အခန်း (၁၉၈)
Vol. 15 Ch. 198
------
အောင်းကျန်းဟန်တို့က ပေါ့ပေါ့ပါး စကားပြောဆိုရင်းဖြင့် လျှင်မြန်သော အရှိန်နှုန်းဖြင့် ရုံချန်းတို့ရှိရာ မိုင်တစ်ရာ အကွာသို့ရောက်ရှိလာခဲ့သည်။
∆∆∆
ရုံချန်းတို့နှစ်ဦး ကလည်း နီးကပ်လာချိန်၌ စစ်သင်္ဘောပေါ်မှာ လူများ၏ ကျင့်ကြံမှုများကို သိလိုက်ရသည်။
နတ်ဘုရားသားရဲဘုံ ပထမဆင့် ခုနှစ်ယောက်နဲ့ ထူးခြားတဲ့သူ နှစ်ယောက် ၊ ရုံချန်းက အနည်းငယ်မျက်မှောင်ကြုပ်ကာ ပြောလိုက်သည်။
ဤအခြေနေက ၊ အခြားသူ၏ ကျင့်ကြံမှုကိုယ်မမြင်နိုင်ခြင်း အကြောင်းရင်းနှစ်ခုသာရှိသည်။ ပထမတစ်ခုကဖုံးကွယ်ခြင်းနည်းလမ်းတစ်ခုခုကိုအသုံးပြုထားခြင်း ဖြစ်သည်။ ဒုတိယတစ်ခုကတော့ ရိုးခြင်းသည့် သူတို့ထက် ကျင့်ကြံမှု ပို၍ မြင့်မားသော ကြောင့်ဖြစ်သည်။
မော့ရွယ်ကလည်း လေးနက်နေသော မျက်နှာထားဖြင့် ရုံချန်းကို ကြည့်လိုက်သည်။ ဤအခြေနေက သူတို့ခန်းမှန်းမှုထက် အနည်းငယ်ကျော်လွန်နေသည်။
အရမ်းလည်း စိတ်မပူပါနဲ့ ၊ သူတို့နှစ်ယောက်က ဖုံးကွယ်တဲ့ နည်းလမ်းတစ်ခုခုကိုယ် အသုံးပြုထားတာဖြစ်ပါလေ့မယ် ။ ကျဆင်းနေတဲ့ မျိုးနွယ်စုတွေထဲမှာ နတ်ဘုရားသားရဲဘုံ နဝမအဆင့်တွေ ထွက်ပေါ်လာမယ့် လိုတော့မထင်ဘူး ။ အဲဒီအခြေနေကြောင့် အရမ်းကြီး စိတ်ပူစရာ မလိုပါဘူး ။
မော့ရွယ်က ရုံချန်းကိုကြည့်ပြီးတော့ ခေါင်းခါရမ်းလိုက်လိုက်သည်။ ထိုမျိုးနွယ်စုများက ကျဆင်းနေသော မျိုးနွယ်စုများဖြစ်သော်လည်း ရှည်ကြာသော သက်တမ်းနှင့် နက်ရှိုင်းသော အုပ်မြစ်များရှိကြသည်။ ဤအတွက်ကြောင့် ကျဆင်းနေသော မျိုးနွယ်စုများဖြစ်သော်လည်း အထင်မသေးသင့်ချေ။
ဤအတွေးများကြောင့်သူမက ပို၍ သတိကပ်လိုက်သည်။ ဤအခြေနေ၌ နောက်ပြန်ဆုတ်၍လည်းမဖြစ်နိုင်ချေ။ သူတို့သာ နောက်ပြန်ဆုတ်လိုက်ရင် ရှေးဦးနဂါးအင်ပါယာ၏ လက်ထဲသို့ကျရောက်သွားမည်ဖြစ်သည်။
နှစ်ပေါင်းများစွာအကြာထိ ခိုင်မြဲသော အာဏာဖြင့် ဘုရင်တစ်ပါးလို့ စိုးစံခဲ့သူများဖြစ်ကြသည့်အလျောက်သူတို့က အခြားသူ၏ လက်အောက်သို့ ဝင်ရောက်ချင်လို့ခြင်းမရှိချေ။
စိုးရိမ်စိတ်များအနည်းငယ်ရှိနေသော်လည်း တိုက်ခိုက်မှ သာလျှင်ရပေမည် ။ ဤအတွေးများကြောင့် မော့ရွယ်က ပြန်မဆုတ်သွားခြားပင် ၊ ခြားနားသော အခြေနေမျိုးတွင်သာဆို သူမချက်ချင်းပင် ပြန်ပြေးသွားပြီဖြစ်သည်။
နှစ်ပေါင်းများစွာအကြာ အသက်ရှည်ကြာလာခဲ့သော ၊ သူများဖြစ်သည့်နှင့်အလျောက် ဉာဏ်များကာ ၊စဉ်းလဲ့ကြပြီးတော့ သူတို့၏ ရှေ့ရေးများကို အမြဲတန်းကြိုတင်စဉ်းစားနိုင်ကြသည်။ မြေနဂါးများသာကျရှုံးသွားသည့်နှင့် ရှေးဦးနဂါးဧကရာဇ်၏ စစ်တပ်များက သူမ၏ မျိုးနွယ်စုသို့ရောက်ရှိလာမည်မှ မလွဲဧကန်ပင် ဖြစ်သည်။
ဤအခြေနေကြောင့်သာ သူမ ပြန်မဆုတ်ရခြင်းအကြောင်းဖြစ်သည်။ မဟုတ်ပါက ရန်သူ၏အခြေနေက ဆန်းကျယ်နေကာ ခန့်မှန်းမရနိုင်သော အခြေနေမျိုးတွင် သူမက အရဲစွန့်ကာ တိုက်ခိုက်မည်မဟုတ်ချေ။ကိုယ်ရန်သူ၏ အကြောင်းကိုယ် ဃဃရရ မသိရခြင်းကပင် တိုက်ပွဲမှာ တစ်ဝက်ရှုံးနိမ့်နေပြီဖြစ်သည်။
နှစ်ပေါင်းများစွာရှည်ကြာသော သက်တမ်းများဖြင့်ရှင်သန်ခဲ့ကြသောသူများဖြစ်သည်အလျှောက် ၊ ရုံချန်းနှင့် မော့ရွယ်တို့ နှစ်ယောက်လုံး၌ သူတို့၏ ကိုယ်ပိုင်အတွေးနှင့် တစ်ယောက်ခြင်းက ၊ တစ်ယောက် အကြောင်းပြချက် တစ်ယောက်တွင်ရှိကြနေကြသည်။ ဤအတွက်ကြောင့် ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေသောလည်း မော့ရွယ်ဆက်နေခြင်းဖြစ်သည်။
သူတို့နှစ်ဦးကြားက အနည်းငယ် တိတ်ဆိတ်နေပြီး အတွေးများနေကြချိန်၌ စစ်သင်္ဘောဆယ်ငါးစီးက သူတို့နှင့် ဆယ်မိုင်အကွာခန့်၌ ရပ်တန့်သွားခဲ့သည်။
ရောက်လာသော စစ်သင်္ဘောများကြောင့် ရုံချန်းနှင့် မော့ရွယ်တို့လည်း သူတို့၏ အတွေးများကို အဆုံးသတ်လိုက်ကာ စစ်သင်္ဘောများကို လေးနက်သော မျက်လုံးအစုံဖြင့် ကြည့်ရှုလိုက်သည်။
မင်းတို့ ~ ငါတို့မျိုးနွယ်စုကိုယ် ဘာအတွက်ကြောင့် ရောက်လာတာလဲ ။ ရုံချန်းက ဘာအတွက်ရောက်လာသည့်ကို သိသော်လည်း ၊ ဒီအခြေ၌ သူက မေးမြန်းလိုက်သည်။
သူက မေးမြန်ပြီးနောက် ပြန်စကားကို စောင့်နေရင်းဖြင့် စစ်သင်္ဘောများကို ကြည့်လိုက်သည်။
ရုံချန်း၏ ကြည့်နေသော အကြည့်များအောက်၌ စစ်သင်္ဘော၏ အထက်မှနေ၍ ပုံရိပ်တစ်ခု ဆင်းသက်လာသည့်ကို သူတို့တွေ့လိုက်ရသည်။ ၎င်းက မည်သို့သော် အရှိန်ဝါမှ မထုတ်လွတ်ထားသော အမျိုးသားနှစ်ဦးအနက်တစ်ဦးဖြစ်မှန်း ရုံခန်းနှင့် မော့ရွယ်တို့သိကြသည်။
စစ်သင်္ဘောထက်မှ ဆင်းသက်လာသူကတော့ အောင်းထန်ရန်သာဖြစ်သည်။
အောင်းထန်းရန်က အရှေ့သို့ပျံသန်းသွားလိုက်ရင်းဖြင့် ရုံချန်းတို့နှင့် တစ်မိုင်အကွာ၌ ရပ်တန့်လိုက်သည်။
သူကရုံချန်းနှင့် မော့ရွယ်ကိုကြည့်၍ ပြုံးလိုက်သည်။ အရင်ဆုံး ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပါရစေ ။
ကျုပ်က ရှေးဦးနဂါးအင်ပါယာရဲ့ တော်ဝင်အကြီးကဲ အောင်းထန်ရန်ပါ ။ အရှင်မင်းကြီးရဲ့ မိန့်ကြားမှုကြောင့် ဒီဖက်က မိတ်ဆွေတို့ထံသို့ ရောက်လာရခြင်းပါ ။ မိတ်ဆွေတို့ စိတ်မရှိဖို့ မျော်လင့်ပါတယ်။
ရုံချန်းနှင့် မော့ရွယ်တို့နှစ်ဦးက အောင်းထန်ရန်၏ စကားကိုယ်ကြားချိန်၌ စိတ်ထဲ၌ ကျိမ်ဆဲလိုက်သည်။ ၎င်းတို့က သူတို့မျိုးနွယ်စုကိုယ် သိမ်းပိုက်ရန်လာသည်ကို စကားအလှလေးတွေလာပြောနေသေးသည်။
သို့သော်လည်း ရုံချန်းကစိတ်ထဲတွင်ကျိမ်ဆဲလိုက်သော်လည်း အပြင်၌ တော့ အနည်းငယ်ပြုံးလိုက်သည်။ ရှေးဦးနဂါးဧကရာဇ်က ကျုပ်တို့မျိုးနွယ်စုက ဘာများလိုချင်လို့ပါလည်း ဆိုတာ သိလို့ရမလား ။
အရှင်မင်းကြီးက ၊ ကြီးမြတ်တဲ့ ရှေးဦးနဂါးအင်ပါယာကြီးမှ မြေနဂါးမျိုးနွယ်စုတွေကိုလည်း ပါဝင်စေချင်နေတယ်လေ ။ အရှင်မင်းကြီးရဲ့ ဒီအမိန့်ကိုသယ်ဆောင်ပြီးတော့ ကျုပ်က ဒီကိုယ်ရောက်လာရတာပါပဲ ။ ပြီးတော့ သစ်တောစိမ်းနဂါးမျိုးနွယ်စုကိုယ်လည်းအပါဝင်ပေါ့လေ အောင်းထန်ရန်က မော့ရွယ်ကိုယ်ကြည်၍ ပြုံးကာ ပြောလိုက်သည်။
အောင်းထန်ရန်၏ စကားဆုံးချိန်၌ သူတို့သုံးဦးရှိရာ ဆယ်မိုင်ပတ်လည်ရှိ လေထုက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
ကျုပ်တို့ကလက်မခံချင်ရော ၊ ရုံချန်းက အနည်းငယ်ပျက်ယွင်း မဲမှောင်နေသော မျက်နှာဖြင့်ပြန်မေးလိုက်သည်။ မော့ရွယ်ကလည်းလည်း မည်သည်စကားမှ ပြန်မပြောသော်လည်း သူ၏ ဆုံးဖြတ်ချက်မှာ ရုံချန်းကဲ့သို့သာဖြစ်သည်။
အောင်းထန်ရန်က ၎င်းတို့နှစ်ဦး၏ ဆုံးဖြတ်ချက်ကို မြင်ချိန်၌ ရီမောလိုက်သည်။ ဤသည့်က သူတွေးထားပြီးသားဖြစ်သည်။
ဟူး ~ စိတ်မကောင်းစရာပဲ ၊ ကျုပ်က အေးအေးဆေးဆေးနဲ့ ဖြေရှင်းဖို့တွေးထားခဲ့တာကိုယ် ၊ ကျုပ်တို့က တစ်ဖက်ထဲသားတွေဖြစ်လာမှာမှို့လို့ ဒဏ်ရာတွေဘာတွေမရစေချင်လို့ မင်းတို့က တောင်းဆိုနေတော့လည်း ဘယ်တက်နိုင်မှာလည်း အောင်းထန်ရန်က ကူရာအမဲ့ဟန်ဖြင့် ခေါင်းကိုယ်ခါရမ်းလိုက်သည်။
ထိုအချိန်၌ သူ၏ ခန္ဓာကိုယ်၌လည်း ကြောက်မက်ဖွယ်ရာ အော်ရာတစ်ခုကာ ပေါက်ထွက်လာခဲ့သည်။
ထိုအော်ရာထွက်ပေါ်လာချိန်၌ မိုင်တစ်ရာပတ်လည်ကို ဖုံးလွမ်းသွားခဲ့သည်။ မိုင်တစ်ရာအတွင်းရှိ လေထုက မှန်တစ်ချပ်အလား ရွတ်ဆက်ဆက် အသံများနှင့် အတူတူ အက်ကြောင်းများဖြစ်ပေါ်လာခဲ့သည်။
ရုံချန်းနှင့်မော့ရွယ်တို့မှာလည်း ထိုအော်ရာ၏ ဖိနှိပ့်မှုကြောင့် သူတို့၏ ခန္ဓာကိုယ်ထက်သို့ ကျောက်တောင်ကြီးရာပေါင်းများစွာကာ ဖိနှိပ့်ထားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့က သူတို့၏ စွမ်းအင်များကို စုစည်းကာ ထိုဖိနှိပ့်မှုကြီးကိုယ် တွန်းလှန်ရန် ကြိုးစားနေခဲ့သည်။
သို့သော်လည်း သူတို့အတွက် ခက်ခဲနေခဲ့သည်။ အချိန်အနည်းငယ်အကြာ၌ သူတို့၏ ခန္ဓာကိုယ်များကလည်း ထိန်းချုပ်မရအောင် တုန်ယင်နေခဲ့ကာ ၊ သူတို့၏ ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင်များပင် ထိန်းချုပ်မရသလို့ ဖြစ်လာကဲ့သို့ပင်ခံစားနေရသည်။
ရုံချန်းနှင်မော့ရွယ်၏ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ချွေးအေးများဖြင့် စိုချွဲနေခဲ့သည် ။တစ်ချိန်ထဲမှာလည်းထိတ်လန့်မှုများက ဖြစ်နေခဲ့သည်။
ဤဖိအားက နတ်ဘုရားသားရဲဘုံ အဠမဆင့်လုပ်နိုင်သော အရာမဟုတ်ချေ။ ဖြစ်နိုင်သည်မှာ နဝမအဆင့်ဖြစ်သည်။ အဆင့်မြင့်လာသည်နှင့် အဆင့်တစ်ခု ကွာခြားမှုကပင် ဖြည့်ဆည်းမရသော ကွက်လပ်တစ်ခုကဲ့သို့ဖြစ်သည်။
ရုံချန်းနှင့် မော့ရွယ်တို့က မသန်မာ၍ မဟုတ်သော်လည်း သူတို့ထက်ပိုသန်မာသော အောင်းထန်ရန်နှင့် တွေ့ရချိန်၌ သူတို့ပုံမှန်အတိုင်း အော်ရာဖြင့်ပင် ဖိနှိပ့်ခံနေရတော့သည်။
အောင်းထန်ရန်၏ အော်ရာဖိနှိပ့်ထားမှု ခက်ခက်ခဲခဲဖြင့် တွန်းလှန်နေရင်းဖြင့် ရုံချန်းက မော့ရွယ်ကိုပြောလိုက်သည်။ အကြီးကဲရွယ် ကျုပ်တို့ ဒီအတိုင်းသာ ဆက်သွား နေမယ်ဆိုရင် ဒီအော်ရာဖိနှိပ့်မှုကိုယ်တောင် တွန်းလှန်ဖို့ ခက်ခဲ့လေ့မယ် ။ ကျုပ်တို့ ကောင်းကင်အဆင့်လက်နက်ကို အသုံးပြုပြီးတော့ တိုက်ခိုက်မှ အဆင်ပြေမယ် ။
ရုံချန်းက ပြောစကားဆုံးချိန်၌ သူ၏ ကောင်းကင်အဆင့်နက်ကို အသက်သွင်းလိုက်သည်။ ၎င်းက အညိုရောင် ချပ်ဝတ်တစ်ခုပင်ဖြစ်သည်။ ချပ်ဝတ်၏ ကိုယ်ထည်တစ်ခုလုံးက အညိုရောင်ဖြစ်နေခဲ့သည်။ သူ၏ မျက်မှာပြင်ထက်၌လည်း ရှုပ်ထွေးသော အက္ခရာများ ရေးထိုးထားသည်။
ရုံချန်းက ကောင်းအဆင့်လက်နက်ကိုယ် ထုတ်ကာ အသုံးပြုလိုက်ချိန်၌ သူ၏ အရှိန်ဝါက ချက်ချင်း ပြောင်းလဲသွားတော့သည်။ သူက သူ၏ အော်ရာက ပြောင်းလဲသွားချိန်၌ ချက်ချင်းပင် အောင်းထန်ရန်၏ အော်ရာဖိနှိပ့်မှုကိုယ် ပြန်လှည့်၍ တွန်းလှန်နိုင်သွားခဲ့သည်။
မော့ရွယ်သည်လည်း သူမ၏ ကောင်းကင်အဆင့်လက်နက်ကို ထုတ်လိုက်သည်။ ၎င်းက သစ်ခက်လေးတစ်ခုကဲ့သို့နှင့် အလားသဏ္ဍန်တူညီသည်။ ၎င်းထွက်ပေါ်လာချိန်၌ အစိမ်းရောင်အလင်းများဖြာထွက်လာခဲ့ကာ နွယ်များဖြာယှက်လာပြီးတော့ မော့ရွယ်ကို ဖုံးလွမ်းသွားခဲ့တော့သည်။