တစ်ဖက်သက်ဖိနှိပ့်ခြင်း (၁)။
Vol. 15 Ch. 199
-----------
တောက်ပနေသော အစိမ်းရောင်အလင်းတန်းများဖြာထွက်လာချိန်၌ အသက်ဓာက်စွမ်းအင်များကလည်း ကောင်းကင်ယံတခွင့်ပျံလွင့်လာခဲ့သည်။ အစိမ်းရောင်နွယ်များက ၎င်းအလင်းတန်းများကြား၌ ထွက်ပေါ်လာခဲ့ကာ မော့ရွယ်ကို ဖုံးအုပ်သွားခဲ့သည်။ နွယ်များဖြင့် ပိုးလုံးကြီးသဏ္ဍန်ဖြစ်သွားခဲ့သည်။
အစိမ်းရောင်နွယ်လုံးကြီးထံမှ ကြောက်မက်ဖွယ်ရာ အရှိန်ဝါများက ဖြာထွက်လာခဲ့သည်။ အချိန်ခနတာကြာပြီးနောက် ကြောက်မက်ဖွယ်ရာအော်ရာတစ်ခုက ပေါက်ကွဲထွက်လာခဲ့ကာ ကောင်းကင်ယံတခွင့်အဖက်ဖက်သို့ ပျံနှံသွားခဲ့သည်။
နွယ်များကလည်း အခုချိန်၌ ပြန်လည်၍ ပျောက်ကွယ်သွားခဲ့၏ ။အမှန်က နွယ်များကပျောက်ကွယ်သွားခြင်းထက် နွယ်တစ်ခုခြင်းစီတိုင်းက မော့ရွယ်၏ ခန္ဓာကိုယ် ထက်၌ တစ်ခုနှင့်တစ်ခု ရစ်ပတ်ရစ်နွယ်နေခြင်းဟုပြောရင်ပိုမှန်လေသည်။
အစိမ်းရောင်နွယ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော မော့ရွယ်က အောင်းထန်ရန်၏ ဖိနှိပ့်ကိုယ် အလွယ်လွယ်ကူကူပင် ချိုးဖြတ်လိုက်ပြီးတော့ ရုံချန်း၏ ဘေးသို့ရောက်ရှိသွားခဲ့သည်။
သစ်တောစိမ်းနဂါးမျိုးနွယ်စုရဲ့ ကောင်းကင်အဆင့်လက်နက်ဖြစ်တဲ့ မြင့်မြတ်သစ်ပင်ရဲ့ အပိုင်းစဆိုတဲ့အတိုင်းတစ်ကယ်ကို အစွမ်းထက်လွန်းတယ် ။ အခုမြင်ရတော့ ကောလဟာလ တွေထဲကကြားဖူးတာထက်တောင် ပိုပြီးတော့ အစွမ်းထက်တယ်ဆိုတာ လက်ခံသွားပြီပဲ ။ ရုံချန်းက မော့ရွယ်၏ ခန္ဓာကိုယ်အထက်က အစိမ်းရောင် ချပ်ဝတ်ကိုကြည့်၍ ပြောလိုက်သည်။
ရှင့်တို့ မြေနဂါးမျိုးနွယ်စုရဲ့ မြေကမ္ဘာချပ်ဝတ်လည်း ကြားဖူးထားတဲ့ ထက်တောင် ကျော်လွန်နေပါသေးတယ် ။ မော့ရွယ်ကလည်း ပြန်၍ ပြောလိုက်သည်။
ဤကောင်းကင်အဆင့်လက်နက်များက သူတို့မျိုးနွယ်စု၏ အထွတ်မြတ်လက်နက်များပင်ဖြစ်ကြသည်။ ဤအတွက်ကြောင့် အလွယ်တစ်ကူထွက်ပေါ်လာခြင်းမရှိချေ။ ခက်ခဲသော အချိန်ကာလများ၌သာ ထုတ်ယူသုံးစွဲကြခြင်းဖြစ်သည်။
∆∆∆
အဝေးဆီမှအောင်းထန်းရန်က အေးအေးဆေးဆေးဖြင့် သူတို့နှစ်ဦးစကားပြောနေသည့်ကို ပြုံး၍ ကြည့်ရှုနေခဲ့သည်။
မင်းတို့စကားပြောလို့ပြီးသွာပြီလား ။ ပြီးသွားပြီဆိုရင် တိုက်ခိုက်ကြတော့မလား ။ အောင်းထန်ရန်က မေးလိုက်သည်။
အောင်းထန်းရန်၏ စကားကိုကြားချိန်၌ ရုံချန်းနှင့် မော့ရွယ်တို့၏ မျက်နှာများမှာ မဲမှောင်သွားခဲ့သည်။ ထိုလူက သူတို့ကိုယ် ဆော့ကစားနေသကဲ့သို့ ခံစားရ၍ ဖြစ်သည်။ သူတို့သည့်လည်း နတ်ဘုရားသားရဲဘုံ အဠမအဆင့် ထွတ်ထိပ်များဖြစ်သဖြင့် အလွန်ပင်မာနကြီးလေသည်။ ယခုအခြေနေ၌ သူတို့၏ မာနကို ထိပါးလာသဖြင့် ရုံချန်းနှင့် မော့ရွယ်ထံမှ ကြောက်မက်ဖွယ်ရာ အရှိန်ဝါကြီးများက ပေါက်ကွဲထွက်လာခဲ့သည်။
အရမ်းကြီး မာနကြီးနေနဲ့ကွ ၊ ငါတို့မင်းကိုယ် မနိုင်ဘူးဆိုတာ မယုံဘူး ။ အကြီးကဲရွယ် အတူတူ ပေါင်းပြီးတော့ တိုက်ကြမယ် ။ ရုံချန်းက ဒေါသတကြီးဖြင့် အောင်းထန်ကိုကြည်၍ သူ၏ ဘေး၌ရှိသော မော့ရွယ်ကို ပြောလိုက်သည်။
ကောင်းပြီ ~ အတူတူ ပှုးပေါင်းတိုက်ကြတာပေါ့။
ဝေါင်း ~ ဝေါင်း ~ ဝေါင်း ။
ကျယ်လှောင်လှသောဟိန်းဟောက်သံကြီးနှင့်အတူတူ ကောင်းကင်ယံတခွင်တွင် အညိုရောင်အကြေးခွံများဖြင့် တလက်လက်တောက်ပနေသော နဂါးကြီးတစ်ကောင်က ခမ်းနားစွာဖြင့် ပေါ်ထွက်လာခဲ့သည်။ ၎င်းက မီတာ သောင်းချီထိပင်ရှည်လျားသည်။ သူ၏ ထွက်ပေါ်လာမှုက နေ၏ အလင်းရောင်ကိုပင် ဖုံးကွယ်သွားခဲ့ကာ အောက်ဘက် မြေပြင်မှမှ နေရာများက လုံးဝအမှောင်အတိကျသွားခဲ့သည်။
ဧရာမနဂါးကြီးထံမှ ခမ်းနားသောကြီးကျယ်လှသော အော်ရာများကလည်း နဂါးကြီး၏ ခန္ဓာကိုယ်မှထွက်ပေါ်နေသည်။ သို့သော်လည်း နီရဲနေသော မျက်လုံးအစုံက ရက်စက်ကြမ်းကြုတ်မှုများအပြည်ပင် ၊ ကြည့်ရှုမိသူတိုင်းကိုယ် ဘဝတစ်သက်တာ မေ့မရစေသည့်အထိ ကျောချမ်းဖွယ်ရာ ကောင်းလှသည်။
ရုံချန်းက ဧရာမမြေနဂါးကြီးအသွင်ပြောင်းပြီးနောက် အောင်းထန်ရန်ကို ချက်ချင်းတိုက်ခိုက်လိုက်သည်။ သူ၏ ဧရာမနဂါးလက်ကြီးဖြင့် ကုတ်ဆွဲလိုက်ရာ ပတ်ဝန်းကျင်မှ ချီစွမ်းအင်များက အလျှင်မြန်စုစည်းလာခဲ့ကာ ကြီးမားသော နဂါးလက်သည်းကြီး သဏ္ဍန်ဖြစ်သွားခဲ့ပြီးတော့ အောင်းထန်ရန်ကိုယ် ကုတ်ချလိုက်သည်။
နဂါးလက်သည်းကြီးက ကြောက်မက်ဖွယ်ရာ အရှိန်ဟုန်ကြောင့် ဖြတ်သန်းသွားရာ လေဟာနယ်ကိုယ်တိုက်ရိုက်ပင် ဖြတ်စီးပစ်လိုက်၍ အောင်းထန်ရန်ထံသို့ ဝင်ရောက်သွားခဲ့သည်။
ရုံချန်းတိုက်ခိုက်လိုက်ချိန်၌ မော့ရွယ်သည့်လား နောက်ကျမကျန်ခဲ့ချေ။ သူမက မှုလသားရဲအသွင်ပြင်သို့မပြောင်းထားသေးပဲ လူသားအသွင်ဖြစ်သာရှိနေသေးသည်။
ကောင်းကင်ယံထက်၌ မော့ရွယ်ကသူမ၏ လက်ကိုညှင်သာစွာဖြင့်ဝှေ့ရမ်းလိုက်သည်။ တောက်ပသော အစိမ်းရောင်အလင်းများဖြာထွက်လာခဲ့ကာ ဆယ်မိုင် ပတ်ဝန်းကျင်တစ်ခုလုံးကိုယ် ဖုံးအုပ်သွားခဲ့သည်။
၎င်းအစိမ်းရောင်အလင်းတန်းများနှင့်ထိတွေလိုက်သော မြေပြင်ထက်ရှိ သစ်ပင်များ မြက်ပင်များ ၊အစရှိသော သစ်ပင်အမျိုးမျိုးက လျှင်မြန်စွာပင် ကြီးထွားလာခဲ့ကာ နွယ်က ဧရာမမြွေကြီးများကဲ့သို့ဖြစ်သွားခဲ့ပြီးတော့ အောင်းထန်ရန်ကို တိုက်ခိုက်လိုက်သည်။
အောင်းထန်ရန်က သူစီသို့လျှင်မြန်စွာပြေးဝင်လာသော ကြောက်မက်ဖွယ်ရာပြင်းထန်သောတိုက်ခိုက်မှုနှစ်ခုကိုယ်ကြည့်ကာ ပြုံးလိုက်သည်။ ဤတိုက်ခိုက်မှုက ရုံချန်းနှင့်မော့ရွယ်တို့က သတ်ဖြတ်ချင်စိတ်များနှင့်အတူတူ စွမ်းအားပြည့်သုံးထားခြင်းဖြစ်၍ ကောင်းအဆင့်လက်နက်များကလည်း ထောက်ပံထားသည်။ ဤအတွက်ကြောင့် ထိုတိုက်ခိုက်မှုက ပို၍ ပြင်းထန်ကာ ပို၍လည်း ကြောက်မက်ဖွယ်ရာ ကောင်းလေသည်။
သာမန် နတ်ဘုရားသားရဲဘုံ နဝမအဆင့်များသာဆိုလျှင် ရုံချန်းနှင့်မော့ရွယ်၏ တိုက်ခိုက်မှုကိုယ် တိုက်ခိုက်တားစီးနိုင်မည်မဟုတ်ချေ။
သို့သော်လည်း သူတို့၏ ပြိုင်ဘက်က သာမန်နတ်ဘုရားသားရဲဘုံ နဝမအဆင့်မဟုတ်သော အောင်းထန်းရန်ဖြစ်နေခဲ့သည်။
အောင်းထန်ရန်က သူ၏ ကောင်းကင်အဆင့်လက်နက်ဖြစ်သော ၊ ရွှေရောင်လက်အိတ်တစ်စုံကိုယ် ထုတ်ကာဝင်ဆင်လိုက်ပြီးတော့ အသက်သွင်းလိုက်သည်။ ရွှေရောင်လက်အိတ်၏ မျက်နှာပြင်ထက်ရှိ ရှုပ်ထွေးဆန်းကျယ်လှသော သင်္ကေတများက အလင်းရောင်များ တောက်ပခဲ့သည်။
ဝုန်း ~ ။
အောင်းထန်ရန်က သူ၏ အရှေ့ရှိ လေထုအတွင်းသို့ လက်ဝါးချက်တစ်ခု ရိုက်ချလိုက်သည်။ ပတ်ဝန်းကျင်မှ စွမ်းအင်များမှ လျှင်မြန်စွာစူစည်းလာပြီးတော့ ဧရာမလက်ဝါးကြီးသဏ္ဍန်ဖွဲ့တည်သွားပြီးခဲ့သည်။
ဧရာမလက်ဝါးကြီး ကြောက်မက်ဖွယ်ရာ အငွေ့သတ်တို့ကိုယ် ထုတ်လွတ်နေပြီးတော့ လေထုကိုယ် တိုက်ရိုက်ပင် ကွဲကြေသွားစေခဲ့သည်။
တောက်ပသောအညို ရောင် အလင်းများဖြင့် ဧရာမနဂါးလက်သည်းကြီးနှင့် မြွေများကဲ့သို့ လှုပ်ရှားနေသော နွယ်များနှင့် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေသော ဧရာမလက်ဝါးကြီးတို့ လေထုထဲ၌ လျှင်လျှင်မြန်မြန်ပင်ထိတွေ့မိသွားခဲ့သည်။
ဘုန်း ~။
ပြင်းထန်သော တိုက်ခိုက်မှုသုံးခုက ကောင်းကင်ယံ၌ ထိတွေ့သွားချိန်၌ ကမ္ဘာမြေကြီး ပျက်သုဉ်းသွားသကဲ့သို့ပင် အလွန်တရာ ကျယ်လှောင်သော ပေါက်ကွဲသံကြီးက ဖြစ်ပေါ်လာခဲ့သည်။ ဤသို့သော်ပေါက်ကွဲသံကြီးနှင့်အတူတူ မိုင်တစ်ရာ၏ လေဟာနယ်က တိုက်ရိုက်ပင် ပြိုကျသွားခဲ့ကာ အနက်ရောင်ရောင် အမှောင်ထုကြီးသာ ကျန်ရစ်နေခဲ့တော့သည်။
ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအင်များက မိုင်ပေါင်းသိန်းချီတိုင်အောင် အဖက်ဖက်သို့ပျံနှံသွားရသည် ။
∆∆∆
မြေနဂါးများ၏ နေထိုင်ရာလှိုင်ဂူကြီးများ၏ ဘေးရှိတောင်၏ ထိပ်များပေါ်တွင် ရပ်တန်၍ကြည့်ရှုနေကျသော ရုံကျန်းတို့ ၊ မောရှီတို့အုပ်စုကလည်း သူတို့၏ စွမ်းအားများကို အသုံးပြု၍ သူတို့၏ နောက်မှ သူများကို ကာကွယ်ပေးလိုက်သည်။
သို့သော်လည်း အဖျက်စွမ်းအားက အလွန်ပင်ပြင်းထန်လှသည်။ သူတို့ကိုယ် ပင်နောက်သို့လွင့်စင်သွားစေပြီးတော့ သူတို့နောက်မှ ငယ်သားအချို့မှလည်း အဖျက်စွမ်းအား၏ ရိုက်ခက်မှုကြောင့် တိုက်ရိုက်ပင် သေဆုံးသွားကြသည်။ အချို့မှတော့ သူတို့၏ နားများထံမှာ သွေးများက ယိုစီးကြနေခဲ့သည်။
သို့တို့က မိုင်ငါးဆယ်နီးပါးအကွာမှကြည့်ရှုနေသော်လည်း ထွက်ပေါ်လာသော စွမ်းအားလှိုင်းကြောင့် လွင့်စင်သွားရသေးသည် ။ဤသည့်ကိုယ် ကြည့်ခြင်းအားဖြင့် ဤတိုက်ခိုက်မှုက မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းသည့်ကိုယ် မြင်နိုင်သည်။
∆∆∆
တစ်ဖက်၌ တိုက်ခိုက်မှုနှင့်ဆယ်မိုင်သာဝေးသော နေရှိ .......။
ထွက်ပေါ်လာသော အဖျက်စွမ်းအင်များကြောင့် အောင်းကျန်ဟန်ပင်လျှင် သူ၏ စွမ်းအားကို အသုံးပြု၍ စစ်သင်္ဘောဆယ်ငါးစီးကို ကာကွယ်ပေးလိုက်ရတော့သည်။ မဟုတ်ပါက စစ်သင်္ဘောများနှင့် သင်္ဘောပေါ်မှ လူများမှ ထိုအဖျက်စွမ်းအား၏ အောက်၌ အမှုန့်ပင်လျှင် ကျန်ရစ်နေခဲ့မည်မဟုတ်ချေ။
အောင်းကျန်းဟန်က စစ်သင်္ဘောများကိုယ်ကာကွယ်ပေးပြီးနောက် သူက တိုက်ပွဲ၏ အလယ်သို့ပြန်၍ ကြည့်လိုက်သည်။
သူ၏ အကြည့်အောက်၌ ဧရာမ ရွှေရောင်လက်ဝါးကြီးက အညိုရောင်နဂါးလက်သည်းကြီးနှင့် အစိမ်းရောင်မြွေများကဲ့သို့ နွယ်များကို တိုက်ရိုက်ဖျက်စီးလိုက်သည်ကို တွေ့လိုက်ရသည်။
ရွှေရောင်လက်ဝါးကြီး၏ ဖျက်စီးခံလိုက်ရပြီးနောက် အညိုရောင်နဂါးလက်သည်းကြီးမှာလည်း အလင်းမှုန့်များကဲ့သို့ ကောင်းကင်ယံတစ်ခွင့်ပျံကျဲသွားခဲ့သည်။ အစွမ်းရောင်မြွေများကဲ့သို့ နွယ်များကလည်း ပြာများအဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားရသည်။
ရွှေရောင်လက်ဝါးကြီးကတော့ ၊ မရပ်တန့်ပဲ မြေနဂါးကြီး ရုံချန်းနှင့် မော့ရွယ်တို့ထံသို့ တိုက်ရိုက်ပင် ကျဆင်းသွားတော့သည်။
ဘာ~ မယုံကြည်နိုင်ကျယ်လောင်လှသော အာမဋိတ်သံကျယ်ကြီး နှစ်ခုက ထွက်ပေါ်လာခဲ့သည်။ ရုံချန်းနှင့် မော့ရွယ်တို့က မယုံကြည်နိုင်ဖြစ်သွားခဲ့သလို့ သူတို့၏ မျက်နှာထက်ရှိ ထိတ်လန့်မှုများကလည်း အတိုင်းသားပင်ဖြစ်နေခဲ့သည်။
သို့သော်လည်း သူတို့က ထိတ်လန့်နေသော်လည်း သတိတော့မလွတ်ချေ။ ကမန်းကတမ်းဖြင့် သူတို့၏ ချီစွမ်းအင်များကို စုစည်းလိုက်ပြီးတော့ အောင်းထန်ရန်၏ တိုက်ခိုက်မှုကို ကာကွယ်ရန် ကြိုးစားလိုက်သည်။
သူတို့က သတိမလွတ်သော်လည်း ၊ ချီစွမ်းအင်များကို စုစည်းကာ အကာကွယ်ကို ဖန်တီးမပြီး သေးခင်အ ချိန်၌ ရွှေရောင်လက်ဝါးကြီးက သူတို့နှစ်ယောက်ကို တိုက်ရိုက်ပင် ရိုက်ချလိုက်တော့သည်။