ချောမွေ့စွာ ပြန်ရောက်လာခြင်း
Vol. 94 Ch. 1315
ထန်ရှုက မီးဖယောင်း၏ချီးကျူးသံကို ကြားပုံမရပေ။ အတိတ်တွင် ကြယ်မျက်ရည်နှင့်အတူ ရှိစဉ်တုန်းက မြင်ကွင်းများက သူ၏စိတ်ထဲသို့ ဝင်ရောက်လာ၏။ အင်မော်တယ်ကမ္ဘာတွင် သူ့အတွက် ယုံကြည်စိတ်ချရသူတစ်ယောက်ကို ပြပါဆိုလျှင် ကြယ်မျက်ရည်က သူတို့ထဲမှ တစ်ယောက်ဖြစ်၏။
သို့သော် သူက သူ့သရုပ်မှန်ကို လုံးဝဖော်ထုတ်လို့မရပေ။ သူက ကြယ်မျက်ရည်ကို တစ်ရာရာခိုင်နှုန်း ယုံကြည်သည်ဆိုလျှင်ပင် အင်မော်တယ်ကမ္ဘာတွင် မှတ်ဉာဏ်များကို ရှာဖွေနိုင်သည့် ပညာရပ်အချို့ရှိသည်ကို သူက ကောင်းကောင်းသိ၏။ သူ့ရန်သူများက ကြယ်မျက်ရည်ကို တိုက်ခိုက်ပြီး သူမ၏မှတ်ဉာဏ်ကို ရှာဖွေခဲ့လျှင် သူမမှတစ်ဆင့် သူ့ကို ရှာတွေ့ရန် အခွင့်အလမ်းက မြင့်မားလှ၏။
ထို့ပြင် ကြယ်မျက်ရည်နှင့် တွေ့ဆုံမှုမှတစ်ဆင့် မြင့်မြတ်ငှက်ဂိုဏ်း၏ကြောက်စရာကောင်းသောအခြေအနေကို သူက သဘောပေါက်လိုက်၏။ ဂိုဏ်းတပည့်အမြောက်အများက အခြားပိုင်နက်များတွင် ပြန့်ကျဲနေပြီး သူဂရုစိုက်သောလူများက အကျဉ်းသားပြိုင်ကွင်းများသို့မဟုတ်အခြားတစ်နေရာရာတွင် အဖမ်းခံထားရဖို့ များသည်။ ထိုလူများက ကြီးမားသောကပ်ဆိုးများကို ရင်ဆိုင်ရနိုင်ချေများလှပေ၏။
အချိန်ရှိသေးတယ်၊ ငါ့မှာ အချိန်ရှိသေးတယ်…ဒါပေမယ့်…မြင့်မြတ်ငှက်ဂိုဏ်းမှာ အချိန်အများကြီးမကျန်တော့ဘူး…
ထန်ရှုက လက်သီးဆုပ်လိုက်ပြီး သူ့မျက်လုံးများက အေးစက်စက်အလင်းတစ်ခုနှင့် ပြည့်နှက်သွား၏။ အချိန်အတော်ကြာတော့မှ သူက လက်သီးကို ဖြေလျှော့လိုက်လေ၏။
“မီးဖယောင်း၊ ငါ့မှာ အရေးတကြီးလုပ်စရာအချို့ရှိတာကို အခုမှ သတိရတယ်၊ ဒါကြောင့် ငါ မင်းနဲ့ ဒီနေရာမှာ မရှိပေးနိုင်တော့ဘူး။ နှုတ်ဆက်ပါတယ်”ပြောပြီးနောက် ထန်ရှုက ထရပ်ကာ လျင်မြန်စွာ ထွက်ခွာသွား၏။
မီးဖယောင်းက ထန်ရှု၏နောက်ကျောကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့လေ၏။
စင်္ကြန်လမ်းထဲတွင် ထန်ရှုက ချင်ယုကို ကြည့်ကာ မေးလိုက်၏ “ငါ မှတ်ထားတာ မှန်ရင် အကျဉ်းသားပြိုင်ကွင်းမှာ အထူးပစ္စည်းတွေကို ဝယ်ယူဖို့အတွက် နေရာတစ်ခုရှိတယ်မလား။ ငါ့ကို အဲနေရာကို ခေါ်သွားပါ”
ချင်ယုက ခေါင်းညိတ်ကာ ပြောလိုက်၏ “ကျေးဇူးပြုပြီး ငါ့နောက်လိုက်လာပေးပါ၊ ဆရာ”
ချင်ယု၏လမ်းညွှန်မှုနှင့်အတူ ထန်ရှုက အကျဉ်းသားပြိုင်ကွင်း၏အထူးဆိုင်သို့ ရောက်ရှိလာခဲ့သည်။ သူက ဧည့်ကြိုအလုပ်သမားကို ကြည့်ကာ ပြောလိုက်၏ “ငါ့ကို မင်းတို့ရဲ့VIPခန်းထဲကို ခေါ်သွားပါ၊ ပြီးရင် မင်းတို့ရဲ့သခင်ကို အသိပေးလိုက်ပါ။ ဧည့်သည်ကောင်းတစ်ယောက်က သူ့ကို စောင့်နေတယ်လို့”
“နားလည်ပါပြီ…”
အလုပ်သမားက ရိုသေလေးစားစွာ ပြန်ဖြေပြီး ထန်ရှုကို ဒုတိယထပ်ရှိ VIPခန်းသို့ ခေါ်သွား၏။ ထန်ရှုက ထိုင်ခုံတွင် ထိုင်ပြီးလျှင်ချင်း အနက်ဝတ်လူအိုကြီးတစ်ယောက်က အထဲသို့ ပြုံးလျက် ဝင်လာပြီး သူတို့အုပ်စုကို ကြည့်လိုက်၏။ သို့သော် သူ့မျက်လုံးများက ကြယ်မျက်ရည်ပေါ်သို့ ကျရောက်သွားသောအခါ သူက ရုတ်တရက် မှင်တက်သွား၏။ သို့သော် သူက အံ့အားသင့်မှုကို လျင်မြန်စွာ ဖိနှိပ်လျက် ထန်ရှုထံ လျှောက်လာကာ ပြုံးလျက် ပြောလိုက်၏ “မင်းက ငါ့ကို ရှာနေတာလား၊ ဧည့်သည်တော်”
မျက်နှာချင်းဆိုင်တွင် ထိုင်ရန် ထန်ရှုက ထိုလူကို လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏ “အင်မော်တယ်ကျင့်ကြံခြင်းကျမ်းစာအုပ်တစ်ခုနဲ့ မူလဖရိုဖရဲဆေးလုံးအတွက်ဖော်စပ်နည်းကို ငါ ရောင်းချင်တယ်”
ထိုသို့ပြောပြီးနောက် သူက ကျမ်းစာအုပ်နှင့်ဖော်စပ်နည်းအညွှန်းကို သိုလှောင်လက်စွပ်မှ ယူထုတ်ကာ သူ့ရှေ့ရှိ စားပွဲပေါ်တွင် တင်လိုက်၏။
အနက်ဝတ်လူအိုကြီး၏အမူအရာက ပြောင်းလဲသွားသည်။ သူက ကျမ်းစာအုပ်နှင့်ဆေးဖော်စပ်နည်းအညွှန်းကို လျင်မြန်စွာ ဖတ်လိုက်၏။ ထိပ်လန့်တုန်လှုပ်သောအမူအရာတစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ အချိန်အတန်ကြာပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်၏ “ဒီပစ္စည်းနှစ်ခုက အရမ်းတန်ဖိုးကြီးတယ်။ အထက်ကနေ အမိန့်မရဘဲနဲ့ ငါ ဆုံးဖြတ်ချက်မချရဲပါဘူး။ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါ။ ကြီးကြပ်သူကို ငါ ခေါ်လိုက်မယ်”
“ကောင်းပါပြီ…”ထန်ရှုက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။
များမကြာမီ ကြီးကြပ်သူလူအိုကြီးက ကမန်းကတန်း ပြေးဝင်လာသည်။ အင်မော်တယ်ကျင့်ကြံခြင်းကျမ်းစာအုပ်နှင့်မူလဖရိုဖရဲဆေးဖော်စပ်နည်းအညွှန်းကို အကဲဖြတ်ပြီးနောက် သူ့အမူအရာက အန္တိမအဆင့်ရတနာတစ်ခုကို တွေ့ရှိလိုက်သည့်ပမာ ထန်ရှုကို ကြည့်လျက် ပြောလေ၏ “အင်မော်တယ်မိတ်ဆွေ၊ ဒီပစ္စည်းတွေကို တိုက်ရိုက်ရောင်းချင်လား ဒါမှမဟုတ် အခြားပစ္စည်းတွေနဲ့ ဖလှယ်ချင်လား”
ခဏစဉ်းစားပြီးနောက် ထန်ရှုက မေးလိုက်သည် “ဒီပစ္စည်းတွေနဲ့ ပြီးပြည့်စုံခြင်းအင်မော်တယ်သတ်ဖြတ်ဖျော်ဖြေသူတွေ ဘယ်နှစ်ယောက်ထိ ရနိုင်မလဲ”
လူအိုကြီးက အနည်းငယ်မျက်မှောင်ကြုတ်လျက် တွေးလိုက်သည်။ ထို့နောက် သူက ပြော၏ “ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်သတ်ဖြတ်ဖျော်ဖြေသူနှစ်ယောက်နဲ့ သလင်းကျောက်အဆီအနှစ်ငါးသန်း။ ဘယ်လိုသဘောရလဲ”
“အလယ်ဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ယောက်နဲ့ သလင်းကျောက်အဆီအနှစ်ရှစ်သန်း။ သဘောတူလား”
“ပြဿနာမရှိဘူး…”တွက်ချက်ပြီးနောက် လူအိုကြီးက ခေါင်းညိတ်လိုက်သည်။
လေးနာရီကြာပြီးနောက် ထန်ရှုက တိုက်ပွဲပမ်၊ ကြယ်မျက်ရည်နှင့် အခြားအလယ်ဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ယောက်တို့ကို ခေါ်ကာ အကျဉ်းသားပြိုင်ကွင်း၏ထွက်ပေါက်၌ ထွက်ပေါ်လာသည်။ သူက မထွက်သွားသေးဘဲ ရွှေအင်မော်တယ်နောက်လိုက်လေးယောက်အပြန်လာကို စောင့်နေ၏။ ထို့နောက် သူက ထိုလေးယောက်ကို ပြုံးလျက် မေးလိုက်၏”မင်းတို့တွေ အခြေအနေဘယ်လိုလဲ”
“အားလုံးဒီမှာပါ၊ သခင်”
ထိုလေးယောက်က သိုလှောင်လက်စွပ်များကို ထန်ရှုထံ ကမ်းပေးလိုက်သည်။
လက်စွပ်လေးကွင်းထဲရှိ ပမာဏကို စစ်ဆေးပြီးနောက် ထန်ရှုက ရုတ်တရက် အံ့အားသင့်သွား၏ “မင်းတို့က အတော်လေးရခဲ့တာပဲ။ အင်မော်တယ်သလင်းကျောက်သန်းရှစ်ဆယ်ကျော်တောင် ရခဲ့တာပဲ”
ထိုလေးယောက်က ဝမ်းသာစွာ ပြုံးလိုက်ပြီး သူတို့ထဲမှတစ်ယောက်က ရိုသေလေးစားစွာ ပြောလိုက်၏ “အကျဉ်းသားပြိုင်ကွင်းနဲ့ ပတ်သက်ပြီး ငါတို့က ကောင်းကောင်းသိတယ်လေ၊ သခင်”
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး တစ်ယောက်ဆီကို အင်မော်တယ်သလင်းကျောက်နှစ်သန်းပေးကာ တိုက်ပွဲပမ်ကိုမူ တစ်သန်းပေးလိုက်၏။ ထို့နောက် သူက ကျန်တာကို သိမ်းလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြော၏ “ကောင်းပြီလေ၊ ငါတို့တွေ အပြင်ကို ရောက်နေတာ ရက်အနည်းငယ်ရှိပြီ၊ ဒါကြောင့် ပြန်ကြတော့မယ်”
ထိုသို့ပြောပြီးနောက် သူက ကီလိုမီတာအနည်းငယ်အကွာတွင် ရပ်နေသော ချင်ယုဘက်သို့ လှည့်ကြည့်လိုက်၏။ သူက လက်တစ်ချက်တောက်လိုက်၏၊ သိုလှောင်လက်စွပ်တစ်ကွင်းက သူမလက်ထဲသို့ ရောက်ရှိသွား၏။ ထို့နောက် သူတို့ကိုးယောက်အဖွဲ့က အကျဉ်းပြိုင်ကွင်းထွက်ပေါက်မှ ထွက်သွားလိုက်လေသည်။
လက်စွပ်က သူမလက်ထဲ ထွက်ပေါ်လာသည့်အချိန်တွင် ချင်ယုက လုံးဝမှင်တက်သွားလေ၏။ သူမက ထန်ရှုရှိရာ ဉီးတည်ဘက်သို့ ထပ်ကြည့်လိုက်ရာ သူက ထွက်ခွာသွားပြီဖြစ်သည်ကို တွေ့လိုက်သည်။ ခဏတုံ့ဆိုင်းပြီးနောက် သူမက လက်စွပ်အထဲရှိ နေရာလပ်ကို စစ်ဆေးလိုက်၏။ အထဲရှိ အရာများကို မြင်ပြီးနောက် သူမက အနည်းငယ်တုန်လှုပ်သွားပြီး ပုံဆောင်ခဲတစ်ခုနှင့်တူသော အလင်းတစ်ခုက သူမမျက်လုံးများထဲ၌ ပြည့်နှက်သွားလေသည်။
အင်မော်တယ်သလင်းကျောက်တစ်သောင်းနှင့် ကျင့်ကြံခြင်းကျမ်းစာအုပ်တစ်ခု။
ကျင့်ကြံခြင်းကျမ်းစာအုပ်ကို ယူထုတ်ကာ သူမက ဖတ်ကြည့်လိုက်၏၊ မယုံကြည်နိုင်သောအကြည့်တစ်ခုက သူမ၏လှပသောမျက်နှာပေါ်တွင် ချက်ချင်း ထွက်ပေါ်လာတော့သည်။
“ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ထိ ကျင့်ကြံနိုင်တဲ့ အင်မော်တယ်ကျင့်ကြံခြင်းစာအုပ်တစ်ခုလား”
ချင်ယု၏ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားပြီး မျက်ရည်စီးကြောင်းနှစ်ခုက သူမမျက်နှာပေါ်မှ စီးကျလာတော့၏။
ထန်ရှုကို ပထမဆုံးအကြိမ် မြင်သည့်အချိန်တွင် သူမက မကျေမနပ်ဖြစ်ခဲ့သည်ကို အမှတ်ရလိုက်၏။ သို့သော် သူ့နှင့် အချိန်အချို့ ရှိခဲ့ပြီးနောက် သူမရရှိခဲ့သောအကျိုးအမြတ်က ဤနေရာတွင် ဆယ်နှစ်ကျော်အလုပ်လုပ်ခဲ့သည်ထက် အများကြီးပိုရခဲ့၏။
“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးရှင်…”
ချင်ယုက မျက်ရည်သုတ်လျက် ရေရွတ်လိုက်၏။
“ဟမ့်၊ နင်က မကျေမနပ်ဖြစ်နေတာလား ဒါမှမဟုတ် အရှက်ကွဲသွားတာလား။ ဒီလိုငိုတာက လမ်းညွှန်တစ်ယောက်အနေနဲ့ နင့်အတွက် အသုံးမဝင်ဘူးနော်။ ဒီလိုလုပ်လို့ နင်က အင်မော်တယ်ကျောက်တုံးတွေ ရမှာမဟုတ်ဘူး”ဝမ်ဝမ်က တိတ်တဆိတ် ချဉ်းကပ်လာလျက် မဲ့ကာရွဲ့ကာ ပြောလိုက်၏။
ချင်ယုက ကျင့်ကြံခြင်းစာအုပ်ကို သိုလှောင်လက်စွပ်ထဲသို့ ကမန်းကတန်းထည့်ကာ ဝမ်ဝမ်ဘက်သို့ လှည့်ပြီး ပြောလိုက်၏ “နင်ပြောတာ မှားတယ်။ ငါက ဘောက်ဆူးတွေ ရခဲ့ရုံတင်မကဘူး၊ နင် ထင်ထားတာထက် အများကြီးပိုရတယ်”
ထိုသို့ပြောပြီးနောက် သူမက အကျဉ်းသားပြိုင်ကွင်းဝင်ပေါက်ဆီသို့ လျှောက်သွားပြီး အတိုးပေးရန် သွားလိုက်သည်။ ဤအချိန်တွင် အလုပ်ထွက်ပြီး အပြင်ကမ္ဘာသို့ စူးစမ်းရှာဖွေရန် သူမက ဆုံးဖြတ်ထားသည်၊ အနာဂတ်တွင် ထိုကျေးဇူးရှင်နှင့် ထပ်တွေ့ဆုံရန် သူမက မျှော်လင့်နေမိ၏။
ဟက်ဆန်ရဲတိုက်တွင်။
ထန်ရှုတို့အဖွဲ့က ကြယ်ငေးစံအိမ်သို့ ပြန်ရောက်လာသည်၊ ထို့နောက် သူက ကူးယန်အာဆီသို့ လျှောက်သွား၏။ သူမ၏ထူးဆန်းသောအမူအရာကို ကြည့်ရင်း သူက ဖြည်းဖြည်းချင်း မေးလိုက်၏ “ငါဝယ်လာတဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေကနေ မင်း ဘာကို သတိပြုမိလဲ”
“အမ်…မျက်နှာမည်းဒေါ်လေးပဲ”ကူးယန်အာ၏မျက်လုံးများက အကြိမ်အနည်းငယ် တွန့်လိမ်သွား၏။
“မင်း ပြောတာ မှန်တယ်။ ဒေါ်လေးကြယ်မျက်ရည်ပဲ”ထန်ရှုက ရှုံ့မဲ့လျက် ပြုံးလိုက်၏ “ငါ သူမကို ကောင်းကင်ဘုံပိုက်ကွန်အင်မော်တယ်ပိုင်နက်ရဲ့အကျဉ်းသားပြိုင်ကွင်းမှာ တွေ့ခဲ့တာ။ အဲမှာ သူမက သတ်ဖြတ်ဖျော်ဖြေသူတစ်ယောက်ဖြစ်နေတယ်၊ ဒါကြောင့် ငါ သူမကို ဝယ်လာခဲ့တာ”
“သူမကို သရုပ်မှန် ပြောပြခဲ့လား”ကူးယန်အာက ကမန်းကတန်း မေး၏။
“မပြောရသေးဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “သူမကို ငါ့ရဲ့သရုပ်မှန် မပြောရသေးတင်မကဘူး၊ သူမရဲ့စိတ်ဝိညာဉ်ချပ်ပြားကလဲ ငါနဲ့အတူ ရှိနေတုန်းပဲ။ အစကနေအဆုံးအထိ ငါ သူမကို ဘာတစ်ခုမှ မပြောခဲ့ဘူး”
ကူးယန်အာက စိတ်အေးသွားကာ သိချင်စိတ်နှင့် မေးလိုက်၏ “ကြောက်တာလား၊ ဆရာသခင်”
ထန်ရှုက အားတင်းပြုံးလျက် ပြော၏ “ဟုတ်တယ်၊ ငါ ကြောက်တယ်။ ငါက သူမကို ပြောလိုက်ရင် ငါ့ရဲ့သရုပ်မှန်ကို ရှာတွေ့သွားမှာကို ငါ ကြောက်တယ်။ ယန်အာ၊ ငါ့ရဲ့လက်ရှိနဲ့အရင်အသွင်အပြင်တွေမှာ ပြောင်းလဲမှုအချို့ရှိပေမယ့် ငါနဲ့တကယ်ရင်းနှီးတဲ့သူတွေက ငါ ဘယ်သူလဲဆိုတာကို ခန့်မှန်းနိုင်သေးတယ်။ ဒါကြောင့်…”
“ဆရာ၊ အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ လက်ရှိနဲ့အတိတ်ကဆရာသခင်ကြား ဆက်နွယ်မှုကို ခွဲခြားနိုင်တာ နှစ်ဆယ်အောက်ပဲ ရှိမှာပါ။ ငါ၊ သူမ၊ အဲဒီရန်သူနှစ်ယောက်နဲ့ အဖိုးနဲ့အဖွားအပြင် အဲဒီညီအမကိုးယောက်ပဲ သိတာပါ”
“ဒါဇင်တစ်ခုထက် ကျော်တယ်”ထန်ရှုက ခေါင်းခါယမ်းလိုက်သည်။
“မဟုတ်ဘူး၊ အင်မော်တယ်ကမ္ဘာက ကျယ်ပြန့်လွန်းတယ်။ အဲဒီလူတွေက ခန့်မှန်းနိုင်ရင်တောင် ဆရာ့ရဲ့သရုပ်မှန်ကို အတည်မပြုနိုင်ဘူး”ကူးယန်အာက ငြင်းခုံလိုက်၏ “မျက်နှာမည်းအန်တီလိုပေါ့။ ငါ သူမကို လေ့လာခဲ့တယ်၊ သူမက ဆရာ့ရဲ့သရုပ်မှန်ကို လုံးဝသိပုံမရဘူး။ ငါ မြင်သလောက်ကတော့ ဆရာသခင်ရဲ့ရုပ်ရည်ကနေတစ်ဆင့် သူမက သရုပ်မှန်ကို ရှာဖွေဖို့ ကြိုးစားနေတာပဲ”
ထန်ရှုက ခေါင်းညိတ်လျက် မေးလိုက်သည် “ဒါဆို ငါ ဘာလုပ်သင့်လဲ၊ ယန်အာ။ စိတ်ဝိညာဉ်ချပ်ပြားကို သူမဆီ ပြန်ပေးပြီး ချက်ချင်း ထွက်သွားခိုင်လိုက်ရမလား။ ဒါမှမဟုတ် အမှန်တရားကို ဆက်ဖုံးကွယ်ထားပြီး သူမကို ငါတို့နောက် လိုက်ခိုင်းမှာလား”
အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကူးယန်အာက ဖြည်းဖြည်းချင်း ပြန်ဖြေသည် “ဆရာသခင်၊ အမှန်တရားကို ဖုံးကွယ်ပြီး သူမကို ငါတို့နောက် လိုက်ခိုင်းတာက အကောင်းဆုံးလို့ ငါ ထင်တယ်။ တကယ်တော့ သူမက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ပဲလေ။ သူမကို စိတ်ဝိညာဉ်ချပ်ပြား ပြန်ပေးပြီးနောက် သူမက ဆရာသခင်ရဲ့သရုပ်မှန်ကို သိဖို့ ကြိုးစားနေအုံးမယ်ဆိုရင် ပြဿနာများလိမ့်မယ်။ ပြီးတော့ သူမက မြင့်မြတ်ငှက်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ရဲ့ညီမပဲ။ ဒီလိုအဆင့်အတန်းမျိုးနဲ့ တစ်ယောက်တည်း ထွက်သွားတဲ့အခါမှာ သူမကို ဖမ်းမိသွားရင်း ဒုက္ခရောက်ရလိမ့်မယ်။ ဆရာသခင်က ပြန်ရောက်လာမှတော့ သူမကို ငါတို့နဲ့ အတူထားတာ အကောင်းဆုံးပဲ။ တစ်ဖက်မှာ သူမက ငါတို့ကို ကူညီနိုင်ပြီး အခြားတစ်ဖက်မှာ ငါတို့ကလဲ သူမကို စိတ်ပူစရာမလိုတော့ဘူးလေ”
ထန်ရှုက ပြောလိုက်သည် “ဒါ့အပြင် သူမရဲ့သရုပ်မှန်ကို သိတဲ့ လူအနည်းငယ်ရှိတယ်ဆိုတာ မင်း တွေးပြီးပြီလား။ ငါတို့ရဲ့ရန်သူတွေကသာ သူမကို သိရင်၊ ကိစ္စက…”
ကူးယန်အာက ပြောလိုက်သည် “ဒါဆို သူမရဲ့ရုပ်ကို ပြောင်းလိုက်ပေါ့”
ခဏစဉ်းစားပြီးနောက် ဒါက ကောင်းမွန်သောအိုင်ဒီယာတစ်ခုဟု ထန်ရှုက ခံစားမိသည်။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြောလိုက်၏ “ကြည့်ရတာ ငါတို့က ဒီနည်းလမ်းအတိုင်းပဲ လုပ်ရမယ်ထင်တယ်။ ယန်အာ၊ အန်တီကြယ်မျက်ရည်ရဲ့သရုပ်မှန်ကို ငါတို့နဲ့ဟိုကိုးယောက်ကလွဲပြီး အပြင်ကမ္ဘာကို ပေါက်ကြားစေလို့မရဘူး။ ပြီးတော့ အန်တီကြယ်မျက်ရည်ရှေ့မှာ ဟာကွက်တွေ မဖြစ်စေဖို့ အဲဒီညီအမကိုးယောက်ကို သတိပေးလိုက်ပါ”