အခန်း (၂၀၁)
Vol. 15 Ch. 201
-------
အဝေးမှနေ၍ စောင့်ကြည့်နေသော ရုံရန်တို့နှင့် မော့ရှီတို့က ထိတ်လန့်နေသော မျက်နှာများဖြင့်သူတို့က ဖုန့်မှုန့်များ၏အကြားသို့ကြည့်နေခဲ့ကြသည်။
သူတို့တွေကြားရှိလေထုကလည်း အလွန်ပင်လေးလံထိုင်းမှိုင်းနေခဲ့သည်။ သူတို့က ရုံချန်းနှင့် မော့ရွယ်တို့ရှုံးနိမ့်သွားမှာကိုယ်အလွန်ပင်စိုးရိမ်နေခဲ့ကြသည်။
ကျယ်ပြန့်သောအပျက်စီးကြောင့် ဖုန့်မှုန့်များက အချိန်တစ်ခုအကြာထိပင် မပျောက်ကွယ်သွားသေးချေ။ ဤအခြေနေကြောင့် ရုံချန်းတို့အုပ်စုနှင့် မော့ရှီတို့အုပ်စုမှ ပို၍စိတ်ရှည်နိုင်ဖြစ်လာခဲ့သည်။
အကြီးကဲ ရုံရန် ၊ အခုတော့ကျွန်မတို့ လှုပ်ရှားကျမလား ။ ကျွန်မတို့ ဒီအခြေနေမှာလှုပ်ရှားကြမလား ။ ကျွန်မတို့ဘက်က အရေတွက်များတာကိုယ် ၊အားသားချက်ယူပြီးတော့လေ၊ တစ်ဖက်က နဝမအဆင့်ဖြစ်နေရင်တောင်မှ ခုနလေးက တိုက်ခိုက်မှုက သူအတွက်လည်း အဆင်ပြေနေမှာတော့မဟုတ်ဘူး ။ သူလည်း အနည်းနဲ့အများတော့ ဒဏ်ရာရနေမှာပဲ ၊ ဒီလို့အခြေနေမှာ ကျွန်တို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကိုယ် ခုခံနိုင်မယ်မထင်ဘူး ။
မော့ရှီက စိတ်မရှည်ဖြစ်နေပြီးတော့ လှုပ်ရှားရန် သူမ၏ဘေးရှိ ရုံရန်ကိုယ် ပြောလိုက်သည်။ လက်ရှိ၌ သူမနှင့် ရုံရန်ကသာ ရှိနေသောသူများထဲ၌ ကျင့်ကြံမှု အမြင့်ဆုံးဖြစ်သည်။ ဤအတွက်ကြောင့် အခုချိန်၌ သူတို့၏ ဆုံးဖြတ်များက အမိန့်ဖြစ်သည်။
ရုံရန်လည်း မော့ရှီ၏ စကားကိုယ်ကြားချိန်၌ သူလည်း အဝေးရှိ ဖုန့်မှုန်ပင်လယ်ကြီးကိုယ် မျော်ကြည့်လိုက်သည်။ အချိန်တခနကြာပြီးနောက် သူ၏ မျက်ဝန်းများက မပြက်သားသော စိတ်ခံစားချက်များပျောက်ကွယ်သွား၍ ၊ စိတ်ဆုံးဖြတ်ချက်ချလိုက်ပြီးဟန်ဖြင့် တောက်ပလာခဲ့သည်။
ကောင်းပြီလေ ~ ဒီလိုအခြေနေကိုယ်ရောက်မှတော့ ကြိုးစားကြည့်ကြတာပေါ့ ။ ရုံရန်က လည်း ခေါင်းညိတ်လိုက်သည်။
အခုမမြင်ရနိုင်သော အခြေနေ၌ တစ်ဖက်က ဒဏ်ရာသာရနေပါက သူတို့အလွယ်တကူဖြေရှင်းနိုင်မည်ဖြစ်သည်။ အချိန်အနည်းသာ သူတို့ ဆုံးဖြတ်ချက်ကနောက်ကျနေခဲ့လျင် တစ်ဖက်ရန်သူက ပြင်လှည့်၍ကောင်းမွန်သွားပါက သူတို့ အနားပင် ကပ်နိုင်တော့မည်မဟုတ်ချေ။ ဒါက သူတို့အတွက် အလွန်ဆိုးဝါးသော အဆုံးဖြတ်သာဖြစ်သည် ။
ဤအတွက်ကြောင့် မထူးတော့တဲ့အဆုံး၌ ရုံရန်က ဤဆုံးဖြတ်ကိုယ် အရဲစွန့်ကာ ချလိုက်ရခြင်းဖြစ်သည် ။
သူတို့သေဆုံးရရင်တောင်မှ အနည်းငယ်လောက်တော့ကြိုးစားကြည့်ချင်သေးသည်။ သူတို့က အခြားသူများ၏ လက်အောက်တွင်နေထိုင်လိုစိတ်မရှိချေ။
ကောင်းတယ် ~ မော့ရှီလည်း ရုံချန်း၏ ဆုံးဖြတ်ကြောင့် ခေါင်းညိတ်လိုက်သည်။
မော့ယွမ် မင်း စစ်တပ်ကိုယ် ဖွဲ့စည်းပုံတိုင်းဦးဆောင်ပြီးနောက် ကနေ ချီတက်လိုက်ခဲ့တော့ ၊ မောရှီက သူ၏ ဘေးမှ မော့ယွမ် ညွှန်ကြားလိုက်သည်။
မော့ယွမ်ကလည်း မော့ရှီကိုယ်ခေါင်းညိတ်ပြလိုက်သည်။
ရုံရန်ကလည်း သူ၏ ညီနှစ်ယောက်ကိုယ် စစ်တပ်များကိုယ် ဦးဆောင်၍ လှုပ်ရှားရန် ညွှန်ကြားလိုက်သည်။
အကြီးကဲမော့ရှီ အဆင့်သင့်ဖြစ်ပြီလား ၊ ရုံရန်က မော့ရှီကိုယ် မေးလိုက်သည်။
သွားကြစို့ ~ မော့ရှီကခေါင်းညိတ်ကာ အချက်ပြလိုက်ပြီးနောက် ရပ်နေရာမှ ကောင်းကင်သို့တိုင် ထိုးတက်ပျံသန်းသွားခဲ့သည်။ ရုံရန်လည်း ချက်ချင်းပင် နောက်မှ လိုက်သွားခဲ့သည်။
သူတို့နှစ်ဦးက ဆယ်မိုင်လောက် အကွာဝေးသို့ရောက်ချိန်၌ သူတို့၏ အကောင်းဆုံးအခြေနေကိုယ် ရောက်အောင်ပြင်ဆင်လိုက်သည်။ သူတို့က လူသားများအသွင်မှ မှုလသားရဲအသွင်ပြင်သို့ ပြန်လည်၍ ပြောင်းလဲလိုက်ကြသည်။
ကောင်းကင်ယံ၌ ဧရာမ နဂါးကြီးနှစ်ကောင်က ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့နှစ်ဉီးက ဖုန့်မှုန့်များ၏ အလယ်ဗဟို့သို့ တုန့်ဆိုင်းခြင်းမရှိပျံသန်းဝင်ရောက်သွားတော့သည်။
∆∆∆
အပျက်စီးများ၏ အလယ်ဗဟိုတွင် .....။
ဖုန့်မှုန့်များ၏ အလယ်ဗဟိုရှိမြေပြင်တွင်တော့ မီတာသောင်းချီကျယ်ပြန့်သော ဧရာမ ချောက်နက်ကြီးနှစ်ခုရှိသည်။ ထိုချောက်နက်ကြီးက အောက်ခြေကိုယ်ပင် မြင်တွေ့ရန် ခဲရင်းလှသည်။
ထိုမမြင်နိုင်သော ချောက်နက်ကြီး၏ အောက်ခြေ၌ ဧရာမနဂါးကြီးနှစ်ကောင်က လှဲ့လျောင်းနေခဲ့သည်။ သူတို့၏ အကြေးခွံများက အက်ကွဲ ကြေမွနေခဲ့ကာ သွေးများကလည်း အတားစီးမရှိ စီးကျနေခဲ့သည်က မြေပြင်ကိုယ်ပင် နီရဲနေပြီးတော့ သွေးရနံများကိုယ် လှိုင်နေခဲ့သည်။
ဧရာမနဂါးကြီးနှစ်ကောင်၏ အရှိန်ဝါကလည်း အားနည်းနေခဲ့ကာ ၊ သူတို့၏ အသက်များကိုယ်ပင် ခက်ခက်ခဲခဲ ရှုသွင်းနေရသည့်အထိပင် ဆိုးဝါးလေသည်။ သူတို့၏ ဒဏ်ရာများက လွန်ပင်ပြင်းထန်ကြောင်း ထိုမြင်ကွင်းကိုယ် ကြည့်ရုံနဲ့ သိနိုင်သည်။
အောင်းထန်ရန်က ချောက်နက်ကြီးများ၏ ထိပ်မှ နေ၍ အောက်ဘက်သို့ငုံကြည်လိုက်ရင်းဖြင့် သူ၏ ခေါင်းကိုယ်ခါရမ်းလိုက်သည်။ငါပြောသားပဲ ၊ ဒါကမလွယ်ကူဘူးလို့။ အောင်းထန်ရန်က ခါးသီးစွာပြုံး၍ တီးတိုးရေရွတ်လိုက်သည်။
သူ၏ စွမ်းအားများကို သေချာထိန်းချုပ်ထား၍ သာတော်ကာကျတော့သည်။ယခင်က ရှေးဦးမြို့တော်နားရှိ သတင်းထောက်လှမ်းသူများကို ရှင်းလင်းချိန်ကဲ့သို့ အခြေနေမျိုးသာဆိုပါက ရုံရန်နှင့် မော့ရွယ်တို့ ယခုအချိန်၌ အသက်ပင် ရှိနေတော့မည်မဟုတ်ချေ။
ထိုကဲ့သို့ထောင်ချီသော သက်ရှိများကိုယ် အသုံးပြုပြီးကာ သတ်ဖြတ်ပြီးနောက်မှတော့ သူ၏ တိုးပွားလာသော စွမ်းအားများကိုသေချာထိန်းချုပ် အသုံးပြုနိုင်သွားခဲ့သည်။
ဟမ့် ~ အောင်းထန်ရန်က သူစီသို့လျှင်မြန်သော အရှိန်နှုန်းဖြင့် ပျံသန်းလာနေသော အရှိန်ဝါနှစ်ခုကိုယ် အာရုံခံမိလိုက်သည်။
သူတို့က ယုံကြည်မှုအပြည်ရှိနေပုံပဲ ၊ အောင်းထန်ရန်က သူစီပျံသန်းလာနေသော အရှိန်နှစ်ခု၏ ကျင့်ကြံဆင့်ကိုယ် သိ၍ ကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
အချိန်သိပ်မကြာလိုက်ချေ ။ ဧရာမနဂါးကြီးနှစ်ကောင်၏ ပုံရိပ်က အောင်းထန်ရန်၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။
ရုံရန်နှင့် မော့ရှီတိုလည်း သူတို့အရှေ့မှ လူက မက်တပ်ရပ်နေသေးသောကြောင့် အချိန်ခနတာ ကြောင်အသွားခဲ့သည်။ သူက ဘာမှ မဖြစ်ဘူးလား ။ ထိုအတွေးကို သူတို့နှစ်ဦး ပထမဆုံး တွေးမိခြင်းဖြစ်သည်။
မဖြစ်နိင်ဘူး ~ သူဟန်ဆောင်နေတာဖြစ်ရမယ် ။ ရုံရန်က သူ၏ ကျယ်လောင်စွာဖြင့် ဟိန်းဟောက်လိုက်၍ ပြောလိုက်သည်။ တစ်ဆက်ထဲမှ ပဲ သူ၏ ဓားများကဲ့သို့ ထက်ရှနေသော ဧရာမလက်သည်းကြီးဖြင့် အောင်းထန်ရန်ကိုယ် ကုတ်ချလိုက်လိုက်သည်။
မော့ရှီကလည်း ~ ရုံရန်၏ အတွေးကဲ့သို့ပင် ထိုလူဒဏ်ရာမရရှိပုံက သူတို့ကိုယ် ခြောက်လန်ဟန်ဖြင့် ဟန်ဆောင်ထားခြင်းသာဖြစ်သည့်ဟု ယုံကြည်ထားသည်။
သူမလည်း သူ၏ နဂါးအမြီးကြီးကိုယ် ကြာပွတ်သဏ္ဍန်အသုံးပြုကာ အောင်းထန်ရန်ရိုက်ချလိုက်သည်။
၎င်းတို့၏ တိုက်ခိုက်မှုနှစ်ခုက အလွန်ပင်ပြင်းထန်၏ ။ ဖုန့်မှုန့်များပင်လျှင် ၎င်းတို့၏ ပြင်းထန်သော စွမ်းအင်အရှိန်ဟုန်ကြောင့် ပတ်ဝန်းကျင်အနှံသို့ ပြန်ကျဲ ရှင်းလင်းသွားရသည်။
မဟုတ်သေးဘူးလေ ~ ငါကဘာကိုယ် ဟန်ဆောင်ရမှလည်း အောင်းထန်ရန်က ရုံရန်နှင့် မော့ရှီ၏ စကားကိုယ် ကြားချိန်၌ မယုံကြည်နိုင်ကာ စွန့်အသွားခဲ့သည်။ ငါကပုံမှန်တိုင်းလေ အဲတာကိုယ် ဘာကိုယ်ဟန်ဆောင်ရမှာလည်း ငါကိုယ် ဒဏ်ရနေတယ်ထင်တာလား ။ အောင်းထန်ရန်အမှန်တကယ် စွန့်အနေခဲ့သည်။
သူအမှန်တကယ် ဒဏ်ရာမရနေ၍ ပုံမှန်တိုင်းရှိနေတာလေ ။ အဲတာက ဘာဖြစ်လို့ ဟန်ဆောင်တယ် ဖြစ်သွားရလည်း ၊ အောင်းထန်ရန်တစ်ယောက် သူ၏ အရှေ့မှ နဂါးနှစ်ကောင်၏ အတွေးကိုယ် လိုက်မမိတော့သလို့ ခံစားလိုက်ရသည်။
သူက၎င်းတို့၏ တိုက်ခိုက်မှုများကိုယ် အလေးမထားဟန်ဖြင့် သူ၏ လက်ကို လေထဲသို့ ဖမ်းဆုပ်ဟန်ပြုလိုက်သည်။ ပတ်ဝန်းကျင့်မှ ချီစွမ်းအင်များကလျှင်မြန်စွာစုစည်းလာပြီးတော့ ကောင်းကင်ယံ၌ ဧရာမလက်ဝါးကြီး သဏ္ဍန်ဖြစ်တည်သွားခဲ့သည်။
ဧရာမလက်ဝါးကြီးက ရှံရန်နှင့် မော့ရှီ၏ တိုက်ခိုက်မှုများကိုယ် ဖုံးအုပ်မတက်ကြီးမားလှသည်။
ဘာလဲ ~ သူဒဏ်ရာမရနေဘူးလား ။ ရုံရန်နှင့် မော့ရှီ၏ ထိတ်လန့်ဖွယ် အာမဋိတ်သံကျယ်ကြီးက ပြိုင်တူထွက်လာခဲ့သည်။
ဝုန်း ~ ။