← Chapters

ဉာဏ်အလင်းပွင့်ဆေးလုံး

Vol. 15 Ch. 206

ဉာဏ်အလင်းပွင့်ဆေးလုံး

Vol. 15 Ch. 206

-------

အောင်းကျန်းဟန်နှင့် အောင်းထန်ရန်တို့ ဦးဆောင်လာသော မီးလျံစစ်တပ်နှင့် ဝိညာဉ်ရေခဲစစ်တပ်တို့မှာ အချိန်ငါးရက်ခန့်အကြာပြီးချိန်၌ သစ်တောစိမ်းနဂါးမျိုးနွယ်စုသို့ရောက်ရှိသွားကြသည်။

မော့ရွယ်တို့က အညံခံလိုက်ပြီးဖြစ်သော်ကြောင့် သစ်တောစိမ်းနဂါးမျိုးနွယ်စုတစ်ခုလုံးက အောင်းကျန်းဟန်တို့ ရောက်လာသည့်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် ခမ်းနားစွာဖြင့် ကြိုဆိုလိုက်ကြသည်။

အောင်းကျန်းဟန်တို့ကလည်း လုံထန်၏ အမိန့်အတိုင်း သစ်တောစိမ်းနဂါးမျိုးနွယ်စုများထံ၌ ဝင်ကာအနားယူလိုက်ရင်းဖြင့် မော့ရွယ်တိုပြင် ကျန်ရစ်နေသော သူများကိုယ် * နဂါးထိန်းချုပ်ရေးစာအုပ်၌ * လတ်မှတ်ရေးထိုးစေလိုက်သည်။

‌အရင်က မြေနဂါးမျိုးနွယ်စု၌ မော့ရွယ် ၊ မော့ရှီ ‌၊ မော့ယွမ်တို့အပြင် စစ်သည်ငါးထောင်နီးပါးကသာလျှင် * နဂါးထိန်းချုပ်ရေးစာအုပ်၌ * လတ်မှတ်ရေးထိုးရသေးခြင်းဖြစ်သည်။ အောင်းကျန်းဟန်က မော့ရွယ်ကိုယ် * နဂါးထိန်းချုပ်ရေးစာအုပ်ကိုယ် ‌ပေးအပ်၍ * ကျန်ရစ်သူများကိုယ် အဆုံးသတ်စေလိုက်သည်။

ဤသို့ဖြင့် အောင်းကျန်တို့က ‌သစ်တောစိမ်းနဂါးမျိုးနွယ်စုတွင် နေထိုင်သည့်က ဆယ်ရက်နီးပါးကြာမြင့်သွားခဲ့သည်။

ထိုအချိန်မှ မော့ရွယ် ၊ မော့ရှီ ၊ မော့ယွမ် ၊ အပြင် အခြားတစ်‌ယောက်ကိုယ်လည်း ခေါ်ဆောင်လာခဲ့သည်။ ၎င်းက မော့ချီဖြစ်သည်။ သူက သစ်တောစိမ်းနဂါးမျိုးနွယ်စုကိုယ် စောင့်ရှောက်ရန် ကျန်နေရစ်ခဲ့သော နတ်ဘုရားသားရဲဘုံ သတ္တမအဆင့် အလယ်လတ်အဆင့် တစ်ယောက်ဖြစ်သည်။

ဆယ်ရက်ခန့်အကြာမှသာလျှင် သစ်တောစိမ်းနဂါးမျိုးနွယ်စုများကိုယ် * နဂါးထိန်းချုပ်ရေးစာအုပ်၌ * လတ်မှတ်ရေးထိုးပြီးစေခဲ့သည်။

အကြီးကဲ * ကျွန်မတို့ မျိုးနွယ်စုဝင်တိုင်း ဒီစာအုပ်မှာ လတ်မှတ်ထိုးပြီးပါပြီ ။ မော့ရွယ်က အောင်းကျန်းဟန်ထံသို့ စာအုပ်ကိုယ် ပေးလိုက်ရင်းဖြင့် ပြောလိုက်သည်။

ကောင်းတယ် ~ ဒါဆိုရင် မင်းတို့ လိုအပ်တာတွေ ပြင်ဆင်ထားသင့်တယ် ။ ငါတို့လည်း ဒီမှာနေတာ အချိန်တစ်ခုကြာသွားပြီဆိုတော့ လေနဂါးတွေ ပိုင်နက်ကိုယ်သွားသင့်ပြီ ။

စိတ်မပူပါနဲ့ ~ ကျွန်မတို့ အားလုံး လုပ်ဆောင်ထားလိုက်ပါပါ့မယ် ။ မော့ရွယ်က အောင်းကျန်းဟန်ကိုယဉ်ကျေးစွာဖြင့် ပြန်ပြောလိုက်သည်။

ကောင်းပြီ ~ ဒါဆိုရင်လည်း ငါတို့ဆက်ပြီးတော့ သွားလိုက်အုန်းမယ် ။ အောင်းကျန်းဟန်က အောင်းထန်ရန်ကိုယ် ခေါ်ဆောင်၍ မီးလျံစစ်တပ်နှင့် ဝိညာဉ်ရေခဲစစ်တပ်တို့ကိုယ် ဦးဆောင်၍ လေနဂါးများပိုင်နက်သို့ ဦးတည်၍ သွားခဲ့တော့သည်။

အောင်းကျန်းဟန်တို့ ထွက်ခွာသွားချိန်၌ မော့ရွယ်တို့လည်း သူတို့ပြင်ဆင်စရာရှိသည့်များကိုယ် ချက်ချင်းပင် ပြင်ဆင်လိုက်ကြတော့သည်။ သူတို့က သူတို့၏ လက်အောက်မျိုးနွယ်စုများနှင့် သူတို့၏ ပိုင်နက်များကိုယ် တစ်ဆင့်ခံ အုပ်ချုပ်ရမှာဖြစ်သည့်အတွက်ပြင်ဆင်စရာများလွန်း၏ ၊ တချိန်ထဲမှာပင် မျိုးနွယ်စုတစ်ခုလုံး ပြောင်းရွှေခြင်းလုပ်ငန်းစဉ်က အလွန်ပင် အလုပ်များလှသည်။

∆∆∆

တစ်ဖက်တွင် ။

ကျင့်ကြံရာ၌ အာရုံစိုက်နေသော လုံထန်မှာ သူ၏ စိတ်အာရုံအတွင်းမှ အေးစက်စက် အသံတစ်ခုထွက်ပေါ်လာခဲ့သည်။

ဒင် ! သစ်တောစိမ်းနဂါးမျိုးနွယ်စုကိုယ် သိမ်းပိုက်နိုင်ခဲ့ခြင်းအတွက် ပိုင်ရှင်ကိုယ် ဂုဏ်ပြုပါတယ် ။

ဆုလာဘ် ~ ဉာဏ်အလင်းဆေးလုံးဆယ်လုံးကိုယ် ရရှိပါသည်။

ဟမ့် ~ ။

ရုတ်တရက်ပေါ်ထွက်လာသော အသံကြောင့် လုံထန်က ကျင့်ကြံရာကိုယ် ရပ်နားလိုက်ကာ စနစ်ကိုယ် အာရုံလိုက်သည်။ ဉာဏ်အလင်းပွင့်ဆေးဆိုသော နမ်စားကပင် သူ၏ အာရုံကိုယ် စွဲဆောင်နေ၍ ဖြစ်သည်။

ဉာဏ်အလင်းပွင့်ခြင်းဆိုသည့်မှာ ကျင့်ကြံမှုပြုသူများအတွက် အရေးကြီးဆုံးအခြေနေဖြစ်သည်။ ကျင့်ကြံသူတစ်ဦးက ဉာဏ်အလင်းပွင့်ခြင်းအခြေနေသို့ဝင်ရောက်သွားပါက တစ်ဘဝလုံး တစ်ဆိုထားသော အခြေနေများ ၊ သိူ့မဟုတ် ရှုပ်ထွေးနေသော အရာများကိုယ် ထိုခနတာဆိုသော အချိန်လေးအတွင်း၌ အလွယ်တစ်ကူပင် ဖြေရှင်းနိုင်ကြသည်။ ထိုကဲ့သို့သော အခြေနေကလည်း လူတိုင်းမဖြစ်နိုင်ချေ။ အချို့သောကျင့်ကြံသူများဆိုရင် ဘဝတစ်သက်လုံးကိုယ်ပင် မရနိုင်သော အခြေနေဖြစ်သည်။

ဤကဲ့သို့အခြေနေများရှိသော ဉာဏ်အလင်းပွင့်ခြင်းက အခု‌ စနစ်မှာ ဉာဏ်အလင်းပွင့်ခြင်းဆေးဟု၍ ဆုလာဘ်အဖြစ်ပေးလာခဲ့သည်။ ထိုအချင်းရာကြောင့် လုံထန်သူ၏ သိချင်စိတ်ကိုယ်မထိန်းနိုင်တော့ချေ။

ဤအတွက်ကြောင့် စနစ် တွင်ဖော်ပြထားသော ဉာဏ်အလင်းပွင့်ဆေးဆိုသော အရာကိုယ်လုံထန်လျှင်မြန်စွာ ကြည့်လိုက်သည်။

အမည် ~~~ ဉာဏ်အလင်းပွင့်ဆေး ။

( ဆေးတစ်လုံးကိုသောက်သုံးလောက်ပါက သာမန်အခြေနေမှာနေ၍ ဉာဏ်အလင်းပွင့်ခြင်းအခြေနေသို့ ရောက်နိုင်သည်။ )

( မှတ်ချက် ~~~ ဆေးတစ်လုံးက အချိန်မိနှစ်သုံးဆယ်သာဖြစ်သည်။ )

လုံထန်က ထိုရှင်းပြချက်ကြောင့် အလွန်ပင် အံဩသွားခဲ့သည်။ တစ်ချိန်ထဲမှာလည်း သူက ပျော်ရွှင်မှုကိုယ် ခံစားလိုက်ရသည်။ ယခုအချိန်၌ သူလိုအပ်နေ‌ဆုံးအရာဟုဆိုနိုင်သည်။ ဤဆေးလုံး၏ အကူညီဖြင့်သာဆိုရင် * နဂါးကိုးကောင်မဟာကျင့်စဉ် * ၏ ပထမအဆင့်ကို အလွယ်လေးပင် ကျော်ဖြတ်နိုင်သည်။

စနစ် ! ထံမှာ ဉာဏ်အလင်းပွင့်ဆေးကိုယ် ထုတ်ယူလိုက်သည်။ တောက်ပသော အလင်းတန်းများနှင့် အတူတူ လုံထန်၏ လက်ထဲ၌ သေးငယ်သော ‌အဖြူရောင် ပုလင်းလေးတစ်ခုပေါ်လာခဲ့သည်။

လုံထန်က ပုလင်းလေးကိုယ် ဖွင့်၍ အထဲမှ ဆေးတစ်လုံးကိုယ် ထုတ်ယူလိုက်သည်။ ဆေးလုံးကိုယ် ထုတ်ယူလိုက်ချိန် တောက်ပသော ရွှေရောင်အလင်းများနှင့် အတူတူ ၊ မွေးရနံတစ်ခုထွက်ပေါ်နေသော ဆေးတစ်လုံးက လုံထန်၏ လက်ထဲ၌ ပေါ်လာခဲ့သည်။ ထိုဆေး၏ ရနံကပင် ရှုရှိုက်မိရုံနှင့် သူ၏ ခေါင်းတစ်ခုလုံးက ကြည်လင်လာသလို့ စိတ်ခံစားချက်များကလည်း ပေါ့ပါးလာသော ခံစားချက်ကိုယ် ရရှိလိုက်သည်။

လုံထန်က သူ၏ လက်ထဲမှာ ရွေရောင်ဆေးလုံးကိုယ် သေချာစစ်ဆေးကြည်လိုက်သည်။ ဆေးတစ်ခုလုံးက ရွှေရောင်ဖြစ်နေ၍ ၎င်း၏ မျက်နှာပြင်ထက်၌ ရှုပ်ထွေးသော အဆင်းကြောင်းများဖြင့် ရှိနေသည့်ကိုယ်လုံထန် တွေလိုက်ရသည်။

သူ၏ကထို အဆင်းကြောင်းများ စူးစိုက်ကြည်ရုံနှင့်တင် သူ၏ ဦးခေါင်းတစ်ခုလုံးက ပျောက်ကွဲထွက်တော့မည်အလား နာကျင်လာသည် နာ‌ကျင်မှုကိုယ် ခံစားလိုက်ရသည်။

အား ~ ချီးပဲ ။ လုံထန်က သူ၏အကြည့်ကိုယ် အလျှင်မြန်ပင် လွဲလိုက်ရသည်။ သူ၏ အကြည့်များကိုယ် ဘေးသို့လွဲလိုက်ချိန်၌ ဦးခေါင်း၏ နာကျင့်မှုများက ပျောက်ကွယ်သွားတော့သည်။

ဒင် ! သတိပေးချက် ။

ဒင် ! ပိုင်ရှင်က မသေချင်သေးဘူးဆိုရင် ‌ဆေး၏ မျက်နှာပြင်က အရာတွေကိုယ် မလေ့ကြည့်ဖို့ အကြံပေးချင်ပါတယ် ။ အဲတာတွေက ကောင်းကင်မြေပြင်ကြားက စည်းမျဉ်း ၊ နိယာမများ ဖြစ်သောကြောင့် ၊ ပိုင်ရှင်၏ အဆင့်က ထိုအရာတွေနဲ့ ‌ထိတွေဖို့ အရမ်းပင်ဝေးကွာနေပါသေးတယ် ။ ထိုအရာတွေကိုယ် အခုလို စူးစမ်းကြည့်ချင်းက ကိုယ်ရဲ့ သေဘေးကို ကိုယ်တိုင် ဖိတ်ခေါ်သလိုပဲ ဖြစ်နေပါလေ့မယ်။

စနစ် ! ဤ အေးစက်နေသော သတိပေးသံက လုံထန်၏ ခန္ဓာကိုယ် ရှိတဲ့ အမွေးများပင် ထောင်ထသွားစေခဲ့သည်။

ဒီတော့ဒါတွေက ကောင်းကင်နဲ့ မြေပြင်ကြားက ၊စည်းမျဉ်း ၊ နိယာမ စွမ်းအားတွေပေါ့ ။ အဲတာကြောင့် ဒီလောက် ကြောက်ဖို့ ကောင်းနေတာ မထူးဆန်းတော့ပါ ။ လုံထန်က လေအေးများကိုယ် ရှုရှိုက်လိုက်ရင်းဖြင့် ရေရွတ်လိုက်သည်။

ဟူး ~ အခုတော့ အဲတာတွေမေ့ထားပြီးတော့ ဉာဏ်အလင်းပွင့်ခြင်းဆေးကိုယ် စမ်းသပ်ကြည့်တာပေါ့ ။

လုံထန်က သူ၏အတွေးဆုံးချိန်၌ ချက်ချင်းပင် လုပ်ဆောင်လိုက်သည်။ သူ၏ စိတ်ကိုယ်ပြန်၍ တည်ငြိမ်အောင် ပြုလုပ်လိုက်ရင်းဖြင့် ခန္ဓာကိုကိုယ်လည်း မှုလအခြေနေ‌သို့ ရောက်အောင် ထိန်းညှိလိုက်သည်။ ဆယ်မိနှစ်နည်းပါး ကြာချိန်၌ လုံထန်က မှုလအခြေနေသို့ပြန်လည်ရောက်ရှိသွားသည်။

သူကထိုအချိန်၌ ထုတ်ထားသော ဉာဏ်အလင်းပွင့်ဆေးကိုယ် ချက်ချင်း သောက်လိုက်သည်။ အခုချိန်၌ တော့ ဆေးကိုယ် သေချာစူးစိုက်မကြည့်ရဲတော့ချေ။

All Chapters