← Chapters

အခန်း (၂၀၉)

Vol. 15 Ch. 209

အခန်း (၂၀၉)

Vol. 15 Ch. 209

------

လုံထန်က တိုက်ခိုက်ရေးမျော်စင်ထံသို့လျှင်မြန်စွာဖြင့်ပျံသန်းသွားခဲ့သည်။ သူက တိုက်ခိုက်ရေးမျော်စင်အရှေ့သို့ရောက်ချိန်၌ တုန့်ဆိုင်းမနေပဲ ချက်ချင်းပင်လျှင် တိုက်ခိုက်ရေးမျော်စင်၏ အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

လုံထန်တိုက်ခိုက်ရေးမျော်စင်၏ အတွင်းသို့ဝင်ရောက်လိုက်ချိန်၌ ယခင်အချိန်က သူရှုံးနိမ့်ခဲ့သော် ဆယ်ငါးထပ်မြှောက်၌ ပြန်၍ ပေါ်လာခဲ့သည်။

ဆယ်ငါးထပ်မြှောက်၏ လေဟာနယ်ထဲသို့ရောက်ချိန်၌ လုံထန်သူ၏ ပတ်ဝန်းကျင့်ကိုယ် စစ်ဆေးကြည့်လိုက်သည်။ ယခင်အချိန်များကဲ့သို့ပင် သူ၏ ပတ်ဝန်းကျင့် လေဟာနယ်အတွင်းလှုပ်ရှားမှု အချို့ဖြစ်ပေါ်လာခဲ့ကာ သားရဲဧကရာဇ်အဆင့် ပဉ္စမအဆင့်ရှိသော အနက်ရောင် အရိပ်ငါးခုက လျှင်မြန်စွာ စုဖွဲ့လာသည့်ကိုယ် တွေ့လိုက်ရသည်။

လာစမ်း ~ လုံထန်က ၎င်းအရိပ်များကိုယ် စိတ်လှုပ်ရှားစွာဖြင့်ကြည့်လိုက်ရင်းဖြင့် အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှာလည်း ခမ်းနားကြီးကျယ်သော အော်ရာတစ်ခုကချက်ချင်းပင် ပေါက်ကွဲထွက်လာခဲ့သည်။

သားရဲအင်ပါယာ အဠမအဆင့်၏ အော်ရာ က လုံထန်၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်ပေါ်လာချိန်၌ ဆယ်မီတာ အရွယ်သာရှိသော မီးနဂါးကလည် လျှင်မြန်သော အဟုန်ဖြင့် ပြောင်းလဲသွားကာ မီတာ ထောင်ချီသော ဧရာမ မီးနဂါးတစ်ကောင် အသွင်သို့ ပြောင်းလဲသွားခဲ့သည်။

မီးနဂါးကြီးက ကျယ်လှောင်သော အသံကြီးဖြင့် အနက်ရောင် အရိပ်ငါးခုကို ကြည့်၍ ဟိန်းဟောက်လိုက်ပြီးနောက် လုံထန်၏ ခန္ဓာကိုယ် ရစ်ပတ်ထားလိုက်ပြီးနောက် အကာကွယ်ပုံသဏ္ဍန်တစ်ခုကိုယ် ထုတ်ဖော်ထားခဲ့သည်။

ထိုအချိန်၌ အနက်ရောင်အရိပ်ငါးခုမှာလည်း လေဟာနယ်၏ အတွင်း၌ ရှင်းလင်းပြတ်သားစွာဖြင့် ပေါ်ထွက်လာခဲ့သည်။ ၎င်းပုံရိပ်ငါးခုက ထွက်ပေါ်လာချိန်၌ တုန်ဆိုင်းခြင်းအလျင်းမရှိ ချက်ချင်းပင် စတင်၍ တိုက်ခိုက်လိုက်ကြသည်။ လေဟာနယ်အတွင်၌လည်း သားရဲဧကရာဇ်အဆင့် ပဉ္စမဆင့်၏ အော်ရာများကို ချက်ချင်းပင် ဖုံးလွမ်းသွားခဲ့သည်။

အနက်ရောင် အရိပ်ငါးခုက သူတို့၏ စွမ်းအားများကို အဆုံးစွန်ထိ ပေါက်ကွဲစေကာ ယခင်အကြိမ်ကဲ့သို့ပင် လုံထန်ထံသို့ လျှင်မြန်သော အမြန်နှုန်းကိုယ် အသုံးပြုလိုက်ပြီးနောက် သူတို့၏ တိုက်ခိုက်မှုများဖြင့် တိုက်ခိုက်လိုက်သည်။

ဟမ့် ~ ငါက အရင်တစ်ကြိမ်က မင်းတို့ရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရ ပြီးပြီ ၊ ဒုတိယအကြိမ်တော့ မင်းတို့ လိုချင်သလိုဖြစ်လာမှာ မဟုတ်ဘူး ။ လုံထန်က နှာခေါင်းရှုံလိုက်ရင်းဖြင့် အနက်ရောင်ပုံရိပ်ငါးခုကိုယ် အထင်မြင်သေးစွာဖြင့် ကြည်ရင်း ရေရွတ်လိုက်သည်။

လုံထန်က သူထံသို့ပြေးဝင်လာသော သားရဲဧကရာဇ်အဆင့် အနက်ရောင်ပုံရိပ်ငါးခုထံသို့ လက်ဝါးရိုက်ချက်ငါးခုကို လျှင်မြန်စွာဖြင့် ရုက်ထုတ်လိုက်သည်။

ဧရာမနဂါးလက်ဝါးကြီးငါးခုက လေဟာနယ်ထဲ၌ ထွက်ပေါ်လာခဲ့ကာ ၊ လက်ဝါးတစ်ချက်တိုင်း၌ ဒြပ်စင်၏ အလင်းတစ်ခုဖြင့် လွှမ်းခြုံထားခဲ့ကာ ကြောက်မက်ဖွယ်ရာ စွမ်းအင်တို့ကိုယ် ထုတ်လွတ်နေခဲ့သည်။

ဤသည့်က ဆယ်နှစ်တစ်ခုအကြာပင် အချိန်ပေးလေ့ကျင့်ထားခဲ့ပြီးသည့်နောက်မှ အောင်မြင်ထားသော * ဒြပ်စင်ငါးနဂါးလက်ဝါး * လျို့ဝှက်ကျင့်စဉ်သာဖြစ်သည်။

လုံထန်၏ တိုက်ခိုက်မှုပြီးချိန်၌ မီးနဂါးကလည်း လုံထန်ကဲ့သို့ပင် သူ၏ ဧရာမနဂါး လက်ကြီးဖြင့် တိုက်ခိုက်ငါးခုကို ဆက်တိုက်ဆိုသလို့ထုတ်ဖော်လိုက်သည်။ မီးနဂါးက မီးစွမ်းသာအသုံးပြုသည့်မှို့ သူ၏ တိုက်ခိုက်မှုများက မီးစွမ်းအား၏ အဖြတ်စွမ်းအင်တို့သာ လွှမ်းခြုံထားခဲ့သည်။

ကြောက်မက်ဖွယ်ရာစွမ်းအင်များထုတ်ဖော်ထားသော ဧရာမလက်ဝါးကြီး ဆယ်ခုက ရုတ်တရက်ဆိုစလို့ လေဟာနယ်၏ အရပ်ရပ်ကိုယ် ဖုံးလွှမ်းသွားခဲ့သည်။

၎င်းတို့က အရိုန်မြန်ဆန်စွာဖြင့်ပြေးလာနေသော အနက်ရောက်အရိပ်များကိုယ် သူတို့၏ လာရာ လမ်းကြောင်းများကို တားစီးထားခဲ့သည်။

သားရဲဧကရာဇ်အဆင့် အနက်ရောင်ပုံရိပ် ငါးခုက သူတို့၏ တိုက်ခိုက်မှုများကို ထုတ်လွတ်လိုက်ပြီးတော့ သူတို့၏ လမ်းကြောင်းကိုယ် ပိတ်ဆို့ထားသော ဧရာမဝါးကြီး ငါးခုကိုယ် ဖျက်စီး၍ ကျော်ဖြတ်ရန် ကြိုးစားလိုက်သည်။

သူသော်လည်း အနက်ရောင်ပုံရိပ်ငါးခု၏ ထုတ်လွတ်လိုက်သော ပြင်းထန်သောတိုက်ခိုက်မှုငါးခုက ဧရာမလက်ဝါးကြီးငါးခုနှင့် လေဟာပြင်ထဲ၌ ထိတွေသွားချိန်၌ တော့ မည်ကဲ့သို့ ပေါက်ကွဲသံမှ မထွက်လာခဲ့ချေ။

အနက်ရောင်ပုံရိပ်ငါးခု၏ တိုက်ခိုက်မှု ငါးခုက ဧရာမလက်ဝါးကြီး ဆယ်ခုနှင့် ထိတွေချိန်၌ ပင်လယ်ထဲ့သို့ ကျဆင်းသွားသော ရေစက်ကဲ့သို့ဖြစ်သွားခဲ့သည်။ မည်ကဲ့သို့ လှုပ်ရှားမှုကိုယ်မှ မဖြစ်စေခဲ့ပဲ ကြောက်မက်ဖွယ်ရာ ဧရာမလက်ဝါးကြီးဆယ်ခု၏ ပြင်းထန်သော စွမ်းအားအောက်၌ အနည်းငယ်သော လှုပ်ခက်မှုပင် မဖြစ်စေခဲ့ပဲ တိုက်ရိုက်ပျက်သုဉ်းသွားခဲ့ရသည်။

ဧရာမလက်ဝါးကြီးဆယ်ခုက ထိုနေရာ၌ ရပ်တန့်မနေပဲ လျှင်မြန်သောအရိုန်နှုန်းဖြင့် အနက်ရောင် ပုံရိပ်ငါးခုထံသို့ ရောက်ရှိသွားခဲ့ကာ ၊ ၎င်းတို့ကိုယ် ရိုက်ချလိုက်သည်။

အနက်ရောင်ပုံရိပ်ငါးခုက သူတို့၏ တိုက်ခိုက်မှုများကို အခုလေးတင် ထုတ်လွတ်ပြီးခဲ့ကာစဖြစ်၍ နောက်တစ်ကြိမ် စွမ်းအင်များကို မစုစည်းနိုင်သေးသည့်အတွက်ကြောင့် သူတို့ထံသို့ကျရောက်လာသော ဧရာမလက်ဝါးကြီး ဆယ်ခုကိုယ် မကာကွယ်နိုင်ပဲ ‌သူတို့၏ အပေါ်သို့ အုပ်မိုးကျဆင်းလာသည့်ကို ငေးမောကြည့်ရုံသာတက်နိုင်တော့သည်။

ဝုန်း ~~~။

ဧရာမလက်ဝါးကြီးဆယ်ခုက အနက်ရောင်ပုံရိပ်ငါးခုကိုယ် ဖုံးလွှမ်းသွားချိန်၌ ကျယ်လှောင်သော ပေါက်ကွဲသံကြီးနှင့်အတူတူ ခိုင်မာသော လေဟာနယ်ပင်လျှင် အနည်းငယ်မျှ တုန်ခါသွားခဲ့သည်။

ဤအခြေနေကိုယ်ကြည့်လျှင် လုံထန်၏ ဤတိုက်ခိုက်မှုက မည်မျှ ကြောက်မက်ဖွယ်ရာပြင်းထန်ကြောင့်တွေမြင်နိုင်သည်။ မမေ့သင့်ပေ ၊ ဤနေရာက မသေမျိုးဧကရာဇ်တစ်ပါးဖန်တီးထားခြင်းဖြစ်၍ အလွန်ပင်ခိုင်ခံသောလေဟာနယ်ဖြစ်သည်။ ဤအတွက်ကြောင့် သေးငယ်လွန်းလှသော သားရဲအင်ပါယာအဆင့်‌တစ်ယောက်၏ တိုက်ခိုက်မှုက လေဟာနယ်ကို လှိုင်းထန်မှုတစ်ခုပင် ဖြစ်ပေါ်စေရန်အဘယ်မှာ စွမ်းဆောင်နိုင်မည်နည်း ။ သို့သော်လည်း လုံထန်ကတော့ ဤအခြေနေကို ချိုးဖြတ်၍ ခိုင်ခန့်လှသော လေဟာနယ်ကိုအနည်းငယ်ပင်လှုပ်ခါစေခဲ့သည်။ လှုပ်ခါမှုက အနည်းငယ်သာဆိုသော်လည်း လျော့မတွက်သင့်သော အခြေနေဖြစ်သည်။

∆∆∆

လုံထန်က သူ၏ တိုက်ခိုက်မှု၏ အောက်၌ အလင်းမှုန့်များကဲ့သို့ ပျောက်ကွယ်သွားသော အနက်ရောင်ပုံရိပ်များကို ကြည့်လိုက်သည်။

ဟူး ~ ငါရဲ့ တိုက်ခိုက်မှုစွမ်းအားက နဂိုကထက် ဆယ်ဆမက တိုးတက်လာခဲ့တာပဲ။ လုံထန်က အေးစက်သာ လေများကို မှုတ်ထုတ်လိုက်ရင်းဖြင့် ပျော်ရွှင်စွာဖြင့် ရေရွတ်လိုက်သည်။

နဂါးကိုးကောင်မဟာကျင့်စဉ်၏ ပထမဆင့်ပြီး မြှာက်ချိန်၌ သူက သူ၏တိုက်ခိုက်ရေးစွမ်းအား တိုးတက်လာမည်ကို ခန့်မှန်းထားသော်လည်း ၊ ယခုလက်ရှိ တွေရချိန်၌ သူ၏ အံဩမှုက်ု အထိန်းချုပ်နိုင်သေးချေ။

ဤသည့်က နဂါကိုးမဟာကျင့်စဉ်ရဲ့ ပထမအဆင့်တောင် ဒီလောက်ဆိုရင် ၊ ဒုတိယ ၊ တတိယ ၊ နောက်မဆင့်တွေအားလုံးသာ အောင်မြင်သွားရင် မည်မျှအစွမ်းထက်သွားမည်နည်း ။ လုံထန်က ထိုအတွေးများကြောင့် သူ၏ ပျော်ရွှင်မှုများကို မထိန်းချုပ်နိုင်တော့ချေ။

ထိုအချိန်၌ သူ၏ ခန္ဓာကိုယ် အလင်းတန်းတစ်ခုက လွှမ်းခြုံလာခဲ့ကာ သူကိုယ် ဆယ်ခြောက်ထပါမြှောက်ကို ပို့စောင့်ပေးလိုက်တော့သည်။

∆∆∆

လုံထန်၏ ပုံရိပ်က ဆယ်ခြောက်ထပ်သို့ ၌ ပြန်၍ ပေါ်ထွက်လာခဲ့သည်။ ‌ငြိမ်သက်နေသော လေဟာနယ်၏ အတွင်း၌ သူတစ်ယောက်သာ ရှိနေပြီးတော့ တိတ်ဆိတ်နေခဲ့သည်။

အချိန်ခနတာကြာပြီးနောက် လေဟာနယ်က အနည်းငယ် လှုပ်ရှားသွားခဲ့ကာ အနက်ရောင်ပုံရိပ်ခြောက်ခုက လျှင်မြန်စွာ စုစည်းသွားခဲ့သည်။

လုံထန်က စုစည်းနေသော အနက်ရောင်ပုံရိပ် ခြောက်ခုကိုယ် ကြည့်၍ မပေါ့ဆရဲပဲ အာရုံစိုက်လိုက်သည်။ ဤသည့်က သားရဲ ဧကရာဇ်အဆင့် ဆဠမအဆင့် တိုက်ခိုက်ရေးစွမ်းအားရှိသော အနက်ရောင်ပုံရိပ် ခြောက်ယောက်ဖြစ်သည် ။

သားရဲဧကရာဇ် ဆဠမအဆင့်၏ တိုက်ခိုက်ရေးစွမ်းအားက လျော့တွက်သင့်သောအရာမဟုတ်ချေ။ သူ၏ တိုက်ခိုက်ရေးစွမ်းအားတိုးလာတာကို သိသော်လည်း သူ၏ ကျင့်ကြံမှုက အလွန်ပင်နိမ့်ကျနေသေးသည့်ကို လုံထန်သိသည်။

ဤအခြေနေကြောင့် လုံထန်က ပို၍ အာရုံစိုက်ကာ သူကလက်ဦးမှုရယူပြီးတိုက်ခိုက်ရန်ပြင်ဆင်ထားခဲ့သည်။ မဟုတ်ပါက သားရဲဧကရာဇ်အဆင့် ဆဠမအဆင့်ခြောက်ယောက်၏ ‌ပှုးပေါင်းတိုက်ခိုက်မှုကိုယ် ဖြတ်ကျော်နိုင်မည်ဟု ယုံကြည်ချက်မရှိသော်ကြောင့်ပင် ။

သိုသော်လည်း တစ်ဖက်၌ အနည်းငယ်စိတ်ပူသော်လည်း ၊ တစ်ဖက်၌တော့ လုံထန်တစ်ယောက် အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအား သားရဲဧကရာဇ်ဆဠမဆင့်များနှင့် ယှဉ်ရင် မည်သို့ ၊ မည်ပုံ ရှိမည်ကိုသိချင်နေသော ကြောင့်သာဖြစ်သည်။

All Chapters