ရွေးချယ်
Vol. 106 Ch. 4.1098
လုရွှမ်သည် တိမ်ပြေးငှက်ကို ယဉ်ပါးစေခဲ့ပြီး ငှက်နှင့်လည်း ဝိညာဉ်ရေးရာ ဆက်သွယ်မှု တချို့ရှိခဲ့သည်။ တိမ်ပြေးငှက်များသည် ၎င်းတို့၏ ကိုယ်ခန္ဓာအတွင်း လေစွမ်းအင်ကို အမှန်တကယ် ဖြည့်စွမ်းပေးကာ ခရီးဝေးကို သွားလာနိုင်ရန် ကူညီပေးနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။
"သခင်လေးလုရွှမ်... ကျွန်မမှာ တောင်းဆိုစရာလေး ရှိပါတယ်"
ရွှေချင်းလင်သည် တိမ်ပြေးငှက်၏ အမွေးများကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး တိုးတိုးလေး ဆိုသည်။
"ပြော!"
လုရွှမ် မြေကမ္ဘာထဲကို ဝင်လာပြီးနောက် သူ ဘယ်တုန်းကမှ ဒီလောက်အထိ ရိုင်းစိုင်းစွာ မပျံသန်းခဲ့ဖူးပေ။
မြေကမ္ဘာ၏ ကြွယ်ဝသော ရောင်ဝါနှင့် လေးလံသော လေထုတို့ကြောင့် အမြန်နှုန်းကို ကန့်သတ်ထားသော်လည်း ယခုအချိန်တွင် တိမ်ပြေးငှက်ပေါ်တွင် ထိုင်ကာ လျှပ်စီးကြောင်းကဲ့သို့ အရှိန်ပြင်းလာသည့် ခံစားချက်သည် လုရွှမ်ကို စိတ်ရင်းမှန်ဖြင့် သဘောကျစေသည်။
ကိုယ်ခံပညာ မစခင်ကတည်းက ကမ်းခြေမှာ လှိုင်းစီးရတာက အရမ်းစိတ်လှုပ်ရှားစရာ ကောင်းနေသလိုပင်။ အချိန်တွေ အများကြီး ကုန်ဆုံးသွားခဲ့ပြီး ဒီစိတ်လှုပ်ရှားမှုတွေကို ထပ်ပြီး ခံစားရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
"သခင်လေးလုရွှမ်... ရှင်က ဘယ်သူလဲ"
လုရွှမ် ရယ်မောလိုက်သည်။
"ငါ ဘယ်သူလဲဆိုတာ တကယ်ပဲ အရေးကြီးလို့လား.... ငါ့က ရိုးရှင်းတဲ့လမ်းကို လိုက်လျှောက်ပြီး ငါကြိုက်တာကို လုပ်တယ်...ငါ့လမ်းကြောင်းမှ သဘာဝတရားတွေ ရောက်လာရင် အန္တရာယ်တွေကို စူးစမ်းလေ့လာဖို့ ငါသွားမယ်.. တစ်ကမ္ဘာလုံးက အရာတွေက တစ်ယောက်တည်း တွေ့ကြုံခံစားနေတဲ့လူ..."
"ငါဘာတွေလုပ်နေလဲ ငါဘာတွေ တွေးနေလဲ ဘယ်သူလာပြောပြော ငါဂရုမစိုက်ဘူး... ငါကဘယ်သူလဲ ဆိုတာ တကယ် အရေးမကြီးဘူးမလား"
လုရွှမ်၏ ရဲရင့်မှုကို ခံစားရင်း ရွှေချင်းလင်တစ်ယောက် သူမ၏ နှလုံးသားထဲတွင် အကြောင်းပြချက်မရှိဘဲ မနာလို ဖြစ်မိသွားသည်။
“လုပ်ချင်တာကို လုပ်ပြီး ရိုးရှင်းတဲ့လမ်းကို လျှောက်လိုက်တယ်တဲ့လား?"
"နတ်သမီးချင်းလင် ဒီကမ္ဘာထဲက အနောက်ဖက်ဒေသကတင် အရမ်းကြီးနေပြီ မင်း လမ်းလျှောက်ထွက်ဖို့ တစ်ခါမှ မတွေးဖူးဘူးမလား? ဒီကမ္ဘာရဲ့ အဆုံးမရှိတဲ့ အရာတွေကို ကြည့်ပြီး ခံစားဖို့ အပြင်ထွက်ဖူးလား?"
"ကျင့်ကြံရတဲ့ ရည်ရွယ်ချက်က ဘာလဲ? အသက်ရှင်ဖို့တင် မဟုတ်ဘူး အဲဒါက မသေမျိုးဖြစ်ဖို့ အတွက်လို့လည်း ပြောလို့ ရပါတယ်... ဒါပေမဲ့ ဘယ်သူက တကယ် ထာဝရ အသက်ရှင်ခဲ့လို့လဲ... သက်တမ်းက တိုတိုရှည်ရှည် လွတ်လပ်ပျော်ရွှင်တဲ့ ဘဝကို ဖြတ်သန်းဖို့ လုံလောက်တယ်"
ရွှေချင်းလင် စကားတစ်ခွန်းမှ ပြန်မပြောနိုင်ခဲ့ပေ။ သူမသည် ဤအရာများကို တစ်ခါမျှ မတွေးခဲ့သလို ထိုစကားများသည် ပုန်ကန်သည်ဟုပင် သူမ အလိုလို ခံစားမိသည်။
ငယ်စဥ်အချိန်မှစ၍ သူမကို ရေလနန်းတော်တွင် ဆရာက မွေးစားခဲ့ပြီး အလုပ်သင် ညီအစ်မများနှင့် ကြီးပြင်းလာခဲ့သည်။ လေ့ကျင့်ခြင်း၊ ပြုစုပျိုးထောင်ခြင်းနှင့် အိမ်စာလုပ်ခြင်းတို့သည် သူမ၏ဘဝတစ်ခုလုံး ဖြစ်သည်။
နှစ်တွေကြာလာတာနဲ့အမျှ သူမရဲ့ အရည်အချင်းတွေကြောင့် ခွန်အားဟာ တဖြည်းဖြည်း သန်မာလာပြီး အပြင်မှာလည်း တဖြည်းဖြည်း နာမည်ကောင်း ရလာခဲ့သည်။ သူမသည် အငယ်တန်း ညီအစ်မများကို မကြာခဏ လေ့ကျင့်ရန် ခေါ်သွားကာ ကမ္ဘာကြီးသည် အလွန်ကျယ်ပြောပြီး ကြီးမားကြောင်းကိုလည်း သူမ တွေ့ရှိခဲ့သည်။
အပြင်ထွက် ကြည့်ချင်ပေမယ့်လည်း သူ့ဆန္ဒကို မျိုသိပ်ထားရတုန်းပါပဲ။ ယခုအချိန်တွင် လုရွှမ်၏စကားကို ကြားပြီးနောက် သူမ စိတ်ရှုပ်သွားသည်။
"နတ်သမီး.... အခု ငါမင်းကို ရွေးချယ်ခွင့် ပေးမယ် ရေလနန်းတော်ကို ပြန်မလား ဒါမှမဟုတ် တခြားနေရာတွေကို လှည့်ပတ်သွားကြည့်မလယး... ဒါက မင်းရဲ့ ရွေးချယ်မှုအပေါ် မူတည်တယ် "
တိမ်ပြေးငှက်ကလည်း ရွှေချင်းလင်ရဲ့ အဖြေကို စောင့်နေခဲ့သလို နေရာမှာပဲ ပျံသန်းနေလိုက်သည်။
"ကျွန်မ?"
ရွှေချင်းလင် ခဏတာ စကားမပြောနိုင်တော့ပေ။
အငယ်တန်း ညီအစ်မတွေ အားလုံးက သေကုန်ပြီ။ သူမအသက်ရှင်နိုက်ရန် တောင်တံခါးကို ပြန်သွားရမည်ကို သူမ သိသော်လည်း တောင်တံခါးကို ပြန်ရောက်သည်နှင့် မကောင်းတဲ့အစပြုမှုအတွက် သူမ တာဝန်ယူရမယ် ဆိုတာကိုလည်း သူမသိသည်။ ဒါပြီးရင် ဘယ်တော့မှ ထွက်မလာနိုင်တော့ပေ။
ရေလနန်းတော်တွင် ဘဝတစ်ခုလုံးကို ဖြတ်သန်းရလိမ့်မည်။ အဲ့လို အကြီးအကဲတွေကို သူမ မတွေ့ဖူးတာမျိုးတော့ မဟုတ်ပေ။ အဲဒီအကြီးအကဲတွေဟာ တခါတရံမှာ အတွေ့အကြုံတွေကို ပြောပြတတ်ပါသေးသည်။
ရွှေချင်းလင်သည် ထိုမျက်လုံးများထဲတွင် အပြင် ထွက်ချင်သည့် မျှော်လင့်ချက်ရှိကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
"ကျွန် ကျွန်မ တောင်တံခါးကို ပြန်သွားသင့်တယ် မဟုတ်လား"
ရွှေချင်းလင်သည် သူမ မျက်လုံးတွေကို မှိတ်ပြီး မျက်ရည်နှစ်စက် စီးကျလာခဲ့သည်။ သူမသည် သူမကို အလွန်စိုးရိမ်နေရသည့် သူမဆရာသခင်အကြောင်း တွေးနေမိသည်။
"သွားကြရအောင်!"
လုရွှမ် ဟောက်လိုက်ပြီး တိမ်ပြေးငှက်က အော်လိုက်ပြီး သူတို့နှစ်ယောက်ကို ကောင်းကင်သို့ ခေါ်ဆောင်သွားခဲ့သည်။ ရွှေချင်းလင် နောက်ဆုံးတွင် သူမ၏မျက်လုံးများကို ဖွင့်ကြည့်လိုက်သော် သူမညွှန်ကြားသည့် လမ်းကြောင်းနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သော ဦးတည်ချက်ကို မြင်လိုက်ရသည်။
"လုရွှမ် ရှင်ကျွန်မကို တောင်တံခါးဆီ ပြန်ခေါ်သွားနေတာ မဟုတ်ဘူးလား"
လုရွှမ် ရယ်လိုက်သည်။
"ငါ မင်းကို လိမ်ခဲ့တာ"
"ရှင်.... လူယုတ်မာ!"
ရွှေချင်းလင် ကျယ်လောင်စွာ ကျိန်ဆဲလိုက်သော်လည်း သူမအသံတွင် စိတ်ထဲက မပါသော စကားလုံးများကို ရှင်းရှင်းလင်းလင်း ပြန်ကြားလိုက်ရပြီး မျက်နှာပူလာရာ ပါးစပ်ကို ပိတ်ထားလိုက်သည်။
ဤပျံသန်းမှုသည် နှစ်ရက်နှင့် နှစ်ညတာကြာမြင့်ခဲ့ပြီး တောင်များပေါ်နှင့် တိမ်များကိုဖြတ်၍ ပျံသန်းခဲ့သည်။
ရှုခင်းတွေ ဘယ်လောက်ပဲ လှပနေပါစေ လုရွှမ် သိပ်တော့ စိတ်မဝင်စားတော့ကေ။ နောက်ဆုံး မြို့တစ်မြို့ကို ရောက်တဲ့အခါ လုရွှမ် တိမ်ပြေးငှက်ကို သူ့ဘာသာသူ အမဲလိုက်ခိုင်းလိုက်ပြီး သူနဲ့ ရွှေချင်းလင်တို့ဟာ အောက်ဖက်က ဈေးဆီကို ပြေးဆင်းသွားကြသည်။
လုရွှမ်သည် များစွာပြောင်းလဲသွားခြင်း မရှိသော်လည်း ရွှေချင်းလင်သည် သူမ၏ခေါင်းပေါ်တွင် ဆောင်းထားသော ဦးထုပ်တစ်လုံး ရှိပြီး ပြောင်နေသော ခေါင်းကို ဖုံးထားသည်။ အဝတ်အစားများက ပြောင်းလဲသွားကာ သူမသည် ဆံပင်မပါသော သီလရှင် အမျိုးသမီးတစ်ဦးနှင့် မတူတော့ဘဲ သာမန် နတ်သမီး တစ်ဦးနှင့် တူနေသည်။
“သီလရှင်ဆို လူလောကကို ဝင်ဖို့ လုံးဝ မသင့်လျော်ဘူးလို့ ဘယ်သူ ပြောတာလဲ... မင်းအခု လူ့လောကကို ဘယ်လိုမြင်လဲ? နီရဲတဲ့မီးက ရွှေအစစ်ကို သန့်စင်စေနိုင်တယ်တဲ့... မင်းဘာဖြစ်ချင်လဲ မင်းဘယ်လိုလူဖြစ်ချင်လဲ၊ မင်းဘယ်လိုလမ်းကို သွားချင်လဲ မင်းကိုယ်တိုင် စူးစမ်းပြီးမှ နားလည်လိမ့်မာ်"
ရွှေချင်းလင်သည် တောင်ပေါ်သို့ ခေတ္တပြန်မည့် သူမ၏ အစီအစဉ်ကို စွန့်လွှတ်ကာ လုရွှမ်နောက်သို့ လျုက်လာခဲ့သည်။ သူမ နှလုံးသားထဲမှာ နောက်ဆုံး အထုံးအဖွဲ့က ရှိထားတုန်းပါပဲ။ သူမ ဆံပင်တွေက သဘာဝအတိုင်း ပေါက်လာပြီးမှ ရေလနန်းတော်ကို ပြန်သွားတော့မည်။
မြေကမ္ဘာသည် ဝေးလံခေါင်သီသော အနောက်တိုင်းဒေသတွင်ပင် ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေကာ ပမာဏသည် ကြယ်တစ်သေယင်းကမ္ဘာထက် သာလွန်သည်။ သဘာဝအတိုင်း ဤနေရာတွင် လူတိုင်းသည် ကျင့်ကြံသူတိုင်းက လေ့ကျင့်နေကြပြီး စျေးကွက်သည် အသေအပျောက် မရှိသလောက်ပင် အလွန်စည်ကားသည်။
စျေးထဲတွင် ပြေးလွှားနေသော ကလေးငယ်များပင်လျှင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်ရှိကြသည်။
"ဒီမှာ အစားအသောက်ကောင်းတွေ စားကြည့်ကြရအောင်"
ကောင်းကင်ယံမှာ သူတို့နှစ်ယောက် ပျံသန်းလာခဲ့ပြီး စားသောက်ဆိုင်ကို ရောက်တဲ့အခါ လှေကားထစ်ကို တက်ခါနီးမှာပဲ မွှေးရနံ့တွေ ပျံ့လွင့်နေတာကို တွေ့လိုက်ရသည်။ ထိုစဥ် ပုံရိပ်နှစ်ခုက တောက်ပလာပြီး သူတို့သွားရာလမ်းကို ပိတ်ဆို့ထားလိုက်သည်။
"တောင်းပန်ပါတယ် မင်းတို့နှစ်ယောက် ဒီနေ့တော့ နေရာမရှိတော့ပါဘူး....နဂါးကိုးကောင်ညက ဧည့်သည်တွေနဲ့ ပြည့်နေပါပြီ"
သူတို့နှစ်ယောက် ထိုနေရာသို့ လှမ်းကြည့်သောအခါတွင် ထိုင်ခုံအလွတ်များ ရှိနေသည်ကို တွေ့လိုက်ရသည်။
လုရွှမ် မျက်မှောင်ကြုတ်ပြီး "မင်းဘာကိုဆိုလိုတာလဲ"
သူက ရွှေချင်းလင်ကို တစ်ချက်ကြည့်လိုက်ပြီး တခြားထူးဆန်းတဲ့ တောင်းဆိုမှုတစ်ခု ရှိမရှိ သိချင်နေခဲ့သည်။ ထိုနှစ်ယောက်ရဲ့ ကျင့်ကြံမှု အဆင့်က မနိမ့်ပါဘူး။ အထူးသဖြင့် မျှော်စင်နယ်ပယ်က လူတွေဟာ သာမာန် ဧည့်သည်တွေကို ဘယ်လိုလုပ် မောင်းထုတ်နေတာလဲ။
"ဘာသဘောမှ မဟုတ်ဘူး... ခွင့်လွှတ်ပါ"
"ဒီနေ့ သခင်ငယ်က ဧည့်သည်တော်တွေ အတွက် ဧည့်ခံပွဲတစ်ခု လုပ်နေတယ် သခင်ငယ်က နေရာကို ကြိုမှာထားတယ် မင်းတို့နှစ်ယောက် အရက်သောက်ချင်ရင် နောက်နေ့ကို ပြောင်းလိုက်ပါ"
'တိုက်ဆိုင်လိုက်တာ!'
ထို့အပြင် ဤကျွန်နှစ်ယောက်တွင် နောက်ခံ သခင်ကောင်းများရှိပြီး ၎င်းတို့နောက်တွင်လည်း ထူးကဲသော အင်အားများ ရှိနေသည်မှာ ထင်ရှားပေသည်။
"ကောင်းပြီ နောက်တစ်နေရာ ရှာရအောင်လား"
လုရွှမ် ဆိုလိုက်သည်။ သူက တွန့်တိုတတ်သူ မဟုတ်ပေ။ ကျွန်နှစ်ယောက်သည်လည်း လုရွှမ်၏ အလွန်ယဉ်ကျေးသော အပြုအမူကြောင့် ဒေါသဖြင့် ရှက်သွားကြသည်။ ရွှေချင်းလင်လည်း ခေါင်းညိတ်လိုက်ပြီး နှစ်ယောက်သား လှည့်ထွက်သွားသည်။
သို့သော် တစ်ချိန်တည်းတွင် လူတစ်စုကလည်း စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့သည်။
ခေါင်းဆောင်သည် ပြောင်မြောက်သော အသွင်အပြင်ရှိသော ချောမောသူဖြစ်ပြီး သူ၏မျက်လုံးများက ရွှေချင်းလင်ကို တည့်တည့် ကြည့်နေသည်။
"နတ်သမီး....ကျေးဇူးပြုပြီး နေပါဦး!"