← Chapters

နဂါးကိုးကောင် မဟာကျင့်စဉ်၏ ပထမအဆင့် ။

Vol. 15 Ch. 207

နဂါးကိုးကောင် မဟာကျင့်စဉ်၏ ပထမအဆင့် ။

Vol. 15 Ch. 207

---------

ဆေးက လုံထန်၏ ပါးစပ်အတွင်းသို့ရောက်ချိန်၌ အခြားသော ဆေးလုံးများကဲ့သို့ချက်ချင်း အရည်အဖြစ်သို့မပျော်ဝင်သွားချေ ။

ထိုအစား ဆေးက သူ၏ လျှာထက်၌ သာရှိနေသေး၍ ဆေး၏ အာနိသင်များက ဖြေးဖြေးခြင်းဖြင့် စိမ့်၍ ထွက်လာပြီးနောက် လုံထန်၏ ဦးခေါင်းထံသို့ရောက်ရှိသွားခဲ့သည့်ကိုခံစားလိုက်ရသည်။။ ထိုအချိန်၌ ဆေး၏ အာနိသင်က လုံထန်၏ ဦးခေါင်းတစ်ခုလုံး လွတ်လပ်ပေါ့ပါးနေပြီးတော့ သူ၏ အတွေးများထဲ၌ မဖြစ်နိုင်တာ မရှိဟုသော စိတ်ခံစားချက်များပင် ရနေခဲ့သည်။ အရာအားလုံးက သူအတွက်အလွန်ပင်လွယ်ကူရိုးရှင်းနေသယောင်ပင်ဖြစ်သည်။

သူ၏ စိတ်ထဲ၌ တွေးလိုက်သော အရာတိုင်းကလည်း ချက်ချင်းပင် အဖြေကထွက်ပေါ်လာခဲ့သည်။ ထိုအချိန်၌ ပြင်ပရှိ လုံထန်၏ ခန္ဓာကိုယ်တစ်ခုလုံးကိုယ် လည်း သန့်စင်နေသော အဖြူရောင်အလင်းတန်းက ကောင်းကင်နဲ့ မြေပြင်ကြားမှ ထွက်ပေါ်လာ၍လွှမ်းခြုံထားခဲ့သည်။ လုံထန်၏ ခန္ဓာကိုယ် ‌ဆယ်မီတာ ပတ်လည်၍သန့်စင်နေသော အဖြူရောင် အလင်းတန်းများဖြင့် ဖုံးအုပ်ခံလိုက်ရတော့သည်။

လုံထန်က သူ၏ စိတ်အခြေနေ၌ ဖြစ်ပေါ်လာ ‌ထူးရှားဆန်းကျယ်နေသော ခံစားချက်များကြောင့် သူက ဉာဏ်အလင်းပွင့်ခြင်းဆေး၏ အာနိသင်များ နှင့် ၎င်းစွမ်းအင်များက စတင်၍ ပြသလာပြီဟု တွေးမိလိုက်သည်။ ထိုအချိန်၌ လုံထန်က နဂါးကိုးကောင် မဟာကျင့်စဉ်ကိုယ် စတင်၍ လေ့ကျင့်လိုက်တော့သည်။

အနီရင့်ရောင်မီးတောက်များက လုံထန်၏ ခန္ဓာကိုယ် ထပ်မံ၍ လွမ်းခြုံလာခဲ့ပြန်သည်။ ထိုမီးတောက်များက လျှင်မြန်စွာပင် စုစည်းသွားခဲ့ကာ လုံထန်၏ ခန္ဓာကိုယ် လှည့်ပတ်နေသော ဆယ်မီတာ အရှည်ရှိသော မီးနဂါးတစ်ကောင်ဖြစ်တည်လာခဲ့သည်။

အဖြူရောင်သန့်စင်နေသော အလင်းတန်းများနှင့်လွမ်းခြုံနေသော လုံထန်ကိုယ် မီးနဂါးတစ်တစ်ကောင် ရစ်ပတ်‌နေသော သဏ္ဍန်က အလွန်ပင် ထူးရှားဆန်းကျယ်လှသည်။

∆∆∆

ကောင်းကင်နှင့် မြေပြင်ကြားရုတ်တရက်ပြောင်းလဲဖြစ်ပေါ်လာသော အခြေနေများကြောင့် သဘာဝမီးစွမ်းအားအရင်းမြစ်နယ်မြေ၌ စောင့်ရှောက်ရင်းဖြင့် ကျင့်ကြံနေသော ဟော်ဖုပင်လျှင် ထိတ်လန့်သွားခဲ့သည်။

ဘာဖြစ်တာလဲ ~ ဟော်ဖုက ထိတ်လန့်ဟန်ဖြင့် ရေရွတ်လိုက်ပြီးနောက် ရုတ်တရက်ဖြစ်‌ ပေါ်လာသော အပြောင်းလဲဖြစ်ပေါ်နေသော နေရာသို့ လှမ်းမျော်ကြည့်လိုက်သည်။

ဟမ့် ~ အဲတာက အရှင်မင်းကြီး လေ့ကျင့်နေတဲ့ နေရာမဟုတ်ဘူးလား ။ ဟော်ဖုက တီးတိုးရေရွတ်လိုက်ရင်းဖြင့် ထိုနေရာမှ အပြောင်းလဲများကိုသေချာကြည့်ရှုလေ့လာလိုက်သည်။

နေစမ်းပါ အုန်း ~ ဒီလို့ထူးရှားသော အခြေနေ ၊ ဒီလိုဖြစ်ပေါ်နေတဲ့ မြင်ကွင်းက ဒါက ~ ဒါက ဉာဏ်အလင်းပွင့်ခြင်း အခြေနေကိုယ် ဖော်ညွှန်းနေတာ မဟုတ်ဘူးလား ။ ဟော်ဖုက အထိတ်လန့်တကြားဖြစ်ရေရွတ်လိုက်ပြီးနောက် သူရှိနေရာမှ ခြေတစ်လှမ်းဖြင့် ပျောက်ကွယ်သွားခဲ့သည်။

ဟော်ဖု၏ ပုံရိပ်က လုံထန်နှင့် တစ်မိုင်အကွာ၍ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ သူက လုံထန် ရှိ‌ရာနေရာကိုယ် စောင့်ရှောက်၍ နေခဲ့သည်။ သူက ဉာဏ်အလင်းပွင့်ခြင်းအခြေနေ၌ ရှိနေသော လုံထန်ကိုယ် အခြားသူများ အနှောက်ယုက်ပေးမှုမှ ကာကွယ်ရန်ဖြစ်သည်။ အနှောက်ယုက်ပေးခံရပါက ~ ဉာဏ်အလင်းပွင့်ခြင်းအခြေနေက ပျက်စီးသွားမှာပဲဖြစ်သည်။

ဤသို့သာ ပျက်စီးသွားခဲ့က ကျင့်ကြံသူများအတွက်ပြန်လည်ဖြည့်စည်းရန်မဖြစ်နေသော အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးတစ်ခုဖြစ်သည်။ ထိုသို့သော် အခြေနေမျိုးဖြစ်လာမည်ဆိုးသောကြောင့် ဟော်ဖုက လျှင်မြန်စွာလာ၍ ကာကွယ်ပေးထားခြင်းဖြစ်သည်။

∆∆∆

လုံထန်ကတော့ ထိုအချင်းရာများကိုယ် မသိချေ။ သူက အခုချိန်၌ သူ၏ စိတ်ဝိညာဉ်အပိုင်းစကိုယ် ခွဲထုတ်၍ မီးနဂါးနှင့် ပေါင်းစပ်ရန်ကြိုးစားနေခဲ့သည်။

ယခင်က သူအနေနဲ့ ဤအဆင့်၌ တစ်ဆို့နေခဲ့၍ ပြသာနာတစ်ခု‌ဖြစ်နေခဲ့သည်။ မည့်ကဲ့သို့ကြိုးစားသည့်ဖြစ်စေ မအောင်မြင်ခဲ့ချေ။ ယခုတော့ ဉာဏ်အလင်းပွင့်ဆေး၏ အကူညီကြောင့် အလွန်ပင် အဆင်ပြေ ချောမွတ်နေခဲ့သည်။ ယခင်က ရှုပ်ထွေးနေသော မေး‌ခွန်းများကလည်း ၎င်းတို့၏ အဖြေများကို အလွန်တကူပင်ဖြေရှင်းနိုင်ခဲ့သည်။

ဤသို့သောထူးရှားဆန်းကျယ်သောအခြေနေများကြောင့် လုံထန်က စိတ်ဝိညာဉ်‌နှင့် ပေါင်းစပ်ရန်ဆိုသော အလွန်တရာခက်ခဲ့လှသော အဆင့်၏ အခြေနေကိုယ် အလွယ်တစ်ကူပင် လုပ်ဆောင်‌နိုင်ခဲ့သည်။

လုံထန်က အဖြေကိုယ်ရှာတွေချိန်၌ သူ၏စိတ်ကိုယ် ပို၍ တည်ငြိမ်အောင်ကြိုးစားလိုက်သည်။ ထိုသို့ စိတ်ကိုယ် တည်ငြိမ်စေပြီးတဲ့ နောက်မှာတော့ ခန္ဓာကိုယ်၏ အတွင်းပိုင်း၌ တည်ရှိနေ‌သောသူ၏ စိတ်ဝိညာဉ်စီသို့ အာရုံစိုက်ကြည့်ရှုလိုက်သည်။

အချိန်ခနကြာပြီးနောက် လုံထန်က သူ၏ ခန္ဓာကိုယ်၏ အနက်ရှိုင်းဆုံးနေရာ၌ တည်ရှိနေသော

စိတ်ဝိညာဉ်ကိုယ်တွေရှိသွားခဲ့သည်။ ၎င်းက တစ်ဆယ်စင်တီမီတာလောက် ရှိသော အလင်းလုံးတစ်ခုဖြစ်သည်။ ၎င်း၏ အလင်းလုံးအတွင်း၌ လုံထန်နှင့် တစ်ပုံစံထဲ တူညီနေသော ပုံသဏ္ဍန်တစ်ခုရှိနေခဲ့သည်။

လုံထန်က သူ၏အရှေ့မှ အလင်းလုံးကိုယ် သေချာစူးစမ်းကြည့်ပြီးနောက် တီးတိုးရေရွတ်လိုက်သည်။

ဟူး ~ စတာပေါ့ ။

လုံထန်က သက်ပြင်းရှည်ကြီးတစ်ခုကိုယ် မှုတ်ထုတ်လိုက်ပြီးနောက် * နဂါးကိုးကောင် မဟာကျင့်စဉ် * ဤအညွှန်းများ၏ အတိုင်း သူ၏ စိတ်ဝိညာဉ်ထံမှ အစိတ်ပိုင်းတစ်ခုကိုယ် ခွဲထုတ်ရန် လုပ်ဆောင်လိုက်သည်။

ဤအခြေနေနှင့် ဤအဆင့်က အလွန်ပင်အရေးကြီး၏ ။ ထိုအတွက်ကြောင့် လုံထန်က အလွန်ပင် သတိထားလုပ်ဆောင်နေရပြီးတော့ * ကျင့်စဉ်အညွှန်းများအတိုင်း တစ်သွေ့မတိမ်းဖြင့် အမှားယွင်းမရှိ အောင်လုပ်ဆောင်နေခဲ့သည်။ ဤအခြေနေ၌ တစ်ခုခုလွဲချော်သွားမှာကို အလွန်ပင် ထိတ်လန့်နေခဲ့သည်။ သူ၏ လုပ်ဆောင်မှု လွဲမှားသွားခဲ့ပါလျှင် သူ၏ ဝိညာဉ်က ပျက်စီးသွားမှာပဲ ဖြစ်သည်။

မတော်တဆ ဆိုသောအရာအမှားတစ်ခုပြုလုပ်မိခဲ့ပါလျှင် လုံထန်၏ အသက်က ထိုနေရာတွင်ပင် သေဆုံးသွားရမည်ဖြစ်သည်။ ကျင့်ကြံသူတစ်ဦးက မည်မျှ သန်မာနေစေကာမှုက ဝိညာဉ်က ပျက်စီးသွားရင်တော့ အသက်မရှင်နိုင်ချေ။

ဤအတွက်ကြောင့် လုံထန် တစ်ယောက်မပေါ့ဆရဲချေ ။ သူသာလျှင် မသေမျိုးအဆင့်တစ်ယောက်ဖြစ်သွားပါက အခုလို ဂရုစိုက်နေစရာမလိုအပ်ချေ။။ မသေမျိုးအဆင့်သို့ရောက်သွားချိန်၌ သူတို့၏ ဝိညာဉ်က ခန္ဓာကိုယ်၌ အပြည်ဝ ပေါင်းစပ်သွားသဖြင့် သူတို့က သူတို့ဝိညာဉ်ကို အလိုရှိသလို ခွဲထုတ်နိုင်ကြလေသည်။

လုံထန်က ဂရုတစိုက်ဖြင့် ကျင့်စဉ်၏ အညွှန်းများအတိုင်း လုပ်ဆောင်ခဲ့သည်။ အချိန်အားဖြင့် ဆယ်မိနှစ်အကြာ၌ လုံထန်က သူ၏ စိတ်ဝိညာဉ်ထံမှ အလွန်တရာပြင်းထန်သော နာကျင်မှုတစ်ခုက ဝိညာဉ်ထံမှ ထံဆင့်ခံနေ၍ ခန္ဓာကိုယ်တစ်ခုလုံးကိုယ် လျှင်မြန်စွာပင် ပျံနှံလာသည်ကိုခံစားလိုက်ရသည်။ ထိုခံစားချက် နာကျင်မှုကပြင်ပ ရုပ်ခန္ဓာကိုယ်ထိခိုက်ခြင်းထက် အဆပေါင်းထောင် ‌၊ သောင်းချီအောင် ဆိုးဝါးလွန်းလှသည်။

ထိုနာကျင်မှုခံစားချက်က သူ၏ စိတ်ဝိညာဉ်ထံမှ အစိတ်ပိုင်း တစ်ခုကိုယ်အတင်းကြပ်ခွဲထုတ်ခြင်းကြောင့်ဖြစ်ပေါ်လာသော် နာကျင်မှုဖြစ်သည်။

အလွန်တရာမှ နာကျင်လွန်းလှသော ခံစားချက်က စက္ကန့်ပိုင်းသာဖြစ်သော်လည်း လုံထန်တစ်ယောက် တော့ နှစ်ပေါင်းများစွာ ကြာမြင့်သကဲ့သို့ခံစားနေရသည်။ သို့သော်လည်း လုံထန်က သူ၏ အရှေ့၌ သေးငယ်သော အဖြူရောင် အပိုင်းစလေးကိုယ် တွေလိုက်ရသဖြင့် နာကျင်မှုများကိုပင် မေ့ပျောက်သွားစေ မတက်ပျော်ရွှင်သွားခဲ့သည်။

သူပထမဆုံးအကြိမ်၌ ပင် အောင်မြင်ခဲ့သဖြင့် လုံထန်က အလွန်ပင်ပျော်ရွှင်နေခဲ့သည်။ သို့သော်လည်း သူက အနားမယူခဲ့ချေ။ သူက ကျင့်စဉ်၏ အညွှန်းများအတိုင်း ပြင်ပရှိ မီးနဂါးနှင့်ပေါင်းစပ်ရန် ကြိုးစားလိုက်တော့သည်။

ထိုပေါင်းစပ်မှုအောင်မြင်မှသာလျှင် သူ၏ လုပ်ဆောင်မှုက ပြီးဆုံးမှာဖြစ်သည်။ လုံထန်က ဂရုစိုက်တစိုက်ဖြင့် ခွဲထုတ်ထားသော ဝိညာဉ် အပိုင်းစလေးကို ခန္ဓာကိုယ်၏ အပြင်ပသို့ ထုတ်ယူလိုက်သည်။

ဝိညာဉ်အပိုင်းစလေးက လုံထန်၏ ထိန်းကြောင်းမှုကြောင့် ပြင်ပသို့ ဖြေးဖြေးရှင်းရောက်ရှိလာခဲ့သည်။ လုံထန်က ပြင်ပသို့ရောက်ချိန်၌ ချက်ချင်းပင်လျှင် သူ၏ ခန္ဓာကိုယ်ကို ရစ်သိုင်းနေသော မီးနဂါးထံသို့ ကျင့်စဉ်၏ အညွှန်းများအတိုင်းပေါင်းစပ်လိုက်တော့သည်။

All Chapters