← Chapters

ခြိမ်းခြောက်ပြီ

Vol. 106 Ch. 4.1099

ခြိမ်းခြောက်ပြီ

Vol. 106 Ch. 4.1099

ထိုလူက လှမ်းအော်ပြီး မြန်မြန်ပဲ လျှောက်လာသည်။ သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး ရွှေချင်းလင်၏ လက်ဖဝါးကို ဆုပ်ကိုင်လိုက်​ပေသည်။

ရွှေချင်းလင်လည်း အံ့အားသင့်သွားသည်။ ဤလူသည် သိသိသာသာကို မာန်မာနရှိသည်။ ထို့အပြင် သူမသည် သီလရှင်ဖြစ်ဆဲ ဖြစ်သောကြောင့် ထိုကဲ့သို့ သိမ်ဖျင်းသောလူကို သည်းမခံနိုင်ရည်ပေ။

သူမကို မထိဖို့ လက်ဝှေ့ယမ်းချင်ပေမယ့် လုရွှမ်ကအရင် လှုပ်ရှားပြီး ရွှေချင်းလင်ကို ဖမ်းကာ သူ့နောက်မှာ နေရာချပေးလိုက်သည်။ လုရွှမ် ဒီလို အခြေအနေများကို အကြိမ်ပေါင်းမနည်း တွေ့မြင်ခဲ့ဖူး၏။ သူက ရွှေချင်းလင်ကို ဤနေရာသို့ ခေါ်ဆောင်လာသူ ဖြစ်သောကြောင့် တစ်ဖက်လူ ဒုက္ခရောက်နေရတာက သူ့အပြစ် မကင်းဘူးဟု ပြောနိုင်သည်။

လူငယ်သည် လက်ဖဝါးကို လှည့်ကာ လုရွှမ်ပုခုံးပေါ်သို့ ဖိချကာ သူ့ကို တွန်းထုတ်ပစ်လိုက်ဖို့ ကြံစည်လေသည်။ သူလှုပ်ရှားမှုများက အလွန်လျင်မြန်ပြီး ဒီလိုတုံ့ပြန်မှုများက သူ့ရဲ့ ကျွမ်းကျင်မှု ဖြစ်နေတာ သိသာလှသည်။ သူက မျှော်စင်နယ်ပယ်မလို့ သခင်တစ်ဦးအဖြစ် မှတ်ယူနိုင်သည်။

ဒီလိုအခြေအနေနဲ့ အသက်အရွယ်မျိုးမှာ အောင်မြင်ဖို့ဆိုတာ ထူးခြားတဲ့ လူတစ်ယောက် ဖြစ်နေရမည်။ လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူ့ခန္ဓာကိုယ်ကို မလှုပ်ပေ။ လူငယ်အား သူ့လက်ဖဝါးကို မိမိပုခုံးပေါ် တင်ထား​စေလိုက်သည်။

လုရွှမ် လုံးဝ မလှုပ်ရှားပေ။ လူငယ်လေး၏ မျက်နှာသည် ဖြူဖျော့လာကာ တိုးတိုးလေး ဟစ်အော်လိုက်သည်။ သို့သော်လည်း လုရွှမ်က မြေပြင်ပေါ်သို့ အမြစ်တွယ်သွားသလို တစ်လက်မမျှပင် မရွေ့သွားပေ။ ဆက်လုပ်နေလျှင် အရှက်ကွဲတော့မှာ သိတာကြောင့် လူငယ်က သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

သူက လုရွှမ်ကို စိုက်ကြည့်ပြီး မေးလိုက်သည်။

"ကောင်လေး.. မင်းက ဘယ်သူလဲ"

လုရွှမ်ကတော့ တစ်ဖက်လူကို လျစ်လျူရှုကာ ရွှေချင်းလင်ဘက် လှည့်ပြောလိုက်သည်။

"သွားကြစို့!"

လူတိုင်း ဆွံ့အသွားသည်။ ဒီကောင်က မကြောက်ဘူးလား။ ထို့အပြင် ထိုလူငယ်၏ ဘေးတွင် လူငယ်ကို ကာကွယ်ပေးသူ ဖြစ်ကြောင်း သိသာထင်ရှားသော ဆရာကြီးတွေလည်း ရှိနေသည်။ ဤလူနှစ်ယောက်၏ ခွန်အားဟာ လုရွှမ်အား သူ့အ​​ပေါ် ခြိမ်းခြောက်မှုဟာ လီလင်နှင့် ယှဉ်လုနီးပါးပင်။

လုရွှမ်သည် ထိုကဲ့သို့သော လူကို ယခုအချိန်အထိ စော်ကားရန် မတတ်နိုင်မှန်း သိသည်။ အကယ်၍များ ဝေးလံခေါင်သီသော အရပ်ကဲ့သို့သော အခြားအခြေအနေများတွင် သူ ဤကဲ့သို့ ကစားဝံ့ပါက သေခြင်းတရားကို ရှာဖွေနေသော်လည်း ဤနေရာတွင် အများသူငှာ အမြင်အပြည့်နဲ့မို့ ဒီလို လှည့်ထွက်သွားတာက ပညာရှိသော ရွေးချယ်မှု မဟုတ်ပေလော။

ရွှေချင်းလင်ကလည်း မတုံးတာကြောင့် လုရွှမ်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပါသည်။

“ရပ်လိုက်!!” လူငယ်က အော်သည်။

အဘိုးအိုနှစ်ယောက်က ဖျတ်ကနဲ လှုပ်ရှားလိုက်ကာ သူတို့ရှေ့မှာ ပိတ်ရပ်လိုက်လေသည်။

"မင်းတို့နှစ်ယောက်.... ငါတို့သခင်ငယ်က တစ်ယောက်ယောက်ကို တားထားချင်တဲ့အခါ ဘယ်သူကမှ မျက်နှာမလွှဲဝံ့ဘူး"

လုရွှမ် အမြန် ပြန်လှည့်ကြည့်လိုက်သည်။ ထိုလူငယ်လေး၏ ဘေးက လူတို့၏ မျက်နှာများသည် သာမန်ထက်ထူးခြားသော အနေအထား ရှိသော်လည်း သူတို့၏ မျက်နှာများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ရှိနေသည်မှာ ထင်ရှားလှသည်။

"ကောင်းပြီ!"

လုရွှမ် ပြန်လှည့်ကာ လူငယ်ကို စေ့စေ့ကြည့်လိုက်သည်။

"ဒါဆို မင်းဘာပြောချင်တာလဲ ဆိုတာ ငါသိချင်ပါရဲ့"

သူက ရွှေချင်းလင်ရဲ့ မျက်နှာကို သူ့ခန္ဓာကိုယ်နဲ့ ကွယ်ထားပြန်သည်။ လူငယ်က မျက်မှောင်ကြုတ်ကာ လုရွှမ်ကို စိုက်ကြည့်နေလိုက်သည်။

"အင်း.... သခင်လေးရဲ့ ပုံရိပ်က အရေးကြီးပါတယ်"

လူငယ်လေးရဲ့ နောက်မှ အဘိုးကြီးက သူ့ကို တိုးတိုးလေး သတိပေးလေသည်။

လူငယ်က "ငါက ရှန်းယန်မြို့ စန်းချိုင်ကျောင်းတော်က ဝမ့်လီယွင်... ဒီကသခင်မလေးကို ဘယ်လိုခေါ်ရမလဲ သိချင်လိုက်တာ"

အသက်ရှုသံများ အပါအဝင် ပတ်ဝန်းကျင် တစ်ခုလုံး ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး လူတိုင်းက ကြည်ညိုသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ စန်းချိုင်ကျောင်းတော်သည် ရှန်းယန်အဖွဲ့အစည်းထဲရှိ ဂုဏ်သိက္ခာအရှိဆုံး ကျောင်းတော် ဖြစ်ကာ ဟေးရန်အဖွဲ့အစည်း၏ ယွိယင်းကျောင်းတော်ဟာ ၎င်းနှင့် နှိုင်းယှဉ်ပါက ဂုဏ်သတင်းမှာ အနည်းငယ်မျှပင် မြင့်မားခြင်း မရှိပေ။

ထိပ်တန်း ပါရမီရှင်များ မဟုတ်ပါက ဝင်ခွင့်အတွက်ပင် အလွန်ခက်ခဲပါသည်။ ဤအချက်သည် ဆွေတော်မျိုးတော် မိသားစုများ အများဆုံး ဝေဖန်သည့် အချက်ဖြစ်သည်။ 'စန်းချိုင်ကျောင်းတော်' ဟာ စကားလုံးလေးလုံးသာ ပါသော်လည်း ၎င်းတို့သည် လေးစားဖွယ် အကောင်းဆုံး စကားလုံးများ အဖြစ် တည်ရှိနေပါသည်။

စန်းချိုင်ကျောင်းတော်သို့ သဘာဝအတိုင်း ဝင်ရောက်နိုင်သူများသည် အထူးအခွင့်အရေး အမျိုးမျိုးရှိသည်။ ဤအရာများထဲမှ တစ်ခုသည် စန်းချိုင်ကျောင်းတော်ထဲ ဝင်ရောက်ထားသော လူများသည် လူတိုင်း နှစ်သက်လာအောင် ကြိုးစားနိုင်သော ကျော်ကြားသူများ ဖြစ်လာကြခြင်းပင်။

ကျောင်းသားတိုင်းတွင် ထူးခြားသော အရည်အချင်းများ ရှိသည်။

ဘာကိုဆိုလိုတာလဲ?

ဆိုလိုသည်မှာ တချို့သော ပါရမီရှင်များကို တွေ့ပါက ၎င်းတို့ကို စန်းချိုင်ကျောင်းတော်သို့ ဝင်ရောက်ရန် အကြံပြုနိုင်သည်။ အရည်အချင်း ရှိမရှိတော့ အကဲဖြတ်ဖို့ လိုပါသေးသည်။ သို့သော် ဒီအခွင့်အရေးက ပါရမီရှင် တော်တော်များများကို ဆွဲဆောင်နေကာ စန်းချိုင်ကျောင်းတော်က ကျောင်းသားတွေကို တွေ့လျှင် စကားကောင်းကောင်းလေးတွေ ပြောပြီး စန်းချိုင်ကျောင်းတော်ထဲကို ခေါ်ဆောင်လာလိမ့်မယ်လို့ မျှော်လင့်နေကြသည်။

တံခါးရှေ့မှာ လူနှစ်ယောက်ကို ပိတ်ဆို့ထားကတည်းက သခင်ငယ်က အဲဒါကို အတိအကျ တွေးထားပြီးသား ဖြစ်လိမ့်မည်။ လုရွှမ် သူ့မျက်နှာပေါ်တွင် စိတ့ရှုပ်နေသည့် အကြည့်ကို မြင်လိုက်ရတော့ ရွှေချင်းလင်က စန်းချိုင်ကျောင်းတော်က အရေးကိစ္စများကို သူ့​အား အသိပေးလာခဲ့သည်။

လုရွှမ်သည် သူ့တွင် ထိုသို့သော အခွင့်အရေး ရှိနေသေးကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ ဒီရေတက်လာတာက လှေတွေအားလုံးကို မြှောက်ပေးတယ်လို့ မဆိုလိုဘူးလား။

ဝမ့်လီယွင်က လုရွှမ်ကို အထင်အမြင်သေးပြီး မာန်မာနကြီးတဲ့ ကောင်လေးလိုပဲ လှမ်းကြည့်နေသည်။ ဒီကောင်လေးက သခင်လေးသူ့ကို ယှဥ်နိုင်တဲ့ ခွန်အားတွေ ရှိတယ်လို့ ထင်နေပုံရသည်။ သူ့​ကိုယ်ပိုင် အရည်အချင်း​တွေကို လျှော့တွက်နေတာပဲ ဖြစ်လိမ့်မည်။

"ဒီနတ်သမီးက ထူးထူးခြားခြား အရည်အချင်းတွေ ရှိတယ်လို့ နောက်က ကြည့်ရင်တောင် ပြောပြနိုင်တယ်...ကျွန်တော်က ကျောင်းနဲ့ မိတ်ဆက်ပေးဖို့ ကူညီပေးနိုင်ပါတယ် နတ်သမီးကို ဘယ်လိုခေါ်ရမလဲ"

ဒီကောင် လုပ်နေတာက ဘာအကြောင်းကြောင့်လဲ ဆိုတာ မသိပေမယ့် သူက မိန်းကလေးတွေကို ခေါ်ယူဖို့ ကျောင်းနာမည်ကို အသုံးချနေလေသည်။ ဘာပဲဖြစ်ဖြစ် အနာဂတ်​အတွက်​ လမ်းဖြစ်​တာကြောင့်ရော သူ့အလုပ်​ မဟုတ်​​တော့တဲ့အတွက်​ကြောင့်ရော လုရွှမ် လမ်းဖယ်ပေးလိုက်သည်။

ဒါက ရွှေချင်းလင်ရဲ့ ကိစ္စပဲ။

ရွှေချင်းလင်သည် ဝမ့်လီယွင်၏ အမည်ကို ကြားပြီးနောက် တစ်စုံတစ်ခုကို သဘောပေါက်သွားကာ နောက်ဆုံး အဆိုပြုချက်ကို အမှန်တကယ် ဖော်ပြလာတော့ သူမစိတ်ထဲတွင် အဓိပ္ပာယ်မဲ့စွာ စိတ်လှုပ်ရှားနေခဲ့သည်။

ရေလနန်းတော်သည် အနောက်ဘက်ဆုံး၊ အဆင်းရဲဆုံးနှင့် အပျော့ဆုံးနယ်မြေ ဖြစ်သည်။ ဟေးရန်အဖွဲ့အစည်းရှိ ခရိုင်ငယ်တစ်ခုတွင် အနည်းငယ်သာ ကျော်ကြားသော်လည်း စန်းချိုင်ကျောင်းတော်ကတော့ အနီးနားရှိ ခရိုင်အများအပြားတွင် နာမည်ကြီးနေပြီး ဘယ်တစ်ခုက ပိုအဆင့်နိမ့်လဲ တစ်ချက်ကြည့်လိုက်လျှင် ရှင်းပါသည်။

ရေလနန်းတော်တွင် ထိုသို့သော ဖိတ်ခေါ်မှု တစ်ခုရသောအခါ သူမသည် ရင်တထိတ်ထိတ် ခုန်တက်သွားကာ ဆရာများသည်လည်း သဘောတူပြီး အခိုင်အမာ ထောက်ခံအားပေးကြသော်လည်း ယခုအခိုက်တွင် ဝမ့်လီယွင်၏ မျက်နှာကို ကြည့်လိုက်ရာ သူမသည် မဖြစ်နိုင်ကြောင်းသာ ခံစားလိုက်ရသည်။

အထူးသဖြင့် သူမ ပတ်ဝန်းကျင်မှာ ဆန့်ကျင်ဘက်တွေ အများကြီး ရှိနေတဲ့ချိန် ခေါ်ယူခံနေရရာ သူမမှာ ကြီးမားလှတဲ့ တွန်းအားတွေနဲ့ ပြည့်နှက်နေမှာကို စက်ဆုပ်ရွံရှာဖွယ် ခံစားလိုက်ရ၏။

"ရှင့်ရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် သခင်လေးဝမ့်... ကျွန်မမှာ ဂိုဏ်းတစ်ခုရှိနေပါပြီ ကျွန်မဂိုဏ်းက​နေ ထွက်ဖို့ အစီအစဉ် မရှိ​သေးပါဘူး"

"အိုး... ဒါဆို နတ်သမီးက ဟေးရန်အဖွဲ့အစည်းရဲ့ ဘယ်ဂိုဏ်းကလဲလို့ မေးလို့ရမလား"

ဤစကားများသည် ဟေးရန်အဖွဲ့အစည်းထဲက ကျင့်ကြံသူ များအတွက် သက်သက်မဲ့ ရှုတ်ချသည့် အမူအရာတစ်ခုဖြစ်ပြီး သူ့ပတ်ဝန်းကျင်မှ လူများစွာ အပြင် ဝမ့်လီယွင်၏ နောက်ကွယ်မှ သခင်ငယ်များပင် အနည်းငယ် အရှက်ကွဲသွားကြသည်။

ဟေးရန်အဖွဲ့အစည်းက အမှန်တကယ်ပင် အလွန်ဆင်းရဲသည်။ ဆခြားသူများ စကားထဲ ထည့်ပြောသည်မှာ အံ့သြစရာ မဟုတ်ပေ။ ရွှေချင်းလင်က တိုးတိုးလေး ညည်းညူရင်း။

"ကျွန်မဆရာရဲ့ ခွန်အားက သာမာန်ပါပဲ ဒါပေမဲ့ ဆရာက ကျွန်မကို ချစ်တယ် ညီအစ်ကို မောင်နှမတွေက ကျွန်မကို လေးစားတယ်... အဲဒါက ကျွန်မအိမ်ပဲ တခြားနေရာတွေ ဘယ်လောက်ပဲ ကောင်းနေပါစေ ကျွန်မ စိတ်မဝင်စားဘူး"

ဝမ့်လီယွင်ရဲ့ ပါးပြင်များ မည်းမှောင်သွားသော်လည်း သူက ပြုံးနေသော မျက်နှာကို လျင်မြန်စွာ တင်လိုက်ပြီး။

"သြော် ကျွန်တော် သိချင်နေပြန်ပြီ... ​​ဘယ်လို ဂိုဏ်းမလို့ နတ်သမီးကို ဒီလောက် တွယ်တာ​စေရတာလဲ... ကျွန်တော် သွားကြည့်ဖို့ အရည်အချင်း ရှိပါ့မလားလို့ တွေးမိတယ်...အဲ့မှာ ပါရမီရှင်တချို့ကို တွေ့ဆုံပြီး ကျွန်တော်တို့ရဲ့ စန်းချိုင်ကျောင်းတော်ကို ခေါ်ယူမယ်ဆိုရင် နတ်သမီးရဲ့ တပည့်အဖော်တွေကလည်း ဒီအခွင့်အရေးကို စောင့်နေမလား မပြောတတ်ဘူးနော်?"

All Chapters