← Chapters

ငါတို့ထပ်နိုင်ပြန်ပြီ

Vol. 94 Ch. 1313

ငါတို့ထပ်နိုင်ပြန်ပြီ

Vol. 94 Ch. 1313

“ဘာ”

လတ်ဆတ်ရေကောင်းကင်အင်မော်တယ်၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွား၏။ ဤအချိန်တွင် တောက်လောင်မီးလျှံကောင်းကင်အင်မော်တယ်၏အရှိန်အဝါက အဆများစွာ တိုးလာနေသည်ကို သူက အာရုံခံနိုင်သည်။ ပတ်ဝန်းကျင်နေရာလပ်ပင် ဆူပွက်နေသလို ဖြစ်နေသည်ကို သူက ခံစားမိ၏၊ မကြုံစဖူးသေရေးရှင်ရေးအာရုံတစ်ခုက သူ့အရိုးထိတိုင် အေးစိမ့်လာစေပြီး သူက ရှောင်တိမ်းရန် အားထုတ်လိုက်၏။

သို့သော် သူက သတိပေါ့လျော့ခဲ့မိသားဖြစ်နေလေ၏။

သူက အင်မော်တယ်စွမ်းအားကို အသည်းအသန် နှိုးဆွပြီး ခံစစ်တိုက်ကွက်တစ်ခုကို ဖော်ထုတ်ချင်ခဲ့သည်၊ မီးပင်လယ်အလယ်ရှိ မင်းဘောလုံးက သူ့ကို တစ်လုံးပြီးတစ်လုံး ပစ်ခတ်လာ၏၊ သူ့ခန္ဓာကိုယ်က အဆက်မပြတ် တုန်ခါလာတော့သည်။ ပြင်းထန်သောသက်ရောက်မှုများကြောင့် သူက သွေးတစ်ပွက်အန်လိုက်၏။ မီးဘောလုံးထောင်ချီက သူ့ထံ လာရောက်ထိမှန်ချိန်တွင် သူ၏နောက်ဆုံးခံစစ်အလွှာက ပျက်ဆီးသွားတော့၏။

“နောက်ဆုံးတစ်ခုလား…”

လတ်ဆတ်ရေကောင်းကင်အင်မော်တယ်၏မျက်လုံးများက အရူးအမူးဖြစ်သွား၏။ သူ့အင်မော်တယ်ဓားက ပျက်ဆီးသွားသောကြောင့် သူက ပေါက်ကွဲစွမ်းအားအားလုံးကို လက်သီးတွင် စုလျက် အာရုံခံမိသည့် နောက်ဆုံးမီးဘောလုံးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

သူက ဒဏ်ရာအပြင်းအထန်ရထားသည်၊ သူက ဤနောက်ဆုံးမီးဘောလုံးကို အပြည့်အဝကာကွယ်နိုင်ရန် အရေးကြီး၏။

လတ်ဆတ်ရေကောင်းကင်အင်မော်တယ်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သူ့လက်သီးက မီးဘောလုံးကို ထိမှန်သည့်အခိုက်အတန့်တွင် မီးဘောလုံးက မမျှော်လင့်စွာနှင့် လျှပ်တစ်ပြက်အတွင်း ပေါက်ကွဲထွက်သွား၏။ သူမျှော်လင့်ထားသည်ထက် အဆတစ်ရာပိုလွယ်ကူသောကြောင့် သူက ခဏလောက် မှင်တက်သွား၏။ သို့သော် ထိုအမူအရာက တစ်စက္ကန့်၏တစ်ရာပုံတစ်ပုံလောက်သာ ခံပြီး အေးစိမ့်မှုက သူ့နှလုံးသားထဲတွင် ပြည့်နှက်လာ၏။

“ဘယ်လို…ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”

လတ်ဆတ်ရေကောင်းကင်အင်မော်တယ်က သူ့ရင်ဘက်အလှည့်ရှိ ပန်းကန်လုံးအရွယ်အစားအပေါက်ကို ငုံ့ကြည့်လိုက်သည်။ အထဲတွင် မီးလျှံတစ်ခု တောက်လောင်နေပြီး သူ့နှလုံးက ပျက်ဆီးနေသည်ကို မြင်လိုက်ရ၏။

“တိုက်ခိုက်တဲ့အချိန်မှာ ရန်သူကို အထင်သေးတာက မင်းကို သေစေနိုင်တဲ့ တားမြစ်ထားတဲ့အရာတစ်ခုပဲ”

တောက်လောင်မီးလျှံက ပြုံးဖြဲဖြဲလိုက်သည်။ သူ့လှံအင်မော်တယ်လက်နက်က သူ့လက်ထဲသို့ ပြန်ရောက်လာသည့်အခိုက်တွင် လတ်ဆတ်ရေအင်မော်တယ်က မြေပြင်ပေါ်သို့ ပုံလဲကျသွားလေ၏။ သူက ပြိုင်ကွင်းဝင်ပေါက်သို့ ကျေနပ်အားရစွာဖြင့် လှည့်လိုက်၏။ လတ်ဆတ်ရေကောင်းကင်အင်မော်တယ်ကို သတ်ရန် သူ၏နောက်ဆုံးဝှက်ဖဲကို အသုံးပြုခဲ့ရသည်။ သို့သော် ၎င်းကို အသုံးပြုရသည်မှာ မလွယ်လှပေ၊ သူက နာကျင်စရာကောင်းသောတန်ဖိုးတစ်ခုကိုပင် ပေးချေရလိမ့်မည်ဖြစ်သည်။

လတ်ဆတ်ရေကောင်းကင်အင်မော်တယ်က မောက်မာလွန်းပြီး တားမြစ်ထားသောအရာတစ်ခုကို ကျူးလွန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့ကြောင့် ဤလျှို့ဝှက်ပညာရပ်ကို ပေါ်ထုတ်ရသော ဘေးထွက်ဆိုးကျိုးက သူ့ကို အသေးစားဒဏ်ရာသာ ရရှိစေခဲ့၏။

ပွဲကြည့်စင်ရှိ လောင်းကစားသမားထောင်ချီက ထရပ်ကာ ဆဲဆိုလိုက်ကြတော့သည်။ လက်တစ်ဆုပ်စာလူများကသာ ပီတိဖြာနေလျက်ရှိပေ၏။

အနောက်ခုံတန်းတွင်။

ထွက်လာသောတောက်လောင်မီးလျှံကောင်းကင်အင်မော်တယ်ကို ကြည့်ရင်း အဖြူရောင်ဝတ်လူငယ်က မိန်းမောတွေဝေနေလေ၏၊ သူ့နှလုံးသားထဲတွင် လိမ့်တက်လာသော ထိုထူးဆန်းသည့်ခံစားချက်ကို ထုတ်ဖော်ပြရန် မတတ်နိုင်တော့ပေ။

ငါ နိုင်သွားတာလား။ အခြားတစ်ယောက်ရဲ့စကားကို ကြားလိုက်ရုံနဲ့လေ။

သူက ဖြည်းဖြည်းချင်း ခေါင်းလှည့်လိုက်သည်၊ သူ့သူငယ်ချင်းနှစ်ယောက်က ဒေါသတကြီး ဆဲဆိုနေသည်ကို မြင်လိုက်၏။ ထို့နောက် သူက ထန်ရှုဘက်သို့ လှည့်လိုက်သည်။ ထိုလူက သူ့ကို အဓိပ္ပါယ်တစ်ခုပါသောအပြုံးဖြင့် ကြည့်နေသည်ကို တွေ့လိုက်၏၊ သူက စိတ်ထဲ၌ တုန်လှုပ်သွား၏။

ဖြစ်နိုင်လား…ဒီလူက တောက်လောင်မီးလျှံအနိုင်ရမယ်လို့ ဆုံးဖြတ်ခဲ့ပြီးတာများလား။ တောက်လောင်မီးလျှံနဲ့လတ်ဆတ်ရေတို့ရဲ့တိုက်ပွဲမှတ်တမ်းတွေကနေတစ်ဆင့် သူက အဲလိုကောက်ချက်ချခဲ့တာလား။

ဒါဆိုရင်တော့ သူက ကြောက်စရာကောင်းလွန်းမနေဘူးလား။

ထန်ရှုဘေးနားရှိ ချင်ယု၏လှပသောမျက်နှာက တုန်လှုပ်မှုအပြည့်ဖြစ်နေလေ၏။ တိုက်ပွဲပမ်ကို ထန်ရှုပေးခဲ့သောပမာဏက သလင်းကျောက်အဆီအနှစ်တစ်သန်းဖြစ်သည်။ ထန်ရှုက ပိုက်ဆံကို မီးရှို့ချင်သောသူဌေးတစ်ယောက်ဖြစ်သည်ဟု သူမက တွေးထင်ခဲ့သည်။ ဒါပေမယ့် ခဏကြာပြီးနောက် သူက အနိုင်ရသွားမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

အင်မော်တယ်သလင်းကျောက်တစ်သန်းလောင်းတာကနေ အင်မော်တယ်သလင်းကျောက်သုံးသန်း…

ဒါက အင်မော်တယ်သလင်းကျောက်သုံးသန်းနော်…

ထိုအင်မော်တယ်သလင်းကျောက်သုံးသန်းကို လဲလျှင် အင်မော်တယ်ကျောက်တုံးဘယ်လောက်ရမလဲ၊ သူမက အတော်ကြာ တွက်ချက်လိုက်ရ၏။ တွက်ချက်ပြီးနောက် ထိတ်လန့်မှုကြောင့် သူက အားပြတ်သွားမတတ်ဖြစ်ရ၏၊ ပမဏက အင်မော်တယ်ကျောက်တုံးဘီလီယံသုံးဆယ်နှင့် ညီနေပေ၏။

ထန်ရှုဘေးနားတွင် ရပ်နေသော တိုက်ပွဲပမ်က အသံတိုးတိုးဖြင့် မေးလိုက်သည် “ငါ့ကို ပိုက်ဆံသွားထုတ်စေချင်လား၊ သခင်”

“မလိုဘူး၊ ဆက်ကစားကြရအောင်”ထန်ရှုက ခေါင်းခါယမ်းလိုက်သည်။

သူတို့ထိုင်ခုံမှ မီတာအနည်းငယ်အကွာတွင်။

အဖြူဝတ်လူငယ်၏မချင့်မရဲဖြစ်နေသောအဖော်နှစ်ယောက်က နောက်ဆုံးတွင် ထိုင်ခုံပေါ်သို့ ပြန်ထိုင်ချလိုက်၏။

ရုတ်တရက် သူတို့ထဲမှ တစ်ယောက်က အဖြူဝတ်လူငယ်ကို ကြည့်လျက် ရေရွတ်လိုက်၏ “မင်းက တောက်လောင်မီးလျှံကို လောင်းခဲ့တာ ငါ မှတ်မိတယ်၊ ဟုတ်တယ်မလား၊ မီးဖယောင်း”

အဖြူဝတ်လူငယ်က ပြုံးကာ ခေါင်းညိတ်လိုက်သည် “ဟုတ်တယ်လေ”

အခြားနှစ်ယောက်က အကြည့်များ ဖလှယ်လိုက်ကြသည်၊ သူတို့မျက်လုံးများက အားကျမနာလိုမှုကိုယ်စီနှင့်…

အဖြူရောင်ဝတ်လူငယ်က သူ့အဖော်များ၏မျက်လုံးများကို သတိမပြုမိပေ၊ သူက ထရပ်ကာ ထန်ရှုထံ လျှောက်လာသည်။ ထို့နောက် သူက ဉီးညွှတ်ကာ ပြောလိုက်၏ “အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ်၊ အင်မော်တယ်မိတ်ဆွေ။ ဒီနေရာမှာ ကစားပြီးရင် သောက်ဖို့အတွက် အင်မော်တယ်မိတ်ဆွေကို ဖိတ်ခေါ်လို့ရနိုင်မလား။ အာ၊ ဟုတ်တယ်။ ငါ့ကိုယ်ငါ မိတ်ဆက်ဖို့ မေ့နေတယ်။ ငါက ကြယ်ဖက်ဂိုဏ်းရဲ့မီးဖယောင်းပါ။ အင်မော်တယ်မိတ်ဆွေရဲ့နာမည်ကို သိခွင့်ရှိမလား”

ထန်ရှုက သူ့ဘေးနားရှိ ထိုင်ခုံကို လက်ညှိုးထိုးကာ ပြုံးလျက် ပြောလိုက်၏ “မင်းက ငါ့ကို မဟာထန်လို့ ခေါ်လို့ရပါတယ်။ နောက်မှ သောက်မယ့်အကြောင်း ပြောကြတာပေါ့။ ဒီနေရာမှာ ငါက လုပ်စရာအများကြီး ရှိသေးတယ်”

“ကောင်းပါပြီ၊ မင်းရဲ့ကိစ္စတွေပြီးရင် ငါ့ရဲ့ဖိတ်ခေါ်မှုကို လက်ခံနိုင်ဖို့ ငါ မျှော်လင့်ပါတယ်”ထန်ရှုဘေးနားတွင် ထိုင်ပြီးနောက် မီးဖယောင်းက ပြောလိုက်၏။

“ဟုတ်ပါပြီ…”ထန်ရှုက အနည်းငယ်ခေါင်းညိတ်လိုက်သည်။

“ဒါနဲ့ မင်း ကစားအုံးမှာလား၊ အင်မော်တယ်မိတ်ဆွေမဟာထန်”မီးဖယောင်းက ထပ်မေးလိုက်သည်။

“သေချာတာပေါ့၊ ငါ ထပ်ကစားအုံးမှာ”ထန်ရှုက ပြုံးလိုက်သည်။

မီးဖယောင်းက ခဏစဉ်းစားပြီးနောက် ပြောလိုက်၏ “ဒါဆို အင်မော်တယ်မိတ်ဆွေထန်ကို ငါ အဖော်ပြုပေးပါရစေ။ ဒါနဲ့ ဒီတစ်ကြိမ် ငါ အင်မော်တယ်သလင်းကျောက်သုံးသန်းအနိုင်ရခဲ့တယ်။ အဲဒါတွေအားလုံးကို ငါ လောင်းမယ်”

“အကုန်လုံးဆုံးရှုံးမှာကို မင်း မစိုးရိမ်ဘူးလား”ထန်ရှုက ပြုံးလျက် မေးလိုက်သည်။

“ရှုံးတယ်ဆိုရင် ရှုံးတယ်ပေါ့လေ။ ငါ့အတွက် ပြဿနာမရှိပါဘူး”မီးဖယောင်းက ပြုံးလိုက်၏ “အစကတည်းက ငါ အနိုင်ရခဲ့တဲ့အင်မော်တယ်သလင်းကျောက်တွေက ပွပေါက်တိုးသွားသလိုပဲရာ”

“မင်းမှာ ကောင်းမွန်တဲ့စိတ်အခြေအနေတစ်ခုရှိတာပဲ”ထန်ရှုက ရယ်လိုက်လေ၏။

များမကြာမီ နောက်တိုက်ခိုက်သူနှစ်ယောက်က ပြိုင်ကွင်းထဲသို့ ဝင်လာခဲ့သည်။ ထန်ရှုက အချက်အလက်ကို ခဏခွဲခြမ်းစိတ်ဖြာလိုက်ပြီး အနိုင်ရရန် အခွင့်အရေးက ရှစ်ဆယ်ရာခိုင်းနှုန်းကျော်သည်ဟု ခံစားမိသည်။ ထို့ကြောင့် သူက တိုက်ပွဲပမ်ဘက်သို့ လှည့်ကာ ပြောလိုက်၏ “တိမ်မြူခိုးကောင်းကင်အင်မော်တယ်ကို အင်မော်တယ်သလင်းကျောက်လေးသန်းလောင်းလိုက်ပါ”

“နားလည်ပါပြီ…”

တိုက်ပွဲပမ်က အမိန့်ကို လက်ခံကာ ငွေကိုင်ဆီသို့ ထွက်ခွာသွား၏။

ထွက်ခွာသွားနေသောတိုက်ပွဲပမ်၏နောက်ကျောကို မီးဖယောင်းကို စိုက်ကြည့်နေလိုက်သည်။ သူ့နှုတ်ခမ်းက အကြိမ်အနည်းငယ်လှုပ်သွားပြီးနောက် သူက ရှုံ့မဲ့ပြုံး၏ “မင်းက တကယ်ကို အရိုးအစဉ်အတိုင်းမဟုတ်တဲ့နည်းလမ်းကို လုပ်ခဲ့တာပဲ၊ မဟာထန်အင်မော်တယ်မိတ်ဆွေ။ ဒီတိမ်မြူခိုးကောင်းကင်အင်မော်တယ်က လှည့်စားခြင်းပညာရပ်တွေမှာ တော်တယ်။ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က နှောင်းပိုင်းကောင်းကင်အင်မော်တယ်အဆင့်မှာ ရှိပေမယ့် သူ့ရဲ့ပြိုင်ဘက်အာဒန်ပြာကောင်းကင်အင်မော်တယ်က သတ်ဖြတ်စက်တစ်ခုလို့ ကျော်ကြားတယ်။ ဒီကောင်က ကြောက်စရာကောင်းတဲ့သတ်ဖြတ်ကွက်တွေကို ပိုင်ဆိုင်ထားတယ်။ နှောင်းပိုင်းအဆင့်ကောင်းကင်အင်မော်တယ်တွေ ဘယ်လောက်တောင် သူ့လက်ထဲမှာ သေသွားသလဲဆိုတာ သူ မသိဘူး”

“ကောင်းပြီလေ၊ ဒီပြိုင်ပွဲအတွက် လောင်းကြေးအဆက နှစ်လေးတစ်လေးဆိုပေမယ့် ပိုက်ဆံတွေ ပိုရဖို့ ဖြစ်နိုင်ပါတယ်။ ဒါက ကောင်းတဲ့အပေးအယူတစ်ခုမဟုတ်လား”ထန်ရှုက ပြုံးကာ ပြောလိုက်၏ “ပြီးတော့ မင်းက ရှုံးတယ်ဆိုရော ရှုံးတာပေါ့။ ပြောရမယ်ဆို ငါက အင်မော်တယ်သလင်းကျောက်သုံးသန်းအနိုင်ရထားတယ်။ ဒါကြောင့် ထပ်နိုင်မယ်ဆိုရင် ငါက တစ်ခါတည်းနဲ့ အင်မော်တယ်သလင်းကျောက်ရှစ်သန်းရတာပေါ့”

မီးဖယောင်းက ခဏတုံ့ဆိုင်းသွားပြီးနောက် ရှုံ့မဲ့ပြုံးလိုက်၏ “ဟူး၊ ဖြစ်ချင်ရာဖြစ်ကွာ။ အင်မော်တယ်မိတ်ဆွေမဟာထန်က တိမ်မြူခိုးကောင်းကင်အင်မော်တယ်အနိုင်ရမယ်လို့ ပြောမှတော့ မင်းရဲ့ရွေးချယ်မှုအတိုင်းပဲ ငါလဲ လောင်းမယ်”

အနီးနားရှိ သူ့အဖော်နှစ်ယောက်က သူ့ကို အထင်သေးစွာ တစ်ချက်ကြည့်လိုက်ကြသည်။ ဤအကောင်က ကံလေးတစ်ချက်ထသွားတာနဲ့ သူ့ခေါင်းကို အခြားတစ်ယောက်ဆီ လွှဲပေးနေတာလား။

ဤပြိုင်ပွဲက အလွန်တိကျသည်။ အထူးသဖြင့် အာဒန်ကောင်းကင်အင်မော်တယ်က သတ်ဖြတ်စက်အင်မော်တယ်တစ်ယောက်အဖြစ် လူသိများသည်။ ဒါကို ဒီကောင်က ဇစ်မြစ်မသိတဲ့လူငယ်တစ်ယောက်ရဲ့ရွေးချယ်မှုအတိုင်း လောင်းကြေးထပ်ခဲ့တာလား။

“သူ့ကို လွှတ်ထားလိုက်တော့။ နိုင်တာရှုံးတာက သူ့ကိစ္စပဲ။ သူက အရှုံးရဲ့အရသာကို မြည်းကြည့်ချင်နေမှတော့ သူ့ကို မဖျောင်းဖြနဲ့တော့။ ငါ အခု အင်မော်တယ်သလင်းကျောက်နှစ်သန်းလောင်းမယ်။ ငါ နိုင်တာနဲ့ အရင်က အရှုံးတွေကို ပြန်ရနိုင်တယ်”

“ငါလဲပဲ အင်မော်တယ်သလင်းကျောက်နှစ်သန်းလောင်းမယ်။ ဒီတစ်ကြိမ် အနိုင်ရရင်ပဲ ငါ အများကြီးရနိုင်သေးတယ်။ ဒါပေမယ့် ငါ ရှုံးရင်တော့ နောက်ရာစုနှစ်တွေအထိ ငါ့ရဲ့အသုံးအစွဲကို ချွေတာရုံပေါ့။ ဒါပေမယ့် အင်မော်တယ်ကျောက်တုံးတွေ ပိုရဖို့ ဒါကို စွန့်စားရမှာပဲ”

နှစ်ယောက်သား ဆုံးဖြတ်ပြီးနောက် သူတို့က မီးဖယောင်းနောက်မှ ချက်ချင်း လိုက်ပါကာ ငွေကိုင်စားပွဲဆီသို့ ပြေးသွား၏။

များမကြာမီ တိုက်ပွဲက စတင်လာ၏။ တိမ်မြူခိုးကောင်းကင်အင်မော်တယ်က လက်ဉီးမှုရယူကာ မြူခိုးတိမ်တစ်ခုကို တန်းဖော်ထုတ်၏။ ရောင်စုံမြူခိုးများက လျင်မြန်စွာ ပျံ့နှံ့သွားပြီး အိပ်မက်တစ်ခုပမာ နေရာလပ်ကို ဆင်မြန်းလိုက်၏။

“သေစမ်း…”

အာဒန်အပြာရောင်ကောင်းကင်အင်မော်တယ်က ပြိုင်ဘက်ဘာပဲလုပ်လုပ် နည်းနည်းလေးလေးပင် ဂရုမစိုက်ပေ။ သူသိသောတစ်ခုတည်းသောအရာက ရန်သူက ဘယ်သူပင်ဖြစ်ဖြစ် အစွမ်းကုန်အားထုတ်ရမည်သာ။

အချိန်က ကုန်လွန်လာလေ၏။

နှစ်ယောက်သား အရုးအမူး တိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲက တစ်နေကုန်သည်အထိ ဆက်ဖြစ်နေတုန်းပင်။ တစ်နေ့တာတိုက်ခိုက်မှု၏ရလဒ်အနေဖြင့် အာဒန်အပြာရောင်ကောင်းကင်အင်မော်တယ်က အသာစီးရသော်ငြား ဆိုးဆိုးဝါးဝါးထိခိုက်ထားသည်၊ တိမ်မြူခိုးကမူ လက်တစ်ဖက်ပြတ်လျက် သူ့အဝတ်အစားများက သွေးများဖြင့် စိုရွှဲနေလေ၏။

“အချိန်ကျပြီ”

တိုက်ခိုက်မှုကို အာရုံစိုက်ထားလျက် အတွေးတစ်ခုက ထန်ရှု၏စိတ်ထဲ၌ ဖြတ်ခနဲ ပေါ်လာ၏။ တိမ်မြူခိုးတွင် အမှတ်မထင်တိုက်ကွက်တစ်ခုကို ဖော်ထုတ်ရန် နည်းလမ်းမရှိလျှင် သူက ဤပြိုင်ပွဲကို ရှုံးနိမ့်ဖို့ များသည်။ သို့သော် သူ့ထံတွင် ရှိလျှင် အာဒန်အပြာရောင်က ရှုံးနိမ့်သွားရလိမ့်မည်။

တိမ်မြူခိုးကောင်းကင်အင်မော်တယ်က အမှတ်မထင်တိုက်ကွက်ဖြင့် အနိုင်ရလိမ့်မည်ဟု ထန်ရှုက ရှစ်ဆယ်ရာခိုင်းနှုန်ထိ ယုံကြည်ထားသည်။

“အလယ်ဝိညာဉ်…အေးခဲစမ်း…”

အာဒန်အပြောင်ရောင်၏အင်မော်တယ်ဓားက တိမ်မြူခိုးကို ထိမှန်သွားသောကြောင့် သူက နောက်သို့ လွင့်ထွက်သွား၏၊ ထိုစဉ် သူက ရုတ်တရက် အော်လိုက်၏။ တစ်ချိန်တည်းတွင် ရွှေချည်မျှင်တစ်ခုကို သူ့ဘယ်လက်မမှ ပစ်ခတ်ပြီး အာဒန်ကောင်းကင်အင်မော်တယ်ကို ချက်ချင်းရစ်ပတ်သွားသည်။ နောက်အခိုက်အတန့်တွင် သူက နောက်သို့ လွင့်ထွက်ရာမှ ရပ်တန့်လျက် အာဒန်အပြာရောင်ကို တိုက်ခိုက်လိုက်၏။

ဤအချိန်တွင် သူ့တစ်ကိုယ်လုံးက ရေခဲတုံးကြောင့် အေးခဲသွားသလို

အာဒန်အပြာရောင်ကောင်းကင်အင်မော်တယ်၏အသားအရောင်က ပြောင်းလဲသွားသည်ကို တစ်ယောက်မှ မသိကြပေ။ ထိုနှေးကွေးလေးလံမှုက ကြာချိန်တစ်စက္ကန့်ပင် မပြည့်ပေ၊ သို့သော် တိမ်မြူခိုးအတွက် အသုံးအဆောင်ပစ္စည်းကို ထုတ်ရန် လုံလောက်ပြီး အလင်းတန်းတစ်ခုတစ်ခုက အာဒန်အပြာရောင်ကို ထိမှန်သွားခဲ့၏။

ပွဲကြည့်စင်တွင်။

ထန်ရှုက မီးဖယောင်းတိုင်ဘက်သို့ လှည့်ကာ ပြုံးလိုက်၏ “ငါတို့ထပ်နိုင်ပြန်ပြီပေါ့”

မီးဖယောင်းက ခေါင်းလှည့်လိုက်သည်။ ထန်ရှု၏အမူအရာကို မြင်သောအခါ သူက လက်သီးကို လေထဲသို့ ထိုးကာ ဝှေ့ယမ်းလျက် ပျော်ရွှင်စွာ ပြောလိုက်၏ “မင်းက အံ့ဖွယ်ပဲ၊ အင်မော်တယ်မိတ်ဆွေထန်…”

All Chapters