အင်ပါယာ၏အရာရှိတစ်ယောက်ဖြစ်သောချန်ရှောက်ဟွာတို့က အမည်မသိအဖွဲ့တစ်ဖွဲ့၏ချောင်းမြောင်းတိုက်ခိုင်ခြင်းကို ခံခဲ့ရသည်ကို ကူးယန်အာထံမှ သိလိုက်ရ၏။ တစ်ဖက်အဖွဲ့တွင် အင်မော်တယ်တစ်ယောက်ရှိပြီး ကံကောင်းစွာနှင့် သူတို့ကို ကာကွယ်သည့် အင်မော်တယ်မွန်းစတားက အချိန်မီရောက်လာကာ ကယ်ဆယ်နိုင်ခဲ့သည်။

“တစ်ဖက်အဖွဲ့က ဘာလဲ”ထန်ရှုက အေးစက်သောလေသံနှင့် မေးလိုက်၏။

“သတင်းမရသေးဘူး။ ငါတို့ရဲ့သတင်းအချက်အလက်ဌာနက ဒီနေရာမှာ သတင်းကွန်ရက်တစ်ခုကို မတည်ဆောက်ရသေးဘူး၊ ဒီနေရာနဲ့ မရင်းနှီးတာကြောင့်ရော တစ်ဖက်အဖွဲ့က ဘယ်သူလဲဆိုတာ မဖော်နိုင်သေးဘူး”ကူးယန်အာက ပြော၏ “ဒါပေမယ့် သူတို့နောက်ကို လိုက်သွားဖို့ ရွှေအင်မော်တယ်နှစ်ယောက်ကို စေလွှတ်လိုက်တယ်။ သူတို့က ကိစ္စတွေကို ဖြေရှင်းနိုင်မှာပါ”

“နေရာက ဘယ်မှာလဲ”ထန်ရှုက မေးလိုက်သည်။

“မြေနက်မြစ်မှာ”ကူးယန်အာက ပြော၏။

“တစ်ချက်သွားကြည့်ရအောင်”ထန်ရှုက ပြောလိုက်သည် “အပြန်လမ်းမှာလဲ စွမ်းအားရှင်အမြောက်အများနဲ့ ဆုံတွေ့ခဲ့တယ်။ အများစုက အခြားအင်မော်တယ်ပိုင်နက်တွေကပဲ။ လာမယ့်နေ့ရက်တွေမှာ လငေးမြို့က အေးချမ်းတော့မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်”

ပဟေဠိဖြစ်လျက် ကူးယန်အာက မေးလိုက်သည် “ဘယ်လိုအဖြစ်အပျက်ကြီးမျိုးက ဒီနေရာမှ ဖြစ်ပျက်မလို့လဲ”

“ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ယောက်ကြား အလောင်းအစားက အဖြစ်အပျက်ကြီးတစ်ခုမဟုတ်ဘူးလား”ထန်ရှုက ပေါ့ပေါ့ပါးပါး ပြော၏ “အန္တိမအဆင့်ကျွမ်းကျင်သူတစ်ယောက်မရှိတဲ့အတွက် ဒီဟက်ဆန်ရဲတိုက်က သေးငယ်တဲ့အင်မော်တယ်ပိုင်နက်တစ်ခုပဲ။ ဒါကြောင့် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေက ဒီနေရာက သက်ရှိတွေအတွက် အရေးအကြီးတဲ့ကိစ္စရပ်တွေပဲ”

“ဆရာသခင်ပြောတာ မှန်တယ်”ကြားပြီးနောက် ကူးယန်အာက ခေါင်းညိတ်လိုက်သည် “ဟက်ဆန်ရဲတိုက်တစ်ခုလုံးမှာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အနည်းငယ်ပဲ ရှိလောက်တယ်။ ဒါကြောင့် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ယောက်ကြား အလောင်းအစားက ဒီနေရာမှာ ကြီးမားတဲ့ကိစ္စတစ်ခုပဲ။ ဒါပေမယ့် ငါတို့မဟာထန်အင်ပါယာအဖွဲ့ဝင်တွေရဲ့ကျင့်ကြံခြင်းအဆင့်က မမြင့်သေးဘူး။ သူတို့ကို အင်မော်တယ်ကမ္ဘာရဲ့အနေအထားကို နားလည်ဖို့ ခွင့်ပြုရင်း ဒုက္ခတွေမဖြစ်အောင် ကာကွယ်မယ်ဆိုရင် ဒါက ပြဿနာတစ်ခုမဟုတ်ဘူးလို့ ငါ ထင်တယ်”

“ငါတို့ရဲ့အင်ပါယာမှာ လူတွေများလွန်းတယ်။ မတော်တဆဖြစ်ရပ်တွေက အချိန်မရွေး ပေါ်လာနိုင်တယ်”ထန်ရှုက ပြော၏ “မဝေးတော့တဲ့အနာဂတ်မှာ ရွှေအင်မော်တယ်နောက်ထပ်တစ်သုတ်ကို ဝယ်ယူဖို့အတွက် အကျဉ်းသားပြိုင်ကွင်းကို ထပ်သွားဖို့ ငါ ဆုံးဖြတ်ထားတယ်”

“ငါတို့မှာရှိတဲ့ရွှေအင်မော်တယ်အယောက်နှစ်ဆယ်က တကယ်ကို နည်းလွန်းတယ်။ နောက်တစ်သုတ်ကို ဝယ်တာက အနာဂတ်မှာ ကြုံတွေ့လာနိုင်တဲ့ ဘယ်လိုအန္တရာယ်ကိုမဆို ရင်ဆိုင်စေနိုင်လိမ့်မယ်”ကူးယန်အာက ခေါင်းညိတ်လိုက်သည်။

****

မြေနက်မြစ်အနီးတွင်။

မဟာထန်အင်ပါယာ၏ရွှေအင်မော်တယ်နှစ်ယောက်၊ ကောင်းကင်အင်မော်တယ်အဆင့်မွန်းစတားတို့က ချန်ရှောင်ဟွာနှင့်ကျားစစ်တပ်၏အဖွဲ့ဝင်ခြောက်ယောက်အရှေ့တွင် ရပ်ကာ အရှေ့ရှိ အင်မော်တယ်တစ်ဖွဲ့ကို ရင်ဆိုင်နေသည်။

ဤအချိန်တွင် အစိမ်းရောင်သွေးများက ကောင်းကင်ဘုံအင်မော်တယ်အဆင့်အင်မော်တယ်မွန်းစတား၏ဝတ်ရုံ၌ ရွဲရွဲစိုနေသည်။ သူ့လက်ထဲရှိ အင်မော်တယ်ဓားပင် ထက်ဝက်ပြတ်နေ၏၊ ချန်ရှောက်ဟွာနှင့်ကျားစစ်တပ်၏အဖွဲ့ဝင်ခြောက်ယောက်တို့က ကြောက်ရွံ့ကာ အလွန်အမင်းသနားစရာကောင်းနေတော့သည်။

တစ်ဖက်အဖွဲ့တွင်တော့ စုစုပေါင်းလူဆယ့်ရှစ်ယောက်ပါဝင်သည်။ နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်ကျွမ်းကျင်သူတစ်ယောက်ကလွဲပြီး ကောင်းကင်အင်မော်တယ်လေးယောက်နှင့် ကျန်လူများက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူများဖြစ်ကြသည်။

ကောင်းကင်အင်မော်တယ်လေးယောက်နှင့်ထိုနက်နဲသိမ်မွေ့ခြင်းအင်မော်တယ်က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်လူငယ်တစ်ယောက်ကို ဝန်းရံထားသည်။ လူငယ်က အလွန်ငယ်ရွယ်ပုံပေါက်သည်၊ အသက်ဆယ့်ခုနှစ်လောက်သာ ရှိမည်ထင်၏။ ခန္ဓာကိုယ်က ပိန်ပါးကာ မျက်နှာက ဖြူရော်သည်၊ သို့သော် ဆိုဆုံးမခက်သောအကြည့်က သူ့မျက်နှာပေါ်တွင် အထင်းသားပေါ်နေလေ၏။

“အဲဒီခရမ်းရောင်စိန်သတ္တုကို ငါတို့ကို ပေးပါ။ မဟုတ်ရင် ဒီနေရာကို ငါ့ညဝံပုလွေကလန်ရဲ့အကြီးအကဲတွေ ရောက်လာတာနဲ့ မင်းတို့တွေအားလုံး မြေမြုပ်စရာမရှိဘဲ သေသွားရလိမ့်မယ်”ကောင်လေး၏သတ်ဖြတ်လိုသောမျက်လုံးများက မဟာထန်အင်ပါယာအဖွဲ့ဝင်များကို ကြည့်ကာ ခြိမ်းခြောက်လိုက်သည်။

ချန်ရှောက်ဟွာက ဒဏ်ရာအပြင်းအထန်ရထားသော်လည်း သူ့မျက်လုံးများက အေးစက်နေလေသည်။ ရွှေအင်မော်တယ်နှစ်ယောက်၏ဘေးသို့ လျှောက်လာပြီးနောက် သူက အေးစက်စွာ ပြောလိုက်၏ “ငါတို့က ခရမ်းရောင်စိန်သတ္တုကို အရင်ဆုံးရခဲ့တဲ့သူတွေပဲ၊ ဘာလို့ မင်းကို ပေးရမှာလဲ။ မင်းက အင်မော်တယ်သလင်းကျောက်တစ်သန်းပေးရင် ဒါကို ရမယ်လို့ ငါ ပြောခဲ့ပြီးသား၊ မဟုတ်လို့ကတော့ စဉ်းတောင်မစဉ်းစားနဲ့”

ဆယ်ကျော်သက်ကောင်လေးက လက်သီးဆုပ်လိုက်သည်။ သူက မေးစေ့ပွတ်လျက် ဆိုလိုက်၏ “ကောင်းကင်ညဝံပုလွေသဘောကျတဲ့ဘယ်အရာမဆို ဘယ်သူမှ မလုယူရဲဘူး။ မင်း အရင်ရလဲ ငါ့ကို ပေးရမှာပဲ။ အခု ငါ့ကို မပေးဘူးဆိုရင် မင်းတို့တွေ သေရင်တောင် မြေမြုပ်စရာမရှိဖြစ်သွားရလိမ့်မယ်”

ထိုသို့ပြောပြီးနောက် ခရမ်းရောင်ရွှေဘူးတောင်းတစ်ခုက သူ့လက်ထဲတွင် ထွက်ပေါ်လာသည်။ အဖုံးဖွင့်ကာ အင်မော်တယ်ဝိုင်ကို သောက်ရင်း သူက ပြော၏ “မင်းတို့က အခြားအင်မော်တယ်ပိုင်နက်တွေက ဖြစ်ရမယ်။ မင်းတို့က ငါတို့ရဲ့ညဝံပုလွေကလန်ကို တစ်ခါမှ မကြားဖူးသေးဘူးထင်တယ်။ မင်းတို့ကို ငါ ပြောမယ်။ ငါတို့ရဲ့ညဝံပုလွေကလန်က လငေးမြို့ရဲ့အသန်မာဆုံးစွမ်းအားတွေထဲကတစ်ခုပဲ။ ငါတို့မှာ ရွှေအင်မော်တယ်တွေ မရေမတွက်များစွာ ရှိပြီး ငါတို့ရဲ့ဘိုးဘေးက နှောင်းပိုင်းအဆင့်ရွှေအင်မော်တယ်တစ်ယောက်ပဲ။ ဘိုးဘေးက လငေးမြို့ထဲမှာ သူ့မိတ်ဆွေတစ်ယောက်နဲ့ တွေ့နေလို့။ ဒါပေမယ့် သူ ဒီနေရာကို ချက်ချင်း ရောက်လာမှာပါ။ မင်းက အဲဒီခရမ်းရောင်စိန်သတ္တုကို မလွှဲပေးဘူးဆိုရင် မင်းတို့အားလုံး မရှုမလှသေရလိမ့်မယ်”

နှောင်းပိုင်းအဆင့်ရွှေအင်မော်တယ်တစ်ယောက်လား။

နှောင်းပိုင်းအဆင့်ရွှေအင်မော်တယ်နှစ်ယောက်၏မျက်လုံးများက အထင်သေးစွာ လင်းလက်သွား၏။ သို့သော သူတို့က မဟာထန်အင်ပါယာ၏လူများကို ကာကွယ်ရန်အတွက်သာ တာဝန်ရှိသည်၊ ကိစ္စများကို သူတို့ကိုယ်တိုင် ဖြေရှင်းရန် အဆင်မပြေပေ။ ထို့ကြောင့် သူတို့က ချန်ရှောက်ဟွာကို ကြည့်လိုက်သည်။ ချန်ရှောက်ဟွာက အမိန့်ပေးသည်နှင့် သူတို့က ချက်ချင်းတိုက်ခိုက်သတ်ဖြတ်ရလိမ့်မည်။

သို့သော် ချန်ရှောက်ဟွာက အနည်းငယ်တုံ့ဆိုင်းနေသည်။ သူ့ဘေးနားရှိ စွမ်းအားရှင်နှစ်ယောက်ကလည်း နှောင်းပိုင်းအဆင့်ရွှေအင်မော်တယ်များဖြစ်သည်ကို သူမသိပေ။ အပြင်ဘက်တွင် ပြဿနာမရှာရန် ထန်ရှု၏အမိန့်ကို သတိရ၏။ ထို့ပြင် အင်မော်တယ်ကမ္ဘာရှိအနေအထားနှင့်ပတ်သက်၍ သူက အများကြီးမသိပေ၊ အင်မော်တယ်ကမ္ဘာရှိ ကလန်များ၏စွမ်းအားက ဘယ်လောက်ကြီးသလဲကို သူက မရှင်းလင်းပေ။ ထို့ကြောင့် သူက ဘာလုပ်ရမလဲဆိုသည်ကို ဝေခွဲမရဖြစ်နေလေ၏။

ရုတ်တရက် သူတို့၏ဉီးတည်ဘက်သို့ လာနေသောအရှိန်အဝါများကို အာရုံခံမိကာ လူတိုင်း၏အာရုံက လငေးမြို့သို့ ပြောင်းလိုက်ကြသည်။ သူတို့ထဲတွင် မဟာထန်အင်ပါယာ၏ရွှေအင်မော်တယ်နှစ်ယောက်က မလွယ်ဟု ခံစားမိစေသည့် အရှိန်အဝါတစ်ခုပါရှိ၏။

ဝှစ်…ဝှစ်…ဝှစ်…

အသက်ရှုချိန်အနည်းငယ်အတွင်း ပုံရိပ်များက လူတိုင်းအရှေ့တွင် ထွက်ပေါ်လာ၏။

“ကောင်းကင်ညဝံပုလွေ၊ မင်း သတင်းပို့တာကို ငါ ရတယ်။ ဒီနေရာမှာ ဘာဖြစ်နေတာလဲ”အရှေ့ရှိလူအိုကြီးတစ်ယောက်က မျက်မှောင်ကြုတ်လျက် မေးလိုက်၏။

ကောင်းကင်ညဝံပုလွေက ကမန်းကတန်းပြော၏ “ဘိုးဘေး၊ ငါ သဘောကျတဲ့ခရမ်းရောင်စိန်သတ္တုကို ဒီအဖွဲ့က လုယက်ခဲ့တယ်။ အစကတော့ ဂျူနီယာတွေကြား တိုက်ပွဲက အင်မော်တယ်အဆင့်အောက်ပဲ။ ဒါပေမယ့် ငါတို့ကို မနိုင်တဲ့အတွက် အဲဒီအင်မော်တယ်မွန်းစတားက ဝင်ရောက်စွက်ဖက်ခဲ့တယ်။ နောက်တော့ အခြားအကူအညီတွေလဲ ရောက်လာတယ်။ ဒီနှစ်ယောက်က နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်ဖြစ်မယ်”

သိုင်းညဝံပုလွေ။

လွန်ခဲ့သောဆယ်စုနှစ်က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်သို့ ချိုးဖြတ်ခဲ့သည့် ညဝံပုလွေကလန်၏ဘိုးဘေးဖြစ်သည်။ သိုသိုသိပ်သိပ်နေသူတစ်ယောက်အနေနှင့် လငေမြို့ထဲရှိလက်တစ်ဆုပ်စာလူကသာ သူက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ဖြစ်သည်ကို သိကြသည်။ သူက မဟာထန်အင်ပါယာ၏ရွှေအင်မော်တယ်နှစ်ယောက်ကို အနည်းငယ်မျက်မှောင်ကြုတ်လျက် ကြည့်လိုက်၏။ ဤနှစ်ယောက်တွင် ရွှေအင်မော်တယ်အရှိန်အဝါရှိသည်ကို သူက အာရုံခံမိသည့်အတွက် အနည်းငယ် သတိထားလိုက်၏။

“အားနည်းတဲ့နှောင်းပိုင်းအဆင့်ရွှေအင်မော်တယ်နှစ်ယောက်ပါပဲ။ မင်းက လိုချင်ရင် သူတို့ကို သတ်လိုက်ရုံပေါ့”သိုင်းညဝံပုလွေဘေးနားတွင် ရပ်နေသော သက်လတ်ပိုင်းအရွယ်ဖက်တီးက အထင်သေးစွာ ပြောလိုက်၏။

ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဟူသောသူ့အဆင့်အတန်းနှင့် သူ့ဘေးနားရှိ အလယ်ဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဖြစ်သောငရဲကိုးထပ်ဓားမာစတာကို သတိရလျက် သိုင်းညဝံပုလွေက ရုတ်တရက် စိတ်အေးသွားသည်။ ထို့နောက် သူက နှာခေါင်းရှုံ့ကာ ပြောလိုက်၏ “ဒါပေါ့၊ ရွှေအင်မော်တယ်တွေမှာ စွမ်းရည်အချို့ရှိပေမယ့် သူတို့ကို သတ်ရတာက လွယ်ကူတဲ့အလုပ်တစ်ခုပါပဲ”

ချန်ရှောက်ဟွာ၏အမူအရာက ပြောင်းလဲသွား၏။ သူ့ဘေးနားရှိ ရွှေအင်မော်တယ်နှစ်ယောက်၏အမူအရာက အရောင်ပြောင်းလဲသွားသည်ကို သူက ကောင်းကောင်းသတိထားမိ၏။ သူ့နှလုံးသားထဲတွင် ဆိုးဝါးသောအာရုံတစ်ခုက မွေးဖွားလာ၏။

သူက ဒုက္ခပုံတစ်ခုထဲသို့ တိုးမိနေသည်ကို သိလိုက်၏။

သို့သော် သူက အံကြိတ်ကာ ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလျက် ပြော၏ “သင်တို့အားလုံးက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေပဲ။ ဒါပေမယ့် ဒီကိစ္စက ကျန်တဲ့မဟာထန်အင်ပါယာရဲ့အဖွဲ့ဝင်တွေနဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ ငါက သင်တို့ရဲ့ပြိုင်ဘက်လုံးဝမဟုတ်ဘူးဆိုတာ ဝန်ခံပါတယ်။ ခရမ်းရောင်စိန်သတ္တုကို ငါ ပေးမယ်၊ ငါတို့ကို သတ်လို့ရတယ်၊ ဒါပေမယ့် သူတို့က ဘာမှ မပတ်သက်တာကြောင့် ကျန်တဲ့လူတွေကို လွှတ်ပေးပါ”

“ဟမ့်၊ ဒီမဟာထန်အင်ပါယာက ဘာမို့လို့လဲ။ ငတုံးတစ်အုပ်လား”သိုင်းညဝံပုလွေက နှာခေါင်းရှုံ့လိုက်သည်။

ပြောပြီးနောက် သူက တိုက်ခိုက်မည်ပြင်စဉ် ဘေးနားရှိ ငရဲကိုးထပ်ဓားမစတာ၏အမူအရာက ပြောင်းလဲသွားကာ လက်မြှောက်လျက် သူ့ကို တားလိုက်သည်။ ဖက်တီးက ချန်ရှောက်ဟွာကို ကြည့်ကာ မေး၏ “မင်းတို့က မဟာထန်အင်ပါယာရဲ့လူတွေလို့ ပြောခဲ့တယ်နော်။ မဟာထန်အင်ပါယာမှာ မဟာထန်ကောင်းကင်ဘုံဧကရာဇ်လို့ခေါ်တဲ့လူတစ်ယောက်ရှိလား”

မဟာထန်ကောင်းကင်ဘုံဧကရာဇ်လား။

၎င်းက အင်မော်တယ်ကမ္ဘာရှိ ထန်ရှု၏နာမည်တုဖြစ်သည်ကို ချန်ရှောက်ဟွာက သိ၏၊ သူက ပြန်ဖြေလိုက်၏ “သူက ငါတို့မဟာထန်အင်ပါယာရဲ့ဧကရာဇ်ပဲ”

ငရဲကိုးထပ်ဓားမာစတာက မှင်တက်သွားသည်။ သူက ရွှေအင်မော်တယ်နှစ်ယောက်ထံ ချက်ချင်း အကြည့်ပြောင်းကာ မေးလိုက်၏ “မင်းတို့နှစ်ယောက်က မဟာထန်က အကျဉ်းသားပြိုင်ကွင်းကနေ ဝယ်ခဲ့တဲ့သူတွေလား”

သူတို့ထဲက တစ်ယောက်က ပြန်ဖြေ၏ “ဟုတ်ပါတယ်”

ငရဲကိုးထပ်ဓားမာစတာက ရှုံ့မဲ့ပြုံးလျက် လက်ဝှေ့ယမ်းလိုက်သည်။ “ဟူး၊ ညီအကိုသိုင်းညဝံပုလွေ၊ ဒီကိစ္စကို ဒီမှာပဲ ထားလိုက်ရအောင်။ ငါက ငြိမ်းချမ်းရေးစေ့စပ်သူတစ်ယောက်အနေနဲ့ လုပ်ဆောင်ပေးမယ်၊ ခရမ်းရောင်စိန်သတ္တုကို ဒီမဟာထန်အင်ပါယာရဲ့လူတွေကို ပေးလိုက်ပါ”

သိုင်းညဝံပုလွေက အံ့အားသင့်လျက် မေးလိုက်သည် “ညီအကိုငရဲကိုးထပ်၊ ဒီမဟာထန်ကောင်းကင်ဘုံဧကရာဇ်ကို မင်းသိတာလား”

“သူ့ကို သိရုံတင်မက ဒီနှစ်ယောက်ကို အကျဉ်းသားပြိုင်ကွင်းကနေ ငါ ကိုယ်တိုင် ဝယ်ခဲ့ပြီး ထန်ညီအကိုကို ပေးခဲ့တာ။ မူလကတော့ သူက အကျဉ်းသားပြိုင်ကွင်းကနေ နှောင်းပိုင်းအဆင့်ရွှေအင်မော်တယ်အယောက်နှစ်ဆယ်ကို ဝယ်ခဲ့တာ”

အမ်…

မယုံကြည်နိုင်မှုတို့ကြောင့် သိုင်းညဝံပုလွေက အံ့အားတကြီး ရေရွတ်လိုက်၏ “ညီအကိုငရဲကိုးထပ်၊ ဒီမဟာထန်ကောင်းကင်ဘုံဧကရာဇ်ရဲ့ဇာစ်မြစ်က ဘာလဲ။ သူက မင်းရဲ့…ထိုက်တန်လို့လား…”

“ဒါကို ပြောရင် ငါလဲ မဟာထန်ညီအကိုရဲ့သရုပ်မှန်ကို အရမ်းသိချင်တယ်”ငရဲကိုးထပ်ဓားမာစတာက ကြားဖြတ်ပြော၏ “ဒါပေမယ့် လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်လျှို့ဝှက်ချက်ရှိတယ်။ သူက ငါ့ကို မပြောချင်မှတော့ ငါက သူ့ကို ဖိအားမပေးခဲ့ပါဘူး။ ဒါ့အပြင် အရင်က ငါ သူနဲ့ အလောင်းအစားတစ်ခု လုပ်ခဲ့တယ်၊ ငါက ရှုံးလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ဒါကြောင့် သူက နောက်သုံးလကျရင် ငါ့ရဲ့ပြင်ပအကူအညီတွေက တစ်ယောက်ဖြစ်လာတာပဲ”

All Chapters