အခန်း (၁၉၇)
Vol. 15 Ch. 197
--------
လုံထန်က သူ၏ စိတ်ကိုယ် တည်ငြိမ်အောင်ပြုလုပ်လိုက်ကြီးနောက် * နဂါးကိုးကောင်မဟာကျင့်စဉ် * ကိုယ်စတင်၍ လေ့ကျင့်လိုက်တော့သည်။
သူ၏ ခန္ဓာကိုယ်အပြင်ဘက်၌ မီးတောက်များကို ဖြာထွက်ကာ ရစ်သိုင်းစေလိုက်၏ ။ ထိုအချိန်၌ ပြင်ပရှိ သဘာဝမီးစွမ်းအားအရင်းမြစ်၏ မီးတောက်များကလည်း ဆွဲယူခံလိုက်ရသကဲ့သို့လုံထန်၏ ခန္ဓာကိုယ်တစ်ဝှိုက်၌ ရစ်သိုင်းလာခဲ့သည်။
လုံထန်က အာရုံစိုက်၍သာ နဂါးတစ်ကောင်ကဲ့သို့ပြောင်းလဲနိုင်ရန်ကြိုးစားနေခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ဝှိုက်မှ မီးတောက်များကလည်း အချိန်ကြာလာသည့်နှင့်အမျှ ပို၍ ပို၍ များပြားလာခဲ့သည်။
မသေမျိုးအဆင့် စွမ်းအားမြင့်ကျင့်ကြံသူများသာ ဤမြင်ကွင်းကိုယ်မြင်ပါက အံဩကာ ထိတ်လန့်သွားမည်ဖြစ်သည် ။ လုံထန်၏ ခန္ဓာကိုယ်ပြပ၌ ရစ်သိုင်းနေသော မီးတောက်များ၏ အတွင်း၌ ရှုပ်ထွေးလှစွာသော အက္ခရာများပါဝင်နေ၍ ဖြစ်သည်။
၎င်းက မီးစွမ်းအား၏ စည်းမျဉ်းများသာဖြစ်သည်။ နတ်ဘုရားသားရဲဘုံကျင့်ကြံသူများပင် ၎င်းတို့ကိုယ် မြင်တွေ နိုင် ၊ ထိတွေနိုင်ခြင်းမရှိပေ ။
ဤကဲ့သို့ပြောင်းလဲနေသော အဖြစ်ပျက်များကို လုံထန်တစ်ယောက်မသိချေ။ သူက ကျင့်ကြံရာ၌ အာရုံစိုက်ထားခဲ့သည်။ သို့သော်လည်း သူ၏စိတ်ခံစားမှုကဤနေရာ၌ လေ့ကျင့်ခြင်းက ၊ သူ၏ ကျင့်ကြံမှု ခန်းမ၏အတွင်း၌ လေ့ကျင့်ခြင်းထက်ပို၍ အဆင်ပြေ ချောမွေ့နေတာကိုယ် ခံစားမိသော ကြောင့်ဖြစ်သည်။
ထိုသို့အပြောင်းလဲများကြောင့် သူကိုယ် အံဩသွားစေခဲ့သည်။ သို့သော်လည်း ထိုအတွေးများကို လျှင်မြန်စွာပင် ဖြတ်တောက်လိုက်ပြီးတော့ ကျင့်ကြံရာ၌ သာ နစ်မြပ်လိုက်တော့သည်။
ဤသို့ဖြင့် အချိန် တစ်လခန့်က လျှင်မြန်စွာပင် ကုန်ဆုံးသွားခဲ့သည်။
∆∆∆
မြေအောက်နဂါးများနေထိုင်ရာမြေအောက်မြို့တော်ကြီး၏ အလယ်ဗဟိုရှိ ခမ်းနားသော နန်းတော်ကြီး၏ ခန်းမကြီး အတွင်း၌ အားကောင်းသော အော်ရာကို ထုတ်လွတ်ထားသော ပုံရိပ်အချို့ရှိသည်။
၎င်းဆို့က မြေနဂါးမျိုးနွယ်စုနှင့် သစ်တောစိမ်းနဂါးမျိုးနွယ်စုတို့၏ နတ်ဘုရားသားရဲအဆင့် စွမ်းအားကြီးသူများဖြစ်သည်။
လမ်းတလျောက်စောင့်ကြပ်ခိုင်းထားတဲ့ သတင်းထောက်လှမ်းသူတွေရဲ့ သတင်းပို့ချက်အရ သူတို့က ငါတို့ရှိရာကို ဒီနေ့ရောက်လေ့မယ်။
စစ်သင်္ဘောဆယ်ငါးစီး ၊ အရေတွက် တစ်သောင်းခွဲလောက်ပါတယ်တဲ့။ ရှေးဦးနဂါးဧကရာဇ်ဆိုတဲ့ သူက အရမ်းကို မာနကြီးပြီးတော့ ငါတို့ကိုယ် တိုက်ခိုက်ဖို့ စစ်သည်သောင်းခွဲပဲ စေလွတ်လိုက်တယ် ပေါ့။ သူက အရမ်းယုံကြည်မှု ကှိနေပုံပဲ ။
သူတို့ရောက်လာချိန်မှ သန်မာမှုဆိုတာ ဘာလည်း သေချာသိသွားရအောင် လုပ်ပေးရမယ် ။ ရုံချန်းက သူ၏ ဘေးဘက်ရှိ ထိုင်ခုံ၌ ထိုင်နေသော အဖွားအိုတစ်ယောက်ကို ပြောလိုက်သည်။
ဘာပဲဖြစ်ဖြစ်ပါ ~ ငါတို့သတိထားလုပ်ဆောင်တာတော့မမှားပါဘူး ။ အဖွားအိုက အနည်းငယ်လေးနက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
သူမက မော့ရွယ်ဖြစ်ပြီးတော့ သစ်တောစိမ်းနဂါးမျိုးနွယ်စု နတ်ဘုရားသားရဲ ဘုံ ဆဠမအဆင့် ၊ အထွတ်ထိပ်အဆင့်ကျင့်ကြံသူပဲဖြစ်သည်။ သူလည်း ရုံချန်းကဲ့သို့ သူမ၏ သန်မာမှုအပေါ်၌ ယုံကြည့်မှု အပြည်ရှိသော်လည်း သတိလက်လွတ်ဖြစ်မည်တော့ မဟုတ်ချေ။
ဟားဟား ~ အကြီးကဲရွယ် အဲလောက်ကြီး အလေးနက်ထားစရာမလို့ပါဘူး ။ ကျုပ်တို့လို နတ်ဘုရားသားရဲ ဘုံအဠမအဆင့်အထွတ်ထိပ်အဆင့်ရှိသူနှစ်ယောက် ရှိနေမှတော့ ဘယ်လို့ မျိုးတွေ ဂရုစိုက် နေကြရအုန်းမှာလဲ ။
ပြီးတော့ ရှေးဦးနဂါးအင်ပါယာမှ ၊ နတ်ဘုရားသားရဲဘုံ နဝမအဆင့် တွေရှိမယ်လို့တော့ ကျုပ်မထင်ဘူး ။ ရှိခဲ့ရင်လည်း သူတို့ ဒီလောက်အချိန်ဆွဲနေမှာ မဟုတ်ဘူး ။ ရုံချန်းက ယုံကြည်မှုရှိစွာဖြင့်ပြောလိုက်သည်။ ယခုအချိန်၌ သူသည်အမှန်တကယ် စိတ်အေးလက်အေးရှိနေခဲ့သည်။
ယခင်က သူတစ်ယောက်ထဲတုန်းက အနည်းငယ်ပူပန်ခဲ့ရသေးသည်။ ယခုတော့ အဠမအဆင့်၏ ထွတ်ထိပ်နှစ်ယောက်ရှိနေမှာတော့ ဘာတစ်ခုစိတ်ပူရန်မလိုတော့ချေ။
မော့ရွယ်ကတော့ ရုံချန်း၏ စကားကို ပြန်မပြောချေ ။ သို့သော်လည်း သူမ၏ မျက်နှာအမှုရာအရ သူမလည်း ရုံချန်းပြောသော အတိုင်းသာဖြစ်သည်။
ယခုအချိန်၌ သူတို့တွင် နတ်ဘုရားသားရဲဘုံအဆင့် ကျင့်ကြံသူ ခုနှစ်ယောက်ရှိသည်။ မြေနဂါးမျိုးနွယ်စုမှ လေးယောက် ၊ သစ်တောစိမ်းနဂါးနွယ်စုမှ မော့ရွယ်က နတ်ဘုရားသားရဲ အဆင့်စွမ်းအားရှင် နှစ်ယောက်ခေါ်ဆောင်လာခဲ့သည်။
အားလုံးခေါ်ဆောင်လာခြင်းတော့မရှိချေ။ မဟုတ်ရင် မျိုးနွယ်စုကိုယ် စောက်ရှောက်မည်သူမရှိ၍ ရန်သူများဝင်ရောက်တိုက်ခိုက်မည်ဆိုး၍ ဖြစ်သည်။
ယခုသူတို့ ခုနှစ်ယောက်ပေါင်း၏ ခွန့်အားကပင် အလွန်တရာကြီးမားနေပြီဖြစ်သည်။ အဠမအဆင့် အထွတ်ထိပ်နှစ်ဦးနှင့် သတ္တမအဆင့်၏ အလယ်လတ်နှစ်ဦး ၊ ဆဠမဆင့် အထွတ်ထိပ်နှစ်ဦး ၊ ဆဠမအဆင့် အလယ်လတ်တစ်ဦးတို့ဖြစ်သည်။
ထိုကဲ့သို့သော စွမ်းအားများကို ဘယ်လို့မျိုးနွယ်စုက ခုခံနိုင်မည်နည်း ၊ နတ်ဘုရားသားရဲဘုံ နဝမအဆင့်ရှိသူ မတွေ့ရသ၍ သူတို့၏ ဖြစ်တည်မှုက ပြိုင်ဘက်ကင်းနေချေပြီဖြစ်သည်။
မော့ရွယ်နှင့် ရုံချန်းစကားပြောနေချိန်၌ ရုတ်တရက် သူတို့၏ အကြည့်များက အေးစက်သွားကာ အဝေးသို့မျော်ကြည့်လိုက်သည်။
သူတို့ရောက်လာပြီ ရုံချန်းက အေးစက်သော လေးသံဖြင့်ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ဝှိုက်၌လည်း သတ်ဖြတ်လို့ခြင်း အော်ရာများက ရစ်သိုင်းနေခဲ့သည်။
မော့ရွယ်ကတော့ ရုံချန်းစကားကို ခေါင်းညိတ်သာပြလိုက်ပြီးတြော ပြန်မပြောချေ။
စတုတ္ထညီ စစ်တပ်ကို ပြင်ဆင်ခိုင်းထားလိုက်တော့ ရုံချန်းက သူ၏ ညီဖြစ်သူကိုယ် ညွှန်ကြားလိုက်သည်။
နားလည်ပါပြီ အစ်ကိုကြီး ~ ရုံခမ်းကလည်း ဦးညွတ်နှတ်ဆက်ကာ ခန်းမ၏ အတွင်းမှ လျှင်မြန်စွာထွက်ခွာသွားတော့သည်။
∆∆∆
မော့ရှီ မျိုးနွယ်စုက ခေါ်လာတဲ့စစ်သည်တွေကို ဦးဆောင်လိုက်ပါ ။ မောရွယ်ကလည်း သူ၏ အနောက်ဘက်မှ အမျိုးသမီးတစ်ဉီးကိုယ် ညွှန်ကြားလိုက်သည်။
ဟုတ်ကဲ့ ~ မော့ရှီလည်း နှတ်ဆက်ပြီးနောက် သူမ၏ စစ်သည်များရှိရာထံသို့ ထွက်ခွာသွားတော့သည်။
∆∆∆∆
ရုံချန်းကလည်း သူလိုအပ်သည့်များကိုယ် ညွှန်ကြားပြီးနောက် မော့ရွယ်ကိုယ် ကြည် ၍ မေးလိုက်သည်။ အကြီးကဲရွယ် ကျုပ်တို့ သွားပြီးတော့ ထွက်ကြိုဆိုကျမလား ။
သွားကြည့်တာပေါ့ ~ သူတို့ဘယ်လောက် သန်မာလို့ ဒီလောက် မာန ကြီးနေလည်း သိရအောင် မော့ရွယ်ကလည်း ရုံချန်း၏ စကားကို လက်ခံ၍ ပြန်ပြောလိုက်သည်။
စကားဆုံးသည့်နှင် သူတို့နှစ်ယောက် နန်းတော်ခန်းမ၏ အတွင်းမှ ရုတ်တရက်ပျောက်ကွယ်သွားတော့သည်။
သူတို့နှစ်ဦးက ပြန်၍ ထွက်ပေါ်လာချိန်၌ မြေအောက်လှိုင်ဂူများကို ဖြတ်ကျော်၍ ကောင်းကင်ယံထက်၌ ပြန်လည်၍ ပေါ်ထွက်လာခဲ့သည်။
∆∆∆
ထိုအချိန်၌ ရုံချန်းနှင့် မော့ရွယ်တို့နှင့်မိုင်ပေါင်းတစ်သောင်းအကွာ၌ စစ်သင်္ဘောဆယ်ငါးစီးက လျှင်မြန်သော အရှိန်ဖြင့်လာနေခဲ့သည်။
ထိပ်ဆုံးရှိ စစ်သင်္ဘော၏ ကုန်းပတ်ပေါ်၌ ပုံရိပ်အချို့ရှိနေ၏။ ၎င်းတို့က အောင်းကျန်းဟန်တို့ဖြစ်သည်။
ဒီအခြေနေက သေချာနေတာပဲ၊ မြေနဂါးတွေက တစ်ကယ်ကြီး သစ်တောစိမ်းနဂါးတွေနဲ့ မဟာမိတ်ဖွဲ့ထားတာပဲ၊ သူတို့ရဲ့ ခွန့်အားကလည်း မနည်းဘူးပဲအောင်းကျန်းဟန်က အဝေးသို့မျော်ကြည့်၍ ပြောလိုက်သည်။
ဟုတ်တယ် ~ နတ်ဘုရားသားရဲဘုံ အဠမအဆင့်အထွတ်ထိပ်နှစ်ယောက် ဆိုတော့ သူတို့က ယုံကြည့်မှု အပြည်ရှိနေပုံပဲ ၊ အောင်းထန်းရန်လည်း အောင်းကျန်းဟန်၏ စကားကို ထောက်ခံလိုက်ရင်းဖြင့် ရီမောကာပြောလိုက်သည်။
ဘာပဲဖြစ်ဖြစ် ~ အချိန်ကုန်သက်သာတာပေါ့ ၊ ဒီနေရာမှ ပြီးရင် လေနဂါးမျိုးနွယ်စုနေရာကို ဆက်သွားလို့ရတာပေါ့ ။ အောင်းကျန်းဟန်က ပြန်ပြောလိုက်သည်။