← Chapters

ငါတို့က ညီအကိုတွေပဲ

Vol. 94 Ch. 1317

ငါတို့က ညီအကိုတွေပဲ

Vol. 94 Ch. 1317

ကြယ်မျက်ရည်ကို မြင်ပြီး ကစ်သီက ရုတ်တရက် ပျော်ရွှင်သွားကာ ကမန်းကတန်း အော်ပြောလိုက်၏ “မျက်နှာမည်းဒေါ်လေး…မဟုတ်ဘူး…မဟုတ်ဘူး…ဒေါ်လေးကြယ်မျက်ရည်မလား”

ကြယ်မျက်ရည်က နှလုံးတုန်လှုပ်သွား၏။ သူမက ကစ်သီကို ဆွဲကိုင်လျက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည် “ဒါက တကယ်ပဲ မင်းလား၊ ကစ်သီ။ မင်း…မင်း အသက်ရှင်နေသေးတာလား”

စိတ်လှုပ်ရှားမှုကို ဖိနှိပ်လျက် ကစ်သီက ထပ်ခါတလဲလဲ ခေါင်းညိတ်ကာ ပြော၏ “ငါ အသက်ရှင်နေသေးပါတယ်၊ ဒေါ်လေးကြယ်မျက်ရည်။ ဒေါ်လေးနဲ့ ထပ်တွေ့ရတာ တကယ် ကောင်းတာပဲ”

ကစ်သီ၏နောက်ကျောကို ပုတ်လျက် ကြယ်မျက်ရည်က ရုတ်တရက် ခြေတစ်လှမ်းနောက်ဆုတ်ကာ နက်ရှိုင်းသောအသံနှင့် မေးလိုက်၏ “ကစ်သီ၊ မင်းက သူနဲ့ အရင်းအနှီးဆုံးလူပဲ။ ငါတို့အရှေ့က ဒီအကောင်က အတိအကျ ဘယ်သူလဲ”

ကစ်သီက ထန်ရှု၏ညွှန်ကြားချက်ကို သတိရကာ ပြန်ဖြေ၏ “ဒေါ်လေးကြယ်မျက်ရည်၊ သူက မဟာထန်ကောင်းကင်ဘုံဧကရာဇ်၊ မဟာထန်အင်ပါယာရဲ့ဧကရာဇ်ပဲ၊ ငါ့ရဲ့ကယ်တင်ရှင်ဆိုလဲ ဟုတ်တယ်။ သူ့ကို ပထမဆုံးတွေ့တုံးက သူ့ရဲ့အရှိန်အဝါက အရမ်းရင်းနှီးတယ်လို့ တွေးခဲ့တယ်၊ ဒါပေမယ့်…သူ မဟုတ်ဘူး…”

ကြယ်မျက်ရည်က မကျေမနပ်ဖြစ်ကာ ခါးသီးစွာ ပြန်ပြော၏ “ဒါ ဟုတ်တယ်…သူ မဟုတ်ဘူး…ဒါပေမယ့် သူက အသက်ရှင်နေသေးတယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ…”

စိတ်လှုပ်ရှားမှုကို ဖိနှိပ်လျက် ထန်ရှုက သူတို့၏စကားကို နားထောင်နေသည်။ ထို့နောက် သူက ပေါ့ပေါ့ပါးပါး ပြောလိုက်၏ “မင်းတို့ဘာပြောပြော ကိစ္စမရှိဘူး၊ ဒါပေမယ့် အခုကစပြီး မင်းတို့နှစ်ယောက်လုံးမှတ်ထားရမှာက မင်းတို့က ငါ့မဟာထန်အင်ပါယာကပဲ။ ငါက မင်းတို့ကို ကယ်တင်ခဲ့တဲ့သူပဲ”

“နားလည်ပါပြီ…”

ကစ်သီနှင့်ကြယ်မျက်ရည်တို့က တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် ထန်ရှုက ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲမှ ထွက်လာ၏။ သူက သိုလှောက်လက်စွပ်တစ်ကွင်းကို ကူးယန်အာထံ ကမ်းပေးလျက် ပြောလိုက်၏ “ငါ့မှာ သလင်းကျောက်အဆီအနှစ်တစ်သန်း၊ အင်မော်တယ်သလင်းကျောက်တစ်သန်းနဲ့ အင်မော်တယ်ကျောက်တုံးတစ်သန်းပဲ ကျန်တော့တယ်။ ဒါတွေအားလုံးကို ကူးရှောက်ရွှယ်ကို ပေးလိုက်ပါ…ဒါ့အပြင် ငရဲကိုးထပ်ဓားမာစတာနဲ့အုပ်ချုပ်သူငရဲကမ္ဘာကြား အလောင်းအစားပွဲက မကြာခင် ရောက်လာတော့မယ်။ ငါတို့ရဲ့လူတွေအားလုံး ပြန်ရောက်လာရင် သူတို့ကို တိုက်ပွဲအစီအရင်တွေ လေ့ကျင့်ခိုင်းလိုက်ပါ။ လက်ရှိမှာ မဟာထန်အင်ပါယာရဲ့စစ်တပ်လေးခုရဲ့တစ်ဉီးချင်းစီခွန်အားက အားနည်းလွန်းတယ်။ တိုက်ပွဲအစီအရင်နဲ့မှပဲ သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းပကားကို တိုးမြှင့်နိုင်မယ်”

“ကောင်းပါပြီ၊ ငါ စီစဉ်လိုက်ပါ့မယ်”ကူးယန်အာက ခေါင်းညိတ်လိုက်သည်။

ထန်ရှုက အနည်းငယ် ပြုံးလိုက်သည်။ ကူးယန်အာ၏စွမ်းရည်နှင့် ပတ်သက်၍ သူက စိတ်ချ၏။

များမကြာမီ ငရဲကိုးထပ်ဓားမာစတာက ယာယီနေထိုင်သော မင်အိုးစံအိမ်သို့ ထန်ရှုက သွားလိုက်သည်။ သို့သော် ဂိတ်ပေါက်သို့ ရောက်လျှင်ချင်း ဝင်ပေါက်အပြင်ဘက်ရှိ အစောင့်များက သူ့ကို တားကြ၏။ ထန်ရှုတစ်ယောက်တည်းကိုသာ ဝင်ရန် တားမြစ်ထားသည်တော့မဟုတ်၊ ဂိတ်ပေါက်အပြင်ဘက်တွင် ဧည့်သည်ရာချီရှိပြီး သူတို့ကိုလည်း ဝင်ရန် တားမြစ်ထား၏။

“ငါတို့ရဲ့ဓားမာစတာသခင်က လက်ရှိမှာ ဘယ်ဧည့်သည်ကိုမှ တွေ့မှာမဟုတ်ဘူး။ မင်းတို့မှာ အရေးတကြီးကိစ္စတွေ မရှိရင် ကျေးဇူးပြုပြီး ပြန်လှည့်သွားပါ”ထန်ရှုနှင့်ကူးယန်အာတို့ကို အေးစက်သောမျက်နှာထားဖြင့် တစ်ချက်ကြည့်လျက် ရွှေအင်မော်တယ်အစောင့်က ပြောလိုက်၏။

“မဟာထန်ကောင်းကင်ဘုံဧကရာဇ်က သူ့ဆီ လာလည်တယ်လို့ ငရဲကိုးထပ်ဓားမာစတာကို သွားပြောလိုက်ပါ။ သူ သေချာပေါက် ငါ့ကို တွေ့ချင်ပါလိမ့်မယ်”ထန်ရှုက ပြုံးလျက် ပြောလိုက်၏။

အံ့အားသင့်သောအကြည့်တစ်ခုက အစောင့်၏မျက်နှာပေါ်တွင် ဖြတ်ခနဲ ပေါ်သွား၏။ သူ၏သဘောထားက ပိုရိုသေလေးစားသွားကာ ပြောလိုက်၏ “အာ၊ ဆရာက မဟာထန်ကောင်းကင်ဘုံဧကရာဇ်ကိုး။ ခနက မမှတ်မိတဲ့အတွက် ငါ တောင်းပန်ပါတယ်။ ဆရာက စိတ်မကွက်ဖို့ မျှော်လင့်ပါတယ်။ ဆရာလာမယ်ဆိုရင် သူ့ဆီ တိုက်ရိုက်လာတွေ့နိုင်တယ်လို့ ဓားမာစတာသခင်က အမိန့်ပေးပြီးသားပါ”

ထန်ရှုက အနည်းငယ်ပြုံးကာ တိုက်ပွဲပမ်နှင့်အတူ အထဲသို့ ဝင်သွား၏။ များမကြာမီ သူက ငရဲကိုးထပ်ဓားမာစတာကို တွေ့လိုက်ရသည်။

အထဲတွင် သိမ်းငှက်နှာခေါင်း၊ ဓားမျက်ခုံး၊ ပါးစပ်ကြီးကြီး၊ ရွှေရောင်ဆံပင်နှင့်တောင့်တင်းသန်မာသောလူတစ်ယောက်ကိုလည်း ထန်ရှုက မြင်လိုက်သည်။ ထိုလူ၏အသွင်အပြင်က အတော်လေးရုပ်ဆိုးသည်၊ သို့သော် သူ၏ဖိနှိပ်ခြင်းအရှိန်အဝါက ဟာသမဟုတ်ပေ။ ထန်ရှုကို အများဆုံးအံ့အားသင့်စေသည်ကား ဤလူက ငရဲကိုးထပ်နှင့် မျက်နှာချင်းဆိုင်ထိုင်နေတောင်မှ သတ်ဖြတ်လိုစိတ်တစ်ခုကို ထုတ်လွှတ်နေခြင်းပင်။

“ငါလာတာ အချိန်မှားသွားတာထင်တယ်”

ထန်ရှုက ထိုနှစ်ယောက်ကို အကြိမ်အနည်းငယ် ကြည့်၏။ ထိုသို့ ပြောခဲ့သော်လည်း သူက ထိုနှစ်ယောက်ဘေးနားရှိထိုင်ခုံသို့ လျှောက်သွားကာ ထိုင်လိုက်သည်။ ထို့နောက် သူက စီးကရက်တစ်လိပ်ကို ယူကာ မီးညှိလိုက်၏။ ဒီမတိုင်းခင်ဆိုလျှင် သူက ဒီလိုလုပ်ရဲမည်မဟုတ်ပေ။ တကယ်တော့ သူ့ခွန်အားက အားနည်းလွန်းနေသေး၏။ သို့သော် ကြယ်မျက်ရည်က သူသယ်လာသည့် ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲတွင် ရှိနေသေးပြီး သူက ကြောက်စရာမလိုပေ။

ငရဲကိုးထပ်ဓားမာစတာက ချောင်းနှစ်ချက်ဟန့်လျက် ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏ “မဟာထန်ညီအကို၊ မင်းက တကယ်ကို အချိန်မှားပြီး ရောက်လာခဲ့တာပဲ။ မင်း သိလား၊ ဒီကောင်က ဒီနေရာမှာ ပြဿနာလာရှာတာ၊ မကြာခင်မှာ ငါတို့တွေ တိုက်ခိုက်ရဖို့များတယ်”

ထန်ရှု၏အမူအရာက ပြောင်းလဲသွားကာ ပြုံးလျက် ပြောလိုက်၏ “ငါထင်တာ မှန်ရင် မင်းက အုပ်ချုပ်သူငရဲကမ္ဘာဖြစ်ရမယ်၊ ဟုတ်တယ်မလား။ မင်းက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ဖြစ်ပြီး မင်းရဲ့ကျင့်ကြံခြင်းက အကိုငရဲကိုးထပ်ထက် တစ်ဆင့်ပိုမြင့်ဖို့ များတယ်”

အုပ်ချုပ်သူငရဲကမ္ဘာက ထန်ရှုကို စိတ်မဝင်စားစွာ တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “ဒီတောသားက ဘယ်ကျောက်တုံးကနေ ထွက်လာတာလဲ။ မင်းလိုပိုးမွှားလေးက ငါတို့နဲ့အတူ ထိုင်ရဲတာလား”

ပြောပြီးလျှင်ချင်း သူ့အရှိန်အဝါကို ထုတ်လွှတ်ကာ ထန်ရှုကို ဖိနှိပ်လိုက်၏။

တိုက်ပွဲပမ်၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူက ထန်ရှုရှေ့၌ ချက်ချင်းရပ်လိုက်သည်။ သူက ညည်းညူရင်း သူ့ခန္ဓာကိုယ်က အကြိမ်အနည်းငယ် တုန်ယင်သွား၏၊ သို့သော် သူက ထိန်းထားလျက် သွေးတစ်စက်က သူ့ပါးစပ်မှ ထွက်ကျလာ၏။

“သေရမှာကို မကြောက်တဲ့ အရမ်းသစ္စာရှိတဲ့ခွေးတစ်ကောင်ပါလား” အုပ်ချုပ်သူငရဲကမ္ဘာက နှာခေါင်းရှုံ့လိုက်၏။

“အင်မော်တယ်ကမ္ဘာက အမြဲတမ်း ရက်စက်ကြမ်းကြုတ်တယ်၊ သန်မာတဲ့သူတွေကပဲ လေးစားဖို့ ထိုက်တန်တယ်၊ ဟုတ်လား”ထန်ရှုက ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်သည်။

နောက်အခိုက်အတန့်တွင် ကြယ်မျက်ရည်က ထန်ရှုဘေးနားတွင် ထွက်ပေါ်လာ၏။ သူမ၏မျက်လုံးများက အေးစက်စက်အလင်းတစ်ခုလက်နေပြီး သူမက ထန်ရှုနှင့်တိုက်ပွဲပမ်တို့ကို သူမနောက်တွင် ထားကာ သတ်ဖြတ်ခြင်းဆန္ဒကို ချက်ချင်း ထုတ်လွှတ်လျက် အုပ်ချုပ်သူငရဲကမ္ဘာကို စိုက်ကြည့်လိုက်၏။

ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်လား။

အုပ်ချုပ်သူငရဲကမ္ဘာ၏အသားအရောင်က ပြောင်းလဲသွားပြီး ကြောက်ရွံ့မှုကို သူ့မျက်လုံးများထဲ၌ မြင်နိုင်ပေသည်။ ကြယ်မျက်ရည်ထံမှ အရှိန်အဝါကို အာရုံခံနိုင်ကာ သူ့ထက် ပိုအားနည်းစရာအကြောင်းမရှိပေ။

“ဟမ့်၊ မင်းက ဒီလောက်မောက်မာရဲတာ အံ့ဩစရာမရှိဘူးပဲ။ မင်းမှာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ခွေးတစ်ကောင်ရှိနေတာပဲ”

အုပ်ချုပ်သူငရဲကမ္ဘာက အရှိန်အဝါ ရုတ်သိမ်းလိုက်သည်ကို မြင်ပြီး ကြယ်မျက်ရည်ကို ဘေးတွင် ရပ်ရန် လက်ပြကာ ထန်ရှုက ပြုံးလျက် ပြောလိုက်၏ “မင်း သိလား၊ ငါ နေခဲ့တဲ့ကမ္ဘာမှာ ဆိုရိုးတစ်ခုရှိတယ်၊ တစ်စုံတစ်ယောက်က သူ့ရဲ့ဖင်ကိုတောင် ကာကွယ်ဖို့ အရည်အချင်းမရှိဘဲနဲ့ မမောက်မာရဘူးတဲ့”

အလင်းတစ်ခုက ငရဲကိုးထပ်ဓားမာစတာ၏မျက်လုံးများထဲတွင် လက်သွား၏။ ထန်ရှုလက်အောက်တွင် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ရှိလိမ့်မည်ဟု သူက တကယ်မမျှော်လင့်ထားခဲ့ပေ။ ထန်ရှု၏သရုပ်မှန်နှင့် ပတ်သက်၍ သူက ပိုတောင် သိချင်လာ၏။

“မင်းရဲ့နာမည်ကို ငါ သိခွင့်ရှိမလား၊ ရောင်းရင်းအင်မော်တယ်”ငရဲကိုးထပ်ဓားမာစတာက ကြယ်မျက်ရည်ကို ကြည့်ကာ မေးလိုက်၏။

ကြယ်မျက်ရည်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြန်မဖြေပေ။

“သူမက အကျဉ်းသားပြိုင်ကွင်းကနေ ဝယ်ယူခဲ့တဲ့ သတ်ဖြတ်ဖျော်ဖြေသူတစ်ယောက်ပဲ၊ အကိုငရဲကိုးထပ်”ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်၏ “သူမရဲ့သရုပ်မှန်နဲ့ ပတ်သက်ပြီး ဂရုစိုက်စရာမလိုပါဘူး။ ဟုတ်ပြီလေ၊ ဒါက ခင်ဗျားရဲ့ပြိုင်ဘက်အုပ်ချုပ်သူငရဲကမ္ဘာပဲ ဖြစ်မယ်၊ ဟုတ်တယ်မလား။ ဒါဆို ခင်ဗျားက ကျုပ်ရဲ့အကူအညီကို မလိုအပ်တော့ဘူး၊ ခင်ဗျားတို့ရဲ့ရန်ကြွေးကို ကိုယ်တိုင်ဖြေရှင်းကြမယ်လို့ ဆိုလိုတာလား”

ငရဲကိုးထပ်ဓားမာစတာက ခေါင်းခါယမ်းကာ ပြောလိုက်၏ “အပေါ်ယံမှာတော့ ငါက သူ့ကို သတ်နိုင်ဖို့ ဆုတောင်းသလို သူလဲ အတူတူပဲ၊ ဒါပေမယ့် ငါတို့က သွေးချင်းဆက်ညီအကိုတွေဖြစ်နေတယ်။ ဒါကြောင့် အခုလို အတူတူထိုင်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး”

“ဟမ့်၊ မင်းလို ညီတစ်ယောက်ရှိတာ ငါ တစ်ကယ်ရှက်ရွံ့မိတယ်ဆိုတာ မင်း သိမှာပါ”အုပ်ချုပ်သူငရဲကမ္ဘာက နှာခေါင်းရှုံ့လိုက်၏။

“ငါလဲ မင်းလိုပဲဆိုတာ မင်း မတွေးမိဘူးလား”ငရဲကိုးထပ်ဓားမာစတာက ဒေါသတကြီး အော်ပြော၏။

ထူးဆန်းသောအမူအရာတစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် ထွက်ပေါ်သွားပြီး သူက ထိုလူနှစ်ယောက်ကို ကြည့်လိုက်၏။ သူတို့၏ရုပ်ရည်တစ်ခုတည်းနှင့် ထိုလူနှစ်ယောက်က ညီအကိုများဖြစ်လိမ့်မည်ဟု သူက တကယ်မဖော်ထုတ်နိုင်ပေ။ သူတို့ကြား ကွာခြားချက်က ကြီးမားလွန်းသည်။ ခေါင်းခါယမ်းလျက် ထန်ရှုက သက်ပြင်းချလိုက်၏ “အာ၊ ခင်ဗျားတို့က ညီအကိုတွေဖြစ်နေတာလား။ ဒါဆို ဘာလို့ ခင်ဗျားတို့ ညီအကိုချင်းချင်း သတ်နေရတာလဲ”

“ဟမ့်၊ အဲဒါက မင်းနဲ့ မဆိုင်ပါဘူး။ ငါ့မှာ လုပ်စရာရှိသေးတယ်။ နောက်မှ အကျဉ်းသားပြိုင်ကွင်းမှာ တွေ့ကြတာပေါ့”နှာခေါင်းရှုံ့ပြီးနောက် အုပ်ချုပ်သူငရဲကမ္ဘာက ထရပ်ကာ ရုတ်ချည်း ပျောက်ကွယ်သွား၏။

ငရဲကိုးထပ်ဓားမာစတာက ရှုပ်ထွေးသောအမူအရာနှင့်အတူ အုပ်ချုပ်သူငရဲကမ္ဘာပျောက်သွားရာနေရာသို့ တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူက ခေါင်းခါယမ်းလျက် ပြုံးလိုက်၏ “ညီအကိုထန်၊ မင်းက သာမန်မဟုတ်ဘူးဆိုတာ ငါ အခုမှပဲ သဘောပေါက်တော့တယ်။ မင်းရဲ့စိတ်အခြေအနေက ငါ ယှဉ်ပြိုင်နိုင်တဲ့အရာတစ်ခုမဟုတ်ဘူးပဲ”

ထန်ရှုက ရယ်လျက် ပြောလိုက်၏ “ငရဲကိုးထပ်ဓားမာစတာ၊ ခင်ဗျားက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ပဲ၊ ကျုပ်ကို ဒီလို မြှောက်ပြောစရာမလိုပါဘူး”

“ဒါ မြှောက်ပြောတာ မဟုတ်ဘူး၊ မင်းနဲ့ပတ်သက်ပြီး ငါ့ရဲ့အစစ်အမှန်ခံစားချက်ကို ပြောနေတာ”ငရဲကိုးထပ်ဓားမာစတာက ခေါင်းခါယမ်းလိုက်၏ “ဒါနဲ့ ဒီပျင်းစရာကောင်းတဲ့ခေါင်းစဉ်ကို ဖယ်ထားလိုက်ရအောင်။ မင်းက ငါ့ဆီက တစ်ခုခုလိုအပ်လို့လား”

“ဟုတ်တယ်၊ ဘာမှအရေးကြီးတာတော့ မဟုတ်ပါဘူး။ ကျုပ်က ခင်ဗျားနဲ့ စစ်တုရင်ကစားချင်ရုံပါပဲ၊ အကိုငရဲကိုးထပ်”ထန်ရှုက ပြုံးလျက် ပြောလိုက်၏။

“စစ်တုရင်ကစားရုံပဲလား”ငရဲကိုးထပ်ဓားမာစတာက ထူးဆန်းသောအမူအရာနှင့် မေးလိုက်၏။

“ဟုတ်တယ်၊ စစ်တုရင်ကစားရုံပဲ။ တခြားမဟုတ်ဘူး”ထန်ရှုက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

ငရဲကိုးထပ်က ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် သူ့ရှေ့ရှိ စားပွဲဝိုင်းပေါ်သို့ စစ်တုရင်ခုံကို တင်ကာ ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏ “အင်မော်တယ်စစ်တုရင်ကို ဘယ်လိုကစားရမလဲဆိုတာ မဟာထန်ညီအကိုက သိတာလား”

“သိတယ်…”ထန်ရှုက ပြုံးကာ ပြန်ပြော၏ “ဒါပေမယ့် စစ်တုရင်ကစားနေတဲအချိန်မှာ စိတ်အပျက်ဆုံးအရာက တစ်ဝက်တစ်ပျက်နဲ့ ထွက်သွားတာပဲ၊ ဒါကြောင့် အကိုငရဲကိုးထပ်အနေနဲ့ အဲလိုမလုပ်ဖို့ ကျုပ် မျှော်လင့်တယ်”

ငရဲကိုးထပ်ဓားမာစတာ၏အမူအရာက ပြောင်းလဲသွား၏။ ထန်ရှု၏စကားထဲတွင် ဖုံးဝှက်ထားသော တစ်စုံတစ်ခုကို သူက ရေးတေးတေးခံစားမိသည်။ သို့သော် သူက ခေါင်းညိတ်ကာ ပြောလိုက်၏ “ကောင်းပြီလေ၊ စကြတာပေါ့”

စစ်တုရင်းကစားပွဲစတင်လာသည်မှာ အချိန်အတော်လေးကြာပြီဖြစ်၏။ ထိုလူနှစ်ယောက်၏ကစားပွဲက သေရေးရှင်အရေးအခိုက်အတန့်သို့ ရောက်ရှိလာချိန်တွင် ငရဲကိုးထပ်ဓားမာစတာ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သူ့လက်က ရုတ်ချည်း လှုပ်ရှားကာ အလင်းတန်းတစ်ခုကို ဖမ်းလိုက်သည်။

“ငါ့ကို ကယ်ပါအုံး၊ အကိုငရဲကိုးထပ်…”

ငရဲကိုးထပ်ဓားမာစတာက ရုတ်ချည်းထရပ်ကာ ထန်ရှုကို စိုက်ကြည့်လျက် လေးလံသောအသံနှင့် မေးလိုက်၏ “မဟာထန်ညီအကို၊ မင်း…”

“ကိုယ့်ကိစ္စနဲ့ ကိုယ်ရှုပ်နေချိန်မှာ ဘာလို့ သူများကိစ္စကို ဝင်စွက်ဖက်နေမှာလဲ၊ အကိုငရဲကိုးထပ်”ထန်ရှုက ပြုံးလျက် မေး၏ “ဒါ့အပြင် အခုမှ ခင်ဗျား သွားရင်လဲ နောက်ကျနေမှာကို ကျုပ် စိုးရိမ်တယ်။ ဒီပွဲပြီးအောင်ပဲ ဆက်ကစားကြတာပေါ့”

ငရဲကိုးထပ်ဓားမာစတာက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏ “အဲတုန်းက မင်းက သူ့ကို ပြန်သွားခွင့်ပြုခဲ့ပြီပဲ၊ ညီအကိုမဟာထန်၊ ဘာလို့ မင်းက လုပ်ချင်ရသေးတာလဲ…”

ထန်ရှုက လက်မြှောက်ကာ တားလျက် ပြော၏ “အဲတုန်းက ငါ သူ့ကို လွှတ်ပေးခဲ့တယ်၊ မင်းရဲ့မျက်နှာကို ထောက်လို့ပဲ၊ ညီအကိုငရဲကိုးထပ်။ ဒါပေမယ့် လက်ရှိ သူသေဖို့အတွက် ငါ့မှာ ကိုယ်ပိုင်အကြောင်းပြချက်ရှိတယ်။ ငါ၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်က ငါ့ရဲ့မိတ်ဆွေတွေနဲ့ညီအကိုတွေကို အမြဲတမ်း ရိုးရိုးသားသား ဆက်ဆံခဲ့တယ်၊ ဒါပေမယ့် သေသင့်တဲ့လူတွေကိုတော့ ဘယ်တော့မှ မလွှတ်ပေးဘူး”

ငရဲကိုးထပ်ဓားမာစတာက အားတင်းပြုံးလိုက်၏ “ဒါပေမယ့် မဟာထန်ညီအကို၊ မင်းလဲ သိပါတယ်၊ ငါနဲ့သူက…”

“နောက်ကျသွားပြီ”ထန်ရှုက ပြောလိုက်၏။

အချိန်အတော်ကြာ နှုတ်ဆိတ်သွားပြီးနောက် ငရဲကိုးထပ်ဓားမာစတာက သက်ပြင်းချလိုက်သည် “ဘယ်လောက်ပဲနောက်ကျနောက်ကျ ငါ အဲကို သွားရမှာပဲ။ သူက ငါ့မိတ်ဆွေပဲ၊ ငါ သူ့ကို မသေစေချင်ဘူး။ ငါ တောင်းပန်ပါတယ်၊ ညီအကိုထန်”

All Chapters