ဆွေမျိုးအရင်းအခြာတစ်ယောက်နှင့် ပြန်စုံစည်းခြင်း
Vol. 94 Ch. 1314
ချီးကျူးခံရခြင်းနှင့် ပတ်သက်၍ ထန်ရှုက ဘယ်တော့မှ ဂရုမစိုက်ပေ။ သို့သော် မီးဖယောင်း၏အဖော်နှစ်ယောက်က စိတ်ဝိညာဉ်ပျောက်ဆုံးနေသလို ဖြစ်နေသည်ကို မြင်သောအခါ သူက စိတ်ထဲ၌ တိတ်တခိုး ဝမ်းသာသွား၏။
“ငါ့ကို ယုံကြည်တဲ့သူတွေက ထာဝရအသက်ကို ရမယ်”
ဤစာကြောင်းကို ဘယ်နေရာတွင် ကြားဖူးသလဲကိုတော့ ထန်ရှုက မမှတ်မိတော့ပေ။ သို့သော် လက်ရှိအချိန်တွင် ၎င်းကို အသုံးပြုရန် သင့်တော်နေပေ၏။
နှစ်ကြိမ်ဆက်တိုင်အနိုင်ရပြီးနောက် ထန်ရှုက ထပ်မလောင်းချင်တော့ပေ။ ဘယ်သူမှ အမြဲတမ်း မနိုင်သည်ကို သူက ကောင်းကောင်းသိ၏။ သူက နှစ်ကြိမ်တိုင်တိုင် ကြီးကြီးမားမား အနိုင်ရခဲ့သည်၊ အကျဉ်းသားပြိုင်ကွင်းလည်း သူ့ကို တူညီသောအကျဉ်းထောင်အဆင့်၌ အများကြီးအနိုင်ရစေရန် ခွင့်ပြုမည်မဟုတ်ပေ။
“လဲပြီးရင် ငါ တခြားနေရာမှာ သွားကစားမယ်”
“နောက်ထပ်ဘယ်သွားချင်လို့လဲ၊ ဆရာ”ချင်းယုက ကမန်းကတန်း မေးလိုက်၏။
“ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အကျဉ်းထောင်ကို သွားမယ်”ထန်ရှုက ပြော၏ “ပုံမှန်အချိန်တွေမှာ စွမ်းအားရှင်နှစ်ယောက်ရဲ့တိုက်ပွဲတွေကို ကြည့်ရှုတာက ကျင့်ကြံခြင်းနဲ့တိုက်ခိုက်ရေးစွမ်းပကားအတွက် အထောက်အကူဖြစ်စေလိမ့်မယ်”
တုံ့ဆိုင်းသွားပြီးနောက် ချင်ယုက ပြန်ဖြေ၏ “ဆရာ၊ အကျဉ်းထောင်အဆင့်ရဲ့ကျန်တဲ့နေရာတွေကို ဝင်ဖို့အတွက် အခပေးစရာမလိုဘူး၊ ရွှေအင်မော်တယ်အကျဉ်းထောင်အဆင့်လဲ အပါအဝင်ပေါ့။ ဒါပေမယ့် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အကျဉ်းထောင်အဆင့်ကို ဝင်ဖို့ဆိုရင် အတော်လေးပေးရဖို့ လိုအပ်တယ်”
“ဝင်ခက ဘယ်လောက်လဲ”ထန်ရှုက သိလိုစိတ်နှင့် မေးလိုက်သည်။
“လူတိုင်းက အင်မော်တယ်သလင်းကျောက်တစ်ရာကို ပေးဖို့လိုတယ်”ချင်ယုက ပြောလိုက်၏။
ထန်ရှုက ခေါင်းညိတ်လိုက်သည် “ဒါက အသေးအဖွဲပါပဲ။ ကိစ္စမရှိဘူး၊ ငါတို့ကို အဲကို ခေါ်သွားပါ”
ထိုသို့ပြောပြီးနောက် သူက မီးဖယောင်းဘက်သို့ လှည့်ကာ ပြုံးလျက် မေးလိုက်၏ “မင်းရော သွားချင်လား။ အဲနေရာမှာ အံ့အားသင့်စရာအချို့ ရှိနေနိုင်တယ်”
မီးဖယောင်းက ခဏတုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည် “ကောင်းပါပြီ၊ အင်မော်တယ်မိတ်ဆွေထန်က ငါ့ကို ဖိတ်ခေါ်မှတော့ ငါက မင်းနဲ့ သွားမှာပေါ့”
သို့သော် ထိုသို့ပြောပြီးလျှင်ချင်း သူ့အဖော်နှစ်ယောက်က ခေါင်းခါယမ်းလျက် သူ့အား စကားတစ်လုံးမှ မပြောသည်ကို မြင်လိုက်၏၊ ထို့ကြောင့် သူက ကမန်းကတန်း ထွက်လာခဲ့ပြီး သူ့အပျော်များက တဖြည်းဖြည်း ပျောက်ဆုံးသွားလေ၏။
ထန်ရှုက သူ့ကို တစ်ချက်ကြည့်ပြီး ခပ်ဖျော့ဖျော့ ပြံးလျက် ပြောလိုက်၏ “ဘဝမှာ အသက်ရှင်သန်ဖို့အတွက်ဆိုရင် အတွေ့အကြုံတွေရှိဖို့ လိုအပ်တဲ့အရာတွေ အများကြီးရှိတယ်။ လျှောက်လမ်းရာဘဝခရီးမှာ မိတ်ဆွေတွေရှိတာ သဘာဝပါပဲ။ ဒါပေမယ့် ဒီကမ္ဘာမှာ ထာဝရရှင်သန်နိုင်တဲ့သားရဲဆိုတာ မရှိဘူး။ မိတ်ဆွေတွေများလွန်းတာက ကျင့်ကြံခြင်းလမ်းကြောင်းမှာ ခဏတဖြုတ်အဖော်အဖြစ်သာ လုပ်ပေးနိုင်မယ်။ ဒါပေမယ့် သန်မာတဲ့နှလုံးသားတစ်ခုရှိမှသာ အပေါ်ကို မော့ကြည့်ပြီး ရှေ့ဆက်သွားနိုင်လိမ့်မယ်”
ထန်ရှု၏အသံက သူ့စိတ်ထဲ၌ ပဲ့တင်ထပ်သွားသောကြောင့် မီးဖယောင်း၏ခြေလှမ်းအဟုန်က ရပ်တန်သွား၏။ ထန်ရှုက ပေါ်တယ်ထဲမှ ထွက်သွားတော့အခါမှသာ သူက နောက်ဆုံးတွင် စိတ်သက်သာရာရလျက် အပြေးလိုက်သွားလေသည်။
လေးနာရီကြာပြီးနောက်။
လွန်းပျံယာဉ်တစ်ခုကို စီးလျက် သူတို့အဖွဲ့က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်သို့ ရောက်ရှိလာ၏။ အကျဉ်းထောင်ဧရိယာအပြင်ဘက်တွင် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ယောက်က စောင့်ကြပ်နေကြသည်။ သူတို့အဖွဲ့ကို မြင်သည့်အခိုက်တွင် ထိုလူနှစ်ယောက်က အံ့အားသင့်သွားလျက် တစ်ယောက်က မေးလိုက်၏ “ဒီအကျဉ်းထောင်အဆင့်ထဲကို မင်းတို့ ဝင်ချင်တာ သေချာလား”
“ဟုတ်ပါတယ်…”ထန်ရှုက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ပြီး အင်မော်တယ်သလင်းကျောက်လေးရာကို ပေးချေကာ ပေါ်တယ်ထဲသို့ ဝင်လိုက်သည်။ နောက်အခိုက်အတန့်တွင် သူ့ပုံရိပ်က အကျဉ်းထောင်လှောင်အိမ်ဧရိယာထဲတွင် ထွက်ပေါ်လာ၏။
“အင်မော်တယ်မိတ်ဆွေထန်၊ ကျေးဇူးပြုပြီး ဒီအင်မော်တယ်သလင်းကျောက်တစ်ရာကို ယူလိုက်ပါ”
မီးဖယောင်းက သိုလှောင်လက်စွပ်မှ အင်မော်တယ်သလင်းကျောက်တစ်ရာကို ယူကာ ထန်ရှုထံ ကမ်းပေးလိုက်သည်။
ထန်ရှုက လက်ဝှေ့ယမ်းလျက် ပြောလိုက်၏ “သူမကို ပေးလိုက်ပါ…”
မီးဖယောင်းက ချင်ယုဘက်သို့ လှည့်လျက် ပြောလိုက်၏ “ဟေး၊ မင်းက ယူမှာလားမယူဘူးလား”
“အမ်…”
ချင်ယုက အကြိမ်အနည်းငယ် နှုတ်ခမ်းလှုပ်သွားပြီး နောက်ဆုံးတွင် ထန်ရှုကို ကျေးဇူးတင်သောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်၏။ သူမက အင်မော်တယ်သလင်းကျောက်တစ်ရာကို ယူကာ သိုလှောင်လက်စွပ်ထဲသို့ လျင်မြန်စွာ ထည့်လိုက်သည်။ သူမ၏အတိုးက အင်မော်တယ်သလင်းကျောက်လေးရာသာ ပေးရန် ကျန်ရှိသည်။ ယခု သူမက အင်မော်တယ်သလင်းကျောက်တစ်ရာကို ရရှိခဲ့သောကြောင့် အမှန်တကယ် ပျော်ရွှင်သွားလေ၏။
“ကျေးဇူးတင်ပါတယ်၊ ဆရာ”ချင်ယုက ကျေးဇူးတင်စွာ ပြော၏။
ထန်ရှုက သူမကို ခပ်ဖျော့ဖျော့ပြုံးကာ တုံ့ပြန်လိုက်ပြီး လှောင်အိမ်များဆီသို့ တစ်ခုပြီးတစ်ခု ဉီးတည်လိုက်၏။ ဤနေရာတွင် လှောင်အိမ်အနည်းငယ်သာ ရှိ၏၊ အထဲတွင် ပြီးပြည့်စုံခြင်းအင်မော်တယ်သုံးဆယ်ခြောက်ယောက်နှင့် စုစုပေါင်းသုံးဆယ့်ခြောက်ခုသာ ရှိ၏။ ချွင်းချက်မရှိသည်ကတော့ ပြီးပြည့်စုံခြင်းအင်မော်တယ်တိုင်း၏နဖူးပြင်ပေါ်တွင် ကျွန်အမှတ်အသားအနေနှင့် အပြာနှင့်အဖြူရောင်အက္ခရာတစ်ခုစီ ရှိ၏။
“ဆရာ၊ ပြီးပြည့်စုံခြင်းအင်မော်တယ်သတ်ဖြတ်ဖျော်ဖြေသူတွေရဲ့ပြိုင်ပွဲစဖို့ ရှစ်နာရီလိုသေးတယ်။ အဲအချိန်ကျရင် ဒီသတ်ဖြတ်ဖျော်ဖြေသူသုံးဆယ့်ခြောက်ယောက်ထဲကနှစ်ယောက်က တိုက်ခိုက်ရလိမ့်မယ်။ ဆရာမြင်တဲ့အတိုင်းပါပဲ၊ VIPဧည့်သည်တွေအများကြီး ဝင်လာနေတယ်။ ဒီနေရာမှာ အလောင်းအစားလုပ်မယ်ဆိုရင် အနည်းဆုံးလောင်းကြေးက အင်မော်တယ်တစ်လင်းကျောက်တစ်သန်းပါပဲ”ထန်ရှုက ဤနေရာတွင် လောင်းကစားမလုပ်ချင်မည်ကို ချင်ယုက စိုးရိမ်နေသည်။ တကယ်တော့ သူမက အကျဉ်းသားပြိုင်ကွင်းတွင် ဆယ်စုနှစ်တစ်ခုကျော် အလုပ်လုပ်ခဲ့သော်လည်း ဘောက်ဆူးအနေဖြင့် အင်မော်တယ်သလင်းကျောက်အများကြီးရခဲ့သည်ကား ယခုမှ ပထမဆုံးအကြိမ်ဖြစ်၏။
ထန်ရှုက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ သူက လှောင်အိမ်တစ်ခုကို ဖြတ်သွားသည့်အခါတိုင်း ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ချင်းစီ၏အချက်အလက်အားလုံးကို သုံးကြိမ်တိတိဖတ်လိုက်လေ၏။
လှောင်အိမ်၂၇တွင်။
ထန်ရှု၏ခြေလှမ်းက ရပ်သွား၏။ သူ့အမူအရာက အလွန်တည်ငြိမ်နေသော်လည်း သူ့စိတ်ထဲတွင်မူ ဒေါသထွက်နေလေသည်။ လှောင်အိမ်ထဲရှိ အမျိုးသမီးအင်မော်တယ်ကို ဒေါသထွက်သည်တော့ မဟုတ်၊ သူမကို ဖမ်းကာ ဤနေရာကို ပို့ခဲ့သည့် လူကို ဒေါသထွက်ခြင်းဖြစ်၏။
ထိုအမျိုးသမီးက ကြယ်မျက်ရည်၊ မြင့်မြတ်ငှက်ဂိုဏ်း၏ဂိုဏ်းချုပ်ကြယ်စိတ်ဝိညာဉ်အန္တိမအရှင်၏ညီမလေးဖြစ်ကာ အင်မော်တယ်ကမ္ဘာရှိ ထန်ရှု၏ဒေါ်လေးလည်း ဖြစ်သည်။ သူမက ယခင်မြင့်မြတ်ငှက်ဂိုဏ်း၏သခင်လေးအမုန်းဆုံးလူဖြစ်ပြီး ထန်ရှုကမူ သူမကို အနီးကပ်ဆုံးဆွေမျိုးတစ်ယောက်အနေဖြင့် သတ်မှတ်ထားသည်။
အကြောင်းပြချက်က အလွန်ရိုးရှင်းသည်။
ကြယ်မျက်ရည်က အလွန်အေးစက်သောစရိုက်ရှိပြီး သူမ၏တူလေးကို အကြိမ်ပေါင်းမရေမတွက်များစွာ အမြဲတမ်း သင်ကြားပေးခဲ့သည်။ သူမကြောင့်ပင် ယခင်သခင်လေးက ဂိုဏ်းမှ ထွက်သွားကာ သေမင်းစိမ့်ထဲသို့ တစ်ယောက်တည်း ဝင်သွားခဲ့သည်။ သေမင်းစိမ့်တောက အင်မော်တယ်အဆင့်အောက်တစ်ယောက်မှ မဝင်သွားရဲသည့်နေရာတစ်ခုဖြစ်ပြီး ထိုအကောင်က ထိုနေရာတွင် သေဆုံးသွားခဲ့သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို ထန်ရှု၏ဝိညာဉ်က သိမ်းပိုက်လိုက်၏။
ထိုအချိန်တုန်းက ထန်ရှုက ကြယ်မျက်ရည်ကို မြင်သည့်အခိုက်တွင် သူက ပြင်းပြင်းထန်ထန် အရိုက်နှက်ခံခဲ့ရ၏။ သူမက သူ့ကို သူမ၏စံအိမ်ထဲသို့ ဆွဲခေါ်လာခဲ့ပြီး သုံးလတိတိ အကျဉ်းချထားပြီးမှ လွှတ်ပေးကာ သူ့ဒဏ်ရာများကို ကုသပေးခဲ့သည်။ ထိုသုံးလက ထန်ရှုဘဝတစ်လျှောက် ကြုံတွေ့ခဲ့သမျှတွင် အနာကျင်ဆုံးအခိုက်အတန့်ဖြစ်ကာ လူမဆန်သောလေ့ကျင့်မှုများစွာကို ဖြတ်သန်းခဲ့ရသည်။ သို့သော် ထိုအရာကပင် အင်မော်တယ်ကမ္ဘာတွင် အသက်ရှင်နိုင်ရန်အတွက် ထန်ရှု၏စွမ်းရည်ကို ချွန်ထွက်စေခဲ့၏။
အစကတော့ ထန်ရှုက ဤဒေါ်လေးကို မမုန်းသည်တော့ မဟုတ်။ သို့သော် နောက်ပိုင်းတွင် သူက သေရေးရှင်ရေးအခိုက်အတန့်နှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရသောအခါ တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်လိုက်သည်။ ယခင်က သူ ဖြတ်သန်းလာခဲ့ရသည့် ညှင်းပန်းနှိပ်စက်မှုက သူဘေးကင်းရန်အတွက်ဖြစ်သည်ကိုပင်။
လက်ရှိတွင် ကြယ်မျက်ရည်၏လက်ကောက်ဝတ်နှင့်ခြေကျင်းဝတ်များကို နှစ်လေးထောင်ရှိသောသံနက်ဖြင့်ပြုလုပ်ထားသောသံကြိုးတစ်ခုဖြင့် ချည်နှောင်ထားသည်။ သူမ၏ဝတ်စုံက စုတ်ပြဲကာ သွေးစွန်းသွေးစများအပြည့်ဖြစ်၏။ သူမ၏ခရမ်းရောင်ဆံပင်များပင် ရှုပ်ပွေညစ်ပတ်နေလေ၏။ သူမ၏အရိုးကိုပင် မြင်တွေ့စေသည့် ဘယ်ဘက်ပခုံးပေါ်ရှိ ဒဏ်ရာတစ်ခုကို ထန်ရှုက မြင်လိုက်ရသည်။
“သွေးနတ်ဆိုးအဆိပ်လား”
ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ သွေးနတ်ဆိုးအဆိပ်က အင်မော်တယ်များ၏ခန္ဓာကိုယ်ကို တိုက်စားကာ ဒဏ်ရာကို ကုသရန်အတွက် အင်မော်တယ်စွမ်းအားကို အားဖြည့်သည့် စွမ်းရည်ကို တားမြစ်သည်။ ၎င်းက ဒဏ်ရာရထားသူများအတွက် ကြီးမားသောနာကျင်မှုကို ဖြစ်စေ၏။
“ချင်ယု၊ ဒီနေရာရဲ့မန်နေဂျာကို သွားရှာပါ”
ထန်ရှုက ဘာလုပ်ချင်သည်ကို မသိသော်လည်း ချင်ယုက ပျော်ရွှင်စွာ ထွက်သွား၏။ နာရီဝက်ကြာပြီးနောက် သူမက ပုံရိပ်ရှစ်ခုနှင့်အတူ ပြန်ရောက်လာသည်။ အရှေ့ဆုံးမှ ခေါင်းဆောင်ဖြစ်သည့်လူက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အရှိန်အဝါကို ထုတ်လွှတ်နေသည့် ဆံဖြူလူအိုကြီးတစ်ယောက်ဖြစ်၏။
“ခင်ဗျားက ဒီနေရာရဲ့မန်နေဂျာလား”တစ်ဖက်လူက သူ့ကို မမိတ်ဆက်ခင် ထန်ရှုက မေးလိုက်သည်။
လူအိုကြီးက ပြန်ဖြေသည် “ဒီအဖိုးကြီးက ဒီအကျဉ်းသားပြိုင်ကွင်းရဲ့မန်နေဂျာဆိုတာ အမှန်ပါပဲ။ ဧည့်သည်တော်မှာ အရေးတကြီးမေးစရာတစ်ခုခုရှိလို့လား”
ထန်ရှုက ကြယ်မျက်ရည်ရှိသည့် လှောင်အိမ်ထဲသို့ လက်ညှိုးထိုးလျက် အသက်မဲ့သောမျက်လုံးများနှင့် ပြောလိုက်၏ “ကျုပ်လက်အောက်လူတွေက ကျုပ်ကို အတော်လေးစိတ်ပျက်စေတယ်၊ ဒါကြောင့် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အချို့ကို ကျုပ် ဝယ်ချင်တယ်။ သူမက အတော်လေးမှတ်တမ်းကောင်းပြီး အမျိုးသမီးတစ်ယောက်လဲ ဖြစ်တယ်။ ဒါကြောင့် သူမကို ကျုပ်ဝယ်ချင်တယ်”
လူအိုကြီးက အနည်းငယ်အံ့အားသင့်သွားကာ ပြုံးလျက် ပြောလိုက်၏ “ပြဿနာမရှိဘူး။ ငါတို့အကျဉ်းသားပြိုင်ကွင်းရဲ့သတ်ဖြတ်ဖျော်ဖြေသူတွေအားလုံးမှာ ဈေးနှုန်းရှိတယ်။ သူမက တကယ်ကို ကောင်းမွန်တဲ့မှတ်တမ်းတစ်ခုရှိပြီး သလင်းကျောက်အဆီအနှစ်ဆယ့်နှစ်သန်းကျတယ်။ မိတ်ဆွေလေးက ပေးချေချင်ရဲ့လား။ သလင်းကျောက်အဆီအနှစ်တွေနဲ့ တိုက်ရိုက်ပေးမှာလား ဒါမှမဟုတ် ရတနာအချို့နဲ့လား”
မူလက ထန်ရှုတွင် သလင်းကျောက်အဆီအနှစ်ဆယ်သန်းသာရှိသည်၊ သို့သော် ဤနေရာကို လာပြီးနောက် သူက သလင်းကျောက်အဆီအနှစ်ခုနှစ်သန်းကို အနိုင်ရထားသည်၊ ထို့ကြောင့် သူက သလင်းကျောက်အဆီအနှစ်ဆယ့်နှစ်သန်းကို ယူထုတ်ကာ လူအိုကြီးထံ ကမ်းပေးလိုက်၏ “ကျေးဇူးပြုပြီး ရေတွက်ကြည့်ပါ”
လူအိုကြီး၏မျက်လုံးများက လင်းလက်သွား၏။ ရေတွက်ပြီးနောက် သူက သိုလှောင်လက်စွပ်မှ စိတ်ဝိညာဉ်ချပ်ပြားတစ်ခုကို ယူထုတ်ကာ ဘေးသို့ အမိန့််ပေးလိုက်၏ “သူမကို လွှတ်လိုက်…”
လှောင်အိမ်ထဲတွင်။
ကြယ်မျက်ရည်၏အေးစက်သောအမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူမ၏အသက်မဲ့သောမျက်လုံးများက ခံစားချက်အနည်းငယ်ရှိလာသည်။ သူမက အဖမ်းခံထားရသည်မှာ ခြောက်ရာစုနှစ်ကျော်ခဲ့ပေပြီ။ သူမ၏သရုပ်မှန်ကို ဖုံးကွယ်ထားခဲ့သော်လည်း လွန်ခဲ့သောခြောက်ရာစုနှစ်အတွင်း သူမက တိုက်ပွဲပေါင်းနှစ်ရာကျော် တိုက်ခိုက်ခဲ့ရသည်။
ဒီမတိုင်ခင်တုန်းကတော့ သူမတွင် မျှော်လင့်ချက်အချို့ရှိခဲ့သည်၊ တစ်ယောက်ယောက်က သူမကို ဝယ်ယူကာ ဤငရဲမှ ခေါ်ထုတ်သွားလိမ့်မည်ဟု မျှော်လင့်ထား၏။ သို့သော် သူမ၏ဈေးနှုန်းက မြင့်မားလွန်းသည်။ သူမက စိတ်ပျက်ကာ တဖြည်းဖြည်း စိတ်အားငယ်လာခဲ့၏။
သူမက သေချင်သည်၊ သေခြင်းက အရာအားလုံးကို ချုပ်ငြိမ်စေမည်ဟု တွေး၏။
သို့သော် ဂိုဏ်းက ဒုက္ခရောက်နေသည်ကို တွေးမိပြန်၏။ ထို့ကြောင့် သူမက အကြိမ်ကြိမ်အခါခါ အသက်ရှင်သန်နိုင်ရန် ကြိုးစားခဲ့၏။
အကျဉ်းသားပြိုင်ကွင်း၏ကျွမ်းကျင်သူများက သံကြိုးကို ဖြုတ်ပေးလိုက်သည်။ သူမက လှောင်အိမ်တံခါးကို တွန်းဖွင့်ကာ ထန်ရှု၏ရုပ်ရည်ကို ကြည့်လိုက်၏။ ထိုအကောင်ဆီကနေ ရင်းနှီးမှုတစ်ခုကို သူမက ခံစားရ၏။
ဒီအကောင်က ဘယ်သူလဲ။ အင်မော်တယ်အဆင့်ကို ချိုးဖြတ်ကာစ ပုရွက်ဆိတ်တစ်ကောင်လား။
ကြယ်မျက်ရည်က ဦီးနှောက်ကို အလုပ်ပေးလိုက်သည်။ သို့သော် ဤရင်းနှီးဟန်ရှိသောလူငယ်နှင့်ပတ်သက်၍ ဘာတစ်ခုမှ မမှတ်မိပေ။
အကျဉ်းသားပြိုင်ကွင်း၏မန်နေဂျာလူအိုကြီးက ထန်ရှုကို ကြည့်ကာ ပြုံးလျက် ပြောလိုက်၏ “မိတ်ဆွေလေး၊ ဒီသေခြင်းစစ်သည်တော်က မင်းအပိုင်ဖြစ်သွားပြီ။ မင်းက လိုအပ်တာ ရှိသေးရင် ငါ့ကို ဆက်သွယ်လိုက်ပါ။ မင်းက ပုံမှန်ဖောက်သည်တစ်ယောက်ဖြစ်ပြီဆိုတော့ ငါ မင်းကို ဈေးလျှော့ပေးမယ်”
ကောင်းပါပြီ”ထန်ရှုက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
စိတ်လှုပ်ရှားမှုကို ဖိနှိပ်လျက် ထန်ရှုက ကြယ်မျက်ရည်ကို မိတ်ဆက်ရန် မကြိုးစားခဲ့ဘဲ လှောင်အိမ်များဆီသို့ ဆက်လျှောက်သွား၏။ လှောင်အိမ်အားလုံးထဲရှိ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်သတ်ဖြတ်ဖျော်ဖြေသူများ၏သတင်းအချက်အလက်အားလုံးကို ဖတ်ရှုပြီးနောက် သူက ပွဲကြည့်စင်သို့ ပြန်လာ၏။
အစကနေအဆုံးအထိ ထန်ရှုက ကြယ်မျက်ရည်ထံ စကားတလုံးမှ မပြောပေ၊ သူက သူမကို တစ်ချက်ပင် မကြည့်ပေ။ သူက သူမကို သူ့နောက်ကနေသာ လိုက်ပါစေခဲ့၏။
“မင်းက တကယ်အံ့အားသင့်စရာကောင်းတာပဲ၊ အင်မော်တယ်မိတ်ဆွေထန်”
မီးဖယောင်းက ထန်ရှုနောက်မှ တစ်ချိန်လုံး လိုက်ပါလာ၏၊ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်သတ်ဖြတ်ဖျော်ဖြေသူတစ်ယောက်ကို ဝယ်ရန်အတွက် ထန်ရှုက သလင်းကျောက်အဆီအနှစ်ဆယ့်နှစ်သန်းကို ယူထုတ်လိုက်သည်ကို မြင်ပြီး သူ့သဘောထားက ယခင်ကနှင့်မတူ အကြီးအကျယ်ပြောင်းလဲသွားလေ၏။