← Chapters

ကြမ္မာမျက်ကန်း

Vol. 106 Ch. 4.1104

ကြမ္မာမျက်ကန်း

Vol. 106 Ch. 4.1104

အဝေးကို ပျံသန်းပြီးနောက် လုရွှမ်သည် ပတ်ဝန်းကျင် အခြေအနေကို စစ်ဆေး​ပေးရန် ရွှေကျီးကန်းကို တောင်းဆိုခဲ့ပြီး မည်သူမျှ သူတို့နောက်သို့ မလိုက်လာကြောင်း သေချာတော့မှ အနားယူရန် ရပ်တန့်ခဲ့သည်။

ရွှေချင်းလင် မျက်နှာက နီမြန်းလာသည်ကို မြင်လိုက်ရတော့ လုရွှမ် မျက်မှောင်ကြုတ်သွားသည်။

"လုရွှမ် ရှင့်ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျွန်မ ဆုံးဖြတ်ချက်ချပြီးပြီ ဒီမှာပဲ လမ်းခွဲလိုက်ရအောင်... ကျွန်မ ရေလနန်းတော်ကို ပြန်သွားတော့မယ်"

"ပြင်ပကမ္ဘာက ကျွန်မအတွက် အရမ်းကြီးပြီး အန္တရာယ်များလွန်းတယ်... ကျွန်မ အပြင်ထွက်ဖို့ ခွန်အားလည်း မရှိဘူး အနည်းဆုံးတော့ ညီအစ်မတွေရဲ့ အလောင်းတွေကို ပြန်မပို့မချင်း ကျွန်မ စိတ်သက်သာရာရနိုင်မှာ မဟုတ်ဘူး"

“ဒီရက်ပိုင်းမှာ ဘာဆက်လုပ်ရမလဲ ဆိုတာ တစ်ချိန်လုံး တွေးနေခဲ့တယ်... စိတ်ထဲမှာ မျှော်လင့်ချက်တွေ စိတ်ကူးတွေ ရှိနေပေမယ့် ဒီတိုက်ပွဲက အခုမှပဲ နားလည် သဘောပေါက်လာခဲ့တယ်။ အတောင်ပံတွေဖြန့်ပြီး ကမ္ဘာအနှံ့ ပျံတက်ချင်ပေမယ့် ခွန်အားမရှိရင် ဒါက အိပ်မက်တစ်ခုပဲ ဖြစ်နေမှာ"

"ဒါ့အပြင် အဲဒါက ကျွန်မအိမ်မက်လား ဆိုတော့လည်း မဟုတ်ဘူး"

လုရွှမ် သူမကို မစည်းရုံးပေ။ နှစ်ယောက်သားက မတော်တဆ တွေ့ခဲ့တာပင်။ ရွှေချင်းလင်မှာ ဘယ်လို အကြောင်းတွေကြောင့် ဒါကို ပြောရသလဲ မသိပေမယ့် နားချဖို့ ရည်ရွယ်ချက်မရှိသလို အနှောင့်အယှက် ပေးစရာ အကြောင်းလည်း မရှိပါဘူး။

"မင်းဆရာရဲ့ ပြစ်ဒဏ်ကရော ဘယ်လိုလဲ"

"ကျွန်မဒါကို လုပ်ပြီးကတည်းက သဘာဝအတိုင်း ခံနိုင်ရည်ရှိဖို့ လိုတယ်လေ... မဟုတ်ဘူးလား"

ရွှေချင်းလင် လုရွှမ်ကို ထပ်ပြီး ဂါဝရပြုလိုက်သည်။

"ဂရုစိုက်ပါ!"

ထို့နေညက် သူမ ဦးထုပ်ကို ချွတ်လိုက်ပြီး တောက်ပမှု အားနည်းသော်လည်း ပိုကြီးကျယ်ခမ်းနားသော သူမ၏ ပြောင်လက်နေသည့် ဦးခေါင်းကြီးအား ထုတ်ဖော်လိုက်သည်။ နှုတ်ဆက်နေသော ရွှေချင်းလင်၏ ကြော့ရှင်းသော ရုပ်သွင်ကို ကြည့်ရင်း လုရွှမ်လည်း ပြုံးပြလိုက်သည်။

"ကောင်းပြီ... ငါ တစ်ယောက်တည်း ကျန်တော့တာ ဆိုတော့ အဲဒီနေရာကို သွားကြည့်လို့ ရပြီ!!"

ကျင့်ကြံသူ တချို့ကို မေး​မြန်းပြီးနောက် လုရွှမ်သည် တိမ်ပြေးငှက်၏ အရှိန်ဖြင့် ဆယ်ရက်တိတိ အချိန်ယူရမည်ဟု သိလိုက်သည်။ ထို့နောက် မဆိုင်းမတွ သတ်မှတ်နေရာသို့ သွားခဲ့သည်။ မပြင်ဆင်ရသေးသော တိုက်ပွဲကို မတိုက်ရန် လုရွှမ်၏ ရည်ရွယ်ချက်မှာ တစ်ရက်စောပြီး ရောက်လာဖို့ပဲ ဖြစ်၏။

ချိန်ဆိုထားသော နေရာမှာ အလွန်အသက်ဝင်သော စျေးကွက်တစ်ခု ဖြစ်သည်။ လူတွေလည်း အများကြီးရှိတာကြောင့် အတော်လေး စည်ကားသည်။

ဆင်းသက်ပြီးနောက် တစ်စုံတစ်ယောက်သည် လုရွှမ်ကို အံ့အားသင့်စွာ စိုက်ကြည့်ကာ တခြားသူနှင့် စကားအနည်းငယ် ပြောပြီးနောက် လျစ်လျူရှုကာ သူတို့အလုပ်ကို ဆက်လုပ်​နေ​ကြသည်။

"ကောင်လေး မင်းဒီလိုနေရာမျိုးမှာ မင်းရဲ့ ကျင့်ကြံမှုကို ဖော်ထုတ်ရဲတယ်ပေါ့... မင်းအရမ်းသတ္တိကောင်းနေတာပဲ!"

လုရွှမ် သူ့နားထဲသို့ အသံတစ်သံ ဝင်လာလေရာ ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူတောင်းစား တစ်ယောက် ဖြစ်နေ၏။ ထိုသူသည် မြေပြင်ပေါ်တွင် ပေါ့ပေါ့ဆဆထိုင်ကာ မျက်လုံးများကို ဖွင့်ထားသော်လည်း သူငယ်အိမ်တွေကတော့ အဖြူရောင် အတိ။ သို့သော် ရှင်းရှင်းလင်းလင်းပင် ၎င်းသည် လူများကို သူကြည့်နေကြောင်း ခံစားရစေသည်။

လုရွှမ် လှည့်ကြည့်လိုက်တော့ အဖိုးအိုရဲ့ အသံက သူ့နားထဲမှာ ရုတ်တရက် ထပ်ပြီး ပေါ်လာပြန်၏။

"ဟေး ကောင်လေး ငါ မင်းနဲ့ စကားပြောနေတာလေ"

လုရွှမ် လမ်းလျှောက်လာရင်း အဘိုးအိုရှေ့က ဆွမ်းသပိတ်ကို လှမ်းကြည့်ရင်း မှုန်ကုပ်ကုပ်လေး ပြုံးပြပြီး စွမ်းအင်ကျောက်တုံး တစ်တုံး ထည့်လိုက်သည်။

"အကြီးအကဲက ဘာများပြောစရာ ရှိလို့လဲ မသိဘူး"

လုရွှမ် ကိုယ်ဟန်အနေအထားသည် အလွန်နိမ့်ကျသော ပုံစံမျိုး ပြုလုပ်ထားသည်။ မြေကမ္ဘာထဲသို့ ဝင်ရောက်ပြီးနောက် ဤဟေးရန်အဖွဲ့အစည်းက လူများစွာနှင့် တွေ့ဆုံခဲ့ပြီး​ပြီ ဖြစ်သည်။ ဗျူဟာ၊ ဖွဲ့စည်းမှု၊ သို့မဟုတ် အင်အားသည် သူ့မျက်လုံးများကို လင်းစေခဲ့ပြီး သူ့စိတ်ကိုပင်လျှင် တုန်လှုပ်သွား​စေခဲ့သည်။

မြေကမ္ဘာသည် အမှန်တကယ်ပင် ကျွမ်းကျင်သူများစွာဖြင့် ဖွဲ့စည်းထားပေ၏။

"ငါက မျက်စိကန်းနေတာ!"

ဘာလှုပ်ရှားမှုမှ မရှိဘဲ သူ့ရှေ့က ဆွမ်းခံသပိတ်ထဲက သလင်းကျောက်ဟာ အလိုလို ပျောက်ကွယ်သွားတာကြောင့် လုရွှမ် အံ့သြသွားရလေသည်။

လုရွှမ်သည် အောက်ဖက်က ကမ္ဘာများတွင် "​ကြမ္မာမျက်ကန်း" ဟူသော အမည်ဖြင့် လူများစွာကို တွေ့ဖူးသော်လည်း အချို့မှာ အစစ်အမှန် ဟန်ဆောင်နေသော်လည်း ယခု သူ့ရှေ့​တွင်ရှိသည့် ဆရာကြီးလိုလူက မရှိသလောက်ပင်။

"လုရွှမ် အကြီးအကဲကို ဂါရဝပြုပါတယ်"

အတက်အကျ မရှိ၊ ကြည်လင်ပြတ်သားသော အသံဖြင့် ဆိုလိုက်သည်။

အဖိုးအိုသည် ပြုံးကာ လုရွှမ်အား မျက်မမြင် မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်သော်လည်း သူ့နှလုံးသားကို ကြည့်နေသလို ထင်ရ​လေသည်။ သူ့ပါးစပ်ထောင့်တွင် အပြုံးတစ်ခုရှိနေပြီး သူဘာမှပြန်မပြောသော်လည်း လုရွှမ်မှာ သိသိသာသာ ကြောက်လန့်သွားရသည်။

ရိုးရှင်းစွာပင် သလင်းကျောက်ပေါင်း သန်း 100 ပါရှိသော လက်စွပ်ကို ဆွမ်းဇလုံထဲသို့ ထည့်လိုက်သည်။ ဤသလင်းကျောက်များ အားလုံးသည် အောက်ကမ္ဘာမှ ပေါက်ဖွားလာခဲ့ပြီး ၎င်းတို့၏တန်ဖိုးမှာ မမြင့်မားပေ။ ၎င်းတို့၏ အရည်အသွေးသည် ဤဒေသထွက် သလင်းကျောက်များနှင့် အလွန်ကွာခြားပါသည်။

ဒီလူကြီးက သူ့ကိုယ်ပိုင်လက္ခဏာကို ခန့်မှန်းခဲ့တာ ဖြစ်နိုင်လား။

"ဟေး မင်းရဲ့​နောက်ခံ အစစ်အမှန်ကို ငါမခန့်မှန်းမိသေးပါဘူး အဲဒါအတွက် မင်း စိတ်ပူစရာ မလိုဘူး"

လုရွှမ် နားထဲတွင် အဘိုးအို၏ အသံက ရုတ်တရက် ထွက်ပေါ်လာ​ပြန်သည်။ တခဏချင်းမှာပဲ လုရွှမ်ခမျာ ထခုန်မိလုနီးပါး ဖြစ်သွားသည်။

"ဟေ့ ကလေး စိတ်လှုပ်ရှားမနေနဲ့ ငါ မိုက်မဲတဲ့စကားတွေ မပြောတတ်ဘူး... အပြင်ပန်းက မျက်စိကန်းနေတယ် ငါ့နားက အသံတွေကို မကြားရဘူး ငါ့ပါးစပ်ကလည်း စကားမပြောနိုင်တော့ဘူး"

"မင်းရဲ့ခန္ဓာကိုယ်ကို ငါဘယ်လိုပုံစံ မြင်​နေရလဲဆိုတာ မင်းသိချင်လား? မင်းတစ်ကိုယ်လုံး တောက်ပနေတယ်....ကျစ် ကျစ် မင်းတကယ်တမ်း ငါ့အတွက် ပေးတာက စွမ်းအင်သလင်ကျောက် သန်း 100တဲ့!"

ဒါက မလေးစားတာပဲ။

လုရွှမ် မြေကမ္ဘာသို့ ရောက်သောအခါ အနီရောင်၊ လိမ္မော်ရောင်၊ အဝါ၊ အစိမ်း၊ အပြာ၊ အပြာနှင့် ခရမ်းရောင်များ အလိုက် ဤသလင်းကျောက်တုံးများကို အဆင့်သတ်မှတ်ကြောင်း သိခဲ့သည်။ အပြာရောင် သလင်းကျောက်တစ်ထောင်နှင့် ခရမ်းရောင် တစ်လုံးကို လဲလှယ်နိုင်သည်။

ဒါက တစ်ခုနဲ့တစ်ခုကြားက အသွင်ကူးပြောင်းမှုပဲ။ ဒါပေမဲ့ အထက်တန်းအဆင့် စွမ်းအင်သလင်းကျောက်ကို အဆင့်နိမ့် သလင်းကျောက်တွေနဲ့ လဲလှယ်လိုက်တဲ့အခါ သူတို့ပေါ်လာတာနဲ့တပြိုင်နက် လုယက်ခံရမှာ သေချာပါ၏။ အောက်ခြေအဆင့် သလင်းကျောက်များကို အထက်တန်းအဆင့်များနှင့် လဲလှယ်သောအခါ ၎င်းတို့တွင် စျေးနှုန်းရှိသော်လည်း စျေးကွက် မရှိပါ။

အနီရောင်သည် အနိမ့်ဆုံးအဆင့် စွမ်းအင်သလင်းကျောက် အဖြစ် သတ်မှတ်ထားပြီး လဲလှယ်ရန် အတော်လေး လွယ်ကူသည်။ သို့သော် လုရွှမ်၏ ဈေးကွက်အသိပညာအရ အနီရောင်သလင်းခဲတစ်လုံးသည် သာမန်ကျောက်ခဲ ၁၀,၀၀၀ နှင့် ဆက်စပ်နေပြီး သန်း ၁၀၀ သည် အနီရောင် သလင်းကျောက် ၁၀,၀၀၀ သာရှိသည်။

ဒါပေမဲ့ အနီရောင်သလင်း တစ်သောင်းက နည်းလွန်းလို့လား။ အများကြီးပဲ မဟုတ်လား။ သို့သော်ငြား အဘိုးအိုပြောသည့် စကားက လုရွှမ်ကို အထူးသတိ ရှိသွားစေသည်။

ဘာပဲဖြစ်ဖြစ် အခု အောင့်ယွဲ့နဲ့ တခြားသူတွေကို ပေးခဲ့တဲ့ စွမ်းအင်သလင်းကျောက်တွေ အပြင် အနီရောင် သလင်းကျောက်ဖြစ်တဲ့ ဘီလီယံပေါင်း ဆယ်ဂဏန်းလည်း ရှိပါသေးသည်။ ယခင်ကလည်း ယွမ့်ချောင်ချင်ထံမှ အနီရောင်သလင်းကျောက်ငါးသန်းကို လုယူခဲ့ပြီး ငွေအမြောက်အမြား ရခဲ့သည်။

လုရွှမ် နောက်ထပ် သိုလှောင်လက်စွပ်ထဲ နောက်ထပ် သလင်းကျောက်ပေါင်း သန်း 100 ကို ထပ်ထည့်လိုက်သည်။ ထိုအခါ ကြမ္မာမျက်ကန်း အဘိုးအိုက တောက်ပစွာ ပြုံးလိုက်လေ၏။

"ကောင်လေး မင်းက အရမ်းချမ်းသာတာပဲ"

"မင်းရဲ့ ခန္ဓာကိုယ်မှာ တောက်ပတဲ့ အရာလေးမျိုးထက် မနည်း ရှိတယ်... ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်ရင် အဲဒီလေးခုက မီးတောက်တွေ ဖြစ်မယ်.... ဒါပေမဲ့ ငါးခုမြောက် တစ်မျိုးကတော့ မပြောနိုင်ဘူး မပြောနိုင်ဘူး!"

မီးတောက်လေးမျိုးက ဖီးနစ်နတ်မီး၊ စိတ်ဝိညာဉ်မီး၊ မီးကျီးကန်း နတ်ဆိုးမီးလျှံနဲ့ ကောင်းကင်မီးတောက် ဖြစ်မည်။ ငါးခုမြောက်က သူ့ကိုယ်ပိုင် ကျင့်စဥ်ပဲ ဖြစ်လိမ့်မည်။

ယွမ်ယန်ကျင့်စဥ်၏ အဆင့် ကိုးဆင့်ပင်။ အဆင့်တစ်ခု ထွန်းလင်းပြီးရင် နောက်တစ်ခုကလည်း စတင် တောက်ပနေသည်လေ။ မတောက်ပနေခါမှ ထူးဆန်းနေမည် မဟုတ်ပါလား။

"အကြီးအကဲ ခင်ဗျားက တကယ်ကို အံ့သြစရာ ကောင်းတာပဲ....ခင်ဗျားကို ချီးကျုးပါတယ်"

လုရွှမ် အနီရောင် သလင်းကျောက် တစ်သိန်းနဲ့ ညီမျှတဲ့ သာမန် သလင်းကျောက် တစ်ဘီလီယံကို တိုက်ရိုက် ထည့်ပေးလိုက်ပြန်သည်။ ထိုအခါ ကြမ္မာမျက်ကန်းက တဟားဟား အော်ရယ်လေ၏။

"ငါနဲ့ လူငယ်လေးက တွေ့ရဖို့ ရေစက်ရှိလာပုံပဲ... ဒီကျောက်တုံးက မင်းကို ဆယ်ရက်လောက် ကာကွယ်ပေးလိမ့်မယ် ပြီးတော့ မင်းမှာကံကောင်းခြင်း ရှိမရှိပေါ် မူတည်လိမ့်မယ်... ဟားဟား...."

ရှေးလူကြီးက ဒီလိုပြောပြီးနောက် ဆွမ်းသပိတ်ထဲကို ခုန်ဆင်းပြီး ပျောက်သွားတော့သည်။

All Chapters