← Chapters

နောက်ယောင်ခံလိုက်

Vol. 106 Ch. 4.1109

နောက်ယောင်ခံလိုက်

Vol. 106 Ch. 4.1109

"အား......"

စူးစူးဝါးဝါး အော်သံကြီး ထွက်ပေါ်လာသည်။ ထိုလူဟာ အရင်လူထက် သာလွန်တာတော့ မဟုတ်ပေမယ့်လည်း သူက တော်တော်လေး သန်မာနေပါပြီ။

သူ့ခန္ဓာကိုယ်မှ ထွက်လာသော ရောင်ဝါက ခိုင်ခံ့ပြီး ထူထဲသည်။ သူ့အခြေခံအုတ်မြစ်က အလွန်ကောင်းမွန်သည်။ မျှော်စင်နယ်ပယ်၌ ရှိနေပြီဖြစ်သောကြောင့် သူသည် နတ်မီးနယ်ပယ်နဲ့ အလွန်ဝေးဝေး ရောက်​နေသင့်သည်မှာ ထင်ရှားသော်လည်း သူသည် ယခင်က လူမိုက်နှင့်ပင် မယှဉ်နိုင်ပေ။

ဒါ့အပြင် သူ့ကို သတ်လိုက်တာက ဓားစွမ်းအင်တစ်​ခုလည်း ဖြစ်​​နေ​သေးသည်။ ဓားစွမ်းအင်က သူ့ဘက်သို့ ပစ်ခတ်လိုက်သဖြင့် ခုခံရန် အချိန် သို့မဟုတ် ခွန်အားမရှိသဖြင့် အသတ်ခံလိုက်ရလေ၏။

လူတိုင်း၏ မျက်လုံးများသည် စူးရှလျက် ရှိသည်။ လုရွှမ်ဓားကို ပေါ့ပေါ့ဆဆ ဝေ့ယမ်းသွားသည်ကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့ပြီး သူသည် သူ့​စွမ်းအား၏ ရာခိုင်နှုန်းအနည်းငယ်ကိုသာ ပေါ့ပေါ့ဆဆ အသုံးပြုခဲ့သည်မှာ ထင်ရှားပါသည်။ သူ့နယ်ပယ်နှင့် သူဆန္ဒအလျောက် ထုတ်ယူလိုက်သော နတ်ဓားစွမ်းအင်က လူတိုင်းကို သဘာဝကျကျ သံသယ ဖြစ်လာ​​စေသည်။

သူသာ မာနကြီးပြီး သတ္တိရှိ၏။ ဒီကောင်လေးဟာ တမင်သက်သက် လေ့ကျင့်ဖို့ ထွက်လာတဲ့ လျှို့ဝှက်မိသားစုထဲက ပါရမီရှင်တစ်ယောက် ဖြစ်နိုင်မလား။ ဒီလို သခင်လေးတွေ ရှိ​နေတာက အနောက်ဖက် ဒေသကြီးတစ်ခုလုံးနှင့် ကမ္ဘာတစ်ခုလုံးတွင်ပင် ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်သည်။

ကျင့်ကြံမှု နယ်ပယ်၊ ရောင်ဝါ၊ လက်နက်များ၊ သူ့သဘောထားနှင့် ပတ်သက်လာလျှင် လုရွှမ်သည် လေ့ကျင့်ဖို့ ထွက်လာသော လျှို့ဝှက်မိသားစုက သခင်လေးများ၏ စံနှုန်းများနှင့် လုံးဝ ကိုက်ညီသည်။

"ဟား ဟား... ဒီအစ်ကိုက အရမ်းကြမ်းတာပဲ... ဘယ်လိုခေါ်ရမလဲ မေးလို့ရမလား"

စကားပြောဆိုသူမှာ အသက်ပြင်းပြင်း ရှူနေသည့် လူလတ်ပိုင်း အရွယ်ဖြစ်သည်။ ထိုသူက လုရွှမ်ကို ပေါ့ပေါ့ပါးပါး ကြည့်နေသဖြင့် ဘာအပြစ်အနာအဆာမှ မရှိကြောင်း ခံစားရစေသည်။ ဒီလူက ထူးထူးခြားခြား ခွန်အားရှိနေသူပင်။

သို့သော် လုရွှမ် ထိုလူများနှင့် စကားပြောရန် မလိုအပ်တော့ပေ။ သူတို့အားလုံးဟာ ဘယ်လောက်ပဲ သန်မာနေပါစေ နောက်ခံ အဆက်အသွယ် မရှိကြဘူး ဒါမှမဟုတ် မသိတဲ့ လျှို့ဝှက်ချက်တွေ ရှိနေကြသူတွေပါပဲ။

လုရွှမ် ကိုယ်တိုင်လည်း ထိုကဲ့သို့ လူပင်။ လုရွှမ်သည် သူ့ကိုယ်သူ မိတ်ဆက်နေမယ့်အစား ရှေ့တည့်တည့်ကို ပြေးသွားတာကို မြင်တော့ ရယ်သံတွေ ထွက်လာ၏။ ထိုလူသည် လုရွှမ်ကျောကို အေးစက်သော အ​ကြည့်များဖြင့် လှမ်းကြည့်​နေသည်။

"ဒီကောင်လေးက မရိုးရှင်းဘူး!"

လုရွှမ်သည် ရေကူး​နေသည့် ငါးကဲ့သို့ လူအုပ်ကြားမှ လျင်မြန်စွာ ဖြတ်ပျံသန်းကာ ဘယ်ညာ ယိမ်းနွဲ့လျက် ရှိသည်။ ဤဘက်သို့ ရံဖန်ရံခါ ကွေ့ပတ်ကာ ရံဖန်ရံခါ တစ်ဖက်သို့ ပြေးသွားခဲ့​ပြန်သည်။

လူတိုင်းက သူ့​​ကို ဘေးအကြည့်ဖြင့် ကြည့်သော်လည်း လုရွှမ်ကလည်း လူတိုင်းကို ကြည့်နေပြီး သူတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေမှန်း မသိကြပေ။ လုရွှမ် ပျံသန်းလာရင်း ဟေးရန်စန်းယင် သူခိုးသုံးယောက်နဲ့ တဖြည်းဖြည်း နီးကပ်လာခဲ့ပါ၏။

မသေမျိုးရှောင်းရောင် နှစ်ယောက်၏ အရှိန်သည် လုရွှမ် မရပ်တန့်​စေနိုင်သော အမြန်နှုန်းဖြစ်မှန်း သူ့ကို သိရှိစေခဲ့သည်။ ဒါက ချီထျန်းပုကို အရှိန်မြှင့်တင်ရန် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။

လေပြင်းနိယာမနဲ့ ယှဉ်ရင် ချီထျန်းပုက ပိုကျစ်လျစ်ပြီး ဆန်းပြားပါ၏။ ထိန်းချုပ်မှုသည် နှလုံးမှဖြစ်ပြီး လက်ရှိထိန်းချုပ်ထားသည့် အဆင့်က တတိယအဆင့်ထိပဲ ရှိသေးရာ နောက်အဆင့် အနည်းငယ်သည် မယုံနိုင်လောက်အောင် ပိုများလာမည်ဟု လုရွှမ် ခန့်မှန်း​ကြည့်နိုင်သည်။

ချီထျန်းပုကို ကျွမ်းကျင်အောင် လေ့လာပြီးနောက် အနာဂတ်တွင် ထျန်းဖောင်နှင့် ကျူးချွဲ့တို့ကဲ့သို့ အရှိန်မပျက်ဘဲ ပျံသန်းရန် မဖြစ်နိုင်တာမျိုး မရှိနိုင်တော့ပေ။

ချီထျန်းပုမှာ ဒီလို အလားအလာရှိပေမယ့် ဘာလို့ ရွှီတရဲ့လက်ထဲ ရောက်သွားတာလဲ မသိ။ မိသားစုအမွေအကြောင်း သူပြောခဲ့တဲ့ အဓိပ္ပာယ်ကိုတော့ လုရွှမ် လုံးဝ မယုံပါ။ ဒါပေမဲ့ အခု သူတို့ သုံးယောက်က ဒီမှာ ရှိနေတော့ သူတို့ လွယ်လွယ်နဲ့ နားလည်နိုင်​ပြီ။

သူ့အကွာအဝေးကို ရှောင်ရင်း လုရွှမ် သူတို့နောက်သို့ တိတ်တဆိတ် လိုက်လာခဲ့သည်။ အနယ်နယ် အရပ်ရပ်မှ ဖိနှိပ်မှု အင်အား ကြီးမားလာကာ ရှေ့တွင် ပြေးနေသော လူအများအပြားလည်း တဖြည်းဖြည်း ဆုတ်ယုတ်လာကြသည်။ အထူးသဖြင့် နတ်မီးနယ်ပယ်၌ ရှိသော လူအများစု ကျန်ခဲ့၏။

ရှေ့သို့ ပြေးလာကြသော လူအများစုသည် မျှော်စင်နယ်ပယ်က သခင်များဖြစ်ပြီး တစ်ခါတစ်ရံတွင် တစ်ဦး သို့မဟုတ် နှစ်ဦးသည် နတ်မီးနယ်ပယ်၌ တန်ခိုးကြီးသော ပါရမီရှင်များဖြစ်ပေသည်။

လုရွှမ်၏ အရှိန်သည် ဖိအားဆီက ဆွဲချခံရသောကြောင့် မဟုတ်ဘဲ အရှေ့မှ သူခိုးသုံးယောက်က တဖြည်းဖြည်း ခွန်အားပျောက်ဆုံးကာ နှေးကွေးသွားသောကြောင့်သာ ဖြစ်သည်။

လုရွှမ် အံ့သြသွားတာက သူတို့ သုံးယောက်မှာ တကယ်ကံကောင်းတာလား ဒါမှမဟုတ် နောက်တစ်ကြိမ် လှည့်စား​​နေတာလား မသိတာပင်။ သူတို့ သုံးယောက်က ခွန်အားကို ထိန်းနေကြသည်။ အချိန်အတော်ကြာအောင် လိုက်ပြီးနောက် သူတို့သုံးယောက် ဘာအစီအစဉ် ဆွဲထားသလဲ သိလိုက်သည်။ သူတို့သုံးယောက်ရဲ့ ခွန်အားက မပျော့ပေမယ့် ဒီမှာကတော့ တော်တော်လေး နိမ့်လေ၏။

သူတို့ သုံးယောက်က ပိုသတိထားကြပြီး အနီးနားမှာ သူတို့ရဲ့ ဝိညာဉ်စွမ်းအားတွေ တုံ့ဆိုင်းစွာ ထုတ်လွှတ်ရင်း သူတို့ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲ ဆိုတာကို အာရုံစိုက်နေကြသည်။ လုရွှမ်လည်း သဘာဝအတိုင်း နှေးကွေးထားကာ လူသုံးယောက်၏ လှုပ်ရှားမှုအတိုင်း အနည်းငယ် နှေးကွေးစွာ ရွေ့လျားခဲ့သော်လည်း နောက်ဆုံးတွင် စန်းချိုင်တောင်ထိပ်သို့ ဝင်ရောက်ခဲ့သည်။

တောင်ထိပ်က ကုန်းပြင်မြင့် တစ်ခုကဲ့သို့ပင်။ သီးခြားတောင်ထွတ်သုံးခုကို မကြည့်လျှင်ပင် ဤအခြေခံ တောင်တန်းသည် လုံလောက်စွာ မြင့်မားနေပြီ။ အဝေးမှ ကြည့်လျှင်တော့ တောင်တန်းများသည် စိမ်းလန်းစိုပြေသည်။

အစက အလွန်ရိုးရှင်းပုံရပြီး တောင်ခြေသို့တက်ရန် မခဲယဉ်းသင့်ကြောင်း ထင်ခဲ့သော်လည်း တောင်ခြေ ရောက်မှသာ သူ့အတွေးက အမှန်တကယ် အဓိပ္ပာယ် မရှိတော့ကြောင်း သိလိုက်ရသည်။

တောင်များက အလွန်မတ်စောက်ပြီး ဒေါင်လိုက်နီးပါး မြင့်သည်။ စိမ်းလန်းစိုပြေသော တောအုပ်ထဲတွင် နားမလည်နိုင်သော အအေးဓာတ်တစ်ခု ထွက်ပေါ်လာပြီး ခန္ဓာကိုယ်ကို နှိုးဆွပေးလာရာ လုရွှမ်ပင် မထိန်းနိုင်ဘဲ အေးစိမ့်သွား၏။

"အေးလိုက်တာကွာ တခြားအချိန်တွေဆို ဒီနေရာကို လုံးဝ မကပ်နိုင်​လောက်ဘူး မဟုတ်ရင် အေးခဲ​ပြီး သေလိမ့်မယ်"

ကျင့်ကြံသူတစ်ယောက်က တုန်တုန်ယင်ယင်နဲ့ ပြေးနေရင်း သူ့မျက်နှာက တဖြည်းဖြည်း အေးစက်လာသည်။

"ဒါက အေးတာ မဟုတ်ဘူး အေးတာမဟုတ်ဘူး မင်းရဲ့ခန္ဓာကိုယ်က အေးစက်မှုပဲ... ဘာလို့လဲ ဆိုတော့ ဒီတောင်တွေက လူတွေရဲ့ အနှစ်သာရနဲ့ သက်တမ်းကို စုပ်ယူနိုင်တယ်ဆိုတဲ့ ကောလဟာလတွေ ရှိတယ်.... မင်းအေးနေရင် မင်းမှာ စွမ်းအင်နဲ့ သွေးတွေ မလုံလောက်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ"

ထိုစဥ် လူငယ်တစ်ယောက်က အော်ငေါက်လိုက်သည်။

"အဘိုးကြီး ဒါ ခင်ဗျားနေသင့်တဲ့ နေရာ မဟုတ်ဘူး.... ကိုယ့်ကိုကိုယ် တိုးတက်အောင်လုပ်ဖို့ ပြန်သွားလိုက်ပါ မဟုတ်ရင် ဒါ ခင်ဗျားရဲ့ သင်္ချိုင်းနေရာ ဖြစ်သွားလိမ့်မယ်"

အဘိုးအိုသည် တွန်းလှန်နိုင်စွမ်း မရှိသော်လည်း သူ့စွမ်းအင်က အနည်းငယ် ပြန့်ကျဲနေရာ သူ့အခြေခံအုတ်မြစ်က လုံလောက်မှု မရှိတာ ထင်ရှားပါသည်။ သူ့မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသော်လည်း ဟစ်အော်ကာ စကားရပ်လိုက်သည်။

လုရွှမ် သူ့ကို စိုက်ကြည့်နေတာကို မြင်တော့ လူငယ်ရဲ့ မျက်နှာက ဒေါသတွေကြောင့် ဖြူဖျော့သွားခဲ့သည်။ အစောက အဘိုးကြီးက မျှော်စင်နယ်ပယ်မှာ ရှိခဲ့ပေမဲ့ အခုအချိန်မှာတော့ သူ့ကိုကြည််နေသူက နတ်မီးနယ်ပယ်ရဲ့ ပထမအဆင့်မှာ ရှိနေပါသေးသည်။ လူငယ်က ပိုရှက်သွားပြီး တစ်ဖက်သို့ လှည့်သွား၏။

"ဟမ့် ကိုယ်အဆင့်ကို မသိကြဘူး!"

လူငယ်က အော်ဟစ်ပြီး အမြင့်ပေသုံးဆယ်လောက်မြင့်တဲ့ သစ်ပင်တွေကို လက်နှစ်ဘက်နဲ့ ဆုပ်ကိုင်လိုက်ပြီး မျောက်ဝံလို ခြေလက်တွေဖြင့် တဆတ်ဆတ် ခုန်တက်သွားတော့သည်။ တောင်ခြေမှာ လူတွေ စုရုံးလာပြီး တချို့က တိုက်ရိုက်တက်ကြသည်။ ဤနေရာတွင် လျှို့ဝှက်ချက်များကို ရှင်းပြနေသူများလည်း ရှိပါသေးသည်။ လုရွှမ်လည်း အနီးကပ်လိုက်လာပြီး ဂရုတစိုက် နားထောင်ကြည့်၏။

"တံဆိပ်ပြား ရှိတဲ့လူက တက်သွားဖို့ တံဆိပ်ပြားကို အားကိုးနိုင်တယ်... ဒါပေမဲ့ သတိထားပါ... တံဆိပ်ပြားကို မင်းအပေါ် ကောင်းချီးပေးထားတယ် ဆိုရင်တောင် အသက်ရှူမဝရင် ချက်ချင်း ဆင်းခဲ့ အတင်းအကြပ် မလုပ်နဲ့"

ဒါက ဂိုဏ်းတစ်ခုက ဖြစ်ပြီး အကြီးတန်းအစ်ကိုက တောင်ပေါ်တက်ပြီး ဖြစ်ပျက်ခဲ့သမျှကို အငယ်တန်း ညီအကို မောင်နှမတွေကို ပြောပြနေတာပဲ ဖြစ်လေ၏။

ဒီကိုရောက်လာတဲ့အခါ လုရွှမ်လည်း ဒီအသက်ကတ်တွေ ပြောင်းတော့မယ်လို့ ခံစားရလေသည်။ တံဆိပ်ပြားကို အသက်သွင်းလိုသကဲ့သို့ ဖြစ်နေသော်လည်း တံဆိပ်ပြားကို စောစီးစွာ အသုံးပြုလေ အကူအညီ နည်းပါးလေ ဖြစ်သည်။

All Chapters