တစ်ဖက်သက်ဖိနှိပ့်ခြင်း (၂)
Vol. 15 Ch. 200
----------
ရွှေရောင်လက်ဝါး၏ ရိုက်ချက်ကြောင့် ရုံချန်းနှင့်မော့ရွယ်တို့မှာ မြေပြင်ထက်သို့ပြုတ်ကျသွားခဲ့သည်။
ဧရာမနဂါးကြီးတစ်ကောင်က ကောင်းကင်ယံအမြင့်ဆီမှ အရှိန်ဟုန်ပြင်းပြင်းဖြင့် ပြုတ်ကျမှုက မြေပြင်က ပြင်းပြင်းထန်ထန် တုန်ခါသွား စေခဲ့သည်။ဤအတွက်ကြောင့် မိုင်တစ်ရာ ဝန်းကျင်ရှိ တောင်တန်းများ ၊ သစ်တော များအားလုံးက ဖုန့်မှုန့်များအဖြစ်သို့ပြောင်းလဲသွားကာ အရပ်ရပ်သို့ ပျံလွင့်သွားကြသည်။
အချိန်အနည်းငယ်အကြာ၌ ဖုန့်မှုန့်များရှင်းလင်းသွားချိန်၌ အပျက်စီးများ၏ အလယ်ဗဟို၌ မီတာသောင်းချီသော ချောက်ကြီးက ပေါ်လာခဲ့သည်။ ထိုအထဲ၌ မြေနဂါးကြီးက လှဲလျောင်းနေခဲ့သည်။
သူ၏ ခန္ဓာကိုယ်အထက်မှ အညိုရောင်အကြေးခွံများကလည်း ကွဲကြေတာက ကွဲ ၊ ကျွတ်သွားသည်က ကျွတ်သွားဖြစ်နေခဲ့သည်။ နဂါးကြီး၏ ခန္ဓာကိုယ်က သွေးများက အတားစီးမရှိစီးကြနေခဲ့သည်။
မြေနဂါးကြီး ရုံချန်းတင်ဒဏ်ရာရသွားသလားဆို သူတင်မဟုတ်ချေ။ မော့ရွယ်သည်လည်း သူမ၏ မျက်နှာက အနည်းငယ်ဖြူလျော့နေပြီးတော့ သွေးများအန်နေခဲ့သည်။ သူမသည်လည်း အခြေ နေကောင်းနေသည်တော့မဟုတ်ချေ။
အောင်းထန်ရန်က သူတို့နှစ်ဦးရှိရာသို့ပျံသန်းလာပြီးနောက် မီတာတစ်ရာအကွာ၌ ရပ်တန့်လိုက်သည်။
ဘယ်လို့လည်း ~ ကျုပ်ပြောတဲ့စကားကိုယ်လက်ခံပြီလား ။ အောင်းထန်ရန်က ပြုံး၍ မေးလိုက်သည်။ သူ၏ ပုံစံက အစမှ အဆုံးထိ သူပင်လျှင်တိုက်ခိုက်ခဲ့ သူမဟုတ်ခဲ့သည့်အတိုင်းပင် အေးအေးဆေးဆေးပင်ရှိနေခဲ့သည်။
ထိုအမှုရာကြောင့် ရုံချန်းနှင့် မော့ရွယ်တို့က ပို၍ အရှက်ရသလို့ ပို၍ ဒေါသထွက်လာခဲ့ကြသည်။
ငါမယုံဘူးကွာ ~ မြေပြင်ထက်မှ ရုံချန်းက ဒေါသတကြီးဟိန်းဟောက်လိုက်ပြီးနောက်ကောင်းကင်သို့ပျံတက်သွားခဲ့သည်။ သူက သူ၏ ရှုံးနိမ့်မှုကိုယ် လက်မခံချင်သေးချေ။
ဘုန်း ~ ။
ကြောက်မက်ဖွယ်အရှိန်များက ပေါက်ကွဲထွက်လာခဲ့ကာ အရပ်ရပ်သို့ ပျံနှံသွားခဲ့သည်။ ဤအတွက်ကြောင့် အောင်းထန်ရန်ပင်လျှင် ဆယ်မိုင်အကွာသို့ဆုတ်သွားလိုက်ရသည်။
ရုံချန်းလှုပ်ရှားလိုက်ချိန်၌ မော့ရွယ်လည်း ချက်ချင်းလှုပ်ရှားလိုက်သည်။ သူမလည်း လူသားအသွင်ပြင်မှ မှုလသားရဲ ခန္ဓာကိုယ်အသွင်ပြင်သို့ ပြောင်းလဲလိုက်ကာ ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့သည်။
မီတာသောင်းချီရှည်လျားသော ဧရာမ နဂါးစိမ်းကြီးတစ်ကောင်ဖြစ်သွားခဲ့သည်။ တောက်ပသော အစိမ်းရောင် အကြေးခွံများနှင့် အလွန်ပင် ခမ်းနားသော အော်ရာများကိုယ် ထုတ်လွတ်နေခဲ့သည်။
နီရဲနေသော မျက်လုံးအစုံက အမုန်းတရားများအပြည့်ဖြင့် အောင်းထန်ရန်ကိုယ်ငုံကြည်လိုက်သည်။
မီတာသောင်းချီရှည်လျားသော ဧရာမနဂါးကြီး နှစ်ကောင်ကြားရှိ အောင်းထန်ရန်၏ သုံးပေခန့်လောက်ရှိနေသော အရွယ်စားက အလွန်ပင်သေးငယ်လှသည်။
ခက်ခဲလိုက်တာ မင်းတို့က တကယ်ကိုယ် မလွယ်ကူအောင်လုပ်နေတာပဲ ၊ အောင်းထန်ရန်က သူကိုယ် အစိတ်စိတ် ပိုင်းဖြတ်ကာ သတ်စားချင်နေသော အကြည့်နှစ်ခု၏ အောက်၌ တည်ငြိမ်စွာဖြင့် ရေရွတ်လိုက်သည်။ သူပုံစံက ကြောက်ရွံ့ခြင်းအလျင်းမရှိ သူ၏မျက်ဝန်းများကလည်း ဆောင်းဦးရေကန်ကဲ့သို့ ပကတိတည်ငြိမ်နေခဲ့သည်။
မင်းဘယ်လောက်ထိ မောက်မာနေအုန်းမလည်းငါသိချင်သေးတယ် ။ မြေနဂါးကြီးထံမှ မိုးခြိမ်းသံကြီးအလား ၊ အလွန်ကျယ်လှောင်သော အသံဩဩကြီးက ထွက်လာခဲ့သည်။ ယခုအချိန်၌ သူအမှန်တကယ် ဒေါသထွက်နေပြီဖြစ်သည် ၊ သူ၏ အတွေး၌အောင်းထန်ရန်ကို သတ်ရန်ကလွဲ၍ ဘာမှ မရှိတော့ချေ။
မြေနဂါးကြီးက သူ၏ စွမ်းအင်များကိုယ်စုစည်းလိုက်ပြီးတောက် ကျယ်လှောင်သောအသံကြီးဖြင့် အော်လိုက်သည်။
လျို့ဝှက်ကျင့်စဉ် * မြေကမ္ဘာချိတ်ပိတ်ခြင်း * နည်းလမ်း ။
ရုံချန်း၏ စကားအဆုံး၌ မိုင်တစ်သောင်းပတ်လည်ရှိ မြေပြင်ထက်မှ ရုတ်ချည်း ဆိုသလို့ အက်ကြောင်းများဖြစ်ပေါ်လာပြီးတော့ တောက်ပသော အညိုရောင်အလင်းတန်းများ ပေါက်ကွဲ၍ ထွက်လာခဲ့သည်။ ၎င်းတို့က ကောင်းကင်ယံထက်သို့ အလင်းတိုင်ကြီးများကဲ့သို့ ထိုးတက်လာခဲ့ကြသည်။ မိုင်တစ်သောင်းက လုံးဝ ချိတ်ပိတ်ခံလိုက်ရကာ ၊ အပြင်လောကကြီးနှင့် ပိုင်းခြားခံလိုက်ရတော့သည်။ ဤသည့်က မြေနဂါးမျိုးနွယ်စု၏ အစွမ်းထက် လျို့ဝှက်ကျင့်စဉ်ဖြစ်သည်။
တစ်ဖက်၌ သစ်တောစိမ်းနဂါးမော့ရွယ်ကလည်း နောက်ကျမကျန်ခဲ့ချေ။ သူမလည်း ပြင်းထန်ဆုံးလှုပ်ရှားမှုကိုယ် ပြုလုပ်လိုက်သည်။
လျို့ဝှက်ကျင့်စဉ် * သစ်သားတို့၏ ဧကရာဇ် နည်းလမ်း* ။
ဝုန်း ~ ။
မော့ရွယ်၏ ခန္ဓာကိုယ်မှ တောက်ပသော အစိမ်းရောင်အလင်းများက ဖြာထွက်လာခဲ့ကာ မိုင်တစ်သောင်းခန့်ကိုယ်ပင်ဖုံးအုပ်သွားခဲ့သည်။
ထိုအလင်းတန်း၏ ဖုံးအုပ်ခံလိုက်ရသောနေရာများက ပျက်စီးနေသော မြေပြင်ပင်ဖြစ်စေ ချက်ချင်းဆိုသလို လျှင်မြန်စွာဖြင့် မြက်ပင်များ ၊ သစ်ပင်များပေါက်လာခဲ့သည်။ ၎င်းတို့ကလည်း ဖြေးဖြေးခြင်းဖြင့် ဧရာမသစ်ပင်ကြီးများအဖြစ်သို့ကြီးထွားလာခဲ့သည်။ ထိုဧရာမသစ်ပင်ကြီးများ၏ သစ်ရွက် ၊ အကိုင်း များကတော့ ဓား၊ လှံများကဲ့သို့ ချွန်ထက်နေခဲ့သည်။ ၎င်းတို့က နေရောင်အောက်၌ အလင်းများပင် ပျံလျက်က တလက်လက်ဖြင့် တောက်ပနေခဲ့သည်။ သူတို့၏ ဦးတည်ရာကတော့ အောင်းထန်ရန်ထံသို့ အားလုံးက ဦးတည်ထားခဲ့သည်။
အောင်းထန်ရန်လည်း ဆက်လက်ပြီးတော့သတိမပေါ့ရဲတော့ချေ။ နတ်ဘုရားသားရဲဘုံ အဠမအဆင့်၏ အထွတ်ထိပ်အဆင့်နှစ်ယောက်က အသုံးပြုထားသော အစွမ်းထက်သော လျို့ဝှက်ကျင့်စဉ်စွမ်းအားက ဟာသတစ်ခုမဟုတ်ချေ။ ဤစွမ်းနှစ်ခု၏ အရှိန်ဝါက သာမန်နတ်ဘုရားသားရဲဘုံ နဝမအဆင့်၏ အလယ်လတ်အဆင့်ပင်လျင် ခုခံနိုင်မည်မဟုတ်ချေ။
ဤအတွက်ကြောင့် အောင်းထန်ရန်လည်း အလေးနက်ထားကာ လှုပ်ရှားလိုက်တော့သည်။ သူသည်လည်း ကျမ်းစာဆောင်မှ သင်ယူထားသော နည်းစနစ်များကို အသုံးပြုလိုက်တော့သည်။
* ကိုးဆင့်ပေါက်ကွဲခြင်း မီးလက်ဝါး *
( မှတ်ချက် ~~~ ကွီးနေထူးနိုင်မဟုတ်ပါ 😂 )
အောင်းထန်ရန်က လေဟာနယ်ထဲသို့ လက်ဝါးချက် ကိုးချက်ကို ဆက်တိုက်ပင် လျှင်မြန်စွာဖြင့် ရိုက်ချလိုက်သည်။
ရွှေရောင်မီးတောက်များဖြင့် တောက်လှောင်နေသောဧရာမ မီးတောက်လက်ဝါးကိုးခုက လေထုထဲ၌ အရှိန်ဟုန်ပြင်းပြင်းဖြင့်ထွက်ပေါ်လာခဲ့သည်။
၎င်းတို့၏ ထွက်ပေါ်လာမှုက ပတ်ဝန်းကျင်၏ အပူရှိန်ကိုယ်ပင် သိသိသာသာ မြင့်တက်သွားစေခဲ့သည်။
အောင်းထန်ရန်၏ မီးတောက်လက်ဝါးချက် ကိုးခုနှင့် မြေပြင်ထက်မှ ရုံချန်း၏ ထိန်းချုပ်မှုနှင့် ထိုးထိုးတက်လာသော မြေကြီးဆူးချွန်ကြီးများ ၊ မော့ရွယ်၏ ထိန်းချုပ်မှုအောက်၌ ရှိသော ဓားများ ၊ လှံများ ၊ ကဲ့သို့ ထက်ရှနေသော သစ်ခက် ၊ သစ်ရွက်များနှင့်သစ်ပင် ၊မြက်ပင် ၊နွယ်ပင်များက လေထုထဲ ၌ ဆုံတွေရန် အချိန်အနည်းငယ်သာ လိုတော့သည်။
ဘေးဘက်မှ စောင့်ကြည့်နေသောသူများမှ မျက်တောင်ပင် မခက်တော့ချေ။ သူတို့က ဤအခိုက်တန့်လေးကိုယ် လွတ်သွားမည်ကိုယ် စိုးရွံ့၍ ဖြစ်သည်။
ယခုအချိန်၌ ရုံရန် ၊ တို့ညီကိုယ်သုံးဦးနှင့် မောရှီတို့အုပ်စုသည့်လည်း ယခင်ကဲ့သို့ ထိခိုက်မခံရစေရန် ပါးနပ်စွာဖြင့် တိုက်ခိုက်နေသောသူများနှင့် မိုင်သောင်းချီအကွာသို့ ဆုတ်ခွာသွားပြီးဖြစ်သည်။ ထိုနေရာများမှ သူတို့လည်း ကြည့်ရှုနေကြ၏ ။ ၎င်းတို့က လက်သီးများကို ဆုပ်ထား၍ အာရုံစူးစိုက်မှု အပြည်ဖြင့်စိုက်ကြည့်နေကြသည်။ သူတို့၏ စိတ်လှုပ်ရှားမှုကြောင့် သူတို့ ဆုပ်ထားသော လက်သီးများမှ လက်သည်းများကပင် လက်ဝါးများကို ဖောက်ဝင်နေသည့်ကိုယ်ပင် သတိမထားမိချေ။
ဤအခိုက်တန့်က အရေးကြီးသည့် ၊ သူတို့၏ ထောက်တိုင်ကြီးများကျဆုံးသွားပါက သူတို့တက်နိုင်တာ ဘာမှ မရှိတော့ချေ။ တစ်ဖက်သူများက သူတို့ကိုင်တွယ်နိုင်သော အဆင့်များမဟုတ်ချေ။
ဤအတွက်ကြောင့် သူတို့၏ မျော်လင့်ချက်များက ရုံချန်းနှင့် မော့ရွယ်၏ အပေါ်၌သာ ပုံအောထားရတော့သည်။
ထိုထောက်တိုင်ကြီး နှစ်ဦး၏ ရှုံးနိမ့်ခြင်း ၊ နိုင်ခြင်းက သူတို့၏ မျိုးနွယ်စု၏ အနာဂတ်နှင့်တိုက်ရိုက်ဆက်နွယ်နေခြင်းဖြစ်သည်။
∆∆∆
သူတို့အားလုံး စိတ်လှုပ်ရှားနေသော အကြည်များအောက်၌ တိုက်ခိုက်မှုကြီးသုံးခုက ထိတွေ့သွားခဲ့တော့သည်။
ပြင်းထန်သော တိုက်ခိုက်မှုသုံးခုက ကောင်းယံ၌ ထိတွေသွားချိန်၌ အချိန်ခနတာပင် ရပ်တန့်သွားသကဲ့သို့ပင် ၊ ဖြစ်သွားခဲ့ကာ အားလုံးက တိတ်ဆိတ်သွားခဲ့သည်။ ထိုသို့ဖြစ်သွားပြီးနောက်မှာတော့ ကမ္ဘာဖျက်မဲ့ မိုးခြိမ်းသံကြီးကဲ့သို့ ကျယ်လှောင်သော တော်လှဲ့သံကြီးနှင့်အတူတူ စူးရှသော အလင်းတန်းများကလည်း ပေါက်ကွဲထွက်လာခဲ့သည်။
ဝုန်း ~ ။
ပြင်းထန်သော ချီစွမ်းအင်အဖျက်လှိုင်းများက မျက်လုံးဖြင့်ပင် မြင်တွေနိုင်ကာ ကောင်းကင်ယံတခွင် အရပ်ရပ်သို့ပျံလွင့်သွားခဲ့သည်။ လေထုကလည်း အားလုံး၏ အကြည့်များအောက်၌ပင် ထပ်မံ၍ ဖျက်ဆီးခံလိုက်ရပြန်တော့သည်။
အလင်းတန်းများကြား၌ ရွှေရောင်လက်ဝါးချက်ကိုးခုက ရုံချန်း၏မြေကြီးဆူးချွန်များ ၊ မော့ရွယ်၏ သစ်ပင် ၊ မြက်ပင်များကလည်း ရွှေရောင်လက်ဝါးကြီးများ၏ စွမ်းအားကို အလွန်ပင်ကြောက်မက်ဖွာ်ရာ ကောင်း၍ လက်ဝါးကိုးခုအနက်မှ ငါးခုထိသာလျှင် ရုံချန်းနှင့် မော့ရွယ်၏ တိုက်ခိုက်မှုက တားစီးနိုင်လိုက်ပြီးတော့ လက်ဝါးချက်လေးခု၏ ဝါးမြိုခံလိုက်ရတော့သည်။ ၎င်းတို့က ဖုန့်မှုန့်များ ပြာများအဖြစ်သို့ ပြောင်းလဲသွားကတော့သည်။
ရွှေရောင်လက်ဝါး လေးခုက မြေကြီးဆူးချိန်များ၊ ဓာများ ၊လှံများကဲ့သို့ ချွန်ထက်သော မြက်ပင်များ ၊ သစ်ပင်များကို ဖျက်ဆီးပြီးတော့ မလျော့နည်းသော အရှိန်ဟုန်ဖြင့် ရုံချန်းနှင့် မော့ရွယ်ကို ရိုက်ချလိုက်သည်။
မဟုတ်ဘူး ~ ကျယ်လှောင်သော အသံကြီးနှစ်ခုက ရွှေရောင်လက်ဝါးကြီး လေးခု၏ အောက်မှ ပေါ်ထွက်လာခဲ့တော့သည်။
ဗုန်း ~ ဗုန်း ။
ဧရာမနဂါးကြီး နှစ်ကောင်က မြေပြင်ထက်သို့နောက်တစ်ကြိမ်ထပ်မံ၍ ကျဆင်းသွားပြန်သည်။ မြေပြင်က ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ကာ မိုင်တစ်သောင်းလုံးက ပျက်စီးပုံကြီးဖြစ်သွားတော့သည်။
ထိုအပျက်စီးများကြောင့် ဖုန့်မှုန့်များက တိမ်စိုင်များကဲ့သို့ အလိတ်လိတ်တက် လာကြ သဖြင့် အားလုံး၏ အမြင်အာရုံကိုယ် ဖုံးကွယ်သွားလေတော့သည်။ အတွင်းအထဲမှဖြစ်ပျက်နေသော အရာအများကိုပင် ကောင်းစွာမမြင်ရတော့ချေ။