အခန်း (၂၀၅)
Vol. 15 Ch. 205
-------
ရုံရန်တို့က အောင်းကျန်းဟန်၏ ခိုင်းစေမှုကြောင့် လျှင်လျှင်မြန်မြန်ပင်လုပ်ဆောင်လိုက်ကြသည်။ ဤအတွက်ကြောင့် ခုနှစ်ရက်အကြာ၌ မြေနဂါးမျိုးနွယ်စုဝင်များအားလုံးက * နဂါးထိန်းချုပ်ရေးစာအုပ်၌ * အားလုံးလတ်မှတ်ရေးထိုးပြီးသွားကြသည်။
အားလုံးပြီးဆုံးသွားချိန်၌ အောင်းကျန်းဟန်နှင့် အောင်းထန်းရန်က ရုံချန်းတို့ညီကိုယ်များကို ရှေးဦးမြို့တော်သို့ ပြောင်းရွှေ့ရန်အတွက် အားလုံးကိုယ် အဆင့်သင့်ပြင်ဆင်ထားစေခဲ့သည်။ လိုအပ်နေသည့်အရာများကိုလည်း ညွှန်ကြားထားခဲ့သည်။ ရုံချန်းတို့ကိုယ် တော့ နောက်သွားရမည်နေရာများကို မခေါ်သွားချေ။ အခုလမ်းခရီး၌ သူနှင့်အောင်းထန်ရန်တို့ နှစ်ဦးနှင့်သာ လုံလောက်နေပြီဖြစ်သည်။
လုပ်ဆောင်စရာများကိုယ် အားလုံးအဆုံးသတ်ပြီးချိန်၌ မီးလျံစစ်တပ်နှင့် ဝိညာဉ်ရေခဲစစ်တပ်တို့ကိုယ်ပြန်လည်၍ စုစည်းကာ သစ်တောစိမ်းနဂါးများရှိရာသို့ ဆက်လျက်၍ ထွက်ခွာသွားကြတော့သည်။
သစ်တောစိမ်းနဂါးများက မြေနဂါးများ၏ ပိုင်နက်နှင့် မိုင်ပေါင်းတစ်သန်းအကွာ၌ ရှိသော ရှေးဟောင်းသစ်တောကြီး၌ တည်ရှိသည်။
သူတို့၏စစ်သင်္ဘောများ၏ အမြန်နှုန်းဖြင့်ပင်လျှင် ငါးရက်နီးပါးလောက်တော့သွားရအုန်းမည်ဖြစ်သည်။
∆∆∆
ထိုအချိန်၌ ။
ရှေးဉီးနဂါးတောင်၏ ထိပ်ရှိ ကမ္ဘာငယ်၏ အတွင်း၌ ရှိသော သဘာဝမီးစွမ်းအားအရင်းမြစ်ရှိသော နေရာ၌ လုံထန်က အပြင်းထန်ကျင့်ကြံနေခဲ့သည်။
ယခုအချိန်ကာလတစ်ခုအကြာကုန်ဆုံးပြီးချိန်၌ လုံထန်၏ ခန္ဓာကိုယ်တဝှိုက်တွင် ဆယ်မီတာခန့်ရှည်လျားသော မီးနဂါးတစ်ကောင်က လှည်ပတ်နေခဲ့သည်။
၎င်းမီးနဂါးတွင် မီးတောက်များကဲ့သို့နီရဲနေသောအကြေးခွံများ ၊ ကြီးမားသော ဦးခေါင်းထက်မှ နီရဲနေသော မျက်လုံးအစုံနှင့် ၊မီးလျံများဖြင့် ဖုံးအုပ်နေသော တစ်မီတာထက်မနည်းရှည်လျားသော ဦးချိုတစ်စုံကလည်း ခြောက်ခြားဖွယ်ရာအော်ရာများကိုယ် ထုတ်လွတ်ထားသည်။ ထိုအပြင် ထက်ရှနေသော အနီရင့်ရောင်လက်သည်းရှည်များ ၊ အမြီးထက်တွင် အရှိန်ဟုန်ပြင်းပြင်းတောက်နေသော မီးတောက်များကြောင့် သက်ရှ်ိနဂါးတစ်ကောင်ကဲ့ လွန်ပင်သက်ဝင်လှသည်။
ဤလများအတွင်း၌ သဘာဝမီးစွမ်းအရင်းမြစ်နယ်မြေမှ လေကျင့်ချိန်၌ * နဂါးကိုးကောင်မဟာကျင့်စဉ် * ၏ တိုးတက်မှုက အံမခမ်းပင်ဖြစ်နေခဲ့သည်။
အခုချိန်၌ * နဂါးကိုးကောင်မဟာကျင့်စဉ် *၏ ပထမဆင့်၏ ခက်ခဲမှုကိုယ်ဖြတ်ကျော်ပြီးသွားပြီးဖြစ်သည်။ ဒုတိယအဆင့်၏ခက်ခဲမှုဖြစ်သော စိတ်ဝိညာဉ်ပေါင်းစပ်ရန်အဆင့် သာ ကျန်ရစ်တော့သည်။ ထိုအဆင့်သာ အောင်မြင်သွားခဲ့ပါက လုံထန်၏ တိုက်ခိုက်ရေးစွမ်းအားမှာ မမျော်မှန်းနိုင်လောက်သည့်အထိ တိုးတက်သွားမှာပဲဖြစ်သည်။
လုံထန်က အာရုံစိုက်ကာ လေ့ကျင့်နေချိန်၌ အေးစက်စက် အချက်ပေးသံတစ်ခုကိုယ်ကြားလိုက်ရသည်။
ဒင်! မြေနဂါးမျိုးနွယ်စုကိုယ် သိမ်းပိုက်နိုင်ခဲ့ခြင်းအတွင် ပိုင်ရှင်ကိုယ် ဂုဏ်ပြုပါတယ် ။
ဆုလာဘ် ~ လေဟာနယ်သစ်သီးကို ရရှ်ိပါသည်။
ဟမ်~စနစ်၏ အေးစက်စက်သတိပေးအသံကြောင့် လုံထန်လည်း ကျင့်ကြံနေမှုကိုယ် ခနတာရပ်နားလိုက်ပြီးတော့ရုံစိုက်လိုက်သည်။
လေဟာသစ်သီးလား ~ လုံထန်အံဩသွားသည်။ စနစ် လေဟာနယ်သစ်သီးရဲ့အသုံးဝင်ပုံကိုယ်ရှင်းပြပေးပါ။ သူကိုယ်တိုင်လည်း ရှေးဟောင်းမှတ်တမ်များအချို့တလေကိုယ် ဖတ်ဖူးထားသော်လည်း ဤသို့သော အရာမျိုးကိုယ်တော့ သိထားခဲ့ခြင်းမရှိပေ။
" ဒင် ! အမည် ~~~ လေဟာနယ်သစ်သီး "
( လေဟာနယ်စည်းမျဉ်းများစုစည်းထားသော သစ်သီးဖြစ်သည်။ ရှေးခောတ်အချိန်ကာလက ထူးခြားသော သစ်ပင်တစ်ခုက လေဟာနယ်ပြင်ကြီးအတွင်း၌ ပေါက်ရောက်ကြီးထွှားလာခဲ့သည်။ ထိုအပင်ကစတင်ပေါက်ရောက်ခါစက သိပ်ပြီးမထူးရှားတဲ့ အပင်တစ်ပင်သာဖြစ်ခဲ့သည်။ သို့သော်လည်း အချိန်များစွာကုန်လွန်ပြီးတဲ့ နောက်မှာတော့ လေဟာနယ်၏ စည်းမျဉ်းစွမ်းအားများကိုယ် အမြဲတမ်းထိတွေ နေခဲ့ရသည်။ ထိုအခြေနေများကြောင့် သူကလည်း ဆင့်ကဲ့ပြောင်းလဲသွားပြီးတော့ သူ၏ အသီးများကလည်း လေဟာနယ် စွမ်းအားများပါဝင်လာချင်ဖြစ်သည်။ ထိုအတွက်ကြောင့် လေဟာနယ်သစ်သီးဟုခေါ်ဆိုခြင်းဖြစ်သည်။
လေဟာနယ်သစ်သီးကိုယ် အသုံးပြုက ၊ အသုံးပြုသူကိုယ် လေဟာနယ်စွမ်းအားကိုယ် အသုံးပြုနိုင်စေသည်။ ထိုအပြင်လေဟာနယ် စည်းမျဉ်းများကိုယ်လည်း နားလည်သဘောပေါက်ရန် အများကြီး အထောက်ကူပြုသည်။
{ မှတ်ချက် ~~~ လေဟာနယ်သစ်သီးက ရှားပါးသလို့ စွမ်းအားကလည်းကြီးမားသည်။ သူကိုယ် အသုံးပြုသူများက အနည်းဆုံး နတ်ဘုရားသားရဲ ဘုံအဆင့်ရှိရန်လိုအပ်သည်။ မဟုတ်ပါက အသုံးပြုသူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က လေဟာနယ်သစ်သီးအတွင်း၌ ကိန်းအောင်းနေသော လေဟာနယ်စည်းမျဉ်း စွမ်းအားများ၏ ဒဏ်ကြောင့် သေဆုံးရမည်ဖြစ်သည်။ ]
ဤမှတ်ချက်များကြောင့် လုံထန်မျက်နှာက မဲပုတ်သွားခဲ့သည်။ အရင်က သူလေဟာနယ်သစ်သီးကြောင် ပျော်ရွှင်နေတုန်းသာရှိသေးသည်။ အဆုံးထိတောင်မပျော်ရသေး စနစ်က ရှင်းပြချက်က သူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင် ။
ဟူး ~ ။ လုံထန်တစ်ယောက် သက်ပြင်းသာချလိုက်မိသည်။ သူတွင် အခုလိုတန်ဖိုးကြီးတာများရှိသော်လည်း သူ၏ ကျင့်ကြံမှုက နိမ့်ကျနေသေးသောကြောင့် သိမ်းစည်းထားရုံသာတက်နိုင်သည်။
ဆက်လေ့ကျင့်တာပေါ့ ~ အချိန်တန်တော့လည်း ငါအဲဒီအရာတွေ သုံးရမှာပါ။ လုံထန်က သူ၏ အတွေးကိုယ် ရပ်တန့်၍ ကျင့်ကြံရာ၌ အာရုံပြန်စိုက်လိုက်တော့သည်။
∆∆∆
အခြားတစ်ဖက်၌ ။
အရှေ့မြောက်ပိုင်းဒေသ နယ်စပ်ရှိ အလွန်တရာမှ အန္တာရာယ်ရှိသော နေရာတစ်ခုရှိသည်။ ဤနေရာက မိုင်ပေါင်းဆယ်သန်းနီးပါးကျယ်သော နေရာဖြစ်၍ ထိုနေရာကို အဆိပ် နွန် တောဟု ခေါ်သည် ။ ထိုနေရာ၌ မြောက်ပိုင်း ဒေသနှင့် အရှေ့ပိုင်း ဒေသ၏ နယ်စပ်ဖြစ်သည်။ ထိုနေရာ၏ အဆိပ်က ဖန်တီးထားခြင်းမဟုတ်ပဲ သဘာဝအလျောက်ဖြစ်နေသော အတွက်ကြောင့် အလွန်ပင် အန္တာရယ်များလှသည်။ ၎င်းအဆိပ်ငွေ့များ၏ စွမ်းအားက သတိမထားမိပါက အရှင်သခင်သားရဲများပင် ချက်ချင်းသေစေကာ နတ်ဘုရားသားရဲဘုံများကိုပင် ဒဏ်ရာရစေနိုင်စွမ်းရှိသည်။
ဤသို့သော အခြေနေများကြောင့် ထိုနေရာ၌ အလွန်တရာမှာက အဆိပ်ပြင်းသော သားရဲကြီးများကလွဲ၍ အခြားမျိုးနွယ်စုများ မနေနိုင်ကြချေ။
ပုံမှန်တိုင်းဆိုရင် အဆိပ်နွန့်တောက အလွန်ပင် တိတ်ဆိတ်လှကာ ခြောက်ရှားဖွယ်ရာ လေထုကသာ ရစ်သိုင်းနေလျက်ရှိသည်။ သို့သော် ယနေ့တွင်တော့ ထူးခြားစွာပင် အဆိပ်နွန်တော၏ အစပ်၌ ဆူညံသော အော်ဟစ်သံများနှင့် ကျယ်လှောင် ပေါက်ကွဲမှုများဖြစ်ပေါ်နေခဲ့သည်။
ထိုနေရာက ကျောက်တုန်းပင့်ကူဟုခေါ်သော ပင့်ကူများ၏ နေရာတွင်ဖြစ်သည်။ ထိုနေရာ၌ ပုံရိပ်တစ်ခုက ပင့်ကူများကိုယ် အလွန်တရာပြင်းထန်သော အငွေ့သက်များကိုယ် ထုတ်လွန်၍ ရက်ရက်စက်စက်ဖြင့် သတ်ဖြတ်နေခဲ့သည်။ ထိုပုံရိပ်၏ ခန္ဓာကိုယ် အထက်မှ လည်း အလွန်တရာမှ ညစ်ညမ်း ၊ ကြမ်းကြုတ် ရက်စက်မှုများက ထွက်ပေါ်နေခဲ့သည်။
ယခင်က အလွန်တရာ ရက်စက်ကြမ်းကြုတ်သော ကျောက်တုန်းပင့်ကူများက အခုချိနိ၌ သူတို့ကိုယ် အရှုးတစ်ယောက်ပမာလိုက်၍ သတ်ဖြတ်နေသော ပုံရိပ်ကြောင့် သေးထွက်ကျမတက် ကြောက်လန့်နေကြပြီးတော့ ဦးတည်ရာမရှိ ထွက်ပြေးနေခဲ့သည်။
သူတို့က သူတို့၏ မျိုးနွယ်စုတွေ ရုတ်တရက်ပေါ်လာသော ပုံရိပ်ကိုယ် အလွန်ပင် ကြောက်ရွံနေခဲ့သည်။
ထိုပုံရိပ်က ဘာမပြောညာမပြောနှင့်သူတို့မျိုးနွယ်စုသို့ရောက်လာကာ တွေ့ရာသူတိုင်းကိုယ်သက်ပစ်ခဲ့သည် ။ ထူးဆန်းစွာပင် ထိုပုံရိပ်က သူသတ်လိုက်သော သူများ၏ ဝိညာဉ်များကိုယ် စုတ်ယူလိုက်သောကြောင့်ဖြစ်သည်။ ထိုမြင်ကွင်းက ကျောက်တုန်းပင့်ကူများကိုယ် ပို၍ပင် ထိတ်လန့်သွားစေခဲ့သည်။ အချို့သော ကျင့်ကြံမှုနိမ့်ကျသူများကတော့ ၎င်းတို့အရှေ့က မြင်ကွင်းများကြောင့် သူတို့၏ ဒူးမျယးက ကြောက်လန့်မှုကြောင့် ပျော့ခွေနေပြီး ဆက်လက်ပြေးလွှားနိုင်ခြင်းပင် မရှိကြချေ။
ထိုသူကလည်း သူက သတ်လိုက်ရင်းဖြင့်ဝိညာဉ်များကိုယ် စုပ်ယူနေသဖြင့် ထိုပုံရိပ်ထံမှ စွမ်းအားကနဂိုထက် အဆန့်မတန်ပို၍ အားကောင်းလာခဲ့သည်။
အချိန်နာရီဝတ်ခန့်အကြာ၌ အယောက်တစ်သောင်းနီးပါးရှိသော ကျောက်တုန်းပင့်ကူ မျိုးနွယ်စု တွင်အသက်ရှင်သူဟု ၍ တစ်ယောက်မှ မရှိတော့ချေ။
သေဆုံးနေကြသော သောင်းနှင့်ချီသည် ကျောက်တုန်းပင့်ကူများ၏ အလယ်ဗဟို၌ ရက်စက်ကြမ်းကြုတ်သော အနက်ရောင် အငွေ့သက်များထုတ်လွတ်နေသော ပုံရိပ်က ရှိနေသည်။
ထိုပုံရက်စက်ကြမ်းကြုတ်သော အငွေ့သက်များကြားကိုယ် ကြည့်လိုက်လျှင် သူ၏ ချောမောလှပသော မျက်နှာလေးကို မြင်တွေ့ရနိုင်သည်။ သို့သော်လည်း ထိုလှပသော မျက်နှာလေးနှင့် အတူတူ တချိန်ထဲမှာပဲ သူမ၏ နီရဲနေသော မျက်လုံးအစုံကတော့ မြင်ရသူတိုင်းကိုယ် တစ်သက်တာ မမေ့နိုင်သော ခံစားချက်ကိုယ် ပေးစွမ်းနေခဲ့သည်။
ထိုသူက အခြားမဟုတ် လုံထန်၏ ရန်သူတော်ကြီး ကျီရှားပင်ဖြစ်သည်။ ယခုအချိန်ကျီရှားနှင့် ယခုက ကျီရှားက မတူညီသော လူတစ်ယောက်ကဲ့သို့ပင် ဖြစ်နေခဲ့သည်။
ယခင်မိဖုရှားကျီရှားက အေးစက်က မာနကြီးသော ရေခဲဧကရီတစ်ပါးကဲ့သို့ ဖြစ်နေခဲ့ပါက ၊ ယခုအချိန် ကျီရှားက ရက်စက်သော အငွေ့သက်များနှင့် နီရဲနေသော မျက်လုံးအစုံက မိစ္ဆာ ဧကရီ တစ်ပါးကဲ့သို့ ဖြစ်နေခဲ့သည်။
ဒီအသုံးမကျတဲ့ ပင့်ကူတွေရဲ့ ဝိညာဉ်ကိုယ် ဝါးမြိုလိုက်တာတောင်မှ ငါက နတ်ဘုရားသားရဲဘုံ သတ္တမအဆင့်ထိပဲ ရောက်နိုင်သေးတယ် ။
သားတော်ခြောက် မင်းရဲ့ သတင်းတွေကိုယ် ဒီဧကရီ ကြားမိတယ် ။ မင်းစီကိုယ် ဒီဧကရီ တစ်နေ့တော့ ရောက်လာအုန်းမှာပါ ။ ဒီဧကရီ ရပိုင်ခွင့်တွေကိုယ် အကုန်ပြန်ယူပစ်မယ် ။ ကျီရှားက ရှေးဦးနဂါးအင်ပါယာ ရှိသို့ မျော်ကြည့်လိုက်ကာ ရီသွမ်းနေသော အသံဖြင့် ပြောလိုက်သည်။အားလုံးက ငါပိုင်ဆိုင်မှုတွေပဲ လောကကြီးတောင် ငါရဲ့ ပိုင်ဆိုင်မှုတစ်ခုဖြစ်လာလေ့မယ် ။
ဟားဟား ~ ဟားဟား ။
သူမ၏ ရီမောသံကလည်း ပတ်ဝန်းကျင့်တစ်ခွင့် ပဲ့တင်ထက်နေခဲ့သည်။ အေးစက်စက်ရီမောသံနှင့် သောင်းချီနေသော အလောင်းများက မိန်းမလှတစ်ဦး၏ မြင်ကွင်းက အလွန်ပင်ထူးရှားသလို့ ၊ ခြောက်ရှားဖွယ်ရာ လေထုကိုလည်း သယ်ဆောင်ထားသည်။
ကျီရှားက အချိန်အတော်ကြာ အရှုးတစ်ယောက်ပမာရီမောလိုက်ပြီးနောက် သူ၏ ပုံရိပ်က တစ်ခါမှ မရှိဘူးသည့်လား ပျောက်ကွယ်သွား တော့သည်။
တိတ်ဆိတ်နေသော ပတ်ဝန်းကျင့်၌ အေးစက်နေသော ရက်ရက်စက်စက် အသတ်ခံထားရ သောအလောင်းကောင်များကသာ ၊ အကူညီမဲ့ အထီးကျန် နေစွာကျန်ရစ်နေခဲ့တော့သည်။