တပ်ပုန်ထား
Vol. 106 Ch. 4.1103
ရွှေချင်းလင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမသည်လည်း ဓားစွမ်းအင်ကို ယခုလို ထိန်းချုပ်တာကို ပထမဆုံးအကြိမ် မြင်ဖူးတာ ထင်ရှားပါသည်။ ဓားစွမ်းအင်ကို တကယ်ပြန်လှည့်နိုင်တယ်တဲ့လား။ ထို့နောက် ၎င်းကို ထပ်မံ နှိုးဆွလိုက်ရာ ဓားစွမ်းအင်သည် အဆုံးမရှိသည့်အတိုင်း အချိန်တိုင်း အားကောင်းလာသည်။
လုရွှမ်၏ စိတ်ဝိညာဉ်စွမ်းအားသည် လူဆယ့်သုံးဦးအား အာရုံစိုက်ထားခဲ့ပြီး သူ့မျက်လုံးများတွင် ကောင်းကင်မီးတောက် အလင်းမှုန်များ ထွန်းတောက်လာကာ ဓားစွမ်းအင်များ တစ်ဖန်ပြန်ထွက်လာတာကို စေ့စေ့ကြည့်နေမိသည်။
ဓားစွမ်းအင်တွေ ရောက်လာတာနဲ့အမျှ သူက ဘေးကို ငုံ့ရှောင်သွားလိုက်သည်။ သေချာတာပေါ့။ ဝန်းရံထားတဲ့ အနက်က သူ့နောက်ကလူဟာ သူ့ဓားစွမ်းအင်ကို စုဆောင်းပြီး နောက်ထပ် ဓားစွမ်းအင်တစ်ချက်ကို သူ့နောက်ကျောဘက်ကနေ ပစ်ခွင်းလိုက်သည်။
ဓားစွမ်းအင်သည် အလွန်အစွမ်းထက်တယ်လို့ ဆိုသည့်အတိုင်း ပထမဓားထက် နှစ်ဆပို၍ အစွမ်းထက်လာသည်။
"ဟမ့်!"
ဒါဟာ မာနကြီးပြီး မောက်မာတဲ့ လှောင်ပြောင်မှုတစ်ခုပါပဲ။
လုရွှမ်၏ မျက်လုံးများသည် ဓားစွမ်းအင်ကို စိုက်ကြည့်နေပြီး သူ့စိတ်ထဲတွင် အတွေးများက လျှပ်စီးလက်သလို ပြေးလွှားနေသည်။ အကယ်၍ ဤဓားကို နောက်တစ်ကြိမ် ရှောင်ရှားနေတုန်း စွမ်းအင် စုစည်းနေတာကို တားဆီးနိုင်ပါက ပထမဓားထက် သုံးဆမျှ အစွမ်းထက်မည် မဟုတ်ပေ။
စုစုပေါင်း လူ ဆယ့်သုံးယောက်ရှိပြီး သက်ရောက်မှုက ဆယ့်သုံးကြိမ်အထိ ရှိလာနိုင်သည်။ လုရွှမ် ရုတ်တရက် ဆုတ်သွားကာ ရွှေချင်းလင်လက်ကို နောက်ပြန်ဆွဲကိုင်ကာ ကောင်းကင်ကို စိန်ခေါ်သည့် ချီထျန်းပု ခြေလှမ်းကို လှမ်းလိုက်ပြီး ခရမ်းရောင် အတောင်နှစ်ချောင်းကလည်း သူ့နောက်မှ ထွက်လာခဲ့သည်။
အတောင်တွေက မီးတောက်နေတာမျိုး မဟုတ်သော်လည်း မီးတောက်ကဲ့သို့ ခရမ်းရောင်အလင်းနဲ့ တောက်ပမှု အပြည့်ရှိသည်။ ဒါပေမဲ့ သူ့အတောင်ပံတွေ တဖျပ်ဖျပ်ခတ်ပြီး သူ့အရှိန်က အရမ်းမြန်တာကြောင့် တခဏချင်းမှာ ဓားစွမ်းအင်ကို ဖမ်းမိလုနီးပါးပါပဲ။
"ယွမ်ယန်ဓားကိုးစင်း လူနဲ့ဓားပေါင်းစည်းခြင်း!!"
လုရွှမ်ရဲ့ အော်သံနဲ့အတူ ဓားစွမ်းအင်က လူတစ်ယောက်ဆီ ပြေးထွက်သွားသည်။
ထိုလူရဲ့အမူအရာက သိသိသာသာ ပြောင်းလဲသွာ၏။ ဒါပထမဆုံး အကြိမ်ပါပဲ။ ဓားစွမ်းအင်ထက် တစ်စုံတစ်ယောက်က အမှန်တကယ် လျင်မြန်စွာ ပျံသန်းနိုင်တာ ဒါပထမဆုံး အကြိမ့ပဲ။ ယခုအချိန်တွင် ဓားစွမ်းအင်ကို စုစည်းရှိရန် အချိန်မရှိပေ။
ဤအခြေအနေတွင် ထိုသည် ၎င်းအား မည်သို့ကိုင်တွယ်ရမည်ကို အချိန်အတော်ကြာ မသိတော့ဘဲ လုရွှမ်၏ အရှိန်အဟုန်ကြောင့် ခြိမ်းခြောက်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။
ဒီအချိန်မှာ သူတို့ ထုတ်လွှတ်ထားတဲ့ ဓားစွမ်းအင်က သုံးဆလောက် အစွမ်းထက်နေပြီ။ ခုခံတဲ့သူတိုင်း လွယ်လွယ်နဲ့ ခုခံလို့ မရနိုင်တော့ပေ။ လုရွှမ်၏ နတ်ဓား အရှိန်နှင့် စွမ်းအားကိုကြည့်လျှင် ဤဓားစွမ်းအင်ကလည်း မရိုးရှင်းကြောင်း နားလည်နိုင်သည်။
ကျန်ဆယ့်နှစ်ယောက်က အခြေအနေ မကောင်းမှန်း သိသော်လည်း လုရွှမ်၏ရုတ်တရက် အရှိန်ကြောင့် အခြေအနေက လုံးလုံးလျားလျား ပြောင်းလဲသွားရာ ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေရုံကလွဲလို့ ဘာမှလုပ်နိုင်စွမ်း မရှိတော့ပေ။
ထိုလူသာ ဓားစွမ်းအင်ကို အပြင်းအထန် မဖမ်းဆုပ်နိုင်ဘူးဆိုရင် လုရွှမ်က သူ့ကို သတ်ပစ်မိလိမ့်မည်။ သူ့ခန္ဓာကိုယ်သည် ဓားစွမ်းအင်ကြောင့် လွင့်သွားကာ အခင်းအကျင်းထဲက ထွက်သွားပြီး ဘေးဘက်သို့ ရှောင်ထွက်သွားရင်း နဂိုပုံစံအတိုင်း ကွဲသွားသည်။
လုရွှမ်၏ မျက်လုံးများက ဖီးနစ်တစ်ကောင်ရဲ့ မျက်လုံးတွေလို စူးရှလျက်ရှိကာ ထိုလူတွေရဲ့ လုပ်ရပ်ကို အမြဲ အာရုံစိုက်နေပါသည်။ ထိုသူလမ်းကနေ ထွက်သွားတာကို မြင်လိုက်ရတော့ သူ့ပါးစပ်ထောင့်က ကွေးညွတ်သွားပြီး သူနဲ့ ရွှေချင်းလင် ထိုဓားစွမ်းအင်ကို ကျော်ဖြတ်နိုင်ခဲ့တာကြောင့် ကျေနပ်သွားခဲ့သည်။
လွင့်သွားသူသည် တန်ပြန်တိုက်ခိုက်ရန် သို့မဟုတ် တွက်ဆရန် အခွင့်အရေးပင် မရှိခဲ့ဘဲ လူနှစ်ယောက် အခင်းအကျင်းထဲမှ အပြေးအလွှား ထွက်သွားတာကိုသာ စောင့်ကြည့်နေခဲ့ရသည်။
လုရွှမ် လေချွန်သံတစ်ချက် ပေးလိုက်သည်။ အချိန်အတော်ကြာ စောင့်မျှော်နေခဲ့တဲ့ တိမ်ပြေးငှက်က အတောင်တွေကို ခတ်ပြီး ပျံဆင်းလာ၏။ သူတို့နှစ်ဦးလည်း တိမ်ပြေးငှက်ပေါ် ခုန်တက်လိုက်သည်။
လုရွှမ် သူ့လက်ကောက်ဝတ်ကို ဝှေ့ယမ်းလိုက်ပြီး ယွမ်ယန်ဓားကိုးစင်းရဲ့ ဆဋ္ဌမမြောက် ဓားစွမ်းအင်ကို အလျားလိုက် ဝေ့ယမ်းပေးလိုက်သည်။ ဒီလူတွေက သူတို့ကို လာကြံစည်နေတဲ့ အတွက် အဖိုးအခမပေးရင် မျက်နှာသာမပေးရာ ကျလိမ့်မည်။
မြေကမ္ဘာထဲသို့ ဝင်ရောက်ပြီးနောက် ကောင်းကင်နှင့် မြေကြီး၏ရောင်ဝါနှင့် နိယာမများသည် အောက်ကမ္ဘာက ယှဉ်နိုင်သည်ထက် ကျော်လွန်နေကြောင်း လုရွှမ် နားလည်ခဲ့သည်။ ယခု သူ၏ကျွမ်းကျင်မှုများ တိုးတက်လာတာကို မြင်ရသောအခါ ယွမ်စွမ်းအင်က မြေကမ္ဘာမှာ ပို၍ သက်တောင့်သက်သာ ရှိနေသည်ဟု ခံစားလာနိုင်၏။
ဝိညာဉ်စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ တိတ်တဆိတ် စိမ့်ဝင်သွားပြီး ခန္ဓာကိုယ်ထဲရှိ ယွမ်စွမ်းအင်နှင့် ပေါင်းစည်းကာ ခွန်အားများက သိသိသာသာ တိုးတက်လာခဲ့သည်။
ဤကဲ့သို့သော ပြောင်းလဲမှုမျိုးသည် အချိန်မရွေး ဖြစ်ပျက်နေသော်လည်း မကြာသေးမီက နှေးကွေးသွားခဲ့သေးသည်။ ယခုတော့ ယွမ်စွမ်းအင်သည် ၎င်းနှင့် လုံးဝ လိုက်လျောညီထွေ ဖြစ်လုနီးပါး ဖြစ်နေကြောင်း ပြသလာချေပြီ။ ယွမ်စွမ်းအင်က ဤနေရာနှင့် လုံးလုံးလျားလျား လိုက်လျောညီထွေ ဖြစ်လာပါက တိုက်ခိုက်ရာတွင် အားထုတ်နိုင်သည့် စွမ်းအားသည် တစ်ဖန် တိုးလာမည်ဟု စိတ်ကူးကြည့်နိုင်သည်။
လုရွှမ်ခန္ဓာကိုယ် တစ်ဝိုက်တွင် ဓားရည်ရွယ်ချက်များ ကြီးထွားလာပြီး ပတ်ဝန်းကျင် နေရာဟာလည်း ချက်ချင်းပင် ဓားစွမ်းအင်လှိုင်းများ အဖြစ်သို့ ပြောင်းလဲသွားသည်။
ပတ်၀န်းကျင်ရှိ ဝိညာဉ်စွမ်းအင်များသည် ဆက်လက် ပြင်းထန်လာပြီး နတ်ဓားသွားအဖြစ်သို့ ပေါင်းစပ်သွားကာ နတ်ဓားပေါ်ရှိ ဓား၏အငွေ့အသက်သည် လျင်မြန်စွာ ကျယ်ပြန့်လာသည်။ ချက်ချင်းပင် နတ်ဓားက ယမ်းခါသွားပြီး ပြိုးပြိုးပြက်ပြက် အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေ၏။
တစ်ချိန်တည်းမှာပင် ဓားစွမ်းအင်ဖြင့် ပေါင်းစည်းထားသော ကြွယ်ဝသော တက်ကြွမှုသည် လုရွှမ် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။ ၎င်းသည် တက်ကြွမှုအပြည့် ရှိပုံရသော်လည်း လုရွှမ်ကိ လိုက်ရှာနေသော လူဆယ့်သုံးဦးမှာတော့ ထိတ်လန့် တုန်လှုပ်သွားကာ ပြင်းထန်သော အငွေ့အသက်ကို ခံစားနေရလေသည်။
"ငါ မင်းတို့ကို လက်ဆောင်တစ်ခု ပေးမယ်! ခေါင်းဖြတ်!"
လုရွှမ် အော်လိုက်ပြီး ဓားစွမ်းအင်ကို ပြင်းထန်သော အရှိန်အဟုန်ဖြင့် ပစ်လွှတ်လိုက်သည်။ ဓားက ကျွမ်းကျင်မှု ကင်းမဲ့သည့် ခံစားချက်သည် အမှန်တကယ် ပျောက်ကွယ်သွားပြီ။ လုရွှမ်သည် ဤဓားအစွမ်းဟာ ကြယ်တစ်သောင်းကမ္ဘာမှာ အသုံးပြုထားသည့် အရာများထက် များစွာပို၍ အစွမ်းထက်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။
“ပြန်ဆုတ်ကြ!"
လူတစ်ယောက်က ဦးဆောင်ကာ အော်လိုက်သည်။
ဓားကြီးတစ်ချောင်းပင်။ ဓားစွမ်းအင် တစ်ချောင်းသာ ဖြစ်သည်မှာ ထင်ရှားသော်လည်း လူဆယ့်သုံးဦး၏ မျက်လုံးများတွင်မူ ၎င်းတို့တစ်ဦးစီကို ချိန်ရွယ်ထားကြောင်း ခံစားနေရ၏။
"မဟုတ်ရင် ငါတို့ ဘယ်သူမှ တားလို့မရလောက်တော့ဘူး"
ဤဓားဆီကလာသော ထိတ်လန့် ကြောက်ရွံ့စရာကောင်းမှုကို တစ်ချက်ကြည့်ကာ ထက်မြက်သော လူအချို့က လှမ်းအော်သည်။
နောက်ဆုံးတော့ လူဆယ့်သုံးယောက်ဟာ အချိန်အတော်ကြာ အတူတူ လေ့ကျင့်ခဲ့ကြသူတွေပင်။ ယခုလည်း ပြင်းထန်တဲ့ အခြေအနေကြားမှာ တန်းစီပြီး အမြန် ဖွဲ့စည်းလိုက်သည်။ အခင်းအကျင်း တစ်ခု ပေါ်လာကာ လုရွှမ်၏ ဧရာမဓားကြီးကို ကြိုဆိုရန် ဓားစွမ်းအင် ဆယ့်သုံးချောင်း လှုပ်ယမ်းသွားခဲ့သည်။
ဝုန်း!
ဓားစွမ်းအင်တွေက တပြိုင်နက်တည်း ပေါက်ကွဲသွားသည်။
တဟုန်းဟုန်း တောက်နေသော လေလှိုင်းများသည် အလယ်ဗဟိုမှ ပတ်ဝန်းကျင်သို့ ဖြာထွက်ကာ လေဓားသွားများအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲကာ ကြောက်မက်ဖွယ် အသံနှင့်အတူ အာကာသအတွင်း ဖြတ်တောက်ပစ်လိုက်သည်။
တိမ်ပြေးငှက်ရဲ့ တည်နေရာက သိပ်မဝေးပေမယ့် ပေရာနဲ့ချီပြီး တွန်းထုတ်ခံခဲ့ရ၏။
လုရွှမ်၏ မျက်လုံးများသည် ကောင်းကင်မီးတောက်များဖြင့် တောက်ပလျက်ရှိကာ အလင်းရောင်က သူ့ကို မတားဆီးနိုင်ပေ။ လေထုအလယ်က ပျက်ပြယ်နေသော နေရာသည် အမှန်တကယ် စွမ်းအင်အများစုကို စုပ်ယူနိုင်သော တွင်းနက်ငယ်တစ်ခု ဖြစ်ပေါ်လာသည်။
စွမ်းအင်အားလုံး ပေါက်ကွဲပြီး ပတ်ပတ်လည်ကို ဆက်လက် ရိုက်ခတ်လာပါက စီးဆင်းသွားမည့် စွမ်းအားသည် ယခုထက် ပိုမို၍ ကြောက်စရာကောင်းနေမည်မှာ သေချာပါ၏။
'လူ၁၃ယောက်ရော?'
လုရွှမ် အံ့အားသင့်စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ နောက်ဆုံးတွင် လူဆယ့်သုံးယောက်ကိုလည်း အဝေးသို့ လွှင့်ပစ်လိုက်ကြောင်း သိလိုက်ရသည်။ သို့နှင့် သူတို့လည်း လုံးဝ မရပ်ဘဲ လေလှိုင်းများနှင့်အတူ တိုက်ရိုက် ပြေးထွက်လညခဲ့သည်။
"ဟမ့် အခွင့်အရေးကို မြင်တာ မြန်ချက်!"
လုရွှမ် ကျိန်ဆဲလိုက်ပေမယ့် သူဒီမှာ ဆက်မနေရဲတော့ပေ။ ဓားနဲ့ အကောင်ကြားက ဒီတိုက်ပွဲဟာ တကယ့်တိုက်ပွဲဖြစ်ပြီး ကြားကနေ အကျိုးအမြတ် ရချင်နေသူတွေလည်း ရှိပေသည်။
တခြားသူတွေက ဖရိုဖရဲ ဖြစ်နေချိန် ဝင်ရောက်လှုပ်ရှားနိုင်လား မပြောရဲပေမယ့် ထူးဆန်းတဲ့ မောင်နှမ နှစ်ယောက်ဖြစ်တဲ့ သွမ်းယန်ရင်းနဲ့ သွမ်းယန်ချီတို့က သူတို့ကို အခွင့်ကောင်းယူမှာ သေချာပါ၏။
"သွားကြရအောင်!"
ရွှေချင်းလင်၏ မျက်လုံးများက အနည်းငယ် ပြူးကျယ်နေဆဲပင်။ အစောတုန်းက ဓားချက်ဟာ ပြန်စဥ်းစားကြည့်မိသောအခါတွင် သူမ မယုံနိုင်အောင် ဖြစ်ခဲ့ရသည်။ ဓားချက်က တစ်ဖက်လူတွေကို မသတ်နိုင်လို့ အချည်းနှီး ဖြစ်သွားပြီး ဓာ့ရည်ရွယ်ချက်က အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ထိုအချိန်တွင် လုရွှမ်ဆီက တိုက်ခိုက်ခံနေရတာက သူမသာဆို သူမ သေနိုင်သည်ဟုပင် ခံစားလာခဲ့ရသည်။