အတိတ်မှ ခွေးများ
Vol. 94 Ch. 1310
သိုင်းညဝံပုလွေက ခဏစဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ညီအကိုငရဲကိုးထပ်က ငြိမ်းချမ်းရေးစေ့စပ်သူတစ်ယောက်အဖြစ် လုပ်ပေးမှတော့ အဆင်ပြေပါတယ်လေ။ ဒါက သေးငယ်တဲ့ခမ်းရောင်စိန်သတ္တုတစ်ခုလေးပဲ၊ ငါ့ရဲ့မျက်လုံးထဲတောင် မဝင်ပါဘူးလေ”
ကောင်းကင်ညဝံပုလွေက ငရဲကိုးထပ်ဓားမာစတာ၏အဆင့်အတန်းနှင့် ပတ်သက်၍ မသိပေ။ သူက စိုးရိမ်သွားလျက် အော်ပြောလိုက်၏ “ဘာလို့ အပြင်လူရဲ့စကားကို နားထောင်ရတာလဲ၊ ဘိုးဘေး။ အဲဒီခရမ်းရောင်စိန်သတ္တုက ငါ့ရဲ့အရိုးတွေကို ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကျွမ်းကျင်သူတွေလောက် သန်မာအောင် လုပ်ပေးနိုင်တယ်။ ငါ့ကို ရအောင် ကူညီပေးရမယ်”
“ဘယ်လိုတောင် စကားနားမထောင်တဲ့ ကောင်စုတ်လဲ…”
အေးစက်စက်အလင်းတစ်ခုက သိုင်းညဝံပုလွေ၏မျက်လုံးများထဲ၌ လက်သွား၏။ တွန့်ဆုတ်လျက်သားနှင့် သူက ကောင်းကင်ညဝံပုလွေ၏မျက်နှာကို ရိုက်ထည့်လိုက်သည်၊ ထို့နောက် သူက ပြန်လှည့်ကာ လငေးမြို့သို့ ကြည့်လိုက်၏။
တစ်ချိန်တည်းတွင် အရှိန်အဝါအချို့ လာနေသည်ကို အာရုံခံမိသောကြောင့် လူတိုင်းကလည်း လငေးမြို့ရှိရာသို့ အာရုံပြောင်းလိုက်ကြ၏။
“ဟေး၊ ညီအကိုငရဲကိုးထပ်…မင်းက ဒီနေရာမှာ ရှိမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး”
လူတစ်စုနှင့်အတူ ထန်ရှုက လူအုပ်ကြီးအရှေ့သို့ ရောက်လာကာ ပြုံးလျက် ပြောလိုက်၏။
“အစက ငါက လငေးမြို့ထဲမှာပဲ၊ ညီအကိုသိုင်းညဝံပုလွေနဲ့ စကားပြောနေတာ။ ဒါပေမယ့် သူ့မျိုးဆက်ဆီကနေ အကူအညီတောင်းစာရောက်လာမယ်လို့ မထင်ထားခဲ့ဘူး၊ ဒါကြောင့် သူနဲ့အတူ ဒီကို လိုက်လာတာ။ ငါ့ကို အများကြီး အံ့အားသင့်သွားစေတယ်၊ ညဝံပုလွေရဲ့ဂျူနီယာတွေက မင်းရဲ့လူတွေနဲ ပြဿနာတက်နေမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး”
ထန်ရှုက ပြုံးကာ ခေါင်းညိတ်ပြလျက် အင်မော်တယ်ကုသဆေးရှစ်လုံးကို ချန်ရှောက်ဟွာတို့အဖွဲ့ထံ ပစ်ပေးလိုက်၏။ ထို့နောက် သူက သိုင်းညဝံပုလွေဘက်သို့ လှည့်ကာ ပေါ့ပေါ့ပါးပါး ပြော၏ “ဒါဆို ခင်ဗျားက ဆရာသိုင်းညဝံပုလွေပေါ့”
ငရဲကိုးထပ်ဓားမာစတာဖော်ညွှန်းခဲ့သည့်ပြင်ပအကူက အင်မော်တယ်အဆင့်သို့ တက်လှမ်းကာစ လူငယ်တစ်ယောက်ဖြစ်လိမ့်မည်ဟု သူက မမျှော်လင့်ထားခဲ့သည့်အတွက် သိုင်းညဝံပုလွေက မျက်မှောင်ကြုတ်လိုက်၏။
ဒါတောင် သူက သူ့ကိုယ်သူ မဟာထန်ကောင်းကင်ဘုံဧကရာဇ်လို့ အမည်ပေးရဲတာလား။
သိုင်းညဝံပုလွေက တိတ်တဆိတ် ခေါင်းခါယမ်းလိုက်သည်။ သို့သော် ငရဲကိုးထပ်ဓားမစတာကို မျက်နှာသာပေးရန် အလို့ငှာ သူက ပြောမည့်ပြင်စဉ် သူ့မျက်လုံးများက ကူးယန်အာဆီသို့ တစ်ချက်ရောက်ရှိသွား၏။
ဘာ…
သိုင်းညဝံပုလွေ၏အမူအရာက အေးခဲသွားသည်။ သူ့မျက်ခုံးများက ရုတ်တရက် ကျုံ့သွားပြီး သူ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ယင်လာ၏။ နောက်အခိုက်အတန့်တွင် သူက ခြေလှမ်းအနည်းငယ်နောက်ဆုတ်ရင်း ကူးယန်အာကို လက်ညှိုးထိုးလျက် ကြည့်လိုက်လေ၏။
ကူးယန်အာက မျက်မှောင်ကြုတ်လိုက်သည်၊ ဤအင်မော်တယ်ပိုင်နက်တွင် သူမ၏ယခင်အသိအကျွမ်းနှင့် ဆုံတွေ့ရလိမ့်မည်ဟု သူမက မမျှော်လင့်ထားခဲ့ပေ။ ရှေ့တစ်လှမ်းတက်လျက် သူမက စိတ်မဝင်စားစွာ ပြောလိုက်၏ “ကောင်းတယ်၊ ကောင်းတယ်၊ အတိတ်က ငါ့ရဲ့ခွေးတစ်ကောင်က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ဖြစ်လာခဲ့တာပဲ။ ယနေ့ ဒီလိုအရာမျိုးသာ ဖြစ်လာမယ်လို့ ကြိုသိခဲ့ရင် အဲတုန်းက ရှင့်ကို ဒီနေရာမှာတင် သတ်ခဲ့ပြီးပြီ”
သိုင်းညဝံပုလွေ၏မျက်နှာက ငိုသည်ထက် ပိုရုပ်ဆိုးသွား၏။ သူက ကူးယန်အာဆီသို့ တစ်လှမ်းချင်းစီ တိုးလာသည်။ ချွေးသီးချွေးပေါက်များက သူ့နဖူး၊ မျက်နှာနှင့် လည်ပင်းပေါ်မှ တရစပ်ကျဆင်းနေလေသည်။ ကူးယန်အာမှ ဆယ်မီတာအကွာတွင် သူက မြေပြင်ပေါ်သို့ ဒူးထောက်ကာ ခေါင်းကို မြေကြီးနှင့် ဆောင့်လျက် ရေရွတ်လိုက်၏ “သင်က…သင်က…ဒီတစ်ယောက်က တကယ်ကို မိုက်မှားမိပါတယ်။ သူတို့က သင့်ရဲ့လူတွေဆိုတာ ဒီတစ်ယောက်က မသိပါဘူး။ ကျေးဇူးပြုပြီး…ဒီတစ်ယောက်ရဲ့ခွေးအသက်ကို ချမ်းသာပေးပါ…ငါ တောင်းပန်ပါတယ်…”
ယခုမြင်ကွင်းက လူတိုင်းကို အလွန်အံ့အားသင့်သွားစေလေသည်။
အခြားတစ်ဖက်တွင် ငရဲကိုးထပ်ဓားမာစတာက အလွန်သတိကြီးသွားပြီး မိုးသက်မုန်တိုင်းတစ်ခုက သူ့နှလုံးသားထဲတွင် စတင်လာ၏။ သိုင်းညဝံပုလွေက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ဖြစ်သည်ကို မှတ်ထားရမည်။ သူက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်သို့ တက်လှမ်းလာသည်မှာ မကြာသေးဟု ဆိုလျှင်ပင် ဤအဆင့်ထိ ရောက်ရှိနိုင်ခြင်းက သူက အလွန်အားကောင်းသည်ဟု ဆိုလို၏။
ဒါပေမယ့် ဒီလိုပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်က ကူးယန်အာရဲ့အရှေ့မှာ ခွေးတစ်ကောင်လို ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်နေတာလား။ ဒါက မဟာထန်ကောင်းကင်ဘုံဧကရာဇ်ဘေးနားက အမျိုးသမီးက အလွန်ကြောက်စရာကောင်းတဲ့တည်ရှိမှုတစ်ခုဖြစ်တယ်လို့ ဆိုလိုတာပဲ။
ကူးယန်အာက သူ့ကို စိတ်မဝင်စားစွာ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက ထန်ရှုဘက်သို့ လှည့်ကာ ပြော၏ “ဆရာသခင်၊ အရင်တုန်းက အင်မော်တယ်ပိုင်နက်အချို့မှာ ငါ သောင်းကျန်းခဲ့တုန်းက ပုရွက်ဆိတ်အချို့ကို ဖယ်ရှားဖို့ ပျင်းရိခဲ့တယ်၊ ဒါကြောင့် ရက်စက်ကြမ်းကြုတ်တဲ့လူအချို့ကို ဖမ်းပြီး ငါ့ရဲ့စိတ်ကူးကို ထမ်းဆောင်စေခဲ့တယ်။ အဲတုန်းက ဒီအကောင်က ရွှေအင်မော်တယ်အဆင့်ပဲ ရှိသေးတာကို ငါ မှတ်မိပါတယ်”
ဆရာသခင်…ဆရာသခင်လား။
ဘောင်းဘီမှ သေးထွက်ကျလုနီးပါးအထိ သိုင်းညဝံပုလွေက ကြောက်ရွံ့သွားခဲ့သည်။ အတိတ်တွင် ဤအမျိုးသမီးနတ်ဆိုးက ကြောက်စရာကောင်းလွန်းခဲ့သည်။ ဒါပေမယ့် သူမက ဒီမဟာထန်ကောင်းကင်ဘုံဧကရာဇ်ကို ဆရာသခင်လို့ ခေါ်ဆိုခဲ့တာလား။
ဘုရားသခင်…ဒါဆို…သူတို့က…သူတို့က သူတို့ရဲ့စွမ်းအားကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတာပေါ့။ ဒီရွံ့စရာကောင်းတဲ့လူတွေက ကျားကို ဝါးမျိုဖို့ ဝက်တွေလို သရုပ်ဆောင်နေတာပဲ…
ထန်ရှုက ခေါင်းညိတ်လိုက်ပြီး ဒူးထောက်နေသောသိုင်းညဝံပုလွေကို ကြည့်လိုက်၏။ ဤကိစ္စကို မည်သို့ဖြေရှင်းရန်အတွက် သူက လျင်မြန်စွာ တွေးလိုက်သည်။ သူတို့၏သရုပ်မှန်က အလွန်အရေးကြီးပြီး အလွယ်တကူ ပေါက်ကြားလို့မရပေ။ ကူးယန်အာက သူ့ကို တစ်ခါ ပြောခဲ့ဖူးသည်၊ အတိတ်တွင် သူမက လူများစွာ သတ်ဖြတ်ခဲ့သော်လည်း လူအနည်းငယ်ကသာ သူမက သူ့တပည့်ဖြစ်သည်ကို သိကြ၏။
အခြားစကားဖြင့် ဆိုရလျှင် ကူးယန်အာက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲဆိုသည်ကို သိရုံမျှနှင့် ကူးယန်အာမှတစ်ဆင့် သူဘယ်သူဖြစ်သည်ကို ဤအကောင်က မခန့်မှန်းနိုင်လောက်ပေ။
ထို့ပြင် ဤလူက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ဖြစ်သည်။ နှစ်ဖက်လုံးက နောက်ဆုံးတွင် ထိပ်တိုက်ရင်ဆိုင်လျှင် သူ့ဘက်က အနိုင်ရလျှင်ပင် ကြီးမားသောတန်ဖိုးတစ်ခုကို ပေးဆပ်ရပေလိမ့်မည်။
ဒါဆို…
ထန်ရှုက သက်ပြင်းချကာ ပြောလိုက်သည် “မင်း သိတယ်၊ ယန်အာ၊ ဆရာက မင်းကို အကြိမ်ပေါင်းမြောက်များစွာ ပြောခဲ့တယ်။ အပြစ်မရှိတဲ့လူတွေကို ဘယ်တော့မှ မသတ်ပါနဲ့လို့။ မင်းက အရမ်းဆိုးခဲ့ပြီး နေရာတိုင်းမှာ ပြဿနာရှာခဲ့တယ်၊ ငါ မင်းကို ဘယ်တော့ကို မထိန်းချုပ်ခဲ့ဘူး။ ဒါပေမယ့် ငါ မင်းကို အခုလိုတွေ ထပ်လုပ်ခွင့်မပြုတော့ဘူး။ သူ…တကယ်တော့ သူက မင်းအတွက် အတိတ်မှာ အလုပ်လုပ်ပေးခဲ့ပြီး မင်းရဲ့ရန်သူတစ်ယောက်လဲ မဟုတ်ဘူး။ သူ့ကို သွားခွင့်ပြုလိုက်ပါ…”
ကူးယန်အာက သူ့ရည်ရွယ်ချက်ကို နားလည်သည်၊ သူမက သိုင်းညဝံပုလွေထံ အကြည့်ပြောင်းကာ ပြောလိုက်၏ “ဘာကို လုပ်သင့်တယ်၊ ဘာကို မလုပ်သင့်ဘူး…ဘာကို ပြောသင့်တယ်၊ ဘာကို မပြောသင့်ဘူး…ငါ့ရဲ့စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး ရှင် ကောင်းကောင်းသိမှာပါ…ဟုတ်တယ်မလား”
သိုင်းညဝံပုလွေက ဝမ်းသာသွားကာ ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ဒီတစ်ယောက်က သင့်ရဲ့စည်းမျဉ်းတွေကို သေချာလိုက်နာပါ့မယ်။ မလုပ်သင့်တာတွေကို ဘယ်တော့မှ မလုပ်ပါဘူး၊ မပြောသင့်တာတွေကို ဘယ်တော့မှ မပြောပါဘူး”
“ဒါဆို ရှင့်ရဲ့အသိုက်ကို ပြန်သွားတော့…”ကူးယန်အာက ပြော၏ “နောက်ရာစုနှစ်အထိ ရှင့်ကို အပြင်ထွက်ခွင့်မပြုဘူး”
“ကောင်းပါပြီ…ကောင်းပါပြီ။ ဒီတစ်ယောက်က ချက်ချင်း ထွက်သွားပါ့မယ်”
သိုင်းညဝံပုလွေက ကျေးဇူးတင်လျက် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်၏။ ညဝံပုလွေကလန်၏ကျန်ရှိနေသောလူများက ပေါက်ကွဲထွက်ကာ သွေးမြူတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။ ထို့နောက် သူက အဝေးသို့ ချက်ချင်း ထွက်ပြေးသွားလေ၏။
ငရဲကိုးထပ်ဓားမာစတာက ယခု လုံးတတုန်လှုပ်သွားခဲ့ချေပြီ။ သိုင်းညဝံပုလွေလို ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်က ဒီလောက်ထိ ကြောက်ရွံ့သွားလိမ့်မည်ဟု သူက မထင်ထားခဲ့ပေ။ တစ်ဖက်လူ၏အဆင့်အတန်းကြောင့် သူက သူ၏ကိုယ်ပိုင်သွေးမျိုးဆက်ကိုပင် သတ်ဖြတ်ခဲ့၏။
သူက…သူက တကယ်ပဲ ကြောက်စရာကောင်းတာလား။
ထန်ရှုက တိတ်တဆိတ် ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် သူက ငရဲကိုးထပ်ဓားမာစတာကို ကြည့်ကာ ပြုံးလျက် ပြော၏ “အာ၊ မင်းကို ဒီလိုမြင်ကွင်းကို မြင်တွေ့စေခဲ့တဲ့အတွက် ငါ အရှက်ရမိပါတယ်၊ အကိုငရဲကိုးထပ်”
ငရဲကိုးထပ်ဓားမာစတာက တိတ်တဆိတ် သက်ပြင်းချလျက် အားတင်းကာ ပြုံးလိုက်၏။ “ဒါကို ဟာသတစ်ခုလို့ သတ်မှတ်လို့မရဘူး။ ငါတောင် နည်းနည်းကြောက်သွားတယ်။ ညီအကိုသိုင်းညဝံပုလွေ…ကောင်းတာတွေဆိုးတာတွေအတွက်၊ သူလဲပဲ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ပဲလေ၊ ဒါပေမယ့် သူက…ငါ မထင်ထားခဲ့ဘူး၊ ဟူး…ထားလိုက်ပါတော့။ မပြောသင့်မမေးသင့်တဲ့အရာတွေရှိတယ်ဆိုတာ ငါ နားလည်ပါတယ်။ ဒါနဲ့ ညီအကိုထန်၊ ငါ့ရဲ့အလောင်းအစားပြိုင်ပွဲက သုံးလလောက်ပဲ လိုတော့တယ်။ ဒါကြောင့် မင်းရဲ့အကူအညီကို ထည့်တွက်နိုင်ဖို့ ငါ မျှော်လင့်တယ်”
“မစိုးရိမ်ပါနဲ့…”ထန်ရှုက ခေါင်းညိတ်လျက် ပြုံးကာ ပြော၏ “ငါ အကောင်းဆုံး လုပ်မှာပါ”
ထို့နောက် ငရဲကိုးထပ်ဓားမာစတာက ကူးယန်အာကို တစ်ချက်ထပ်ကြည့်ပြီးနောက် ထွက်ခွာသွား၏။
ဤအချိန်တွင် ထန်ရှုတို့အဖွဲ့သာ ကျန်ရှိတော့၏။
“ဆရာသခင်၊ ငါ့ကို အဲဒီသိုင်းညဝံပုလွေကို သတ်စေချင်လား”ကူးယန်အာက အသံပို့လျက် မေးလိုက်၏။
“မင်းရဲ့သရုပ်မှန်နဲ့ငါတို့ကြားဆက်ဆံရေးကို သူ သိလား”ထန်ရှုက မေး၏။
“သူက ငါ့ရဲ့သရုပ်မှန်ကို သိတယ်၊ ဒါပေမယ့် ငါတို့ရဲ့ဆက်ဆံရေးကို သူ မသိဘူး”ကူးယန်အာက ပြန်ဖြေသည်။
“မင်းရဲ့သရုပ်မှန်ကို သူ သိတာက ဒုက္ခများစေတာပဲ”ထန်ရှုက ပြော၏ “အခြားသူတွေက ငါတို့ရဲ့ဆက်ဆံရေးကို မသိနိုင်ပေမယ့် ကောင်းကင်ဧကရာဇ်ထျန်းကျီနဲ့အရိပ်နတ်ဆိုးကျူဝူရှို့တို့အပါအဝင် လက်တစ်ဆုပ်စာလောက်က သိကြတယ်။ သူ့ကို ဖယ်ရှားဖို့က ငါတို့တွေ မထွက်သွားခင် လုပ်ရမယ့်အရာပဲ”
“ဒီလိုဆိုရင် ငါတို့တွေ ဒီနေရာမှာ အကြာကြီး ထပ်နေရမှာပေါ့”ကူးယန်အာက ပြန်ပြောသည်။
ထန်ရှုက ခဏစဉ်းစားပြီးနောက် ပြော၏ “မလိုဘူး။ ကောင်းကင်ဘုံပိုက်ကွန်အင်မော်တယ်ပိုင်နက်ကို သွားဖို့ ငါ ပြင်ဆင်နေတယ်၊ ငရဲကိုးထပ်ဓားမာစတာရဲ့အလောင်းအစားမတိုင်ခင် ငါ ပြန်လာမယ်”
“ဘာသွားလုပ်မလို့လဲ၊ ဆရာသခင်”ကူးယန်အာက အမူအရာပြောင်းလဲသွားလျက် ကမန်းကတန်းမေး၏။
“သေခြင်းစစ်သည်တော်တွေကို ထပ်ဝယ်မလို့”ထန်ရှုက ပြောလိုက်သည်။
“ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ကို ဝယ်မလို့လား”ကူးယန်အာက မေး၏ “ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်သတ်ဖြတ်ဖျော်ဖြေသူတစ်ယောက်က ကြောက်စရာကောင်းလောက်အောင် အားကောင်းတယ်ဆိုတာ ဆရာသခင်လဲ သိတာပဲ။ ငါတို့မှာ အဲလောက်များပြားတဲ့သလင်းကျောက်အဆီအနှစ်တွေရှိလို့လား”
“ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်သတ်ဖြတ်ဖျော်ဖြေသူတစ်ယောက်ကို သလင်းကျောက်အဆီအနှစ်ဆယ်သန်းကျော်နဲ့ ဝယ်ယူလို့ရမယ်”ထန်ရှုက ပြော၏ “လက်ရှိ ငါ့မှာ သလင်းကျောက်အဆီအနှစ်အများကြီးရှိတယ်၊ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်သတ်ဖြတ်ဖျော်ဖြေသူတစ်ယောက်ကို ဝယ်ယူဖို့ လုံလောက်တယ်။ ငါ ကောင်းကင်ဘုံပိုက်ကွန်အင်မော်တယ်ပိုင်နက်ကို သွားတဲ့အခါ သလင်းကျောက်အဆီအနှစ်တွေ ထပ်ရဖို့ နည်းလမ်းတွေကို ရှာပြီး ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်သတ်ဖြတ်ဖျော်ဖြေသူအနည်းငယ်ကို ဝယ်မယ်”
“ငါလဲ လိုက်ပါလို့ရမလား၊ ဆရာသခင်။ ငါ စိတ်မချဘူး”ကူးယန်အာက ပြော၏။
“ငါ့ရဲ့မူလရုပ်မှန်ကို မမေ့ပါနဲ့၊ ယန်အာ”ထန်ရှုက တည်ငြိမ်စွာ ပြော၏ “ငါက အန္တိမအရှင်တစ်ယောက်ဖြစ်ခဲ့တာကြောင့် ငါ့မှာ အသက်ရှင်ဖို့နည်းလမ်းတွေ အများကြီးရှိတယ်။ ပြီးတော့ လက်ရှိအချိန်မှာ မင်းက လငေးမြို့ကနေ ထွက်သွားလို့မရဘူး။ အဲကောင်က မင်းကို စောင့်ကြည့်ဖို့ လူတွေ လွှတ်ထားမယ်ဆိုတာ သေချာတယ်။ မင်းက လငေးမြို့ထဲမှာ နေနေမှပဲ အဲကောင်ကို စိတ်အေးစေနိုင်မယ်”
ကူးယန်အာက ခေါင်းညိတ်ကာ ပြော၏ “ဒါဆို ရွှေအင်မော်တယ်တွေအားလုံးကို ခေါ်သွားရမယ်၊ ဆရာသခင်”
“မလိုဘူး။ တိုက်ပွဲပမ်နဲ့အခြားလေးယောက်ကိုပဲ ခေါ်သွားမယ်။ ကျန်တဲ့သူတွေက မင်းနဲ့ နေခဲ့ရမယ်”ထန်ရှုက ပြော၏ “လူနည်းနည်းနဲ့ ခရီးသွားတာက အခြားသူတွေ သတိပြုမိဖို့ မလွယ်ဘူး၊ ပြီးတော့ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အနည်းငယ်ကို ဝယ်ပြီးတာနဲ့ ငါက အန္တရာယ်ဖြစ်လိမ့်မှာ မဟုတ်တော့ဘူး”
“ဒါက…”
ကူးယန်အာက ထပ်ငြင်းခုံချင်သေးသည်။ သို့သော် ထန်ရှု၏ပြတ်သားသောအမူအရာကို မြင်ပြီးနောက် သူမက နောက်ဆုံးတွင် သဘောတူလိုက်ရ၏။
များမကြာမီ သူတို့အဖွဲ့က လငေးမြို့သို့ ပြန်ရောက်လာသည်။ နှစ်ရက်ကြာပြီးနောက် ထန်ရှုက တိုက်ပွဲပမ်နှင့်ရွှေအင်မော်တယ်လေးယောက်ကို ခေါ်ကာ တိတ်တဆိတ် ထွက်လာခဲ့သည်။ လငေးစံအိမ်မှ အကြီးအကဲရွှေအင်မော်တယ်ကလွဲပြီး သူ၏ထွက်ခွာမှုကို တစ်ယောက်မှ မသိပေ။
ဟက်ဆန်ရဲတိုက်နှင့်ကောင်းကင်ဘုံပိုက်ကွန်အင်မော်တယ်ပိုင်နက်ကြားတွင် အင်မော်တယ်ပိုင်နက်တစ်ခုသာ ရှိ၏။ တစ်ပတ်ကြာပြီးနောက် ထန်ရှုတို့အဖွဲ့က ကောင်းကင်ဘုံပိုက်ကွန်အင်မော်တယ်ပိုင်နက်သို့ ရောက်ရှိလာ၏။ လမ်းတစ်လျှောက်တွင် သူတို့က ပြဿနာအချို့ တွေ့ခဲ့သော်လည်း တိုက်ပွဲပမ်နှင့်အခြားလေးယောက်၏အရှိန်အဝါက ပြဿနာအားလုံးကို ခြောက်လှန့်ကာ တိုက်ပွဲကို ရှောင်ရှားနိုင်ခဲ့၏။