အခန်း (၂၀၄)
Vol. 15 Ch. 204
-------
အောင်းထန်ရန်နှင့် အောင်းကျန်းဟန်တို့ ထွက်ခွာသွားချိန်၌ ခန်းမ၏ အတွင်း၌ ရုံချန်းတို့အုပ်စုနှင့် မော့ရွယ်တို့ အုပ်စုသာလျှင်ကျန်ရစ်ခဲ့တော့သည်။ ဤအတွက်ကြောင့် ခန်းမ၏ အတွင်း၌ တိတ်ဆိတ်မှုကသာလျှင်ကြီးစိုးနေခဲ့သည်။
ဘယ်လို့ဆုံးဖြတ်ကျမလည်း ~ ရုံချန်းက ဦးစွာဖြင့် တိတ်ဆိတ်နေမှုကိုယ်ဖြိုခွဲကာမေးမြန်းလိုက်သည်။သူ၏ စိတ်ထဲ၌ ဆုံးဖြတ်ထားသည့်များရှိ၏ ။ သို့သော်လည်း သူက မော့ရွယ်ကိုယ်ကြည့်၍ မေးလိုက်ခြင်းဖြစ်သည်။
ဤအချိန်၌ သစ်တော်စိမ်းနဂါးမျိုးနွယ်စုနှင့် သူတို့က တစ်လှေထဲစီးနေကြသူများဖြစ်သည်။ ဤအတွက် ကြောင့် သူမ၏ ထင်မြင်ချက်များကလည်း အရေးကြီးပေသည်။
ဘယ်လိုဆုံးဖြတ်လို့ရမှာလည်း ~ ဒီအခြေနေမှာ ငါတို့မှ သူတို့ကိုယ်နိုင်အောင်မတိုက်နိုင်ပဲကိုယ် ၊ သူတို့က ငါတို့ကိုယ် မသတ်တာပဲ ကံကောင်းလှပြီ ။
ဒီလိုမျိုးအခြေနေတွေနဲ့ ငါတို့က ဘယ်သူကိုယ် အားကိုးပြီးတော့ သူတို့ဆန်ကျင်နိုင်မှာလည်း ၊ ပြီးတော့ သူတို့ရဲ့ စကားတွေအရ အရမ်းကြီးဆိုးဝါးတာလည်း မဟုတ်ပ်ဘူး ။ မော့ရွယ်က လေးနက်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
ရုံချန်းလည်း ဤအခြေနေကိုယ် သိသည် ။ အခုချိန်၌ သူတို့လုပ်နိုင်တာဘာမှ မရှိတော့ချေ။ ဒါဆိုလည်း သူတို့ပြောတာကိုယ်ပဲ သဘောတူကျတာပေါ့ ။ မင်းတို့ကော ဘယ်လို့သဘောရလဲ ။ ရုံချန်းက သူ၏ ညီများကိုယ်မေးလိုက်သည်။
အစ်ကိုကြီးသဘောတိုင်းပါပဲ ~ ရုံရန်တို့ကလည်း သဘောတူလိုက်သည်။ တစ်ဖက်၏ ခွန့်အားက သူတို့ ခန့်မှန်းမှုများထက်ကျော်လွန်နေသော အရာဖြစ်သည်။ ထိုအပြင်ရုံရန်က လက်တွေကြုံတွေရသောကြောင့် တစ်ဖက်လူ၏ စွမ်းအား၏ ကြောက်မက်ဖွယ်ရာကိုယ် အခြားသူများထက် ပိုသိသည်။
ထိုလူများပြောခဲ့သလိုပင် ~ သူတို့မျိုးနွယ်စုများထံမှာ ဘာလိုချင်တာမရှိသည့်ကသေချာသည်။ ထိုအတွက်ကြောင့်သာသူတို့တွေကိုယ် အခုလိုအချိန်ပေးကာ ဆွေးနွေးခိုင်းခြင်းဖြစ်သည်။ မဟုတ်ပါက အခုလို အချိန်ပေးကာ ဆွေးနွေးခိုင်းမည်မဟုတ်ချေ။
ဒါဆိုတော့လည်း ငါတို့လက်ခံလိုက်တာပေါ့ ။ ရုံချန်းက သူ၏ ညီများသဘောတူညီသည့်နှင့် ချက်ချင်းပြောလိုက်သည်။
အကြီးကဲမော့ရွယ်ရော .....
ကျွန်မတို့လည်း သဘောတူပါတယ် ။ ဒီအခြေနေနဲ့ သူတို့ရဲ့ သဘောထားကိုယ် လိုက်နာရုံပဲရှိတယ် ။ သူတို့ရဲ့ စကားကိုယ် ဆန့်ကျင်နိုင်စွမ်းမှမရှိပဲ ။မော့ရွယ်က ခါးသီးဟန်ဖြင့်ပြောလိုက်သည်။
အားလုံးသဘောတူပြီးတဲ့နောက်တွင်တော့ ၊ သူတို့က အချို့သောအရာများကိုယ် ဆက်လက်၍ ဆွေးနေခဲ့သည်။
∆∆∆
အချိန်နာရီဝတ်ကြာပြီးနောက် အောင်းကျန်းဟန်နှင့် အောင်းထန်ရန်တို့ ပြန်၍ရောက်လာကြသည်။
အောင်းကျန်းဟန်ကပ ခန်းမထဲပြန်ရောက်သည့်နှင့် သူက ရုံချန်းတို့အုပ်ကိုယ်ကြည့်၍ မေးလိုက်သည်။
ဘယ်လို့လည်း ဆုံးဖြတ်ပြီးပြီလား ။
ကျုပ်တို့မြေနဂါးမျိုးနွယ်စုက ရှေးဦးနဂါးအင်ပါယာကိုယ်အညံခံပေါ့မယ် ။ သစ်တောစိမ်းနဂါးမျိုးနွယ်စုကလည်း ရှေးဦးနဂါးအင်ပါယာကိုယ် အညံခံပေါ့မယ် ။
ရုံချန်းနှင့်မော့ရွယ်က အောင်းကျန်းဟန်ကိုယ်ပြန်၍ ဖြေကြားလိုက်သည်။
ကောင်းတယ် ~ ကောင်းတယ် ။ ဒါက ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ပဲ ~ အောင်းကျန်းဟန်က ပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။
သူတို့လက်မခံခဲ့ပါက သူက အကြမ်းနည်းသုံး၍ လက်ခံအောင်လုပ်ရမှာပဲဖြစ်ပြီးသည်။ ဒါက ခက်ခဲတဲ့နည်းလမ်းဖြစ်သည်။ သူက အနာဂတ်မှ ပြသာနာများကိုသိထား၍ အကြမ်းနည်းသုံးပြီး အင်အားနည်းပါးသွားသည့်အဖြစ်မျိုးမလိုချင်ချေ။ ထိုအခြေနေများ သူတို့၏ ဧကရာဇ် လုံထန်လည်း ထိုအခြေနေမျိုးကိုယ် လိုချင်မည်မဟုတ်ချေ။
အခု တော့အကြမ်းနည်းမသုံးရသည့်အတွက်ကြောင့်အားလုံးအဆင်ပြေသွားပြီဖြစ်သည်။
ဒါဆိုရင် မင်းတို့ ဒီမှာ လက်မှတ်ထိုးလိုက်ပါ ။ အောင်းကျန်းဟန်က သူ၏ ပျော်ရွှင်မှုကိုယ် ထိန်းချုပ်လိုက်ပြီးနောက် နဂါးထိန်းချုပ်ရေးစာအုပ်ကိုထုတ်၍ ခုံပေါ်တင်ကာ ပြောလိုက်သည်။
ရုံချန်းတို့ကလည်း သူတို့အင်ပါယာကိုယ် အညံခံလိုက်ပြီးမှို့ အောင်းကျန်းဟန်စကားအတိုင်းပင် * နဂါးထိန်းချုပ်ရေးစာအုပ် * ၌ သူတို့၏ သွေးကိုယ် အသုံးပြု၍ လတ်မှတ်ထိုးလိုက်ကြသည်။
ရုံချန်းတို့ညီကိုယ်လေးယောက် လတ်မှတ်ထိုးပြီးနောက်မော့ရွယ်တို့အုပ်စု လည်း လတ်မှတ်ထိုးလိုက်ကြသည်။
မျိုးနွယ်စုများအားလုံး လတ်မှတ်ထိုးပြီးဖို့အတွက်မှာတော့ အရေတွက်များပြားသည့်မှို့ အချိန်တချို့တော့ ယူရမည်ဖြစ်သည်။
ရုံချန်းတို့နှင့် မော့ရွယ်တို့ လက်မှတ်ထိုးပြီးနောက် အောင်းကျန်းဟန်နှင့် အောင်းထန်ရန်တို့၏ မျက်နှာများမှာ အရင်လောက် မာကျောခက်ထန်ခြင်းမရှိတော့ချေ။
အခုမင်းတို့လည်း အင်ပါယာရဲ့ အစိတ်ပိုင်းတစ်ခုဖြစ်လာပြီဆိုတော့ အရေးကြီးတဲ့ အချက်လက်တွေကိုယ် ပြောပြမယ် ။ အောင်းကျန်းဟန်က လေးနက်စွာဖြင့် ဆိုလိုက်သည်။
ရုံချန်းတို့ ညီကိုယ်လေးယောက်နှင့် မော့ရွယ်တို့လည်း အောင်းကျန်းဟန်၏ လေးနက်တည်ကြည့်နေသော အမှုရာကိုယ်ကြည်၍ သူပြောလာမည်စကားကိုယ်စောင့်မျော်နေခဲ့သည်။
အောင်းကျန်းဟန်က ပျက်သုဉ်းခြင်းခောတ်အကြောင်း အကျဉ်းချုပ်ကိုယ် ရုံချန်းနှင့် မော့ရွယ်တို့အား ရှင်းပြလိုက်သည်။ အောင်းကျန်းဟန်စကားကိုယ် ဆုံးသွားချိန်၌ ။ အားလုံးတိတ်ဆိတ် ။
ဟာ~ ။
ခန်းမ၏အတွင်းရှိတိတ်ဆိတ်နေမှုကိုယ် ထိတ်လန်နေသော အာမဋိတ်သံများက ချိုးဖြတ်လိုက်သည်။
အဲဒီအရာက အမှန်တကယ်ပဲလား ။ မော့ရွယ်နှင့် ရုံချန်းတို့က ထိတ်လန့်နေသောအမှုရာဖြင့် အောင်းကျန်းဟန်ကိုယ် မေးလိုက်သည်။ သူတို့၏ အမှုရာများကလည်း အလွန်မင်းပျက်ယွင်းလျက်ရှိသည်။သူတို့ဘဝသက်တမ်းတလျောက်ဤကဲ့သို့သော် ထိတ်လန့်ဖွယ်ရာ အကြောင်းရာမျိုးမကြားဖူးချေ။
ဒါအပြင်လည်းသူတို့၏ ရှည်လျားသော သက်တမ်းများနှင့်ပင် ဤသို့သော်အကြောင်းရာများကိုယ်မသိခဲ့ချေ။ ဤအတွက်ကြောင့် သူတို့မှာ ထိုစကားများက အမှန်တရားဖြစ်ကြောင်းသိနေသော်လည်း လက်ခံရမှာခက်ခဲနေခဲ့သည်။
ဟုတ်တယ် ~ အဲဒီအတွက်ကြောင့် ဧကရာဇ်က ပျက်သုဉ်းခြင်းခောတ်ကိုယ် ခုခံနိုင်အောင် နဂါးမျိုးနွယ်စုများအားလုံးကိုယ် စုစည်းဖို့ကြံရွယ်ထားတာပဲ ။ အောင်းကျန်းဟန်က ဖြေကြားပြောလိုက်သည်။
ရုံချန်းနှင့် မော့ရွယ်တို့လည်း အချိန်အတော်ကြာအထိ ထိတ်လန့်နေပြီးတဲ့နောက်မှာတော့ သူတို့က ဤထိတ်လန့်ဖွယ်ရာ သတင်းကိုယ် လက်ခံနိုင်သွားသည်။
ဤအ ခြေနေများအတွက်ကြောင့်သာလျှင် မသေမျိုးအဆင့်ကို တက်ရောက်ရန်ပို၍ခက်ခဲသွားပြီးတော့ ။ ရှေးခောက်မှတ်တမ်းများပျောက်ကွယ်သွားရခြင်း နောက်ဆက်တွဲ အကြောင်းရင်းတွေကဤသို့အခြေနေများကြောင့်ဆိုတာ သူတို့အခုမှပင်သိရှိနားလည်သွားကြတော့သည်။
အရင်တုန်းက နတ်ဘုရားသားရဲဘုံအဆင့်သို့ သူတို့ရောက်ချိန်၌ ရှေးခောတ်မှတ်တမ်းများပျောက်ဆုံးမှုများနှင့် ပတ်သက်သော အရာများကိုယ် ရှာဖွေ့ဖူးသည်။ ဤအရာများမှသာလျှင် သူတို့၏ နောက်အဆင့်များကိုယ် တက်ရောက်ဖို့အတွက် လမ်းစတွေ့မှ မှို့၍ ဖြစ်သည်။ အခုတော့အရာအားလုံးရှင်းလင်းသွားပြီဖြစ်သည်။ ဤရှေးဟောင်းမှတ်တမ်းများပျောက်ဆုံးရခြင်း၏ အဓိကအကြောင်းရင်းက သစ္စာဖောက်များ၏ လက်ချက်ကြောင့်ဆိုတာဖြစ်သည်။
ဟူး ~ ဒီလိုအခြေနေတွေရှိခဲ့မယ် မထင်ထားဘူး ။ ရုံချန်းက သက်ပြင်းချလိုက်သည်။ မော့ရွယ်သည်လည်း ရုံချန်းအတိုင်းပင်ဖြစ်သည်။
မင်းတို့အခြေနေတွေကိုယ်လည်း အကြမ်းဖျင်းအားဖြင့်သိပြီးသွားကြပြီဆိုတော့ မင်းတို့ရဲ့ မျိုးနွယ်စုတွေကိုယ် ရှေးဦးနဂါးအင်ပါယာစီကိုယ် ပြောင်းရွှေ့သင့်တယ်။ ဒီမှာက ပိုင်နက်တွေကိုယ် လက်အောက်ခံတွေနဲ့ လွဲထားခဲ့လိုက်ပါ ။ ဟိုမှာဆိုတော့ အချင်းချင်း ကူညီလို့ရတယ် ပိုပြီးတော့ အန္တာရာယ်ကင်းနိုင်တယ် ။ အောင်းကျန်းဟန်က ပြောလိုက်သည်။
ကောင်းပါပြီ ~ အကြီးကဲပြောတဲ့ အတိုင်းလုပ်ဆောင်လိုက်ပေါ့မယ် ။ ရုံချန်းက ပြောလိုက်သည်။
ဒါဆိုရင် ကျွန်မလည်း မျိုးနွယ်စုကိုယ် အရင်ပြန်လိုက်ပါအုန်းမယ် ။ မော့ရွယ်ကပြောလိုက်သည်။ သူမ၏ မျိုးနွယ်စုက အဝေးမှ ဖြစ်၍ နေရာပြောင်းရွှေ့ပါက အချိန်ယူကာ ပြင်ဆင်ရမည်ဖြစ်သည်။
ကောင်းပြီ ~ သွားပါ ။ အောင်းကျန်းဟန်က ခေါင်းညိတ်ပြလိုက်သည်။ သူတို့လည်း နောက်ရက်များ၌ သစ်တောစိမ်းနဂါးများပိုင်နက်ကိုယ် ဖြတ်ကျော်၍ လေနဂါများနေထိုင်ရာသို့ သွားရမှာပဲဖြစ်သည်။
မော့ရွယ်လည်း အားလုံးကိုယ် နှတ်ဆက်ပြီးနောက် မော့ရှီနှင့်မော့ယွမ်တို့ကိုယ် ခေါ်ဆောင်၍ ထွက်ခွာသွားတော့သည်။
အောင်းကျန်းဟန်က မော့ရွယ်တို့ထွက်ခွာသွားချိန်၌ ရုံရန်တိုကို ကျန်ရစ်နေသာ မျိုးနွယ်စုများကိုယ် * နဂါးထိန်းချုပ်ရေးစာအုပ်၌ * လတ်မှတ်ထိုးခိုင်းရန် ညွှန်ကြားလိုက်သည်။