'လူသား' တံဆိပ်ပြား
Vol. 106 Ch. 4.1105
"အကြီးအကဲ?"
လုရွှမ် မြေပြင်ပေါ်ရှိ ဆွမ်းသပိတ်ကို လက်ထဲ ဆွဲယူလိုက်ပြီး သူ့လက်ထဲမှာ ကိုင်ထားလိုက်သည်။ ညင်သာစွာ ချိုးချလိုက်သောအခါ ဆွမ်းခံသပိတ် အပိုင်းအစက ကျိုးပဲ့သွားကာ ပြောင်လက်နေသော သာမာန် သတ္တုပန်းကန်မျှသာ ဖြစ်သွားသည်။
လုရွှမ် ကျောက်တုံးတစ်တုံးကို ထပ်ကာထပ်ကာ ထည့်ထားသော်လည်း အချိန်အတော်ကြာအောင် တုံ့ပြန်လာခြင်း မရှိပေ။
"ဟာဟား ထပ်မစမ်းပါနဲ့တော့ ကောင်လေး... အဲဒီလူကြီးက လူလိမ်ပဲ"
သူ့အနားမှာ ချောင်းကြည့်ရင်း ရယ်မောနေတဲ့ ကျင့်ကြံသူတစ်ယောက်က ဝင်ပြောလာလေသည်။ လုရွှမ်လည်း ပြုံးပြီး ဆွမ်းသပိတ်နဲ့အတူ ကျောက်တုံးလေးတွေကို သိမ်းပြီး လှည့်ထွက်လာခဲ့သည်။ သူက နောက်ကို လှည့်မကြည့်ဘဲ ကျောက်တုံးနှင့် ဆွမ်းသပိတ်ကို သိုလှောင်ကွင်းထဲသို့ တိတ်တဆိတ် ထည့်လိုက်၏။
ဆွမ်းသပိတ်ကဲ့သို့ ဤအရာဟာ သာမန်ထက် သာလွန်နေပြီ။ အနီရောင်သလင်းကျောက်ပေါင်း 100,000 သာ သုံးစွဲခဲ့ရပြီး လူတစ်ဦး၏ ဖုံးကွယ်ထားသော အန္တရာယ်များသည် ငွေထက် တန်ဖိုးရှိနေပြီဟု သိလိုက်ရပြီ။ ယခု ခြိမ်းခြောက်မှုတွေကို ဖယ်ရှားလိုက်ခြင်းဟု တွေးမိရင် စိတ်ကူးယဉ်လွန်းလိမ့်မည်။
သူ့ခန္ဓာကိုယ်က တောက်ပနေတာကို လူဘယ်နှစ်ယောက်များ မြင်နိုင်လို့လဲ။
စျေးထဲမှာ လမ်းလျှောက်ရင်း သူ့ခြေထောက်အောက်က မြေကြီးတွေ ရုတ်တရက် တုန်ခါသွားလေသည်။ လုရွှမ်လည်း သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေ အကုန်ပျောက်ပြီး မြေပြင်ပေါ်ကို လဲကျသွားခဲ့၏။ နောက်အခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များ ပြန်လည်ရရှိလာသော်လည်း တုန်လှုပ်သွားသည့် ဤအခိုက်ကို လုရွှမ် အလွန်ထိတ်လန့်သွားခဲ့သည်။
သူသည် ယခင်က အန္တရာယ်များစွာကို ကြုံတွေ့ခဲ့ရပြီးသား လူတစ်ယောက်ပင်။ ဒါဟာ သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို ပထမဆုံးအကြိမ်တောင် မခံစားရတော့ခြင်းပဲ ဖြစ်သည်။
ဟိုဟိုဒီဒီ ကြည့်လိုက်တော့ အားလုံးက ကြောက်လန့်တကြား တွန့်ဆုတ်နေမယ့်အစား ထိန်းမနိုင်သိမ်းမရ ပျော်ရွှင်မှုတွေနဲ့ ခုန်ပေါက်နေကြတာကို တွေ့လိုက်ရသည်။
"တားမြစ်နယ်မြေကို ဖွင့်ပြီ... တားမြစ်နယ်မြေဖွင့်ပြီ!"
ရွှင်လန်းသော အသံများ ထွက်ပေါ်လာပြီး ဈေးထဲက လူတိုင်းလိုလို စိတ်လှုပ်ရှားစွာ ထကာ အနောက်ဘက်သို့ ပျံသန်းသွားကြသည်။ လုရွှမ် ဟိုဟိုဒီဒီ ကြည့်လိုက်သော် စီးပွားရေး လုပ်နေကြသူများနှင့် အတူတူ ဆွေးနွေးနေကြသည့် ကျင့်ကြံသူတွေဟာလည်း လုပ်လတ်စတို့ရပ်ကာ ပြေးထွက်သွားကြသည်။
လုရွှမ်လည်း အနောက်ဘက်သို့ ပြေးသွားလေသည်။
ခပ်လှမ်းလှမ်းမှ မြင့်မားသော တောင်တန်းကြီး တစ်ခုသည် လူတိုင်း၏မျက်စိရှေ့တွင် တဖြည်းဖြည်း ခမ်းနားထည်ဝါစွာ ပေါ်လာသော်လည်း ပုံသဏ္ဌာန်အရတော့ အလွန်ထူးဆန်းနေပါသည်။ တောင်ထိပ်က တောင်ထွတ် ၃ လုံးသည် တောင်ထိပ်ကို ပန်းကန်ပြားတစ်ချပ် မှောက်လျက်သား အနေအထားကဲ့သို့ မြင်နေရသည်။
နီးကပ်လာသည်နှင့်အမျှ ကျင့်ကြံသူများသည် တစ်ဦးပြီးတစ်ဦး မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့ကာ သူတို့၏ မျက်လုံးများနှင့် အမူအရာများမှာ မျှော်လင့်ချက်၊ ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။
လုရွှမ်သည် အဆုံးမှလိုက်ကာ အပြင်ဘက်စွန်းတွင် ရပ်နေသည်။ ဤနေရာသို့လာသူ အများစုမှာ မျှော်စင်နယ်ပယ်က သခင်များဖြစ်ပြီး လူအုပ်ထဲတွင် ရောနှောနေသော နတ်မီးနယ်ပယ်ရှိ လူအများစုမှာ မိသားစုအကြီးအကဲများနောက်သို့ လိုက်နေကြသည်တာမို့ သူ့လိုလူက အလွန်ရှားပါးလှသည်။
လုရွှမ်သည် နတ်မီးနယ်ပယ်မှ ကလေးတစ်ယောက်လို့ ရှေ့သို့ ပြေးသွားပါက ပေါ်လွင်လွန်းသဖြင့် တခြားလူများ မကြိုက်ပါက အလွယ်တကူ ကြံစည်ခံရနိုင်သည်။ လျှို့ဝှက်မြှားထက် ပွင့်နေသောလှံကို ရှောင်ရတာက ပိုလွယ်သည်။ ဒီလို နောက်ကွယ်မှ အမှန်တရားကိုတော့ လုရွှမ် သိပါသေး၏။
လုရွှမ်မျက်လုံးများ ရွေ့သွားပြီး လူငယ်နှစ်ယောက်ဆီသို့ ပြေးသွားသည်။ သူတို့နှစ်ဦး၏ အမူအရာများက တင်းကျပ်လာပြီး လက်နှစ်ဖက်မှာ လက်နက်များ ကိုင်ဆောင်ထားသည်။ လုရွှမ်က ဒေါသမပြဘဲ နှုတ်ဆက်လိုက်သည်။
"မိတ်ဆွေတို့နှစ်ယောက်.... ငါက လုရွှမ်ပါ ဟေးရန်အဖွဲ့အစည်းဘက်က လာတာ အတွေ့အကြုံမရှိဘူး... မတော်တဆ ဒီကိုရောက်လာတာဆိုတော့ ဒီမှာ ဘာဖြစ်နေတာလဲ သိချင်လို့ပါ"
သူတို့နှစ်ဦး၏ မျက်နှာများသည် အနည်းငယ် စိမ်းနေသော်လည်း သူတို့၏ မျက်ခုံးများတွင်တော့ စိတ်လှုပ်ရှားမှု အရိပ်အမြွက်များ ပြနေသည်။ လုရွှမ်ဟာ မိသားစုမှ ထွက်ပြေးလာသော သို့မဟုတ် မင်းမျိုးမင်းနွယ်များမှ သခင်လေး ဖြစ်ကောင်းဖြစ်နိုင်သည်ဟု မှန်းဆကြသည်။
လုရွှမ်သည် ဟေးရန်အဖွဲ့အစည်းဘက်မှ ဖြစ်ကြောင်း ကြားသောအခါ သူတို့မျက်လုံးများတွင် အထင်အမြင်သေးခြင်း အရိပ်အယောင်များကို ခံစားခဲ့ရသည်။ ဟေးရန်အဖွဲ့အစည်း၏ အဆင့်အတန်း ကွာခြားမှုကို အားလုံး သိကြ၏။
"သြော် ဒီလိုပါ... ဒါက စန်းချိုင်တားမြစ်နယ်မြေလေ... ဒီတောင်ထွတ်သုံးခုကို မင်းမြင်တယ်မလား တစ်ခုက အုံ့ဆိုင်းတယ်၊ တစ်ခုက ကြီးကျယ်ခမ်းနားတယ်၊ တစ်ခုက အန္တရာယ်ရှိတယ် အဲဒါတွေက ကောင်းကင်၊ မြေကြီးနဲ့ လူသားဆိုတဲ့ ပါရမီသုံးပါးနဲ့ ကိုက်ညီတယ်လေ..."
တစ်ဖက်က လူတစ်ဦးရဲ့ မျက်ခုံးတွေက မာနကြီးနေဟန်ဖြင့် တင်းမာထားကာ လုရွှမ်ကိုတောင် မကြည့်ပေ။
"စုန့်မင် ဟေးရန်အဖွဲ့အစည်းက ကောင်လေးကို မင်းဘာတွေ ပြောပြနေတာလဲ.... သူက နတ်မီးနယ်ပယ် ပထမအဆင့်ပဲ ရှိသေးတယ် သူရဲ့ လေ့ကျင့်မှုအဆင့်က ဒီလောက် နိမ့်ပါးနေတာ ပါရမီသုံးပါးရဲ့ တားမြစ်နယ်မြေထဲကို ဝင်ချင်ရင်တော့ သေလမ်းရှာချင်နေတာ သေချာတယ်"
စုန့်မင်က ညည်းညူရင်း လုရွှမ်ကို ကြည့်လိုက်သည်။
"အစ်ကိုဝမ်ထောင် ပြောတာမှန်တယ်... မင်းထွက်သွားတာ ကောင်းလိမ့်မယ် ဒီမှာက အန္တရာယ်များလွန်းတယ် အစ်ကိုဝမ် ငါတို့လည်း သွားရအောင်"
ကောင်းကင်၊ ကမ္ဘာနှင့် လူသားတို့၏ ပါရမီသုံးပါးသည် စန်းချိုင်ကျောင်းတော်နှင့် ဘာမှမဆိုင်ဘူး ဆိုခါမှ ထူးဆန်းပေလိမ့်မည်။
ဒီလိုမျိုး ထားခဲ့ပြီး ထွက်သွားဖို့ဆိုတာက သဘာဝအတိုင်း မဖြစ်နိုင်ပါဘူး။ လုရွှမ်သည် စန်းချိုင်တားမြစ်နယ်မြေရဲ့ တောင်ထိပ်ကို အဝေးမှ လှမ်းကြည့်ရင်း တောင်ထိပ်သုံးခုမှ ဖိအားများ တဖြည်းဖြည်း တိုးလာကာ လူတိုင်းကို ဖုံးအုပ်ထားကြောင်း တွေ့လာရသည်။
လူအုပ်ကြီးသည် ဖိအားကို မခံနိုင်တော့ဘဲ ဆုတ်ခွာလာသည်။ လုရွှမ်သည် မူလကတည်းက အပြင်ဘက်စွန်းတွင် ရှိနေခဲ့သောကြောင့် သူသိပ်မခံစားခဲ့ရပေ။
ဝမ်ထောင်သည် လုရွှမ်ကို ရံဖန်ရံခါ ငုံ့ကြည့်ကာ ပါးစပ်ထောင့်တွင် အထင်အမြင်သေးသည့် အရိပ်အမြွက်ပြကာ လုရွှမ်၏ ဟာသကို စောင့်မျှော်နေသည့် သူ့မျက်လုံးများသည် လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။
လုရွှမ်လည်း ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။
ရုတ်တရက် လုရွှမ်၏နှလုံးသည် နားမလည်နိုင်စွာ လှုပ်ရှားသွားပြီး တောင်ထိပ်သုံးခုဆီသို့ လှမ်းကြည့်လိုက်သည်။ တောင်ထိပ်သုံးခုမှ ဖိအားတွေဟာ ရုတ်တရက် အရှိန်ပြင်းပြင်း ပြေးထွက်လာပြီး ပတ်ဝန်းကျင်ကို လှမ်းမြင်လိုက်ရသည်။
မတော်တဆ ပြေးထွက်လာသော အလင်းတန်းတစ်ခုက လုရွှမ်ဆီသို့ ကျရောက်လာ၏။
"ဟာဟား ဒီအခွင့်အရေးက ငါတို့ကို ရောက်လာတဲ့အချိန်မှ ထွက်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"
ဝမ်ထောင်က ဆိုလိုက်သည်။ သူတို့နှစ်ယောက်မှာ စွမ်းရည်ကောင်းတွေ ရှိတာကြောင့် အလျင်စလို ပြေးထွက်လာခဲ့သည်။
"စုန့်မင် မင်းက အဲဒါကို ကြားဖြတ်... ငါက စုဆောင်းမယ်!"
"ကောင်းပြီ!"
လူနှစ်ယောက်၏ စကားကြောင့် လုရွှမ်လည်း ထိုအလင်းတန်းကို ဖမ်းဆုပ်တော့မည့် စိတ်ကူးကို စွန့်လွှတ်လိုက်ရသည်။ သူ့ခေါင်းရှေ့မှာ လူနှစ်ယောက် ရှိနေပြီလေ။ စုန့်မင်က သူ့လက်ကို ဝှေ့ယမ်းပြီး နေရာတိုင်းတွင် အလင်းဘောလုံးကို ပစ်လွှတ်လိုက်သော်လည်း အလင်းတန်းရဲ့ ထက်မြက်မှုက အရှိန်လွန်ကာ စုန့်မင်ရဲ့ စွမ်းအင်ကို အပိုင်းပိုင်း ဖြိုခွဲပစ်ခဲ့သည်။
"အစ်ကိုဝမ် သတိထား! ဒီရတနာက ရက်စက်တယ်!"
ဝမ်ထောင်လည်း သူ့အနောက်မှ ဓားရှည်ကို ဆွဲထုတ်ပြီး အလင်းတန်းကို ရိုက်ချလိုက်သည်။ ကျယ်လောင်သော တီးမှုတ်သံတစ်ခုကြောင့် ဝမ်ထောင်၏ ခန္ဓာကိုယ်က လွင့်ထွက်သွားသော်လည်း ကျယ်လောင်စွာ အော်လိုက်သေးသည်။
"အစ်ကိုစုန့် မြန်မြန်ဖမ်း!"
စုန့်မင် လှည့်၍ ဖမ်းယူလိုက်ပြီးနောက် အလင်းတန်းက လမ်းကြောင်း ပြောင်းသွားကာ မတော်တဆလို နေရာတွင် ရပ်နေသော လူတစ်ယောက်ဆီ ပြေးဝင်သွား၏။ အလင်းတန်းက ထိုလူ၏ လက်ထဲသို့ တည့်တည့် ပြေးဝင်သွားသည်။
"အဲဒါမင်းပဲ!"
ထိုလူဟာ လုရွှမ်မှလွဲ၍ အခြားသူမဟုတ်ပေ။ ဝမ်ထောင်၏ဓား အလင်းတန်းကို ထိလိုက်သည့် အခိုက်တွင် အလင်းတန်းရဲ့ ပြောင်းလဲမှု ဦးတည်ရာက လုရွှမ်ဘက်ကို ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ ဝမ်ထောင်ဟာ သူ၏ခန္ဓာကိုယ်သည် လမ်းပေါ်တွင် ပိတ်ရပ်ကာ အလင်းတန်းကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားဖို့ ပြင်သည်။
နှစ်ကြိမ်တိုင်တိုင် ပိတ်ဆို့ခံထားရသော်လည်း အလင်းတန်းက လုရွှမ်ဆီကိုသာ သွားနေသည်။ ယခုတော့ လုရွှမ်လက်ထဲက အလင်းတန်းတွေ ပျောက်ကွယ်သွားကာ ၎င်းပေါ်တွင် 'လူသား' ဟု ရေးထွင်းထားသော တံဆိပ်ပြား ငယ်လေး အဖြစ် ပြောင်းလဲသွားသည်။
"ကောင်လေး မင်း!" နှစ်ယောက်သား အော်ပြီး လုရွှမ်ဆီ အမြန်ပြေးသွားသည်။
ဝမ်ထောင်က ဒေါသအပြင်းထန်ဆုံး ဖြစ်သောကြောင့် လုရွှမ်ကို ဓားဖြင့်ခုတ်ရန် ကြံရွယ်သော်လည်း စုန့်မင်က သူ့ကို ဝင်ထိန်းထားလိုက်သည်။
"တံဆိပ်ပြားကို ဖမ်းလိုက်တာနဲ့ အဲဒီလူရဲ့ သင်္ကေတတစ်ခုက လူသုံးယောက်ကို ခေါ်သွားနိုင်တယ်တဲ့... အစ်ကိုဝမ် စိတ်မတိုပါနဲ့"
စုန့်မင်က ဆိုရင်း လုရွှမ်ပုခုံးကို ပွေ့ဖက်ကာ ရယ်မောလိုက်သည်။
လုရွှမ်လည်း ပြန်ပြုံးပြလိုက်သည်။ ထိတ်လန့်ဟန် ဆောင်နေသည့် သူ့မျက်လုံးများကြောင့် ဝမ်ထောင်မှာ ဒေါသထွက်နေ၏။ လုရွှမ်၏ အနေအထားကို သူ လုံးဝ ဂရုမစိုက်ပေ။ ထိုကောင်လေးက ကံကောင်းနေတာကြောင့် တံဆိပ်ပြားက ရိုးရိုးရှင်းရှင်း သူ့ဘက်သို့ ပြေးသွားခဲ့တာပဲ ဖြစ်သည်။
"ညီအစ်ကိုလု ဟုတ်တယ်မလား... ငါတို့က တကယ် ရေစက်ရှိပုံပဲနော်...မင်းက ဟေးရန်အဖွဲ့အစည်းဘက်က ဆိုတော့ ဒီက ဓလေ့ထုံးစံတွေအကြောင်း ဘာမှမသိလောက်ဘူး ဒီမှာ အန္တရာယ်တွေ ရှိတာ မပြောနဲ့ မင်း ဒီတံဆိပ်ပြားကို ရသွားပြီဆိုတော့ ကံကြမ္မာပဲပေါ့!"
ဝမ်ထောင်: "တံဆိပ်ပြား တစ်ခုက လူသုံးယောက်ကို ခေါ်ဆောင်သွားနိုင်တယ်.... ငါတို့နှစ်ယောက်က မင်းကို ဂရုစိုက်ပေးမယ်... အနည်းဆုံးတော့ စန်းချိုင်တောင်ထိပ်ကို ဝင်ရတာက ပြဿနာ မရှိလောက်ဘူးမလား"