← Chapters

အခန်း (၂၀၃)

Vol. 15 Ch. 203

အခန်း (၂၀၃)

Vol. 15 Ch. 203

--------

ပြင်းထန်သောတိုက်ပွဲကပြီးဆုံးပြီးနောက် နေ့တစ်ပိုင်း အကြာ၌ မြေနဂါးမျိုးနွယ်စုအားလုံးကိုယ် မီးလျံစစ်တပ်နှင့် ဝိညာဉ်ရေခဲစစ်တပ်တို့က ထိန်းသိမ်းနိုင်လိုက်ကြသည်။

သူတို့၏ ခေါင်းဆောင်များက ကျရှုံးသွားကြသည့်အတွက်ကြောင့် မြေနဂါးမျိုးနွယ်စုဝင်အများပြားမှာ အလိုအလျောက်ပင် လက်လျော့ကာ အရှုံးပေးသွားကြတော့သည်။ အချို့တစ်လေက အရှုံးမပေးပဲ ခုခံကာတိုက်လိုကျသော်လည်း မီးလျံစစ်တပ်နှင့် ဝိညာဉ်ရေခဲ စစ်တပ်မှ စစ်သည့်များ၏ ဖိနှိပ့်မှုကိုယ်ခံလိုက်ရတော့သည်။

ဤသို့ပရမ်းပတာအခြေနေများကြောင့် နေတစ်ပိုင်းအကြာမှ မြေနဂါးမျိုးနွယ်စုဝင်များအားလုံးကိုယ် ထိန်းသိမ်းလိုက်နိုင်ခြင်းဖြစ်သည်။

‌သစ်တောစိမ်းနဂါးမျိုးနွယ်စုမှ လာသော စစ်သည်များ သောင်းချီကလည်း အားလုံး ထိန်းသိမ်းခံလိုက်ရသည်။

∆∆∆

ထိုအချိန်၌ ။

မြေနဂါးများ၏ မြေအောက်မြို့‌ တော်ကြီး၏ အလယ်ဗဟိုမှ နန်းတော်ကြီး၏ အတွင်းရှိခန်းမကြီး အတွင်း၌ အောင်းကျန်းဟန် ၊ အောင်းထန်ရန်တို့နှင့် မြေနဂါးမျိုးနွယ်စုမှ ညီကို လေးယောက်အပြင် ၊ သစ်တောစိမ်းနဂါးမျိုးနွယ်စုမှ မော့ရွယ်နှင့် မော့ရှီ မော့ယွမ်တို့ ရှိနေကြသည်။

အခုချိန်၌ သူတို့၏ ကလူသားများသဏ္ဍန်ပြန်၍ ပြောင်းလဲထားခဲ့သည်။ သို့သော်လည်း ပြင်းထန်သော ဒဏ်ရာများကြောင့် သူတို့၏ မျက်နှာများကတော့ ‌ဖြူလျော့နေစဲဖြစ်သည်။

ခန်းမ၏ ထိပ်ဆုံး၌ ထိုင်နေသော အောင်းကျန်းဟန်က သူ၏ အောက်ဘက်မှ ရုံချန်းတို့ကိုယ် ကြည်လိုက်၍ ပြောလိုက်သည်။ အခုမင်းတို့လည်း အနည်းငယ်ပြန်သက်သာလာပြီဆိုတော့စကားပြောကြတာပေါ့ ။

မင်းတို့ ငါတို့အင်ပါယာနဲ့ ပှုးပေါင်းလိုက်ပါ။ မင်းတို့အတွက်လည်း အကျိုးယုတ်မှာမဟုတ်ပါ ဘူး ။ မင်းတို့ရဲ့ မျိုးနွယ်စုတွေကိုယ်လည်း ထိခိုက်စေမှာမဟုတ်ဘူး။ အောင်းကျန်းဟန်က လေးနက်စွာပြောကြားလိုက်သည်။

အောင်းကျန်းဟန်၏စကားကြောင့် ရုံချန်းနှင့် မော့ရွယ်တို့၏ မျက်နှာများက နားမလည်နိုင်သော အမှုရာများဖြစ်သွားကြသည်။

မင်းဘာကို ဆိုလိုချင်တာလည်း ၊ရုံချန်းက ‌အောင်းကျန်းဟန်ကိုယ်ကြည့်၍ လေးနက်စွာမေးလိုက်သည်။

အရှင်မင်းကြီးက ~ စွမ်းအားကြီးတဲ့သူတွေကိုယ် သဘောကျတယ် ။ အဲလိုလှုမျိုးတွေကိုယ် လည်းအမြဲတန်း လက်ခံကြိုဆိုနေတယ် ။ မင်းတို့ အင်ပါယာနဲ့ ပှုးပေါင်းလိုက်ရင် မင်းတို့ မထင်ထားတဲ့ အကျိုးမြတ်တွေပါရနိုင်တယ် ။ ဉပမာ ~ ‌မင်းတို့အမြဲတန်း မျော်လင့်တောင်းတခဲ့ရသော မသေမျိုးအဆင့် ကိုယ်‌ ရောက်နိုင်မည်နည်းလမ်းတို့ ဘာတို့ပေါ့ ။ အောင်းကျန်းဟန်က ပြောလိုက်သည်။

ဂျိမ်း ~ ။

အောင်းကျန်းဟန်၏ စကားက ရုံချန်းနှင့် မော့ရွယ်၏ နားထဲ၌ မိုးခြိမ်းသံကြီးတစ်ခုကဲ့သို့ ကျယ်လှောင်လှသည်။ဤစကားလုံးက သူတို့၏ စိတ်ဝိညာဉ်များကိုယ်ပင် တုန်ခါသွားစေခဲ့သည်။ မသေမျိုးအဆင့်က ဘာလည်း ၊ ဤအရာက အခုဆိုရင် ဒဏ္ဍာရီလာအဆင့်ဟုတောင် တင်စားနိုင်သော စကားလုံးတစ်ခုလိုဖြစ်နေခဲ့သည်။ အဲဒီစကားကိုယ် သူတို့က ဘယ်လို့တောင် အလွယ်တကူပြောနိုင်ရတာလည်း ။ ရုံချန်းနှင့် မော့ရွယ်၏ မျက်နှာများက မယုံနိုင်မှုများဖြင့် ပြည်နက်နေခဲ့သည်။ သူတို့မယုံကြည့်သည်ကလည်း အပြစ်မဆိုသာချေ။

သူတို့၏ မျိုးဆက်များတွင် ရောက်ရှိခဲ့သူ ဘယ်သူရှိသည်နည်း။ဤအဆင့်ကိုယ် အချို့ဆို သိပင် မသိတော့ချေ။ သို့သော်လည်း သူတို့အရှေ့မှ လူက ထိုအဆင့်ကိုယ် ရောက်နိုင်မည်ဟု အလွယ်တကူပြောနေခဲ့သည်။ ထိုစကားများကြောင့် ရုံချန်းနှင့် မော့ရွယ်တို့မှ သူတို့၏ ခန္ဓာကိုယ်များပင် အနည်းငယ်တုန်ခါလာသည်။

သူတို့၏ မျက်လုံးများကစိတ်ပျက်လက်ပျက်အနေထားဖြင့် အရင်လို့မှုန့်မှိုင်းမနေတော့ ပဲ အနည်းငယ်ပြန်၍ တောက်ပလာခဲ့သည်။ သို့သော်လည်း သူတို့နှစ်ဦးသားက တော့သတိထားနေစဲဖြစ်သည်။

မင်းပြောတဲ့စကားကိုယ် ဘယ်လို့ယုံရမှာလည်း မော့ရွယ်နှင့် ရုံချန်းတို့က ပြိုင်တူ အောင်းကျန်းဟန်ကိုယ် ကြည့်၍ မေးလိုက်သည်။

ဒါကမင်းတို့အပေါ်မှာမှုတည်တယ် ။ မင်းတို့ အင်ပါယာကိုယ် အညံခံပြီးရင် မင်းတို့သိလေ့မယ် ။ မဟုတ်ရင်တော့ ဘာမှသိခွင့်ရမှာမဟုတ်ဘူး ။ ပထမဆုံးသိထားရမှာက မင်းတို့ မျိုးနွယ်စု‌ တွေကအရမ်းကို အားနည်းတယ် ။ အင်ပါယာက မင်းတို့စီကလိုချင်တာမရှိ ဘာမှ မရှိဘူး ။ အဲဒီအတွက် ကြောင့် မင်းတို့ဘာစိတ်အနှောက်ယုက်ဖြစ်ခံပြီးတော့ မဟုတ်တာတွေတွေးနေစရာ မလိုဘူး ။ ပြီးတော့ အခုအခြေနေကိုယ်ပဲကြည့် ငါတို့မင်းတို့ မျိုးနွယ်စုက လူတွေကိုယ် ဘယ်နှစ်ယောက်မှ မသတ်ခဲ့ဘူး ။

တိုက်ခိုက်မှုအတွင်းက မတော်တဆအခြေနေကလွယ်လို့ ပေါ့ ။ အခြားအခြေနေမျိုးသာဆိုပါက ငါတို့က မင်းတို့နဲ့ အခုလို အေးအေးဆေးဆေး ထိုင်ပြီး စကားပြောနေမည်ထင်လား ။ အောင်းကျန်းဟန်က ပြောလိုက်သည်။

ပြီးတော့ ဒီလောကကြီးက အရမ်းကျယ်ပြန်တယ် မင်းတို့သိထားတဲ့တွေထက် နက်နဲ့တဲ့ အကြောင်းရာတွေ ရှိသေးတယ် ။ အဲဒီအရာတွေကိုယ် မင်းတို့အင်ပါယာကိုယ် အညံခံပြီးသွားရင် သိရလေ့မယ် ။

မင်းတို့လက်ခံဖို့တွေးပြီးရင် ဒီမှာ မင်းတို့ရဲ့ သွေးကိုယ် သုံးပြီးတော့ လက်မှတ်ထိုးပါ ။ အောင်းကျန်းဟန်က သူ၏ အရှေ့ရှိ ခုံပေါ်သို့ * နဂါးထိန်းချုပ်ရေးစာအုပ် * ကိုယ် တင်လိုက်၍ သူ၏ စကားကိုယ် အဆုံးသတ်လိုက်သည်။

ရုံရန်နှင့် မော့ရွယ်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သည်။ ဤအခြေနေ၌ သူတို့ဘာတက်နိုင်အုန်းမည်နည်း ။ သူတို့တိုက်ပွဲ၌ ရှုံးနိမ်ခဲ့သည်။ ဤအားကြီးသူက အားနည်းသူကိုယ် စားတဲ့ လောကကြီးမှာ ခွန့်အားမရှိရင် ထိုလူ၏ စကားက အသုံးဝင်မည်မဟုတ်ချေ။

ဤအတွက်ကြောင့် သူတို့အနေဖြင့် မျက်လုံးစုံမှိတ်သာ ရှေ့ဆက်တိုးရမည်ဖြစ်သည်။ ဟုတ်ပေသည် ~ သူတို့စောစောက အောင်းကျန်းဟန်ပြောသော မသေမျိုးအဆင့်ဆိုတာကိုယ်လည်း စိတ်ဝင်စားနေသေးသည်။ သူတို့ ဤနေရာ၌ ရပ်တန့်နေခဲ့ကြသည်မှ အချိန်‌အတော်ပင်ကြာနေပြီဖြစ်သည်။

သူတိုရှေ့ဆက်တိုးချင်ကြသည်။ သူတို့သာ အဆင့်ဆက်မတက်နိုင်ပါက သူတို့တွင်ရှည်လျားလှသော သက်တမ်းရှိသော်လည်း တစ်ချိန်ချိန်မှ သူတို့သက်တမ်းက ကုန်ဆုံးချိန်၌ သူတို့ဘဝဟာ ကုန်ဆုံးသွားမည်ဖြစ်သည်။အသက်ရှည်ကြာစွာနေထိုင်ခဲ့သူများဖြစ်သည်အဖို့ ဒီအတိုင်းတော့ မသေဆုံးချင်ကြချေ။ ဤအတွက်ကြောင့် သူတို့အဆင့်တက်ဖို့ အခွင့်လမ်းများကိုယ် အမြဲတန်း ရှာဖွေ့နေခြင်းဖြစ်သည်။ သို့သော်လည်း အခွင့်လမ်းကြောင့်နှင့်တော့ သူတို့၏ မျိုးနွယ်စုများကိုယ် အန္တာရာယ်များထဲ သို့ ထိုးထည့်မည်တော့ မဟုတ်ချေ။

ဤအတွက်ကြောင့် သူတို့အညံခံရင်ပင်လျှင် အချို့သော အကြောင်းရာများကို သဘောတူညီမှု ပြုလုပ်ရမည်ဖြစ်သည်။ မဟုတ်ပါက သူတို့က အကျိူးမြတ်များရင်တောင်မှ လက်ခံမည်မဟုတ်ချေ။

အခုအခြေနေ၌ အင်ပါယာ၏ ပေးထားသောအကျိုးမြတ်များက တော်တော်လေးကို မက်ဖွယ်ရာဖြစ်သော်လည်း သူတို့ချိန်ဆနေကြသေးသည်။

ရုံချန်းနှင့် မော့ရွယ်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သည်။ သူတို့က မျက်လုံးခြင်းအချက်ပြလိုက်ပြီးတော့ ခေ့ါင်းညိတ်လိုက်သည်။

ကျုပ်တို့မျိုးနွယ်စုတွေ အချိန်ခနလောက် ဆွေနွေးလို့ရနိုင်မလား ။ ရုံချန်းနှင့် မော့ရွယ်က အောင်းထန်းရန်ကိုယ်ကြည့်၍ မေးလိုက်သည်။ မျိုးနွယ်စုများတွင် သူတို့က ထိပ်တန်းအာဏာရှိသောများဖြစ်သော်လည်း သူတို့ တစ်‌ယောက်ထဲ မဆုံးဖြတ်ပဲ အခြားသူများနှင့်ဆွေးနွေးကြည့်ချင်သေးသည်။

ကောင်းပြီလေ ~ မင်းတို့ကိုယ်အချိန် မိနှစ်သုံးဆယ် ပေးမယ် ။ အဲဒီအချိန်တွင်း ‌အဖြေတစ်ခု ရရှိစေချင်တယ် ။ အောင်းကျန်းဟန်က ပြောလိုက်ရင်းဖြင့် ထိုင်နေရာမှ ထရပ်လိုက်သည်။

သူနှင့် အောင်းထန်းရန်တို့က ခန်းမအတွင်းမှ သူတို့နှစ်‌ဦးက မြေအောက်မြို့တော်ကြီးကိုယ် လှည့်ပတ်၍ ကြည့်ရန် ထွက်ခွာသွားတော့သည်။

ခန်းမ၏ အတွင်း၌ ‌ရုံချန်းတို့အုပ်စုနှင့် မော့ရွယ်တို့ အုပ်စုသာလျှင်ကျန်ရစ်နေခဲ့တော့သည်။

All Chapters