နဂါးကိုးကောင်မဟာကျင့်စဉ်၏ စွမ်းအား ။
Vol. 15 Ch. 208
--------
လုံထန်၏ လမ်းကြောင်းပေးမှုအောက်တွင် ဝိညာဉ်၏ အပိုင်းအစအလင်းရောင်လေးက မီးဂါး၏ ဦးခေါင်းထက်သို့ရောက်သွား၍ မီးနဂါး၏ ခန္ဓာကိုယ်အတွင်းသို့ ဖြည်းဖြည်းခြင်းဖြစ်သာလျှင် နစ်မြုတ်ဝင်ရောက်သွားတော့သည်။
ထိုအချိန်၌ မီးနဂါးက အစစ်မှန်နဂါးတစ်ကောင်ကဲ့သို့ သူ၏ နီရဲနေသော မျက်လုံးများကပို၍ စူးရှလာခဲ့ကာ အနီရင့်ရောင် အကြေးခွံများမှာလည်း မီးခဲများသဏ္ဍန်ကဲ့သို့ နီရဲတောက်ပလာခဲ့သည်။
လုံထန်က ထိုခြင်းရာများကိုယ် အာရုံမစိုက်ပဲ ကျင့်ကြံမှု၌ အာရုံစိုက်နေခဲ့သည်။ အခုအဆင့်က အရေးကြီးဆုံးသော ကဏ္ဍာဖြစ်နေ သောကြောင့်ဖြစ်သည်။ သူလွဲချော်၍ မရချေ။
သူက နဂါးကိုးကောင်မဟာကျင့်စဉ်၏ လမ်းညွှန်မှုများအတိုင်းဆက်လက်၍ ဆောင်ရွတ်နေခဲ့သည်။ လုံထန်က သူလုပ်ဆောင်စရာများကိုယ် လုပ်ဆောင်နေချိန်၌ မီနဂါး၏ အသွင်များက ပို၍ပို၍ သက်ဝင်လှုပ်ရှားလာခဲ့သည်။
မီးနဂါး၏ အရွယ်စားကလည်း ဆယ်မီတာ ကျော်အရှည်မှ နေ၍ စတင်၍ ရှည်လျားလာခဲ့သည်။ ခနတွင်းခြင်းပင် မီတာတစ်ရာအရှည်သို့ ရောက်ရှိသွားခဲ့သည်။ ထိုအရှည်သို့ရောက်သော်လည်း မရပ်တန့်မည်ဟန်မပြသေးချေ။ ဆက်လက်၍ တိုးတက်နေတုန်းဖြစ်သည်။
ဆယ်ငါးမိနှစ်ခန့်ထက်မံ၍ ကုန်ဆုံးသွားခဲ့သည်။ ဉာဏ်အလင်းပွင့်ဆေးလုံး၏ အာနိသင့်က မိနှစ်သုံးဆယ်သာဖြစ်သည်။ လုံထန်၌ အချိန်က ငါးမိနှစ်ခန့်သာကျန်ရစ်နေတော့သည်။ လုံထန်က ထိုအချင်းရာများကြောင့် ပို၍ အာရုံစိုက်ကာ စိတ်နစ်၍ လုပ်ဆောင်လိုက်သည်။
နောက်ထပ်သုံးမိနှစ်ခန့်အကြာ၌.......။
ဝေါင်း ~ ဝေါင်း ~ ဝေါင်း ။
ကျယ်လှောင်သော နဂါးဟိန်းသံကြီးနှင့် အတူတူ မီတာတစ်ထောင်ရှည်သော မီးနဂါးကြီးက အစစ်မှန်နဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်ယံတစ်ခွင့်သို့ လွတ်လပ်စွာဖြင့် ထိုးတက်သွားခဲ့သည်။
အောင်မြင်ပြီ ~ လုံထန်က ထိုင်နေရာမှ ကောင်းကင်ယံသို့ ထိုးတက်သွားသော မီးနဂါးကြီးကိုယ် ကြည့်၍ ပျော်ရွှင်စွာဖြင့် ရေရွတ်လိုက်သည်။ ထို ကောင်းကင်ယံ မီးနဂါးကြီးက သူ၏ ဝိညာဉ်အပိုင်းစဖြင့် ဖြစ်တည်နေသော နဂါးတစ်ကောင်ဖြစ်သည်။
၎င်း၏ ပုံသဏ္ဍန်က အစစ်မှန်နဂါးတစ်ကောင်နှင့် ကွဲပြားခြင်းမရှိချေ။ နီရဲနေသော မျက်လုံးအစုံ ၊ မီတာတစ်ရာနည်းပါးရှည်လျားသော ဦးချိုအစုံ ၊ မီးခဲများကဲ့သို့ နီရဲနေသော အကြေးခွံများနှင့် ၎င်း၏ အမြီး၌လည်း အရိုန်ဟုန်ပြင်းပြင်းဖြင့် တောက်လောင်နေသော မီးတောက်တစ်ခုရှိနေခဲ့သည်။ နဂါးအစစ်တစ်ကောင်ကဲ့သို့ ခမ်းနားသော အရှိန်ဝါကိုယ်လည်း ပိုင်ဆိုင်ထား၏ ။
မီးနဂါးကြီးက ကောင်းကင်ယံထက်၌ အချိန်အနည်းငယ်ကြာလှည့်ပတ်ပြီးနောက် လုံထန်၏ အနီးသို့ပြန်ရောက်လာခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်အရွယ်စားကလည်း ပြန်၍ သေးငယ်သွားခဲ့ကာ ဆယ်မီတာ အရွယ်ခန့်သာရှိတော့သည်။
မီးနဂါးက လုံထန်၏ ခန္ဓာကိုယ် လှည့်ပတ်နေခဲ့သည်။ ဤပုံစံက နဂါးကိုးကောင် မဟာကျင့်စဉ်၏ရှင်းလင်းချက်များအတိုင်းပင် သူက မဟာကျင့်စဉ်၏ ပထမဆင့်ကိုယ် ပြီးမြှောက်သွားခဲ့သည်။
လုံထန်က အခုချိန်၌ သူ၏ တိုးလာသော တိုက်ခိုက်ရေးစွမ်းအားများကိုယ် မစမ်းသပ်ပဲ မနေနိုင်အောင်ဖြစ်လာခဲ့သည်။ ဤမီးနဂါး၏ တိုက်ခိုက်ရေးစွမ်းအားကလည်း သူကဲ့သို့ပင်ဖြစ်သည်။
လုံထန်က ထိုင်နေရာမှ ထ၍ ရပ်လိုက်ပြီးနောက် သူ၏ အရှေ့လေဟာပြင်ပြီးထဲသို့ လက်ဝါးတစ်ချက်ရိုက်ချလိုက်သည်။ ပတ်ဝန်းကျင့်မှ စွမ်းအင်များက လျှင်မြန်စွာဖြင့် စုစည်းလာခဲ့ကာ လက်ဝါးကြီးတစ်ခုဖြစ်တည်သွားခဲ့သည်။
မည်သည့်အရာမှ မရှိသော လေဟာနယ်ကြီးကိုရိုက်ချက်လိုက်သည်။
ဝုန်း ~ ။
လေဟာနယ်က ပင်ပြင်းပြင်းထန်ထန်တုန်ခါသွားကာ မီတာတစ်ထောင်အတွင်းက လေဟာက မှန်တစ်ချက်အလား အက်ကြောင်းများ ထင်ဟက်သွားခဲ့သည်။
ဝေါင်း~။ ။
မီးနဂါးကလည်း လုံထန်ကဲသို့ပင်သူ၏ အနီရောင် ချွန်ထက်နေသော လက်ဝါးကြီးဖြင့် ကုတ်ချလိုက်သည်။
နဂိုက လုံထန်၏ ရိုက်ချက်ကြောင့် မှန်တစ်ချက်အလား အက်ကြောင်းများထင်ဟက်နေသော လေဟာနယ်က ချက်ချင်းပင် ပြိုကျသွားခဲ့သည်။
ဤမြင်ကွင်းကြောင့် လုံထန်က စိတ်ကျေနပ်ဟန်ဖြင့်ပြုံးလိုက်သည်။ ဤကဲ့သို့စွမ်းအားက သူနာကျင်မှုခံစားခဲ့ရတာများနှင့် နှိုင်းယျဉ်လိုက်ရင် တော်တော်လေးကိုပင် တန်၏ ။
∆∆∆
အဝေးတစ်နေရာမှ ရပ်ကြည့်နေသော ဟော်ဖုပင် လုံထန် တိုက်ခိုက်မှုနှင့် မီးနဂါး၏ တိုက်ခိုက်မှု ကြောင့် ထိတ်လန့်သွားခဲ့သည်။
အဲတာ~ ဘာကျင့်စဉ်လည်း ။ သူ၏ ဘဝတစ်သတ်လုံး ထိုကဲ့သို့ ကျင့်စဉ်မျိုးကိုယ် မမြင်ဖူးချေ။ ဟော်ဖုက သိချင်သော်လည်း သူက သိချင်စိတ်ကို အလျှင်ပင်မြို့သိပ်လိုက်သည်။ ဧကရာဇ်၏ ကျင့်စဉ်ကိုယခုလို မြင်ရတာနဲ့တင် သူအတွက် အလွန်ပင်ဂုဏ်ယူစရာဖြစ်နေပြီဖြစ်သည်။
သူ၏ သိချင်စိတ်ကိုယ် မထိန်းနိုင်ပဲသွားမေးလိုက်ရင် ဧကရာဇ်က သူအပေါ်မှာ စိတ်ခုသွားမှာကိုယ်မလိုလားချေ။ ထိုအတွေးများကိုယ် အဆုံးသတ်လိုက်ပြီးနောက် ဟော်ဖုက လုံထန်ရှိရာသို့သွားတော့သည်။
ဟော်ဖုက သူရှိရာမှ ခြေတစ်လှမ်းလှမ်းလိုက်ချိန်၌ လုံထန်နှင့် ဆယ်မီတာအကွာသို့ ချက်ချင်းပင်ရောက်ရှိသွားခဲ့သည်။
အရှင်မင်းကြီး ~ ကိုနှတ်ဆက်ပါတယ် ။ ဟော်ဖုက လုံထန်ကိုယ် ရိုသေစွာဖြင့် နှတ်ဆက်လိုက်သည်
။
အရှင်ရဲ့ကျင့်စဉ် အောင်မြင်သွားမှုအတွက် ဂုဏ်ပြုပါတယ် ။
ဟားဟား ~ အရမ်းကြီး မယျဉ်ကျေးနေပါနဲ့ လုံထန်က ရီမော၍ ပြောလိုက်သည်။ အခုအချိန်၌ လုံထန်၏ စိတ်ခံစားချက်များက အလွန်ပင် ကောင်းမွန်နေခဲ့သည်။
အကြီးကဲကိုယ် အလုပ်များစေမိပြီ ။ လုံထန်က ရီမော၍ ပြောလိုက်သည်။ သူက ယခင်က ဉာဏ်အလင်းပွင်ဆေး၏ အာနိသင်ကြောင့် အပြောင်းလဲများကိုမသိသော်လည်း ဟော်ဖုလာတာက မီးနဂါးကြောင့်ဟုသာထင်နေသောကြောင့် ဖြစ်သည်။ ဉာဏ်လင်းပွင့်ဆေးသုံးထားချိန်၌ သူက ကျင့်ကြံမှု၌ အပြည်ဝအာရုံစိုက်နေသည်မှို့ ပြင်ပ အရှိအရာများကို မခံစားမိချေ။
အလုပ်များစေပါဘူး ~ အရှင်ကိုယ် စောင့်ရှောက်ရမှာက ဒီအကြီးကဲတွေရဲ့ တာဝန်ပါပဲ ။ ဟော်ဖုက ပြုံးကာပြောလိုက်သည်။
ဟားဟား ~ လုံထန်က ဟော်ဖု၏ အဖြေကြောင့် သဘောကျစွာရီမောလိုက်သည်။
ကောင်းပြီ ~ အကြီးကဲ လုပ်စရာရှိသည်များကို သွားလုပ်ပါ ။ ဒီဧကရာဇ်က အခုတိုက်ခိုက်ရေးမျော်စင်ကိုယ် သွားလိုက်အုန်းမယ် ။
နားလည်ပါပြီ ~ အရှင်မင်းကြီး ။ ဟော်ဖုလည်း လုံထန်ကို နှတ်ဆက်ပြီးနောက် ပြန်လှည်၍ ထွက်ခွာသွားတော့သည်။
ဟော်ဖုထွက်ခွာသွားပြီးနောက်တွင်တော့ လုံထန်လည်း သူ၏ စွမ်းအားများကိုယ် စမ်းသပ်ရန်မစောင့်နိုင်တော့သောကြောင့် တိုက်ခိုက်ရေးမျော်စင်ရှိရာသို့ အလောတကြီးဖြင့် ထွက်ခွာသွားတော့သည်။
သူ၏ တိုးလာသော တိုက်ခိုက်ရေးစွမ်းများနှင့် ဘယ်အထပ်ထိ ရောက်နိုင်မလဲ သူသိချင်နေခဲ့သည်။ ဤကုန်ဆုံးခဲ့သော ဆယ်စုနှစ်များ အတွင်း၌ သူက တိုက်ခိုက်မျော်စင်ကိုယ် စိန်ခေါ်ခဲ့ခြင်းမရှိခဲ့ချေ။
ဆယ်စုနှစ်များကိုယ် ကျော်လွန်ပြီးနောက် အခုက ပထမဆုံးအကြိမ် ပြန်လှည့်၍ စိန်ခေါ်ချင်းဖြစ်သည်။