← Chapters

စွန့်စားလိုသောစိတ်

Vol. 94 Ch. 1312

စွန့်စားလိုသောစိတ်

Vol. 94 Ch. 1312

ဘာပြောသင့်ကို စိတ်ထဲ၌ လျင်မြန်စွာ အစီအစဉ်ချပြီးနောက် ချင်ယုက ပြောပြ၏ “ဆရာ၊ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်ကျော်က အနေအထားနဲ့ ပတ်သက်ပြီး ငါ မသိဘူး၊ ဒါကြောင့် အဲတုန်းကနဲ့ လက်ရှိအနေအထားက ဘယ်လိုကွာခြားသလဲဆိုတာ ငါ မပြောပြတတ်ဘူး။ လက်ရှိအချိန်မှာ အကျဉ်းသားပြိုင်ကွင်းရဲ့တစ်ဝက်ကို ဆိုင်ခန်းတွေက နေရာယူထားတယ်။ ကျန်တစ်ဝက်က အကျဉ်းထောင်ဖြစ်ပြီး သေခြင်းဖိုက်တာတွေ တိုက်ခိုက်တဲ့နေရာလဲ ဖြစ်တယ်။ နေရာရဲ့အတွင်းပိုင်းအကျဆုံးကတော့ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်သတ်ဖြတ်ဖျော်ဖြေသူတွေ တိုက်ခိုက်တဲ့နေရာတစ်ခုပဲ…”

ချင်းယု၏ပြောကြားချက်မှတစ်ဆင့် ဤနေရာရှိ အနေအထားကို ထန်ရှုကို နားလည်လိုက်သည်။ ၎င်းက လွန်ခဲ့သောနှစ်နှစ်ထောင်နှင့် အများကြီးမခြားနားပေ။

ဆိုင်ခန်းများကို ဖြတ်လျှောက်လာရင်း ထန်ရှု၏နှလုံးသားက ယားကျိကျိဖြစ်နေရာ သူက မနည်းထိန်းချုပ်ထားရသည်။ ဤနေရာသို့ လာရောက်သည့် သူ၏အဓိကရည်ရွယ်ချက်က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များကို ဝယ်ယူရန် ဖြစ်သည်၊ ထို့ကြောင့် လက်ရှိအချိန်တွင် ရတနာများအပေါ်၌ ပိုက်ဆံကို မဖြုန်းလိုပေ။

“အလောင်းအစားနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုလဲ၊ ချင်ယု။ ဒီနေရာက တိုက်ပွဲအဆင့်တွေကြားမှာ အလောင်းအစားနဲ့ ပတ်သက်ပြီး ခြားနားချက်တစ်ခုခုများ ရှိသလား”ထန်ရှုက တည်ငြိမ်စွာ မေးလိုက်၏။

“ဆရာပြောတာ မှန်တယ်။ အရင်ကတော့ အကျဉ်းသားပြိုင်ကွင်းရဲ့အလောင်းအစားအဆင့်က ပိုမြင့်လေလေ၊ အနိုင်ရတဲ့ပိုက်ဆံအချိုးအစားက ပိုမြင့်လေလေပဲ။ ဒီစည်းမျဉ်းကို ဒီနေရာမှာ မသုံးတော့ဘူး၊ အခုက သတ်ဖြတ်ဖျော်ဖြေသူတစ်ယောက်ချင်းရဲ့ခွန်အားစစ်ဆေးချက်နဲ့ သူတို့ရဲ့လုပ်ဆောင်ချက်မှတ်တမ်းတွေပေါ်မှာ အခြေခံပြီး လောင်းကြေးအဆတွေက အချိန်မရွေး ပြောင်းလဲနိုင်တယ်”ချင်ယုက ရှင်းပြ၏။

ထန်ရှု၏မျက်လုံးများက လင်းလက်သွားလျက် ထပ်မေးလိုက်၏ “ဒါဆို လက်ရှိအချိန်ထိ အမြင့်ဆုံးလောင်းကြေးအဆက ဘာလဲ”

ခဏစဉ်းစားပြီးနောက် ချင်ယုက ပြောလိုက်သည် “ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း အမြင့်ဆုံးအဆက လွန်ခဲ့တဲ့လေးနှစ်က တိုက်ပွဲပဲ။ အဲတုန်းက လောင်းကြေးအဆက လေးဆယ့်နှစ်ဆ ဖြစ်ခဲ့တယ်။ အနိုင်ရရင် လောင်းတဲ့ပမာဏရဲ့လေးဆယ့်နှစ်ဆကို ရမယ်၊ ရှုံးရင် ဘာမှမရဘူးလို့ ဆိုလိုတယ်။ အဲပြိုင်ပွဲကို မှတ်မိနေသေးတယ်၊ လူအများစုက သူတို့ရဲ့သွေးတွေတောင် ရှုံးဆုံးခဲ့ရပြီး လက်တစ်ဆုပ်စာလူတွေက ညတွင်းချင်း ချမ်းသာသွားခဲ့ကြတယ်”

ထန်ရှုက ပြုံးကာ ခေါင်းညိတ်လိုက်သည် “အင်း…အင်း။ အကျဉ်းသားပြိုင်ကွင်းက နောက်ဆုံးတော့ စိတ်လှုပ်ရှားစရာတွေ ရှိလာပြီပဲ။ အခုတော့ ဒီခရီးကို ငါက ပိုတောင် တက်ကြွလာပြီ။ ကောင်းပြီလေ၊ လှုပ်ရှားကြတာပေါ့။ ငါ့ကို ကောင်းကင်ဘုံအင်မော်တယ်အကျဉ်းထောင်အဆင့်ဆီ ခေါ်သွားပါ…”

“နားလည်ပါပြီ”

ချင်းယု၏မျက်လုံးများက ပိုတောက်ပသွားသည်။ အကျဉ်းထောင်အခန်းအဆင့်က ပိုမြင့်လေလေ၊ ဧည့်သည်၏ခွန်အားက ပိုသန်မာလေလေဖြစ်သည်၊ ဒါက အကျဉ်းသားပြိုင်ကွင်းတွင် သင်ယူခဲ့သော ပုံမှန်အသိတစ်ခုပင်။ ထို့ကြောင့် ဤဧည့်သည်က အင်မော်တယ်အဆင့်အထက်စွမ်းအားရှင်တစ်ယောက်ဖြစ်ရမည်ဟု သူမက ပိုသေချာလာ၏။

အကျဉ်းခန်းများထဲမှ တစ်ခုတွင်။

ချင်ယု၏ဉီးဆောင်မှုနှင့်အတူ ထန်ရှုတို့အဖွဲ့က ပေါ်တယ်ထဲသို့ ဝင်လာ၏၊ အဝေးတစ်နေရာတွင် ကောင်းကင်ဘုံအင်မော်တယ်နှစ်‌ယောက်တိုက်ခိုက်နေသည်ကို သူတို့က မြင်လိုက်ရ၏၊ ပရိသတ်များက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်အားပေးနေကြ၏။

ထန်ရှုက ဤအကျဉ်းခန်းထဲရှိ သေခြင်းစစ်သည်တော်၃၆၀ယောက်၏မှတ်တမ်းများကို ဖတ်လိုက်သည်။ ဖတ်ပြီးနောက် သူက ပွဲကြည့်စင်သို့ လာကာ ထိုင်ခုံတွင် နေရာယူလိုက်၏။

သူတို့၏အတွေ့အကြုံနှင့်ခွဲခြမ်းစိတ်ဖြာမှုကို အားကိုး၍ ကံကောင်းသော လက်တစ်ဆုပ်စာလူများကသာ ဒီလိုအလောင်းအစားပြိုင်ပွဲတစ်ခုကို ကံစမ်းကြသည်။ ထန်ရှု၏လက်ရှိခွန်အားက အလွန်အားနည်းသော်လည်း သူက အန္တိမအရှင်တစ်ယောက်အနေနှင့် အတွေ့အကြုံနှင့်အမြင်အာရုံတို့ ရှိသေး၏၊ ထို့ကြောင့် ဘယ်ကောင်းကင်ဘုံအင်မော်တယ်က ပိုသန်မာပြီး ဘယ်တစ်ယောက်က ပိုအားနည်းသည်ကို သူက အလွယ်တကူ ဆုံးဖြတ်နိုင်သည်။

“တိုက်ပွဲပမ်၊ မင်းက ငါနဲ့ နေခဲ့ပါ၊ မင်းတို့လေးယောက်က ကစားလို့ရတယ်…ငါ မင်းတို့ကို အင်မော်တယ်သလင်းကျောက်တစ်သန်းစီ ပေးမယ်။ မင်းတို့ရှုံးလဲ ဘာမှမဖြစ်ဘူး၊ ဒါမေပယ့် မင်းတို့နိုင်ရင် ဆယ်ရာခိုင်နှုန်းကို ယူလို့ရတယ်၊ ကျန်တာကို ငါ့ကို ပေးပေါ့”ထန်ရှုက အင်မော်တယ်သလင်းကျောက်များကို ယူထုတ်ကာ လူလေးယောက်ထံ ကမ်းပေးလိုက်သည်။ ထို့ကြောင့် သူက တိုက်ပွဲဆီသို့ အာရုံပြောင်းလိုက်၏။

လူလေးယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီးနောက် အင်မော်တယ်ကျောက်တုံးများကို ယူကာ ထွက်ခွာသွားကြ၏။

တိုက်ပွဲကို ကြည့်နေရင်း ထန်ရှုက ချင်ယုထံ အကြည့်ပြောင်းကာ ပြုံးလျက် မေးလိုက်၏ “မင်းရော လောင်းကစားချင်လား”

“ရှင်…”ချင်ယုက ခဏအေးခဲသွားပြီး စိတ်ရှုပ်ထွေးသောအကြည့်တစ်ခုက သူမ၏လှပသောမျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။

“ကောင်းပြီလေ၊ လက်ရှိ တိုက်ခိုက်နေသူနှစ်ယောက်ရှိတယ်။ မင်း ကြိုက်ရာတစ်ယောက်ကို ရွေး၊ အခြားတစ်ယောက်ကို ငါ ရွေးမယ်။ မင်းနိုင်ရင် ငါ မင်းကို အင်မော်တယ်ကျောက်တုံးအချို့ပေးမယ်၊ ငါ ရှုံးရင် မင်းကို အချို့ပေးမယ်။ ဘယ်လိုလဲ”

ချင်ယုက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်၊ သို့သော် တုံ့ဆိုင်းသွားပြီးနောက် သူမက ခေါင်းခါယမ်းလိုက်၏ “ငါ တောင်းပန်ပါတယ်၊ ဆရာ။ ငါ အရှုံးကို မတတ်နိုင်ဘူး”

ထန်ရှုက အံ့အားသင့်သွားလျက် မေးလိုက်သည် “မင်းက အကျဉ်းသားပြိုင်ကွင်းမှာ အလုပ်လုပ်နေတာပဲ၊ ဒါကြောင့် မင်းက ဧည့်သည်တွေဆီကနေ‌ ဘောက်ဆူးတွေ သေချာပေါက် ရမှာပေါ့။ မင်းမှာ အနည်းဆုံး အင်မော်တယ်ကျောက်တုံးအချို့ ရှိမှာပဲ။ ဒါပေမယ့် မင်းက လောင်းကစားဖို့ မတတ်နိုင်ဘူးလို့ ပြောခဲ့တာလား”

“ငါ…ငါ မတတ်နိုင်ဘူး။ ငါ…ငါ အတိုးနှုန်းများတဲ့အကြွေးတစ်ခု တင်ထားတယ်။ အင်မော်တယ်ကျောက်တုံးတိုင်းက ငါ့အတွက် အရမ်းအရေးကြီးတယ်”ချင်ယုက ပြန်ဖြေ၏။

ထန်ရှုက သူမကို ထူးဆန်းစွာ တစ်ချက်ကြည့်လိုက်သည်။ ဤမိန်ကလေးက သိမ်မွေ့သောစိတ်နေသဘောထားရှိသည်ကို သူက အကဲခတ်မိ၏။ ဒါပေမယ့် သူမမှာ အကြွေးတစ်ခုရှိနေတာလား။

စာအုပ်တစ်အုပ်ကို အဖုံးနဲ့ ဆုံးဖြတ်လို့မရဘူးဆိုတာ အမှန်ပဲ…

စိတ်ထဲ၌ သက်ပြင်းချပြီးနောက် ထန်ရှုက အလောင်းအစားအကြောင်းပြောခြင်းကို ရပ်တန့်လိုက်၏။

နှစ်နာရီကြာပြီးနောက် နောက်တိုက်ပွဲက စတင်လာခဲ့သည်။

“အဲဒီတောက်လောင်မီးလျှံကောင်းကောင်ဘုံအင်မော်တယ်ကို အင်မော်တယ်သလင်းကျောက်တစ်သန်း လောင်းလိုက်ပါ”

ထန်ရှုက တိုက်ပွဲပမ်ထံ ယာယီအသုံးပြုသောသိုလှောင်လက်စွပ်တစ်ကွင်းကို ပေးပြီးနောက် တည်ငြိမ်စွာ အမိန့်ပေးလိုက်၏။

တိုက်ပွဲပမ်က ခဏတုံ့ဆိုင်းပြီးနောက် အသံနှိမ့်လျက် ပြောလိုက်၏ “သခင်၊ အခြားလေးယောက်လဲ မရှိတော့ဘူး၊ ငါ ထွက်သွားရင် ဘေးနားမှာ တစ်ယောက်မှ မရှိ…”

ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “သွားစမ်းပါ။ လူသတ်သမားက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်မဟုတ်သရွေ့ ဘယ်သူမှ ငါ့ကို မသတ်နိုင်ဘူး”

ထန်ရှု၏ယုံကြည်ချက်က ဘယ်နေရာမှ လာသည်ကို တိုက်ပွဲပမ်က မသိပေ။ သို့သော် သူက နောက်လိုက်တစ်ယောက်မျှသာဖြစ်၏၊ ထို့ကြောင့် အမိန့်ကို နာခံလျက် ထန်ရှု၏ညွှန်ကြားချက်အတိုင်း ထွက်လာလိုက်သည်။ ငွေကိုင်ထံမှ အလောင်းအစားစာချုပ်ကို ယူပြီးနောက် သူက ထန်ရှုထံ လျင်မြန်စွာ ပြန်လာကာ အစီအရင်ခံလိုက်၏။

သူတို့နေရာမှ မီတာအနည်းငယ်အကွာတွင်။

အားနည်းသောကျောင်းတော်သားတစ်ယောက်လို ဝတ်ဆင်ထားသော အဖြူရောင်ဝတ်လူငယ်တစ်ယောက်က ထန်ရှုဘက်သို့ အံ့အားသင့်သောအမူအရာနှင့် လှည့်လိုက်သည်။ ခဏစဉ်းစားပြီးနောက် သူက ခေါင်းခါယမ်းလျက် ပြောလိုက်၏ “အင်မော်တယ်မိတ်ဆွေ၊ တောက်လောင်မီးလျှံကောင်းကင်ဘုံအင်မော်တယ်က အလယ်ဆင့်ကောင်းကင်ဘုံအင်မော်တယ်တစ်ယောက်သာ ဖြစ်ပြီး လတ်ဆတ်ရေကောင်းကင်ဘုံအင်မော်တယ်က နှောင်းပိုင်းအဆင့်ပဲ။ ဒါ့အပြင် ရေက မီးကို နိုင်တယ်၊ ဒါကြောင့် လတ်ဆတ်ရေမှာ တောက်လောင်မီးလျှံကို ဖိနှိပ်ဖို့ နည်းလမ်းနှစ်ခုရှိတယ်။ ဘာလို့ သူ့ကို လောင်းလိုက်ရတာလဲ၊ ဒါက သုံးလေးတစ်လေးမဟုတ်လား”

ထန်ရှုက လူငယ်ထံ လှည့်ကြည့်လိုက်သည်။ သူ့ပုံပန်းသွင်ပြင်ကို လေ့လာပြီးနောက် ထိုလူငယ်က မကောင်းသောရည်ရွယ်ချက်မရှိ၊ သူ့ကျင့်ကြံခြင်းက နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်အဆင့်မျှသာ ရှိသည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် သူက ပြုံးလျက် ပြန်ဖြေ၏ “မြင်းတစ်ကောင်က ညဘက်မှာ မြက်ကို မစားရင် ဝလာမှာ မဟုတ်သလိုပေါ့၊ ပွပေါက်က ဆင်းရဲတဲ့လူတစ်ယောက်ဆီ ရောက်လာမှာ မဟုတ်ဘူး။ ဒါက ငါ့ရဲ့လောင်းကစားနည်းနာပဲ။ စွန့်စားမှု ကြီးလေ၊ ပြန်ရတာ ကြမ်းလေပဲ။ လတ်ဆတ်ရေကောင်းကင်အင်မော်တယ်က အနိုင်ရမယ်လို့ လူတိုင်းက ထင်ကြတယ်၊ ဒါကြောင့် အခြားဘက်ကို ငါ လောင်းတယ်။ အဲဒီတောက်လောင်မီးလျှံကောင်းကင်အင်မော်တယ်က သေချာပေါက် အနိုင်ရလိမ့်မယ်”

လောင်းကစားနည်းနာလား။ မြင်းတစ်ကောင်က ညဘက်မှာ မြက်ကို မစားရင် ဝလာမှာ မဟုတ်သလို လူတစ်ယောက်က ပွပေါက်မတိုးဘဲနဲ့ ချမ်းသာမှာ မဟုတ်ဘူးတဲ့လား။

လူငယ်၏မျက်လုံးများက လင်းလက်သွားပြီး သူက ဤစာနှစ်ကြောင်းကို ဂရုတစိုက် တွေးတောခံစားလိုက်၏။ သူက ပိုတွေးလေလေ၊ ဒါက သဘာဝကျလေဟု ခံစားမိလာသည်။။ ထန်ရှုထံ နက်ရှိုင်းစွာ တစ်ချက်ကြည့်ပြီးနောက် သူက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူ့ဘေးနားရှိ အဖော်နှစ်ယောက်ဘက်သို့ လှည့်ကာ ပြောလိုက်၏ “ငါ တောက်လောင်မီးလျှံအနိုင်ရမယ့်ဘက်ကို လောင်းမယ်”

“မင်း ရူးနေလား”

“မင်းခေါင်းတစ်ခုခု ဖြစ်သွားတာလား။ အဲအကောင်ပြောတာကို ကြားလိုက်တာကြောင့်လား”

အခြားလူငယ်နှစ်ယောက်က မယုံကြည်နိုင်ဖြစ်လျက် တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြ၏။

အဖြူရောင်ဝတ်လူငယ်က သက်ပြင်းတစ်ချက်ရှိုက်လျက် ပြတ်သားစွာ ပြောလိုက်သည် “ဘာမှ ထပ်မပြောနဲ့တော့။ ဘာကြောင့်မှ မဟုတ်ဘူး၊ သူ ပြောခဲ့တဲ့စာနှစ်ကြောင်းကို ငါ လက်ခံတယ်။ တောက်လောင်မီးလျှံကို လောင်းဖို့ ငါ ဆုံးဖြတ်ထားပြီးပြီ။ မစိုးရိမ်ပါနဲ့။ ငါ အများကြီး မလောင်းပါဘူး၊ ရှုံးရင်တောင် ငါက ဝမ်းနည်းမှာ မဟုတ်ဘူး”

လူငယ်တစ်ယောက်က မေးလိုက်သည် “မင်းက ဘယ်လောက် လောင်းမလို့လဲ”

အဖြူရောင်ဝတ်လူငယ်က ပြန်ဖြေသည် “အင်မော်တယ်သလင်းကျောက်တစ်သန်း”

အမ်…

ကြားလျှင်ချင်း လူငယ်နှစ်ယောက်က ပင့်သက်ရှိုက်လိုက်ကြသည်။ သူတို့သုံးယောက်က အတူတူကြီးပြင်းကာ ကျင့်ကြံလာခဲ့ကြသည့် သူငယ်ချင်းများဖြစ်ကြပြီး တစ်ယောက်အကြောင်း တစ်ယောက်ကောင်းကောင်းသိ၏။ သူတို့က ဂိုဏ်းတူတူဖြစ်ပြီး တစ်ယောက်ကို ဘယ်လောက်ပိုင်ဆိုင်သည်ကို သိသည်။ ထိုအင်မော်တယ်သလင်းကျောက်တစ်သန်းက သူတို့အဖော်ပိုင်ဆိုင်သမျှထဲမှ ငါးပုံတစ်ပုံဖြစ်၏။

“ဟူး၊ မင်းဆန္ဒရှိသလိုလုပ်ပေါ့။ မင်းက ဆုံးဖြတ်ထားပြီးပြီဆိုမှတော့ ဖျောင်းဖျလို့လဲ အသုံးဝင်မှာ မဟုတ်ဘူးဆိုတာ ငါ သိတယ်။ ငါကတော့ လတ်ဆတ်ရေကိုပဲ လောင်းမှာ။ ဒီနည်းလမ်းနဲ့မှ ပိုက်ဆံမရှုံးဘဲ အကျိုးအမြတ်ရမှာ”

“ငါလဲပဲ လတ်ဆတ်ရေပဲ”

အခြားနှစ်ယောက်က ခဏစဉ်းစားပြီးနောက် တစ်ယောက်ကို တစ်ယောက် ပြောလိုက်ကြ၏။

အဖြူရောင်ဝတ်လူငယ်က ထန်ရှုဘက် လှည့်လိုက်သည်၊ ထန်ရှုက သူ့ကို အသိအမှတ်ပြုသောအကြည့်ဖြင့် ကြည့်သည်ကို မြင်ပြီး သူက ရုတ်တရက် စိတ်အေးသွား၏။ တကယ်တော့ သူလည်း ထိုကဲ့သို့သောရည်ရွယ်ချက်ရှိခဲ့သည်။ သူက ရှုံးလျှင် သူ့ပိုင်ဆိုင်မှု၏ငါးပုံတစ်ပုံ ရှုံးလိမ့်မည်၊ အနိုင်ရင် ငါးပုံသုံးပုံကို ရရှိလိမ့်မည်။

တိုက်ခိုက်ရေးကွင်းထဲတွင်။

ဒေါသမီးလျှံတစ်ခုက တောက်လောင်မီးလျှံ၏နှလုံးသားထဲတွင် မွေးဖွားလာသည်။ သူ့ကို အထင်သေးသောအကြည့်ဖြင့် ကြည့်နေသည့် လတ်ဆတ်ရေကောင်းကင်ဘုံအင်မော်တယ်ကို သတ်ဖြတ်လိုစိတ်အပြည့်နှင့် ပြန်ကြည့်လိုက်သည်။ တောက်လောင်မီးလျှံတွင် ၁၀၇ပွဲအနိုင်ရသည့်မှတ်တမ်းရှိ၏။ ပြိုင်ဘက်ဒဏ်ရာလျက် အဆုံးသတ်ခဲ့သည့် နှစ်ပွဲကလွဲ၍ အခြား၁၀၅ပွဲတွင် ရင်ဆိုင်ခဲ့သမျှ ပြိုင်ဘက်အားလုံးကို သတ်ဖြတ်ခဲ့သည်။

သို့သော် ဤအချိန်တွင် အကျဉ်းသားပြိုင်ကွင်းစီမံခန့်ခွဲရေးအဖွဲ့က သူ့ကို သေစေချင်သည်ကို သူက ကောင်းကောင်းသိ၏။ မဟုတ်လျှင် သူ့ကို လတ်ဆတ်ရေးကေင်းကင်အင်မော်တယ်နှင့် တိုက်ခိုက်ရန် စီစဉ်ပေးမည်မဟုတ်ပေ။ တကယ်တော့ လတ်ဆတ်ရေက သူ့ထက် ကျင့်ကြံခြင်းတစ်ဆင့်ပိုမြင့်သည်ကို မျက်စိပါသည့်မည်သူမဆို မြင်နိုင်ပေသည်။

နောက်ဆုံးတော့ အဲအကွက်ကို သုံးရတော့မှာလား။

တောက်လောင်မီးလျှံကောင်းကင်အင်မော်တယ်က ဆန္ဒမရှိပေ၊ သို့သော် သူ့ထံတွင် အခြားရွေးချယ်စရာမရှိ၊ အသက်ရှင်နိုင်ရန်အတွက် အသုံးပြုရပေမည်။

လတ်ဆတ်ရေကောင်းကင်အင်မော်တယ်က တောက်လောင်မီးလျှံကို အထင်သေးစွာ စိုက်ကြည့်လျက် ပြုံးကာ ပြောလိုက်၏ “ငါ မင်းကို အနိုင်မကျင့်ပါဘူး၊ ဒါကြောင့် ငါ မင်းကို သုံးကွက် အကျောပေးမယ်။ သုံးကွက်အတွင်းမှာ မင်း ငါ့ကို အနိုင်မယူနိုင်ရင် မင်း သေလို့ရပြီ”

သုံးကွက်လား။

တောက်လောင်မီးလျှံ၏ကြမ်းတမ်းသောဗီဇက ထကြွလာသည်။ သူ့ကိုယ်ဟန်က ရုတ်တရက် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်က ရွေ့လျားသွားကာ မီးလျှံများတောက်လောင်နေသည့်ပုံရိပ်ရှစ်ခုက အဆက်မပြတ် ထွက်ပေါ်လာ၏။ ထို့နောက် ဆက်တိုက်လှုပ်ရှားရင်း သူတို့က လတ်ဆတ်ရေကို ဉီးတည်ဘက်ရှစ်ခုမှ လျင်မြန်စွာ ဝှေ့ယမ်းကာ ပြင်းထန်သောတိုက်ခိုက်မှုကို အစပျိုုးလိုက်၏။

“တူညီတဲ့အကွက်ဟောင်းပဲလား။ မင်းက ဘာမှ မတိုးတက်လာဘူးပဲ”

လတ်ဆတ်ရေက တောက်လောင်မီးလျှံ၏မှတ်တမ်းများကို ဖတ်ကာ သူ့တိုက်ခိုက်ရေးပုံစံကို လေ့လာခဲ့သည်။ ဤအကောင်က တူညီသောအကွက်ဟောင်းဖြင့် သူ့အား ရင်ဆိုင်သည်ကို တွေ့ရှိရကာ အထင်သေးစွာ ပြုံးလိုက်၏။ သူက အင်မော်တယ်ဓားတစ်လျက်ကို လျင်မြန်စွာ ထုတ်လိုက်၏၊ ဓားအလင်းဖြင့် ပြုလုပ်ထားသော ရေဒိုင်းကာတစ်ခုအဖြစ်သို့ ချက်ချင်း ပြောင်းသွားပြီး ထိုပုံရိပ်ရှစ်ခု၏တိုက်ခိုက်မှုကို ခုခံလိုက်သည်။

“အဆုံးမဲ့ဖျက်ဆီးခြင်း…”

တောက်လောင်မီးလျှံက စိတ်ထဲ၌ ဟိန်းဟောက်လိုက်သည်။ သူ့ပုံရိပ်ရှစ်ခုက ရုတ်တရက် ကြေမွသွားပြီး ဒေါသမီးလျှံများက ကောင်းကင်တွင် မွေးဖွားလာ၏။ အချင်းအားဖြင့်ဆယ်မီတာရှိသည့်မီးဘောလုံးတစ်ခုက ထွက်ပေါ်လာပြီး မီးဘောလုံးထဲတွင် ပုန်းကွယ်နေသော မီးလျှံလှံတံတစ်ခုကို လတ်ဆတ်ရေကောင်းကင်အင်မော်တယ်ထံ ပစ်ခတ်လိုက်၏။

All Chapters