← Chapters

အတူတကွ

Vol. 94 Ch. 1316

အတူတကွ

Vol. 94 Ch. 1316

သူနှင့်ကူးယန်အာတို့က ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲမှ ထွက်လာပြီးနောက် ထန်ရှုက အလယ်ဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ယောက်ကို ကောင်းကင်ဘုံစံအိမ်ထဲသို့ ခေါ်ဆောင်လာ၏။ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ယောက်၏ထူးမခြားနားသောအမူအရာကို ကြည့်ရင်း ထန်ရှုက စီးကရက်တစ်လိပ်ယူထုတ်ကာ မီးညှိပြီးနောက် တစ်ဖွာရှိုက်ရင်း ပြောလိုက်၏ “ငါက သာမန်အင်မော်တယ်အဆင့်ပဲရှိတာကြောင့် ပုရွက်တစ်ကောင်ထက်တောင် ဆိုးတယ်လို့ မင်းတို့က တွေးနေတာမလား”

“ငါတို့က အဲလိုအတွေးမတွေးရဲပါဘူး၊ သခင်”

သူတို့၏အတွေးများက ထိုအတိုင်း အတိအကျပင်၊ သို့သော် သူတို့၏အသက်က ထန်ရှု၏လက်ထဲတွင် ရှိသောကြောင့် ထိုလူနှစ်ယောက်က ခေါင်းခါယမ်းလိုက်ကာ ငြင်းလိုက်သည်။

“မင်းတို့သိလား၊ သူတို့ရဲ့စိတ်နဲ့ ဆန့်ကျင်ပြီး အမှန်အတိုင်းမပြောတတ်တဲ့ နောက်လိုက်တွေကို ငါ သဘောမကျဘူး”ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်၏ “ငါ့ကို အမှန်အတိုင်း ဖြေပါ။ ငါပြောတာ မှန်ရဲ့လား”

“မှန်ပါတယ်…”

အထွတ်အထိပ်အုပ်ချုပ်သူနှင့်ပင်လယ်လမ်းဘုရင်တို့က တစ်ပြိုင်နက်တည်း ပြန်ဖြေ၏။

ထန်ရှုက ကျေနပ်စွာ ခေါင်းညိတ်လျက် ပြောလိုက်၏ “ဒါဆို မင်းတို့နှစ်ယောက်က ငါ့ကို နောက်ထပ်မေးခွန်းတစ်ခုဖြေပေးပါ။ မင်းတို့တွေ စတင်ကျင့်ကြံခဲ့တဲ့အချိန်ကနေ လက်ရှိအထိ အချိန်ဘယ်လောက်ကြာပြီလဲ”

“နှစ်ပေါင်း၆၄၃၂”အထွတ်အထိပ်အုပ်ချုပ်သူက ပြန်ဖြေ၏။

“ငါကတော့ နှစ်ပေါင်း၅၃၂၀”ပင်လယ်လမ်းအရှင်က ပြောလိုက်၏။

“ကျင့်ကြံခြင်းလမ်းကြောင်ပေါ်ကို ပထမဆုံးခြေချတာကနေ အင်မော်တယ်အဆင့်ကို ရောက်တဲ့အထိ မင်းတို့တွေ အချိန်ဘယ်လောက်ယူခဲ့ရသလဲဆိုတာ မင်းတို့ မှတ်မိအုံးမှာပါ၊ ဟုတ်လား။ ငါ့ကို ပြောပြပါ”ထန်ရှုက ထပ်မေးလိုက်၏။

အထွတ်အထိပ်အုပ်ချုပ်သူနှင့်ပင်လယ်လမ်းဘုရင်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က ထန်ရှုမေးခွန်း၏လမ်းကြောင်းကို ရေးရေးသဘောပေါက်ကာ စိတ်ထဲ၌ ရုတ်တရက် နှာခေါင်းရှုံ့လိုက်၏။ သူတို့က သက်ဆိုင်ရာအင်မော်တယ်ပိုင်နက်ထဲတွင် ပြိုင်ဘက်ကင်းပါရမီရှင်များဖြစ်ခဲ့ကြပြီး သူတို့၏ကျင့်ကြံခြင်းအရှိန်က အခြားသူများထက် အဆများစွာ ပိုမြန်၏။

“ဒီနောက်လိုက်က နှစ်ပေါင်း၄၂၃ပဲ ကြာခဲ့ပါတယ်”အထွတ်အထိပ်အုပ်ချုပ်သူက ပြောလိုက်၏။

“ဒီနောက်လိုက်ကတော့ နှစ်လေးရာကြာခဲ့ပါတယ်”ပင်လယ်လမ်းဘုရင်က ပြောလိုက်၏။

‘ဒါဆို မဆိုးဘူးပဲ”ထန်ရှုက ခေါင်းညိတ်လျက် ပြောလိုက်၏ “ဒါဆို ကျင့်ကြံခြင်းလမ်းကြောင်းပေါ်ကို ငါ ရောက်တာ ဘယ်လောက်ကြာပြီးလဲဆိုတာ မင်းတို့ သိလား”

ထိုနှစ်ယောက်က တစ်ပြိုင်နက်တည်း ခေါင်းခါယမ်းလိုက်သည်။

“နှစ်သုံးဆယ်အောက်ပဲရှိသေးတယ်”ထန်ရှုက ပြောလိုက်၏။

“ဘယ်လို…”

ထိုနှစ်ယောက်က မယုံကြည်နိုင်ဖြစ်သွားကြ၏။

သူတို့နှစ်ယောက်လုံးက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များဖြစ်ကြပြီး သူတို့၏စိတ်အခြေအနေက ကောင်းကင်ဆန့်ကျင်၏။ သို့သော် ထန်ရှု၏စကားက သူတို့ကို ရိုးတွင်းခြင်ဆီထိတိုင် ထိတ်လန့်သွားစေ၏။ နှစ်သုံးဆယ်အောက်နှင့် မော်တယ်အဆင့်မှ အင်မော်တယ်အဆင့်သို့ ရောက်ရှိသူတစ်ယောက်ကို သူတို့က ဘယ်တော့မှ မကြားဖူးပေ။ ရှေးခတ်၏အန္တိမအရှင်အဆင့်ကျွမ်းကျင်သူများပင် ဒီလိုမအောင်မြင်နိုင်ခဲ့ပေ။

“အဲလောက်ထိ ထိတ်လန့်ဖို့ မလိုဘူး။ ပြီးတော့ ငါ့မှာ မြင့်မြတ်တဲ့သွေးမျိုးဆက်တစ်ခုခုရှိသလားဆိုတာကိုလဲ မင်းတို့တွေ သံသယဖြစ်စရာမလိုဘူး”ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်၏ “ငါက သာမန်လူတစ်ယောက်ပဲ၊ မွေးကာစကနေ လက်ရှိထိ အင်မော်တယ်တစ်ယောက်ဖြစ်လာဖို့ ငါ့အတွက် နှစ်သုံးဆယ်အောက်ပဲ ကြာခဲ့တယ်။ အခု ငါ ဘာပြောချင်သလဲဆိုတာ မင်းတို့နှစ်ယောက် နားလည်ကြမယ်ထင်ပါတယ်”

အထွတ်အထိပ်အုပ်ချုပ်သူနှင့်ပင်လယ်လမ်းဘုရင်တို့က အကြည့်ချင်းဖလှယ်လိုက်ကြပြန်၏။ သူတို့က ဒါကို အနည်းငယ်မလက်ခံနိုင်သော်လည်း သူတို့၏သဘောထားက များစွာ ပြောင်းလဲသွားကာ သူတို့က အနည်းငယ်ရိုသေလေးစားစွာဖြင့် ပြန်ပြော၏ “ငါတို့ နားလည်ပါတယ်။ သခင်ရဲ့ပါရမီက သေချာပေါက် ကောင်းကင်ကို ဆန့်ကျင်ပြီး အတိတ်က ပြိုင်ဘက်ကင်းပါရမီတွေထက် ပိုကြောက်စရာကောင်းတယ်။ အချိန်ကြာလာတာနဲ့အမျှ သခင်က ပိုပိုသန်မာလာနိုင်မယ်ဆိုတာ ငါတို့ ယုံကြည်ပါတယ်”

ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက် ပြောလိုက်၏ “ဒါကို မင်းတို့နားလည်တာ ကောင်းတယ်၊ ဒါကြောင့် ဒီနေ့ ငါ မင်းတို့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ငါ့လက်အောက်မှာ အကောင်းဆုံးတာဝန်ထမ်းဆောင်ဖို့ မင်းတို့ကို ငါ ပြောချင်တယ်၊ မင်းတို့က ငါ့ကို နှစ်ငါးထောင်ပဲ သစ္စာရှိဖို့ လိုအပ်တယ်။ အဲဒါပြီးရင် မင်းတို့တွေ လွတ်လပ်ခွင့်ရလိမ့်မယ်”

“နှစ်ငါးထောင်လား”

သူတို့နှစ်ယောက်က တစ်ပြိုင်နက်တည်း ခါးသီးစွာ ပြုံးလိုက်ကြ၏။ လက်ရှိအချိန်တွင် သူတို့က အလွန်အသက်ကြီးနေပြီဖြစ်၏။ သူတို့က နောက်နှစ်ငါးထောင်အထိ အသက်ရှင်နိုင်အုံးမယ်ဆိုတာ ဘယ်သူက အာမခံနိုင်မှာလဲ။

“အဲဒီနှစ်ငါးထောင်အတွင်း မင်းတို့ကို ကျင့်ကြံခြင်းအရင်းအမြစ်တွေ ထောက်ပံ့ပေးမယ်၊ မင်းတို့ရဲ့လွတ်လပ်မှုကိုလဲ အများကြီး ကန့်သတ်ထားမှာ မဟုတ်ဘူး”ထန်ရှုက ထပ်ပြော၏ “မင်းတို့ရဲ့အသက်က ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိတယ်ဆိုပေမယ့် မင်းတို့နဲ့ ထိုက်တန်တဲ့လေးစားမှုကို ငါ ပေးမယ်။ မင်းတို့ရဲ့အဆင့်အတန်းက အမြင့်တစ်ခုထိ ရောက်ပြီး မဟာထန်အင်ပါယာရဲ့ကာကွယ်သူတွေဖြစ်လာဖို့ ငါ အာမခံတယ်”

ထိုလူနှစ်ယောက်က ခေါင်းရှုပ်သွားကြသည်။

“အရိုးသားဆုံးပြောရရင် ငါ့ရဲ့လူတွေနဲ့အတူ ငါက အင်မော်တယ်ကမ္ဘာကို တက်လာတာ မကြား‌သေးဘူး”ထန်ရှုက ထပ်ပြော၏ “လက်ရှိအချိန်မှာ မဟာထန်အင်ပါယာတစ်ခုလုံးရဲ့အဖွဲ့ဝင်အရေအတွက်က နှစ်သိန်းလောက်ပဲ ရှိတယ်”

“ငါတို့ သဘောတူတယ်…”

သူတို့နှစ်ယောက်က သဘောတူသော်လည်း စိတ်ထဲ၌ ခါးသီးစွာ ပြုံးမိ၏။ အင်ပါယာတစ်ခုမှာ လူနှစ်သိန်းပဲ ရှိတာလား။ သာမန်တိုင်းပြည်တစ်ခုပင် လူဉီးရေက ဆယ်သန်းကျော် ရှိနိုင်တယ်မလား။ ဒါကို ဒီကောင်က အင်ပါယာတစ်ခုလို့ ခေါ်ရဲတာလား။

ရုတ်တရက် သူတို့က တစ်စုံတစ်ခုကို သဘောပေါက်လိုက်ကြသည်။ သူတို့သခင်က အင်မော်တယ်ကမ္ဘာကို ရောက်လာတာ မကြာသေးဘူးဆိုရင် ဒီလောက်များတဲ့ကြွယ်ဝမှုတွေကို သူက ဘယ်နေရာက ရခဲ့တာလဲ။ သူက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်သုံးယောက်ကို တစ်ချက်တည်းနဲ့ ဝယ်ယူခဲ့တယ်ဆိုတာ သူတို့ သိပါတယ်။

“ငါ မေးခွန်းတစ်ခု မေးလို့ရမလား၊ သခင်”ပင်လယ်လမ်းဘုရင်က အနည်းငယ်တုံ့ဆိုင်းပြီးနောက် ပြောလိုက်၏။

“မေးပါ”ထန်ရှုက ပြော၏။

“သခင်က ကမ္ဘာငယ်တစ်ခုက လာခဲ့တယ်လို့ ပြောခဲ့တယ်နော်။ အဲဒီကမ္ဘာမှာ အင်မော်တယ်ကျောက်တုံးတွေ၊ အင်မော်တယ်သလင်းကျောက်တွေနဲ့ သလင်းကျောက်အဆီအနှစ်တွေ အများကြီးရှိတာလား။ မဟုတ်ရင် ငါတို့ကို ဝယ်ဖို့အတွက် အဲလောက်များတဲ့ငွေတွေကို ဘယ်နေရာက ရခဲ့တာလဲ”ပင်လယ်လမ်းဘုရင်က မေးလိုက်၏။

“အကျဉ်းသားပြိုင်ကွင်းကလွဲပြီး အခြားဘယ်နေရာ ရှိမှာလဲ။ အဲဒါက လောင်းကစားလုပ်ဖို့အတွက် နေရာတစ်ခုမဟုတ်လား”ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလိုက်၏ “ငါက မင်းတို့ကောင်တွေကို အကျဉ်းသားပြိုင်ကွင်းကနေ ဝယ်နိုင်တယ်။ အဲကနေပဲ ကြွယ်ဝမှုတွေ မရနိုင်ဘူးလား”

အင့်…

ထိုလူနှစ်ယောက်က ထိတ်လန့်တုန်လှုပ်သွားလျက် ပင့်သက်ရှိုက်လိုက်မိကြသည်။

သူတို့ကိုယ်တိုင်က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များဖြစ်သော်ငြား အကျဉ်းသားပြိုင်ကွင်းမှ အင်မော်တယ်သလင်းကျောက်သန်းရာချီ အနိုင်ရခြင်းက အောင်မြင်ရန်အတွက် အလွန်ခက်ခဲသောအရာတစ်ခုဖြစ်သည်။ တကယ်တော့ လောင်းကစားပွဲတိုင်းကို အနိုင်ရချင်သည်ဆိုလျှင် ကြောက်စရာကောင်းသာအမြင်အာရုံတစ်ခုရှိရုံတင်မကာ ကောင်းကင်ကိုဆန့်ကျင်သောကံကြမ္မာကိုလည်း လိုအပ်ပေသည်။

ထန်ရှုက သိုလှောင်လက်စွပ်မှ အင်မော်တယ်သလင်းကျောက်နှစ်သန်းယူထုတ်ကာ ထိုလူနှစ်ယောက်ကို ပေးလျက် ပြောလိုက်၏ “ငါ့မှာ မင်းတို့အတွက် တာဝန်တစ်ခုရှိတယ်။ အဲဒါက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဖြစ်ကာစရန်သူတစ်ယောက်ကို သတ်ပေးဖို့ပဲ။ ဒါပေမယ့် မင်းတို့ရဲ့အထောက်အထားတွေကို မထုတ်ဖော်မိစေဖို့ သတိထားပါ။ သူ့ကို သတ်ပြီးရင် ချက်ချင်းပြန်ဆုတ်လာပါ”

“ဒီလူက ဘယ်သူလဲ”ပင်လယ်လမ်းဘုရင်က မေးလိုက်၏။

“သိုင်းညဝံပုလွေ၊ ဒီဟက်ဆန်ရဲတိုက်အင်မော်တယ်ပိုင်နက်ထဲက ညဝံပုလွေကလန်ရဲ့ဘိုးဘေးပဲ”ထန်ရှုက ပြောလိုက်သည်။

“ငါတို့နှစ်ယောက်က သေချာပေါက် အောင်မြင်အောင် လုပ်ခဲ့ပါမယ်”ပင်လယ်လမ်းဘုရင်က ရိုသေလေးစားစွာ ပြန်ဖြေ၏။

“မှတ်ထားပါ၊ မင်းတို့နှစ်ယောက်က ဒါကို လုပ်ဖို့ အချိန်အနည်းငယ်ပဲ ရတယ်၊ ဘာလို့လဲဆိုတော့ ဒီသိုင်းညဝံပုလွေက ငရဲကိုးထပ်ဓားမာစတာကို သိတယ်”ထန်ရှုက ပြောလိုက်၏ “မင်းတို့လဲ ငရဲကိုးထပ်ဓားမာစတာရဲ့နာမည်ကို ကြားဖူးမယ်လို့ ငါ ယူဆတယ်။ သူလဲ အခု ဟက်ဆန်ရဲတိုက်မှာ ရှိတယ်၊ သူက ဒီသိုင်းညဝံပုလွေရဲ့မိတ်ဆွေတစ်ယောက်ပဲ။ ဒါကြောင့် အမြန်ဆုံး ကိစ္စသပ်ပြီးတာနဲ့ ငရဲကိုးထပ်ဓားမာစတာက သတင်းကို မရခင် ပြန်ဆုတ်လာပါ”

“နားလည်ပါပြီ…”ထိုနှစ်ယောက်က ပြန်ဖြေပြီး ထန်ရှုက သူတို့ကို ကောင်းကင်ဘုံစံအိမ်ထဲမှ ထုတ်လိုက်၏။

ထို့နောက် ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ သူက ကောင်းကင်ဘုံစံအိမ်မှ ထွက်လာသောအခါ ကူးယန်အာက လက်ဖက်ရည်သောက်နေပြီး ကြယ်မျက်ရည်က အခန်းထဲတွင် ထိုင်လျက် ရှိနေသေးသည်ကို မြင်လိုက်၏။

“အထဲကို ဝင်ပါ”

ထန်ရှုက ကောင်းကင်ဘုံစံအိမ်ကို ဖွင့်ကာ ကြယ်မျက်ရည်ကို အထဲသို့ ခေါ်လာသည်။

ကြယ်မျက်ရည်က ထန်ရှုကို လေ့လာပြီးနောက် မေးလိုက်၏ “ငါ့အတွက် ညွှန်ကြားချက်တစ်ခုခုရှိလို့လား၊ သခင်”

ထန်ရှုက သလင်းကျောက်အဆီအနှစ်နှစ်သန်းကို ယူထုတ်ကာ သိုလှောင်လက်စွပ်တစ်ကွင်းထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူမထံ ပစ်ပေးပြီးနောက် ပြောလိုက်၏ “အခုကစပြီး မင်း ငါ့ကို သခင်လို့ ခေါ်စရာမလိုတော့ဘူး။ ငါ့နာမည်က မဟာထန်ကောင်းကင်ဘုံဧကရာဇ်။ ငါ့ကို အရှင်လို့ ခေါ်လို့ရတယ်”

“မဟာထန်ကောင်းကင်ဘုံဧကရာဇ်လား။ …အရှင်လား”

ကြယ်မျက်ရည်က ခေါင်းရှုပ်သွားပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်၏။

“ငါက မဟာထန်အင်ပါယာရဲ့ဧကရာဇ်ပဲ။ ငါ့တိုင်းပြည်မှာ ပိုက်နက်တွေ မရှိဘူး၊ ငါတို့ရဲ့အရေအတွက်ကလဲ လူနှစ်သိန်းကျော်ပဲ ရှိတယ်။ ဒါပေမယ့် အခုကစပြီး မင်းက တိုင်းပြည်ရဲ့ဆရာနဲ့ကာကွယ်သူပဲ။ ငါ မင်းကို ကျင့်ကြံခြင်းအရင်းအမြစ်တွေ ထောက်ပံ့ပေးမယ်၊ မင်းက ငါ့ကို ကတိသုံးခုပေးရမယ်”

“ကျေးဇူးပြုပြီး ပြောပါ”ကြယ်မျက်ရည်က အနည်းငယ် ခေါင်းညိတ်လိုက်၏။

“ဒီနေ့ကစပြီး မင်းရဲ့ရုပ်ရည်ကို ပြောင်းလဲပစ်ရမယ်”ထန်ရှုက ပြော၏ “မင်းက အကြောင်းပြချက်ကို မေးတယ်ဆိုရင် ငါ ပြောပြမယ်။ လက်ရှိအချိန်မှာ ငါက အားနည်းလွန်းပြီး ငါ့ရဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေကို မကာကွယ်နိုင်ဘူး။ မင်းက အကျဉ်းသားပြိုင်ကွင်းမှာ သေခြင်းစစ်သည်တစ်ယောက်ဖြစ်လာခဲ့တာဆိုတော့ မင်းမှာ အားကောင်းတဲ့ရန်သူတွေရှိတယ်လို့ ဆိုလိုတယ်။ မင်းကြောင့် ငါ အရှုပ်အထွေးမဖြစ်ချင်ဘူး”

“ငါ နားလည်ပါတယ်”

ကြယ်မျက်ရည်က အများကြီးမပြောဘဲ ခေါင်းညိတ်လိုက်သည်။ သူမ၏မျက်နှာကြွက်သားများက ရွေ့လျားသွားကာ သူမ၏ရုပ်ရည်က လျင်မြန်စွာ ပြောင်းလဲသွား၏။ လက်ရှိတွင် သူမနှင့် အလွန်နီးကပ်သောသူများမှ လွှဲ၍ သူမ၏သရုပ်မှန်ကို သိရန် မဖြစ်နိုင်ပေ။

“ဒုတိယတစ်ခု။ အခုကစပြီး မင်းက ငါ့အမိန့်ကို နာခံရမယ်”ထန်ရှုက ထပ်ပြော၏ “သေချာတာကတော့ ငါ မင်းကို သေတွင်းထဲ ပို့မှာ မဟုတ်ဘူး။ ပြီးတော့ မင်းကို လွတ်လပ်မှုအများကြီးလဲ ပေးမယ်၊ ရိုသေလေးစားမှုရောပေါ့။ ဒါပေမယ့် မင်းရဲ့အတိတ်ကို ယာယီချန်ထားပြီး ငါ့အတွက် စိတ်ပါလက်ပါ အမှုထမ်းရမယ်”

“ငါ့ရဲ့ရန်သူတွေနဲ့ တွေ့တဲ့အခါမှာရော ငါ့ကိုယ်ငါ ထိန်းချုပ်ထားရမှာလား”ကြယ်မျက်ရည်က မေးလိုက်၏။

“ဟုတ်တယ်။ မင်းရဲ့ရန်သူတွေနဲ့ တွေ့တယ်ဆိုရင်တောင် မင်းက ထိန်းချုပ်ထားရမယ်၊ ဘာချို့ယွင်းချက်၊ ဘာအရိပ်အယောင်မှ မပြရဘူး”ထန်ရှုက အတည်ပြလိုက်၏ “သေချာတာကတော့ မင်း ငါ့ကို ပြောပြလို့ရတယ်၊ အနေအထားပေါ်မူတည်ပြီး ငါ ဆောင်ရွက်မယ်။ ငါတို့က မင်းရဲ့ရန်သူတွေကို ပြဿနာတစ်စုံတစ်ရာမရှိဘဲ ဖြေရှင်းနိုင်မယ်ဆိုရင် သူတို့ကို မင်းနဲ့ ဖြေရှင်းခွင့်ပေးဖို့ ပြဿနာမရှိဘူး၊ ဒါမှမဟုတ် မင်းအတွက် အဲဒါကို လုပ်ဆောင်ဖို့ လူအချို့ကို စေလွှတ်ပေးမယ်”

ကြယ်မျက်ရည်၏မျက်လုံးများက လင်းလက်သွားလျက် နက်ရှိုင်းသောအသံနှင့်‌ မေးလိုက်၏ “ငါ မင်းရဲ့စကားတွေကို အလေးအနက်ထားမှတ်ယူလို့ရလား”

“သေချာတာပေါ့”ထန်ရှုက ပြန်ဖြေ၏။

ကြယ်မျက်ရည်က ခေါင်းညိတ်လျက် ပြော၏ “ဒါဆို ငါ ကတိပေးပါတယ်”

ကျေနပ်သောအကြည့်နှင့် ထန်ရှုက ထပ်ပြော၏ “တတိယကိစ္စကတော့ ငါ မတွေးရသေးဘူး။ ဒါပေမယ့် အချိန်ကျရင် ငါ ပြောမှာပါ။ လက်ရှိအချိန်မှာ ကောင်းကင်ဘုံစံအိမ်ထဲမှာပဲ ကျင့်ကြံနေပါ။ မင်းမှာ တခြားလုပ်စရာမရှိရင် မဟာထန်အင်ပါယာရဲ့စစ်သည်တွေကို ငါ့အတွက် လေ့ကျင့်ပေးပါ”

“နားလည်ပါပြီ…”ကြယ်မျက်ရည်က ခေါင်းညိတ်လိုက်သည်။

နောက်အခိုက်အတန့်တွင် ထန်ရှုက ခဏတုံ့ဆိုင်းသွားကာ ကြယ်မျက်ရည်၏မျက်လုံးများထဲရှိ အသစ်ဖြစ်ပေါ်လာသော လန်းဆန်းတက်ကြွမှုကို လေ့လာလိုက်သည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြော၏ “အခု မင်းက ငါတို့ဘက်က လူတစ်ယောက်ဖြစ်လာမှတော့ ဒီထန်ရှုက မင်းကို ယှဉ်ပြိုင်နိုင်တဲ့ စွမ်းအားရှင်တစ်ယောက်ဖြစ်လာတာနဲ့ မင်းရဲ့လွတ်လပ်မှုကို ပြန်ရနိုင်တယ်။ အဲအချိန်ကျရင် ထွက်သွားမလား၊ ဆက်နေမလား၊ မင်းရဲ့ရွေးချယ်မှုကို ငါ လေးစားမယ်”

နောက်ဆုံးစကားကို ကြားပြီးနောက် ကြယ်မျက်ရည်၏အမူအရာက အပြင်းအထန်ပြောင်းလဲသွားကာ မယုံကြည်နိုင်မှုက သူမမျက်လုံးများထဲ၌ ပြည့်နှက်သွား၏။ သူမက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လျက် ထစ်ထစ်ငေါ့ငေါ့နှင့် မေးလိုက်၏ “မင်း…အခုနက မင်းကိုယ်မင်း ဘယ်လိုခေါ်လိုက်လဲ”

“မဟာထန်ကောင်းကင်ဘုံဧကရာဇ်၊ ထန်ရှု”ထန်ရှုက ပြောလိုက်သည်။

ကြယ်မျက်ရည်က ထန်ရှုကို အချိန်အတော်ကြာ စိုက်ကြည့်လိုက်၏၊ ထို့နောက် သူမက ခေါင်းခါယမ်းကာ ပြော၏ “မဟုတ်ဘူး…မင်းက သေချာပေါက် သူမဟုတ်ဘူး။ မင်းရဲ့ရုပ်ရည်ကို ငါ မြင်နိုင်တယ်၊ ပြောင်းလဲထားတာ မရှိဘူး။ ဒါပေမယ့် မင်းဆီမှာ ဘာလို့ ရင်းနှီးတဲ့အရှိန်အဝါတစ်ခုရှိနေရတာလဲ”

“မင်း ဘယ်သူ့ကို ပြောနေသလဲဆိုတာ ငါ ခန့်မှန်းနိုင်ပါတယ်”ထန်ရှုက တည်ငြိမ်စွာ ပြော၏ “အရင်က အကျဉ်းသားပြိုင်ကွင်းကနေ ကြောင်အမျိုးသမီးတစ်ယောက်ကို ငါ ဝယ်ခဲ့တယ်။ ငါ့မှာ ရင်းနှီးတဲ့အရှိန်အဝါတစ်ခုရှိတယ်လို့ သူလဲ ပြောခဲ့တယ်”

ကြယ်မျက်ရည်က လက်သီးဆုပ်လျက် လေးလံသောအသံနှင့် မေးလိုက်၏ “သူမက နဂါးကြောင်ကလန်ကလား”

“သူမပဲ”ထန်ရှုက ခေါင်းညိတ်လိုက်သည်။

“သူမဘယ်မှာလဲ”ကြယ်မျက်ရည်က ကမန်းကတန်း မေး၏ “ငါ သူမနဲ့ အခု တွေ့လို့ရမလား”

ထန်ရှုက ကစ်သီထံ လျင်မြန်စွာ စာပို့လိုက်သည်။ သူမကို ရှင်းပြပြီးနောက် သူက သူမကို သူ့နေရာသို့ ခေါ်ကာ မေးလိုက်၏ “ကစ်သီ၊ မင်း သူမကို သိမယ်ထင်တယ်၊ ဟုတ်လား”

All Chapters